(Completed )Thinking of Deer...

By Xiao_Yiii

159K 29.8K 1.3K

Total Chapter - 32 Author - Mo Li Eng Tran - Peony and Peach သင့္ရဲ႔လံုျခံဳေရးခါးပတ္ကိုျမန္ျမန္တပ္ၿပီးအႏုပညာအ... More

Description
Chapter(1)
Chapter(2)
Chapter(3)
Chapter(4)
Chapter(5)
Chapter(6)
Chapter(7)
Chapter(8)
Chapter(9)
Chapter(10)
Chapter(11)
Chapter(13)
Chapter(14)
Chapter(15)
Chapter(16)
Chapter(17)
Chapter(18)
Chapter(19)
Chapter(20)
Chapter(21)
Chapter(22)
Chapter(23)
Chapter(24)
Chapter(25)
Chapter(26)
Chapter(27)
Chapter(28)
Chapter(29)
Chapter(30)
Chapter(31)
Extra
Thank You

Chapter(12)

3.4K 824 21
By Xiao_Yiii

Unicode

Chapter(12)

ဖေးချောင်းသည်အမျိုးသမီးမှိုလေးနှစ်ယောက်အားငုံ့ကြည့်လိုက်ပြီးသူ့မျက်နှာကိုတင်းနိုင်သမျှတင်းထားလိုက်သည်။သူတို့သူ့ဆီကဒီလိုမျက်နှာမျိုးမြင်လိုက်ရရင်နောက်ပြန်ဆုတ်သွားပြီးသူ့ဆီကလက်မှတ်ထပ်မတောင်းဖို့မျှော်လင့်ရင်းပေါ့..

သူတို့ကိုင်ထားတဲ့စာအုပ်က သူ့ထုတ်ဝေခဲ့တဲ့ပထမဆုံးနဲ့ တစ်အုပ်တည်းသော comic ဖြစ်သည်။စာအုပ်အဖုံးပေါ်မှာ စာရေးသူရဲ့နာမည် 'သမင်လေးဖေးဖေး' အားအလွန်ကောင်းမွန်သည့်လေဆာနည်းပညာကိုသုံးပြီးမတူညီတဲ့အလင်းရောင်အတိုင်းမတူညီတဲ့အရောင်များဖြစ်ပေါ်စေရန်ထွင်းထည့်ထားသည်။အဲ့ဒါကို rainbow Mary Sue colored ဟုလည်းခေါ်သည်။

တစ်ချိန်တုန်းကတော့ဖေးချောင်းသည်အဖုံးပေါ်မှာချွင်ယွဲ့ယောင်ရဲ့နူးညံ့သိမ်မွေ့သည့်စတိုင်အားစုတ်ချက်တစ်ချက်ခြင်းဆီတိုင်းသေချာအာရုံစိုက်စွဲခဲ့ပြီးကိုယ့်ကိုကိုယ်အလွန်ကျေနပ်အားရခဲ့ကာဒီကမ္ဘာတစ်ခုလုံးမှာသူ့လောက်လှအောင်ဆွဲနိုင်တဲ့သူရှိမှာမဟုတ်ဘူးဟုခံစားခဲ့ရသည်။

သို့သော်ဖေးချောင်းမှာချွင်ယွဲ့ယောင်နဲ့တွေ့ဆုံပြီးအတူတူစားသောက်၊သူနဲ့အတူတူကားစီးပြီး၊ပွဲတွေမှာအတူတူရိုက်ကူးရေးလုပ်ခဲ့ပြီးနောက်မှာတော့ဘယ်သူမှချွင်ယွဲ့ယောင်ကိုတကယ်တမ်းမဆွဲနိုင်ဘူးဆိုတာဖေးချောင်းနားလည်သဘောပေါက်သွားတော့သည်။

သူချွင်ယွဲ့ယောင်ရဲ့အလှအပကိုအပြင်ဘက်လိုင်းတွေကိုဖော်ပြနိုင်တယ်ဆိုပေမယ့်သူ့ရဲ့ကြီးကျယ်မြင့်မြတ်မှုကိုတော့မဖော်ပြနိုင်ဘူး..

အဆုံးမှာတော့ဖေးချောင်းသည်မှိုပွင့်လေးနှစ်ယောက်ရဲ့ချော့မော့မှုကိုတောင့်မခံထားနိုင်တော့ပဲအဖုံးပေါ်မှာတွန့်ဆုတ်ဆုတ်နဲ့စုတ်ချက်တစ်ချို့ဆွဲပေးလိုက်ရတော့သည်။

သူတို့ဆီကနေခက်ခက်ခဲခဲခွဲထွက်လာပြီးနောက်မှဖေးချောင်းသည်ချွင်ယွဲ့ယောင်ပြဿနာတက်နေတာကိုမြင်လိုက်ရတာကြောင့်ထိတ်လန့်သွားလေသည်။

သူအဝေးရောက်သွားတာမိနစ်ပိုင်းပဲရှိသေးတယ်ချွင်ယွဲ့ယောင်ကပရိသတ်ပင်လယ်ထဲမှာအဆွဲခံနေရပြီ။သူ့လက်ထောက်သုံးယောက်လည်းလူလှိုင်းလုံးကြီးကြောင့်အဝေးကိုတွန်းပို့ခံလိုက်ရပြီးဘယ်မှာအဆုံးသတ်သွားမှန်းတောင်မသိဘူး...

ဖေးချောင်းကချက်ချင်းလူအုပ်ကြားထဲကနေတိုးဝင်သွားပြီးသူ့စီနီယာအကိုအားအပြင်ဘက်သို့ဆွဲထုတ်တော့သည်။ချွင်ယွဲ့ယောင်ရဲ့ရှပ်အကျီၤပေါ်မှကြယ်သီးအားလုံးကပျောက်ဆုံးကုန်ပြီဖြစ်ပြီးအကယ်၍ဖေးချောင်းသာနည်းနည်းလောက်နောက်ကျသွားရင်သူ့ခါးပတ်ပါပျောက်သွားနိုင်လောက်သည်။

ဖေးချောင်းကသူ့ကိုကာကွယ်ထားရင်းဖြင့် TV studio ထဲသို့ပြေးဝင်ကာစိတ်ပူပန်မှုနဲ့ဒေါသကြားထဲကနေဆူပူမိသည်။

"စီနီယာအကို,ဘာလို့ဒီနေ့သက်တော်စောင့်တွေကိုအတူတူမခေါ်လာရတာလဲ!"

ချွင်ယွဲ့ယောင်ကသူ့ရဲ့ပုံပျက်ပန်းပျက်ဖြစ်နေသောရှပ်အကျီၤအားပြန်ဆွဲစုနေရင်းပေါ့ပေါ့ပါးပါးပဲပြန်ပြောသည်။

"မင်းရှိနေတာပဲမဟုတ်ဘူးလား?"

"......" 

ဒါ,ဒါတော့ဟုတ်တယ်..အိုး

သူတို့ပြန်တဲ့အချိန်ရောက်ရင်တော့ဖေးချောင်းကသူ့မန်နေဂျာကိုမေးမြန်းကြည့်ဖို့ရည်ရွယ်ထားသည်။

အကယ်၍များတစ်နေ့မှာသူက celebrity မဖြစ်နိုင်လို့ celebrity ရဲ့သက်တော်စောင့်ဖြစ်ချင်တယ်ဆိုရင်အဲ့ဒါကလည်းအတွင်းပိုင်းပြောင်းရွှေ့မှုလို့သတ်မှတ်လို့ရတယ်မှတ်လား?

....................

သူတို့က old-school indoor program တစ်ခုမှာပါဝင်ရိုက်ကူးတာဖြစ်ပြီးဒီနေ့ရဲ့ခေါင်းစဉ်က ;

《The road of a beautiful man》ဖြစ်သည်။

ချွင်ယွဲ့ယောင်က host နှစ်ယောက်ကြားမှာ ပထမတန်းစားဖြစ်နေပြီး 'being beautiful' ဖြစ်ရမယ့်အခန်းကဏ္ဍအားတာဝန်ယူထားသည်။တစ်ခြားဂျူနီယာလေးရှစ်ယောက်ကသူတို့ရဲ့ "male beauty" ကိုစွန့်လွှတ်ပြီးရိုက်ကွင်းရဲ့ထောင့်တစ်နေရာမှာမတတ်တပ်ရပ်နေကြသည်။

သစ်ရွက်စိမ်းရှစ်ယောက်ထဲကခုနှစ်ယောက်ကစိတ်အခြေအနေဆိုးရွားလာကြပြီးချွင်ယွဲ့ယောင်နဲ့အပြန်အလှန်ယှဉ်ပြိုင်နိုင်ရန်ကင်မရာရှေ့မှာတိုးဝှေ့နေကြ၏။

ဖေးချောင်းတစ်ယောက်တည်းသာအနောက်ဘက်မှာလိမ်လိမ်မာမာနဲ့မတ်တပ်ရပ်နေပြီးသေးငယ်တဲ့မှိုလေးများကသူ့စီနီယာအကိုဘေးမှာပကျွတ်ပကျွတ်လုပ်နေသည်ကိုကြင်နာလှတဲ့မျက်လုံးများနဲစောင့်ကြည့်နေသည်။

တစ်ခြားသူတွေကတော့သူဒီလိုမျိုးတစ်ခြားသူတွေနဲ့မတိုက်ခိုက်ခြင်းသည်သူကအလွန်မိုက်မဲသည့်မျိုးကွဲဂန္ဓာမာပန်းလေးဟုထင်ကြပေမယ့်လည်းဒီကမ္ဘာပေါ်မှာဒီလောက်အရပ်မြင့်မားတဲ့ဂန္ဓာပန်းရှိလို့လား?

စင်ပေါ်မှာသူ့ရဲ့စွဲမက်ဖွယ်ကိုယ်ဟန်အနေအထားကိုပြပြီးမတ်တပ်ရပ်လိုက်တာနဲ့တင်ကင်မရာကသူ့အလိုလိုနောက်ကနေလိုက်ပါသွားလိမ့်မည်။

ပရိတ်သတ်ရဲ့မျက်လုံးထဲမှာတော့ဖေးချောင်းရဲ့ဆန့်ကျင်ဘက်ဆွဲဆောင်မှုကိုမြင်နေရသည်။

သူမပြုံးတဲ့အချိန်မှာသူ့ပုံစံကသွေးအေးပြီးချောမောခန့်ညားတဲ့သူတစ်ယောက်နဲ့တူနေသည်။သို့သော်လည်းသူပြုံးလိုက်သည့်တစ်ခဏမှာတော့အနီရောင်ပန်းပွင့်လေးများနဲ့အစိမ်းရောင်သစ်ရွက်လေးများပွင့်ဖူးလာသလိုမျိုး၊ နွေဦးရာသီရဲ့ oriole ငှက်လေးက သီချင်းတစ်ပုဒ်သီဆိုလိုက်သလိုမျိုးပဲ

မျှော်လင့်ချက်များနဲ့ဆန့်ကျင်စွာပင်ဖေးချောင်းရဲ့အပြုံးကအလွန်နည်းပါးနေသည်။ချွင်ယွဲ့ယောင်ဘာပဲပြောပါစေသူကနောက်ကွယ်ကနေသာတိတ်တဆိတ်ပြုံးနေပြီး၊သူ့စီနီယာအကိုအားဂရုတစိုက်လိုက်ကြည့်ပြီးပြုံးနေတာကြောင့်သူက XXXL fan ဂျူနီယာညီငယ်လေးဆိုတာကိုတစ်ခြားသူတွေမသိမှာကြောက်နေသလိုပင်။

ဒီတစ်ခေါက်အကြောင်းအရာရဲ့ခေါင်းစဉ်က "The road of a beautiful man" ဖြစ်တာကြောင့် "sex appeal" ကိုမီးမောင်းထိုးပြနေသည်ကသဘာဝပင်။လူတိုင်းရဲ့မိတ်ကပ်နဲ့အဝတ်အစားများကခေါင်းစဉ်နဲ့ကိုက်ညီစွာအမျိုးသားတစ်ယောက်ရဲ့သွေးဆောင်မှုကိုဖော်ပြနေသည်။

သွေးဆောင်မှုရဲ့အလေးပေးမှုကကွဲပြားနေတာတစ်ခုတည်းသာ

ဥပမာအားဖြင့်,ငါးယောက်အဖွဲ့ boy band ကမာကျောပြီးရိုရှင်းသည့် concept ဖြင့်"sexy"ကျနေသည်။ဆံပင်များကို ခဲပြာရောင်၊အညိုရောင်ပြီးတော့အဖြူရောင်များဆိုးထားပြီးအစိမ်းရောင်၊အပြာရောင်နဲ့ ခရမ်းရောင်မျက်ကပ်မှန်များဝတ်ဆင်ထားကာအနီရောင် eye shadow, အနက်ရောင် eyeliners များနဲ့ငွေရောင်တစ်လက်လက်တောက်နေသည့်နားကပ်များကိုဝတ်ဆင်ထားသည်။

သူတို့ငါးယောက်အတူတူရပ်နေတဲ့အချိန်မှာသူတို့ပုံစံကချွင်ယွဲ့ယောင်ကိုတုပထားသည့်ပုံတူငါးယောက်လိုပင်။

Drama idol မျက်နှာသစ်လေးနှစ်ယောက်က ပိုအဆင်ပြေသည်

တစ်ယောက်ကဂျင်းအပြဲကိုဝတ်ထားပြီး တစ်ခြားတစ်ယောက်ကညှပ်ရိုးပေါ်နေသည့် T-shirt ကိုဝတ်ဆင်ထားသည်။ သို့သော်,သူတို့ဆီမှာလည်းချွင်ယွဲ့ယောင်ရဲ့အရိပ်နဲ့အတိုင်းအတာတစ်ခုထိတူနေသေးသည်။

ဆန့်ကျင်ဘက်အားဖြင့်,ချွင်ယွဲ့ယောင်ကိုယ်တိုင်ကတော့ဒီနေ့မှာအလွန်ကိုလတ်ဆတ်သည့်ဝတ်စုံများဝတ်ဆင်ထာသည်။

သူကပုံမှန်ဆိုရင် sexy လမ်းကြောင်းနဲ့ထွက်တတ်သော်လည်း အခုတော့ရိုးရှင်းသည့်ရှပ်အင်္ကျီနှင့် သာမာန်ဘောင်းဘီတစ်ထည်ကိုသာ ဝတ်ထားကာသူ့ဆံပင်များကတော့ ကျောင်းဝင်းထဲကကောင်းမွန်တဲ့ ကျောင်းသားကောင်လေးတစ်ယောက်လိုမျိုးလွတ်လွတ်လပ်လပ်ချထားသည်။

ဒါပေမဲ့ကောင်းမွန်တဲ့ကောင်လေးတစ်ယောက်ကဆွဲဆောင်မှုမရှိဘူးလို့ဘယ်သူပြောလဲ?ပရိတ်သတ်ထဲက fan တွေရဲ့အော်ဟစ်သံက စကားပြောနေတယ်..

ပြီးတော့ဖေးချောင်းရဲ့နှလုံးခုန်သံကလည်းအဲ့ဒါကိုသက်သေပြနိုင်တယ်

program ရဲ့ပထမတစ်ဝက်လောက်မှာ တစ်ခြားသစ်ရွက်စိမ်းခုနှစ်ယောက်လုံးကကင်မရာရှေ့မှာချွင်ယွဲ့ယောင်နဲ့ကောင်းမွန်တဲ့ဆက်ဆံရေးမြောက်မြားစွာရှိနေကြသည်။

ဖေးချောင်းတစ်ယောက်တည်းသာနောက်ဆုံးလိုင်းမှာမတ်တပ်ရပ်နေပြီးအကယ်၍ဒီအတိုင်သာဆက်သွားနေမယ်ဆိုရင်ဗလာမျက်နှာဆိုပြီးခေါင်းစဉ်တပ်ခံရမယ့်ကံကြမ္မာကနေမလွတ်မြောက်နိုင်လောက်ပေ။

ကံကောင်းစွာနဲ့ဒုတိယတစ်ဝက်လောက်မှာ ဖေးချောင်းကကံကောင်းပြီး jackpot ရသွားကာချွင်ယွဲ့ယောင်နဲ့တစ်သင်းတည်းကျသွားသည်။

ဧည့်သည်ကိုးဦးနဲ့ TV presenter တစ်ယောက်,အမျိုးသားဆယ်ယောက်ကလုပ်ဆောင်မှုတစ်ခုကိုပြီးစီးရန်အတွက်အုပ်စုနှစ်စုခွဲထုတ်လိုက်ခြင်းပင်။

သို့သော်လည်းထိုလုပ်ဆောင်မှုမှာခြေထောက်မသုံးရပဲအဲ့ဒီအစားပါးစပ်ကိုသာသုံးရမှာဖြစ်သည်။

အကုန်လုံးရဲ့ပါးစပ်ထဲမှာအထူးပြုလုပ်ထားသော 50 mL baby bottle လေးများအားကိုက်ထားရသည်။

A က B ရဲ့ပုလင်းထဲကို နို့လောင်းထည့်ပေးရမှာဖြစ်ပြီး B က C ရဲ့ပုလင်းထဲကိုထည့်ပေးရမည်။C က D ထဲကိုလောင်းထည့်ပေးရမှာဖြစ်ပြီး D ကတော့ E ထဲကိုထည့်ပေးရမှာပင်။ နောက်ဆုံးမှာနို့ 200 mL စုဆောင်းနိုင်တဲ့ပထမဆုံးအဖွဲ့ကအနိုင်ရလိမ့်မည်။

ထိုဂိမ်းကတကယ့်ကိုအလွန်ညစ်ပတ်ပေမယ့်လုပ်နိုင်တဲ့အရာလည်းမရှိလေဘူး.. ဒီနွားနို့ brand က sponsor ဖြစ်ဖို့ဘယ်သူကများ ခွင့်ပေးခဲ့လို့လဲ?

အား,မင်းကိုပိုက်ဆံပေးတဲ့သူကမင်းအဖေပဲ

အား,မင်းကိုနို့ပေးတဲ့သူကမင်းအမေပဲ

နို့သယ်ယူပို့ဆောင်ရေးကိုပိုပြီးအဆင်ပြေစေရန်အုပ်စုတိုင်းကအမြင့်ကိုတိုင်းတာကြရသည်။ဖေးချောင်းကတော့ပထမနေရာကိုရဖို့ အပြည့်အဝထိုက်တန်သည်။1.82 meters နဲ့ချွင်ယွဲ့ယောင်ကတတိယဖြစ်သွားပြီးသူတို့နှစ်ယောက်ကြားမှာလူတစ်ယောက်ခြားသွားတာကတော့နှမြောစရာပဲ။

ဖေးချောင်းကအနည်းငယ်စိတ်ပျက်သွားသော်လည်းအနည်းငယ်လည်းကျေးဇူးတင်သွားမိသည်။အကယ်၍သာသူ့ပါးစပ်နဲ့သူ့အိုင်ဒေါကိုနို့တိုက်ရမယ်ဆိုရင်မတော်တဆသူ့တစ်ကိုယ်လုံးကိုပါပို့ပေးမိသွားလိမ့်မယ်။

=====================
Zawgyi

Chapter(12)

ေဖးေခ်ာင္းသည္အမ်ိဳးသမီးမွိဳေလးနွစ္ေယာက္အားငံု႔ၾကည့္လုိက္ျပီးသူ႔မ်က္နွာကိုတင္းနုိင္သမ်ွတင္းထားလုိက္သည္။သူတို႔သူ႔ဆီကဒီလိုမ်က္နွာမ်ိုးျမင္လုိက္ရရင္ေနာက္ျပန္ဆုတ္သြားျပီးသူ႔ဆီကလက္မွတ္ထပ္မေတာင္းဖို႔ေမ်ွာ္လင့္ရင္းေပါ့..

သူတို႔ကိုင္ထားတဲ့စာအုပ္က သူ႔ထုတ္ေဝခဲ့တဲ႔ပထမဆံုးနဲ႔ တစ္အုပ္တည္းေသာ comic ျဖစ္သည္။စာအုပ္အဖံုးေပၚမွာ စာေရးသူရဲ႔နာမည္ 'သမင္ေလးေဖးေဖး' အားအလြန္ေကာင္းမြန္သည့္ေလဆာနည္းပညာကိုသံုးျပီးမတူညီတဲ့အလင္းေရာင္အတုိင္းမတူညီတဲ့အေရာင္မ်ားျဖစ္ေပၚေစရန္ထြင္းထည့္ထားသည္။အဲ့ဒါကို rainbow Mary Sue colored ဟုလည္းေခၚသည္။

တစ္ခ်ိန္တုန္းကေတာ့ေဖးေခ်ာင္းသည္အဖံုးေပၚမွာခ်ြင္ယြဲ႔ေယာင္ရဲ႔ႏူးည့ံသိမ္ေမြ႔သည့္စတိုင္အားစုတ္ခ်က္တစ္ခ်က္ျခင္းဆီတိုင္းေသခ်ာအာရံုစိုက္စြဲခဲ့ျပီးကိုယ့္ကိုကိုယ္အလြန္ေက်နပ္အားရခဲ့ကာဒီကမာၻတစ္ခုလံုးမွာသူ႔ေလာက္လွေအာင္ဆြဲနုိင္တဲ့သူရွိမွာမဟုတ္ဘူးဟုခံစားခဲ့ရသည္။

သို႔ေသာ္ေဖးေခ်ာင္းမွာခ်ြင္ယြဲ႔ေယာင္နဲ႔ေတြ႔ဆံုျပီးအတူတူစားေသာက္၊သူနဲ႔အတူတူကားစီးျပီး၊ပြဲေတြမွာအတူတူရိုက္ကူးေရးလုပ္ခဲ့ျပီးေနာက္မွာေတာ့ဘယ္သူမွခ်ြင္ယြဲ႔ေယာင္ကိုတကယ္တမ္းမဆြဲနုိင္ဘူးဆိုတာေဖးေခ်ာင္းနားလည္သေဘာေပါက္သြားေတာ့သည္။

သူခ်ြင္ယြဲ႔ေယာင္ရဲ႔အလွအပကိုအျပင္ဘက္လိုင္းေတြကိုေဖာ္ျပနိုင္တယ္ဆိုေပမယ့္သူ႔ရဲ႔ၾကီးက်ယ္ျမင့္ျမတ္မွုကိုေတာ့မေဖာ္ျပနိုင္ဘူး..

အဆံုးမွာေတာ့ေဖးေခ်ာင္းသည္မွိဳပြင့္ေလးနွစ္ေယာက္ရဲ႔ေခ်ာ့ေမာ့မွုကိုေတာင့္မခံထားနုိင္ေတာ့ပဲအဖံုးေပၚမွာတြန္႔ဆုတ္ဆုတ္နဲ႔စုတ္ခ်က္တစ္ခ်ိဳ႕ဆြဲေပးလိုက္ရေတာ့သည္။

သူတို႔ဆီကေနခက္ခက္ခဲခဲခြဲထြက္လာျပီးေနာက္မွေဖးေခ်ာင္းသည္ခ်ြင္ယြဲ႔ေယာင္ျပႆနာတက္ေနတာကိုျမင္လုိက္ရတာေၾကာင့္ထိတ္လန္႔သြားေလသည္။

သူအေဝးေရာက္သြားတာမိနစ္ပိုင္းပဲရွိေသးတယ္ခ်ြင္ယြဲ႔ေယာင္ကပရိသတ္ပင္လယ္ထဲမွာအဆြဲခံေနရျပီ။သူ႔လက္ေထာက္သံုးေယာက္လည္းလူလွိဳင္းလံုးၾကီးေၾကာင့္အေဝးကိုတြန္းပို႔ခံလိုက္ရျပီးဘယ္မွာအဆံုးသတ္သြားမွန္းေတာင္မသိဘူး...

ေဖးေခ်ာင္းကခ်က္ခ်င္းလူအုပ္ၾကားထဲကေနတိုးဝင္သြားျပီးသူ႔စီနီယာအကိုအားအျပင္ဘက္သို႔ဆြဲထုတ္ေတာ့သည္။ခ်ြင္ယြဲ႔ေယာင္ရဲ႔ရွပ္အက်ီၤေပၚမွၾကယ္သီးအားလံုးကေပ်ာက္ဆံုးကုန္ျပီျဖစ္ျပီးအကယ္၍ေဖးေခ်ာင္းသာနည္းနည္းေလာက္ေနာက္က်သြားရင္သူ႔ခါးပတ္ပါေပ်ာက္သြားနုိင္ေလာက္သည္။

ေဖးေခ်ာင္းကသူ႔ကိုကာကြယ္ထားရင္းျဖင့္ TV studio ထဲသို႔ေျပးဝင္ကာစိတ္ပူပန္မွုနဲ႔ေဒါသၾကားထဲကေနဆူပူမိသည္။

"စီနီယာအကုိ,ဘာလို႔ဒီေန႔သက္ေတာ္ေစာင့္ေတြကိုအတူတူမေခၚလာရတာလဲ!"

ခ်ြင္ယြဲ႔ေယာင္ကသူ႔ရဲ႔ပံုပ်က္ပန္းပ်က္ျဖစ္ေနေသာရွပ္အက်ီၤအားျပန္ဆြဲစုေနရင္းေပါ့ေပါ့ပါးပါးပဲျပန္ေျပာသည္။

"မင္းရွိေနတာပဲမဟုတ္ဘူးလား?"

"......" 

ဒါ,ဒါေတာ့ဟုတ္တယ္..အိုး

သူတို႔ျပန္တဲ့အခ်ိန္ေရာက္ရင္ေတာ့ေဖးေခ်ာင္းကသူ႔မန္ေနဂ်ာကိုေမးျမန္းၾကည့္ဖို႔ရည္ရြယ္ထားသည္။

အကယ္၍မ်ားတစ္ေန႔မွာသူက celebrity မျဖစ္နုိင္လို႔ celebrity ရဲ႔သက္ေတာ္ေစာင့္ျဖစ္ခ်င္တယ္ဆိုရင္အဲ့ဒါကလည္းအတြင္းပိုင္းေျပာင္းေရႊ႔မွုလို႔သတ္မွတ္လို႔ရတယ္မွတ္လား?

....................

သူတို႔က old-school indoor program တစ္ခုမွာပါဝင္႐ိုက္ကူးတာျဖစ္ၿပီးဒီေန႔ရဲ႔ေခါင္းစဥ္က ;

《The road of a beautiful man》ျဖစ္သည္။

ခၽြင္ယြဲ႔ေယာင္က host ႏွစ္ေယာက္ၾကားမွာ ပထမတန္းစားျဖစ္ေနၿပီး 'being beautiful' ျဖစ္ရမယ့္အခန္းက႑အားတာဝန္ယူထားသည္။တစ္ျခားဂ်ဴနီယာေလးရွစ္ေယာက္ကသူတို႔ရဲ႔ "male beauty" ကိုစြန္႔လႊတ္ၿပီး႐ိုက္ကြင္းရဲ႔ေထာင့္တစ္ေနရာမွာမတတ္တပ္ရပ္ေနၾကသည္။

သစ္ရြက္စိမ္းရွစ္ေယာက္ထဲကခုႏွစ္ေယာက္ကစိတ္အေျခအေနဆိုးရြားလာၾကၿပီးခၽြင္ယြဲ႔ေယာင္နဲ႔အျပန္အလွန္ယွဥ္ၿပိဳင္ႏိုင္ရန္ကင္မရာေရွ႕မွာတိုးေဝွ႕ေနၾက၏။

ေဖးေခ်ာင္းတစ္ေယာက္တည္းသာအေနာက္ဘက္မွာလိမ္လိမ္မာမာနဲ႔မတ္တပ္ရပ္ေနၿပီးေသးငယ္တဲ့မွိုေလးမ်ားကသူ႔စီနီယာအကိုေဘးမွာပကၽြတ္ပကၽြတ္လုပ္ေနသည္ကိုၾကင္နာလွတဲ့မ်က္လံုးမ်ားနဲေစာင့္ၾကည့္ေနသည္။

တစ္ျခားသူေတြကေတာ့သူဒီလိုမ်ိဳးတစ္ျခားသူေတြနဲ႔မတိုက္ခိုက္ျခင္းသည္သူကအလြန္မိုက္မဲသည့္မ်ိဳးကြဲဂႏၶာမာပန္းေလးဟုထင္ၾကေပမယ့္လည္းဒီကမာၻေပၚမွာဒီေလာက္အရပ္ျမင့္မားတဲ့ဂႏၶာပန္းရွိလို႔လား?

စင္ေပၚမွာသူ႔ရဲ႔စြဲမက္ဖြယ္ကိုယ္ဟန္အေနအထားကိုျပၿပီးမတ္တပ္ရပ္လိုက္တာနဲ႔တင္ကင္မရာကသူ႔အလိုလိုေနာက္ကေနလိုက္ပါသြားလိမ့္မည္။

ပရိတ္သတ္ရဲ႔မ်က္လံုးထဲမွာေတာ့ေဖးေခ်ာင္းရဲ႔ဆန္႔က်င္ဘက္ဆြဲေဆာင္မႈကိုျမင္ေနရသည္။

သူမျပံဳးတဲ့အခ်ိန္မွာသူ႔ပံုစံကေသြးေအးၿပီးေခ်ာေမာခန္႔ညားတဲ့သူတစ္ေယာက္နဲ႔တူေနသည္။သို႔ေသာ္လည္းသူျပံဳးလိုက္သည့္တစ္ခဏမွာေတာ့အနီေရာင္ပန္းပြင့္ေလးမ်ားနဲ႔အစိမ္းေရာင္သစ္ရြက္ေလးမ်ားပြင့္ဖူးလာသလိုမ်ိဳး၊ ေႏြဦးရာသီရဲ႔ oriole ငွက္ေလးက သီခ်င္းတစ္ပုဒ္သီဆိုလိုက္သလိုမ်ိဳးပဲ

ေမွ်ာ္လင့္ခ်က္မ်ားနဲ႔ဆန္႔က်င္စြာပင္ေဖးေခ်ာင္းရဲ႔အျပံဳးကအလြန္နည္းပါးေနသည္။ခၽြင္ယြဲ႔ေယာင္ဘာပဲေျပာပါေစသူကေနာက္ကြယ္ကေနသာတိတ္တဆိတ္ျပံဳးေနၿပီး၊သူ႔စီနီယာအကိုအားဂ႐ုတစိုက္လိုက္ၾကည့္ၿပီးျပံဳးေနတာေၾကာင့္သူက XXXL fan ဂ်ဴနီယာညီငယ္ေလးဆိုတာကိုတစ္ျခားသူေတြမသိမွာေၾကာက္ေနသလိုပင္။

ဒီတစ္ေခါက္အေၾကာင္းအရာရဲ႔ေခါင္းစဥ္က "The road of a beautiful man" ျဖစ္တာေၾကာင့္ "sex appeal" ကိုမီးေမာင္းထိုးျပေနသည္ကသဘာဝပင္။လူတိုင္းရဲ႔မိတ္ကပ္နဲ႔အဝတ္အစားမ်ားကေခါင္းစဥ္နဲ႔ကိုက္ညီစြာအမ်ိဳးသားတစ္ေယာက္ရဲ႔ေသြးေဆာင္မႈကိုေဖာ္ျပေနသည္။

ေသြးေဆာင္မႈရဲ႔အေလးေပးမႈကကြဲျပားေနတာတစ္ခုတည္းသာ

ဥပမာအားျဖင့္,ငါးေယာက္အဖြဲ႔ boy band ကမာေက်ာၿပီး႐ိုရွင္းသည့္ concept ျဖင့္"sexy"က်ေနသည္။ဆံပင္မ်ားကို ခဲျပာေရာင္၊အညိဳေရာင္ၿပီးေတာ့အျဖဴေရာင္မ်ားဆိုးထားၿပီးအစိမ္းေရာင္၊အျပာေရာင္နဲ႔ ခရမ္းေရာင္မ်က္ကပ္မွန္မ်ားဝတ္ဆင္ထားကာအနီေရာင္ eye shadow, အနက္ေရာင္ eyeliners မ်ားနဲ႔ေငြေရာင္တစ္လက္လက္ေတာက္ေနသည့္နားကပ္မ်ားကိုဝတ္ဆင္ထားသည္။

သူတို႔ငါးေယာက္အတူတူရပ္ေနတဲ့အခ်ိန္မွာသူတို႔ပံုစံကခၽြင္ယြဲ႔ေယာင္ကိုတုပထားသည့္ပံုတူငါးေယာက္လိုပင္။

Drama idol မ်က္ႏွာသစ္ေလးႏွစ္ေယာက္က ပိုအဆင္ေျပသည္

တစ္ေယာက္ကဂ်င္းအၿပဲကိုဝတ္ထားၿပီး တစ္ျခားတစ္ေယာက္ကၫွပ္႐ိုးေပၚေနသည့္ T-shirt ကိုဝတ္ဆင္ထားသည္။ သို႔ေသာ္,သူတို႔ဆီမွာလည္းခၽြင္ယြဲ႔ေယာင္ရဲ႔အရိပ္နဲ႔အတိုင္းအတာတစ္ခုထိတူေနေသးသည္။

ဆန္႔က်င္ဘက္အားျဖင့္,ခၽြင္ယြဲ႔ေယာင္ကိုယ္တိုင္ကေတာ့ဒီေန႔မွာအလြန္ကိုလတ္ဆတ္သည့္ဝတ္စံုမ်ားဝတ္ဆင္ထာသည္။

သူကပံုမွန္ဆိုရင္ sexy လမ္းေၾကာင္းနဲ႔ထြက္တတ္ေသာ္လည္း အခုေတာ့႐ိုးရွင္းသည့္ရွပ္အက်ႌႏွင့္ သာမာန္ေဘာင္းဘီတစ္ထည္ကိုသာ ဝတ္ထားကာသူ႔ဆံပင္မ်ားကေတာ့ ေက်ာင္းဝင္းထဲကေကာင္းမြန္တဲ့ ေက်ာင္းသားေကာင္ေလးတစ္ေယာက္လိုမ်ိဳးလြတ္လြတ္လပ္လပ္ခ်ထားသည္။

ဒါေပမဲ့ေကာင္းမြန္တဲ့ေကာင္ေလးတစ္ေယာက္ကဆြဲေဆာင္မႈမရွိဘူးလို႔ဘယ္သူေျပာလဲ?ပရိတ္သတ္ထဲက fan ေတြရဲ႔ေအာ္ဟစ္သံက စကားေျပာေနတယ္..

ၿပီးေတာ့ေဖးေခ်ာင္းရဲ႔ႏွလံုးခုန္သံကလည္းအဲ့ဒါကိုသက္ေသျပႏိုင္တယ္

program ရဲ႔ပထမတစ္ဝက္ေလာက္မွာ တစ္ျခားသစ္ရြက္စိမ္းခုႏွစ္ေယာက္လံုးကကင္မရာေရွ႕မွာခၽြင္ယြဲ႔ေယာင္နဲ႔ေကာင္းမြန္တဲ့ဆက္ဆံေရးေျမာက္ျမားစြာရွိေနၾကသည္။

ေဖးေခ်ာင္းတစ္ေယာက္တည္းသာေနာက္ဆံုးလိုင္းမွာမတ္တပ္ရပ္ေနၿပီးအကယ္၍ဒီအတိုင္သာဆက္သြားေနမယ္ဆိုရင္ဗလာမ်က္ႏွာဆိုၿပီးေခါင္းစဥ္တပ္ခံရမယ့္ကံၾကမၼာကေနမလြတ္ေျမာက္ႏိုင္ေလာက္ေပ။

ကံေကာင္းစြာနဲ႔ဒုတိယတစ္ဝက္ေလာက္မွာ ေဖးေခ်ာင္းကကံေကာင္းၿပီး jackpot ရသြားကာခၽြင္ယြဲ႔ေယာင္နဲ႔တစ္သင္းတည္းက်သြားသည္။

ဧည့္သည္ကိုးဦးနဲ႔ TV presenter တစ္ေယာက္,အမ်ိဳးသားဆယ္ေယာက္ကလုပ္ေဆာင္မႈတစ္ခုကိုၿပီးစီးရန္အတြက္အုပ္စုႏွစ္စုခြဲထုတ္လိုက္ျခင္းပင္။

သို႔ေသာ္လည္းထိုလုပ္ေဆာင္မႈမွာေျခေထာက္မသံုးရပဲအဲ့ဒီအစားပါးစပ္ကိုသာသံုးရမွာျဖစ္သည္။

အကုန္လံုးရဲ႔ပါးစပ္ထဲမွာအထူးျပဳလုပ္ထားေသာ 50 mL baby bottle ေလးမ်ားအားကိုက္ထားရသည္။

A က B ရဲ႔ပုလင္းထဲကို ႏို႔ေလာင္းထည့္ေပးရမွာျဖစ္ၿပီး B က C ရဲ႔ပုလင္းထဲကိုထည့္ေပးရမည္။C က D ထဲကိုေလာင္းထည့္ေပးရမွာျဖစ္ၿပီး D ကေတာ့ E ထဲကိုထည့္ေပးရမွာပင္။ ေနာက္ဆံုးမွာႏို႔ 200 mL စုေဆာင္းႏိုင္တဲ့ပထမဆံုးအဖြဲ႔ကအႏိုင္ရလိမ့္မည္။

ထိုဂိမ္းကတကယ့္ကိုအလြန္ညစ္ပတ္ေပမယ့္လုပ္ႏိုင္တဲ့အရာလည္းမရွိေလဘူး.. ဒီႏြားႏို႔ brand က sponsor ျဖစ္ဖို႔ဘယ္သူကမ်ား ခြင့္ေပးခဲ့လို႔လဲ?

အား,မင္းကိုပိုက္ဆံေပးတဲ့သူကမင္းအေဖပဲ

အား,မင္းကိုႏို႔ေပးတဲ့သူကမင္းအေမပဲ

ႏို႔သယ္ယူပို႔ေဆာင္ေရးကိုပိုၿပီးအဆင္ေျပေစရန္အုပ္စုတိုင္းကအျမင့္ကိုတိုင္းတာၾကရသည္။ေဖးေခ်ာင္းကေတာ့ပထမေနရာကိုရဖို႔ အျပည့္အဝထိုက္တန္သည္။1.82 meters နဲ႔ခၽြင္ယြဲ႔ေယာင္ကတတိယျဖစ္သြားၿပီးသူတို႔ႏွစ္ေယာက္ၾကားမွာလူတစ္ေယာက္ျခားသြားတာကေတာ့ႏွေျမာစရာပဲ။

ေဖးေခ်ာင္းကအနည္းငယ္စိတ္ပ်က္သြားေသာ္လည္းအနည္းငယ္လည္းေက်းဇူးတင္သြားမိသည္။အကယ္၍သာသူ႔ပါးစပ္နဲ႔သူ႔အိုင္ေဒါကိုႏို႔တိုက္ရမယ္ဆိုရင္မေတာ္တဆသူ႔တစ္ကိုယ္လံုးကိုပါပို႔ေပးမိသြားလိမ့္မယ္။

=====================

Continue Reading

You'll Also Like

233K 35.1K 87
»This is not my own story »Just translate for fun »All credits go to the original author and translator »Cover photo from pinterest
181K 23.7K 45
Title ✿ Heart of Glass Original Author ✿ Jing Shui Eng Translator : Yundun, Cheshire Status : 11 chapters + 2 extras (Com...
3.6M 360K 38
ခူးဆြတ္ဖို႔မေလာပါနဲ႔ တစ္ခ်ိန္မွာအလိုက္သင့္ေႂကြက်ေပးပါ့မယ္ အဲအခ်ိန္က်ရင္သာ တယုတယနဲ႔ေကာက္ယူပါ ေမာင္ရယ္
130K 18.7K 43
Title ✿ He's Not My Shadow Guard, He's My Lover Original Author ✿ Luo Gu Eng Translator : Addis Status : 21 chapters (Complet...