ကုန်းမြေကြီး၏ အရှင်သခင်ဝမ်ဖေး...

By Hululu61

348K 58K 2.4K

အရင် accထဲဝင်မရတော့လို့ Book ခွဲလိုက်ပါပြီ 🙆 ဒါက အပိုင်း ၁ ကနေ ဖတ်လို့ရတဲ့ Linkပါ🖤 https://my.w.tt/7FVYRdnw... More

အပိုင်း (၄၁) - အတူတူအိပ်ခြင်း
အပိုင်း (၄၁) - အိပ်ရာမျှဝေခြင်း (CENSOR)
အပိုင်း (၄၂.၁) - ကူဖော်လောင်ဖက်
အပိုင်း (၄၂.၂) - ကူဖော်လောင်ဖက်(WARNING)
အပိုင်း (၄၃) - ကိုယ် မြင်လိုက်တယ်
အပိုင်း (၄၄) - မနက်စာ
အပိုင်း (၄၅) - တော်ဝင်မိသားစု သဘောထား
အပိုင်း (၄၆) - ဇနီးလေးရဲ့ ညီငယ်သေးသေးလေး
အပိုင်း (၄၇) - လယ်သမားများ
အပိုင်း (၄၈) - အန်းမိသားစုသို့ အပြန်
အပိုင်း (၄၉.၁) - သတို့သမီး မိဘအိမ် ပထမဆုံးပြန်ချိန် အကျပ်အတည်း
အပိုင်း (၄၉.၂) - သတို့သမီး မိဘအိမ် ပထမဆုံးပြန်ချိန် အကျပ်အတည်း
အပိုင်း (၅၀) - ခြိမ်းခြောက်ဖို့ရန်
အပိုင်း (၅၁) - တန်ပြန်အစီအစဥ်
အပိုင်း (၅၂) - အလုံးစုံ ထိန်းချုပ်ခြင်း
အပိုင်း (၅၃) - စားနပ်ရိက္ခာ သိုလှောင်ခြင်း
အပိုင်း (၅၄) - အစားအစာ ရရှိဖို့ရန်
အပိုင်း (၅၅) - မွှေးပျံ့ကော့လန်သည့် ဆန်(ပေါ်ဆန်းမွှေး)
အပိုင်း (၅၆) - သက်သေခံ အထောက်အထား
အပိုင်း (၅၇) - ပုန်းကွယ်နေသည့် လုပ်ကြံသတ်ဖြတ်သူ
အပိုင်း (၅၈) - လျှော်ပင်နှင့် ပင်လယ်တားမြစ်ချက်
အပိုင်း (၅၉) - ပိုးပန်းသူ
အပိုင်း (၆၀) - အန်းချောင်၏ စိတ်ဓာတ်ကြံ့ခိုင်မှု
အပိုင်း (၆၁.၁) - မမြင်ရသော လွှမ်းမိုးနိုင်စွမ်း
အပိုင်း (၆၁.၂) - မမြင်ရသော လွှမ်းမိုးနိုင်စွမ်း
အပိုင်း (၆၂.၁) - တိုးတက်မှု
အပိုင်း (၆၂.၂) - တိုးတက်မှု
အပိုင်း (၆၃.၁) - စာရင်းစာအုပ်
အပိုင်း (၆၃.၂) - စာရင်းစာအုပ်
အပိုင်း (၆၄.၁) - ဖူဝူထျန်း ၏ စွမ်းအား
အပိုင်း (၆၄.၂) - ဖူဝူထျန်း၏ စွမ်းအား
အပိုင်း (၆၅.၁) - ညဘက် ဝန်းရံတိုက်ခိုက်မှု
အပိုင်း (၆၅.၂) - ညဘက်ဝန်းရံတိုက်ခိုက်မှု
အပိုင်း (၆၆.၁) - ခေါင်းဖြတ်ကွပ်မျက်ခြင်း
အပိုင်း (၆၆.၂) - ခေါင်းဖြတ်ကွပ်မျက်ခြင်း
အပိုင်း (၆၇.၁) - အငြင်းပွားမှုအား စာရင်းရှင်းခြင်း
အပိုင်း (၆၇.၂) - အငြင်းပွားမှုအား စာရင်းရှင်းခြင်း
အပိုင်း (၆၈.၁) - တိုက်ဆိုင်မှု
အပိုင်း (၆၈.၂) - တိုက်ဆိုင်မှု
Attention Plz
အပိုင်း (၆၉.၁) - ရူးဟန်ဆောင်ခြင်း
အပိုင်း (၆၉.၂) - ရူးဟန်ဆောင်ခြင်း
အပိုင်း (၇၀.၁) - လက်ထပ်ပေးခြင်း
အပိုင်း (၇၀.၂) - လက်ထပ်ပေးခြင်း
အပိုင်း (၇၁) - ဉာဏ်ပူဇော်ခ
အပိုင်း (၇၂) - စစ်ကြောမေးမြန်းခြင်း
အပိုင်း (၇၃) - စစ်ကြောမေးမြန်းခြင်းနှင့် စိတ်အား ထက်သန်မှု
အပိုင်း (၇၄.၁) - သာမန်လူများနှင့် ခြားနားသော[Warning!🔞]
အပိုင်း (၇၄.၂) - သာမန်လူများနှင့် ခြားနားသော
အပိုင်း(၇၅.၁) - ကူညီရန်
အပိုင်း (၇၅.၂) - ကူညီရန်
အပိုင်း (၇၆.၁) - လင်မယားနှစ်ယောက်သား အလည်အပတ်ရောက်လာခြင်း
အပိုင်း (၇၆.၂) - လင်မယားနှစ်ယောက်သား အလည်အပတ်ရောက်လာခြင်း
အပိုင်း (၇၇) - စီရင်ချက်
အပိုင်း (၇၈) - အန်းနန်းဆောင်
အပိုင်း (၇၉.၂) - အပြစ်ပေးခြင်း
အပိုင်း (၈၀.၁) - ကိုယ်လုပ်တော် ရွေးချယ်ပွဲနှင့် စာပို့ခို
အပိုင်း (၈၀.၂) - ကိုယ်လုပ်တော် ရွေးချယ်ပွဲနှင့် စာပို့ခို
အပိုင်း (၈၁.၁) - လောင်းကစားရုံ
အပိုင်း (၈၁.၂) - လောင်းကစားရုံ
အပိုင်း (၈၂.၁) - ရက်စက်သော ပြိုင်ပွဲ
အပိုင်း (၈၂.၂) - ရက်စက်သော ပြိုင်ပွဲ
!!!

အပိုင်း (၇၉.၁) - အပြစ်ပေးခြင်း

3.8K 781 19
By Hululu61

Unicode

အပိုင်း (၇၉.၁) - အပြစ်ပေးခြင်း

ကျူးချန် ထွက်သွားပြီးနောက် အန်းကျီယန်နှင့် ဖူဝူထျန်းတို့သည် အန်းနန်းဆောင် ကို တစ်ပတ်ထပ်ပတ်လိုက်သည်။

အန်းနန်းဆောင် က တွေးထက်သည်ထက် ပိုမို ကြီးမားပေသည်။ အန်းမိသားစု မှ လူများအားလုံး ဤနေရာတွင် နေထိုင်ကြမည် ဆိုလျှင်ပင် ဤနေရာက ပိုမို ကျယ်ပြန့်နေသေးဟန်ရသည်။ သူတို့နှစ်ဦး ပြန်လာပြီးနောက် ဖူဝူထျန်းက သူ့နန်းတော်မှ အစေခံအချို့ကို အန်းနန်းဆောင် သို့ သန့်ရှင်းရေး သွားလုပ်ရန် အမိန့်ပေးလိုက်၏။

အန်းနန်းဆောင် ကို လွန်ခဲ့သည့် ခြောက်လခန့်က ဆောက်လုပ်ထားခြင်း ဖြစ်သော်ငြားလူသူ မရှိသည်မို့ စားပွဲများနှင့် ထိုင်ခုံများထက်တွင် ဖုန်အလွှာအထပ်ထပ် တင်နေပေသည်။ အစေခံများသည် အားလုံးကို သန့်ရှင်းပြီးရန်အတွက် အချိန်နှစ်ရက် ယူခဲ့ရ၏။

တတိယမြောက်နေ့တွင် အန်းမိသားစုဝင်များသည် အန်းနန်းဆောင်သို့ ပြောင်းလာခဲ့ကြသည်။

"သခင်မ...ကြည့်ပါဦး။ အန်းနန်းဆောင်က အရမ်းကြီးတာပဲ"

ဝမ်ချင်းလန် နောက်၌ ရပ်နေသည့် ချီချောင်းက အန်းနန်းဆောင် ကို မြင်သည်နှင့် ချက်ချင်းဆိုသလိုပင် ရင်သပ်ရှုမောသွားလေသည်။ အန်းအိမ်တော် က ဤနန်းဆောင်နှင့် လုံးဝကို နှိုင်းယှဥ်၍ မရပါချေ။ သူမ ကျွင်းကျီမြို့သို့ မလာမီက အန်းအိမ်တော် သည် အန်းယွမ်စီရင်စု၌ အကြီးဆုံး ဖြစ်သည်မို့ အန်းမိသားစု က အတော်အတန်ကြီးမားသည် ဟု တွေးထားခဲ့မိ၏။

ဝမ်ချင်းလန် က သူမ၏ ခေါင်းကို မော့ကာ ကျယ်ပြန့်ကြီးမားသည့် အန်းနန်းဆောင် ကို ကြည့်လိုက်သည်။ သူမ၏ မျက်ဝန်းများက ယုံကြည်မှု နှင့် ရည်မှန်းချက် တို့ဖြင့် ပြည့်နှက်နေလေသည်။

နောက်ဆုံးတွင် သူမက ကျွင်းကျီမြို့သို့ ရောက်ရှိလာပြီ ဖြစ်ပြီး ဧကရာဇ် ကိုယ်တိုင် ပေးအပ်ထားသည့် အိမ်တော်၌ပင် နေထိုင်နေရလေပြီ။ အရင်က သူမတွင် ဤကဲ့သို့ အတွေးမျိုး မတွေးရဲသော်ငြား မြို့တော်သို့ ရောက်ကတည်းက သူမသည် သူမအရင်က မြင်ဖူးကြားဖူးရန် အခွင့်အရေးမရခဲ့သော မျက်စိပွင့် နားပွင့်မှုနှင့် ကြုံတွေ့လိုက်ရသည်။ ဤသည်မှာ အတော့်ကို တုန်လှုပ်ဖွယ်ရာ ဖြစ်သော်ငြား သူမ၏ အတွင်းစိတ်အောက်ခြေ၌မူ ဤနေရာသည် သူမ ရှိသင့်သည့်နေရာဟု ခံစားမိနေလေသည်။

ဤသည်ကို တွေးလိုက်မိပြီးနောက် သူမသည် အန်းယွမ်စီရင်စု တွင် ရှိစဥ်က သည်းခံနေရန် ရွေးချယ်ခဲ့မှုအတွက် သာတိုးပျော်ရွှင်နေလေသည်။ သို့မဟုတ့ပါက သူမသည် တုန့်ထိုင်းစီရင်စုဆီသို့ လက်ထပ်လိုက်ပါရန် တွန်းအားပေးခံရသည့် အန်းခယ့်ရှင်းလို ဖြစ်သွားပေလိမ့်မည်။ ထိုအခါတွင် သူမသည် ဘာမဟုတ်သည့် စီရင်စုလေး၌သာ တစ်သက်လုံး နေသွားရပေလိမ့်မည်။

"အထဲ ဝင်ကြစို့"

အန်းကျီယန် အန်းနန်းဆောင်၏ ပုံတူကို ရပြီးနောက် သူက နန်းဆောင်၏ အစိတ်အပိုင်း တစ်ခုတွင်သာ နေထိုင်ရန် အစီအစဥ် ချလေသည်။

အစေခံ အများစုက အန်းယွမ်စီရင်စု၌ ကျန်နေခဲ့သည်မို့ သူနှင့်အတူ မြို့တော်သို့ ပါလာသည်မှာ အယောက်ငါးဆယ်မျှသာ ရှိသည်။ ဤမျှ ကျယ်ပြန့်လှသည့် နန်းဆောင်တွင် ကိစ္စများအားလုံး ဆောင်ရွက်ရန်မှာ ခက်ခဲလှသည်။

အန်းနန်းဆောင်၏ အရှေ့ဘက်က အရှေ့အရပ်သို့ မျက်နှာမူထားသောကြောင့် သူက တောင်ဘက်ခြမ်းနှင့် မြောက်ဘက်ခြမ်းရှိ အခန်းများကို ရွေးချယ်လိုက်ပေသည်။

အစေခံများက မြောက်ဘက်အခန်းများတွင် နေကြမည် ဖြစ်ပြီး အိမ်တော်၏ သခင်များမှာမူ တောင်ဘက်ခြမ်းရှိ ခြံဝန်းတွင် နေရမည် ဖြစ်သည်။ တောင်ဘက်နံရံ၏ နောက်တွင် အင်ပါယာဖူနန်းတော် ရှိလေသည်။

"ကျီယန်...အာ..."

ဝမ်ချင်းလန် က အနည်းငယ် တုန့်ဆိုင်းသွားသော်ငြား အန်းကျီယန် အနားသို့ ဆက်လျှောက်လာလေသည်။ သူမက နူးညံ့ညင်သာသည့် အသံဖြစ်အောင် ဟန်ဆောင်လိုက်၏။

"အန်းနန်းဆောင်ရဲ့ တောင်ဘက်ခြံဝန်း မှာကလေ..စတုတ္ထအမေက တစ်ယောက်ထဲတော့ မနေရဘူးမလား?"

သူမ အဓိက လိုချင်သည်မှာ ပေါက်စီလုံးလေး ကို အန်းနန်းဆောင် တွင် သူတို့နှင့်အတူ နေစေဖို့ရာ ဖြစ်သည်။ အန်းကျီယန် အရင်က ဝယ်ထားသည့် အိမ်တော်၌သာ နေရမည်ဆိုပါက သူမ ဤသို့ မေးမည် မဟုတ်ပေ။ သို့သော် နေရာနှစ်ခုက အလွန်ပင် နီးကပ်နေသောကြောင့် သူမ၌ အတွေးအကြံများ ဝင်ရောက်လာသည်။ ပေါက်စီလုံးလေး သာ အန်းနန်းဆောင်၌ နေမည်ဆိုပါက သူမသည် သူ့ဆီသို့ အလည်သွားရန်ဟူသော ဆင်ခြေကို သုံး၍ သူတို့ကြားရှိ ခံစားချက်များကို တိုးတက်အောင် လုပ်ဆောင်နိုင်ပေသည်။

အန်းကျီယန် က သူမကို တစ်ချက်ကြည့်လိုက်သည်။

"မဟုတ်ဘူး"

ဝမ်ချင်းလန်၏ စိတ်ထဲတွင် ကြိတ်ပျော်သွားသော်ငြား သူမ၏ မျက်နှာထက်တွင်တော့ ထုတ်ဖော်မပြသပေ။

ထို့ကြောင့် ဝမ်ချင်းလန် က ပေါက်စီလုံးလေး ရောက်လာမည့်အချိန်ကို စောင့်နေလေတော့သည်။ သူမက အကောင်းဆုံး သရုပ်ဖော်ပြနိုင်ရေးအတွက် ချီချောင်းကိုပင် ကလေးတွေကို ဘယ်လို ဂရုစိုက်ပေးရမလဲ ကလေး ကျေနပ်အောင် ဘယ်လို လုပ်ပေးရမလဲ ဆိုသည်အား သင်ပေးမည့် တစ်စုံတစ်ယောက် ကို ရှာပေးရန် ပြောခဲ့သေး၏။

အန်းကျီယန် က ဤသည်ကို ကြားသိပြီးနောက် တစ်ခွန်းမှ မပြောပါပေ။

သူမက အချို့နေရာများတွင် ဉာဏ်ရည် ထက်မြက်လှသော်ငြား အချို့ကဏ္ဍများတွင် သူမက ကျန်းပိကဲ့သို့ တုံးအလှသည်။

ပေါက်စီလုံးလေး အကြောင်း ပြောချိန်တွင်မှ သူသည် ပေါက်စီလုံးလေး ကို မတွေ့ရသည်မှာ နှစ်ရက်ရှိပြီ ဖြစ်ကြောင်း အန်းကျီယန် သတိရသွားလေသည်။ သူက မနက်ခင်းတွင် သူ့ကို တွေ့ရန် သွားလေ့ရှိ၏။ ပြီးခဲ့သည့် နှစ်ရက်တွင် သူသည် အိမ်တော်အသစ်နှင့် အလုပ်ရှုပ်နေပြီး ချုန်းမင်ဧကရာဇ်၏ တုန့်ပြန်ပုံကိုလည်း ဂရုစိုက်နေရလေသည်။ ဖူဝူထျန်း က သူတို့အပေါ် အလေးမထားသည့်အကြောင်းကို ကျူးချန်က ဧကရာဇ်အား သေချာပေါက် ပြန်ပြောလိမ့်မည် ဖြစ်ကြောင်း သူ သိနေပေသည်။ သို့သော်လည်း နှစ်ရက်ကြာစောင့်ဆိုင်းပြီးနောက် နန်းတော်ဆီမှ မည်သည့် လှုပ်ရှားမှု မျိုးမှ မရှိပေ။

သူ့၏ သတိထားမှုတို့ကို ဖြည်းဖြည်းချင်း လျှော့ချလိုက်လေသည်။

အင်ပါယာဖူနန်းတော်၌...။

အန်းကျီယန် က သူ့အချိန်ဇယားကို ပြောင်းလိုက်ပြီး ပေါက်စီလုံးလေး ဆီသို့ အလည်သွားရန် ပြင်လိုက်သည်။ သူက ပေါက်စီလုံးလေး နေထိုင်ရာ ခြံဝန်းထဲသို့ ဝင်လိုက်ချိန်တွင် တစ်စုံတစ်ခု မှားယွင်းနေကြောင်း ခံစားမိလိုက်သည်။ သူ့ခေါင်းကို မော့ကြည့်လိုက်ချိန်တွင် သူ့ဆီ လာနေသည့် အိမ်တော်ထိန်းကြီးလီကို မြင်လိုက်ရလေသည်။

"ဝမ်ဖေး...ဒီကို ဘယ်လိုရောက်လာတာပါလဲ?"

အိမ်တော်ထိန်း လီက တစ်ယောက်ယောက် ကြားစေရန် တမင်သက်သက် ရည်ရွယ်နေသည့် အကျယ်ကြီး အော်ပြောနေလေ၏။

သူက သူ့မျက်နှာထက်ရှိ ရုတ်ရုတ်သဲသဲ ဖြစ်နေမှုကို ဖုံးကွယ်ရန် ကြိုးစားသော်ငြား အန်းကျီယန် က ပေါက်စီလုံးလေး ၏ အခန်း ပွင့်နေသည်ကို သတိထားမိသွားသည်မို့ သူ့အကြည့်က လေးနက်လာလေသည်။

"ခင်ဗျား ဒီမှာ ဘာလုပ်နေတာလဲ?ကျွန်တော့် ညီလေးရဲ့ အခန်းထဲကကော ဘယ်သူလဲ?"

အိမ်တော်ထိန်းလီ၏ နဖူးထက်တွင် အေးစက်စက် ချွေးစတို့ ထွက်ပြူလာလေ၏။

အန်းကျီယန် က သူ့ကို တွန်းဖယ်ကာ ဆက်လျှောက်သွားသည်။

အိမ်တော်ထိန်းလီက ချက်ချင်းဆိုသလို သူ့ကို လမ်းပိတ်လိုက်လေ၏။

"ဝမ်ဖေး..."

"ဝါးးးးး!!!"

အလွန်တရာ ကျယ်လောင်သည့် ကလေးငိုသံက သူ့စကားများကို ဖြတ်တောက်သွားလေ၏။ ထို့နောက်တွင် ပေါက်စီလုံးလေး၏ အခန်းထဲမှ ထိုင်ခုံကို ကန်ချလိုက်သည့်နှယ် ကျိုးပဲ့သံတစ်ခု ထွက်လာလေသည်။

အန်းကျီယန် က သူ့ကို ခပ်ပြင်းပြင်း တွန်းချလိုက်ပြီး အခန်းဆီသို့သာ အမြန်သွားလိုက်သည်။

အိမ်တော်ထိန်းလီက နောက်သို့ ခြေလှမ်းအနည်းငယ် ယိမ်းယိုင်သွားလေပြီး တိုင်လုံးနှင့် ဝင်ဆောင့်မိမလို ဖြစ်သွားရသည်။ သူက "ဟာ သွားပါပြီ"ဟု ခပ်တိုးတိုး ရေရွတ်ကာ အခန်းထဲရှ် လူ ကံကောင်းစေရန်ကိုသာ ဆုတောင်းလိုက်မိတော့သည်။

အန်းကျီယန် က အထဲသို့ ပြေးဝင်သွားလေသည်။ ကလေးငိုသံက ပျောက်ကွယ်သွား၏။ ကြမ်းပြင်ထက်၌ ထိုင်ခုံ အချို့ လဲနေသည်ကိုသာ သူမြင်ရလေသည်။ သို့သော် အခန်းထဲ၌ ရှိနေသည့်သူများကိုမူ မတွေ့ရပေ။ သူ့မျက်နှာက အိုး၏ အောက်ခြေကဲ့သို့ မည်းမှောင်နေပြီ ဖြစ်သည်။

"ထွက်ခဲ့စမ်း!"

အန်းကျီယန် က အခန်း၏ ထောင့်တိုင်းအား လှည့်ပတ်ကြည့်လိုက်သည်။ အခန်းထဲ၌ လူများရှိနေကြောင်း သူ သေချာသိပေသည်။ အခန်းထဲရှိ ပြတင်းပေါက်များအားလုံးသည် ပိတ်ထားပြီး ဖြစ်၏။ တစ်ယောက်ယောက် ကသာ ပြတင်းပေါက်မှ ထွက်ပြေးရန် ကြိုးစားပါက သူတို့တွင် ပြတင်းပေါက် ကို ပြန်လှည့်ပိတ်ရန် အချိန်ရမည် မဟုတ်ပေ။

အိမ်တော်ထိန်းလီက အထဲသို့ ပြေးဝင်လာပြီး ဘာမှမရှိသည့် အခန်းပိုသာ မြင်လိုက်ရသည်။ သူက ပို၍ပင် စိုးရိမ်ပူပန်လာလေ၏။ သွားပြီ...အားလုံး သွားချေပြီ။ ပြဿနာက ပိုမို ပြင်းထန်လာဟန်ရသည်။

အချိန်အတော်ကြာသည်ထိ ပြန်ဖြေမည့်သူ ရှိမလာပေ။

အန်းကျီယန်၏ အမူအရာက ပို၍ မည်းမှောင်လာလေသည်။ ထို့နောက် သူက ရုတ်ချည်း နောက်လှည့်ကြည့်လိုက်၏။ ဝဖိုင့်ဖိုင့် လူအိုကြီး သည် တံခါးနောက်၌ ပုန်းနေပြီး အခန်းအပြင်သို့ လစ်ထွက်ရန် အဆင်သင့်ဖြစ်နေသော်ငြား အန်းကျီယန် က သူ့ကို ချက်ချင်း ဖမ်းမိသွားခဲ့၏။

ဝဖိုင့်ဖိုင့် လူအိုကြီး၏ နဖူးပြင်ထက်တွင် ချွေးအေးများ စိုရွှဲလာလေသည်။

အန်းကျီယန်၏ အကြည့်က လူအိုကြီး၏ လက်မောင်းကြားသို့ ရောက်ရှိသွား၏။ လူအိုကြီး၏ လက်ထဲတွင် ကလေးတစ်ယောက် ရှိနေပြီး လက်တစ်ဖက်က ကလေး၏ ပါးစပ်ကို အုပ်ထားလေသည်။ ကလေးငယ်၏ စပျစ်သီး အနက်ရောင်ကဲ့သို့ မျက်ဝန်းလေးက မျက်ရည်များဖြင့် ပြည့်နေပြီး ပါးပြင်များက ရဲတွတ်နေကာ အန်းကျီယန်ကို သနားစဖွယ် ကြည့်နေလေ၏။ အန်းကျီယန် သက်ပြင်းတစ်ချက်ချလိုက်ပြီးကလေးကို သူ့လက်ထဲသို့ ဆွဲယူလိုက်လေသည်။

ကလေးငယ်က သူ့အစ်ကို၏ လက်ထဲသို့ ရောက်သည်နှင့် စတင် ငိုကြွေးလေတော့သည်။ အန်းကျီယန် ရင်ခွင်ထဲတွင် မှီတွယ်နေရင်း သူ့၏ ဖောင်းကစ်ကစ် လက်ကလေးနှစ်ဖက်က သူ့အစ်ကို၏ အဝတ်အစားများကို တင်းကြပ်စွာ ဆုပ်ကိုင်ထား၏။ သူ့၏ ရှိုက်သံလေးများက သနားစဖွယ် ကောင်းလှသည်။ သူက ခြောက်လ ခုနစ်လသားအရွယ်သာ ဖြစ်သော်လည်း မှတ်ဉာဏ် ကောင်းလှသည်ဖြစ်ရာ သူနှင့်အရင်းနှီးဆုံးသူကို သိပေသည်။

အန်းကျီယန် က ပေါက်စီလုံးလေး ကို ချီထားပြီး သူ့၏ လှုပ်ရှားမှုများက တုန့်ဆိုင်းမနေဘဲ အလေ့အကျင့်ရှိနေသည့်နှယ် ဖြစ်လေသည်။ သူက ကလေးငယ်၏ ကျောကုန်းလေးကို လက်တစ်ဖက်ဖြင့် အသာပွတ်ပေးလိုက်ပြီး ဖြည်းဖြည်းချင်း အငိုတိတ်သွားသည့်ချိန်ထိ နားထောင်နေလေ၏။ ထို့နောက်မှသာ သူက ဝဖိုင့်ဖိုင့်လူအိုကြီး ကို အာရုံစိုက်လိုက်သည်။ ထိုလူအိုကြီးမှာကား ဖူလောင်ဝမ်ရယ် ဖြစ်သည်။ လူအိုကြီးက ကျောကို ဆန့်ထားပါသော်ငြား သူ့ကိုတော့ တည့်တည့် မကြည့်ရဲပါပေ။

Zawgyi

အပိုင္း (၇၉.၁) - အျပစ္ေပးျခင္း

က်ဴးခ်န္ ထြက္သြားၿပီးေနာက္ အန္းက်ီယန္ႏွင့္ ဖူဝူထ်န္းတို႔သည္ အန္းနန္းေဆာင္ ကို တစ္ပတ္ထပ္ပတ္လိုက္သည္။

အန္းနန္းေဆာင္ က ေတြးထက္သည္ထက္ ပိုမို ႀကီးမားေပသည္။ အန္းမိသားစု မွ လူမ်ားအားလုံး ဤေနရာတြင္ ေနထိုင္ၾကမည္ ဆိုလွ်င္ပင္ ဤေနရာက ပိုမို က်ယ္ျပန့္ေနေသးဟန္ရသည္။ သူတို႔ႏွစ္ဦး ျပန္လာၿပီးေနာက္ ဖူဝူထ်န္းက သူ႕နန္းေတာ္မွ အေစခံအခ်ိဳ႕ကို အန္းနန္းေဆာင္ သို႔ သန့္ရွင္းေရး သြားလုပ္ရန္ အမိန့္ေပးလိုက္၏။

အန္းနန္းေဆာင္ ကို လြန္ခဲ့သည့္ ေျခာက္လခန့္က ေဆာက္လုပ္ထားျခင္း ျဖစ္ေသာ္ျငားလူသူ မရွိသည္မို႔ စားပြဲမ်ားႏွင့္ ထိုင္ခုံမ်ားထက္တြင္ ဖုန္အလႊာအထပ္ထပ္ တင္ေနေပသည္။ အေစခံမ်ားသည္ အားလုံးကို သန့္ရွင္းၿပီးရန္အတြက္ အခ်ိန္ႏွစ္ရက္ ယူခဲ့ရ၏။

တတိယေျမာက္ေန႕တြင္ အန္းမိသားစုဝင္မ်ားသည္ အန္းနန္းေဆာင္သို႔ ေျပာင္းလာခဲ့ၾကသည္။

"သခင္မ...ၾကည့္ပါဦး။ အန္းနန္းေဆာင္က အရမ္းႀကီးတာပဲ"

ဝမ္ခ်င္းလန္ ေနာက္၌ ရပ္ေနသည့္ ခ်ီေခ်ာင္းက အန္းနန္းေဆာင္ ကို ျမင္သည္ႏွင့္ ခ်က္ခ်င္းဆိုသလိုပင္ ရင္သပ္ရႈေမာသြားေလသည္။ အန္းအိမ္ေတာ္ က ဤနန္းေဆာင္ႏွင့္ လုံးဝကို ႏွိုင္းယွဥ္၍ မရပါေခ်။ သူမ ကြၽင္းက်ီၿမိဳ႕သို႔ မလာမီက အန္းအိမ္ေတာ္ သည္ အန္းယြမ္စီရင္စု၌ အႀကီးဆုံး ျဖစ္သည္မို႔ အန္းမိသားစု က အေတာ္အတန္ႀကီးမားသည္ ဟု ေတြးထားခဲ့မိ၏။

ဝမ္ခ်င္းလန္ က သူမ၏ ေခါင္းကို ေမာ့ကာ က်ယ္ျပန့္ႀကီးမားသည့္ အန္းနန္းေဆာင္ ကို ၾကည့္လိုက္သည္။ သူမ၏ မ်က္ဝန္းမ်ားက ယုံၾကည္မႈ ႏွင့္ ရည္မွန္းခ်က္ တို႔ျဖင့္ ျပည့္ႏွက္ေနေလသည္။

ေနာက္ဆုံးတြင္ သူမက ကြၽင္းက်ီၿမိဳ႕သို႔ ေရာက္ရွိလာၿပီ ျဖစ္ၿပီး ဧကရာဇ္ ကိုယ္တိုင္ ေပးအပ္ထားသည့္ အိမ္ေတာ္၌ပင္ ေနထိုင္ေနရေလၿပီ။ အရင္က သူမတြင္ ဤကဲ့သို႔ အေတြးမ်ိဳး မေတြးရဲေသာ္ျငား ၿမိဳ႕ေတာ္သို႔ ေရာက္ကတည္းက သူမသည္ သူမအရင္က ျမင္ဖူးၾကားဖူးရန္ အခြင့္အေရးမရခဲ့ေသာ မ်က္စိပြင့္ နားပြင့္မႈႏွင့္ ႀကဳံေတြ႕လိုက္ရသည္။ ဤသည္မွာ အေတာ့္ကို တုန္လႈပ္ဖြယ္ရာ ျဖစ္ေသာ္ျငား သူမ၏ အတြင္းစိတ္ေအာက္ေျခ၌မူ ဤေနရာသည္ သူမ ရွိသင့္သည့္ေနရာဟု ခံစားမိေနေလသည္။

ဤသည္ကို ေတြးလိုက္မိၿပီးေနာက္ သူမသည္ အန္းယြမ္စီရင္စု တြင္ ရွိစဥ္က သည္းခံေနရန္ ေ႐ြးခ်ယ္ခဲ့မႈအတြက္ သာတိုးေပ်ာ္႐ႊင္ေနေလသည္။ သို႔မဟုတ့ပါက သူမသည္ တုန့္ထိုင္းစီရင္စုဆီသို႔ လက္ထပ္လိုက္ပါရန္ တြန္းအားေပးခံရသည့္ အန္းခယ့္ရွင္းလို ျဖစ္သြားေပလိမ့္မည္။ ထိုအခါတြင္ သူမသည္ ဘာမဟုတ္သည့္ စီရင္စုေလး၌သာ တစ္သက္လုံး ေနသြားရေပလိမ့္မည္။

"အထဲ ဝင္ၾကစို႔"

အန္းက်ီယန္ အန္းနန္းေဆာင္၏ ပုံတူကို ရၿပီးေနာက္ သူက နန္းေဆာင္၏ အစိတ္အပိုင္း တစ္ခုတြင္သာ ေနထိုင္ရန္ အစီအစဥ္ ခ်ေလသည္။

အေစခံ အမ်ားစုက အန္းယြမ္စီရင္စု၌ က်န္ေနခဲ့သည္မို႔ သူႏွင့္အတူ ၿမိဳ႕ေတာ္သို႔ ပါလာသည္မွာ အေယာက္ငါးဆယ္မွ်သာ ရွိသည္။ ဤမွ် က်ယ္ျပန့္လွသည့္ နန္းေဆာင္တြင္ ကိစၥမ်ားအားလုံး ေဆာင္႐ြက္ရန္မွာ ခက္ခဲလွသည္။

အန္းနန္းေဆာင္၏ အေရွ႕ဘက္က အေရွ႕အရပ္သို႔ မ်က္ႏွာမူထားေသာေၾကာင့္ သူက ေတာင္ဘက္ျခမ္းႏွင့္ ေျမာက္ဘက္ျခမ္းရွိ အခန္းမ်ားကို ေ႐ြးခ်ယ္လိုက္ေပသည္။

အေစခံမ်ားက ေျမာက္ဘက္အခန္းမ်ားတြင္ ေနၾကမည္ ျဖစ္ၿပီး အိမ္ေတာ္၏ သခင္မ်ားမွာမူ ေတာင္ဘက္ျခမ္းရွိ ၿခံဝန္းတြင္ ေနရမည္ ျဖစ္သည္။ ေတာင္ဘက္နံရံ၏ ေနာက္တြင္ အင္ပါယာဖူနန္းေတာ္ ရွိေလသည္။

"က်ီယန္...အာ..."

ဝမ္ခ်င္းလန္ က အနည္းငယ္ တုန့္ဆိုင္းသြားေသာ္ျငား အန္းက်ီယန္ အနားသို႔ ဆက္ေလွ်ာက္လာေလသည္။ သူမက ႏူးညံ့ညင္သာသည့္ အသံျဖစ္ေအာင္ ဟန္ေဆာင္လိုက္၏။

"အန္းနန္းေဆာင္ရဲ႕ ေတာင္ဘက္ၿခံဝန္း မွာကေလ..စတုတၳအေမက တစ္ေယာက္ထဲေတာ့ မေနရဘူးမလား?"

သူမ အဓိက လိုခ်င္သည္မွာ ေပါက္စီလုံးေလး ကို အန္းနန္းေဆာင္ တြင္ သူတို႔ႏွင့္အတူ ေနေစဖို႔ရာ ျဖစ္သည္။ အန္းက်ီယန္ အရင္က ဝယ္ထားသည့္ အိမ္ေတာ္၌သာ ေနရမည္ဆိုပါက သူမ ဤသို႔ ေမးမည္ မဟုတ္ေပ။ သို႔ေသာ္ ေနရာႏွစ္ခုက အလြန္ပင္ နီးကပ္ေနေသာေၾကာင့္ သူမ၌ အေတြးအႀကံမ်ား ဝင္ေရာက္လာသည္။ ေပါက္စီလုံးေလး သာ အန္းနန္းေဆာင္၌ ေနမည္ဆိုပါက သူမသည္ သူ႕ဆီသို႔ အလည္သြားရန္ဟူေသာ ဆင္ေျခကို သုံး၍ သူတို႔ၾကားရွိ ခံစားခ်က္မ်ားကို တိုးတက္ေအာင္ လုပ္ေဆာင္နိုင္ေပသည္။

အန္းက်ီယန္ က သူမကို တစ္ခ်က္ၾကည့္လိုက္သည္။

"မဟုတ္ဘူး"

ဝမ္ခ်င္းလန္၏ စိတ္ထဲတြင္ ႀကိတ္ေပ်ာ္သြားေသာ္ျငား သူမ၏ မ်က္ႏွာထက္တြင္ေတာ့ ထုတ္ေဖာ္မျပသေပ။

ထို႔ေၾကာင့္ ဝမ္ခ်င္းလန္ က ေပါက္စီလုံးေလး ေရာက္လာမည့္အခ်ိန္ကို ေစာင့္ေနေလေတာ့သည္။ သူမက အေကာင္းဆုံး သ႐ုပ္ေဖာ္ျပနိုင္ေရးအတြက္ ခ်ီေခ်ာင္းကိုပင္ ကေလးေတြကို ဘယ္လို ဂ႐ုစိုက္ေပးရမလဲ ကေလး ေက်နပ္ေအာင္ ဘယ္လို လုပ္ေပးရမလဲ ဆိုသည္အား သင္ေပးမည့္ တစ္စုံတစ္ေယာက္ ကို ရွာေပးရန္ ေျပာခဲ့ေသး၏။

အန္းက်ီယန္ က ဤသည္ကို ၾကားသိၿပီးေနာက္ တစ္ခြန္းမွ မေျပာပါေပ။

သူမက အခ်ိဳ႕ေနရာမ်ားတြင္ ဉာဏ္ရည္ ထက္ျမက္လွေသာ္ျငား အခ်ိဳ႕က႑မ်ားတြင္ သူမက က်န္းပိကဲ့သို႔ တုံးအလွသည္။

ေပါက္စီလုံးေလး အေၾကာင္း ေျပာခ်ိန္တြင္မွ သူသည္ ေပါက္စီလုံးေလး ကို မေတြ႕ရသည္မွာ ႏွစ္ရက္ရွိၿပီ ျဖစ္ေၾကာင္း အန္းက်ီယန္ သတိရသြားေလသည္။ သူက မနက္ခင္းတြင္ သူ႕ကို ေတြ႕ရန္ သြားေလ့ရွိ၏။ ၿပီးခဲ့သည့္ ႏွစ္ရက္တြင္ သူသည္ အိမ္ေတာ္အသစ္ႏွင့္ အလုပ္ရႈပ္ေနၿပီး ခ်ဳန္းမင္ဧကရာဇ္၏ တုန့္ျပန္ပုံကိုလည္း ဂ႐ုစိုက္ေနရေလသည္။ ဖူဝူထ်န္း က သူတို႔အေပၚ အေလးမထားသည့္အေၾကာင္းကို က်ဴးခ်န္က ဧကရာဇ္အား ေသခ်ာေပါက္ ျပန္ေျပာလိမ့္မည္ ျဖစ္ေၾကာင္း သူ သိေနေပသည္။ သို႔ေသာ္လည္း ႏွစ္ရက္ၾကာေစာင့္ဆိုင္းၿပီးေနာက္ နန္းေတာ္ဆီမွ မည္သည့္ လႈပ္ရွားမႈ မ်ိဳးမွ မရွိေပ။

သူ႕၏ သတိထားမႈတို႔ကို ျဖည္းျဖည္းခ်င္း ေလွ်ာ့ခ်လိဳက္ေလသည္။

အင္ပါယာဖူနန္းေတာ္၌...။

အန္းက်ီယန္ က သူ႕အခ်ိန္ဇယားကို ေျပာင္းလိုက္ၿပီး ေပါက္စီလုံးေလး ဆီသို႔ အလည္သြားရန္ ျပင္လိုက္သည္။ သူက ေပါက္စီလုံးေလး ေနထိုင္ရာ ၿခံဝန္းထဲသို႔ ဝင္လိုက္ခ်ိန္တြင္ တစ္စုံတစ္ခု မွားယြင္းေနေၾကာင္း ခံစားမိလိုက္သည္။ သူ႕ေခါင္းကို ေမာ့ၾကည့္လိုက္ခ်ိန္တြင္ သူ႕ဆီ လာေနသည့္ အိမ္ေတာ္ထိန္းႀကီးလီကို ျမင္လိုက္ရေလသည္။

"ဝမ္ေဖး...ဒီကို ဘယ္လိုေရာက္လာတာပါလဲ?"

အိမ္ေတာ္ထိန္း လီက တစ္ေယာက္ေယာက္ ၾကားေစရန္ တမင္သက္သက္ ရည္႐ြယ္ေနသည့္ အက်ယ္ႀကီး ေအာ္ေျပာေနေလ၏။

သူက သူ႕မ်က္ႏွာထက္ရွိ ႐ုတ္႐ုတ္သဲသဲ ျဖစ္ေနမႈကို ဖုံးကြယ္ရန္ ႀကိဳးစားေသာ္ျငား အန္းက်ီယန္ က ေပါက္စီလုံးေလး ၏ အခန္း ပြင့္ေနသည္ကို သတိထားမိသြားသည္မို႔ သူ႕အၾကည့္က ေလးနက္လာေလသည္။

"ခင္ဗ်ား ဒီမွာ ဘာလုပ္ေနတာလဲ?ကြၽန္ေတာ့္ ညီေလးရဲ႕ အခန္းထဲကေကာ ဘယ္သူလဲ?"

အိမ္ေတာ္ထိန္းလီ၏ နဖူးထက္တြင္ ေအးစက္စက္ ေခြၽးစတို႔ ထြက္ျပဴလာေလ၏။

အန္းက်ီယန္ က သူ႕ကို တြန္းဖယ္ကာ ဆက္ေလွ်ာက္သြားသည္။

အိမ္ေတာ္ထိန္းလီက ခ်က္ခ်င္းဆိုသလို သူ႕ကို လမ္းပိတ္လိုက္ေလ၏။

"ဝမ္ေဖး..."

"ဝါးးးးး!!!"

အလြန္တရာ က်ယ္ေလာင္သည့္ ကေလးငိုသံက သူ႕စကားမ်ားကို ျဖတ္ေတာက္သြားေလ၏။ ထို႔ေနာက္တြင္ ေပါက္စီလုံးေလး၏ အခန္းထဲမွ ထိုင္ခုံကို ကန္ခ်လိဳက္သည့္ႏွယ္ က်ိဳးပဲ့သံတစ္ခု ထြက္လာေလသည္။

အန္းက်ီယန္ က သူ႕ကို ခပ္ျပင္းျပင္း တြန္းခ်လိဳက္ၿပီး အခန္းဆီသို႔သာ အျမန္သြားလိုက္သည္။

အိမ္ေတာ္ထိန္းလီက ေနာက္သို႔ ေျခလွမ္းအနည္းငယ္ ယိမ္းယိုင္သြားေလၿပီး တိုင္လုံးႏွင့္ ဝင္ေဆာင့္မိမလို ျဖစ္သြားရသည္။ သူက "ဟာ သြားပါၿပီ"ဟု ခပ္တိုးတိုး ေရ႐ြတ္ကာ အခန္းထဲရွ္ လူ ကံေကာင္းေစရန္ကိုသာ ဆုေတာင္းလိုက္မိေတာ့သည္။

အန္းက်ီယန္ က အထဲသို႔ ေျပးဝင္သြားေလသည္။ ကေလးငိုသံက ေပ်ာက္ကြယ္သြား၏။ ၾကမ္းျပင္ထက္၌ ထိုင္ခုံ အခ်ိဳ႕ လဲေနသည္ကိုသာ သူျမင္ရေလသည္။ သို႔ေသာ္ အခန္းထဲ၌ ရွိေနသည့္သူမ်ားကိုမူ မေတြ႕ရေပ။ သူ႕မ်က္ႏွာက အိုး၏ ေအာက္ေျခကဲ့သို႔ မည္းေမွာင္ေနၿပီ ျဖစ္သည္။

"ထြက္ခဲ့စမ္း!"

အန္းက်ီယန္ က အခန္း၏ ေထာင့္တိုင္းအား လွည့္ပတ္ၾကည့္လိုက္သည္။ အခန္းထဲ၌ လူမ်ားရွိေနေၾကာင္း သူ ေသခ်ာသိေပသည္။ အခန္းထဲရွိ ျပတင္းေပါက္မ်ားအားလုံးသည္ ပိတ္ထားၿပီး ျဖစ္၏။ တစ္ေယာက္ေယာက္ ကသာ ျပတင္းေပါက္မွ ထြက္ေျပးရန္ ႀကိဳးစားပါက သူတို႔တြင္ ျပတင္းေပါက္ ကို ျပန္လွည့္ပိတ္ရန္ အခ်ိန္ရမည္ မဟုတ္ေပ။

အိမ္ေတာ္ထိန္းလီက အထဲသို႔ ေျပးဝင္လာၿပီး ဘာမွမရွိသည့္ အခန္းပိုသာ ျမင္လိုက္ရသည္။ သူက ပို၍ပင္ စိုးရိမ္ပူပန္လာေလ၏။ သြားၿပီ...အားလုံး သြားေခ်ၿပီ။ ျပႆနာက ပိုမို ျပင္းထန္လာဟန္ရသည္။

အခ်ိန္အေတာ္ၾကာသည္ထိ ျပန္ေျဖမည့္သူ ရွိမလာေပ။

အန္းက်ီယန္၏ အမူအရာက ပို၍ မည္းေမွာင္လာေလသည္။ ထို႔ေနာက္ သူက ႐ုတ္ခ်ည္း ေနာက္လွည့္ၾကည့္လိုက္၏။ ဝဖိုင့္ဖိုင့္ လူအိုႀကီး သည္ တံခါးေနာက္၌ ပုန္းေနၿပီး အခန္းအျပင္သို႔ လစ္ထြက္ရန္ အဆင္သင့္ျဖစ္ေနေသာ္ျငား အန္းက်ီယန္ က သူ႕ကို ခ်က္ခ်င္း ဖမ္းမိသြားခဲ့၏။

ဝဖိုင့္ဖိုင့္ လူအိုႀကီး၏ နဖူးျပင္ထက္တြင္ ေခြၽးေအးမ်ား စို႐ႊဲလာေလသည္။

အန္းက်ီယန္၏ အၾကည့္က လူအိုႀကီး၏ လက္ေမာင္းၾကားသို႔ ေရာက္ရွိသြား၏။ လူအိုႀကီး၏ လက္ထဲတြင္ ကေလးတစ္ေယာက္ ရွိေနၿပီး လက္တစ္ဖက္က ကေလး၏ ပါးစပ္ကို အုပ္ထားေလသည္။ ကေလးငယ္၏ စပ်စ္သီး အနက္ေရာင္ကဲ့သို႔ မ်က္ဝန္းေလးက မ်က္ရည္မ်ားျဖင့္ ျပည့္ေနၿပီး ပါးျပင္မ်ားက ရဲတြတ္ေနကာ အန္းက်ီယန္ကို သနားစဖြယ္ ၾကည့္ေနေလ၏။ အန္းက်ီယန္ သက္ျပင္းတစ္ခ်က္ခ်လိဳက္ၿပီးကေလးကို သူ႕လက္ထဲသို႔ ဆြဲယူလိုက္ေလသည္။

ကေလးငယ္က သူ႕အစ္ကို၏ လက္ထဲသို႔ ေရာက္သည္ႏွင့္ စတင္ ငိုေႂကြးေလေတာ့သည္။ အန္းက်ီယန္ ရင္ခြင္ထဲတြင္ မွီတြယ္ေနရင္း သူ႕၏ ေဖာင္းကစ္ကစ္ လက္ကေလးႏွစ္ဖက္က သူ႕အစ္ကို၏ အဝတ္အစားမ်ားကို တင္းၾကပ္စြာ ဆုပ္ကိုင္ထား၏။ သူ႕၏ ရွိုက္သံေလးမ်ားက သနားစဖြယ္ ေကာင္းလွသည္။ သူက ေျခာက္လ ခုနစ္လသားအ႐ြယ္သာ ျဖစ္ေသာ္လည္း မွတ္ဉာဏ္ ေကာင္းလွသည္ျဖစ္ရာ သူႏွင့္အရင္းႏွီးဆုံးသူကို သိေပသည္။

အန္းက်ီယန္ က ေပါက္စီလုံးေလး ကို ခ်ီထားၿပီး သူ႕၏ လႈပ္ရွားမႈမ်ားက တုန့္ဆိုင္းမေနဘဲ အေလ့အက်င့္ရွိေနသည့္ႏွယ္ ျဖစ္ေလသည္။ သူက ကေလးငယ္၏ ေက်ာကုန္းေလးကို လက္တစ္ဖက္ျဖင့္ အသာပြတ္ေပးလိုက္ၿပီး ျဖည္းျဖည္းခ်င္း အငိုတိတ္သြားသည့္ခ်ိန္ထိ နားေထာင္ေနေလ၏။ ထို႔ေနာက္မွသာ သူက ဝဖိုင့္ဖိုင့္လူအိုႀကီး ကို အာ႐ုံစိုက္လိုက္သည္။ ထိုလူအိုႀကီးမွာကား ဖူေလာင္ဝမ္ရယ္ ျဖစ္သည္။ လူအိုႀကီးက ေက်ာကို ဆန့္ထားပါေသာ္ျငား သူ႕ကိုေတာ့ တည့္တည့္ မၾကည့္ရဲပါေပ။




Continue Reading

You'll Also Like

288K 19.9K 166
The Divine woman Draupadi was born as the eternal consort of Panadavas. But we always fail to treasure things which we get easily. Same happened with...
13.1K 929 61
Just like how two shores of sea can never meet, they can never meet too, might be physically but never mentally. The other shore is too far to even t...
2.6M 139K 54
In ancient Times, we have heard about stories of kings who were in polygamous marriages. And certain movies have romanticised their life with second...
69.5K 6.7K 60
" The darkness closed in around him, like a shroud of silence. Veeranshu's eyes fluttered open, and he was met with an unfamiliar ceiling. Groggily...