ကုန်းမြေကြီး၏ အရှင်သခင်ဝမ်ဖေး...

By Hululu61

360K 58.7K 2.4K

အရင် accထဲဝင်မရတော့လို့ Book ခွဲလိုက်ပါပြီ 🙆 ဒါက အပိုင်း ၁ ကနေ ဖတ်လို့ရတဲ့ Linkပါ🖤 https://my.w.tt/7FVYRdnw... More

အပိုင်း (၄၁) - အတူတူအိပ်ခြင်း
အပိုင်း (၄၁) - အိပ်ရာမျှဝေခြင်း (CENSOR)
အပိုင်း (၄၂.၁) - ကူဖော်လောင်ဖက်
အပိုင်း (၄၂.၂) - ကူဖော်လောင်ဖက်(WARNING)
အပိုင်း (၄၃) - ကိုယ် မြင်လိုက်တယ်
အပိုင်း (၄၄) - မနက်စာ
အပိုင်း (၄၅) - တော်ဝင်မိသားစု သဘောထား
အပိုင်း (၄၆) - ဇနီးလေးရဲ့ ညီငယ်သေးသေးလေး
အပိုင်း (၄၇) - လယ်သမားများ
အပိုင်း (၄၈) - အန်းမိသားစုသို့ အပြန်
အပိုင်း (၄၉.၁) - သတို့သမီး မိဘအိမ် ပထမဆုံးပြန်ချိန် အကျပ်အတည်း
အပိုင်း (၄၉.၂) - သတို့သမီး မိဘအိမ် ပထမဆုံးပြန်ချိန် အကျပ်အတည်း
အပိုင်း (၅၀) - ခြိမ်းခြောက်ဖို့ရန်
အပိုင်း (၅၁) - တန်ပြန်အစီအစဥ်
အပိုင်း (၅၂) - အလုံးစုံ ထိန်းချုပ်ခြင်း
အပိုင်း (၅၃) - စားနပ်ရိက္ခာ သိုလှောင်ခြင်း
အပိုင်း (၅၄) - အစားအစာ ရရှိဖို့ရန်
အပိုင်း (၅၅) - မွှေးပျံ့ကော့လန်သည့် ဆန်(ပေါ်ဆန်းမွှေး)
အပိုင်း (၅၆) - သက်သေခံ အထောက်အထား
အပိုင်း (၅၇) - ပုန်းကွယ်နေသည့် လုပ်ကြံသတ်ဖြတ်သူ
အပိုင်း (၅၈) - လျှော်ပင်နှင့် ပင်လယ်တားမြစ်ချက်
အပိုင်း (၅၉) - ပိုးပန်းသူ
အပိုင်း (၆၀) - အန်းချောင်၏ စိတ်ဓာတ်ကြံ့ခိုင်မှု
အပိုင်း (၆၁.၁) - မမြင်ရသော လွှမ်းမိုးနိုင်စွမ်း
အပိုင်း (၆၁.၂) - မမြင်ရသော လွှမ်းမိုးနိုင်စွမ်း
အပိုင်း (၆၂.၁) - တိုးတက်မှု
အပိုင်း (၆၂.၂) - တိုးတက်မှု
အပိုင်း (၆၃.၁) - စာရင်းစာအုပ်
အပိုင်း (၆၃.၂) - စာရင်းစာအုပ်
အပိုင်း (၆၄.၁) - ဖူဝူထျန်း ၏ စွမ်းအား
အပိုင်း (၆၄.၂) - ဖူဝူထျန်း၏ စွမ်းအား
အပိုင်း (၆၅.၁) - ညဘက် ဝန်းရံတိုက်ခိုက်မှု
အပိုင်း (၆၅.၂) - ညဘက်ဝန်းရံတိုက်ခိုက်မှု
အပိုင်း (၆၆.၁) - ခေါင်းဖြတ်ကွပ်မျက်ခြင်း
အပိုင်း (၆၆.၂) - ခေါင်းဖြတ်ကွပ်မျက်ခြင်း
အပိုင်း (၆၇.၁) - အငြင်းပွားမှုအား စာရင်းရှင်းခြင်း
အပိုင်း (၆၇.၂) - အငြင်းပွားမှုအား စာရင်းရှင်းခြင်း
အပိုင်း (၆၈.၁) - တိုက်ဆိုင်မှု
အပိုင်း (၆၈.၂) - တိုက်ဆိုင်မှု
Attention Plz
အပိုင်း (၆၉.၁) - ရူးဟန်ဆောင်ခြင်း
အပိုင်း (၆၉.၂) - ရူးဟန်ဆောင်ခြင်း
အပိုင်း (၇၀.၁) - လက်ထပ်ပေးခြင်း
အပိုင်း (၇၀.၂) - လက်ထပ်ပေးခြင်း
အပိုင်း (၇၁) - ဉာဏ်ပူဇော်ခ
အပိုင်း (၇၂) - စစ်ကြောမေးမြန်းခြင်း
အပိုင်း (၇၃) - စစ်ကြောမေးမြန်းခြင်းနှင့် စိတ်အား ထက်သန်မှု
အပိုင်း (၇၄.၁) - သာမန်လူများနှင့် ခြားနားသော[Warning!🔞]
အပိုင်း (၇၄.၂) - သာမန်လူများနှင့် ခြားနားသော
အပိုင်း(၇၅.၁) - ကူညီရန်
အပိုင်း (၇၅.၂) - ကူညီရန်
အပိုင်း (၇၆.၁) - လင်မယားနှစ်ယောက်သား အလည်အပတ်ရောက်လာခြင်း
အပိုင်း (၇၆.၂) - လင်မယားနှစ်ယောက်သား အလည်အပတ်ရောက်လာခြင်း
အပိုင်း (၇၇) - စီရင်ချက်
အပိုင်း (၇၈) - အန်းနန်းဆောင်
အပိုင်း (၇၉.၁) - အပြစ်ပေးခြင်း
အပိုင်း (၈၀.၁) - ကိုယ်လုပ်တော် ရွေးချယ်ပွဲနှင့် စာပို့ခို
အပိုင်း (၈၀.၂) - ကိုယ်လုပ်တော် ရွေးချယ်ပွဲနှင့် စာပို့ခို
အပိုင်း (၈၁.၁) - လောင်းကစားရုံ
အပိုင်း (၈၁.၂) - လောင်းကစားရုံ
အပိုင်း (၈၂.၁) - ရက်စက်သော ပြိုင်ပွဲ
အပိုင်း (၈၂.၂) - ရက်စက်သော ပြိုင်ပွဲ
!!!

အပိုင်း (၇၉.၂) - အပြစ်ပေးခြင်း

3.7K 796 14
By Hululu61

Unicode

အပိုင်း (၇၉.၂) - အပြစ်ပေးခြင်း

အန်းကျီယန်၏ အကြည့်က ချွေးစေးများ စိုရွှဲနေသည့် အိမ်တော်ထိန်းလီ အပေါ်သို့ ရောက်သွားကာ အေးစက်စက် ပြောလိုက်လေ၏။

"အိမ်တော်ထိန်းလီက ကျွန်တော့်စကားတွေကို နားထောင်စရာမလိုဘူးလို့ တွေးထားမှတော့ အခုပဲ ဝမ်ရယ့်ဆီ သွားပြီး သူ့ကို ဆုံးဖြတ်ချက် ချခိုင်းကြတာပေါ့"

အိမ်တော်ထိန်း လီက ထိုစကားကို ကြားလိုက်သည်နှင့် ချက်ချင်း ဆိုသလို သူ့မျက်နှာက ဖြူဖျော့သွားသည်။

အန်းကျီယန် က နေ့လည်ခင်း၌ ပေါက်စီလုံးလေး ကို လာကြည့်ခြင်း ဖြစ်သည်။ လောင်ဝမ်ရယ် က ပေါက်စီလုံးလေး၏ အခန်း၌ ရှိနေကာ အန်းကျီယန်၏ ညီငယ်လေး ကို သူ့လက်ထဲ၌ ပွေ့ချီထားသည်နှင့် တိုးသွားရ၏။ နောက်ပိုင်းတွင်မှ အိမ်တော်ထိန်းခေါင်းဆောင် မရှိသည့်ချိန်တွင် လောင်ဝမ်ရယ် က ပေါက်စီလုံးလေး နှင့် လာကစားတတ်ကြောင်းကို အန်းကျီယန် အစေခံများဆီမှ သိခဲ့ရခြင်း ဖြစ်သည်။ ထိုပြင် ကစားသည်ဆိုရာတွင်လည်း ပေါက်စီလုံးလေး ကို အရုပ်လို သဘောထားကာ ဆော့နေခြင်းပင်။

အိမ်တော်ထိန်းခေါင်းဆောင် က ဤကိစ္စကို သိသွားချိန်တွင် လောင်ဝမ်ရယ်ကို ပေါက်စီလုံးလေး နားသို့ ထပ်မကပ်စေရန် နန်းတော်ရှိ အစေခံများအား အမိန့်ပေးထားခဲ့သည်။

လောင်ဝမ်ရယ် က အချိန်ခဏမျှ လိုက်နာပါသော်ငြား သူတို့ပြန်လာသည့်နေ့တွင်တော့ အရင်နည်းဟောင်းများအတိုင်း ဖြစ်သွားလေသည်။ ဤသို့ဖြင့် သူ့ညီဆီသို့ အလည်လာသော အန်းကျီယန်က လောင်ဝမ်ရယ်ကို ဖမ်းမိသွားလေ၏။

အန်းကျီယန် က လောင်ဝမ်ရယ်သည် အကြီးဖြစ်သည်ကိုလည်း ဂရုမစိုက်တော့ဘဲ ပေါက်စီလုံးလေး အနား ကပ်မလာရန် တားမြစ်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူက အစေခံများကိုလည်း ဤကိစ္စကို သတိပေးထားသေးသည်။ သို့သော် အိမ်တော်ထိန်းလီက ဖူလောင်ဝမ်ရယ် စိတ်ကျေနပ်စေရေးအတွက် သူ့စကားများကို လျစ်လျူရှုခဲ့၏။ ဤကိစ္စတွင် သူခွင့်လွှတ်ပေး၍မရပါချေ။

မကြာမီတွင် ဤကိစ္စက ဖူဝူထျန်းဆီသို့ ရောက်ရှိသွားသည်။

အင်ပါယာ ဖူနန်းတော်၏ စာကြည့်ခန်း၌...။

ဖူလောင်ဝမ်ရယ် က သူ့အမှားသူ သိလေပြီး စာကြည့်ခန်း၏အလယ်တွင် ကန့်ကွက်စကား တစ်ခွန်းမဆိုဘဲ ရပ်နေလေသည်။

အိမ်တော်ထိန်းလီက သူ့နောက်၌ ရပ်နေလေ၏။ သူ့၏ နောက်ကျောမှာမူ ချွေးစေးများဖြင့် စိုရွှဲနေသည်။ သူက လွှမ်းမိုးနိုင်စွမ်း ရှိသော ဝမ်ရယ်နှင့် ဒေါသထွက်နေသည့် ဝမ်ဖေးကို မကြည့်ရဲပါပေ။ မူလက သူသည် လောင်ဝမ်ရယ့်ဆီမှ အကူအညီ တောင်းလိုသော်ငြား လောင်ဝမ်ရယ်၏ ပြုမူပုံက သူ့၏အနာဂတ် ပျောက်ဆုံးသွားသလို ခံစားသွားရစေသည်။

ဖူဝူထျန်း က ခေါင်းငိုက်စိုက်ချထားသည့် လောင်ဝမ်ရယ်ကို ကြည့်လိုက်ပြီးနောက် သူ့အကြည့်က အိမ်တော်ထိန်းလီထံသို့ ရောက်သွားကာ နက်နဲသည့်အသံဖြင့် ပြောလိုက်လေသည်။

"အိမ်တော်ထိန်းလီ...ခင်ဗျား အမှားကို ခင်ဗျား သိပြီလား!"

"ဒီအစေခံက သူ့အမှားသူ သိသွားပါပြီ။ ဝမ်ရယ်က ညှာတာပေးဖို့ တောင်းပန်ပါတယ်။ ဒီအစေခံက နောက်တစ်ကြိမ် ထပ်မလုပ်ရဲတော့ပါဘူး"

အိမ်တော်ထိန်းလီက သူ့အမှားကို အလျင်စလို ဝန်ခံလိုက်လေသည်။

"ခင်ဗျား ဘယ်နေရာမှာ မှားတာလဲ?"

အိမ်တော်ထိန်းလီက ခဏမျှ ကြောင်အသွားရ၏။ ဝမ်ရယ်က မသိသေးဘူးလား?ဘာကြောင့် သူက မေးလာသည်နည်း။ သံသယအတွေးများဖြင့် သူက ပြန်ဖြေလိုက်၏။

"ဒီအစေခံက လောင်ဝမ်ရယ် ကို သခင်ငယ်လေးဆီ ခေါ်မသွားသင့်ပါဘူး။ ပြီးတော့ လောင်ဝမ်ရယ် ပုန်းဖို့အတွက်လည်း ကူညီမပေးခဲ့သင့်ပါဘူး"

"ပြီးတော့ရော?"

အိမ်တော်ထိန်းလီက ဤတစ်ကြိမ်၌ မဖြေနိုင်တော့ပေ။ သူ ဘာလုပ်ခဲ့မိသည်အား မသိသည်မို့ ပြန်စဥ်းစား၍လည်း မရပေ။ သူက တွေဝေတုန့်ဆိုင်းသွားပြီး သူ့ခေါင်းကို မော့လိုက်လေ၏။ သူ့မျက်လုံး က ဝမ်ဖေး၏ အေးစက်စက် မထူးခြားနားဟန်အကြည့်နှင့် ချက်ချင်း တည့်တည့် တိုးသွားသည်။ ဤသည်မှာ သူ့ခေါင်းထဲ၌ "ဘန်း"ခနဲ ပေါက်ကွဲထွက်သွားသလို ဖြစ်သွားရပြီး သူ့မျက်နှာက ဖြူဖျော့သွားကာ မှတ်မိသွားပေသည်။

ဖူဝူထျန်းက ဖြည်းနှေးစွာ ပြောလာလေသည်။

"ဝမ်ဖေးလေး အင်ပါယာဖူနန်းတော်ထဲ စဝင်လာကတည်းက ဒီနန်းတော်ရဲ့ သခင် ဖြစ်သွားပြီ ဆိုတဲ့အကြောင်း ဒီမင်းသား တစ်ခါက ပြောဖူးပါတယ်။ ဒါပေမယ့် မင်းကို ကြည့်ရတာ ဒီမင်းသားရဲ့ စကားတွေကို ဒီတိုင်း ဖြတ်သွားတဲ့လေလိုပဲ သဘောထားတယ်ထင်တယ်..."

အိမ်တော်ထိန်းလီ၏ ခန္ဓာကိုယ်က တုန်ယင်သွားလေသည်။

သူ့ပတ်ပတ်လည်ရှိ လူများသည်လည်း သူတို့၏ ခေါင်းများကို ဖော်မလာရဲကြပေ။

ဝမ်ရယ့် နန်းတော်ရှိ လူတိုင်းက အန်းကျီယန်၏ အဆင့်အတန်း ကို ဝမ်ဖေးအဖြစ် မှတ်ယူထားကြသည်မဟုတ်ပေ။ အချို့လူများက အန်းကျီယန်သည် အချိန်ကြာကြာ ပစားပေးခံရမည်မဟုတ်ဟု တွေးကာ သူ့အပေါ် အထင်သေးကြသည်။ အိမ်တော်ထိန်းလီသည်လည်း ထိုသူများထဲတွင် တစ်ယောက်အပါအဝင်ဖြစ်သည်။ ထို့ကြောင့် ထိုနေ့က သူသည် အန်းကျီယန်၏ စကားများအပေါ် လုံးဝအလေးအနက် မထားခဲ့ချေ။ သူ့ခေါင်းထဲတွင် တွေးနေမိသည်က သူသာ လောင်ဝမ်ရယ် ကို စိတ်ကျေနပ်အောင် လုပ်ပေးနေနိုင်သရွေ့ ဝမ်ဖေးကို ကြောက်နေစရာမလိုဟု ဖြစ်သည်။

"ဝမ်ရယ်...ကျုပ်ကို အသက်ချမ်းသာပေးပါဗျာ။ ဒီအစေခံက ကိုယ့်အမှား ကိုယ်သိပါပြီ"

အိမ်တော်ထိန်းလီ၏ ကြောက်လန့်တကြား အသံက စာကြည့်ခန်း ထဲရှိ ငြိမ်သက်နေသော ပတ်ဝန်းကျင်ကို ထိုးဖောက်သွားလေသည်။ သူက ကြမ်းပြင်ထက်တွက် ခေါင်းကို အကြိမ်ကြိမ်ဦးတိုက်နေလေ၏။ ကြမ်းပြင်က ကွဲအက်သွားပြီး ခဏအတွင်း သွေးစီးကြောင်းများ ရဲလာတော့သည်။

"အိမ်တော်ထိန်းခေါင်းဆောင်"

သူ့ကို ခေါ်သည့်အသံအား ကြားလိုက်သည်နှင့် ဖူယိက အပြင်မှနေ၍ စာကြည့်ခန်းထဲသို့ ဝင်လာလေသည်။ သူ့အမူအရာက ပြုံးတုံ့မပြုံးတုံ့ ဖြစ်နေလေပြီး ကိုယ်ကို ကြုံ့နိုင်သမျှ ကြုံ့ရန် ကြိုးစားနေသော်ငြား သူ့ခန္ဓာကိုယ်၏ ကြီးမားမှုကြောင့် မအောင်မမြင် ဖြစ်နေသော လောင်ဝမ်ရယ် ကို တစ်ချက်ကြည့်လိုက်လေသည်။

"နန်းတော်ထဲက လူဘယ်လောက်များများ ဝမ်ဖေးနောက်ကွယ်မှာ အတင်းပြောနေကြသလဲ ဆိုတာကို ဒီမင်းသားအတွက် စုံစမ်းပေးစမ်း။ သူတို့ကို ရှာတွေ့တာနဲ့ အားလုံးကို နန်းတော်ကနေ နှင်ထုတ်ပစ်လိုက်"

“နားလည်ပါပြီ ဝမ်ရယ်"

အိမ်တော်ထိန်းလီ၏ မျက်နှာက ဖြူဖျော့သွားကာ သူ့ကို ဆွဲထုတ်သွားကြလေ၏။

သူတော့ ပြီးဆုံးသွားချေပြီ။ နန်းတော်မှ နှင်ထုတ်ခံရခြင်းသည် နာမည်ပျက်ကြီး ထာဝရတည်မြဲသွားသည်နှင့် အတူတူပင် ဖြစ်သည်။

အိမ်တော်ထိန်းလီ၏ ကိစ္စကို ​ဖြေရှင်းပြီးနောက် လောင်ဝမ်ရယ်၏ အလှည့်သို့ ရောက်သွား၏။

လောင်ဝမ်ရယ် က သူ့အပေါ်ကျလာသည့် မျက်လုံးများစွာကို ခံစားမိလေသည်။ သူ့၏ ဝတုတ်တုတ် ခန္ဓာကိုယ် က လွတ်မြောက်ဖို့ရန်အတွက် တံခါးရှိရာဆီသို့ ဦးတည်လိုက်လေ၏။ သူ နှစ်လှမ်းမျှ လှမ်းလိုက်ရုံရှိသေး...အသားနံရံကြီးတစ်ခုနှင့် ဝင်တိုက်မိသွားသည်။ သူ လှည့်ကြည့်လိုက်ချိန်တွင် ထိုသူက အိမ်တော်ထိန်းခေါင်းဆောင် ဖြစ်ကြောင်း တွေ့လိုက်ရသည်။

ဖူယိက ဖူဝူထျန်းနှင့် ခြားနားလေသည်။ သူက ပြုံးနေသည့် မြေခွေးနှင့် တူ၏။ သူက ဒေါသထွက်နေလျှင်ပင် ထုတ်မပြလာပေ။ သူက လူတစ်ယောက် ကြောက်လန့်လာသည်ထိ ထိုသူ ကို ခပ်ရိုးရိုး ကြည့်နေပေလိမ့်မည်။

လောင်ဝမ်ရယ်မှာ ထိုသို့ အကျဥ်းအကျပ်ထဲ ရောက်သွားလေသည်။

“ငါ မှားပါတယ်…”

ဖူလောင်ဝမ်ရယ်က သူ့မြေးနှင့် အိမ်တော်ထိန်းခေါင်းဆောင်၏ အကြည့်များကို တောင့်မခံနိုင်တော့ပေ။ ၎င်းအကြည့်များက ကြောက်မက်ဖွယ် ကောင်းလောက်အောင် အေးစက်နေသောကြောင့် သူက ကူကယ်ရာမဲ့စွာဖြင့် သူ့အမှားကို ဝန်ခံလိုက်ရလေ၏။

ဖူယိက ပြုံးလိုက်၏။

"လောင်ဝမ်ရယ် က ဘယ်လိုလုပ် အမှားရှိရမှာလဲ?လောင်ဝမ်ရယ် ဘာတစ်ခုမှ မမှားပါဘူး။ ကျုပ်တစ်ယောက်ထဲ မှားတာပါ။ လောင်ဝမ်ရယ် ကို လျှော့ထားပေးမိတဲ့ ကျုပ်ကိုပဲ ကျုက်တို့ အပြစ်တင်ရမှာ။ နောင်အနာဂတ်ကျရင် ကျုပ်က သေချာပေါက် ကိုယ့်ကိုယ်ကို ဆင်ခြင်တော့မှာပါ"

ဤစကားများကို ကြားသည်နှင့် ဖူလောင်ဝမ်ရယ်၏ ဆံပင်များ ထောင်ထလာလေသည်။

"အားယိ...ငါ မှားမှန်း တကယ်သိပါပြီကွာ။ နောင်ခါကျရင် ငါတကယ် ဘာမှ မလုပ်ရဲတော့ပါဘူး။ ငါ ကျိန်ပါတယ်"

[*T/N: အားယိက ဖူယိရဲ့ နာမည်ပါပဲ]

ဖူယိက အပြုံးနှင့် ပြောလိုက်သည်။

"ပြီးခဲ့တဲ့အခေါက်ကလည်း လောင်ဝမ်ရယ် ကျုပ်ကို ဒီလိုမျိုး ကျိန်ပြခဲ့တာပါပဲ"

ဝမ်ရယ်နှင့် ဝမ်ဖေးကို သခင်ငယ်လေးအား စောင့်ရှောက်ပေးမည်ဟု သူ ကတိပေးထားခဲ့သည်။ သို့သော် သခင်ငယ်လေးမှာ နှစ်ကြိမ်တိုင်တိုင် ကြောက်လန့်ခဲ့ရ၏။ သူ့၏ အိမ်တော်ထိန်းအလုပ် သက်တမ်းတစ်လျှောက်တွင် ဤသည်မှာ ရှက်ဖွယ်ရာကိစ္စကြီး ဖြစ်သည်။

သူက သူ့၏ အိမ်တော်ထိန်းကို တကယ်ကြီး ဒေါသထွက်စေမိပြီဖြစ်ကြောင်း ဖူလောင်ဝမ်ရယ် သိသွားပြီးနောက်တွင် သူက အန်းကျီယန် ဆရှ့သို့ အလျှင်အမြန် ပြေးသွားလိုက်လေသည်။ သူက နာကျင်မှုနှင့် ကြံတွေ့နေရသည့်အမူအရာကို ထုတ်ဖော်ပြလာ၏။

"အဘိုးရဲ့ ချစ်လှစွာသော မြေးချွေးမလေးရယ်...အဘိုး နောက်တစ်ခါ ထပ်မလုပ်ရဲတော့ပါဘူး။ အဘိုးကို ခွင့်လွှတ်ပေးပါ... ဟုတ်ပြီလား?မင်းရဲ့ ပေါက်စီလုံးလေး ကို နောက်တစ်ခါ ထပ်မထိတော့ဘူးလို့ တကယ်ကတိပေးပါတယ်။ ကျေးဇူးပြုပြီး အားယိကို ဒေါသမထွက်တော့ဖို့ ပြောပေးပါဦး...လုပ်ပါကွာ"

နေမကောင်း ခင်က ဖြစ်စေ နေမကောင်းဖြစ်ပြီးနောက်၌ ဖြစ်စေ...မင်းသား၏ နန်းတော်တစ်ခုလုံး၌ သူ အကြောက်ဆုံးက အိမ်တော်ထိန်းခေါင်းဆောင် ဖူယိ ဖြစ်သည်။ ဖူယိ ဒေါသထွက်ချိန်တွင် ဖူလောင်ဝမ်ရယ် က သေချာပေါက်ကို ဘေးဒုက္ခ ခံစားရပေလိမ့်မည်။

လောင်ဝမ်ရယ်က အလွန်တရာ ဉာဏ်ကောင်းလွန်းလှကြောင်း အန်းကျီယန် သိလိုက်ရသည်။

သူက မှားယွင်းသည့်သူကို အကူအညီအညီ လာတောင်းမိသည်မှာတော့ သနားစရာဖြစ်သည်။ အန်းကျီယန် သာ သူ့ကို သင်ခန်းစာ ကောင်းကောင်း မပေးလျှင် သူက နောင်အခါတွင်လည်း တူညီသည့် ပြစ်မှုကို ကျူးလွန်နေပေဦးမည် ဖြစ်သည်။ အန်းကျီယန် က ပေါက်စီလုံးလေး နောက်တစ်ခါ ဆော့ကစားခံရမည်ကို မြင်လိုစိတ်မရှိပေ။

အန်းကျီယန် က လူအိုကြီးကို နက်ရှိုင်းစွာ ကြည့်လိုက်ပြီးနောက် သူ့လက်မောင်းထဲတွင် လက်ချောင်းများကို ဆော့ကစားနေသော ပေါက်စီလုံးလေး ဆီ အကြည့်ပို့လိုက်၏။ ပေါက်စီလုံးလေးက စာကြည့်ခန်း၏ ပတ်ဝန်းကျင်၏ သက်ရောက်မှုမှ လုံးဝ ကင်းလွတ်နေဟန်ရသည်။ သူ့၏ ပါးပြင်မို့မို့လေးက နီတွတ်နေပြီး အရသာရှိသည့် သစ်သီးဝလံများနှင်ပြင် တူနေပေသေးသည်။

ထိုအချိန်တွင် လောင်ဝမ်ရယ်က မထင်မှတ်ထားသည့် အရာတစ်ခုကို လုပ်ချလိုက်ချေ၏။

သူက ပေါက်စီလုံးလေး၏ လက်သေးသေးလေးများကို သူ့လက်ထဲသို့ ထည့်လိုက်ရင်း ရိုးရိုးသားသား ပြောလိုက်လေသည်။

"ပေါက်စီလုံးလေး...အဘိုးက ကိုယ့်အမှားကိုယ် သိပါပြီ။ အဘိုးကို ခွင့်လွှတ်ပေးပါနော် ဟုတ်ပြီလား?အဘိုး မင်းနဲ့ ထပ်မကစားတော့ပါဘူး"

ပေါက်စီလုံးလေး: "...အာ?"

လူတိုင်း: "..."

မည်မျှ ကောင်းမွန်သည့် လှုပ်ရှားမှုပေနည်း။
'ရှေ့တိုးဖို့အတွက် နောက်တစ်လှမ်းဆုတ်ခြင်း'
ကြည့်ရသည်မှာ အတိတ်မေ့နေသည့် လောင်ဝမ်ရယ်၏ ဉာဏ်ရည်သည် အလွန်အမင်း မြင့်မားနေဆဲ ဖြစ်ဟန်ရ၏။

[T/N- ခုတလော အလုပ်များနေလို့ အရမ်းပင်ပန်းနေတာနဲ့ ရက်ခြား တင်နေရတာပါ ပုစိတို့ရေ 😚💜]

Zawgyi

အပိုင္း (၇၉.၂) - အျပစ္ေပးျခင္း

အန္းက်ီယန္၏ အၾကည့္က ေခြၽးေစးမ်ား စို႐ႊဲေနသည့္ အိမ္ေတာ္ထိန္းလီ အေပၚသို႔ ေရာက္သြားကာ ေအးစက္စက္ ေျပာလိုက္ေလ၏။

"အိမ္ေတာ္ထိန္းလီက ကြၽန္ေတာ့္စကားေတြကို နားေထာင္စရာမလိုဘူးလို႔ ေတြးထားမွေတာ့ အခုပဲ ဝမ္ရယ့္ဆီ သြားၿပီး သူ႕ကို ဆုံးျဖတ္ခ်က္ ခ်ခိဳင္းၾကတာေပါ့"

အိမ္ေတာ္ထိန္း လီက ထိုစကားကို ၾကားလိုက္သည္ႏွင့္ ခ်က္ခ်င္း ဆိုသလို သူ႕မ်က္ႏွာက ျဖဴေဖ်ာ့သြားသည္။

အန္းက်ီယန္ က ေန႕လည္ခင္း၌ ေပါက္စီလုံးေလး ကို လာၾကည့္ျခင္း ျဖစ္သည္။ ေလာင္ဝမ္ရယ္ က ေပါက္စီလုံးေလး၏ အခန္း၌ ရွိေနကာ အန္းက်ီယန္၏ ညီငယ္ေလး ကို သူ႕လက္ထဲ၌ ေပြ႕ခ်ီထားသည္ႏွင့္ တိုးသြားရ၏။ ေနာက္ပိုင္းတြင္မွ အိမ္ေတာ္ထိန္းေခါင္းေဆာင္ မရွိသည့္ခ်ိန္တြင္ ေလာင္ဝမ္ရယ္ က ေပါက္စီလုံးေလး ႏွင့္ လာကစားတတ္ေၾကာင္းကို အန္းက်ီယန္ အေစခံမ်ားဆီမွ သိခဲ့ရျခင္း ျဖစ္သည္။ ထိုျပင္ ကစားသည္ဆိုရာတြင္လည္း ေပါက္စီလုံးေလး ကို အ႐ုပ္လို သေဘာထားကာ ေဆာ့ေနျခင္းပင္။

အိမ္ေတာ္ထိန္းေခါင္းေဆာင္ က ဤကိစၥကို သိသြားခ်ိန္တြင္ ေလာင္ဝမ္ရယ္ကို ေပါက္စီလုံးေလး နားသို႔ ထပ္မကပ္ေစရန္ နန္းေတာ္ရွိ အေစခံမ်ားအား အမိန့္ေပးထားခဲ့သည္။

ေလာင္ဝမ္ရယ္ က အခ်ိန္ခဏမွ် လိုက္နာပါေသာ္ျငား သူတို႔ျပန္လာသည့္ေန႕တြင္ေတာ့ အရင္နည္းေဟာင္းမ်ားအတိုင္း ျဖစ္သြားေလသည္။ ဤသို႔ျဖင့္ သူ႕ညီဆီသို႔ အလည္လာေသာ အန္းက်ီယန္က ေလာင္ဝမ္ရယ္ကို ဖမ္းမိသြားေလ၏။

အန္းက်ီယန္ က ေလာင္ဝမ္ရယ္သည္ အႀကီးျဖစ္သည္ကိုလည္း ဂ႐ုမစိုက္ေတာ့ဘဲ ေပါက္စီလုံးေလး အနား ကပ္မလာရန္ တားျမစ္လိုက္သည္။ တစ္ခ်ိန္တည္းမွာပင္ သူက အေစခံမ်ားကိုလည္း ဤကိစၥကို သတိေပးထားေသးသည္။ သို႔ေသာ္ အိမ္ေတာ္ထိန္းလီက ဖူေလာင္ဝမ္ရယ္ စိတ္ေက်နပ္ေစေရးအတြက္ သူ႕စကားမ်ားကို လ်စ္လ်ဴရႈခဲ့၏။ ဤကိစၥတြင္ သူခြင့္လႊတ္ေပး၍မရပါေခ်။

မၾကာမီတြင္ ဤကိစၥက ဖူဝူထ်န္းဆီသို႔ ေရာက္ရွိသြားသည္။

အင္ပါယာ ဖူနန္းေတာ္၏ စာၾကည့္ခန္း၌...။

ဖူေလာင္ဝမ္ရယ္ က သူ႕အမွားသူ သိေလၿပီး စာၾကည့္ခန္း၏အလယ္တြင္ ကန့္ကြက္စကား တစ္ခြန္းမဆိုဘဲ ရပ္ေနေလသည္။

အိမ္ေတာ္ထိန္းလီက သူ႕ေနာက္၌ ရပ္ေနေလ၏။ သူ႕၏ ေနာက္ေက်ာမွာမူ ေခြၽးေစးမ်ားျဖင့္ စို႐ႊဲေနသည္။ သူက လႊမ္းမိုးနိုင္စြမ္း ရွိေသာ ဝမ္ရယ္ႏွင့္ ေဒါသထြက္ေနသည့္ ဝမ္ေဖးကို မၾကည့္ရဲပါေပ။ မူလက သူသည္ ေလာင္ဝမ္ရယ့္ဆီမွ အကူအညီ ေတာင္းလိုေသာ္ျငား ေလာင္ဝမ္ရယ္၏ ျပဳမူပုံက သူ႕၏အနာဂတ္ ေပ်ာက္ဆုံးသြားသလို ခံစားသြားရေစသည္။

ဖူဝူထ်န္း က ေခါင္းငိုက္စိုက္ခ်ထားသည့္ ေလာင္ဝမ္ရယ္ကို ၾကည့္လိုက္ၿပီးေနာက္ သူ႕အၾကည့္က အိမ္ေတာ္ထိန္းလီထံသို႔ ေရာက္သြားကာ နက္နဲသည့္အသံျဖင့္ ေျပာလိုက္ေလသည္။

"အိမ္ေတာ္ထိန္းလီ...ခင္ဗ်ား အမွားကို ခင္ဗ်ား သိၿပီလား!"

"ဒီအေစခံက သူ႕အမွားသူ သိသြားပါၿပီ။ ဝမ္ရယ္က ညွာတာေပးဖို႔ ေတာင္းပန္ပါတယ္။ ဒီအေစခံက ေနာက္တစ္ႀကိမ္ ထပ္မလုပ္ရဲေတာ့ပါဘူး"

အိမ္ေတာ္ထိန္းလီက သူ႕အမွားကို အလ်င္စလို ဝန္ခံလိုက္ေလသည္။

"ခင္ဗ်ား ဘယ္ေနရာမွာ မွားတာလဲ?"

အိမ္ေတာ္ထိန္းလီက ခဏမွ် ေၾကာင္အသြားရ၏။ ဝမ္ရယ္က မသိေသးဘူးလား?ဘာေၾကာင့္ သူက ေမးလာသည္နည္း။ သံသယအေတြးမ်ားျဖင့္ သူက ျပန္ေျဖလိုက္၏။

"ဒီအေစခံက ေလာင္ဝမ္ရယ္ ကို သခင္ငယ္ေလးဆီ ေခၚမသြားသင့္ပါဘူး။ ၿပီးေတာ့ ေလာင္ဝမ္ရယ္ ပုန္းဖို႔အတြက္လည္း ကူညီမေပးခဲ့သင့္ပါဘူး"

"ၿပီးေတာ့ေရာ?"

အိမ္ေတာ္ထိန္းလီက ဤတစ္ႀကိမ္၌ မေျဖနိုင္ေတာ့ေပ။ သူ ဘာလုပ္ခဲ့မိသည္အား မသိသည္မို႔ ျပန္စဥ္းစား၍လည္း မရေပ။ သူက ေတြေဝတုန့္ဆိုင္းသြားၿပီး သူ႕ေခါင္းကို ေမာ့လိုက္ေလ၏။ သူ႕မ်က္လုံး က ဝမ္ေဖး၏ ေအးစက္စက္ မထူးျခားနားဟန္အၾကည့္ႏွင့္ ခ်က္ခ်င္း တည့္တည့္ တိုးသြားသည္။ ဤသည္မွာ သူ႕ေခါင္းထဲ၌ "ဘန္း"ခနဲ ေပါက္ကြဲထြက္သြားသလို ျဖစ္သြားရၿပီး သူ႕မ်က္ႏွာက ျဖဴေဖ်ာ့သြားကာ မွတ္မိသြားေပသည္။

ဖူဝူထ်န္းက ျဖည္းႏွေးစြာ ေျပာလာေလသည္။

"ဝမ္ေဖးေလး အင္ပါယာဖူနန္းေတာ္ထဲ စဝင္လာကတည္းက ဒီနန္းေတာ္ရဲ႕ သခင္ ျဖစ္သြားၿပီ ဆိုတဲ့အေၾကာင္း ဒီမင္းသား တစ္ခါက ေျပာဖူးပါတယ္။ ဒါေပမယ့္ မင္းကို ၾကည့္ရတာ ဒီမင္းသားရဲ႕ စကားေတြကို ဒီတိုင္း ျဖတ္သြားတဲ့ေလလိုပဲ သေဘာထားတယ္ထင္တယ္..."

အိမ္ေတာ္ထိန္းလီ၏ ခႏၶာကိုယ္က တုန္ယင္သြားေလသည္။

သူ႕ပတ္ပတ္လည္ရွိ လူမ်ားသည္လည္း သူတို႔၏ ေခါင္းမ်ားကို ေဖာ္မလာရဲၾကေပ။

ဝမ္ရယ့္ နန္းေတာ္ရွိ လူတိုင္းက အန္းက်ီယန္၏ အဆင့္အတန္း ကို ဝမ္ေဖးအျဖစ္ မွတ္ယူထားၾကသည္မဟုတ္ေပ။ အခ်ိဳ႕လူမ်ားက အန္းက်ီယန္သည္ အခ်ိန္ၾကာၾကာ ပစားေပးခံရမည္မဟုတ္ဟု ေတြးကာ သူ႕အေပၚ အထင္ေသးၾကသည္။ အိမ္ေတာ္ထိန္းလီသည္လည္း ထိုသူမ်ားထဲတြင္ တစ္ေယာက္အပါအဝင္ျဖစ္သည္။ ထို႔ေၾကာင့္ ထိုေန႕က သူသည္ အန္းက်ီယန္၏ စကားမ်ားအေပၚ လုံးဝအေလးအနက္ မထားခဲ့ေခ်။ သူ႕ေခါင္းထဲတြင္ ေတြးေနမိသည္က သူသာ ေလာင္ဝမ္ရယ္ ကို စိတ္ေက်နပ္ေအာင္ လုပ္ေပးေနနိုင္သေ႐ြ႕ ဝမ္ေဖးကို ေၾကာက္ေနစရာမလိုဟု ျဖစ္သည္။

"ဝမ္ရယ္...က်ဳပ္ကို အသက္ခ်မ္းသာေပးပါဗ်ာ။ ဒီအေစခံက ကိုယ့္အမွား ကိုယ္သိပါၿပီ"

အိမ္ေတာ္ထိန္းလီ၏ ေၾကာက္လန့္တၾကား အသံက စာၾကည့္ခန္း ထဲရွိ ၿငိမ္သက္ေနေသာ ပတ္ဝန္းက်င္ကို ထိုးေဖာက္သြားေလသည္။ သူက ၾကမ္းျပင္ထက္တြက္ ေခါင္းကို အႀကိမ္ႀကိမ္ဦးတိုက္ေနေလ၏။ ၾကမ္းျပင္က ကြဲအက္သြားၿပီး ခဏအတြင္း ေသြးစီးေၾကာင္းမ်ား ရဲလာေတာ့သည္။

"အိမ္ေတာ္ထိန္းေခါင္းေဆာင္"

သူ႕ကို ေခၚသည့္အသံအား ၾကားလိုက္သည္ႏွင့္ ဖူယိက အျပင္မွေန၍ စာၾကည့္ခန္းထဲသို႔ ဝင္လာေလသည္။ သူ႕အမူအရာက ၿပဳံးတုံ႕မၿပဳံးတုံ႕ ျဖစ္ေနေလၿပီး ကိုယ္ကို ႀကဳံ႕နိုင္သမွ် ႀကဳံ႕ရန္ ႀကိဳးစားေနေသာ္ျငား သူ႕ခႏၶာကိုယ္၏ ႀကီးမားမႈေၾကာင့္ မေအာင္မျမင္ ျဖစ္ေနေသာ ေလာင္ဝမ္ရယ္ ကို တစ္ခ်က္ၾကည့္လိုက္ေလသည္။

"နန္းေတာ္ထဲက လူဘယ္ေလာက္မ်ားမ်ား ဝမ္ေဖးေနာက္ကြယ္မွာ အတင္းေျပာေနၾကသလဲ ဆိုတာကို ဒီမင္းသားအတြက္ စုံစမ္းေပးစမ္း။ သူတို႔ကို ရွာေတြ႕တာနဲ႕ အားလုံးကို နန္းေတာ္ကေန ႏွင္ထုတ္ပစ္လိုက္"

နားလည္ပါၿပီ ဝမ္ရယ္"

အိမ္ေတာ္ထိန္းလီ၏ မ်က္ႏွာက ျဖဴေဖ်ာ့သြားကာ သူ႕ကို ဆြဲထုတ္သြားၾကေလ၏။

သူေတာ့ ၿပီးဆုံးသြားေခ်ၿပီ။ နန္းေတာ္မွ ႏွင္ထုတ္ခံရျခင္းသည္ နာမည္ပ်က္ႀကီး ထာဝရတည္ၿမဲသြားသည္ႏွင့္ အတူတူပင္ ျဖစ္သည္။

အိမ္ေတာ္ထိန္းလီ၏ ကိစၥကို ေျဖရွင္းၿပီးေနာက္ ေလာင္ဝမ္ရယ္၏ အလွည့္သို႔ ေရာက္သြား၏။

ေလာင္ဝမ္ရယ္ က သူ႕အေပၚက်လာသည့္ မ်က္လုံးမ်ားစြာကို ခံစားမိေလသည္။ သူ႕၏ ဝတုတ္တုတ္ ခႏၶာကိုယ္ က လြတ္ေျမာက္ဖို႔ရန္အတြက္ တံခါးရွိရာဆီသို႔ ဦးတည္လိုက္ေလ၏။ သူ ႏွစ္လွမ္းမွ် လွမ္းလိုက္႐ုံရွိေသး...အသားနံရံႀကီးတစ္ခုႏွင့္ ဝင္တိုက္မိသြားသည္။ သူ လွည့္ၾကည့္လိုက္ခ်ိန္တြင္ ထိုသူက အိမ္ေတာ္ထိန္းေခါင္းေဆာင္ ျဖစ္ေၾကာင္း ေတြ႕လိုက္ရသည္။

ဖူယိက ဖူဝူထ်န္းႏွင့္ ျခားနားေလသည္။ သူက ၿပဳံးေနသည့္ ေျမေခြးႏွင့္ တူ၏။ သူက ေဒါသထြက္ေနလွ်င္ပင္ ထုတ္မျပလာေပ။ သူက လူတစ္ေယာက္ ေၾကာက္လန့္လာသည္ထိ ထိုသူ ကို ခပ္ရိုးရိုး ၾကည့္ေနေပလိမ့္မည္။

ေလာင္ဝမ္ရယ္မွာ ထိုသို႔ အက်ဥ္းအက်ပ္ထဲ ေရာက္သြားေလသည္။

ငါ မွားပါတယ္

ဖူေလာင္ဝမ္ရယ္က သူ႕ေျမးႏွင့္ အိမ္ေတာ္ထိန္းေခါင္းေဆာင္၏ အၾကည့္မ်ားကို ေတာင့္မခံနိုင္ေတာ့ေပ။ ၎အၾကည့္မ်ားက ေၾကာက္မက္ဖြယ္ ေကာင္းေလာက္ေအာင္ ေအးစက္ေနေသာေၾကာင့္ သူက ကူကယ္ရာမဲ့စြာျဖင့္ သူ႕အမွားကို ဝန္ခံလိုက္ရေလ၏။

ဖူယိက ၿပဳံးလိုက္၏။

"ေလာင္ဝမ္ရယ္ က ဘယ္လိုလုပ္ အမွားရွိရမွာလဲ?ေလာင္ဝမ္ရယ္ ဘာတစ္ခုမွ မမွားပါဘူး။ က်ဳပ္တစ္ေယာက္ထဲ မွားတာပါ။ ေလာင္ဝမ္ရယ္ ကို ေလွ်ာ့ထားေပးမိတဲ့ က်ဳပ္ကိုပဲ က်ဳက္တို႔ အျပစ္တင္ရမွာ။ ေနာင္အနာဂတ္က်ရင္ က်ဳပ္က ေသခ်ာေပါက္ ကိုယ့္ကိုယ္ကို ဆင္ျခင္ေတာ့မွာပါ"

ဤစကားမ်ားကို ၾကားသည္ႏွင့္ ဖူေလာင္ဝမ္ရယ္၏ ဆံပင္မ်ား ေထာင္ထလာေလသည္။

"အားယိ...ငါ မွားမွန္း တကယ္သိပါၿပီကြာ။ ေနာင္ခါက်ရင္ ငါတကယ္ ဘာမွ မလုပ္ရဲေတာ့ပါဘူး။ ငါ က်ိန္ပါတယ္"

[*T/N: အားယိက ဖူယိရဲ႕ နာမည္ပါပဲ]

ဖူယိက အၿပဳံးႏွင့္ ေျပာလိုက္သည္။

"ၿပီးခဲ့တဲ့အေခါက္ကလည္း ေလာင္ဝမ္ရယ္ က်ဳပ္ကို ဒီလိုမ်ိဳး က်ိန္ျပခဲ့တာပါပဲ"

ဝမ္ရယ္ႏွင့္ ဝမ္ေဖးကို သခင္ငယ္ေလးအား ေစာင့္ေရွာက္ေပးမည္ဟု သူ ကတိေပးထားခဲ့သည္။ သို႔ေသာ္ သခင္ငယ္ေလးမွာ ႏွစ္ႀကိမ္တိုင္တိုင္ ေၾကာက္လန့္ခဲ့ရ၏။ သူ႕၏ အိမ္ေတာ္ထိန္းအလုပ္ သက္တမ္းတစ္ေလွ်ာက္တြင္ ဤသည္မွာ ရွက္ဖြယ္ရာကိစၥႀကီး ျဖစ္သည္။

သူက သူ႕၏ အိမ္ေတာ္ထိန္းကို တကယ္ႀကီး ေဒါသထြက္ေစမိၿပီျဖစ္ေၾကာင္း ဖူေလာင္ဝမ္ရယ္ သိသြားၿပီးေနာက္တြင္ သူက အန္းက်ီယန္ ဆရွ႕သို႔ အလွ်င္အျမန္ ေျပးသြားလိုက္ေလသည္။ သူက နာက်င္မႈႏွင့္ ႀကံေတြ႕ေနရသည့္အမူအရာကို ထုတ္ေဖာ္ျပလာ၏။

"အဘိုးရဲ႕ ခ်စ္လွစြာေသာ ေျမးေခြၽးမေလးရယ္...အဘိုး ေနာက္တစ္ခါ ထပ္မလုပ္ရဲေတာ့ပါဘူး။ အဘိုးကို ခြင့္လႊတ္ေပးပါ... ဟုတ္ၿပီလား?မင္းရဲ႕ ေပါက္စီလုံးေလး ကို ေနာက္တစ္ခါ ထပ္မထိေတာ့ဘူးလို႔ တကယ္ကတိေပးပါတယ္။ ေက်းဇူးျပဳၿပီး အားယိကို ေဒါသမထြက္ေတာ့ဖို႔ ေျပာေပးပါဦး...လုပ္ပါကြာ"

ေနမေကာင္း ခင္က ျဖစ္ေစ ေနမေကာင္းျဖစ္ၿပီးေနာက္၌ ျဖစ္ေစ...မင္းသား၏ နန္းေတာ္တစ္ခုလုံး၌ သူ အေၾကာက္ဆုံးက အိမ္ေတာ္ထိန္းေခါင္းေဆာင္ ဖူယိ ျဖစ္သည္။ ဖူယိ ေဒါသထြက္ခ်ိန္တြင္ ဖူေလာင္ဝမ္ရယ္ က ေသခ်ာေပါက္ကို ေဘးဒုကၡ ခံစားရေပလိမ့္မည္။

ေလာင္ဝမ္ရယ္က အလြန္တရာ ဉာဏ္ေကာင္းလြန္းလွေၾကာင္း အန္းက်ီယန္ သိလိုက္ရသည္။

သူက မွားယြင္းသည့္သူကို အကူအညီအညီ လာေတာင္းမိသည္မွာေတာ့ သနားစရာျဖစ္သည္။ အန္းက်ီယန္ သာ သူ႕ကို သင္ခန္းစာ ေကာင္းေကာင္း မေပးလွ်င္ သူက ေနာင္အခါတြင္လည္း တူညီသည့္ ျပစ္မႈကို က်ဴးလြန္ေနေပဦးမည္ ျဖစ္သည္။ အန္းက်ီယန္ က ေပါက္စီလုံးေလး ေနာက္တစ္ခါ ေဆာ့ကစားခံရမည္ကို ျမင္လိုစိတ္မရွိေပ။

အန္းက်ီယန္ က လူအိုႀကီးကို နက္ရွိုင္းစြာ ၾကည့္လိုက္ၿပီးေနာက္ သူ႕လက္ေမာင္းထဲတြင္ လက္ေခ်ာင္းမ်ားကို ေဆာ့ကစားေနေသာ ေပါက္စီလုံးေလး ဆီ အၾကည့္ပို႔လိုက္၏။ ေပါက္စီလုံးေလးက စာၾကည့္ခန္း၏ ပတ္ဝန္းက်င္၏ သက္ေရာက္မႈမွ လုံးဝ ကင္းလြတ္ေနဟန္ရသည္။ သူ႕၏ ပါးျပင္မို႔မို႔ေလးက နီတြတ္ေနၿပီး အရသာရွိသည့္ သစ္သီးဝလံမ်ားႏွင္ျပင္ တူေနေပေသးသည္။

ထိုအခ်ိန္တြင္ ေလာင္ဝမ္ရယ္က မထင္မွတ္ထားသည့္ အရာတစ္ခုကို လုပ္ခ်လိဳက္ေခ်၏။

သူက ေပါက္စီလုံးေလး၏ လက္ေသးေသးေလးမ်ားကို သူ႕လက္ထဲသို႔ ထည့္လိုက္ရင္း ရိုးရိုးသားသား ေျပာလိုက္ေလသည္။

"ေပါက္စီလုံးေလး...အဘိုးက ကိုယ့္အမွားကိုယ္ သိပါၿပီ။ အဘိုးကို ခြင့္လႊတ္ေပးပါေနာ္ ဟုတ္ၿပီလား?အဘိုး မင္းနဲ႕ ထပ္မကစားေတာ့ပါဘူး"

ေပါက္စီလုံးေလး: "...အာ?"

လူတိုင္း: "..."

မည္မွ် ေကာင္းမြန္သည့္ လႈပ္ရွားမႈေပနည္း။
'ေရွ႕တိုးဖို႔အတြက္ ေနာက္တစ္လွမ္းဆုတ္ျခင္း'
ၾကည့္ရသည္မွာ အတိတ္ေမ့ေနသည့္ ေလာင္ဝမ္ရယ္၏ ဉာဏ္ရည္သည္ အလြန္အမင္း ျမင့္မားေနဆဲ ျဖစ္ဟန္ရ၏။

Continue Reading

You'll Also Like

6.7M 515K 95
Sitting on the bed, I was waiting for my husband to arrive. It was our wedding Night. I rolled my toes as the visuals of him slowly touching my cheek...
11.7M 845K 88
Marriage had always been my dream but not to a man about whom I know nothing. The moment my father fixed an alliance of me to a Prince without even t...
He's my Fairytale By N.A.M.F.

Historical Fiction

276K 12.7K 84
Do you believe in fairytale?Do you also want to have a happy ending with the one you love? Every fairytale story consists of a main character, male l...
108K 6.9K 83
Achievements: #1 in Mahabharat #1 in Krishna #1 in Tale #2 in Draupadi Time Travel. Seems quite impossible eh? Well anything is possible with the i...