"သာ ဘာဖြစ်တာလည်း အလောတကြီးနဲ့"
ဘုန်းရောက်သွားတော့သာက အေးဆေးပင်ခြံထဲ ကော်ဖီသောက်နေလေသည်။ ဘုန်းမှာအရူးလုပ်ခံလိုက်ရ၍စိတ်တို့အနည်းငယ်တိုချင်သွားပေမယ့်လည်း အခုကဘယ်သူလည်း သူမလေ။
"ထိုင်ပါဦး ဘုန်းရဲ့ လာ ငါနင့်အတွက်ပါပိုဖျော်ထားတာ"
သူမကဘေးကနေရာလွတ်ကိုပုတ်ပြလျှင် ဒီနေ့မှ ဘာလို့မှန်းမသိဘုန်းစိတ်ထဲတခုခုမှားနေသလိုခံစားရသည်။
"နေဦး ဖွားတို့ရော အိမ်ထဲမှာလား ငါအရင်သွားနှုတ်ဆက်လိုက်ဦးမယ်"
သူမက အိမ်ဘက်မျက်နှာမူပြီးခြေလှမ်းပြင်နေတယ့်ကျွန်တော့်ကို
"ဝင်မနေနဲ့ မရှိဘူး ဒီနေ့ ဖွားကို ဘုရားလိုက်ပို့ကြတယ်"
သူကစိတ်ရှုပ်စွာ ခေါင်းကဆံပင်တွေကိုတစ်ချက်သပ်လိုက်ပြီး
"နေပါဦးသာ နင်ဘာတွေဖြစ်နေတာလည်း လူကြီးမရှိဘဲ ငါ့ကိုအသည်းငန်ခေါ်လိုက်ရအောင်ဘာတွေအရေးကြီးနေတာလဲ"
သာက မျက်စောင်းလေးထိုးရင်း
"အို အရင်လည်း နင်နဲ့ ၂ယောက်နေနေကြပဲ ဘာဖြစ်လဲ"
"ကျစ် မတူဘူးသာ အဲ့တုန်းက လူကြီးတွေခွင့်ပြုချက်နဲ့အခုက"
"ဘာမှအခုကလုပ်မနေနဲ့ ဒါခြံထဲမှာ လာစမ်းပါဟာ ဒီနားကို"
သူက မသင်္ကာပေမယ့်သူမနားသွားထိုင်လိုက်တော့
"ရော့ဒီမှာ နင့်အတွက်"ဆိုကာ ကော်ဖီတစ်ခွက်ငှဲ့ပေးပါသည်။
"ဘာလဲ နောက်ဆုံးနှုတ်ဆက်တာလား"
သူ့အမေးကိုသူမက ခေါင်းရမ်းလျက်
"မဟုတ်ပါဘူး ဟာ "ပြောလည်းပြောသူမက နာရီကိုကြည့်နေသည်။
"ငါသိပ်တောင်မယုံချင်တော့ဘူး နင်ဘာတွေလုပ်နေတာလဲ သာ အငြိမ်လည်းမနေဘူး" သူ့အပြောအဆုံးမှာသူမက ခေါင်းငုံ့သွားရင်း
"ငါနင့်ကိုလက်ထပ်မယ် ဘုန်း"
"ဘာ သာနင်ဘာပြောနေတယ်ဆိုတာနင်သိရဲ့လား ငါပြန်မယ်"
ပြောပြီးထရပ်လိုက်တဟ့်သူ့ကိုသူမကအနောက်ကနေလှမ်းဆွဲလိုက်တာကြောင့် သူမဘက်သို့ပြန်လှည့်ကြည့်လိုက်သည်။
"ပြော ဘာပြောမို့လည်း သာ မနေ့တနေ့ကမှငါ့ကိုလက်မထပ်နိုင်ဘူးလို့ နင်ပြောထားတာနော် ပြီးတော့ နင်ဘာလို့ဒီလိုအပြောင်းလဲဆုံးဖြတ်ရတာလဲ ဟမ် ဖွားတို့ကြောင့်လား ငါပြောတယ် ငါဂျပန်ကိုသွားရမယ် အဲ့အတွက်နင်စိတ်ပူစရာမလိုဘူးလို့ မဟုတ်မှ ဘွားတော်ကြောင့်လား"
သူ့အမေးကိုသူမက နှုတ်ခမ်းသာကိုက်နေပြီးပြန်မဖြေပါ။ ထို့အပြင်နာရီကိုတစ်ချက်ငုံ့ကြည့်လိုက်သေးသည်။
"သာနင်ဘာဖြစ်..."
"ငါနင့်ကိုချစ်တယ်ဘုန်း "
"ဟမ်"
ရုတ်တရက် သူမကဖြတ်ပြောလိုက်ပြီးကျွန်တော့်ကိုဖက်လာခဲ့သည်။
"ငါနင့်ကိုပဲချစ်တာဘုန်း ငါဆန်းစစ်ပြီးပြီ သြဇာကောင်းကိုငါမချစ်ဘူး ငါခနတာစိတ်ကစားသွားတာ တကယ်တမ်း နင်နဲ့ရှိတယ့်အချိန်နဲ့ရင်းနှီးမှုကပိုများခဲ့တာ ငါနင့်ကိုလက်ထပ်မယ် ဘုန်း"
ကျွန်တော့ကိုယ်ကြီးတောင့်သွားရပြီးရင်ခုန်စိတ်လှုပ်ရှားမှုတို့ကြောင့်သွေးကြောတွေထဲကပင်ဖျင်းခနဲခံစားလိုက်ရသည်။ သို့ပေမယ့် ခနတာပါ
"တောက် ! "
နောက်နားဆီကအသံကြောင့်လှည့်ကြည့်လိုက်တော့ လှည့်လှည့်ချင်းပါးပြင်ထက်ပူခနဲဖြစ်သွားရပြီး နှုတ်ခမ်းတို့ကဖျင်းခနဲဖြစ်သွားရတာကြောင့် နှုတ်ခမ်းပေါက်သွားပြီမှန်းသိလိုက်ရသည်။ ဟိုသူတောင်းစားကဘယ်အချိန်ကရောက်နေမှန်းမသိပေမယ့် ကျွန်တော့်ကိုထပ်ထိုးဖို့ပြင်သည်။ ခြံဝကိုကျောပေးရပ်ထားမိတယ့်သူ့အမှားပါပဲ။
သာက ကြားက ဝင်ကာကာ
"ရှင် သူ့ကိုဘာမှလုပ်စရာမလိုဘူး သြဇာကောင်း ကျွန်မခင်ပွန်းလောင်းကိုထပ်ထိဖို့မစဥ်းစားပါနဲ့ "
သူ့ရှေ့မှာကာပေးပြီးသူမကဒီစကားတွေကို လက်သီးဆုပ်ပြီးပြောသွားတာပါ။
"ဟာ ဟာဘာတွေလဲ ကျေးရာ မောင့်ကိုဘယ်လိုပြောလိုက်တာလဲ ခင်ပွန်းလောင်းဟုတ်လား"
"ဟုတ်တယ် ကျွန်မလက်ထပ်တော့မယ် "
ဟိုကောင်က ကျေးပခုံး၂ဖက်ကိုဆုပ်ကိုင်ပြီး ခါယမ်းလိုက်ခါ
" ကိုယ့်ကိုလာမနောက်နဲ့နော် ကျေး ကိုယ်ခံနိုင်ရည်မရှိဘူး မောင့်ကိုနောက်နေတာလို့ပြောပေးပါ"
"အဟား ဘယ်လိုပြောမှရမှာလဲ ကျွန်မရှင့်ကိုမချစ်ဘူး မချစ်ခဲ့ဘူး ဒီ ဒီတိုင်းတွဲကြည့်တာ သေချာစဥ်းစားကြည့်ပါဦး ရှင့်ကိုဘယ်တုန်းကကျွန်မချစ်တယ်လို့ပြောဖူးလို့လဲ ဟမ် ကျွန်မလက်ထပ်တော့မယ်ဆိုတယ့်အကြောင်းရှင့်ကိုအသိပေးတာ ဒါပဲ ရှင်သွားချင်သွားလို့ရပြီ"
ဟိုကောင့်ပုံကတော်တော်ရှော့ရသွားပုံပင်။
"ဒါ့ကြောင့် ကိုယ့်ကိုဒီရက်ပိုင်းရှောင်နေတာလား ဟမ် ဖြေလေ မင်းရက်စက်တယ် မင်းသိပ်ရက်စက်တယ်ကျေး "
ဟုတ်တယ် သာဟာတော်တော်ရက်စက်တယ့်မိန်းမပါ။ ခုလေးတင် သူ့ကိုအသုံးချသွားပြီး ဟိုကောင့်ကိုလှည့်စားလိုက်တာဖြစ်သည်။ ကိုယ်ဟာအခုထိ အသုံးချခံပဲလား။ ရင်ထဲကစူးခနဲနာကျင်သွားရသည်။ကျွန်တော်ဟာအခုချိန်မှာပွဲကြည့်ပရိတ်သတ်သာသာပါ။
"ဟုတ်တယ်"သူမရဲ့ပြန်ဖြေခြင်းမှာ ဟိုကောင်ကဒေါသနဲ့မို့မခံစားမိတာဖြစ်မည်။ အသံတို့အဖျားခတ်တုန်သွားတာအသိသာကြီး။
"မရဘူး မရဘူး မင်းကိုယ့်ဘဝထဲကဒီလိုထွက်သွားလို့မရဘူး ကျေးမင်းကကိုယ့်အပိုင်နော် "
ဟိုကောင့်စကားမှာ ကျွန်တော့်ကိုယ်တောင့်သွားရသည်။ အပိုင်?။
ထို့ပြင် ဟိုကောင်က သာ့အားသူ့ရှေ့မှာပင် ဆွဲနမ်းတော့သည်။ ဒီမြင်ကွင်းက သူ့ကိုအသက်ရှူပင်ကြပ်ကာ ဒေါသတို့အလိပ်လိုက်ထွက်စေသည်။
"ဟိတ်ရောင် ဖယ် မင်းသိပ်တရားလွန်သွားပြီ ခွပ်"
သာ့ကိုအနောက်ဆွဲပို့ရင်း သူထိုးလိုက်တာကြောင့် ဟိုကောင့်မျက်နှာမှာလည်းသူ့နည်းတူဖြစ်သွားရသည်။
"သြဇာကောင်း ငါ့အထင်မင်းလူစိတ်ရှိသင့်တယ် ခုမင်းသူများခြံဝန်းထဲမှာ ပိုင်ရှင်ရှိတော့မယ့်မိန်းကလေးတစ်ယောက်ကို အလိုမတူပဲ ကာယအိန္ဒြေထိပါးအောင်လုပ်လိုက်တာနော် အေး မင်းပြန်သင့်ပြီ"
"ခွပ်!ဒါက ငါ့ချစ်သူကွ"
"ခွပ်!မင်းကိုသူမချစ်ဘူးလို့ပြောနေတယ်မလား မင်းလစ်သင့်ပြီနော် လူကြီးတွေပြန်လာလို့မြင်ရင်မကောင်းဘူး "
"ကျေး မောင်ပြန်မယ် ဒါပေမယ့် ကျေးကိုရအောင်လာခိုးပြမယ်"
ဟိုကောင်ကကြိမ်းဝါးကာ ပြန်ထွက်သွားသည်။ သူရှက်လွန်း၍ဒီနေရာမှာပင်အငွေ့ဖြစ်ချင်သည်။နေရာမှာ ခါးထောက်ရပ်ကာ ခေါင်းငုံ့နေရင်းခနကြာတော့ နောက်မလှည့်ကြည့်တော့ပဲ
"ငါပြန်မယ်သာ ငါပြန်လည်းမလာတော့ဘူး နင် နင်လုပ်ရက်တယ် ငါ့ကိုနင်နည်းနည်းမှမထည့်တွက်ပဲနဲ့ နင်အသုံးချသွားတယ် နင့်ကိုချစ်မိတယ့်ငါ့အချစ်တွေကိုခုတုံးလုပ်သွားတာကိုတော့ငါတော်တော်စိတ်မကောင်းဖြစ်မိတယ် "
ပြောရင်း ခြံဝဆီသို့ ေုခလှမ်းပြင်လိုက်တယ့်အချိန်မှာ တစ်လှမ်း နှစ်လှမ်းပဲလှမ်းရသေးတယ် နောက်နားဆီက ငိုရှိုက်သံထွက်လာလေသည်။ ကျစ် နင်နှိပ်စက်ပြန်ပြီသာရာ။
"သွား သွားကြ အီးဟီး ငါ့နေရာလည်းဝင်ကြည့်ပါဦး ငါဘာရွေးချယ်စရာရှိလို့လဲ ငါမွန်းကြပ်နေပြီ သိရဲ့လား နင်သိရဲ့လားလို့ဘုန်းရဲ့"
နောက်သို့ဖြေးဖြေးချင်းလှည့်ကြည့်လိုက်တော့ သူမက မြက်ခင်းပြင်ပေါ်ထိုင်ချကာ အားရပါးရငိုကြွေးနေပြီ။သံလိုက်ဆွဲအားလိုခြေလှမ်းတွေကသူမနားတိုးကပ်သွားမိတော့
သူမကပိုရှိုက်ငိုသည်။ ရင်ခွင်ထဲထည့်ကာ ကျောလေးကိုဖွဖွပုတ်ပေးတော့ သူမကငိုရင်းက
"ငါ့ကိုလက်ထပ်ပါ လက်ထပ်ပေးပါ ဘုန်းရယ် ဒါအကောင်းဆုံးအဖြေပဲ ငါပျော့ညံ့တယ်ပဲပြောပြော ဝတ္ထုတွေထဲကလို မစွန့်စားနိုင်ဘူး စွန့်စားနိုင်တယ့်အခွင့်ရေးလည်းငါ့မှာမရှိဘူး သူကလည်းငါ့ကိုသစ္စာဖောက်ထားတယ် အီးဟီး ငါ့မိဘတွေအတွက်လည်းဒီနည်းကအကောင်းဆုံးပဲ နင်ငါ့ကိုဒီလိုနင့်ကိုအသုံးချပြီးဆုံးဖြတ်လိုက်တယ့်အတွက်မုန်းရင်လည်းမုန်းလိုက်ပါ နော် ငါ့ကိုနင်နဲ့အတူဂျပန်ခေါ်သွားပေးပါ ငါထွက်ပြေးချင်တယ် ဘုန်းရယ်"
သူမစကားတို့အဆုံး ရင်ထဲဆစ်ခနဲဖြစ်သွားပေမယ့်လည်း သူဘာတတ်နိုင်မှာလည်းအခုပြောနေတာ သူမပဲလေ။
"ငါနင့်ကိုမမုန်းနိုင်ဘူးဆိုတာ နင်သိပါတယ်သာ ငါ့ကိုမချစ်ပဲလက်ထက်မယ့်နင့်အတွက်ငါစိတ်မကောင်းဖြစ်နေရုံပါ "
____________
MoCo
"သာ ဘာျဖစ္တာလည္း အေလာတႀကီးနဲ႔"
ဘုန္းေရာက္သြားေတာ့သာက ေအးေဆးပင္ၿခံထဲ ေကာ္ဖီေသာက္ေနေလသည္။ ဘုန္းမွာအရူးလုပ္ခံလိုက္ရ၍စိတ္တို႔အနည္းငယ္တိုခ်င္သြားေပမယ့္လည္း အခုကဘယ္သူလည္း သူမေလ။
"ထိုင္ပါၪီး ဘုန္းရဲ့ လာ ငါနင့္အတြက္ပါပိုေဖ်ာ္ထားတာ"
သူမကေဘးကေနရာလြတ္ကိုပုတ္ျပလ်ွင္ ဒီေန့မွ ဘာလို႔မွန္းမသိဘုန္းစိတ္ထဲတခုခုမွားေနသလိုခံစားရသည္။
"ေနၪီး ဖြားတို႔ေရာ အိမ္ထဲမွာလား ငါအရင္သြားႏႈတ္ဆက္လိုက္ၪီးမယ္"
သူမက အိမ္ဘက္မ်က္ႏွာမူၿပီးေျခလွမ္းျပင္ေနတယ့္ကြၽန္ေတာ့္ကို
"ဝင္မေနနဲ႔ မရိွဘူး ဒီေန့ ဖြားကို ဘုရားလိုက္ပို႔ၾကတယ္"
သူကစိတ္ရႈပ္စြာ ေခါင္းကဆံပင္ေတြကိုတစ္ခ်က္သပ္လိုက္ၿပီး
"ေနပါၪီးသာ နင္ဘာေတျြဖစ္ေနတာလည္း လူႀကီးမရိွဘဲ ငါ့ကိုအသည္းငန္ေခၚလိုက္ရေအာင္ဘာေတြအေရးႀကီးေနတာလဲ"
သာက မ်က္ေစာင္းေလးထိုးရင္း
"အို အရင္လည္း နင္နဲ႔ ၂ေယာက္ေနေနၾကပဲ ဘာျဖစ္လဲ"
"က်စ္ မတူဘူးသာ အဲ့တုန္းက လူႀကီးေတြခြင့္ျပဳခ်က္နဲ႔အခုက"
"ဘာမွအခုကလုပ္မေနနဲ႔ ဒါၿခံထဲမွာ လာစမ္းပါဟာ ဒီနားကို"
သူက မသကၤာေပမယ့္သူမနားသြားထိုင္လိုက္ေတာ့
"ေရာ့ဒီမွာ နင့္အတြက္"ဆိုကာ ေကာ္ဖီတစ္ခြက္ငွဲ႔ေပးပါသည္။
"ဘာလဲ ေနာက္ဆံုးႏႈတ္ဆက္တာလား"
သူ႔အေမးကိုသူမက ေခါင္းရမ္းလ်က္
"မဟုတ္ပါဘူး ဟာ "ေျပာလည္းေျပာသူမက နာရီကိုၾကည့္ေနသည္။
"ငါသိပ္ေတာင္မယံုခ်င္ေတာ့ဘူး နင္ဘာေတြလုပ္ေနတာလဲ သာ အၿငိမ္လည္းမေနဘူး" သူ႔အေျပာအဆံုးမွာသူမက ေခါင္းငံု႔သြားရင္း
"ငါနင့္ကိုလက္ထပ္မယ္ ဘုန္း"
"ဘာ သာနင္ဘာေျပာေနတယ္ဆိုတာနင္သိရဲ့လား ငါျပန္မယ္"
ေျပာၿပီးထရပ္လိုက္တဟ့္သူ႔ကိုသူမကအေနာက္ကေနလွမ္းဆြဲလိုက္တာေၾကာင့္ သူမဘက္သို႔ျပန္လွည့္ၾကည့္လိုက္သည္။
"ေျပာ ဘာေျပာမို႔လည္း သာ မေန့တေန့ကမွငါ့ကိုလက္မထပ္ႏိုင္ဘူးလို႔ နင္ေျပာထားတာေနာ္ ၿပီးေတာ့ နင္ဘာလို႔ဒီလိုအေျပာင္းလဲဆံုးျဖတ္ရတာလဲ ဟမ္ ဖြားတို႔ေၾကာင့္လား ငါေျပာတယ္ ငါဂ်ပန္ကိုသြားရမယ္ အဲ့အတြက္နင္စိတ္ပူစရာမလိုဘူးလို႔ မဟုတ္မွ ဘြားေတာ္ေၾကာင့္လား"
သူ႔အေမးကိုသူမက ႏႈတ္ခမ္းသာကိုက္ေနၿပီးျပန္မေျဖပါ။ ထို႔အျပင္နာရီကိုတစ္ခ်က္ငံု႔ၾကည့္လိုက္ေသးသည္။
"သာနင္ဘာျဖစ္..."
"ငါနင့္ကိုခ်စ္တယ္ဘုန္း "
"ဟမ္"
ရုတ္တရက္ သူမကျဖတ္ေျပာလိုက္ၿပီးကြၽန္ေတာ့္ကိုဖက္လာခဲ့သည္။
"ငါနင့္ကိုပဲခ်စ္တာဘုန္း ငါဆန္းစစ္ၿပီးၿပီ ၾသဇာေကာင္းကိုငါမခ်စ္ဘူး ငါခနတာစိတ္ကစားသြားတာ တကယ္တမ္း နင္နဲ႔ရိွတယ့္အခ်ိန္နဲ႔ရင္းႏွီးမႈကပိုမ်ားခဲ့တာ ငါနင့္ကိုလက္ထပ္မယ္ ဘုန္း"
ကြၽန္ေတာ့ကိုယ္ႀကီးေတာင့္သြားရၿပီးရင္ခုန္စိတ္လႈပ္ရွားမႈတို႔ေၾကာင့္ေသြးေၾကာေတြထဲကပင္ဖ်င္းခနဲခံစားလိုက္ရသည္။ သို႔ေပမယ့္ ခနတာပါ
"ေတာက္ ! "
ေနာက္နားဆီကအသံေၾကာင့္လွည့္ၾကည့္လိုက္ေတာ့ လွည့္လွည့္ခ်င္းပါးျပင္ထက္ပူခနဲျဖစ္သြားရၿပီး ႏႈတ္ခမ္းတို႔ကဖ်င္းခနဲျဖစ္သြားရတာေၾကာင့္ ႏႈတ္ခမ္းေပါက္သြားၿပီမွန္းသိလိုက္ရသည္။ ဟိုသူေတာင္းစားကဘယ္အခ်ိန္ကေရာက္ေနမွန္းမသိေပမယ့္ ကြၽန္ေတာ့္ကိုထပ္ထိုးဖို႔ျပင္သည္။ ၿခံဝကိုေက်ာေပးရပ္ထားမိတယ့္သူ႔အမွားပါပဲ။
သာက ၾကားက ဝင္ကာကာ
"ရွင္ သူ႔ကိုဘာမွလုပ္စရာမလိုဘူး ၾသဇာေကာင္း ကြၽန္မခင္ပြန္းေလာင္းကိုထပ္ထိဖို႔မစဥ္းစားပါနဲ႔ "
သူ႔ေရ႔ွမွာကာေပးၿပီးသူမကဒီစကားေတြကို လက္သီးဆုပ္ၿပီးေျပာသြားတာပါ။
"ဟာ ဟာဘာေတြလဲ ေက်းရာ ေမာင့္ကိုဘယ္လိုေျပာလိုက္တာလဲ ခင္ပြန္းေလာင္းဟုတ္လား"
"ဟုတ္တယ္ ကြၽန္မလက္ထပ္ေတာ့မယ္ "
ဟိုေကာင္က ေက်းပခံုး၂ဖက္ကိုဆုပ္ကိုင္ၿပီး ခါယမ္းလိုက္ခါ
" ကိုယ့္ကိုလာမေနာက္နဲ႔ေနာ္ ေက်း ကိုယ္ခံႏိုင္ရည္မရိွဘူး ေမာင့္ကိုေနာက္ေနတာလို႔ေျပာေပးပါ"
"အဟား ဘယ္လိုေျပာမွရမွာလဲ ကြၽန္မရွင့္ကိုမခ်စ္ဘူး မခ်စ္ခဲ့ဘူး ဒီ ဒီတိုင္းတြဲၾကည့္တာ ေသခ်ာစဥ္းစားၾကည့္ပါၪီး ရွင့္ကိုဘယ္တုန္းကကြၽန္မခ်စ္တယ္လို႔ေျပာဖူးလို႔လဲ ဟမ္ ကြၽန္မလက္ထပ္ေတာ့မယ္ဆိုတယ့္အေၾကာင္းရွင့္ကိုအသိေပးတာ ဒါပဲ ရွင္သြားခ်င္သြားလို႔ရၿပီ"
ဟိုေကာင့္ပံုကေတာ္ေတာ္ေရွာ့ရသြားပံုပင္။
"ဒါ့ေၾကာင့္ ကိုယ့္ကိုဒီရက္ပိုင္းေရွာင္ေနတာလား ဟမ္ ေျဖေလ မင္းရက္စက္တယ္ မင္းသိပ္ရက္စက္တယ္ေက်း "
ဟုတ္တယ္ သာဟာေတာ္ေတာ္ရက္စက္တယ့္မိန္းမပါ။ ခုေလးတင္ သူ႔ကိုအသံုးခ်သြားၿပီး ဟိုေကာင့္ကိုလွည့္စားလိုက္တာျဖစ္သည္။ ကိုယ္ဟာအခုထိ အသံုးခ်ခံပဲလား။ ရင္ထဲကစူးခနဲနာက်င္သြားရသည္။ကြၽန္ေတာ္ဟာအခုခ်ိန္မွာပြဲၾကည့္ပရိတ္သတ္သာသာပါ။
"ဟုတ္တယ္"သူမရဲ့ျပန္ေျဖျခင္းမွာ ဟိုေကာင္ကေဒါသနဲ႔မို႔မခံစားမိတာျဖစ္မည္။ အသံတို႔အဖ်ားခတ္တုန္သြားတာအသိသာႀကီး။
"မရဘူး မရဘူး မင္းကိုယ့္ဘဝထဲကဒီလိုထြက္သြားလို႔မရဘူး ေက်းမင္းကကိုယ့္အပိုင္ေနာ္ "
ဟိုေကာင့္စကားမွာ ကြၽန္ေတာ့္ကိုယ္ေတာင့္သြားရသည္။ အပိုင္?။
ထို႔ျပင္ ဟိုေကာင္က သာ့အားသူ႔ေရ႔ွမွာပင္ ဆြဲနမ္းေတာ့သည္။ ဒီျမင္ကြင္းက သူ႔ကိုအသက္ရႉပင္ၾကပ္ကာ ေဒါသတို႔အလိပ္လိုက္ထြက္ေစသည္။
"ဟိတ္ေရာင္ ဖယ္ မင္းသိပ္တရားလြန္သြားၿပီ ခြပ္"
သာ့ကိုအေနာက္ဆြဲပို႔ရင္း သူထိုးလိုက္တာေၾကာင့္ ဟိုေကာင့္မ်က္ႏွာမွာလည္းသူ႔နည္းတူျဖစ္သြားရသည္။
"ၾသဇာေကာင္း ငါ့အထင္မင္းလူစိတ္ရိွသင့္တယ္ ခုမင္းသူမ်ားၿခံဝန္းထဲမွာ ပိုင္ရွင္ရိွေတာ့မယ့္မိန္းကေလးတစ္ေယာက္ကို အလိုမတူပဲ ကာယအိႁႏၵေထိပါးေအာင္လုပ္လိုက္တာေနာ္ ေအး မင္းျပန္သင့္ၿပီ"
"ခြပ္!ဒါက ငါ့ခ်စ္သူကြ"
"ခြပ္!မင္းကိုသူမခ်စ္ဘူးလို႔ေျပာေနတယ္မလား မင္းလစ္သင့္ၿပီေနာ္ လူႀကီးေတျြပန္လာလို႔ျမင္ရင္မေကာင္းဘူး "
"ေက်း ေမာင္ျပန္မယ္ ဒါေပမယ့္ ေက်းကိုရေအာင္လာခိုးျပမယ္"
ဟိုေကာင္ကႀကိမ္းဝါးကာ ျပန္ထြက္သြားသည္။ သူရွက္လြန္း၍ဒီေနရာမွာပင္အေငြ့ျဖစ္ခ်င္သည္။ေနရာမွာ ခါးေထာက္ရပ္ကာ ေခါင္းငံု႔ေနရင္းခနၾကာေတာ့ ေနာက္မလွည့္ၾကည့္ေတာ့ပဲ
"ငါျပန္မယ္သာ ငါျပန္လည္းမလာေတာ့ဘူး နင္ နင္လုပ္ရက္တယ္ ငါ့ကိုနင္နည္းနည္းမွမထည့္တြက္ပဲနဲ႔ နင္အသံုးခ်သြားတယ္ နင့္ကိုခ်စ္မိတယ့္ငါ့အခ်စ္ေတြကိုခုတံုးလုပ္သြားတာကိုေတာ့ငါေတာ္ေတာ္စိတ္မေကာင္းျဖစ္မိတယ္ "
ေျပာရင္း ၿခံဝဆီသို႔ ေုခလွမ္းျပင္လိုက္တယ့္အခ်ိန္မွာ တစ္လွမ္း ႏွစ္လွမ္းပဲလွမ္းရေသးတယ္ ေနာက္နားဆီက ငိုရိႈက္သံထြက္လာေလသည္။ က်စ္ နင္ႏိွပ္စက္ျပန္ၿပီသာရာ။
"သြား သြားၾက အီးဟီး ငါ့ေနရာလည္းဝင္ၾကည့္ပါၪီး ငါဘာေရြးခ်ယ္စရာရိွလို႔လဲ ငါမြန္းၾကပ္ေနၿပီ သိရဲ့လား နင္သိရဲ့လားလို႔ဘုန္းရဲ့"
ေနာက္သို႔ေျဖးေျဖးခ်င္းလွည့္ၾကည့္လိုက္ေတာ့ သူမက ျမက္ခင္းျပင္ေပၚထိုင္ခ်ကာ အားရပါးရငိုေႂကြးေနၿပီ။သံလိုက္ဆြဲအားလိုေျခလွမ္းေတြကသူမနားတိုးကပ္သြားမိေတာ့
သူမကပိုရိႈက္ငိုသည္။ ရင္ခြင္ထဲထည့္ကာ ေက်ာေလးကိုဖြဖြပုတ္ေပးေတာ့ သူမကငိုရင္းက
"ငါ့ကိုလက္ထပ္ပါ လက္ထပ္ေပးပါ ဘုန္းရယ္ ဒါအေကာင္းဆံုးအေျဖပဲ ငါေပ်ာ့ညံ့တယ္ပဲေျပာေျပာ ဝတၴုေတြထဲကလို မစြန္႔စားႏိုင္ဘူး စြန္႔စားႏိုင္တယ့္အခြင့္ေရးလည္းငါ့မွာမရိွဘူး သူကလည္းငါ့ကိုသစၥာေဖာက္ထားတယ္ အီးဟီး ငါ့မိဘေတြအတြက္လည္းဒီနည္းကအေကာင္းဆံုးပဲ နင္ငါ့ကိုဒီလိုနင့္ကိုအသံုးခ်ၿပီးဆံုးျဖတ္လိုက္တယ့္အတြက္မုန္းရင္လည္းမုန္းလိုက္ပါ ေနာ္ ငါ့ကိုနင္နဲ႔အတူဂ်ပန္ေခၚသြားေပးပါ ငါထြက္ေျပးခ်င္တယ္ ဘုန္းရယ္"
သူမစကားတို႔အဆံုး ရင္ထဲဆစ္ခနဲျဖစ္သြားေပမယ့္လည္း သူဘာတတ္ႏိုင္မွာလည္းအခုေျပာေနတာ သူမပဲေလ။
"ငါနင့္ကိုမမုန္းႏိုင္ဘူးဆိုတာ နင္သိပါတယ္သာ ငါ့ကိုမခ်စ္ပဲလက္ထက္မယ့္နင့္အတြက္ငါစိတ္မေကာင္းျဖစ္ေနရံုပါ "
____________
MoCo