ကုန်းမြေကြီး၏ အရှင်သခင်ဝမ်ဖေး...

Autorstwa Hululu61

348K 58K 2.4K

အရင် accထဲဝင်မရတော့လို့ Book ခွဲလိုက်ပါပြီ 🙆 ဒါက အပိုင်း ၁ ကနေ ဖတ်လို့ရတဲ့ Linkပါ🖤 https://my.w.tt/7FVYRdnw... Więcej

အပိုင်း (၄၁) - အတူတူအိပ်ခြင်း
အပိုင်း (၄၁) - အိပ်ရာမျှဝေခြင်း (CENSOR)
အပိုင်း (၄၂.၁) - ကူဖော်လောင်ဖက်
အပိုင်း (၄၂.၂) - ကူဖော်လောင်ဖက်(WARNING)
အပိုင်း (၄၃) - ကိုယ် မြင်လိုက်တယ်
အပိုင်း (၄၄) - မနက်စာ
အပိုင်း (၄၅) - တော်ဝင်မိသားစု သဘောထား
အပိုင်း (၄၆) - ဇနီးလေးရဲ့ ညီငယ်သေးသေးလေး
အပိုင်း (၄၇) - လယ်သမားများ
အပိုင်း (၄၈) - အန်းမိသားစုသို့ အပြန်
အပိုင်း (၄၉.၁) - သတို့သမီး မိဘအိမ် ပထမဆုံးပြန်ချိန် အကျပ်အတည်း
အပိုင်း (၄၉.၂) - သတို့သမီး မိဘအိမ် ပထမဆုံးပြန်ချိန် အကျပ်အတည်း
အပိုင်း (၅၀) - ခြိမ်းခြောက်ဖို့ရန်
အပိုင်း (၅၁) - တန်ပြန်အစီအစဥ်
အပိုင်း (၅၂) - အလုံးစုံ ထိန်းချုပ်ခြင်း
အပိုင်း (၅၃) - စားနပ်ရိက္ခာ သိုလှောင်ခြင်း
အပိုင်း (၅၄) - အစားအစာ ရရှိဖို့ရန်
အပိုင်း (၅၅) - မွှေးပျံ့ကော့လန်သည့် ဆန်(ပေါ်ဆန်းမွှေး)
အပိုင်း (၅၆) - သက်သေခံ အထောက်အထား
အပိုင်း (၅၇) - ပုန်းကွယ်နေသည့် လုပ်ကြံသတ်ဖြတ်သူ
အပိုင်း (၅၈) - လျှော်ပင်နှင့် ပင်လယ်တားမြစ်ချက်
အပိုင်း (၅၉) - ပိုးပန်းသူ
အပိုင်း (၆၀) - အန်းချောင်၏ စိတ်ဓာတ်ကြံ့ခိုင်မှု
အပိုင်း (၆၁.၁) - မမြင်ရသော လွှမ်းမိုးနိုင်စွမ်း
အပိုင်း (၆၁.၂) - မမြင်ရသော လွှမ်းမိုးနိုင်စွမ်း
အပိုင်း (၆၂.၁) - တိုးတက်မှု
အပိုင်း (၆၂.၂) - တိုးတက်မှု
အပိုင်း (၆၃.၁) - စာရင်းစာအုပ်
အပိုင်း (၆၃.၂) - စာရင်းစာအုပ်
အပိုင်း (၆၄.၁) - ဖူဝူထျန်း ၏ စွမ်းအား
အပိုင်း (၆၄.၂) - ဖူဝူထျန်း၏ စွမ်းအား
အပိုင်း (၆၅.၁) - ညဘက် ဝန်းရံတိုက်ခိုက်မှု
အပိုင်း (၆၅.၂) - ညဘက်ဝန်းရံတိုက်ခိုက်မှု
အပိုင်း (၆၆.၁) - ခေါင်းဖြတ်ကွပ်မျက်ခြင်း
အပိုင်း (၆၆.၂) - ခေါင်းဖြတ်ကွပ်မျက်ခြင်း
အပိုင်း (၆၇.၁) - အငြင်းပွားမှုအား စာရင်းရှင်းခြင်း
အပိုင်း (၆၇.၂) - အငြင်းပွားမှုအား စာရင်းရှင်းခြင်း
အပိုင်း (၆၈.၁) - တိုက်ဆိုင်မှု
အပိုင်း (၆၈.၂) - တိုက်ဆိုင်မှု
Attention Plz
အပိုင်း (၆၉.၁) - ရူးဟန်ဆောင်ခြင်း
အပိုင်း (၆၉.၂) - ရူးဟန်ဆောင်ခြင်း
အပိုင်း (၇၀.၁) - လက်ထပ်ပေးခြင်း
အပိုင်း (၇၀.၂) - လက်ထပ်ပေးခြင်း
အပိုင်း (၇၁) - ဉာဏ်ပူဇော်ခ
အပိုင်း (၇၂) - စစ်ကြောမေးမြန်းခြင်း
အပိုင်း (၇၃) - စစ်ကြောမေးမြန်းခြင်းနှင့် စိတ်အား ထက်သန်မှု
အပိုင်း (၇၄.၁) - သာမန်လူများနှင့် ခြားနားသော[Warning!🔞]
အပိုင်း (၇၄.၂) - သာမန်လူများနှင့် ခြားနားသော
အပိုင်း(၇၅.၁) - ကူညီရန်
အပိုင်း (၇၅.၂) - ကူညီရန်
အပိုင်း (၇၆.၁) - လင်မယားနှစ်ယောက်သား အလည်အပတ်ရောက်လာခြင်း
အပိုင်း (၇၆.၂) - လင်မယားနှစ်ယောက်သား အလည်အပတ်ရောက်လာခြင်း
အပိုင်း (၇၇) - စီရင်ချက်
အပိုင်း (၇၉.၁) - အပြစ်ပေးခြင်း
အပိုင်း (၇၉.၂) - အပြစ်ပေးခြင်း
အပိုင်း (၈၀.၁) - ကိုယ်လုပ်တော် ရွေးချယ်ပွဲနှင့် စာပို့ခို
အပိုင်း (၈၀.၂) - ကိုယ်လုပ်တော် ရွေးချယ်ပွဲနှင့် စာပို့ခို
အပိုင်း (၈၁.၁) - လောင်းကစားရုံ
အပိုင်း (၈၁.၂) - လောင်းကစားရုံ
အပိုင်း (၈၂.၁) - ရက်စက်သော ပြိုင်ပွဲ
အပိုင်း (၈၂.၂) - ရက်စက်သော ပြိုင်ပွဲ
!!!

အပိုင်း (၇၈) - အန်းနန်းဆောင်

3.8K 745 12
Autorstwa Hululu61

Unicode

အပိုင်း (၇၈) - အန်းနန်းဆောင်

ချုန်းမင်ဧကရာဇ် နန်းသက် ၂၇နှစ်...ငါးလပိုင်း ၂၉ ရက်။

ချန်းပြည်နယ် အတွင်း ဖူဝူထျန်း၏ စွမ်းဆောင်မှုများကြောင့် ချုန်းမင်ဧကရာဇ်က အလွန်အမင်း ပျော်ရွှင်သွားလေသည်။ ဖူဝူထျန်း ဝမ်ဖေး၏ မိသားစုက ကျွင်းကျီမြို့ဆီသို့ ရွှေ့လာမည်ဖြစ်ကြောင်း ကြားပြီးနောက် ဧကရာဇ်က သူတို့ကို အိမ်တော်တစ်ခုပေးကာ ကိုယ်တိုင်ကိုယ်ကျ အန်းနန်းဆောင်ဟု အမည်သတ်မှတ်ပေးခဲ့လေသည်။

အန်းမိသားစုက ကျွင်းကျီမြို့သို့ ရောက်သည်နှင့် ချက်ချင်းဆိုသလို ဧကရာဇ်၏ အာရုံကို ဆွဲဆောင်နိုင်သွားသည်မို့ လူအများက မနာလိုအားကျမှုကြောင့် အစိမ်းရောင်ပင် သန်းသွားကြသည်။ ဝမ်ရယ်တစ်ပါး ကို လက်ထပ်နိုင်ခဲ့ပြီး ထိုဝမ်ရယ်က တာ့ယာပြည်၏ စစ်နတ်ဘုရား ဖြစ်နေသည်မို့ ဘာမဟုတ်သည့် မြေရှင်ငယ်လေးက ဧကရာဇ်၏ ဆွေမျိုးတော် ဖြစ်လာရသည်။ လူပေါင်းများစွာ က သူ့၏ ကံကောင်းမှုကြောင့် မနာလိုအားကျနေလေ၏။

သို့သော်လည်း ကာယကံရှင်ကမူ ထိုအတွေးကို သဘောတူဟန်မရချေ။

"ဧကရာဇ် က ခင်ဗျားရဲ့ စွမ်းဆောင်မှုတွေကို အိမ်တော်တစ်ခုလောက်နဲ့ လျှောချဖို့ ကြံစည်နေတာလား?"

အန်းကျီယန် ထိုအကြောင်းကို သိပြီးနောက် ဖူဝူထျန်းကို အလိုလို လှည့်ကြည့်လိုက်မိသည်။ အင်ပါယာ အမိန့်စာ ရောက်လာချိန်က သူသည် ကျွင်းကျီမြို့၌ အရင်က ဝယ်ထားသော ခြံဝန်းထဲ၌ ရှိနေခြင်း ဖြစ်သည်။ မူလကတော့ သူက ဤနေရာတွင် အစေခံများခန့်အပ်လိုခဲ့ပြီး အထူးသဖြင့် ဝမ်ချင်းလန်အတွက် ဖြစ်သည်။ ထိုအစား သူက သတင်းကို ကြားလိုက်ရသောကြောင့်ခြံဝန်းသို့ ချက်ချင်း ပြန်လာခဲ့ခြင်း ဖြစ်၏။

ဤသည်မှာ ဧကရာဇ် က အန်းမိသားစု ရှိ လူတိုင်းကို ဤနေရာ၌ နေစေလိုကြောင်း သွယ်ဝိုက် ပြောလိုက်ခြင်းပေလား။

သို့သော် အရေးအကြီးဆုံး အရာမှာ ချုန်းမင်ဧကရာဇ် သည် သူ့၏ အင်ပါယာသားတော်များကို သူတို့၏ လက်ထပ်ပွဲနေ့က တက်ရောက်ခြင်းမပြုစေရန် ရှင်းရှင်းလင်းလင်း အမိန့်ပေးခဲ့သည်ပင်။ ထို့နောက် ယခုတွင် သူက ဤအိမ်တော်ကို ဝမ်းသာအားရ လက်ဆောင်ပေးနေသည်။ သူ့၌ အခြားသော ရည်ရွယ်ချက်များ မရှိ ဟု ယုံရန်မှာ ခက်ခဲလှပေသည်။

ဖူဝူထျန်းက ဝမ်းမြောက်ကြည်နူးဟန် ပြောလိုက်သည်။

"မဟုတ်ဘူး"

အန်းကျီယန် မျက်ခုံးက တွန့်ချိုးသွားလေ၏။

"အဲ့လောက်တောင် သေချာလား?"

ဖူဝူထျန်းက ပြန်ဖြေလေသည်။

“သူ ဒီမင်းသားရဲ့ လက်ထဲက စစ်သည်အင်အားကို ပြန်မရသေးသရွေ့ ဒီမင်းသားကို တိုက်ခိုက်နိုင်စွမ်း မရှိပါဘူး။ ဒါ့အပြင် ချန်းပြည်နယ် မှာ ဖြစ်ခဲ့တဲ့ကိစ္စတွေက လူတိုင်း သိထားကြပြီးသားလေ။ သူ ဒါကို ဖျောက်ဖျက်ပစ်လို့မရဘူး။ ချန်းပြည်နယ် ရဲ့ အခြေအနေ တကယ် တိုးတက်လာတဲ့အခါကျရင် သူ အချိန်ဆွဲထားချင်ရင်တောင် လုပ်နိုင်စွမ်း ရှိမှာမဟုတ်တော့ဘူး”

အန်းကျီယန် တိတ်ဆိတ်သွားသည်။

ထို့နောက် ဖူဝူထျန်းက ပြောလိုက်၏။

"ဝမ်ဖေးလေး အဖေရဲ့ စတုတ္ထကိုယ်လုပ်တော်ကို အိမ်တော်ထဲ မရှိစေချင်ဘူးဆိုရင် သူမအတွက် အခြားခြံဝန်းတစ်ခုပြင်ဆင်ပေးလိုက်ကြတာပေါ့"

"ဟင့်အင်း...သူမကို အထဲမှာပဲ နေခိုင်းမယ်"

အန်းကျီယန် က သူ့ခေါင်းကို ခါလိုက်လေသည်ယေ သူမကို သူမြင်သာသည့် နေရာ၌ ထားခြင်းကို သူမကို ထောက်လှမ်းရန် ပိုမို လွယ်ကူသွားစေသည်။

ချုန်းမင်ဧကရာဇ်၏ အင်ပါယာအမိန့်စာက စောလည်းမစော နောက်လည်းမကျဘဲ အချိန်ကိုက် ရောက်ရှိလာသည်။ အန်းမိသားစု ရှိ လူများ ခြံဝန်းထဲသို့ ပြောင်းရွှေ့ပြီးမှ ရောက်လာသည်မို့ သူတို့သည် ယခုတွင် အန်းနန်းဆောင် သို့ ပြောင်းရွှေ့ရတော့မည် ဖြစ်သည်။ သို့သော် အန်းကျီယန် က ထိုနေရာကို မမြင်ဖူးသေးသည်မို့ သူက ချက်ချင်း ရွှေ့ပြောင်းလိုခြင်းမရှိပေ။ သူက နန်းဆောင်၏ အနေအထား ကို ဦးစွာ လေ့လာကြည့်ရှုရန် ဆုံးဖြတ်လိုက်၏။ ဖူဝူထျန်းတွင်လည်း အခြားလုပ်စရာမရှိသည်မို့ အန်းကျီယန် နှင့်အတူ နန်းဆောင်သစ်သို့ လိုက်သွားလေသည်။ အန်းနန်းဆောင် က အင်ပါယာ ဖူနန်းတော်၏ ညာဘက်တွသ် ရှိလေသည်။ ထိုနန်းတော်နှစ်ခုမှာ ကပ်လျက် တည်ရှိနေပြီး ခြေးလှမ်းအနည်းငယ်မျှသာ ကွာဝေးသည်။

အန်းနန်းဆောင် က အလွန်ပင် ကြီးမားလှသည်။ အင်ပါယာဖူနန်းတော် လောက် မကြီးမားလှသော်ငြား လူ ရာအနည်းငယ်လောက် နေဖို့အတွက်မူ ပြဿနာမရှိပေ။

အန်းကျီယန် အန်းနန်းဆောင်၏ ဝင်ပေါက်ကို ကြည့်လိုက်သည်နှင့် ယခုမှ တည်ဆောက်ပြီးခါစ အိမ်တော် ဖြစ်ကြောင်း ပြောနိုင်ပေသည်။ အကြောင်းမှာ အုတ်များနှင့် ကြွေပြားများသည် အသစ်အတိုင်း ရှိနေသေးသောကြောင့် ဖြစ်သည်။ နန်းတော်သစ်၌ တစ်ယောက်မှ နေရသေးပုံ မရပေ။

ဖူဝူထျန်း က သူ့ သံသယများကို သိမြင်သည်မို့ ပြောလိုက်လေသည်။

"ပထမတုန်းက ဒီနန်းဆောင်ကို မင်းသမီးကျိုးဟွာ အတွက် ဆိုပြီး ချုန်းမင်ဧကရာဇ် က ဆောက်လုပ်ပေးခဲ့တာလေ"

အန်းကျီယန် အလိုလို မျက်မှောင်ကြုတ်လိုက်မိသည်။ မင်းသမီးတစ်ပါး အတွက် နန်းတော်ကို အန်းမိသားစု ဆီ လက်ဆောင် ပေးသတဲ့လား?ချုန်းမင်ဧကရာဇ် က အန်းမိသားစု ကို မင်းသမီးကျိုးဟွာ မုန်းသွားအောင် ကြံစည်နေတာလား?ဒီ နည်းလမ်းက ပျင်းစရာကောင်းလောက်အောင် ရိုးအီနေပေပြီ။

သူတို့နှစ်ဦး နန်းတော်နားသို့ ရောက်သွားသော်ငြား တံခါးပေါက်က အထဲမှ ဖွင့်လာလေသည်။

လေးနက်သည့်မျက်နှာနှင့် သတ်လတ်ပိုင်း လူကြီးတစ်ယောက် ထွက်လာကာ သူတို့ရောက်လာမည်ကို ကြိုသိနေသလိုဖြင့် ပြောလာလေသည်။

"ဒီအစေခံ ကျူးချန်က ဝမ်ရယ်နဲ့ ဝမ်ဖေးကို နှုတ်ဆက်ပါတယ်"

အန်းကျီယန် က ဖူဝူထျန်းကို ကြည့်လိုက်မိ၏။

ဖူဝူထျန်းက သူ့ကို လှေကားထစ်များဆီ ဦးဆောင်ခေါ်သွားလေသည်။

ကျူးချန်က သူ့ကိုယ်ကို ဖယ်ပေးလိုက်သော်ငြား နောက်ကိုတော့ မဆုတ်သွားပေ။

သူတို့နှစ်ယောက် နန်းဆောင်အတွင်း ပတ်လျှောက်ပြီးနောက်တွင် နန်းဆောင်ထဲ၌ လူပေါင်းများစွာ ရှိနေကြောင်း သူတို့ တွေ့လိုက်ရ၏။ တစ်ချက်ကြည့်လိုက်ရုံနှင့် ထိုလူများအားလုံးသည် ပြင်းပြင်းထန်ထန် သင်ကြားခံထားရသူများ ဖြစ်ကြောင်း သိနိုင်ပေသည်။ သူတို့က အတွင်းထဲ၌ နှစ်တန်းခွဲစီကာ ရပ်နေကြ၏။

ဖူဝူထျန်းက ပြောလိုက်၏။

"အန်းမိသားစု က ဒီလောက် လူအများကြီး မလိုဘူး။ သူတို့အားလုံး ကို ပြန်ခေါ်သွားလိုက်"

ကျူးချန်က ဤစကားသည် သူ့ကို တိုက်ရိုက်ရည်ညွှန်းခြင်းဖြစ်ကြောင်း သိလိုက်သည်မို့ ပြန်ဖြေလိုက်၏။

"ဝမ်ရယ့်ကို လျှောက်တင်ပါတယ်။ ဧကရာဇ် က ဒီအစေခံဆီ သူတို့ကို ပို့လိုက်တာပါ။ ဝမ်ဖေးရဲ့လူတွေအားလုံးက ဒီမှာ အသစ်ရောက်လာကြတဲ့ သူတွေလေ။ ဧကရာဇ် က သူတို့ နေရာသစ် ပတ်ဝန်းကျင် အသစ်နဲ့ နေသားမကျမှာကို စိုးရိမ်နေပါတယ်။ ဒါ့အပြင် အန်းနန်းဆောင် က အရမ်းကြီးမားတာမလို့ ဒီအစေခံကို ကူညီစေဖို့အတွက် လွှတ်လိုက်တာပါ။ ဝမ်ဖေးရဲ့ လူတွေက အရာအားလုံးနဲ့ ရင်းနှီးလာတဲ့ အထိ ကျုပ်ကို ဒီမှာနေပေးဖို့ အမိန့်ပေးထားပါတယ်"

"ဒီမင်းသားရဲ့ မိသားစုကို ဒီမင်းသား ကိုယ်တိုင်ပဲ ဂရုစိုက်လိုက်မယ်။ ဧကရာဇ် ကို အနှောင့်အယှက် ပေးဖို့မလိုဘူး။ ပြန်သွားပြီးတော့ ဧကရာဇ် ကို အဲ့လိုပဲ လျှောက်တင်လိုက်"

အရူးမဟုတ်သည့်သူတိုင်း ချုန်းမင်ဧကရာဇ် က ထိုလူများကို အန်းမိသားစုအား ထိန်းချုပ်ဖို့ရာ စေလွှတ်ထားခြင်းဖြစ်ကြောင်း အလွယ်တကူ သိမြင်နိုင်ပေသည်။ ထို့နောက် အန်းမိသားစု မှတစ်ဆင့် အင်ပါယာ ဖူနန်းတော် ကို ပင်လျှင် ထိန်းချုပ်နိုင်သွားပေလိမ့်မည်။

သူတို့၏ ဆက်ဆံရေး မှာ ထိုမျှ တင်းမာနေလိမ့်မည်ဟု အန်းကျီယန် မမျှော်လင့်ထားမိပေ။

သို့သော်လည်း အနည်းငယ် တွေးကြည့်ပါက ဤသို့ ဖြစ်နေသည်မှာ အံ့သြစရာမရှိပေ။ သမိုင်းတွင် တခြားသူများအပေါ် မဖိနှိပ်လိုသော ဧကရာဇ်ဟူ၍ မရှိပေ။ ချုန်းမင်ဧကရာဇ်က အားနည်းသည့် ဘုရင် ဖြစ်နေလျှင်ပင် သူက သူ့၏ ထိန်းချုပ်မှုအောက်၌ မရှိသည့် တစ်စုံတစ်ယောက်ကို လိုလားမည် မဟုတ်။ ထိုပြင် ဤသူကလည်း တာ့ယာပြည်၏ စစ်သည်အင်အား တစ်ဝက်ကျော်လောက်ကို ချုပ်ကိုင်ထားသူ ဖြစ်နေသေး၏။

ဖူဝူထျန်း ပြန်လာသည်မှာ လအနည်းငယ်မျှသာ ရှိသေးသော်ငြား သူက ဧကရာဇ် ကို အလေးမထားသည်မှာ သိသာလှသည်။ ဧကရာဇ် က သူ့၏ လူများကို အန်းနန်းဆောင်၌ ခြေကုပ်ယူစေရန်အတွက် စိတ်အားထက်သန်နေသည်မှာ အံ့အားသင့်စရာ မရှိပေ။

"ဝမ်ရယ်... ဒီအစေခံက မလိုက်လျောပေးနိုင်တာမလို့ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ"

ကျူးချန်က ဖူဝူထျန်း၏ စကားများကို ကြားလိုက်သော်ငြား ကြောက်ရွံ့မှု မရှိနေဆဲ ဖြစ်သည်။ သူ့၏ အမူအရာ က မပြောင်းမလဲ ရှိနေလေ၏။ သူက ချုန်းမင်ဧကရာဇ်၏ ကိုယ်ပိုင်အစေခံ ဖြစ်သည်မို့ ဧကရာဇ်၏ အမိန့်များကိုသာ နာခံပေသည်။ ထို့ပြင် ကျွင်းဝမ်က သူ့ကို ထိခိုက်အောင်လုပ်မည်ကိုအား မကြောက်ရွံ့ပေ။ ကျွင်းဝမ်၌ ထိုစွမ်းအားရှိလျှင်ပင် သူ့နောက်၌ ဧကရာဇ် ရှိပြီး သူသည်လည်း မည်သည့် ဥပဒေကိုမှ မချိုးဖောက်ခဲ့ပေ။ ထို့ကြောင့် ကျွင်းဝမ်က သူ့ကို ဘာမှ လုပ်နိုင်စွမ်းမရှိ ဟု ယူဆထားလေသည်။

ဖူဝူထျန်း က သူ့၏ တုန့်ပြန်မှုကို နားထောင်ပြီးနောက်တွင် ဖြည်းဖြည်းချင်း လှည့်ကြည့်လာလေသည်။

ကျူးချန်၏ ခန္ဓာကိုယ်က အလွန်ပင် ဖြောင့်တန်းနေကာ ကျိုးနွံဟန်ရော စိတ်ကြီးဝင်ဟန်ရော မရှိပေ။

သူ့၏ စိတ်သဘော အလွန်ပင် စနစ်ကျ ကြံ့ခိုင်ဟန် ရသော်ငြား သူ့၏ မျက်လုံးများကတော့ ဖျော့တော့သည့် အထင်သေးဟန်အကြည့်ကို ရှင်းရှင်းလင်းလင်း ဖော်ပြနေလေသည်။

"ဒီတော့ မင်းက ဒီမှာ နေကိုနေရမယ် လို့ ပြောနေတာလား?"

ဖူဝူထျန်းက ရုတ်ချည်း ဆိုသလို ဟက်ခနဲ ရယ်ချလိုက်လေပြီး သူ့အသံကလည်း ပိုမို ညင်သာသွားသည်။

ကျူးချန်၏ ခန္ဓာကိုယ် က တုန်ယင်သွားလေပြီး နောက်ဆုံးတွင် သူ့မျက်လုံးထဲ၌ ကြောက်ရွံ့မှု အငွေ့အသက်တစ်ခု ကပ်တွယ်လာသည်။

ဤသည်မှာ သူ ဖူဝူထျန်းကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်း မဟုတ်ပေ။ သူက နန်းတော် ထဲ၌ နေခဲ့သည်မှာ ကြာပြီ ဖြစ်ပြီး ဧကရာဇ်နှင့် အရင်းနှီးဆုံးလူများထဲမှ တစ်ယောက်ဖြစ်သည်။ သူက အထိန်းတော်ချုပ်ကြီး ဝမ်ပင်းနှင့်တော့ နှိုင်းယှဥ်၍ မရပါသော်ငြား ဝမ်ပင်း ပြီးလျှင် ဒုတိယဖြစ်သည်။

ဖူဝူထျန်း ရှေ့တန်းဆီမှ အောင်ပွဲခံပြီး ပြန်လာသည့်နေ့က ချုန်းမင်ဧကရာဇ်ကိုယ်တိုင် ဂိတ်ဝသို့ သွားကာ သူ့ကို သွားကြိုခဲ့သည်။ ထိုအချိန်ကကျူးချန်သည်လည်း နောက်မှ လိုက်ပါလာသည်မို့ ချပ်ဝတ်တန်ဆာနှင့် ဖူဝူထျန်း ကို တွေ့ဆုံခွင့်ရခဲ့ပေသည်။ စစ်နတ်ဘုရား ကား အရှိန်အဝါကြီးမားပြီး ခမ်းနားကြီးကျယ်လှသည်။ သူ ဤ ဝမ်ရယ်ငယ်ကို ပထမဆုံး တွေ့ချိန်က ဝမ်ရယ်၏ မျက်လုံးများသည် အေးစက်၍ သွေးဆာရက်စက်နေပေ၏။ အတွေ့အကြုံ အသိအမြင် များပြားလှပြီး ခက်ခဲသည့် ကိစ္စများကို ဖြေရှင်းနိုင်ခဲ့သော သူသည်ပင် ဝမ်ရယ်၏ တည်ရှိမှုကြောင့် တုန်လှုပ်ခြောက်ခြားသွားရသည်။

ထိုအချိန်က ဝမ်ရယ်သည် အပြုံးမရှိသော သွေးအေးလူသား ဖြစ်ကြောင်း သူ ကြားခဲ့ရသည်။ ဤကဲ့သို့သော ရုတ်တရက်ရယ်သံကို ကြားလိုက်ရချိန်တွင် ကျိုးချန်သည် ဆိုးရွားသည့် ခံစားချက်ကို ခံစားလိုက်ရပေ၏။

ကြောက်ရွံ့မှုကြောင့် ကျိုးချန်က အလျှင်အမြန်ပြောလိုက်လေသည်။

"ဝမ်ရယ်...ဒီအစေခံက အမိန့်အတိုင်း လုပ်ရတာပါ။ ဝမ်ရယ့် အနေနဲ့ ဒီအစေခံကို ခက်ခဲအောင် မလုပ်ဖို့ တောင်းပန်ပါရစေ"

အားနည်းမှုကို လှစ်ဟပြလိုက်သည့်အပြင် ထိုစကားက သူ့နောက်၌ ဧကရာဇ်ရှိကြောင်းကို သွယ်ဝိုက်ပြသလိုက်ခြင်းလည်း ဖြစ်သည်။

"ဟုတ်တာပေါ့...မင်းက အမိန့်အတိုင်း လုပ်နေရတယ်ဆိုတာကို ဒီမင်းသား သိတာပေါ့..."

ဖူဝူထျန်း၏ အပြုံးက ရက်စက်ခြင်းအငွေ့အသက်တို့ ရစ်သိုင်းနေလေပြီး သူ့အသံက ပို၍ပင် ပေါ့ပါးလာလေသည်။

ကျူးချန်၏ သွားများမှာ အချင်းချင်း ရိုက်ခတ်မိကုန်သည်။ နောက်ဆုံး၌ သူသည် တည်ငြိမ်သည့်ဟန် မဆောင်နိုင်တော့ပေ။

ဖူဝူထျန်း က သူ့လက်ကို ဖြည်းဖြည်းချင်း မြှောက်လိုက်သည်။

ထိုအခိုက် လက်တစ်ဖက်က သူ့လက်ကောက်ဝတ်ကို လာကိုင်လေ၏။

ဖူဝူထျန်း ခေါင်းလှည့်ကြည့်လိုက်ချိန်တွင် သူ့ကို မျက်မှောင်ကြုတ်ပြီး ကြည့်နေသည့် ဝမ်ဖေးလေးကို မြင်လိုက်ရလေသည်။

"ဘာမှားနေလို့လဲ?"

သူ့မျက်နှာထက်ရှိ အပြုံးက အနည်းငယ် အားနည်းသွားသော်ငြား နွေဦးလေပြေ တိုက်ခတ်သွားသည့်နှယ် သူ့အပြုံးက အလွန်တရာ နွေးထွေးနေပေသေးသည်။

အန်းကျီယန် က ပြောလိုက်၏။

"ဒါက အန်းမိသားစုရဲ့ အိမ်တော်သစ်လေ"

ဖူဝူထျန်းက ချက်ချင်းဆိုသလိုပင် သူ ဘာကို ဆိုလိုသည်အား နားလည်သွားသည်။

အရင်တစ်ခေါက် က အန်းမိသားစုအိမ်တော်တွင် လူနှစ်ယောက် သေခဲ့သည်မို့ တစ်မိသားစုလုံး ရွှေ့ပြောင်းခဲ့ရ၏။ ယခုတွင် ဧကရာဇ်က အန်းနန်းဆောင် ကို သူတို့အား ပေးအပ်ခဲ့ပြီး ထိုနန်းဆောင်ကလည်း အင်ပါယာဖူနန်းတော် နံဘေးတွင် ရှိနေသည်မို့ ပိုမို အဆင်ပြေပေသည်။ ထို့ကြောင့် အန်းကျီယန်က ဤလက်ဆောင်ကို ပြောင်ပြောင်တင်းတင်း လက်ခံရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ သူ ဤနေရာ၌ နေရန် ဆုံးဖြတ်ပြီးပြီမို့ သွေးစက်များ စွန်းထင်းသွားမည်ကိုအား လက်မခံလိုပေ။

ဖူဝူထျန်း၏ မျက်ခုံးတန်းက မသိမသာ တွန့်ကွေးသွားလေသည်။ သူက ကြောက်ရွံ့မှုကြောင့် တုန်ယင်နေသည့် ကျူးချန်ကို ကြည့်ရင်း မကျေမချမ်း ပြောလိုက်သည်။

"မင်းကိုယ်မင်း ကံကောင်းသွားတယ်လို့ တွေးလိုက်...ထွက်သွားစမ်း"

ကျူးချန်က နန်းတော်အစေခံများကို သူနှင့်အတူ ခေါ်သွားလေပြီး အသက်လုပြေးရသည့်နှယ် အန်းနန်းဆောင် မှ ထွက်ခွာသွားကြသည်။

ယခုတွင် ကျွင်းဝမ်က လူသတ်လိုသဘ့် အငွေ့အသက်ကို ထုတ်လွှတ်လိုက်ခြင်း ဖြစ်ကြောင်း သူ သိပေသည်။ သူ မှားစရာ အကြောင်းမရှိပေ။ ကျွင်းဝမ်က သူ့ကို သတ်ပစ်လိုနေကြောင်း တွေးမိသည်နှင့် ဖင်ထဲမှ ချီးထွက်ကျလုမတတ် ကြောက်ရွံ့မိ၏။ ထို့ကြောင့် သူက လွတ်မြောက်ရေးအတွက် ဧကရာဇ်နန်းတော်ဆီသို့ ချက်ချင်း ပြန်သွားခြင်း ဖြစ်သည်။ မည်သည့်နည်းနှင့်မဆို ဧကရာဇ်၏ ရည်ရွယ်ချက်များကို သိရှိသွားကြပြီ ဖြစ်သည်။ ဧကရာဇ်က အပြစ်တင်လိုလျှင် သူက ထို အပြစ်ကို ကျွင်းဝမ် နှင့် သူ့ဝမ်ဖေး အပေါ်သို့ လွှဲချပေးလိုက်ရုံသာ ဖြစ်သည်။ ထိုကိစ္စအတွက်နှင့် သူ့အသက်ကို ပေးဆပ်စရာ မလိုပါပေ။

တားမြစ်မြို့တော်၌...။

ကျူးချန်က ထိုကိစ္စကို ဧကရာဇ်ထံသို့ အလျှင်အမြန် လျှောက်တင်လိုက်ပြီး စိတ်ဝင်စားသဖွယ်ဖြစ်အောက် စီကာပတ်ကုံးလိုက်လေသည်။

သူက အခြားလူများအပေါ် မည်သို့ ကျေးဇူးတင်ရမည်မှန်း သိသည့်သူ မဟုတ်ပေ။ကျွင်းဝမ်၏ ဝမ်ဖေးက သူ့ကို ကယ်တင်လိုက်မှန်း သူသိသော်လည်း သူက ဝမ်ဖေးကို လူကောင်းဟု မသတ်မှတ်ပေ။ ထို့ကြောင့် သူက အန်းကျီယန်၏ နာမည်ကိုလည်း ဆွဲထည့်၍ စွပ်စွဲလေ၏။

"အသုံးမကျတဲ့ အမှိုက်လိုကောင်!"

ချုန်းမင်ဧကရာဇ် က စာအုပ်တစ်အုပ်ကို ကောက်ယူကာ ကျူးချန်ဆီ ပစ်ပေါက်လိုက်လေသည်။

ကျူးချန်က အလွန်အမင်း နာကျင်သွားစေကာမူ အော်သံတစ်ချက်မှ မထွက်ရဲပေ။

"အရှင်မင်းကြီး...ကျေးဇူးပြုပြီး စိတ်ကို လျှော့ပါနော်"

သေးသွယ်လှပသည့် လက်တစ်ဖက် က ဧကရာဇ်၏ ရင်ဘတ်ကို ပွတ်သပ်လာလေပြီး နူးညံ့သော အသံက တော်ဝင်စာဖတ်ခန်းထဲတွင် ညင်သာစွာ ပေါ်လာလေသည်။ ထိုအသံကို ကြားရသူတိုင်း သူတို့၏ ဝမ်းဗိုက်အောက်ပိုင်းဆီမှ သွေးများဆူပွက်သွားပေလိမ့်မည်။

ပန်းတစ်ပွင့်နှယ် နူးညံ့ညင်သာလှသော အလှပဂေးလေး...သူမက ယခင် ကိုယ်လုပ်တော် နှင့် ကွဲပြားလှသည်။ သူမက ဤရက်များအတွင်း၌ ဧကရာဇ် အနှစ်သက်ဆုံး ကိုယ်လုပ်တော် ဖြစ်သည်။ သူမက အိပ်ရာထက်၌ အလွန်ကောင်းမွန်သလို လူအများ၏ စကားလုံးအတိမ်အနက်နှင့် မျက်နှာအမူအရာ တို့ကို ဖတ်ရာ၌လည်း ကျွမ်းကျင်ပေ၏။ သူမ၏ လက်များက မှော်အစွမ်း ရှိနေဟန်ရသည်။ အချိန်တိုင်း လိုလို သူမက ဧကရာဇ်၏ဒေါသကို ပြေပျောက်စေနိုင်လေသည်။ ဤတစ်ခေါက်တွင်လည်း ပြောင်းလဲခြင်း မရှိပေ။

ဧကရာဇ်၏ မျက်နှာထက်ရှိ ဒေါသများသည် အမှန်တကယ်ကိုပင် လျော့ပါးသွားလေ၏။ သူ လက်တစ်ချက် လှုပ်လိုက်လိုက်သည်နှင့် နူးညံ့အိထွေးသော ခန္ဓာကိုယ်လေးကို အလွယ်တကူ သိမ်းဖက်လိုက်နိုင်သည်။ သူ့အကြည့်က သူမ၏ ဖြူဖွေးသော တောင်ပို့နှစ်ခုအပေါ် ရောက်သွားကာ အလှလေးအား သူ့ လက်မောင်းကြားထဲသို့ ဆွဲထည့်လိုက်သည်။ အလှလေးက လန့်သွားဟန် အသံပြုလာလေ၏။

"မင်းတို့အားလုံး ထွက်သွားကြ"

ကျူးချန်နှင့် ကျန်သူများအားလုံး သည် စိတ်သက်သာရာရသွားဟန် သက်ပြင်းချလိုက်၏။ သူတို့က တော်ဝင်စာဖတ်ခန်းထဲမှ ကြောက်ရွံ့မှုနှင့် တုန်လှုပ်ခြောက်ခြားမှုတို့ဖြင့် ပြန်ဆုတ်လာရလေသည်။

ခဏကြာပြီးနောက် တော်ဝင်စာဖတ်ခန်းထဲမှ စူးရှရှ အော်ညည်းသံများ ထွက်ပေါ်လာလေ၏။

[T/N - ညကတည်းက ရေးထားတော့ စောပြီးသွားတယ် ဟီးဟီး 💜]

Zawgyi











"မဟုတ်ဘူး"




















































"ဘာမှားနေလို့လဲ?"

သူ့မျက်နှာထက်ရှိ အပြုံးက အနည်းငယ် အားနည်းသွားသော်ငြား နွဦေးလေပြေ တိုက်ခတ်သွားသည့်နှယ် သူ့အပြုံးက အလွန်တရာ နွေးထွေးနေပေသေးသည်။









တားမြစ်မြို့တော်၌...။





















Czytaj Dalej

To Też Polubisz

288K 19.9K 166
The Divine woman Draupadi was born as the eternal consort of Panadavas. But we always fail to treasure things which we get easily. Same happened with...
9.7K 885 37
Sena is the newest translator at the royal palace of Goryeo, highly skilled in languages and combat, quickly winning respect from the noble scholars.
632K 19.9K 114
[Not MY Story] OFFLINE Purpose. I possessed the wife of the Emperor, the mad villain of a tragic novel. After a while, when the evil Emperor looks t...
395K 72.8K 13
Everything changed the day the King ordered me to seduce his son and bring him back to the Kingdom. He was my best friend. As per the order of things...