နတ်ဆိုးဘုရင်ကြီးက ငါလေးသူ့ကို...

By Kay_Wine

1.4M 240K 15.1K

Title - The demon king always thinks I'm secretly in love with him Author - 东方黄瓜 Total Chapters - 104 Genre... More

Synopsis
အပိုင်း-၁ (Zawgyi + Unicode)
အပိုင်း-၂ (Zawgyi+Unicode)
အပိုင်း-၃.၁ (Zawgyi + Unicode)
အပိုင်း-၃.၂ (Zawgyi + Unicode)
အပိုင်း-၄.၁ (Zawgyi + Unicode)
အပိုင်း-၄.၂ (Zawgyi + Unicode)
အပိုင်း-၅ (Zawgyi + Unicode)
အပိုင်း-၆ (Zawgyi + Unicode)
အပိုင်း-၇ (Zawgyi + Unicode)
အပိုင်း-၈ (Zawgyi + Unicode)
အပိုင်း-၉ (Zawgyi + Unicode)
အပိုင်း-၁၀.၁ (Zawgyi + Unicode)
အပိုင်း-၁၀.၂ (Zawgyi + Unicode)
အပိုင်း-၁၁ (Zawgyi + Unicode)
အပိုင်း-၁၂ (Zawgyi + Unicode)
အပိုင်း-၁၃ (Zawgyi + Unicode)
အပိုင်း-၁၄ (Zawgyi + Unicode)
အပိုင်း-၁၅ (Zawgyi + Unicode)
အပိုင်း-၁၆ (Zawgyi + Unicode)
အပိုင်း-၁၇ (Zawgyi + Unicode)
အပိုင်း-၁၈ (Zawgyi + Unicode)
အပိုင်း-၁၉ (Zawgyi + Unicode)
အပိုင်း-၂၀ (Zawgyi + Unicode)
အပိုင်း-၂၁ (Zawgyi + Unicode)
အပိုင်း-၂၂ (Zawgyi + Unicode)
အပိုင်း-၂၃ (Zawgyi + Unicode)
အပိုင်း-၂၄ (Zawgyi + Unicode)
အပိုင်း-၂၅ (Zawgyi + Unicode)
အပိုင်း- ၂၆ (Zawgyi + Unicode)
Demon King Funny Dialogue🤭
အပိုင်း-၂၇ (Zawgyi + Unicode)
အပိုင်း - ၂၈ (Zawgyi + Unicode)
အပိုင်း -၂၉ (Zawgyi + Unicode)
အပိုင်း - ၃၀ (Zawgyi + Unicode)
အပိုင်း -၃၁ (Zawgyi + Unicode)
အပိုင်း - ၃၂ (Zawgyi + Unicode)
အပိုင်း - ၃၃ (Zawgyi + Unicode)
အပိုင်း - ၃၄ (Zawgyi + Unicode)
အပိုင်း - ၃၅ (Zawgyi + Unicode)
အပိုင်း - ၃၆ (Zawgyi + Unicode)
အပိုင်း - ၃၇ (Zawgyi + Unicode)
အပိုင်း - ၃၈ (Zawgyi + Unicode)
အပိုင်း - ၃၉ (Zawgyi + Unicode)
အပိုင်း - ၄၀ (Zawgyi + Unicode)
အပိုင်း - ၄၁ (Zawgyi + Unicode)
အပိုင်း - ၄၂ (Zawgyi + Unicode)
အပိုင်း - ၄၃ (Zawgyi + Unicode)
အပိုင်း - ၄၄.၁ (Zawgyi + Unicode)
အပိုင်း - ၄၄.၂ (Zawgyi + Unicode)
အပိုင်း - ၄၅ (Zawgyi+ Unicode)
အပိုင်း - ၄၆ (Zawgyi + Unicode)
အပိုင်း - ၄၇ (Zawgyi + Unicode)
အပိုင်း - ၄၈ (Zawgyi + Unicode)
အပိုင်း - ၄၉ (Zawgyi + Unicode)
အပိုင်း - ၅၀
အပိုင်း - ၅၁
အပိုင်း - ၅၂
အပိုင်း - ၅၃
အပိုင်း - ၅၄
အပိုင်း - ၅၅
အပိုင်း - ၅၆
အပိုင်း - ၅၇
အပိုင်း - ၅၈
အပိုင်း - ၅၉
အပိုင်း - ၆၀
အပိုင်း - ၆၁
အပိုင်း - ၆၂
အပိုင်း - ၆၃
အပိုင်း - ၆၄
အပိုင်း - ၆၅
အပိုင်း - ၆၆
အပိုင်း - ၆၇
အပိုင်း - ၆၈
အပိုင်း - ၆၉
အပိုင်း - ၇၀
အပိုင်း - ၇၁
အပိုင်း - ၇၂
အပိုင်း - ၇၃
အပိုင်း - ၇၄
အပိုင်း - ၇၅
အပိုင်း - ၇၆
အပိုင်း - ၇၇
အပိုင်း - ၇၉
အပိုင်း - ၈၀
အပိုင်း - ၈၁
အပိုင်း - ၈၂
အပိုင်း - ၈၃
အပိုင်း - ၈၄
အပိုင်း - ၈၅
အပိုင်း - ၈၆
အပိုင်း - ၈၇
အပိုင်း - ၈၈
အပိုင်း - ၈၉
အပိုင်း - ၉၀
အပိုင်း - ၉၁
အပိုင်း - ၉၂
အပိုင်း - ၉၃
အပိုင်း - ၉၄
အပိုင်း - ၉၅
အပိုင်း - ၉၆
အပိုင်း - ၉၇
အပိုင်း - ၉၈
အပိုင်း - ၉၉
အပိုင်း - ၁၀၀
အပိုင်း - ၁၀၁
အပိုင်း - ၁၀၂
အပိုင်း - ၁၀၃
အပိုင်း - ၁၀၄ [ Final ]

အပိုင်း - ၇၈

8.8K 1.6K 25
By Kay_Wine


{Zawgyi}

ႏွစ္ေယာက္သား တစ္ေယာက္နဲ႔တစ္ေယာက္ ေကာ္နဲ႔ကပ္ထားသလိုမ်ိဳးပုံစံမ်ိဳးနဲ႔ ထာ၀ရအေမွာင္ထုနန္းေတာ္ႀကီးဆီ ျပန္လာၾကတယ္။ ပိုင္ရန္ ေႏြးေထြးၿပီး စိတ္ဖိစီးသလို ခံစားေနရတဲ့အျပင္ သူတကယ္ႀကီး ခ်စ္မိေနၿပီလို႔လည္း ခံစားမိတယ္။

"ေရွာင္လင္း ခ်စ္မိေနတယ္ဆိုတာက ဒီလိုမ်ိဳးလား? ငါ နည္းနည္းေတာ့ နားလည္လာၿပီထင္တယ္" ပိုင္ရန္ သူ႔လည္ပင္းေပၚက ေရသူမပုလဲကို ေဆာ့ကစားရင္း ေခါင္းထဲမွာ ေမးလိုက္တယ္။ "တျခားသူေတြက ခ်စ္မိၿပီဆိုရင္ ခ်ိဳၿမိန္ၿပီး စိတ္လည္းဖိစီးရတယ္လို႔ ေျပာတာကို တခ်ိန္လုံးၾကားဖူးေနခဲ့တာ၊ ေနာက္ဆုံးေတာ့ ငါနားလည္ခဲ့ၿပီလို႔ထင္တယ္"

သူမဆက္ၿပီး မၾကည့္ႏိုင္ေတာ့သလို ေရွာင္လင္းခံစားလိုက္ရတယ္ "သခင္ အခုသခင့္မ်က္ႏွာက ဘယ္လိုအမူအယာမ်ိဳးျဖစ္ေနလဲဆိုတာကို ဘာေၾကာင့္မွန္ထဲမွာ မၾကည့္ၾကည့္ရတာလဲ?"

"ငါက ဘယ္လိုအမူအယာမ်ိဳး ျဖစ္ေနလို႔လဲ?" ပိုင္ရန္ အမႈမဲ့အမွတ္မဲ့ သူ႔မ်က္ႏွာသူကိုင္ၾကည့္လိုက္တယ္။

ေရွာင္လင္း "သုံးႏွစ္အ႐ြယ္ကေလးရဲ႕IQေလာက္ပဲရွိတဲ့ လူတစ္ေယာက္လိုအမူအယာမ်ိဳး"

ပိုင္ရန္ "..."

ပိုင္ရန္ "ေရွာင္လင္း မင္း ငါ့ကိုဘယ္လိုလုပ္ၿပီး ဒီလိုေတာင္ေစာ္ကားႏိုင္ရတာလဲ?"

ေရွာင္လင္း "ကြၽန္မက ေစာ္ကားတယ္လို႔လည္း မဟုတ္ပါဘူး ဒါက အမွန္တရားေလ၊ ကြၽန္မ ေနာက္တစ္ႀကိမ္ထပ္ၿပီး သတိေပးပါရေစ သခင္... အခုသခင္ေတြ႕ႀကဳံေနရတဲ့အရာတိုင္းက စိတ္ကူးယဥ္သက္သက္ပါပဲ၊ တကယ့္အစစ္အမွန္မဟုတ္လို႔ သခင့္ကိုယ္သခင္ ဒီထဲမွာ အရမ္းမနစ္ျမႇဳပ္လိုက္ပါနဲ႔"

သူ႔စိတ္ဝိဉာဥ္က ထိုင္းမႈိင္းသြားကာ ပိုင္ရန္အရမ္းေပ်ာ္႐ႊင္မေနေတာ့ဘူး "နတ္ဆိုးဘုရင္ႀကီးလိုလူမ်ိဳးက ခ်စ္သူေကာင္းျဖစ္ႏိုင္တယ္လို႔ မင္းပဲမေျပာခဲ့ဘူးလား၊ ၿပီးေတာ့ ငါတို႔တြဲဖို႔ကိုေတာင္ မင္းေထာက္ပံ့ေပးလိုက္ေသးတယ္ေလ အဲ့တာကို အခုက်ေတာ့မွ ငါ့ကိုဘာလို႔ဆက္တိုက္ ဆန႔္က်င္ေနရတာလဲ?"

ေရွာင္လင္း ႐ိုးသားစြာေျပာလိုက္တယ္ "သခင့္တာဝန္ၿပီးေျမာက္မႈကို မသက္ေရာက္ႏိုင္တဲ့အေျခအေနမွာပဲ ကြၽန္မသခင္တို႔တြဲတာကို ေထာက္ပံ့ေပးႏိုင္တာပါ၊ ဒီလိုမ်ိဳးျဖစ္သြားရင္ေတာ့ ကြၽန္မ ေထာက္ပံ့ေပးႏိုင္မွာမဟုတ္ေတာ့ဘူး၊ သခင္နားလည္ရမွာက စိတ္ကူးယဥ္သက္သက္ဆိုတဲ့အရာေတြက အၿမဲတမ္းစိတ္ကူးယဥ္တာေတြပဲျဖစ္ေနမွာပါ တကယ့္လက္ေတြ႕ဆိုၿပီး ဘယ္ေတာ့မွျဖစ္မလာႏိုင္ပါဘူး... သခင္လုပ္သင့္တာက တကယ့္ကမာၻကိုျပန္ၿပီး တကယ့္လူတစ္ေယာက္ကိုရွာၿပီး တြဲပါ၊ စိတ္လႈပ္ရွားစရာပဲျဖစ္ေနေန ပ်င္းစရာပဲေကာင္းေနေန"

ပိုင္ရန္ သူ႔လည္ပင္းေပၚက ေရသူမပုလဲကို ၾကည့္ကာ ခဏေလာက္တိတ္ဆိတ္ေနၿပီးမွ ေျပာလာတယ္ "ငါ့ကို သတိေပးစရာမလိုပါဘူး၊ ငါနားလည္တယ္"

"ဒါက သခင့္ရဲ႕တာဝန္အေပၚ သက္ေရာက္မႈမရွိဘူးဆိုရင္ ေရွာင္လင္းက သခင္နဲ႔နတ္ဆိုးဘုရင္ႀကီးရဲ႕ဆက္ဆံေရးကို အေတာ္ႀကီးေထာက္ပံ့ေပးမွာပါ၊ အခ်စ္ဆိုတာက သိပ္ကိုလွပတဲ့ခံစားခ်က္ေလးပဲေလ ၿပီးေတာ့ သခင့္စိတ္တိုင္းက် သာယာလို႔ရပါတယ္... ဒါေပမယ့္ သခင္က နည္းနည္းေလးနစ္ေျမာေနလြန္းတယ္လို႔ ခံစားမိတာေၾကာင့္ပါ၊ ေတြးၾကည့္လိုက္ပါ ဒီတစ္ခ်ိန္လုံး နတ္ဆိုးဘုရင္ႀကီးနဲ႔ ကပ္ေနခဲ့ၿပီး လူသားနယ္ေျမမွာ ဇာတ္လိုက္ကို သြားေတြ႕ဖို႔အေၾကာင္း ေတြးမိခဲ့ရဲ႕လား?"

ပိုင္ရန္ အသံတိတ္သြားတယ္။

ျပန္ေတြးၾကည့္ရင္ ဒီအခ်ိန္ေတြမွာ နတ္ဆိုးဘုရင္ႀကီးနဲ႔ပဲ လုံးလားေထြးလားနဲ႔အခ်ိန္ျဖဳန္းေနခဲ့ၿပီး သူ႔ရဲ႕တာဝန္ကို ေတြးတယ္ဆိုတာ နည္းသထက္နည္းလာတယ္။

သူ မၾကာခင္ပဲ ျပန္ရေတာ့မယ္။

ပိုင္ရန္ ပင္မေဆာင္ဝင္ေပါက္မွာရပ္ကာ အေနာက္ကို ျပန္ၾကည့္လိုက္တယ္။ နတ္ဆိုးဘုရင္ႀကီးကေတာ့ အထဲမွာေနာက္ဆက္တြဲကိစၥေတြ ေျဖရွင္းေနတယ္။ သူက အလုပ္ေတြအားလုံးကို အေလးထားၿပီးနားေထာင္တတ္တဲ့ ဟြာေဖးဟြားထံ လႊဲထားခဲ့တယ္။

'မဟုတ္မွ ငါတကယ္ကို နစ္ျမဳပ္ေနခဲ့တာပဲ'

'ဒီလိုမ်ိဳး ဆက္သြားေနလို႔မျဖစ္ဘူး'

ပိုင္ရန္ ေရသူမပုလဲကို သူ႔ရင္ဘတ္ထဲ ျပန္ထိုးထည့္ထားလိုက္ကာ သူ႔အျမင္အာ႐ုံက မယွဥ္သာေလာက္ေအာင္ ၾကည္လင္ၿပီးတည္ၿငိမ္လာတယ္။

ေလာကႀကီးရဲ႕သခင္တစ္ေယာက္ျဖစ္တာနဲ႔အညီ နတ္ဆိုးဘုရင္ႀကီးမွာ စိုးရိမ္ရမယ့္အေရးကိစၥေတြ အမ်ားႀကီးရွိတယ္။ သူၿပီးဖို႔ကို ပိုင္ရန္စိတ္ရွည္ရွည္နဲ႔ ေစာင့္ေပးခဲ့တယ္။ သူၿပီးသြားတဲ့ေနာက္မွာ နတ္ဆိုးဘုရင္ႀကီးက ပိုင္ရန္နဲ႔အတူ ျဖတ္လမ္းအဝင္ဆီကို ထြက္လာခဲ့တယ္။ ႏွစ္ေယာက္သား ဝင္သြားၿပီး မၾကာခင္မွာပဲ လူသားနယ္ေျမကို ေရာက္လာခဲ့ၾကတယ္။

ပိုင္ရန္ ေတြးလိုက္တာက : 'အၾကာႀကီးေနၿပီးမွ ေနာက္ဆုံးေတာ့ လူသားနယ္ေျမကို ေရာက္လာခဲ့ၿပီ'

ဇာတ္လိုက္ရဲ႕က်င့္ႀကံျခင္းက ဘယ္လိုျဖစ္ေနၿပီလဲဆိုတာ ဘယ္သူသိႏိုင္မွာလဲ။

သူတို႔ျဖတ္လမ္းက ထြက္လာခ်ိန္မွာ မနက္အခ်ိန္ျဖစ္တယ္။ ေနေရာင္က မ်က္စိျပာသြားေလာက္တယ္။ ေနက ဒီေလာက္ေတာက္ပတာမ်ိဳးကို ပိုင္ရန္မျမင္ခဲ့ရတာ အရမ္းကိုၾကာေညာင္းေနၿပီ။ နတ္ဆိုးေလာကက တစ္ေန႔တာလုံးမႈန္မႈိင္းေနၿပီး ေန႔အလင္းပ်ပ်ေလးေတာင္ မရွိဘူး။ အစကအဆုံးထိ အေမွာင္ထုျမဴထဲမွာသာ ေနထိုင္ရတယ္။

ယွဥ္ၾကည့္မယ္ဆိုရင္ လူသားနယ္ေျမက ေတာက္ပကာ ႏွစ္လိုဖြယ္ေကာင္းၿပီး လင္းလက္ေနတဲ့စိမ္းေတာက္ေတာက္အ႐ြက္ေလးေတြရွိတယ္။

အခ်ိန္ကိုတြက္ၾကည့္ရင္း တစ္ႏွစ္က တကယ္ႀကီးကုန္လြန္ခဲ့ၿပီ။

ပိုင္ရန္ ယူႀကဳံးမရျဖစ္ကာ ႐ုတ္တရက္ ကိစၥတစ္ခုကို ေတြးမိသြားတယ္။ သူ ဒီေလာကႀကီးထဲမွာ ႏွစ္ေတြအမ်ားႀကီးေနေနခဲ့တာဆိုေတာ့ တကယ့္ကမာၻမွာ အခ်ိန္ဘယ္ေလာက္ေတာင္ ကုန္သြားခဲ့ၿပီလဲ?

သူ ေရွာင္လင္းကို အျမန္ေမးလိုက္တယ္။

ေရွာင္လင္းက "ကြၽန္မလည္း မသိပါဘူး၊ ဒါေပမယ့္ အရမ္းေတာ့ မၾကာေလာက္ဘူး၊ အရင္က ဒါကိုစမ္းသပ္ဖို႔ တစ္စုံတစ္ေယာက္ေရာက္လာခဲ့ဖူးတယ္... သူ အထဲမွာ ႏွစ္တစ္ရာေလာက္ ကုန္ဆုံးခဲ့ေပမယ့္ တကယ့္လက္ေတြ႕မွာ အခ်ိန္တစ္လတည္း ၾကာခဲ့တယ္"

ပိုင္ရန္ သက္ျပင္းခ်မိလိုက္တယ္။ "ေတာ္ေသးတာေပါ့"

"ဒါေပမယ့္ အေသအခ်ာလို႔ေတာ့ မေျပာႏိုင္ဘူး" ေရွာင္လင္း ေျပာလာျပန္တယ္ "ေနာက္တစ္ေယာက္က အထဲမွာ တစ္ႏွစ္ကုန္ခဲ့ၿပီး တကယ့္လက္ေတြ႕မွာလည္း တစ္ႏွစ္နဲ႔ သြားညီမွ်ေနတယ္"

ပိုင္ရန္ ႐ုတ္တရက္ႀကီး အနည္းငယ္စိတ္လႈပ္ရွားလာတယ္ "ဒါဆို ငါကေရာ? အျပင္မွာ ဘယ္ေလာက္ၾကာေနၿပီလဲ?"

ေရွာင္လင္း "သခင္ ကြၽန္မလည္း မသိပါဘူး၊ ဒီေလာကႀကီးထဲမွာ သခင္နဲ႔အတူ ကြၽန္မလည္း ပိတ္ခံထားရတာပါ... ဒါေၾကာင့္ သခင့္တာဝန္ကို တတ္ႏိုင္သမွ် ၿပီးေအာင္လုပ္ဖို႔ ေျပာေနရတာေပါ့"

ပိုင္ရန္ အသက္ကိုျပင္းျပင္းရႈသြင္းလိုက္တယ္။

ၾကည့္ရတာ သူထပ္ၿပီး အာ႐ုံပ်က္ေနလို႔မရေတာ့ဘူး။

နဂိုက ဒီမွာနည္းနည္းၾကာၾကာထပ္ေနၿပီး နတ္ဆိုးဘုရင္ႀကီးနဲ႔ အခ်ိန္တခ်ိဳ႕ေလာက္ ကုန္ဆုံးႏိုင္ေလာက္မယ္လို႔ ထင္ထားခဲ့ေပမယ့္...

သူဒီမွာၾကာၾကာထပ္ေနရင္ တကယ့္ကမာၻက သူ႔မိဘေတြ ဘယ္ေလာက္ေတာင္ စိုးရိမ္ပူပန္ေနလိမ့္မလဲဆိုတာ သူမသိေတာ့ဘူး။ သူ႔အစ္ကိုက သတိေမ့ေနတဲ့အေျခအေနျဖစ္ေနၿပီျဖစ္တာေၾကာင့္ သူ႔ကိုယ္သူ ဘာမွအျဖစ္ခံလို႔မျဖစ္ဘူး။

ဒီတစ္ႀကိမ္ ဇာတ္လိုက္ကိုေတြ႕ၿပီး အဆင့္ျမင့္တက္ေအာင္ ကူညီမွရမယ္။

စိတ္ပိုင္းျဖတ္ၿပီးေနာက္ ပိုင္ရန္နဲ႔ နတ္ဆိုးဘုရင္ႀကီးတို႔ ဂူထဲကေန ထြက္လာခဲ့တယ္။

သူတို႔ထြက္လာတယ္ဆိုရင္ပဲ အနက္ေရာင္ၿခဳံလႊာေတြနဲ႔ ပုံရိပ္တခ်ိဳ႕ ႐ုတ္ျခည္းေပၚထြက္လာတယ္။

သူတို႔က ေျမႀကီးေပၚ ဒူးေထာက္ထိုင္ကာ တညီတၫႊတ္တည္း ေျပာလာၾကတယ္။ "လူသားနယ္ေျမမွ ကြၽန္ေတာ္တို႔အေလးစားဆုံးအရွင္ႀကီးကို ႀကိဳဆိုပါတယ္၊ အရွင္ရွဲ႕ကိုလည္း ေလးစားစြာျဖင့္ ႀကိဳဆိုပါတယ္"

နတ္ဆိုးဘုရင္ႀကီးက သူတို႔ကို မတ္တပ္ထဖို႔ လက္ဟန္ျပေတာ့မွ သူတို႔ထလာၾကတယ္။

"မင္းတို႔ေတြပဲလား?" နတ္ဆိုးဘုရင္ႀကီး မ်က္ေမွာင္ၾကဳတ္သြားတယ္။

အနက္ေရာက္ၿခဳံထည္နဲ႔တစ္ေယာက္က ေျပာလာတယ္ "အရွင္ႀကီးကို သတင္းပို႔ပါတယ္၊ အရွင္ေလာ့က တိမ္လႊာပ်ံဝဲဂိုဏ္းရဲ႕အႀကီးအကဲအျဖစ္ အဆင့္တက္သြားပါတယ္ ၿပီးေတာ့ လက္ရွိမွာ တိမ္လႊာပ်ံဝဲဂိုဏ္းကိုယ္စား တရားဝင္ညီလာခံအတြက္ ဖီးနစ္ၿမိဳ႕ေတာ္ကို သြားေနရတာေၾကာင့္ ဒီကိုထြက္လာလို႔ မရတာေၾကာင့္ပါ"

ဒါကိုၾကားၿပီး ပိုင္ရန္ပထမဆုံးေတြးမိတာက : 'ေလာ့က်န္းဖန္းကေတာင္ အႀကီးအကဲအျဖစ္ အဆင့္တက္သြားၿပီတဲ့လား?'

သူ႔ရဲ႕ဒုတိယအေတြးကေတာ့ : 'ဖီးနစ္ၿမိဳ႕ေတာ္မွာ ညီလာခံ?'

သူ႔ေခါင္းထဲက ေရွာင္လင္းကို ေမးၾကည့္လိုက္တယ္ "ေရွာင္လင္း ငါ့ကို မူလဇာတ္ေၾကာင္းေလး တစ္ခ်က္ၾကည့္ေပး ဖီးနစ္ၿမိဳ႕ေတာ္ရဲ႕ညီလာခံက ဘယ္အခ်ိန္လဲဆိုတာ?''

သူမွတ္မိတာ မွန္တယ္ဆိုရင္ ေလာ့က်န္းဖန္းအႀကီးအကဲအျဖစ္ တက္ေရာက္တဲ့ ဖီးနစ္ၿမိဳ႕ေတာ္ညီလာခံက တစ္ခုတည္းျဖစ္တယ္။

ဒါက ဝွက္ပန္းတံလ်ပ္ကေန စတာျဖစ္တယ္၊ ထိုေန႔က ဂိုဏ္းတစ္ခုခ်င္းစီက အရည္အခ်င္းရွိတဲ့လူငယ္ေတြအားလုံး တစ္ခ်က္တည္းနဲ႔သုတ္သင္ခံခဲ့ရတယ္။ ေနာက္ပိုင္း နတ္ဆိုးနယ္ေျမက လႈပ္ရွားမႈအရိပ္အေယာင္ေတြကို ရွာေတြ႕သြားခဲ့တယ္။ တိမ္နက္ဂိတ္ကလည္း ေခ်မႈန္းခံခဲ့ရကာ အႀကီးအကဲခ်ိဳးတစ္ေယာက္တည္းက်န္ရစ္ခဲ့ၿပီး နယ္နမိတ္တိုင္ကလည္း ဖ်က္ဆီးခံလိုက္ရမွန္း လူတိုင္းသိသြားၾကတယ္။ တရားခံေတြကလည္း နတ္ဆိုးနယ္ေျမကပဲ ျဖစ္ေနခဲ့တယ္။

တိမ္နက္ဂိတ္က အႀကီးအက်ယ္ဆုံးရႈံးခဲ့ရၿပီး နယ္နိမိတ္တိုင္ ဖ်က္ဆီးခံလိုက္ရတယ္ဆိုတဲ့ သတင္းက ပိုလို႔ေတာင္ အုတ္ေအာ္ေသာင္းနင္းျဖစ္သြားေစခဲ့တယ္။ လူသားနယ္ေျမက ကိုယ္ခံပညာရွင္ေတြၾကားမွာ ယွဥ္ၿပိဳင္မႈေတြက ဘယ္ေလာက္ပဲ ျပင္းထန္ေနပါေစ တိုင္ကိုဖ်က္ဆီးဖို႔အထိေတာ့ အေၾကာင္းျပခ်က္မရွိႏိုင္ဘူး။ ဝွက္ပန္းတံလ်ပ္မွာ အစုလိုက္အၿပဳံလိုက္ လူသတ္တာက နတ္ဆိုးနယ္ေျမဘက္က ႀကိဳတင္ႀကံစည္ထားတာျဖစ္တယ္လို႔ သက္ေသမျပႏိုင္ၾကေပမယ့္ တိမ္နက္ဂိတ္ကေတာ့ အကြက္ခ်ခံလိုက္ရတယ္လို႔ ယုံၾကည္ၾကတယ္။

နတ္ဆိုးနယ္ေျမကေန လူသားနယ္ေျမထဲကို ဘယ္လိုလုပ္ဝင္လာႏိုင္တာလဲ? ၿပီးေတာ့ နယ္နိမိတ္တိုင္ဘယ္မွာရွိတယ္ဆိုတာကို ဘယ္လိုလုပ္သိသြားတာလဲ?

ပိုမိုရရွိလာတဲ့အခ်က္အလက္ေတြက လူသားနယ္ေျမထဲမွာ နတ္ဆိုးနယ္ေျမကလူေတြ အေရအတြက္ေတာ္ေတာ္မ်ားမ်ားေရာက္ေနၾကၿပီလို႔ ယုံၾကည္ႏိုင္ေအာင္ ေထာက္ျပေနတယ္။ နတ္ဆိုးနယ္ေျမနဲ႔ပက္သက္လို႔ နည္းလမ္းတစ္ခုရွာမယ္ဆိုၿပီး ဖီးနစ္ၿမိဳ႕ေတာ္မွာ ညီလာခံက်င္းျပဖို႔ ကိုယ္ခံပညာရွင္ေတြ ဆုံးျဖတ္လိုက္ၾကတယ္။

ခဏအၾကာမွာ သူ႔ေခါင္းထဲကေန ေရွာင္လင္းအသံထြက္ေပၚလာတယ္ "ကြၽန္မေတြ႕ၿပီ သခင္၊ လူသားနယ္ေျမကို နတ္ဆိုးနယ္ေျမက ျပႆနာေတြရွာခဲ့တာေၾကာင့္ ၿမိဳ႕အရွင္က နတ္ဆိုးနယ္ေျမနဲ႔ ရင္ဆိုင္ဖို႔ ကိုယ္ခံပညာဂိုဏ္းတစ္ခုခ်င္းစီက လူတခ်ိဳ႕ပါဝင္ေပးပါဆိုၿပီး အႀကံျပဳခ်က္ကို တရားဝင္ထုတ္ျပန္ခဲ့တယ္၊ ဇာတ္လိုက္က်ိဳးရင္ကလည္း ဝွက္ပန္းတံလ်ပ္ပြဲေန႔က သူ႔ကိုနားလည္မႈလြဲမွားတာေတြ ေဆးေၾကာဖို႔အတြက္ ဖီးနစ္ၿမိဳ႕ေတာ္ကို သြားခဲ့တယ္"

တကယ္ကို အဲ့အပိုင္းပဲ!

နတ္ဆိုးေလာကထဲမွာ သူအခ်ိန္တစ္ႏွစ္ကုန္ဆုံးခဲ့ၿပီးေတာ့ ဇာတ္ေၾကာင္းက ဒီအထိေတာင္ျဖစ္ေနခဲ့ၿပီ!

ပိုင္ရန္တုန္လႈပ္ရတဲ့ အဓိကအေၾကာင္းအရာေတြထဲက တစ္ခုက ဖီးနစ္ၿမိဳ႕ေတာ္အပိုင္းမွာ ဇာတ္လိုက္က်ိဳးရင္က ေကာင္းကင္သို႔ တက္ေရာက္ျခင္းအဆင့္ေရာက္တဲ့အထိေတာင္ က်င့္ႀကံၿပီးေနၿပီျဖစ္ရာ ဝိဉာဥ္အေျခတည္အဆင့္ကို ျဖတ္ေက်ာ္ၿပီးခဲ့တာ ၾကာလွၿပီျဖစ္တယ္!

စာအုပ္ထဲမွာ က်ိဳးရင္က သူ႔ရဲ႕က်င့္ႀကံျခင္းအဆင့္ ေပၚသြားၿပီး နဂါးႏိုင္ဓားကို အရမ္းအာ႐ုံစိုက္လာၾကမွာ စိုးရိမ္တာေၾကာင့္ နဂါးႏိုင္ဓားကရတဲ့ လ်ိဳ႕ဝွက္အတတ္ကိုသာ သုံးၿပီး သူ႔ရဲ႕က်င့္ႀကံျခင္းကို ဖုံးကြယ္ခဲ့တယ္။ အေပၚယံမွာ က်ိဳးရင္ရဲ႕က်င့္ႀကံျခင္းက ေ႐ႊေရာင္ဗဟိုခ်က္အဆင့္နားမွာသာ ရပ္ေနဆဲျဖစ္ေပမယ့္ တကယ္တမ္းေတာ့ ေကာင္းကင္သို႔တက္ေရာက္ျခင္းအဆင့္ေတာင္ ေရာက္ေနၿပီ!

'ေသစမ္း၊ ဇာတ္လိုက္သာမဟုတ္လို႔ကေတာ့... အဆင့္တက္တာကလည္း ဒုံးက်ည္လိုပဲ၊ အဆင့္ႏွစ္ဆင့္ကို တစ္ႏွစ္တည္းနဲ႔ တက္သြားလိုက္တာမ်ား'

ပိုင္ရန္ အေတာ္ႀကီးယူႀကဳံမရျဖစ္မိတယ္၊ ခုေတာ့ ၾကည့္ၾကပါအုံး သူ႔တာဝန္ၿပီးဖို႔ ပိုလို႔ေတာင္နီးစပ္လာၿပီ။

သူထင္ခဲ့တာက ဇာတ္လိုက္ရဲ႕က်င့္ႀကံျခင္းအဆင့္ကို သိရဖို႔ သူကိုယ္တိုင္သြားၾကည့္ဖို႔လိုၿပီး လုံေလာက္တဲ့အထိ မျမင့္ေသးဘူးဆိုရင္ အတင္းအက်ပ္အဆင့္ျမင့္ေအာင္လို႔ လ်ိဳ႕ဝွက္အတတ္ကို သုံးခိုငၤးမယ္ေပါ့။ တကယ့္တကယ္က်ေတာ့ ဇာတ္လိုက္က ကနဦးအဆင့္ကိုေတာင္ ျဖတ္ေက်ာ္ခဲ့ၿပီး ဧရာမအင္အားႀကီးကလည္း အလားအလာေကာင္းတဲ့အခြင့္အေရးပဲ။ ဇာတ္လိုက္က သူ႔ဘာသာ ေကာင္းကင္သို႔တက္ေရာက္ျခင္းအဆင့္ထိ ေရာက္သြားႏိုင္လိမ့္မယ္လို႔ သူဘယ္တုန္းကမွ ထင္မထားခဲ့ဘူး။

ေကာင္းကင္သလို႔တက္ေရာက္ျခင္းအဆင့္ၿပီးတဲ့ေနာက္ ဝိဉာဥ္ၿဖိဳခြဲျခင္းအဆင့္၊ ခႏၶာျပန္လည္ေပါင္းစည္းျခင္းအဆင့္၊ မဟာယနအဆင့္ ေနာက္ၿပီး ျမစ္ကိုျဖတ္ကူးျခင္းအဆင့္ေတြ လာလိမ့္မယ္။ ဝိဉာဥ္ၿဖိဳခြဲျခင္းနဲ႔ ခႏၶာျပန္လည္ေပါင္းစည္းျခင္းအဆင့္ေတြက တကယ္ေတာ့ အဆင့္တစ္ခုတည္းလို႔ေတြးႏိုင္တယ္။ ဝိဉာဥ္ၿဖိဳခြဲၿပီးတာနဲ႔ ပုံမွန္အားျဖင့္ ခႏၶာျပန္လည္ေပါင္းစည္းျခင္းကို ခ်က္ခ်င္းလုပ္ႏိုင္တယ္။ ဇာတ္လိုက္ရဲ႕ ခုနစ္စင္ၾကယ္ခႏၶာကိုယ္ ဖြဲ႕စည္းပုံေက်းဇူးနဲ႔ဆိုရင္ မဟာယနအဆင့္ကိုေတာင္ ျမန္ျမန္ဆန္ဆန္အဆင့္တက္ႏိုင္တယ္။ အခက္ခဲဆုံးအပိုင္းကေတာ့ မဟာယနကေန ျမစ္ကိုျဖတ္ကူးျခင္းပဲျဖစ္တယ္။

ကိုယ္ခံပညာရွင္အမ်ားစုက ဒီေနရာမွာ တစ္ေနၾကတာျဖစ္ၿပီး အဆင့္လည္းမတက္ႏိုင္သလို တက္သြားလို႔လည္း မရဘူး။

ဘယ္အခ်ိန္နဲ႔ ဘယ္လိုတက္သြားႏိုင္မလဲဆိုတာကေတာ့ ကံတရားအဆုံးအျဖတ္သာျဖစ္တယ္။

ဇာတ္လိုက္က ေခ်ာေခ်ာေမြ႕ေမြ႕ အဆင့္တက္ႏိုင္ခဲ့တာေၾကာင့္ ပိုင္ရန္ သူ႔ကိုအေလာတႀကီး သြားေတြ႕ဖို႔မလိုဘူး။

သတင္းကိုၾကားလိုက္ရၿပီးေနာက္မွာ က်ိဳးရင္ဆီသြားလည္ရဖို႔အတြက္ စိုးရိမ္မေနေတာ့ဘူး။

တစ္ဖက္မွာေတာ့ နတ္ဆိုးဘုရင္ႀကီးက အနက္ေရာင္ၿခဳံထည္လူေတြနဲ႔ ေျပာဆိုလို႔ၿပီးသြားၿပီး သူတို႔ေတြက နတ္ဆိုးဘုရင္ႀကီးနဲ႔ ပိုင္ရန္ကို အနားယူဖို႔အတြက္ ၿခံဝင္းေလးဆီ ေခၚလာၾကတယ္။

ပိုင္ရန္ တိတ္တိတ္ဆိတ္ဆိတ္သာ လိုက္ခဲ့တယ္။

ေရာက္တဲ့အခါ နတ္ဆိုးဘုရင္ႀကီးက အနက္ေရာင္ၿခဳံထည္နဲ႔လူေတြကို စုေဝးၿပီး လူသားနယ္ေျမထဲမွာ ျဖစ္ပ်က္ေနတာေတြကို ေမးကာ စီစဥ္ေနရာခ်တာတခ်ိဳ႕ကိုလည္း လုပ္ခဲ့တယ္။ ပိုင္ရန္ ေတြးလိုက္တာက : 'သူငါ့ကို ေပ်ာ္ပါးဖို႔ ဒီေခၚလာတာမဟုတ္ဘဲ အလုပ္လုပ္ဖို႔ေပါ့ေလ'

အလုပ္ကိစၥေတြကိုင္တြယ္ၿပီး သတင္းပို႔သူေတြ ထြက္သြားတဲ့အခါ အခန္းထဲမွာ နတ္ဆိုးဘုရင္ႀကီးနဲ႔ ပိုင္ရန္သာ က်န္ရစ္ခဲ့တယ္။ ပိုင္ရန္ လက္ကိုပိုက္ၿပီး နတ္ဆိုးဘုရင္ႀကီးဆီ ေလွ်ာက္သြားလိုက္တယ္ "အရွင္ႀကီး ဒါက ေပ်ာ္စရာေလးရွာဖို႔ ကြၽန္ေတာ္ကို ေခၚလာေပးမယ္ဆိုတဲ့ အဓိပၸါယ္ေပါ့ေလ‌? ကြၽန္ေတာ္က ဘယ္နားသြားၿပီး ေပ်ာ္ရမွာလဲ? ဒီအခန္းထဲမွာလား?"

သူ႔ရဲ႕လႈပ္ရွားမႈေတြက တစ္ဆိတ္ကိုတစ္အိတ္လုပ္ေနဟန္နဲ႔ အခန္းပတ္ပတ္လည္ကို ၾကည့္ၿပီး ေခါင္းေလးၿငိတ္ကာ ေျပာလိုက္တယ္ "မဆိုးပါဘူး ဒီအခန္းကို အေတာ္ေကာင္းေကာင္းႀကီး ေဆာက္ေပးထားတာပဲ"

သူ႔စကားေတြၾကားေတာ့ နတ္ဆိုးဘုရင္ႀကီး ေရတစ္ငုံေသာက္လိုက္ကာ သူ႔ကိုၿပဳံးျပလိုက္တယ္။ "စိတ္မဆိုးပါနဲ႔ကြာ ကိုယ္ေတာ္လူသားနယ္ေျမကို ေရာက္လာၿပီဆိုရင္ အားလုံးကို နည္းနည္းေလးေတာ့ ၾကည့္ေပးရမွာေပါ့၊ ဒီလိုဆို ကိုယ္ေတာ္တို႔ ေပ်ာ္ေနခ်ိန္မွာ လာမရႈပ္ေတာ့ဘူးေပါ့"

ပိုင္ရန္က မ်က္ခုံးေလးပင့္ကာ "ohhhhh"ဆိုၿပီး သံရွည္ဆြဲလိုက္တယ္။

"မနက္ျဖန္ ကိုယ္ေတာ္မင္းကို အျပင္ေခၚသြားေပးမယ္လို႔ ကတိေပးတယ္" နတ္ဆိုးဘုရင္ႀကီးေျပာလာတယ္။ သူ႔မ်က္လုံးေတြက ပိုင္ရန႔္ကိုၾကည့္ေနခ်ိန္မွာ အခ်စ္ေတြျပည့္ေနၿပီး မႏိုင္ဘူးဆိုတဲ့ ႏူးညံ့တဲ့အရိပ္အေယာင္ေလးေတြ ပါဝင္ေနတယ္။ မသိရင္ သူ႔ခ်စ္သူက ေဒါသပုန္ထေနတာေလးကို ၾကည့္ေနတဲ့အတိုင္းပဲ။

ဘယ္အခ်ိန္ရပ္ရမလဲဆိုတာ ပိုင္ရန္ သိတယ္။ သူလည္း အလ်င္လိုေနတာမွ မဟုတ္ဘဲ။ ေပ်ာ္စရာေကာင္းတာ မေကာင္းတာက အေရးမႀကီးဘူး။ သူေျပာလိုက္တယ္ "ရပါတယ္၊ အရွင့္အလုပ္ကိုသာ ေသခ်ာေလးကိုင္တြယ္လိုက္ပါ ကြၽန္ေတာ့္ရဲ႕ႀကီးျမတ္ၿပီးအလုပ္မ်ားတဲ့ အရွင္ႀကီးရယ္"

ေျပာၿပီးတဲ့ေနာက္ လက္ေလးေနာက္ပစ္ကာ တံခါးဆီေလွ်ာက္သြားတယ္။ နတ္ဆိုးေတြ လူသားနယ္ေျမထဲ က်ဴးေက်ာ္ဝင္ေရာက္မွာကို သူစိတ္ကိုမဝင္စားတာ။ ၿပီးေတာ့ အခန္းထဲမွာေနၿပီး ဒီလိုပ်င္းစရာေကာင္းတဲ့ကိစၥေတြကို နားေထာင္ေနရတာ ပိုဆိုးေသး။

"မင္း ဘယ္သြားမလို႔လဲ?" ေနာက္ကေန နတ္ဆိုးဘုရင္ႀကီး သူ႔ကိုလွမ္းေျပာလာတယ္။

ပိုင္ရန္ "ကြၽန္ေတာ္ ဒီတိုင္း အနားတစ္ဝိုက္သြား႐ုံပါ၊ ကြၽန္ေတာ့္ကို ဒီအခန္းထဲမွာ တစ္ေနကုန္ထိုင္ခိုင္းလို႔ေတာ့ မျဖစ္ဘူးေလ ဟုတ္တယ္မွတ္လား?"

နတ္ဆိုးဘုရင္ႀကီး ခဏေလာက္ ေတြးၾကည့္ၿပီး ေျပာလိုက္တယ္ "အရမ္းအေဝးႀကီးေတြ ေလွ်ာက္မသြားနဲ႔၊ ကိုယ္ေတာ္ မင္းကို ေခၚလိုက္မယ္"

"ေကာင္းပါၿပီ" ပိုင္ရန္ မတတ္သာစြာ လက္ယမ္းျပၿပီး တံခါးအျပင္ကို ေလွ်ာက္သြားလိုက္တယ္။

ေရသူမပုလဲကို လက္ထဲကိုင္ထားကာ ဒီလူကို သူ႔နားတစ္ခ်ိန္လုံးေခၚထားခ်င္စိတ္ကို နတ္ဆိုးဘုရင္ႀကီးထိန္းထားၿပီး သူ႔မ်က္လုံးေတြက ပိုင္ရန္ထြက္သြားတဲ့ေနာက္ကို ကပ္ပါသြားတယ္။

ဒီအခိုက္အတန႔္မွာ သတင္းပို႔တဲ့သူက တိုက္တိုက္ဆိုင္ဆိုင္ႀကီးေရာက္လာကာ တံခါးအျပင္မွာ ေစာင့္ဆိုင္းေနတာျဖစ္တယ္။ နတ္ဆိုးဘုရင္ႀကီးနဲ႔ ပိုင္ရန္တို႔ ေျပာဆိုေနၾကတာကို ၾကားလိုက္ရခ်ိန္ သူအႀကီးအက်ယ္ တုန္လႈပ္သြားရတယ္ __ ဒီရွဲ႕ဇီထ်န္းက အရွင္ႀကီးအေပၚ အရမ္း႐ိုင္းတာပဲ!

ဒါေပမယ့္ နတ္ဆိုးဘုရင္ႀကီးက သူ႔ပိုအျပစ္ေပးမယ့္ပုံမ်ိဳး လုံး၀ရွိမေနဘူး။

ပိုင္ရန္ ထြက္သြားတယ္ဆိုတာနဲ႔ နတ္ဆိုးဘုရင္ႀကီးရဲ႕ ေအးစက္ၿပီးတည္ၿငိမ္တဲ့အသံကို ၾကားလိုက္ရတယ္ "ဝင္ခဲ့"

အနက္ေရာင္ၿခဳံထည္နဲ႔လူလည္း ပိုင္ရန္နဲ႔ နတ္ဆိုးဘုရင္ႀကီးရဲ႕ဆက္ဆံေရးကို ဆက္မေတြးရဲေတာ့ဘဲ အခန္းထဲအျမန္ဝင္ခဲ့လိုက္တယ္။

ပိုင္ရန္က လမ္းေလွ်ာက္ထြက္မယ္လို႔ ေျပာခဲ့ေပမယ့္ ဘယ္ကိုသြားလို႔သြားရမွန္းမသိဘူး။ အဲ့အခန္းထဲမွာ မေနခ်င္႐ုံသာ။

ဒီၿခံဝင္းေလးက အေတာ္ေလးလွ်ိဳ႕လွ်ိဳ႕ဝွက္ဝွက္ရွိလွတယ္။ အိမ္ရာေလးေတြကလည္း အေတာ္ေလးႏွိမ္ႏွိမ္ခ်ခ်ပုံမ်ိဳး ေဆာက္ထားၾကတာျဖစ္တယ္။ အသံလုံစနစ္ကလည္း မေကာင္းတာေၾကာင့္ အထဲမွာ ဘာေျပာေနၾကလဲဆိုတာ အျပင္ကေန ရွင္းရွင္းလင္းလင္းၾကားႏိုင္တယ္။

"အရွင္ႀကီး ဒီအေစခံကို ကံၾကမၼာသားေတာ္ ရွာေဖြခိုင္းထားတဲ့ကိစၥ ဒီအေစခံက နာမည္ေတြကို စာရင္းလုပ္ထားပါတယ္" ၿခဳံထည္အနက္ေရာင္နဲ႔လူက အသံတိုးတိုးေျပာလိုက္တယ္။

'ကံၾကမၼာသားေတာ္?'

ပိုင္ရန႔္ေျခလွမ္းေတြ ႐ုတ္ျခည္းရပ္တန႔္သြားကာ နား႐ြက္ေတြက လႈပ္လႈပ္ရွားရွားျဖစ္လာတယ္။

"ေအာ္ ဟုတ္သားပဲ ကံၾကမၼာသားေတာ္" နတ္ဆိုးဘုရင္ႀကီးကေတာ့ ထူးမျခားနားစြာ အသံေဖ်ာ့ေဖ်ာ့ရယ္လိုက္တယ္ "ဒီက နာမည္စာရင္းကိုၾကည့္ရတာ သူတို႔ေတြ ခုန္ေပါက္ေနၾကတာ ေတာ္ေလာက္ၿပီ၊ သူတို႔အားလုံးကို အခုတစ္ခါတည္းရွင္းပစ္လိုက္ေတာ့"

ပိုင္ရန္ေနမထိထိုင္မသာျဖစ္လာၿပီး နတ္ဆိုးဘုရင္ႀကီးစကားေတြကို ဆက္နားေထာင္ေနမိတယ္။ နတ္ဆိုးဘုရင္ႀကီးက ကံၾကမၼာသားေတာ္ေတြအားလုံးကို တြယ္ေတာ့မွာလား?

"အရွင္ႀကီးက အေျမာ္အျမင္ရွိလွပါတယ္" ၿခဳံထည္အနက္နဲ႔လူက ေျမႇာက္ပင့္တဲ့ေလသံနဲ႔ ေျပာလိုက္တယ္။

"စာရင္းဘယ္မွာလဲ?" နတ္ဆိုးဘုရင္ႀကီး ေမးတယ္။

အခန္းက တိတ္ဆိတ္သြားတာေၾကာင့္ နတ္ဆိုးဘုရင္ႀကီး သူ႔ကိုျပလာတဲ့နာမည္စာရင္းကို ၾကည့္ေနတာျဖစ္ေလာက္မယ္။

ခဏအၾကာ နတ္ဆိုးဘုရင္ႀကီးအသံ ထြက္ေပၚလာျပန္တယ္ "ၾကည့္ရတာ သူတို႔အားလုံးက ဂိုဏ္းမ်ိဳးစုံက ထြန္းေတာက္လာမယ့္ အရည္အခ်င္းရွိလူငယ္ေလးေတြပဲ"

"တခ်ိဳ႕ဆို အရင္တည္းက သူတို႔ဘာသာ နာမည္ရၿပီးသားလူေတြေတာင္ ရွိပါတယ္" ၿခဳံထည္အနက္ေရာင္နဲ႔လူက အသံတိုးတိုးနဲ႔ ေျပာလိုက္တယ္။

"ဘယ္လိုေတာင္ မဆင္မျခင္ႏိုင္ရတာလဲ" နတ္ဆိုးဘုရင္ႀကီးက ေျဖးေျဖးခ်င္းေျပာလာတယ္ "ဒီေလာက္လူေတြအမ်ားႀကီးက ကံၾကမၼာသားေတာ္ျဖစ္ခ်င္ၾကတယ္ဆိုမွေတာ့ ဘယ္သူက တကယ့္ကံၾကမၼာသားေတာ္ အစစ္လဲဆိုတာကို ၾကည့္ၾကတာေပါ့"

သူ႔ေလသံက ေအးစက္သြားတယ္ "ဒီစာရင္းထဲက လူတိုင္းကို သတ္ပစ္"

သူ႔ေလသံက လူသတ္ရတာ ၾကမ္းပိုးတခ်ိဳ႕ကို ျဖစ္ညႇစ္ေနရတဲ့အတိုင္းပဲ။

"သူတို႔အားလုံးကိုလား အရွင္ႀကီး?" အနက္ေရာင္ၿခဳံထည္နဲ႔လူက အတည္ျပဳလိုက္တယ္။

"အားလုံးပဲ" နတ္ဆိုးဘုရင္ႀကီး ပ်င္းရိစြာေျပာလိုက္တယ္ "သူတို႔က ကံၾကမၼာသားေတာ္ မဟုတ္ဘူးဆိုရင္ေတာင္ သူတို႔က ကိုယ္ခံပညာေလာကရဲ႕ ေထာက္တိုင္ေတြျဖစ္ေနတုန္းပဲ ၿပီးေတာ့ အဲ့တာေၾကာင့္ပဲ ငါတို႔ရဲ႕ၿဂိဳလ္ေမႊတဲ့ရန္ဘက္ေတြျဖစ္ေနတယ္၊ သူတို႔ ေသမွရမယ္... ဒါေပါ့ အရမ္းႀကီးပြက္ေလာ႐ိုက္ေအာင္ေတာ့ မလုပ္နဲ႔"

"ဒီအေစခံ နားလည္ပါၿပီ"

ခဏအၾကာမွာ တံခါးကေနာက္တစ္ႀကိမ္ ပြင့္လာျပန္တဲ့အတြက္ ပိုင္ရန္က ဒီတိုင္းျဖတ္ေလွ်ာက္သြားသလို အေယာင္ေဆာင္ကာ ဘာမွမျဖစ္ခဲ့သလို ဆက္ေနေနလိုက္တယ္။

အနက္ေရာင္ၿခဳံထည္နဲ႔လူက သူ႔ကို ယဥ္ယဥ္ေက်းေက်း ႏႈတ္ဆက္ၿပီးမွ လ်င္ျမန္စြာထြက္ခြာသြားတယ္။

ပိုင္ရန္ တည္ၿငိမ္ဟန္နဲ႔ ဆက္ၿပီးလမ္းေလွ်ာက္ေနကာ သူ႔ဘာသာေတြးလိုက္တယ္ : 'အဲ့ေတာ့ကာ ၾကည့္ရတာ နတ္ဆိုးဘုရင္ႀကီးက လူသားနယ္ေျမကို လာရတဲ့ရည္႐ြယ္ခ်က္က သူနဲ႔ေပ်ာ္စရာရွာ႐ုံတင္မဟုတ္ဘဲနဲ႔ လူသားနယ္ေျမကို တိုက္ခိုက္တာအတြက္ပါ လာျပင္ဆင္တာေပါ့'

'နတ္ဆိုးဘုရင္ႀကီး လူသားနယ္ေျမကိုလာရတဲ့ တစ္ခုတည္းေသာအေၾကာင္းအရာက ငါ့ေၾကာင့္ပဲလို႔ အလကားေလွ်ာက္ထင္ေနမိတာ'

က်ိဳးေၾကာင္းဆက္စပ္ၿပီးေတြးလိုက္ရင္ နတ္ဆိုးဘုရင္ႀကီးက တန္ခိုးအာဏာအႀကီးဆုံးေလ၊ ဘယ္လိုလုပ္ၿပီး သူ႔ကိုယ္သူ အခ်စ္ႏြံထဲ အနစ္ျမဳပ္ခံမွာလဲ? သူ႔မွာလည္း သူ႔ရဲ႕ရည္မွန္းခ်က္ေတြ အိမ္မက္ေတြရွိေသးတယ္ ၿပီးေတာ့ သူ႔ရဲ႕လုပ္စရာအလုပ္ေတြေရာပဲ။ အေခ်ာေလးေတြက အေရးႀကီးတယ္ဆိုေပမယ့္ တိုင္းျပည္က ပိုၿပီးေတာ့ေတာင္ အေရးႀကီးေသးတယ္။

ခ်စ္တာက ခ်စ္တာပဲ အလုပ္က အလုပ္။

သူဆိုတဲ့ ပိုင္ရန္က စုတာ့က်ီလည္းမဟုတ္၊ ၿပီးေတာ့ နတ္ဆိုးဘုရင္ႀကီးကလည္း ေသခ်ာေပါက္ အခ်စ္မွာက်ဆုံးသြားတဲ့ က်ိဳးဘုရင္လည္းမဟုတ္ဘူးေလ။

နတ္ဆိုးဘုရင္ႀကီးရဲ႕အရင္အျပဳအမူေတြက ပထမဆုံးခ်စ္မိတဲ့ လူငယ္ေလးေတြလိုမ်ိဳး ရင္ႀကီးတစ္ခုလုံးရင္းၿပီး ေစာင့္ေရွာက္ေပးတာျဖစ္တယ္။ နတ္ဆိုးဘုရင္ႀကီးမွာ ဒီလိုအျခမ္းမ်ိဳးရွိေနေသးတယ္ဆိုတာကိုေတာင္ ေမ့လုနီးပါးပဲ။

ဒါေမယ့္ နတ္ဆိုးဘုရင္ႀကီးရဲ႕႐ိုးသားမႈကိုေတာ့ ဘယ္တုန္းကမွ ေမးခြန္းမထုတ္ခဲ့ဘူး။ နတ္ဆိုးဘုရင္ႀကီးအေပၚမွာရွိတဲ့ သူ႔ရဲ႕ကိုယ္ပိုင္ခံစားခ်က္ေတြကို ဘယ္တုန္းကမွမျငင္းပယ္ခဲ့သလိုမ်ိဳးေပါ့။ ဒါေပမယ့္ ဒီခံစားခ်က္ေတြေနာက္မွာ သူတို႔ႏွစ္ေယာက္လုံးအတြက္ ကိုယ္လုပ္ရမယ့္တာဝန္ေတြ ကိုယ္စီကိုယ္ငွရွိေနၾကတယ္။

လူသားနယ္ေျမကိုကယ္ၿပီး သူရဲေကာင္းျဖစ္လာဖို႔ ပိုင္ရန႔္မွာ စိတ္ကူးမရွိဘူး။ သူ႔တာဝန္က အိမ္ျပန္ဖို႔သာျဖစ္တဲ့အတြက္ နတ္ဆိုးဘုရင္ႀကီး တိုက္ခိုက္မယ့္လမ္းမွာ ဝင္မရႈပ္ဘူး။ သူ႔တာဝန္နဲ႔ နတ္ဆိုးဘုရင္ႀကီးရဲ႕လႈပ္ရွားမႈေတြၾကားမွာ ဘာပဋိပကၡမွမျဖစ္ေစဖို႔ပဲ သူဆုေတာင္းမိတယ္။

သို႔ေပမယ့္...

သူက ဇာတ္လိုက္ရွာရယ္၊ သူ႔ကိုအဆင့္တက္ေအာင္လုပ္ေပးၿပီး ေသမွာကေန ကာကြယ္ေပးရမယ္ဆိုေတာ့ ၾကည့္ရတာပဋိပကၡျဖစ္လာမွာကိုေတာ့ မေရွာင္ႏိုင္ဘူးပဲ။

သူ သက္ျပင္းသာခ်မိတယ္။ ပိုင္ရန္ နည္းနည္းစိတ္ပူတာက သူေနာက္ေကာ ဘာလုပ္သင့္လဲ?

___________________________________

{Unicode}

နှစ်ယောက်သား တစ်ယောက်နဲ့တစ်ယောက် ကော်နဲ့ကပ်ထားသလိုမျိုးပုံစံမျိုးနဲ့ ထာ၀ရအမှောင်ထုနန်းတော်ကြီးဆီ ပြန်လာကြတယ်။ ပိုင်ရန် နွေးထွေးပြီး စိတ်ဖိစီးသလို ခံစားနေရတဲ့အပြင် သူတကယ်ကြီး ချစ်မိနေပြီလို့လည်း ခံစားမိတယ်။

"ရှောင်လင်း ချစ်မိနေတယ်ဆိုတာက ဒီလိုမျိုးလား? ငါ နည်းနည်းတော့ နားလည်လာပြီထင်တယ်" ပိုင်ရန် သူ့လည်ပင်းပေါ်က ရေသူမပုလဲကို ဆော့ကစားရင်း ခေါင်းထဲမှာ မေးလိုက်တယ်။ "တခြားသူတွေက ချစ်မိပြီဆိုရင် ချိုမြိန်ပြီး စိတ်လည်းဖိစီးရတယ်လို့ ပြောတာကို တချိန်လုံးကြားဖူးနေခဲ့တာ၊ နောက်ဆုံးတော့ ငါနားလည်ခဲ့ပြီလို့ထင်တယ်"

သူမဆက်ပြီး မကြည့်နိုင်တော့သလို ရှောင်လင်းခံစားလိုက်ရတယ် "သခင် အခုသခင့်မျက်နှာက ဘယ်လိုအမူအယာမျိုးဖြစ်နေလဲဆိုတာကို ဘာကြောင့်မှန်ထဲမှာ မကြည့်ကြည့်ရတာလဲ?"

"ငါက ဘယ်လိုအမူအယာမျိုး ဖြစ်နေလို့လဲ?" ပိုင်ရန် အမှုမဲ့အမှတ်မဲ့ သူ့မျက်နှာသူကိုင်ကြည့်လိုက်တယ်။

ရှောင်လင်း "သုံးနှစ်အရွယ်ကလေးရဲ့IQလောက်ပဲရှိတဲ့ လူတစ်ယောက်လိုအမူအယာမျိုး"

ပိုင်ရန် "..."

ပိုင်ရန် "ရှောင်လင်း မင်း ငါ့ကိုဘယ်လိုလုပ်ပြီး ဒီလိုတောင်စော်ကားနိုင်ရတာလဲ?"

ရှောင်လင်း "ကျွန်မက စော်ကားတယ်လို့လည်း မဟုတ်ပါဘူး ဒါက အမှန်တရားလေ၊ ကျွန်မ နောက်တစ်ကြိမ်ထပ်ပြီး သတိပေးပါရစေ သခင်... အခုသခင်တွေ့ကြုံနေရတဲ့အရာတိုင်းက စိတ်ကူးယဉ်သက်သက်ပါပဲ၊ တကယ့်အစစ်အမှန်မဟုတ်လို့ သခင့်ကိုယ်သခင် ဒီထဲမှာ အရမ်းမနစ်မြှုပ်လိုက်ပါနဲ့"

သူ့စိတ်ဝိဉာဉ်က ထိုင်းမှိုင်းသွားကာ ပိုင်ရန်အရမ်းပျော်ရွှင်မနေတော့ဘူး "နတ်ဆိုးဘုရင်ကြီးလိုလူမျိုးက ချစ်သူကောင်းဖြစ်နိုင်တယ်လို့ မင်းပဲမပြောခဲ့ဘူးလား၊ ပြီးတော့ ငါတို့တွဲဖို့ကိုတောင် မင်းထောက်ပံ့ပေးလိုက်သေးတယ်လေ အဲ့တာကို အခုကျတော့မှ ငါ့ကိုဘာလို့ဆက်တိုက် ဆန့်ကျင်နေရတာလဲ?"

ရှောင်လင်း ရိုးသားစွာပြောလိုက်တယ် "သခင့်တာဝန်ပြီးမြောက်မှုကို မသက်ရောက်နိုင်တဲ့အခြေအနေမှာပဲ ကျွန်မသခင်တို့တွဲတာကို ထောက်ပံ့ပေးနိုင်တာပါ၊ ဒီလိုမျိုးဖြစ်သွားရင်တော့ ကျွန်မ ထောက်ပံ့ပေးနိုင်မှာမဟုတ်တော့ဘူး၊ သခင်နားလည်ရမှာက စိတ်ကူးယဥ်သက်သက်ဆိုတဲ့အရာတွေက အမြဲတမ်းစိတ်ကူးယဉ်တာတွေပဲဖြစ်နေမှာပါ တကယ့်လက်တွေ့ဆိုပြီး ဘယ်တော့မှဖြစ်မလာနိုင်ပါဘူး... သခင်လုပ်သင့်တာက တကယ့်ကမ္ဘာကိုပြန်ပြီး တကယ့်လူတစ်ယောက်ကိုရှာပြီး တွဲပါ၊ စိတ်လှုပ်ရှားစရာပဲဖြစ်နေနေ ပျင်းစရာပဲကောင်းနေနေ"

ပိုင်ရန် သူ့လည်ပင်းပေါ်က ရေသူမပုလဲကို ကြည့်ကာ ခဏလောက်တိတ်ဆိတ်နေပြီးမှ ပြောလာတယ် "ငါ့ကို သတိပေးစရာမလိုပါဘူး၊ ငါနားလည်တယ်"

"ဒါက သခင့်ရဲ့တာဝန်အပေါ် သက်ရောက်မှုမရှိဘူးဆိုရင် ရှောင်လင်းက သခင်နဲ့နတ်ဆိုးဘုရင်ကြီးရဲ့ဆက်ဆံရေးကို အတော်ကြီးထောက်ပံ့ပေးမှာပါ၊ အချစ်ဆိုတာက သိပ်ကိုလှပတဲ့ခံစားချက်လေးပဲလေ ပြီးတော့ သခင့်စိတ်တိုင်းကျ သာယာလို့ရပါတယ်... ဒါပေမယ့် သခင်က နည်းနည်းလေးနစ်မြောနေလွန်းတယ်လို့ ခံစားမိတာကြောင့်ပါ၊ တွေးကြည့်လိုက်ပါ ဒီတစ်ချိန်လုံး နတ်ဆိုးဘုရင်ကြီးနဲ့ ကပ်နေခဲ့ပြီး လူသားနယ်မြေမှာ ဇာတ်လိုက်ကို သွားတွေ့ဖို့အကြောင်း တွေးမိခဲ့ရဲ့လား?"

ပိုင်ရန် အသံတိတ်သွားတယ်။

ပြန်တွေးကြည့်ရင် ဒီအချိန်တွေမှာ နတ်ဆိုးဘုရင်ကြီးနဲ့ပဲ လုံးလားထွေးလားနဲ့အချိန်ဖြုန်းနေခဲ့ပြီး သူ့ရဲ့တာဝန်ကို တွေးတယ်ဆိုတာ နည်းသထက်နည်းလာတယ်။

သူ မကြာခင်ပဲ ပြန်ရတော့မယ်။

ပိုင်ရန် ပင်မဆောင်ဝင်ပေါက်မှာရပ်ကာ အနောက်ကို ပြန်ကြည့်လိုက်တယ်။ နတ်ဆိုးဘုရင်ကြီးကတော့ အထဲမှာနောက်ဆက်တွဲကိစ္စတွေ ဖြေရှင်းနေတယ်။ သူက အလုပ်တွေအားလုံးကို အလေးထားပြီးနားထောင်တတ်တဲ့ ဟွာဖေးဟွားထံ လွှဲထားခဲ့တယ်။

'မဟုတ်မှ ငါတကယ်ကို နစ်မြုပ်နေခဲ့တာပဲ'

'ဒီလိုမျိုး ဆက်သွားနေလို့မဖြစ်ဘူး'

ပိုင်ရန် ရေသူမပုလဲကို သူ့ရင်ဘတ်ထဲ ပြန်ထိုးထည့်ထားလိုက်ကာ သူ့အမြင်အာရုံက မယှဉ်သာလောက်အောင် ကြည်လင်ပြီးတည်ငြိမ်လာတယ်။

လောကကြီးရဲ့သခင်တစ်ယောက်ဖြစ်တာနဲ့အညီ နတ်ဆိုးဘုရင်ကြီးမှာ စိုးရိမ်ရမယ့်အရေးကိစ္စတွေ အများကြီးရှိတယ်။ သူပြီးဖို့ကို ပိုင်ရန်စိတ်ရှည်ရှည်နဲ့ စောင့်ပေးခဲ့တယ်။ သူပြီးသွားတဲ့နောက်မှာ နတ်ဆိုးဘုရင်ကြီးက ပိုင်ရန်နဲ့အတူ ဖြတ်လမ်းအဝင်ဆီကို ထွက်လာခဲ့တယ်။ နှစ်ယောက်သား ဝင်သွားပြီး မကြာခင်မှာပဲ လူသားနယ်မြေကို ရောက်လာခဲ့ကြတယ်။

ပိုင်ရန် တွေးလိုက်တာက : 'အကြာကြီးနေပြီးမှ နောက်ဆုံးတော့ လူသားနယ်မြေကို ရောက်လာခဲ့ပြီ'

ဇာတ်လိုက်ရဲ့ကျင့်ကြံခြင်းက ဘယ်လိုဖြစ်နေပြီလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ။

သူတို့ဖြတ်လမ်းက ထွက်လာချိန်မှာ မနက်အချိန်ဖြစ်တယ်။ နေရောင်က မျက်စိပြာသွားလောက်တယ်။ နေက ဒီလောက်တောက်ပတာမျိုးကို ပိုင်ရန်မမြင်ခဲ့ရတာ အရမ်းကိုကြာညောင်းနေပြီ။ နတ်ဆိုးလောကက တစ်နေ့တာလုံးမှုန်မှိုင်းနေပြီး နေ့အလင်းပျပျလေးတောင် မရှိဘူး။ အစကအဆုံးထိ အမှောင်ထုမြူထဲမှာသာ နေထိုင်ရတယ်။

ယှဉ်ကြည့်မယ်ဆိုရင် လူသားနယ်မြေက တောက်ပကာ နှစ်လိုဖွယ်ကောင်းပြီး လင်းလက်နေတဲ့စိမ်းတောက်တောက်အရွက်လေးတွေရှိတယ်။

အချိန်ကိုတွက်ကြည့်ရင်း တစ်နှစ်က တကယ်ကြီးကုန်လွန်ခဲ့ပြီ။

ပိုင်ရန် ယူကြုံးမရဖြစ်ကာ ရုတ်တရက် ကိစ္စတစ်ခုကို တွေးမိသွားတယ်။ သူ ဒီလောကကြီးထဲမှာ နှစ်တွေအများကြီးနေနေခဲ့တာဆိုတော့ တကယ့်ကမ္ဘာမှာ အချိန်ဘယ်လောက်တောင် ကုန်သွားခဲ့ပြီလဲ?

သူ ရှောင်လင်းကို အမြန်မေးလိုက်တယ်။

ရှောင်လင်းက "ကျွန်မလည်း မသိပါဘူး၊ ဒါပေမယ့် အရမ်းတော့ မကြာလောက်ဘူး၊ အရင်က ဒါကိုစမ်းသပ်ဖို့ တစ်စုံတစ်ယောက်ရောက်လာခဲ့ဖူးတယ်... သူ အထဲမှာ နှစ်တစ်ရာလောက် ကုန်ဆုံးခဲ့ပေမယ့် တကယ့်လက်တွေ့မှာ အချိန်တစ်လတည်း ကြာခဲ့တယ်"

ပိုင်ရန် သက်ပြင်းချမိလိုက်တယ်။ "တော်သေးတာပေါ့"

"ဒါပေမယ့် အသေအချာလို့တော့ မပြောနိုင်ဘူး" ရှောင်လင်း ပြောလာပြန်တယ် "နောက်တစ်ယောက်က အထဲမှာ တစ်နှစ်ကုန်ခဲ့ပြီး တကယ့်လက်တွေ့မှာလည်း တစ်နှစ်နဲ့ သွားညီမျှနေတယ်"

ပိုင်ရန် ရုတ်တရက်ကြီး အနည်းငယ်စိတ်လှုပ်ရှားလာတယ် "ဒါဆို ငါကရော? အပြင်မှာ ဘယ်လောက်ကြာနေပြီလဲ?"

ရှောင်လင်း "သခင် ကျွန်မလည်း မသိပါဘူး၊ ဒီလောကကြီးထဲမှာ သခင်နဲ့အတူ ကျွန်မလည်း ပိတ်ခံထားရတာပါ... ဒါကြောင့် သခင့်တာဝန်ကို တတ်နိုင်သမျှ ပြီးအောင်လုပ်ဖို့ ပြောနေရတာပေါ့"

ပိုင်ရန် အသက်ကိုပြင်းပြင်းရှုသွင်းလိုက်တယ်။

ကြည့်ရတာ သူထပ်ပြီး အာရုံပျက်နေလို့မရတော့ဘူး။

နဂိုက ဒီမှာနည်းနည်းကြာကြာထပ်နေပြီး နတ်ဆိုးဘုရင်ကြီးနဲ့ အချိန်တချို့လောက် ကုန်ဆုံးနိုင်လောက်မယ်လို့ ထင်ထားခဲ့ပေမယ့်...

သူဒီမှာကြာကြာထပ်နေရင် တကယ့်ကမ္ဘာက သူ့မိဘတွေ ဘယ်လောက်တောင် စိုးရိမ်ပူပန်နေလိမ့်မလဲဆိုတာ သူမသိတော့ဘူး။ သူ့အစ်ကိုက သတိမေ့နေတဲ့အခြေအနေဖြစ်နေပြီဖြစ်တာကြောင့် သူ့ကိုယ်သူ ဘာမှအဖြစ်ခံလို့မဖြစ်ဘူး။

ဒီတစ်ကြိမ် ဇာတ်လိုက်ကိုတွေ့ပြီး အဆင့်မြင့်တက်အောင် ကူညီမှရမယ်။

စိတ်ပိုင်းဖြတ်ပြီးနောက် ပိုင်ရန်နဲ့ နတ်ဆိုးဘုရင်ကြီးတို့ ဂူထဲကနေ ထွက်လာခဲ့တယ်။

သူတို့ထွက်လာတယ်ဆိုရင်ပဲ အနက်ရောင်ခြုံလွှာတွေနဲ့ ပုံရိပ်တချို့ ရုတ်ခြည်းပေါ်ထွက်လာတယ်။

သူတို့က မြေကြီးပေါ် ဒူးထောက်ထိုင်ကာ တညီတညွှတ်တည်း ပြောလာကြတယ်။ "လူသားနယ်မြေမှ ကျွန်တော်တို့အလေးစားဆုံးအရှင်ကြီးကို ကြိုဆိုပါတယ်၊ အရှင်ရှဲ့ကိုလည်း လေးစားစွာဖြင့် ကြိုဆိုပါတယ်"

နတ်ဆိုးဘုရင်ကြီးက သူတို့ကို မတ်တပ်ထဖို့ လက်ဟန်ပြတော့မှ သူတို့ထလာကြတယ်။

"မင်းတို့တွေပဲလား?" နတ်ဆိုးဘုရင်ကြီး မျက်မှောင်ကြုတ်သွားတယ်။

အနက်ရောက်ခြုံထည်နဲ့တစ်ယောက်က ပြောလာတယ် "အရှင်ကြီးကို သတင်းပို့ပါတယ်၊ အရှင်လော့က တိမ်လွှာပျံဝဲဂိုဏ်းရဲ့အကြီးအကဲအဖြစ် အဆင့်တက်သွားပါတယ် ပြီးတော့ လက်ရှိမှာ တိမ်လွှာပျံဝဲဂိုဏ်းကိုယ်စား တရားဝင်ညီလာခံအတွက် ဖီးနစ်မြို့တော်ကို သွားနေရတာကြောင့် ဒီကိုထွက်လာလို့ မရတာကြောင့်ပါ"

ဒါကိုကြားပြီး ပိုင်ရန်ပထမဆုံးတွေးမိတာက : 'လော့ကျန်းဖန်းကတောင် အကြီးအကဲအဖြစ် အဆင့်တက်သွားပြီတဲ့လား?'

သူ့ရဲ့ဒုတိယအတွေးကတော့ : 'ဖီးနစ်မြို့တော်မှာ ညီလာခံ?'

သူ့ခေါင်းထဲက ရှောင်လင်းကို မေးကြည့်လိုက်တယ် "ရှောင်လင်း ငါ့ကို မူလဇာတ်ကြောင်းလေး တစ်ချက်ကြည့်ပေး ဖီးနစ်မြို့တော်ရဲ့ညီလာခံက ဘယ်အချိန်လဲဆိုတာ?''

သူမှတ်မိတာ မှန်တယ်ဆိုရင် လော့ကျန်းဖန်းအကြီးအကဲအဖြစ် တက်ရောက်တဲ့ ဖီးနစ်မြို့တော်ညီလာခံက တစ်ခုတည်းဖြစ်တယ်။

ဒါက ဝှက်ပန်းတံလျပ်ကနေ စတာဖြစ်တယ်၊ ထိုနေ့က ဂိုဏ်းတစ်ခုချင်းစီက အရည်အချင်းရှိတဲ့လူငယ်တွေအားလုံး တစ်ချက်တည်းနဲ့သုတ်သင်ခံခဲ့ရတယ်။ နောက်ပိုင်း နတ်ဆိုးနယ်မြေက လှုပ်ရှားမှုအရိပ်အယောင်တွေကို ရှာတွေ့သွားခဲ့တယ်။ တိမ်နက်ဂိတ်ကလည်း ချေမှုန်းခံခဲ့ရကာ အကြီးအကဲချိုးတစ်ယောက်တည်းကျန်ရစ်ခဲ့ပြီး နယ်နမိတ်တိုင်ကလည်း ဖျက်ဆီးခံလိုက်ရမှန်း လူတိုင်းသိသွားကြတယ်။ တရားခံတွေကလည်း နတ်ဆိုးနယ်မြေကပဲ ဖြစ်နေခဲ့တယ်။

တိမ်နက်ဂိတ်က အကြီးအကျယ်ဆုံးရှုံးခဲ့ရပြီး နယ်နိမိတ်တိုင် ဖျက်ဆီးခံလိုက်ရတယ်ဆိုတဲ့ သတင်းက ပိုလို့တောင် အုတ်အော်သောင်းနင်းဖြစ်သွားစေခဲ့တယ်။ လူသားနယ်မြေက ကိုယ်ခံပညာရှင်တွေကြားမှာ ယှဉ်ပြိုင်မှုတွေက ဘယ်လောက်ပဲ ပြင်းထန်နေပါစေ တိုင်ကိုဖျက်ဆီးဖို့အထိတော့ အကြောင်းပြချက်မရှိနိုင်ဘူး။ ဝှက်ပန်းတံလျပ်မှာ အစုလိုက်အပြုံလိုက် လူသတ်တာက နတ်ဆိုးနယ်မြေဘက်က ကြိုတင်ကြံစည်ထားတာဖြစ်တယ်လို့ သက်သေမပြနိုင်ကြပေမယ့် တိမ်နက်ဂိတ်ကတော့ အကွက်ချခံလိုက်ရတယ်လို့ ယုံကြည်ကြတယ်။

နတ်ဆိုးနယ်မြေကနေ လူသားနယ်မြေထဲကို ဘယ်လိုလုပ်ဝင်လာနိုင်တာလဲ? ပြီးတော့ နယ်နိမိတ်တိုင်ဘယ်မှာရှိတယ်ဆိုတာကို ဘယ်လိုလုပ်သိသွားတာလဲ?

ပိုမိုရရှိလာတဲ့အချက်အလက်တွေက လူသားနယ်မြေထဲမှာ နတ်ဆိုးနယ်မြေကလူတွေ အရေအတွက်တော်တော်များများရောက်နေကြပြီလို့ ယုံကြည်နိုင်အောင် ထောက်ပြနေတယ်။ နတ်ဆိုးနယ်မြေနဲ့ပက်သက်လို့ နည်းလမ်းတစ်ခုရှာမယ်ဆိုပြီး ဖီးနစ်မြို့တော်မှာ ညီလာခံကျင်းပြဖို့ ကိုယ်ခံပညာရှင်တွေ ဆုံးဖြတ်လိုက်ကြတယ်။

ခဏအကြာမှာ သူ့ခေါင်းထဲကနေ ရှောင်လင်းအသံထွက်ပေါ်လာတယ် "ကျွန်မတွေ့ပြီ သခင်၊ လူသားနယ်မြေကို နတ်ဆိုးနယ်မြေက ပြဿနာတွေရှာခဲ့တာကြောင့် မြို့အရှင်က နတ်ဆိုးနယ်မြေနဲ့ ရင်ဆိုင်ဖို့ ကိုယ်ခံပညာဂိုဏ်းတစ်ခုချင်းစီက လူတချို့ပါဝင်ပေးပါဆိုပြီး အကြံပြုချက်ကို တရားဝင်ထုတ်ပြန်ခဲ့တယ်၊ ဇာတ်လိုက်ကျိုးရင်ကလည်း ဝှက်ပန်းတံလျပ်ပွဲနေ့က သူ့ကိုနားလည်မှုလွဲမှားတာတွေ ဆေးကြောဖို့အတွက် ဖီးနစ်မြို့တော်ကို သွားခဲ့တယ်"

တကယ်ကို အဲ့အပိုင်းပဲ!

နတ်ဆိုးလောကထဲမှာ သူအချိန်တစ်နှစ်ကုန်ဆုံးခဲ့ပြီးတော့ ဇာတ်ကြောင်းက ဒီအထိတောင်ဖြစ်နေခဲ့ပြီ!

ပိုင်ရန်တုန်လှုပ်ရတဲ့ အဓိကအကြောင်းအရာတွေထဲက တစ်ခုက ဖီးနစ်မြို့တော်အပိုင်းမှာ ဇာတ်လိုက်ကျိုးရင်က ကောင်းကင်သို့ တက်ရောက်ခြင်းအဆင့်ရောက်တဲ့အထိတောင် ကျင့်ကြံပြီးနေပြီဖြစ်ရာ ဝိဉာဉ်အခြေတည်အဆင့်ကို ဖြတ်ကျော်ပြီးခဲ့တာ ကြာလှပြီဖြစ်တယ်!

စာအုပ်ထဲမှာ ကျိုးရင်က သူ့ရဲ့ကျင့်ကြံခြင်းအဆင့် ပေါ်သွားပြီး နဂါးနိုင်ဓားကို အရမ်းအာရုံစိုက်လာကြမှာ စိုးရိမ်တာကြောင့် နဂါးနိုင်ဓားကရတဲ့ လျို့ဝှက်အတတ်ကိုသာ သုံးပြီး သူ့ရဲ့ကျင့်ကြံခြင်းကို ဖုံးကွယ်ခဲ့တယ်။ အပေါ်ယံမှာ ကျိုးရင်ရဲ့ကျင့်ကြံခြင်းက ရွှေရောင်ဗဟိုချက်အဆင့်နားမှာသာ ရပ်နေဆဲဖြစ်ပေမယ့် တကယ်တမ်းတော့ ကောင်းကင်သို့တက်ရောက်ခြင်းအဆင့်တောင် ရောက်နေပြီ!

'သေစမ်း၊ ဇာတ်လိုက်သာမဟုတ်လို့ကတော့... အဆင့်တက်တာကလည်း ဒုံးကျည်လိုပဲ၊ အဆင့်နှစ်ဆင့်ကို တစ်နှစ်တည်းနဲ့ တက်သွားလိုက်တာများ'

ပိုင်ရန် အတော်ကြီးယူကြုံမရဖြစ်မိတယ်၊ ခုတော့ ကြည့်ကြပါအုံး သူ့တာဝန်ပြီးဖို့ ပိုလို့တောင်နီးစပ်လာပြီ။

သူထင်ခဲ့တာက ဇာတ်လိုက်ရဲ့ကျင့်ကြံခြင်းအဆင့်ကို သိရဖို့ သူကိုယ်တိုင်သွားကြည့်ဖို့လိုပြီး လုံလောက်တဲ့အထိ မမြင့်သေးဘူးဆိုရင် အတင်းအကျပ်အဆင့်မြင့်အောင်လို့ လျို့ဝှက်အတတ်ကို သုံးခိုင်္ငးမယ်ပေါ့။ တကယ့်တကယ်ကျတော့ ဇာတ်လိုက်က ကနဦးအဆင့်ကိုတောင် ဖြတ်ကျော်ခဲ့ပြီး ဧရာမအင်အားကြီးကလည်း အလားအလာကောင်းတဲ့အခွင့်အရေးပဲ။ ဇာတ်လိုက်က သူ့ဘာသာ ကောင်းကင်သို့တက်ရောက်ခြင်းအဆင့်ထိ ရောက်သွားနိုင်လိမ့်မယ်လို့ သူဘယ်တုန်းကမှ ထင်မထားခဲ့ဘူး။

ကောင်းကင်သလို့တက်ရောက်ခြင်းအဆင့်ပြီးတဲ့နောက် ဝိဉာဉ်ဖြိုခွဲခြင်းအဆင့်၊ ခန္ဓာပြန်လည်ပေါင်းစည်းခြင်းအဆင့်၊ မဟာယနအဆင့် နောက်ပြီး မြစ်ကိုဖြတ်ကူးခြင်းအဆင့်တွေ လာလိမ့်မယ်။ ဝိဉာဉ်ဖြိုခွဲခြင်းနဲ့ ခန္ဓာပြန်လည်ပေါင်းစည်းခြင်းအဆင့်တွေက တကယ်တော့ အဆင့်တစ်ခုတည်းလို့တွေးနိုင်တယ်။ ဝိဉာဉ်ဖြိုခွဲပြီးတာနဲ့ ပုံမှန်အားဖြင့် ခန္ဓာပြန်လည်ပေါင်းစည်းခြင်းကို ချက်ချင်းလုပ်နိုင်တယ်။ ဇာတ်လိုက်ရဲ့ ခုနစ်စင်ကြယ်ခန္ဓာကိုယ် ဖွဲ့စည်းပုံကျေးဇူးနဲ့ဆိုရင် မဟာယနအဆင့်ကိုတောင် မြန်မြန်ဆန်ဆန်အဆင့်တက်နိုင်တယ်။ အခက်ခဲဆုံးအပိုင်းကတော့ မဟာယနကနေ မြစ်ကိုဖြတ်ကူးခြင်းပဲဖြစ်တယ်။

ကိုယ်ခံပညာရှင်အများစုက ဒီနေရာမှာ တစ်နေကြတာဖြစ်ပြီး အဆင့်လည်းမတက်နိုင်သလို တက်သွားလို့လည်း မရဘူး။

ဘယ်အချိန်နဲ့ ဘယ်လိုတက်သွားနိုင်မလဲဆိုတာကတော့ ကံတရားအဆုံးအဖြတ်သာဖြစ်တယ်။

ဇာတ်လိုက်က ချောချောမွေ့မွေ့ အဆင့်တက်နိုင်ခဲ့တာကြောင့် ပိုင်ရန် သူ့ကိုအလောတကြီး သွားတွေ့ဖို့မလိုဘူး။

သတင်းကိုကြားလိုက်ရပြီးနောက်မှာ ကျိုးရင်ဆီသွားလည်ရဖို့အတွက် စိုးရိမ်မနေတော့ဘူး။

တစ်ဖက်မှာတော့ နတ်ဆိုးဘုရင်ကြီးက အနက်ရောင်ခြုံထည်လူတွေနဲ့ ပြောဆိုလို့ပြီးသွားပြီး သူတို့တွေက နတ်ဆိုးဘုရင်ကြီးနဲ့ ပိုင်ရန်ကို အနားယူဖို့အတွက် ခြံဝင်းလေးဆီ ခေါ်လာကြတယ်။

ပိုင်ရန် တိတ်တိတ်ဆိတ်ဆိတ်သာ လိုက်ခဲ့တယ်။

ရောက်တဲ့အခါ နတ်ဆိုးဘုရင်ကြီးက အနက်ရောင်ခြုံထည်နဲ့လူတွေကို စုဝေးပြီး လူသားနယ်မြေထဲမှာ ဖြစ်ပျက်နေတာတွေကို မေးကာ စီစဉ်နေရာချတာတချို့ကိုလည်း လုပ်ခဲ့တယ်။ ပိုင်ရန် တွေးလိုက်တာက : 'သူငါ့ကို ပျော်ပါးဖို့ ဒီခေါ်လာတာမဟုတ်ဘဲ အလုပ်လုပ်ဖို့ပေါ့လေ'

အလုပ်ကိစ္စတွေကိုင်တွယ်ပြီး သတင်းပို့သူတွေ ထွက်သွားတဲ့အခါ အခန်းထဲမှာ နတ်ဆိုးဘုရင်ကြီးနဲ့ ပိုင်ရန်သာ ကျန်ရစ်ခဲ့တယ်။ ပိုင်ရန် လက်ကိုပိုက်ပြီး နတ်ဆိုးဘုရင်ကြီးဆီ လျှောက်သွားလိုက်တယ် "အရှင်ကြီး ဒါက ပျော်စရာလေးရှာဖို့ ကျွန်တော်ကို ခေါ်လာပေးမယ်ဆိုတဲ့ အဓိပ္ပါယ်ပေါ့လေ‌? ကျွန်တော်က ဘယ်နားသွားပြီး ပျော်ရမှာလဲ? ဒီအခန်းထဲမှာလား?"

သူ့ရဲ့လှုပ်ရှားမှုတွေက တစ်ဆိတ်ကိုတစ်အိတ်လုပ်နေဟန်နဲ့ အခန်းပတ်ပတ်လည်ကို ကြည့်ပြီး ခေါင်းလေးငြိတ်ကာ ပြောလိုက်တယ် "မဆိုးပါဘူး ဒီအခန်းကို အတော်ကောင်းကောင်းကြီး ဆောက်ပေးထားတာပဲ"

သူ့စကားတွေကြားတော့ နတ်ဆိုးဘုရင်ကြီး ရေတစ်ငုံသောက်လိုက်ကာ သူ့ကိုပြုံးပြလိုက်တယ်။ "စိတ်မဆိုးပါနဲ့ကွာ ကိုယ်တော်လူသားနယ်မြေကို ရောက်လာပြီဆိုရင် အားလုံးကို နည်းနည်းလေးတော့ ကြည့်ပေးရမှာပေါ့၊ ဒီလိုဆို ကိုယ်တော်တို့ ပျော်နေချိန်မှာ လာမရှုပ်တော့ဘူးပေါ့"

ပိုင်ရန်က မျက်ခုံးလေးပင့်ကာ "ohhhhh"ဆိုပြီး သံရှည်ဆွဲလိုက်တယ်။

"မနက်ဖြန် ကိုယ်တော်မင်းကို အပြင်ခေါ်သွားပေးမယ်လို့ ကတိပေးတယ်" နတ်ဆိုးဘုရင်ကြီးပြောလာတယ်။ သူ့မျက်လုံးတွေက ပိုင်ရန့်ကိုကြည့်နေချိန်မှာ အချစ်တွေပြည့်နေပြီး မနိုင်ဘူးဆိုတဲ့ နူးညံ့တဲ့အရိပ်အယောင်လေးတွေ ပါဝင်နေတယ်။ မသိရင် သူ့ချစ်သူက ဒေါသပုန်ထနေတာလေးကို ကြည့်နေတဲ့အတိုင်းပဲ။

ဘယ်အချိန်ရပ်ရမလဲဆိုတာ ပိုင်ရန် သိတယ်။ သူလည်း အလျင်လိုနေတာမှ မဟုတ်ဘဲ။ ပျော်စရာကောင်းတာ မကောင်းတာက အရေးမကြီးဘူး။ သူပြောလိုက်တယ် "ရပါတယ်၊ အရှင့်အလုပ်ကိုသာ သေချာလေးကိုင်တွယ်လိုက်ပါ ကျွန်တော့်ရဲ့ကြီးမြတ်ပြီးအလုပ်များတဲ့ အရှင်ကြီးရယ်"

ပြောပြီးတဲ့နောက် လက်လေးနောက်ပစ်ကာ တံခါးဆီလျှောက်သွားတယ်။ နတ်ဆိုးတွေ လူသားနယ်မြေထဲ ကျူးကျော်ဝင်ရောက်မှာကို သူစိတ်ကိုမဝင်စားတာ။ ပြီးတော့ အခန်းထဲမှာနေပြီး ဒီလိုပျင်းစရာကောင်းတဲ့ကိစ္စတွေကို နားထောင်နေရတာ ပိုဆိုးသေး။

"မင်း ဘယ်သွားမလို့လဲ?" နောက်ကနေ နတ်ဆိုးဘုရင်ကြီး သူ့ကိုလှမ်းပြောလာတယ်။

ပိုင်ရန် "ကျွန်တော် ဒီတိုင်း အနားတစ်ဝိုက်သွားရုံပါ၊ ကျွန်တော့်ကို ဒီအခန်းထဲမှာ တစ်နေကုန်ထိုင်ခိုင်းလို့တော့ မဖြစ်ဘူးလေ ဟုတ်တယ်မှတ်လား?"

နတ်ဆိုးဘုရင်ကြီး ခဏလောက် တွေးကြည့်ပြီး ပြောလိုက်တယ် "အရမ်းအဝေးကြီးတွေ လျှောက်မသွားနဲ့၊ ကိုယ်တော် မင်းကို ခေါ်လိုက်မယ်"

"ကောင်းပါပြီ" ပိုင်ရန် မတတ်သာစွာ လက်ယမ်းပြပြီး တံခါးအပြင်ကို လျှောက်သွားလိုက်တယ်။

ရေသူမပုလဲကို လက်ထဲကိုင်ထားကာ ဒီလူကို သူ့နားတစ်ချိန်လုံးခေါ်ထားချင်စိတ်ကို နတ်ဆိုးဘုရင်ကြီးထိန်းထားပြီး သူ့မျက်လုံးတွေက ပိုင်ရန်ထွက်သွားတဲ့နောက်ကို ကပ်ပါသွားတယ်။

ဒီအခိုက်အတန့်မှာ သတင်းပို့တဲ့သူက တိုက်တိုက်ဆိုင်ဆိုင်ကြီးရောက်လာကာ တံခါးအပြင်မှာ စောင့်ဆိုင်းနေတာဖြစ်တယ်။ နတ်ဆိုးဘုရင်ကြီးနဲ့ ပိုင်ရန်တို့ ပြောဆိုနေကြတာကို ကြားလိုက်ရချိန် သူအကြီးအကျယ် တုန်လှုပ်သွားရတယ် __ ဒီရှဲ့ဇီထျန်းက အရှင်ကြီးအပေါ် အရမ်းရိုင်းတာပဲ!

ဒါပေမယ့် နတ်ဆိုးဘုရင်ကြီးက သူ့ပိုအပြစ်ပေးမယ့်ပုံမျိုး လုံး၀ရှိမနေဘူး။

ပိုင်ရန် ထွက်သွားတယ်ဆိုတာနဲ့ နတ်ဆိုးဘုရင်ကြီးရဲ့ အေးစက်ပြီးတည်ငြိမ်တဲ့အသံကို ကြားလိုက်ရတယ် "ဝင်ခဲ့"

အနက်ရောင်ခြုံထည်နဲ့လူလည်း ပိုင်ရန်နဲ့ နတ်ဆိုးဘုရင်ကြီးရဲ့ဆက်ဆံရေးကို ဆက်မတွေးရဲတော့ဘဲ အခန်းထဲအမြန်ဝင်ခဲ့လိုက်တယ်။

ပိုင်ရန်က လမ်းလျှောက်ထွက်မယ်လို့ ပြောခဲ့ပေမယ့် ဘယ်ကိုသွားလို့သွားရမှန်းမသိဘူး။ အဲ့အခန်းထဲမှာ မနေချင်ရုံသာ။

ဒီခြံဝင်းလေးက အတော်လေးလျှို့လျှို့ဝှက်ဝှက်ရှိလှတယ်။ အိမ်ရာလေးတွေကလည်း အတော်လေးနှိမ်နှိမ်ချချပုံမျိုး ဆောက်ထားကြတာဖြစ်တယ်။ အသံလုံစနစ်ကလည်း မကောင်းတာကြောင့် အထဲမှာ ဘာပြောနေကြလဲဆိုတာ အပြင်ကနေ ရှင်းရှင်းလင်းလင်းကြားနိုင်တယ်။

"အရှင်ကြီး ဒီအစေခံကို ကံကြမ္မာသားတော် ရှာဖွေခိုင်းထားတဲ့ကိစ္စ ဒီအစေခံက နာမည်တွေကို စာရင်းလုပ်ထားပါတယ်" ခြုံထည်အနက်ရောင်နဲ့လူက အသံတိုးတိုးပြောလိုက်တယ်။

'ကံကြမ္မာသားတော်?'

ပိုင်ရန့်ခြေလှမ်းတွေ ရုတ်ခြည်းရပ်တန့်သွားကာ နားရွက်တွေက လှုပ်လှုပ်ရှားရှားဖြစ်လာတယ်။

"အော် ဟုတ်သားပဲ ကံကြမ္မာသားတော်" နတ်ဆိုးဘုရင်ကြီးကတော့ ထူးမခြားနားစွာ အသံဖျော့ဖျော့ရယ်လိုက်တယ် "ဒီက နာမည်စာရင်းကိုကြည့်ရတာ သူတို့တွေ ခုန်ပေါက်နေကြတာ တော်လောက်ပြီ၊ သူတို့အားလုံးကို အခုတစ်ခါတည်းရှင်းပစ်လိုက်တော့"

ပိုင်ရန်နေမထိထိုင်မသာဖြစ်လာပြီး နတ်ဆိုးဘုရင်ကြီးစကားတွေကို ဆက်နားထောင်နေမိတယ်။ နတ်ဆိုးဘုရင်ကြီးက ကံကြမ္မာသားတော်တွေအားလုံးကို တွယ်တော့မှာလား?

"အရှင်ကြီးက အမြော်အမြင်ရှိလှပါတယ်" ခြုံထည်အနက်နဲ့လူက မြှောက်ပင့်တဲ့လေသံနဲ့ ပြောလိုက်တယ်။

"စာရင်းဘယ်မှာလဲ?" နတ်ဆိုးဘုရင်ကြီး မေးတယ်။

အခန်းက တိတ်ဆိတ်သွားတာကြောင့် နတ်ဆိုးဘုရင်ကြီး သူ့ကိုပြလာတဲ့နာမည်စာရင်းကို ကြည့်နေတာဖြစ်လောက်မယ်။

ခဏအကြာ နတ်ဆိုးဘုရင်ကြီးအသံ ထွက်ပေါ်လာပြန်တယ် "ကြည့်ရတာ သူတို့အားလုံးက ဂိုဏ်းမျိုးစုံက ထွန်းတောက်လာမယ့် အရည်အချင်းရှိလူငယ်လေးတွေပဲ"

"တချို့ဆို အရင်တည်းက သူတို့ဘာသာ နာမည်ရပြီးသားလူတွေတောင် ရှိပါတယ်" ခြုံထည်အနက်ရောင်နဲ့လူက အသံတိုးတိုးနဲ့ ပြောလိုက်တယ်။

"ဘယ်လိုတောင် မဆင်မခြင်နိုင်ရတာလဲ" နတ်ဆိုးဘုရင်ကြီးက ဖြေးဖြေးချင်းပြောလာတယ် "ဒီလောက်လူတွေအများကြီးက ကံကြမ္မာသားတော်ဖြစ်ချင်ကြတယ်ဆိုမှတော့ ဘယ်သူက တကယ့်ကံကြမ္မာသားတော် အစစ်လဲဆိုတာကို ကြည့်ကြတာပေါ့"

သူ့လေသံက အေးစက်သွားတယ် "ဒီစာရင်းထဲက လူတိုင်းကို သတ်ပစ်"

သူ့လေသံက လူသတ်ရတာ ကြမ်းပိုးတချို့ကို ဖြစ်ညှစ်နေရတဲ့အတိုင်းပဲ။

"သူတို့အားလုံးကိုလား အရှင်ကြီး?" အနက်ရောင်ခြုံထည်နဲ့လူက အတည်ပြုလိုက်တယ်။

"အားလုံးပဲ" နတ်ဆိုးဘုရင်ကြီး ပျင်းရိစွာပြောလိုက်တယ် "သူတို့က ကံကြမ္မာသားတော် မဟုတ်ဘူးဆိုရင်တောင် သူတို့က ကိုယ်ခံပညာလောကရဲ့ ထောက်တိုင်တွေဖြစ်နေတုန်းပဲ ပြီးတော့ အဲ့တာကြောင့်ပဲ ငါတို့ရဲ့ဂြိုလ်မွှေတဲ့ရန်ဘက်တွေဖြစ်နေတယ်၊ သူတို့ သေမှရမယ်... ဒါပေါ့ အရမ်းကြီးပွက်လောရိုက်အောင်တော့ မလုပ်နဲ့"

"ဒီအစေခံ နားလည်ပါပြီ"

ခဏအကြာမှာ တံခါးကနောက်တစ်ကြိမ် ပွင့်လာပြန်တဲ့အတွက် ပိုင်ရန်က ဒီတိုင်းဖြတ်လျှောက်သွားသလို အယောင်ဆောင်ကာ ဘာမှမဖြစ်ခဲ့သလို ဆက်နေနေလိုက်တယ်။

အနက်ရောင်ခြုံထည်နဲ့လူက သူ့ကို ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်ပြီးမှ လျင်မြန်စွာထွက်ခွာသွားတယ်။

ပိုင်ရန် တည်ငြိမ်ဟန်နဲ့ ဆက်ပြီးလမ်းလျှောက်နေကာ သူ့ဘာသာတွေးလိုက်တယ် : 'အဲ့တော့ကာ ကြည့်ရတာ နတ်ဆိုးဘုရင်ကြီးက လူသားနယ်မြေကို လာရတဲ့ရည်ရွယ်ချက်က သူနဲ့ပျော်စရာရှာရုံတင်မဟုတ်ဘဲနဲ့ လူသားနယ်မြေကို တိုက်ခိုက်တာအတွက်ပါ လာပြင်ဆင်တာပေါ့'

'နတ်ဆိုးဘုရင်ကြီး လူသားနယ်မြေကိုလာရတဲ့ တစ်ခုတည်းသောအကြောင်းအရာက ငါ့ကြောင့်ပဲလို့ အလကားလျှောက်ထင်နေမိတာ'

ကျိုးကြောင်းဆက်စပ်ပြီးတွေးလိုက်ရင် နတ်ဆိုးဘုရင်ကြီးက တန်ခိုးအာဏာအကြီးဆုံးလေ၊ ဘယ်လိုလုပ်ပြီး သူ့ကိုယ်သူ အချစ်နွံထဲ အနစ်မြုပ်ခံမှာလဲ? သူ့မှာလည်း သူ့ရဲ့ရည်မှန်းချက်တွေ အိမ်မက်တွေရှိသေးတယ် ပြီးတော့ သူ့ရဲ့လုပ်စရာအလုပ်တွေရောပဲ။ အချောလေးတွေက အရေးကြီးတယ်ဆိုပေမယ့် တိုင်းပြည်က ပိုပြီးတော့တောင် အရေးကြီးသေးတယ်။

ချစ်တာက ချစ်တာပဲ အလုပ်က အလုပ်။

သူဆိုတဲ့ ပိုင်ရန်က စုတာ့ကျီလည်းမဟုတ်၊ ပြီးတော့ နတ်ဆိုးဘုရင်ကြီးကလည်း သေချာပေါက် အချစ်မှာကျဆုံးသွားတဲ့ ကျိုးဘုရင်လည်းမဟုတ်ဘူးလေ။

နတ်ဆိုးဘုရင်ကြီးရဲ့အရင်အပြုအမူတွေက ပထမဆုံးချစ်မိတဲ့ လူငယ်လေးတွေလိုမျိုး ရင်ကြီးတစ်ခုလုံးရင်းပြီး စောင့်ရှောက်ပေးတာဖြစ်တယ်။ နတ်ဆိုးဘုရင်ကြီးမှာ ဒီလိုအခြမ်းမျိုးရှိနေသေးတယ်ဆိုတာကိုတောင် မေ့လုနီးပါးပဲ။

ဒါမေယ့် နတ်ဆိုးဘုရင်ကြီးရဲ့ရိုးသားမှုကိုတော့ ဘယ်တုန်းကမှ မေးခွန်းမထုတ်ခဲ့ဘူး။ နတ်ဆိုးဘုရင်ကြီးအပေါ်မှာရှိတဲ့ သူ့ရဲ့ကိုယ်ပိုင်ခံစားချက်တွေကို ဘယ်တုန်းကမှမငြင်းပယ်ခဲ့သလိုမျိုးပေါ့။ ဒါပေမယ့် ဒီခံစားချက်တွေနောက်မှာ သူတို့နှစ်ယောက်လုံးအတွက် ကိုယ်လုပ်ရမယ့်တာဝန်တွေ ကိုယ်စီကိုယ်ငှရှိနေကြတယ်။

လူသားနယ်မြေကိုကယ်ပြီး သူရဲကောင်းဖြစ်လာဖို့ ပိုင်ရန့်မှာ စိတ်ကူးမရှိဘူး။ သူ့တာဝန်က အိမ်ပြန်ဖို့သာဖြစ်တဲ့အတွက် နတ်ဆိုးဘုရင်ကြီး တိုက်ခိုက်မယ့်လမ်းမှာ ဝင်မရှုပ်ဘူး။ သူ့တာဝန်နဲ့ နတ်ဆိုးဘုရင်ကြီးရဲ့လှုပ်ရှားမှုတွေကြားမှာ ဘာပဋိပက္ခမှမဖြစ်စေဖို့ပဲ သူဆုတောင်းမိတယ်။

သို့ပေမယ့်...

သူက ဇာတ်လိုက်ရှာရယ်၊ သူ့ကိုအဆင့်တက်အောင်လုပ်ပေးပြီး သေမှာကနေ ကာကွယ်ပေးရမယ်ဆိုတော့ ကြည့်ရတာပဋိပက္ခဖြစ်လာမှာကိုတော့ မရှောင်နိုင်ဘူးပဲ။

သူ သက်ပြင်းသာချမိတယ်။ ပိုင်ရန် နည်းနည်းစိတ်ပူတာက သူနောက်ကော ဘာလုပ်သင့်လဲ?

_____

Thanks 🌹

Continue Reading

You'll Also Like

1.6M 198K 160
အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။
654K 88.3K 159
Unicode + Zawgyi ကိုယ်တိုင်ဖတ်ချင်မိတဲ့အတွက် ဘာသာပြန်ခြင်း ဖြစ်ပါတယ် ပျော်စရာကောင်းသော နေ့ရက်လေးများ ပိုင်ဆိုင်ကြပါစေ
200K 26.4K 58
သုံးဆယ့်ခြောက်ပွင့်သော နေကြာက ' ငါ့အချစ်ကို မင်းပိုင်ပြီး ငါ့ကိုလည်း မင်းသာ ပိုင်သည်။' တဲ့