Unicode
အပိုင်း (၈၀.၂) - ကိုယ်လုပ်တော် ရွေးချယ်ပွဲနှင့် စာပို့ခို
ခုနစ်ရက်က အလွန်တရာ လျှင်မြန်စွာ ကုန်ဆုံးသွားသည်။ အလှပဂေး မိန်းမပျိုများ ရောက်ရှိလာမှုကြောင့် ကျွင်းကျီမြို့မှာ အလွန်အမင်း အလုပ်ရှုပ်သွားတော့၏။
တစ်ချိန်တည်းမှာပင် အန်းကျီယန်က အိမ်တော်ထိန်းဆု ပို့လိုက်သော စာရင်းစာအုပ်နှင့် သူ မရှိချိန်အတွင်း အန်းယွမ်စီရင်စု၌ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံး ပါဝင်သည့် အစီအရင်ခံစာ တစ်စောင် ကို လက်ခံရရှိလိုက်သည်။
စာရင်းစာအုပ်များ အကြောင်း ၌...။
အန်းမိသားစု က အန်းယွမ်စီရင်စုရှိ လူများကို ကူညီကာ အတူတကွ ချမ်းသာကြွယ်ဝလာပြီး ဆင်းရဲနွမ်းပါးသည့် အခြေအနေမှ လွတ်မြောက်လာကြသည်။ ငွေကြေးများက ပြန့်ကြဲသွားသော်ငြား ရလဒ်မှာမူ ပိုမိုကြွယ်ဝလာမှုဖြစ်၏။
အန်းကျီယန် အန်းယွမ်စီရင်စုမှ ထွက်ခွာမလာခင် သူက လယ်သမားအားလုံး၏ ပိုလျှံသမျှ အစားအစာများကို ယူဆောင်လာခဲ့သည်။ သူက သူ့၏ ကုန်လှောင်ရုံထဲ၌ သိုလှောင်ထားသမျှ ဆန်စပါးများကို ဖူဝူထျန်း ထံ စျေးကောင်းကောင်းဖြင့် ရောင်းချခဲ့၏။ ဝယ်စျေးနှင့် ရောင်းစျေးကြား ကွာခြားချက်က အလွန်အမင်းကြီးမားသည်မို့ သူ အရင်က သုံးခဲ့သမျှ ငွေကြေးအားလုံးကို အလွယ်တကူ ပြန်လည်ရရှိသွားလေသည်။
လာဘ်စားသော အရာရှိများထံမှ ဖူဝူထျန်း သိမ်းယူလာသည့် ငွေကြေးဥစ္စာများသည် ဧကရာဇ် ၏ ပိုင်ဆိုင်မှု ဖြစ်သည်။ ကျန်ရစ်သည့် မည်သည့်အရာမဆို နိုင်ငံ့ဘဏ္ဍာတိုက်ထဲသို့ ရောက်သွားမည်ဖြစ်ပြီး ချုန်းမင်ဧကရာဇ်ကို ပေးအပ်ရမည် ဖြစ်သည်။ ထို့ကြောင့် ဖူဝူထျန်းထံမှ ငွေကြေးများ ရယူရခြင်းအတွက် အန်းကျီယန် အနည်းငယ်သော်မျှ အပြစ်ရှိသလို မခံစားရပါပေ။
သို့သော်လည်း အန်းကျီယန် ဂရုစိုက်ရမည့် ကိစ္စတစ်ခုတော့ ရှိပေသည်။
ဝမ်ရှန်စီရင်စုရှိ တာ့ကွမ်းဆန်ဆိုင်သည် အန်းမိသားစု ဆန်လုပ်ငန်း၏ အကြီးမားဆုံး ပြိုင်ဘက် ဖြစ်သည်။
အန်းချန်ဖူ သေဆုံးသွားပြီးနောက် တာ့ကွမ်းဆန်ဆိုင်၏ သူဋ္ဌေးချန်က ထိုအခွင့်အရေးကို အသုံးချကာ အန်းမိသားစုဆန်လုပ်ငန်းကို ဖိနှိပ်ရန်အတွက် ဆန်စျေးနှုန်းကို တမင်တကာ နှိမ့်ပစ်လိုက်သည်။ ဤသည်က အန်းမိသားစုဆန်လုပ်ငန်းကို အမှန်တကယ်ပင် ဆုံးရှုံးမှုအချို့ ဖြစ်သွားစေခဲ့သော်ငြား များစွာ ဆုံးရှုံးမှု မရှိခဲ့ပေ။
အန်းကျီယန် က ဆန်စျေးနှုန်းကို ပုံမှန်စျေးမှ ပြတ်ပြတ်သားသား လျှော့ချပစ်လိုက်ပြီး ထိုစျေးမှာလည်း တာ့ကွမ်းဆန်ဆိုင်က ပေးသောစျေးထက် ပိုနိမ့်နေပေ၏။
အန်းကျီယန်က သူ့ကို တမင်သက်သက် စိန်ခေါ်နေခြင်းဟု သူဋ္ဌေးချန် က တွေးမိသွားသည်။ ထိုအချိန်၌ သူ မကျေပွဲ နွှဲပစ်လိုသော်ငြား စျေးကို ထပ်မချရဲတော့ပေ။ အကြောင်းမှာ သူ့အတွက် အမြတ်များစွာ မကျန်တော့သောကြောင့် ဖြစ်သည်။ အဆုံး၌ သူက လုပ်ငန်းရှင်တစ်ဦးသာ ဖြစ်ပြီး ခဏတာဒေါသကြောင့် သူ့၏ လုပ်ငန်းကို ပျက်စီးဆုံးရှုံးခွင့်မပြုနိုင်ပေ။ အထူးသဖြင့် တစ်ဖက်လူမှာ နို့နံ့မစင်သေးသည့် ကောင်လေး ဖြစ်နေချိန်၌ ဖြစ်၏။
ထို့နောက်၌ အန်းမိသားစုသည် ဆန်စပါးများကို အမြောက်အမြား စတင်ဝယ်ယူတော့သည်။
သူဋ္ဌေးချန်က ဤသည်ကို အခွင့်အရေး ယူ၍ တာဝန်ခံဖုန့် ကို ငြိမ်းချမ်းရေးယူရန် ကြိုးပမ်းလိုက်သည်။ ရလဒ်အနေဖြင့် သူက တာဝန်ခံဖုန့် ကစားသွားခြင်းကိုသာ ခံလိုက်ရပြီး တာဝန်ခံဖုန့် ထံမှ အကြောင်းပြန်မှုကို တုံးတုံးအအဖြင့် စောင့်ဆိုင်းနေခဲ့မိ၏။ ထို့နောက်တွင်တော့ ချန်းပြည်နယ်၌ သဘာဝဘေးအန္တရာယ်ကြီး ဖြစ်ပွားလာလေသည်။ အန်းမိသားစုက ထိုအခွင့်အရေယကို ယူပြီး ပိုမို ကြွယ်ဝချမ်းသာလာခဲ့သည်။ ထိုအခါမှသာ သူဋ္ဌေးချန်သည် အမှန်တရားကို သိမြင်သွားခဲ့၏။
သူ ကစားခံလိုက်ရကြောင်း သိသွားပြီးနောက်တွင် သူဋ္ဌေးချန်သည် လူအချို့ကို ရှာကာ အန်းမိသားစု ဆန်ဆိုင်သို့ ပြဿနာရှာရန်အတွင် အကြိမ်ကြိမ် သွားခဲ့သည်။ သို့သော် သူမအောင်မြင်ခဲ့ပေ။ အကြောင်းမှာ သူ့လူများ ရောက်သွားချိန်တိုင်း အားကောင်းမောင်းသန် အစောင့်အုပ်စုက ဆိုင်ကို စောင့်ကြပ်နေသောကြောင့် ဖြစ်သည်။
အကြိမ်အနည်းငယ်မျှ သွားပြီးနောက် သူသည် စောင့်ကြည့်ခံနေရကြောင်း သူဋ္ဌေးချန် သိရှိသွားတော့သည်။
အန်းယွမ်စီရင်စု၏ စီရင်စုအောက်တရားသူကြီး ကျန့် ကိုယ်တိုင် သူ့ဆီ ရောက်မလာခင်ချိန်အထိ သူသည် ဤကိစ္စကို ဒီတိုင်း ပြီးပစ်လိုသည့် ဆန္ဒ မရှိခဲ့ပေ။ သူက စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်သာ ဖြစ်သည်။ အစိုးရအရာရှိတစ်ယောက်နှင့် မည်သို့ တိုက်ခိုက်နိုင်စွမ်း ရှိမည်နည်း။ ထို့ကြောင့် သူ့၏ ချွေးအေးများကိုသာ သုတ်ပစ်ရင်း တိတ်တဆိတ် အဝေးသို့ ပြေးရလေသည်။
သူဋ္ဌေးချန်ကို စောင့်ကြည့်ရသည့်သူမှာ အားယဲ့ဖြစ်သည်။
(T/N - အားယဲ့ကို မှတ်မိကြသေးလား?အန်းချန်တိကို stalker လုပ်ပေးတဲ့ ကောင်လေးလေ :3)
အန်းကျီယန် အန်းယွမ်စီရင်စုမှ ထွက်သွားချိန်တွင် သူ့ကို ရုတ်ချည်း မမြင်ရတော့ပေ။
စာရင်းစာအုပ်များကို စစ်ဆေးပြီးနောက် အန်းကျီယန်က အိမ်တော်ထိန်းဆု ထံ စာတစ်စောင် ရေးလိုက်သည်။ အားယဲ့ကို အရေးကြီးကိစ္စများတွင်အသုံးပြုနိုင်သော်ငြား ဒီထက်ပို၍ စူးစမ်းစစ်ဆေးကြည့်ရန် လိုနေတုန်းဖြစ်သည်။
သူက တစ်ယောက်ယောက် ကို ခေါ်ကာ အန်းယွမ်စီရင်စုသို့ စာပို့ခိုင်းရန် ပြင်လိုက်ချိန်တွင် ဖူဝူထျန်း က တံခါးကို တွန်းဖွင့်ပြီး ဝင်လာလေသည်။
သူက ကျီယန့်လက်ထဲရှိ စာကို မြင်သွားသည်။
"ဒါက ဘယ်သူ့ အတွက်လဲ?"
အန်းကျီယန် က ပြန်ဖြေလိုက်၏။
"အိမ်တော်ထိန်းဆု အတွက်လေ။ ကျွန်တော် အားယဲ့ကို မြို့တော်ဆီ ခေါ်လာခိုင်းဖို့ ပြင်နေတာ"
သူက သူ့၏ လုပ်ငန်းများကို ကျွင်းကျီမြို့တွင် အခြေချရန် ပြင်ထားသော်ငြား လူအင်အား လိုအပ်နေပေသေးသည်။ အားယဲ့ကအန်းယွမ်စီရင်စု၏ ဒေသခံ မြွေတစ်ကောင်နှယ် ဖြစ်သော်ငြား သူ့၏ စ်တ့က ပြောင်းလွယ်ပြင်လွယ်ရှိသည်။ သူက မြို့တော်၌ ကိစ္စကြီးများကို လုပ်ဆောင်နိုင်စွမ်းရှိပေလိမ့်မည်။
"ဝမ်ဖေးလေး...လူ လိုနေတယ်ဆိုရင် ဒီမင်းသားကို ပြောလို့ရနေတာပဲ"
ဖူဝူထျန်းက ပြောလိုက်၏။
"ဒီအကြောင်းကို နောက်မှ ပြောကြရအောင်...အခုတော့ ကျွန်တော် လုပ်ချင်တဲ့အရာကို တိတိကျကျ ပုံဖော်လို့ မရသေးဘူး"
အန်းကျီယန် က သူ့ခေါင်းကို ယမ်းပြလိုက်သည်။ သူတို့က ဝါစေ့ကို ရှာရန် လူအချို့ စေလွှတ်ခဲ့သော်ငြား ထိုကိစ္စမှ မည်သည့်သတင်း အချက်အလက်မှ မရရှိသေးပေ။ သူ့၌ အစီအစဥ်များ ရှိနေလျှင်ပင် အကောင်အထည်ဖော်နိုင်စွမ်း မရှိချေ။ ထို့ပြင် အစီအစဥ်၌ များစွာသော ပစ္စည်းအမျိုးအစားများ လိုအပ်နေသေးသည်။ သူက ကိစ္စအမြောက်အမြားကို အသစ်ပြန်စဥ်းစားရဦးမည်မို့ သူ့အစီအစဥ်များအတွက် အစားထိုးနိုင်မာ့်အရာများကို သတ်မှတ်ရန် ပြင်ဆင်ရဦးမည် ဖြစ်သည်။
ဖူဝူထျန်းက သူ့လက်ထဲရှိစာကို ရုတ်တရက် ဆွဲယူလိုက်သည်။
"ဝမ်ဖေးလေး...ဒီစာက အိမ်တော်ထိန်းဆု လက်ထဲကို ရောက်ဖို့အတွက် နေ့တစ်ဝက်ကျော် ကြာသွားလိမ့်မယ်...ဟုတ်တယ်မလား?"
အန်းကျီယန် သူ့စကား၏ အခြားအဓိပ္ပါယ်ကို သိရှိသွားသည်။
"ခင်ဗျားမှာ အခြားနည်းလမ်း ရှိတာလား?"
"စာပို့ခိုလို နည်းလမ်းမျိုးရှိနေတာကို ဝမ်ဖေးလေး မေ့နေတာများလား?"
"ခင်ဗျားမှာ ရှိတယ်?"
အန်းကျီယန် က ထိုသို့ပြောမိပြီးနောက်မှ သတိရသွားသည်။ ရှေးခေတ်အချိန်ကာလသည် နှစ်ဆယ့်တစ်ရာစုကဲ့သို့ မည်သည့် လွယ်ကူသက်သာသော နည်းလမ်းမှ မရှိသော်ငြား သတင်းပို့ရန်အတွက် စာပို့ခိုများ ရှိပေသည်။
ဝမ်ဖေးလေးက သူ့အား လျှော့တွက်နေသည်ဟု ဖူဝူထျန်း ခံစားမိသွားသောကြောင့် သူ့ကို မင်းသားနန်းတော်၏ အနောက်ဘက် ခြံဝန်းဆီသို့ ခေါ်လာလေသည်။
အန်းကျီယန်က မင်းသားနန်းတော်ထဲသို့ လက်ထပ်ဝင်ရောက်လာသည်မှာ အချိန်အနည်းငယ်ကြာပြီ ဖြစ်သော်လည်း အနောက်ဘက်ခြံဝန်းသို့ တစ်ခါမျှ မရောက်ဖူးပေ။ အကြောင်းမှာ ထိုနေရာသို့ လူများဝင်ရောက်ခြင်းမှ တားမြစ်ထားသောကြောင့် ဖြစ်သည်။ သူက စပ်စုလိုစိတ်လည်း မရှိသည်မို့ ထိုနေရာသို့ မသွားဖြစ်ပေ။
သူတိူ့ ဝင်သွားသည်နှင့် စာပို့ခိုတစ်အုပ်က သူတို့ကို ဖြတ်တိုးသွားသည်။
"ဒီခိုတွေက မင်းသားနန်းတော်ကနေ အထူးတလာ် လေ့ကျင့်ပေးထားတဲ့ ခိုတွေပဲ။ သူတို့က သာမန်ခိုထက် နှစ်ဆပိုမြန်တယ်။ ကျွင်းကျီမြို့ကနေ အန်းယွမ်စီရင်စုကိုဆိုရင် ခဏလေးပဲ ပျံသွားရမှာ"
ဖူဝူထျန်းက သူ့နားဘေးဘက်နားသို့ ကပ်ကာ တီးတိုး ရှင်းပြလာသည်။
အန်းကျီယန် တိတ်ဆိတ်သွားသည်။
ဖူဝူထျန်း၏ ပေါ့ပေါ့ပါးပါး ရယ်လိုက်သံ ထွက်ပေါ်လာ၏။
အန်းကျီယန် သူ့ကိုကြည့်လိုက်ရင်း ရုတ်တရတ် အတွေးတစ်ခု တွေးမိသွားသည်။
"ခင်ဗျား ဒီနေ့ အချိန်ရှိလား?"
ဖူဝူထျန်းက စိုးစဥ်းမျှ တွေဝေတုန့်ဆိုင်းခြင်းမရှိ ပြန်ပြောလိုက်သည်။
"ဝမ်ဖေးလေးနဲ့သာ အတူနေရမယ်ဆိုရင် ကိုယ်က အမြဲတမ်း အချိန်ရှိပြီးသားပါကွာ"
"ကျွန်တော်နဲ့ နေ့လည်ကျရင် အပြင်လိုက်ခဲ့"
"သေချာတာပေါ့"
Zawgyi
အပိုင္း (၈၀.၂) - ကိုယ္လုပ္ေတာ္ ေ႐ြးခ်ယ္ပြဲႏွင့္ စာပို႔ခို
ခုနစ္ရက္က အလြန္တရာ လွ်င္ျမန္စြာ ကုန္ဆုံးသြားသည္။ အလွပေဂး မိန္းမပ်ိဳမ်ား ေရာက္ရွိလာမႈေၾကာင့္ ကြၽင္းက်ီၿမိဳ႕မွာ အလြန္အမင္း အလုပ္ရႈပ္သြားေတာ့၏။
တစ္ခ်ိန္တည္းမွာပင္ အန္းက်ီယန္က အိမ္ေတာ္ထိန္းဆု ပို႔လိုက္ေသာ စာရင္းစာအုပ္ႏွင့္ သူ မရွိခ်ိန္အတြင္း အန္းယြမ္စီရင္စု၌ ျဖစ္ပ်က္ခဲ့သမွ် အရာအားလုံး ပါဝင္သည့္ အစီအရင္ခံစာ တစ္ေစာင္ ကို လက္ခံရရွိလိုက္သည္။
စာရင္းစာအုပ္မ်ား အေၾကာင္း ၌...။
အန္းမိသားစု က အန္းယြမ္စီရင္စုရွိ လူမ်ားကို ကူညီကာ အတူတကြ ခ်မ္းသာႂကြယ္ဝလာၿပီး ဆင္းရဲႏြမ္းပါးသည့္ အေျခအေနမွ လြတ္ေျမာက္လာၾကသည္။ ေငြေၾကးမ်ားက ျပန့္ႀကဲသြားေသာ္ျငား ရလဒ္မွာမူ ပိုမိုႂကြယ္ဝလာမႈျဖစ္၏။
အန္းက်ီယန္ အန္းယြမ္စီရင္စုမွ ထြက္ခြာမလာခင္ သူက လယ္သမားအားလုံး၏ ပိုလွ်ံသမွ် အစားအစာမ်ားကို ယူေဆာင္လာခဲ့သည္။ သူက သူ႕၏ ကုန္ေလွာင္႐ုံထဲ၌ သိုေလွာင္ထားသမွ် ဆန္စပါးမ်ားကို ဖူဝူထ်န္း ထံ ေစ်းေကာင္းေကာင္းျဖင့္ ေရာင္းခ်ခဲ့၏။ ဝယ္ေစ်းႏွင့္ ေရာင္းေစ်းၾကား ကြာျခားခ်က္က အလြန္အမင္းႀကီးမားသည္မို႔ သူ အရင္က သုံးခဲ့သမွ် ေငြေၾကးအားလုံးကို အလြယ္တကူ ျပန္လည္ရရွိသြားေလသည္။
လာဘ္စားေသာ အရာရွိမ်ားထံမွ ဖူဝူထ်န္း သိမ္းယူလာသည့္ ေငြေၾကးဥစၥာမ်ားသည္ ဧကရာဇ္ ၏ ပိုင္ဆိုင္မႈ ျဖစ္သည္။ က်န္ရစ္သည့္ မည္သည့္အရာမဆို နိုင္ငံ့ဘ႑ာတိုက္ထဲသို႔ ေရာက္သြားမည္ျဖစ္ၿပီး ခ်ဳန္းမင္ဧကရာဇ္ကို ေပးအပ္ရမည္ ျဖစ္သည္။ ထို႔ေၾကာင့္ ဖူဝူထ်န္းထံမွ ေငြေၾကးမ်ား ရယူရျခင္းအတြက္ အန္းက်ီယန္ အနည္းငယ္ေသာ္မွ် အျပစ္ရွိသလို မခံစားရပါေပ။
သို႔ေသာ္လည္း အန္းက်ီယန္ ဂ႐ုစိုက္ရမည့္ ကိစၥတစ္ခုေတာ့ ရွိေပသည္။
ဝမ္ရွန္စီရင္စုရွိ တာ့ကြမ္းဆန္ဆိုင္သည္ အန္းမိသားစု ဆန္လုပ္ငန္း၏ အႀကီးမားဆုံး ၿပိဳင္ဘက္ ျဖစ္သည္။
အန္းခ်န္ဖူ ေသဆုံးသြားၿပီးေနာက္ တာ့ကြမ္းဆန္ဆိုင္၏ သူ႒ေးခ်န္က ထိုအခြင့္အေရးကို အသုံးခ်ကာ အန္းမိသားစုဆန္လုပ္ငန္းကို ဖိႏွိပ္ရန္အတြက္ ဆန္ေစ်းႏႈန္းကို တမင္တကာ ႏွိမ့္ပစ္လိုက္သည္။ ဤသည္က အန္းမိသားစုဆန္လုပ္ငန္းကို အမွန္တကယ္ပင္ ဆုံးရႈံးမႈအခ်ိဳ႕ ျဖစ္သြားေစခဲ့ေသာ္ျငား မ်ားစြာ ဆုံးရႈံးမႈ မရွိခဲ့ေပ။
အန္းက်ီယန္ က ဆန္ေစ်းႏႈန္းကို ပုံမွန္ေစ်းမွ ျပတ္ျပတ္သားသား ေလွ်ာ့ခ်ပစ္လိုက္ၿပီး ထိုေစ်းမွာလည္း တာ့ကြမ္းဆန္ဆိုင္က ေပးေသာေစ်းထက္ ပိုနိမ့္ေနေပ၏။
အန္းက်ီယန္က သူ႕ကို တမင္သက္သက္ စိန္ေခၚေနျခင္းဟု သူ႒ေးခ်န္ က ေတြးမိသြားသည္။ ထိုအခ်ိန္၌ သူ မေက်ပြဲ ႏႊဲပစ္လိုေသာ္ျငား ေစ်းကို ထပ္မခ်ရဲေတာ့ေပ။ အေၾကာင္းမွာ သူ႕အတြက္ အျမတ္မ်ားစြာ မက်န္ေတာ့ေသာေၾကာင့္ ျဖစ္သည္။ အဆုံး၌ သူက လုပ္ငန္းရွင္တစ္ဦးသာ ျဖစ္ၿပီး ခဏတာေဒါသေၾကာင့္ သူ႕၏ လုပ္ငန္းကို ပ်က္စီးဆုံးရႈံးခြင့္မျပဳနိုင္ေပ။ အထူးသျဖင့္ တစ္ဖက္လူမွာ နို႔နံ႕မစင္ေသးသည့္ ေကာင္ေလး ျဖစ္ေနခ်ိန္၌ ျဖစ္၏။
ထို႔ေနာက္၌ အန္းမိသားစုသည္ ဆန္စပါးမ်ားကို အေျမာက္အျမား စတင္ဝယ္ယူေတာ့သည္။
သူ႒ေးခ်န္က ဤသည္ကို အခြင့္အေရး ယူ၍ တာဝန္ခံဖုန့္ ကို ၿငိမ္းခ်မ္းေရးယူရန္ ႀကိဳးပမ္းလိုက္သည္။ ရလဒ္အေနျဖင့္ သူက တာဝန္ခံဖုန့္ ကစားသြားျခင္းကိုသာ ခံလိုက္ရၿပီး တာဝန္ခံဖုန့္ ထံမွ အေၾကာင္းျပန္မႈကို တုံးတုံးအအျဖင့္ ေစာင့္ဆိုင္းေနခဲ့မိ၏။ ထို႔ေနာက္တြင္ေတာ့ ခ်န္းျပည္နယ္၌ သဘာဝေဘးအႏၱရာယ္ႀကီး ျဖစ္ပြားလာေလသည္။ အန္းမိသားစုက ထိုအခြင့္အေရယကို ယူၿပီး ပိုမို ႂကြယ္ဝခ်မ္းသာလာခဲ့သည္။ ထိုအခါမွသာ သူ႒ေးခ်န္သည္ အမွန္တရားကို သိျမင္သြားခဲ့၏။
သူ ကစားခံလိုက္ရေၾကာင္း သိသြားၿပီးေနာက္တြင္ သူ႒ေးခ်န္သည္ လူအခ်ိဳ႕ကို ရွာကာ အန္းမိသားစု ဆန္ဆိုင္သို႔ ျပႆနာရွာရန္အတြင္ အႀကိမ္ႀကိမ္ သြားခဲ့သည္။ သို႔ေသာ္ သူမေအာင္ျမင္ခဲ့ေပ။ အေၾကာင္းမွာ သူ႕လူမ်ား ေရာက္သြားခ်ိန္တိုင္း အားေကာင္းေမာင္းသန္ အေစာင့္အုပ္စုက ဆိုင္ကို ေစာင့္ၾကပ္ေနေသာေၾကာင့္ ျဖစ္သည္။
အႀကိမ္အနည္းငယ္မွ် သြားၿပီးေနာက္ သူသည္ ေစာင့္ၾကည့္ခံေနရေၾကာင္း သူ႒ေးခ်န္ သိရွိသြားေတာ့သည္။
အန္းယြမ္စီရင္စု၏ စီရင္စုေအာက္တရားသူႀကီး က်န့္ ကိုယ္တိုင္ သူ႕ဆီ ေရာက္မလာခင္ခ်ိန္အထိ သူသည္ ဤကိစၥကို ဒီတိုင္း ၿပီးပစ္လိုသည့္ ဆႏၵ မရွိခဲ့ေပ။ သူက စီးပြားေရးလုပ္ငန္းရွင္တစ္ေယာက္သာ ျဖစ္သည္။ အစိုးရအရာရွိတစ္ေယာက္ႏွင့္ မည္သို႔ တိုက္ခိုက္နိုင္စြမ္း ရွိမည္နည္း။ ထို႔ေၾကာင့္ သူ႕၏ ေခြၽးေအးမ်ားကိုသာ သုတ္ပစ္ရင္း တိတ္တဆိတ္ အေဝးသို႔ ေျပးရေလသည္။
သူ႒ေးခ်န္ကို ေစာင့္ၾကည့္ရသည့္သူမွာ အားယဲ့ျဖစ္သည္။
(T/N - အားယဲ့ကို မွတ္မိၾကေသးလား?အန္းခ်န္တိကို stalker လုပ္ေပးတဲ့ ေကာင္ေလးေလ :3)
အန္းက်ီယန္ အန္းယြမ္စီရင္စုမွ ထြက္သြားခ်ိန္တြင္ သူ႕ကို ႐ုတ္ခ်ည္း မျမင္ရေတာ့ေပ။
စာရင္းစာအုပ္မ်ားကို စစ္ေဆးၿပီးေနာက္ အန္းက်ီယန္က အိမ္ေတာ္ထိန္းဆု ထံ စာတစ္ေစာင္ ေရးလိုက္သည္။ အားယဲ့ကို အေရးႀကီးကိစၥမ်ားတြင္အသုံးျပဳနိုင္ေသာ္ျငား ဒီထက္ပို၍ စူးစမ္းစစ္ေဆးၾကည့္ရန္ လိုေနတုန္းျဖစ္သည္။
သူက တစ္ေယာက္ေယာက္ ကို ေခၚကာ အန္းယြမ္စီရင္စုသို႔ စာပို႔ခိုင္းရန္ ျပင္လိုက္ခ်ိန္တြင္ ဖူဝူထ်န္း က တံခါးကို တြန္းဖြင့္ၿပီး ဝင္လာေလသည္။
သူက က်ီယန့္လက္ထဲရွိ စာကို ျမင္သြားသည္။
"ဒါက ဘယ္သူ႕ အတြက္လဲ?"
အန္းက်ီယန္ က ျပန္ေျဖလိုက္၏။
"အိမ္ေတာ္ထိန္းဆု အတြက္ေလ။ ကြၽန္ေတာ္ အားယဲ့ကို ၿမိဳ႕ေတာ္ဆီ ေခၚလာခိုင္းဖို႔ ျပင္ေနတာ"
သူက သူ႕၏ လုပ္ငန္းမ်ားကို ကြၽင္းက်ီၿမိဳ႕တြင္ အေျခခ်ရန္ ျပင္ထားေသာ္ျငား လူအင္အား လိုအပ္ေနေပေသးသည္။ အားယဲ့ကအန္းယြမ္စီရင္စု၏ ေဒသခံ ေႁမြတစ္ေကာင္ႏွယ္ ျဖစ္ေသာ္ျငား သူ႕၏ စ္တ့က ေျပာင္းလြယ္ျပင္လြယ္ရွိသည္။ သူက ၿမိဳ႕ေတာ္၌ ကိစၥႀကီးမ်ားကို လုပ္ေဆာင္နိုင္စြမ္းရွိေပလိမ့္မည္။
"ဝမ္ေဖးေလး...လူ လိုေနတယ္ဆိုရင္ ဒီမင္းသားကို ေျပာလို႔ရေနတာပဲ"
ဖူဝူထ်န္းက ေျပာလိုက္၏။
"ဒီအေၾကာင္းကို ေနာက္မွ ေျပာၾကရေအာင္...အခုေတာ့ ကြၽန္ေတာ္ လုပ္ခ်င္တဲ့အရာကို တိတိက်က် ပုံေဖာ္လို႔ မရေသးဘူး"
အန္းက်ီယန္ က သူ႕ေခါင္းကို ယမ္းျပလိုက္သည္။ သူတို႔က ဝါေစ့ကို ရွာရန္ လူအခ်ိဳ႕ ေစလႊတ္ခဲ့ေသာ္ျငား ထိုကိစၥမွ မည္သည့္သတင္း အခ်က္အလက္မွ မရရွိေသးေပ။ သူ႕၌ အစီအစဥ္မ်ား ရွိေနလွ်င္ပင္ အေကာင္အထည္ေဖာ္နိုင္စြမ္း မရွိေခ်။ ထို႔ျပင္ အစီအစဥ္၌ မ်ားစြာေသာ ပစၥည္းအမ်ိဳးအစားမ်ား လိုအပ္ေနေသးသည္။ သူက ကိစၥအေျမာက္အျမားကို အသစ္ျပန္စဥ္းစားရဦးမည္မို႔ သူ႕အစီအစဥ္မ်ားအတြက္ အစားထိုးနိုင္မာ့္အရာမ်ားကို သတ္မွတ္ရန္ ျပင္ဆင္ရဦးမည္ ျဖစ္သည္။
ဖူဝူထ်န္းက သူ႕လက္ထဲရွိစာကို ႐ုတ္တရက္ ဆြဲယူလိုက္သည္။
"ဝမ္ေဖးေလး...ဒီစာက အိမ္ေတာ္ထိန္းဆု လက္ထဲကို ေရာက္ဖို႔အတြက္ ေန႕တစ္ဝက္ေက်ာ္ ၾကာသြားလိမ့္မယ္...ဟုတ္တယ္မလား?"
အန္းက်ီယန္ သူ႕စကား၏ အခြားအဓိပ္ပါယ်ကို သိရွိသြားသည္။
"ခင္ဗ်ားမွာ အျခားနည္းလမ္း ရွိတာလား?"
"စာပို႔ခိုလို နည္းလမ္းမ်ိဳးရွိေနတာကို ဝမ္ေဖးေလး ေမ့ေနတာမ်ားလား?"
"ခင္ဗ်ားမွာ ရွိတယ္?"
အန္းက်ီယန္ က ထိုသို႔ေျပာမိၿပီးေနာက္မွ သတိရသြားသည္။ ေရွးေခတ္အခ်ိန္ကာလသည္ ႏွစ္ဆယ့္တစ္ရာစုကဲ့သို႔ မည္သည့္ လြယ္ကူသက္သာေသာ နည္းလမ္းမွ မရွိေသာ္ျငား သတင္းပို႔ရန္အတြက္ စာပို႔ခိုမ်ား ရွိေပသည္။
ဝမ္ေဖးေလးက သူ႕အား ေလွ်ာ့တြက္ေနသည္ဟု ဖူဝူထ်န္း ခံစားမိသြားေသာေၾကာင့္ သူ႕ကို မင္းသားနန္းေတာ္၏ အေနာက္ဘက္ ၿခံဝန္းဆီသို႔ ေခၚလာေလသည္။
အန္းက်ီယန္က မင္းသားနန္းေတာ္ထဲသို႔ လက္ထပ္ဝင္ေရာက္လာသည္မွာ အခ်ိန္အနည္းငယ္ၾကာၿပီ ျဖစ္ေသာ္လည္း အေနာက္ဘက္ၿခံဝန္းသို႔ တစ္ခါမွ် မေရာက္ဖူးေပ။ အေၾကာင္းမွာ ထိုေနရာသို႔ လူမ်ားဝင္ေရာက္ျခင္းမွ တားျမစ္ထားေသာေၾကာင့္ ျဖစ္သည္။ သူက စပ္စုလိုစိတ္လည္း မရွိသည္မို႔ ထိုေနရာသို႔ မသြားျဖစ္ေပ။
သူတိူ႕ ဝင္သြားသည္ႏွင့္ စာပို႔ခိုတစ္အုပ္က သူတို႔ကို ျဖတ္တိုးသြားသည္။
"ဒီခိုေတြက မင္းသားနန္းေတာ္ကေန အထူးတလာ္ ေလ့က်င့္ေပးထားတဲ့ ခိုေတြပဲ။ သူတို႔က သာမန္ခိုထက္ ႏွစ္ဆပိုျမန္တယ္။ ကြၽင္းက်ီၿမိဳ႕ကေန အန္းယြမ္စီရင္စုကိုဆိုရင္ ခဏေလးပဲ ပ်ံသြားရမွာ"
ဖူဝူထ်န္းက သူ႕နားေဘးဘက္နားသို႔ ကပ္ကာ တီးတိုး ရွင္းျပလာသည္။
အန္းက်ီယန္ တိတ္ဆိတ္သြားသည္။
ဖူဝူထ်န္း၏ ေပါ့ေပါ့ပါးပါး ရယ္လိုက္သံ ထြက္ေပၚလာ၏။
အန္းက်ီယန္ သူ႕ကိုၾကည့္လိုက္ရင္း ႐ုတ္တရတ္ အေတြးတစ္ခု ေတြးမိသြားသည္။
"ခင္ဗ်ား ဒီေန႕ အခ်ိန္ရွိလား?"
ဖူဝူထ်န္းက စိုးစဥ္းမွ် ေတြေဝတုန့္ဆိုင္းျခင္းမရွိ ျပန္ေျပာလိုက္သည္။
"ဝမ္ေဖးေလးနဲ႕သာ အတူေနရမယ္ဆိုရင္ ကိုယ္က အၿမဲတမ္း အခ်ိန္ရွိၿပီးသားပါကြာ"
"ကြၽန္ေတာ္နဲ႕ ေန႕လည္က်ရင္ အျပင္လိုက္ခဲ့"
"ေသခ်ာတာေပါ့"