Unicode
အပိုင်း (၇၆.၂) - လင်မယားနှစ်ယောက်သား အလည်အပတ်ရောက်လာခြင်း
ထိုသတင်းကို ကြားပြီးနောက် အန်းကျီယန်သည်ပင် တုန်လှုပ်အံ့အားသင့်သွားရသည်။
“သူတို့ အခု အဓိကခန်းမထဲမှာပဲလား?”
ဆုကျီက ပြန်ဖြေလေ၏။
“သူတို့က အထဲကို အတင်းဝင်လာကြတာပါ။ အစေခံတွေလည်း သူတို့ကို မတားနိုင်ဘူး။ သခင်လေး...ကျွန်တော် သူတို့ကို မောင်းထုတ်ဖို့ လူရှာပေးရဦးမလား?”
သခင်လေးက ထိုသူတို့ကို လုံးဝ ထပ်မမြင်လိုတော့ကြောင်း သူသိပေသည်။ သူ ထိုလင်မယားနှစ်ယောက်လုံးကို သဘောမကျချေ။ သူတို့၏ အရည်ပြားက ထူထဲလွန်းလှ၏။ သူတို့၏ ဆက်ဆံရေးမှာ လုံးဝ ပျက်ယွင်းသွားပြီ ဖြစ်သော်ငြား သူတို့က ပြန်လာရဲကြသေးသည်။
“မလိုဘူး။ သူတို့ ဘာလိုချင်လဲ ဆိုတာကို သွားကြည့်ကြတာပေါ့ ”
……
“မင်းတို့တွေ အလုပ်ကို ဘယ်လိုလုပ်နေကြတာလဲကွ။ ဒီသခင်ကို ဘာလို့ လက်ဖက်ရည် လာမငှဲ့ပေးကြတာလဲ?
အန်းချန်တိက ထိုင်ခုံ၌ထိုင်ကာ အန်းမိသားစု၏ အစေခံများကို သူတို့အား အလုပ်အကျွေးပြုစေရန် အော်ဟစ်အမိန့်ပေးနေလေသည်။ သူက သူ့ကိုယ်သူ မိသားစု၏ခေါင်းဆောင်နှယ် ပြုမူနေပေ၏။
အစေခံအနည်းငယ်က တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြ၏။
သူတို့က အန်းမိသားစုသို့ ခုမှ ရောက်လာသည့် အစေခံအသစ်လေးများ မဟုတ်ကြပေ။ ထိုလူနှစ်ယောက်နှင့် သခင်လေးကြား ဆက်ဆံရေးပြတ်တောက်သွားသည့် မြင်ကွင်းကို သူတို့ ရှင်းရှင်းလင်းလင်း မှတ်မိနေပါသေး၏။ ဤသည်မှယ သိပ်မကြာသေးသော်ငြား ထိုသူများက အိမ်တံခါးထိရောက်လာရဲကာ သူတို့ကိုယ်သူတို့ အိမ်တော်သခင်များကဲ့သို့ ပြုမူနေကြသည်လား?သးတို့ ရူးများသွားပြီလား?
ဝူကျီးက သူတို့၏ အမူအရာများကို ကြည့်ကာ အေးစက်စက် ပြုံးလိုက်သည်။
“အန်းမိသားစုရဲ့ အစေခံတွေက ပိုပိုပြီး စည်းကမ်းမဲ့လာတာပဲ...သူတို့ရဲ့ သခင်တွေကိုတောင် မျက်လုံးထဲ မထည့်ကြတော့ဘူးပေါ့လေ။ ငါတို့မှာ အာဏာမရှိဘူးဆိုပြီး အနိုင်ကျင့်လို့ရမယ် မထင်နဲ့။ ငါတို့က အခုထိ အန်းကျီယန်ရဲ့ ဦးလေးနဲ့ ဒေါ်လေးပဲ"
“ဒါ အမှန်ပဲ!”
အန်းချန်တိက နှာခေါင်းရှုံ့လိုက်၏။
အန်းမိသားစု၏သားမက်က ကျင်းကျုံးထင်ကို ရက်ရက်စက်စက် သတ်ပစ်လိုက်ကြောင်း သူတို့ ကြားခဲ့ရစဥ်က ကြောက်ရွံ့လွန်းပြီး ဘောင်းဘီထဲ သေးပေါက်ချမိကုန်ကြ၏။ သို့သော် အချိန်အတော်ကြာထိ အန်းကျီယန်က သူတို့ဆီ လာပြီး ပြဿနာမရှာသည်မို့ သူတို့က တည်ငြိမ်သွားကြသည်။အဆုံး၌ သူတို့က ကြောက်ရွံ့မှုများပင် ပျောက်ကုန်ကြ၏။
အန်းကျီယန်က သူတို့ကို ဘာမှ မလုပ်ရဲဟု သူတို့ တွေးလိုက်မိကြသည်။ အကြောင်းမှာ သူတို့၏ ဆက်ဆံရေး ပြတ်တောက်သွားစေကာမူ သူတို့၏ သွေးသားတော်စပ်မှုက ဖြတ်တောက်၍မရသောကြောင့် ဖြစ်သည်။
ဤကဲ့သို့ဖြင့် သူတို့နှစ်ယောက်၏ ခေါင်းထဲတွင် အဓိပ္ပါယ်မရှိသည့် အတွေးများ ဖြစ်တည်လာတော့၏။
အဆုံး၌ သူတို့က ထူးခြားဆန်းပြားသည့်အဖြေကိုသာ ရသွားသည်။
ဒီနေ့မတိုင်မီ အရင်နေ့က အန်းမိသားစုသည် ရက်အနည်းငယ်အတွင်း ကျွင်းကျီမြို့သို့ ရွှေ့မည်ဖြစ်ကြောင်း သူတို့ ကြားလိုက်ရသည်။ သူတို့နှစ်ယောက် က ဤသည်ကို တွေးလိုက်မိပြီးနောက် သူတို့သာ အန်းကျီယန်နှင့် မြို့တော် သို့ လိုက်သွားနိုင်ပါက အာဏာရှိသည့် လူများနှင့် ဆုံလိမ့်မည် ဟု ခံစားလိုက်မိသောကြောင့် အပြေးလာခဲ့ကြခြင်း ဖြစ်သည်။
အန်းကျီယန် ခန်းမကြီးထဲ ဝက်လာချိန်တွင် အန်းချန်တိနှင့် ဝူကျီးတို့က အစေခံများကို ပြစ်တင်အော်ဟစ်နေသည်အား မြင်လိုက်လေ၏။ သူ ကူကယ်ရာမဲ့စွာ မျက်တောင်ခတ်လိုက်မိသည်။ ထိုသူများက သူတို့ကိုယ်သူတို့ ဒီအိမ်တော်၏ သခင်များအဖြစ် တွေးနေကြလေသည်။
အန်းချန်တိ၏ ဂုဏ်သတင်းက ရွှံ့နွံထဲထိ ဆွဲချခံလိုက်ရပြီးနောက်တွင် အန်းကျီယန်က သူတို့ကို နည်းနည်းလေးမှ ဂရုမစိုက်တော့ပေ။ အနှီစုံတွဲ အနာဂတ်တီင် ဉာဏ်ရှိရှိဖြင့် သူ့ကို လာမပတ်သတ်သရွေ့ သူက ဒီခန္ဓာကိုယ်၏ ပတ်သတ်မှုကိုယ်စား သူတို့ကို ခွင့်လွှတ်ပေးရန် ဆန္ဒ ရှိပေသည်။ သို့သော် သူတို့က သူ့အိမ်တံခါးဝ၌ ပေါ်လာပြီး ရပ်သင့်သည့်နေရာ၌ မရပ်တန့်ကြပေ။
အန်းကျီယန် ရောက်ရှိလာသည်ကို ပထမဆုံး သတိထားမိသူက ဝူကျီး ဖြစ်သည်။ သူမ၏ အမူအရာက အံ့အားသင့်သွားဟန် ရသည်။ ထို့နောက် သူမက လျှောက်လာကာ စိတ်အားထက်ထက်သန်သန်ဖြင့် ပြောလေ၏။
“ဒေါ်လေးရဲ့ တူကောင်းလေး...နောက်ဆုံးတော့ မင်း ရောက်လာပြီပဲ”
“ခင်ဗျားတို့နှစ်ယောက် ဒီကို ဘာလာလုပ်ကြတာလဲ?”
အန်းကျီယန်က ခန်းမဆောင်ထဲသို့ မဝင်ဘဲ ရပ်နေလေသည်။ သူ့၏ အေးစက်စက် အကြည့်က ထိုနှစ်ယောက်၏ မျက်နှာပေါ်သို့ ရောက်သွားလေ၏။
ဝူကျီး၏ မျက်နှာပေါ်ရှိ အပြုံးက တောင့်ခဲသွားတော့သည်။
အန်းချန်တိလည်း လျှောက်လာပြီး ပြောလေသည်။
“ကျီယန်...မင်း ဒါ ဘာသဘောလဲ? ငါတို့က မင်းရဲ့ ဦးရီးနဲ့ ဒေါ်လေးလေ။မင်းက မင်းရဲ့ အကြီးတွေကို ဒီလိုပုံစံမျိုး ဆက်ဆံတယ်ဆိုတာ ချန်ဖူ သိသွားမယ်ဆိုရင် သူ့အုတ်ဂူထဲကနေတောင် ပြန်ထလာလိမ့်မယ်”
အန်းကျီယန်မှ လွဲ၍ ထိုစကားက လူတိုင်းကို ကျိတ်ရယ်မိသွားစေသည်။
သခင်ကြီးက သူ့အုတ်ဂူထဲမှ ထလာမည်ဆိုလျှင်ပင် သခင်လေးကြောင့်တော့ မဟုတ်နိုင်ပေ။ သူတို့ကသာ အန်းမိသားစု၏ အမွေအနှစ်များကို လိုချင်နေသည်မှာ သိသာလှသော်ငြား သူတို့က အန်းမိသားစုရှေ့တွင် ပေါ်လာရဲသေးကာ သခင်လေး ကို ထိုသို့သော အသံမျိုးဖြင့် ပြောရဲနေသေးသည်။ သူတို့က တကယ်ကြီး အရည်ထူသည်လား..သို့မဟုတ် တကယ်ကြီး သူတို့ကိုယ်သူတို့ အကြီးကြီးတွေးထားကြသည်လား?
ဆုကျီက မယဥ်ကျေးဟန်ဖြင့် နှာခေါင်းရှုံ့ ပြက်ရယ်ပြုလိုက်၏။
အန်းချန်တိ၏ မျက်လုံးများက ကျဥ်းမြောင်းသွား၏။
“မင်းက ဘာကိစ္စ ထရယ်ရတာလဲ? လုံးဝကို ဆီလျော်မှု မရှိဘူး”
ဆုကျီက ပြစ်တင်ကဲ့ရဲ့လိုက်လေ၏။
“ကျွန်တော် မှတ်မိတာသာ မှန်မယ်ဆိုရင် ခင်ဗျားတို့နှစ်ယောက် က အန်းမိသားစုနဲ့ ဘာမှ မပတ်သတ်တော့ဘူးလေ။ကျေးဇူးပြုပြီး အန်းမိသားစုရဲ့ သခင်တွေလို ဟန်ဆောင်မနေပါနဲ့လား?အဲ့လိုမှ မဟုတ်ဘူးဆိုရင် ခင်ဗျားက ကျွန်တော်တို့ရဲ့ သခင်ကြီးကို ဒေါသအရမ်းထွက်အောင် လုပ်မိပြီးတော့ သူကိုယ်တိုင် အုတ်ဂူထဲက ထွက်လာနေပါဦးမယ်။ ခင်ဗျားမလို့ အရှက်မရှိဘဲ ဒီစကားတွေ ပြောရဲသေးတယ်နော် ”
"မင်း!"
အန်းချန်တိက ဒေါသထွက်သွားရသောကြောင့် သူ့အသားအရေက အနီရောင်ပြောင်းသွားလေသည်။
“နင်က ဘာမဟုတ်တဲ့ အစေခံတစ်ယောက်ပဲ။ နင်မှာ ဝင်စွက်ဖက်ခွင့်မရှိဘူး"
ဝူကျီးက သူ့ကို စိုက်ကြည့်လိုက်လေ၏။ သူမ ထိုသို့ ပြောပြီးနောက် အန်းကျီယန် ဘက်သို့ လှည့်လာသည်။
“ကျီယန်...ဒေါ်လေး မင်းကို အပြစမတင်တာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အစေခံတွေကို အလိုလိုက်မထားနဲ့လေ။ အဲ့လိုမှ မဟုတ်ဘူးဆိုရင် သူတို့က ပိုပို ရောင့်တက်လာပြီးတော့ သခင်ကိုတောင် သခင်လို ဆက်ဆံကြတော့မှာ မဟုတ်ဘူး”
“ဆုကျီ"
ဆုကျီက သူ့နာမည်ကို ကြားသည်နှင့် အလျင်စလို ပြောလိုက်၏။
"သခင်လေး...ဘာများ အမိန့်ပေးမှာပါလဲခင်ဗျ"
အန်းကျီယန်က အန်းချန်တိနှင့် ဝူကျီးတို့ကို သူတို့၏ ဦးရေပြားများ ထုံထိုင်းသွားသည်အထိ ကြည့်လိုက်သည်။
"သူတို့ကို အပြင် နှင်ထုတ်လိုက်...နောင်တစ်ခါ ဒီအိမ်ထဲကို လှမ်းဝင်မလာစေနဲ့"
ဆုကျီ၏ အသံက ချက်ချင်းဆိုသလို မြင့်တက်သွားလေ၏။
"ဟုတ်ကဲ့ပါ...သခင်လေး!"
အန်းချန်တိ၏ မျက်နှာက ပြဇာတ်ဆန်ဆန် ပြောင်းလဲသွားလေ၏။
သိပ်မကြာမီတွင် ဆုကျီနှင့် အခြားအစေခံ သုံးယောက်သည် အန်းချန်တိနှင့် ဝူကျီးတို့ကို အရှေ့တံခါးအပြင်သို့ နှင်ထုတ်လိုက်လေ၏။ သူတို့မှာ ပြန် ခုခံနိုင်စွမ်းမရှိဘဲ နှစ်ယောက်သား အပြင်သို့ ချက်ချင်း လွှင့်ပစ်ခံလိုက်ရသည်။ သူတို့နှစ်ယောက်သည် အရှေ့တံခါးအပြင်ဘက်တွင် ဖင်ထိုင်ရက်သား ပြုတ်ကျသွားကြ၏။
"အန်းကျီယန်...နင် သောက်ကျိုးနည်း မိဘမဲ့ကောင်! မျိုးမစစ်ကောင်!"
ဝူကျီးက ဒေါသထွက်လွန်းလာသည်မို့ သူမ၏ မျက်နှာက စတင် တွန့်လိမ်လာသည်။
ဆုကျီက နှာခေါင်းရှုံ့ကာ တန်ပြန်ပြောဆိုရန် ပြင်လိုက်သော်ငြား သူ့မျက်လုံးများက ဝူကျီး၏ နောက်သို့ အကြည့်ရောက်သွားသည်။
ဝူကျီးက ရုတ်တရက်ကြီး သူမနောက်ကျောဆီမှ အေးစက်မှုကို ခံစားလိုက်ရ၏။ သူမက လှည့်ကြည့်ရန် ပြင်လိုက်ချိန်တွင် သူတို့ နှစ်ယောက်၏ နောက်မှ အေးစက်စက် အသံတစ်ခု ထွက်ပေါ်လာလေသည်။
"ဘယ်သူက ဒီမင်းသားရဲ့ ဝမ်ဖေးလေးကို ကျိန်ဆဲနေတာလဲ?"
Zawgyi
အပိုင္း (၇၆.၂) - လင္မယားႏွစ္ေယာက္သား အလည္အပတ္ေရာက္လာျခင္း
ထိုသတင္းကို ၾကားၿပီးေနာက္ အန္းက်ီယန္သည္ပင္ တုန္လႈပ္အံ့အားသင့္သြားရသည္။
သူတို႔ အခု အဓိကခန္းမထဲမွာပဲလား?
ဆုက်ီက ျပန္ေျဖေလ၏။
သူတို႔က အထဲကို အတင္းဝင္လာၾကတာပါ။ အေစခံေတြလည္း သူတို႔ကို မတားနိုင္ဘူး။ သခင္ေလး...ကြၽန္ေတာ္ သူတို႔ကို ေမာင္းထုတ္ဖို႔ လူရွာေပးရဦးမလား?
သခင္ေလးက ထိုသူတို႔ကို လုံးဝ ထပ္မျမင္လိုေတာ့ေၾကာင္း သူသိေပသည္။ သူ ထိုလင္မယားႏွစ္ေယာက္လုံးကို သေဘာမက်ေခ်။ သူတို႔၏ အရည္ျပားက ထူထဲလြန္းလွ၏။ သူတို႔၏ ဆက္ဆံေရးမွာ လုံးဝ ပ်က္ယြင္းသြားၿပီ ျဖစ္ေသာ္ျငား သူတို႔က ျပန္လာရဲၾကေသးသည္။
မလိုဘူး။ သူတို႔ ဘာလိုခ်င္လဲ ဆိုတာကို သြားၾကည့္ၾကတာေပါ့
မင္းတို႔ေတြ အလုပ္ကို ဘယ္လိုလုပ္ေနၾကတာလဲကြ။ ဒီသခင္ကို ဘာလို႔ လက္ဖက္ရည္ လာမငွဲ႕ေပးၾကတာလဲ?
အန္းခ်န္တိက ထိုင္ခုံ၌ထိုင္ကာ အန္းမိသားစု၏ အေစခံမ်ားကို သူတို႔အား အလုပ္အေကြၽးျပဳေစရန္ ေအာ္ဟစ္အမိန့္ေပးေနေလသည္။ သူက သူ႕ကိုယ္သူ မိသားစု၏ေခါင္းေဆာင္ႏွယ္ ျပဳမူေနေပ၏။
အေစခံအနည္းငယ္က တစ္ေယာက္ကို တစ္ေယာက္ ၾကည့္လိုက္ၾက၏။
သူတို႔က အန္းမိသားစုသို႔ ခုမွ ေရာက္လာသည့္ အေစခံအသစ္ေလးမ်ား မဟုတ္ၾကေပ။ ထိုလူႏွစ္ေယာက္ႏွင့္ သခင္ေလးၾကား ဆက္ဆံေရးျပတ္ေတာက္သြားသည့္ ျမင္ကြင္းကို သူတို႔ ရွင္းရွင္းလင္းလင္း မွတ္မိေနပါေသး၏။ ဤသည္မွယ သိပ္မၾကာေသးေသာ္ျငား ထိုသူမ်ားက အိမ္တံခါးထိေရာက္လာရဲကာ သူတို႔ကိုယ္သူတို႔ အိမ္ေတာ္သခင္မ်ားကဲ့သို႔ ျပဳမူေနၾကသည္လား?သးတို႔ ႐ူးမ်ားသြားၿပီလား?
ဝူက်ီးက သူတို႔၏ အမူအရာမ်ားကို ၾကည့္ကာ ေအးစက္စက္ ၿပဳံးလိုက္သည္။
အန္းမိသားစုရဲ႕ အေစခံေတြက ပိုပိုၿပီး စည္းကမ္းမဲ့လာတာပဲ...သူတို႔ရဲ႕ သခင္ေတြကိုေတာင္ မ်က္လုံးထဲ မထည့္ၾကေတာ့ဘူးေပါ့ေလ။ ငါတို႔မွာ အာဏာမရွိဘူးဆိုၿပီး အနိုင္က်င့္လို႔ရမယ္ မထင္နဲ႕။ ငါတို႔က အခုထိ အန္းက်ီယန္ရဲ႕ ဦးေလးနဲ႕ ေဒၚေလးပဲ"
ဒါ အမွန္ပဲ!
အန္းခ်န္တိက ႏွာေခါင္းရႈံ႕လိုက္၏။
အန္းမိသားစု၏သားမက္က က်င္းက်ဳံးထင္ကို ရက္ရက္စက္စက္ သတ္ပစ္လိုက္ေၾကာင္း သူတို႔ ၾကားခဲ့ရစဥ္က ေၾကာက္႐ြံ႕လြန္းၿပီး ေဘာင္းဘီထဲ ေသးေပါက္ခ်မိကုန္ၾက၏။ သို႔ေသာ္ အခ်ိန္အေတာ္ၾကာထိ အန္းက်ီယန္က သူတို႔ဆီ လာၿပီး ျပႆနာမရွာသည္မို႔ သူတို႔က တည္ၿငိမ္သြားၾကသည္။အဆုံး၌ သူတို႔က ေၾကာက္႐ြံ႕မႈမ်ားပင္ ေပ်ာက္ကုန္ၾက၏။
အန္းက်ီယန္က သူတို႔ကို ဘာမွ မလုပ္ရဲဟု သူတို႔ ေတြးလိုက္မိၾကသည္။ အေၾကာင္းမွာ သူတို႔၏ ဆက္ဆံေရး ျပတ္ေတာက္သြားေစကာမူ သူတို႔၏ ေသြးသားေတာ္စပ္မႈက ျဖတ္ေတာက္၍မရေသာေၾကာင့္ ျဖစ္သည္။
ဤကဲ့သို႔ျဖင့္ သူတို႔ႏွစ္ေယာက္၏ ေခါင္းထဲတြင္ အဓိပ္ပါယ်မရှိသည့် အေတြးမ်ား ျဖစ္တည္လာေတာ့၏။
အဆုံး၌ သူတို႔က ထူးျခားဆန္းျပားသည့္အေျဖကိုသာ ရသြားသည္။
ဒီေန႕မတိုင္မီ အရင္ေန႕က အန္းမိသားစုသည္ ရက္အနည္းငယ္အတြင္း ကြၽင္းက်ီၿမိဳ႕သို႔ ေ႐ႊ႕မည္ျဖစ္ေၾကာင္း သူတို႔ ၾကားလိုက္ရသည္။ သူတို႔ႏွစ္ေယာက္ က ဤသည္ကို ေတြးလိုက္မိၿပီးေနာက္ သူတို႔သာ အန္းက်ီယန္ႏွင့္ ၿမိဳ႕ေတာ္ သို႔ လိုက္သြားနိုင္ပါက အာဏာရွိသည့္ လူမ်ားႏွင့္ ဆုံလိမ့္မည္ ဟု ခံစားလိုက္မိေသာေၾကာင့္ အေျပးလာခဲ့ၾကျခင္း ျဖစ္သည္။
အန္းက်ီယန္ ခန္းမႀကီးထဲ ဝက္လာခ်ိန္တြင္ အန္းခ်န္တိႏွင့္ ဝူက်ီးတို႔က အေစခံမ်ားကို ျပစ္တင္ေအာ္ဟစ္ေနသည္အား ျမင္လိုက္ေလ၏။ သူ ကူကယ္ရာမဲ့စြာ မ်က္ေတာင္ခတ္လိုက္မိသည္။ ထိုသူမ်ားက သူတို႔ကိုယ္သူတို႔ ဒီအိမ္ေတာ္၏ သခင္မ်ားအျဖစ္ ေတြးေနၾကေလသည္။
အန္းခ်န္တိ၏ ဂုဏ္သတင္းက ႐ႊံ႕ႏြံထဲထိ ဆြဲခ်ခံလိုက္ရၿပီးေနာက္တြင္ အန္းက်ီယန္က သူတို႔ကို နည္းနည္းေလးမွ ဂ႐ုမစိုက္ေတာ့ေပ။ အႏွီစုံတြဲ အနာဂတ္တီင္ ဉာဏ္ရွိရွိျဖင့္ သူ႕ကို လာမပတ္သတ္သေ႐ြ႕ သူက ဒီခႏၶာကိုယ္၏ ပတ္သတ္မႈကိုယ္စား သူတို႔ကို ခြင့္လႊတ္ေပးရန္ ဆႏၵ ရွိေပသည္။ သို႔ေသာ္ သူတို႔က သူ႕အိမ္တံခါးဝ၌ ေပၚလာၿပီး ရပ္သင့္သည့္ေနရာ၌ မရပ္တန့္ၾကေပ။
အန္းက်ီယန္ ေရာက္ရွိလာသည္ကို ပထမဆုံး သတိထားမိသူက ဝူက်ီး ျဖစ္သည္။ သူမ၏ အမူအရာက အံ့အားသင့္သြားဟန္ ရသည္။ ထို႔ေနာက္ သူမက ေလွ်ာက္လာကာ စိတ္အားထက္ထက္သန္သန္ျဖင့္ ေျပာေလ၏။
ေဒၚေလးရဲ႕ တူေကာင္းေလး...ေနာက္ဆုံးေတာ့ မင္း ေရာက္လာၿပီပဲ
ခင္ဗ်ားတို႔ႏွစ္ေယာက္ ဒီကို ဘာလာလုပ္ၾကတာလဲ?
အန္းက်ီယန္က ခန္းမေဆာင္ထဲသို႔ မဝင္ဘဲ ရပ္ေနေလသည္။ သူ႕၏ ေအးစက္စက္ အၾကည့္က ထိုႏွစ္ေယာက္၏ မ်က္ႏွာေပၚသို႔ ေရာက္သြားေလ၏။
ဝူက်ီး၏ မ်က္ႏွာေပၚရွိ အၿပဳံးက ေတာင့္ခဲသြားေတာ့သည္။
အန္းခ်န္တိလည္း ေလွ်ာက္လာၿပီး ေျပာေလသည္။
က်ီယန္...မင္း ဒါ ဘာသေဘာလဲ? ငါတို႔က မင္းရဲ႕ ဦးရီးနဲ႕ ေဒၚေလးေလ။မင္းက မင္းရဲ႕ အႀကီးေတြကို ဒီလိုပုံစံမ်ိဳး ဆက္ဆံတယ္ဆိုတာ ခ်န္ဖူ သိသြားမယ္ဆိုရင္ သူ႕အုတ္ဂူထဲကေနေတာင္ ျပန္ထလာလိမ့္မယ္
အန္းက်ီယန္မွ လြဲ၍ ထိုစကားက လူတိုင္းကို က်ိတ္ရယ္မိသြားေစသည္။
သခင္ႀကီးက သူ႕အုတ္ဂူထဲမွ ထလာမည္ဆိုလွ်င္ပင္ သခင္ေလးေၾကာင့္ေတာ့ မဟုတ္နိုင္ေပ။ သူတို႔ကသာ အန္းမိသားစု၏ အေမြအႏွစ္မ်ားကို လိုခ်င္ေနသည္မွာ သိသာလွေသာ္ျငား သူတို႔က အန္းမိသားစုေရွ႕တြင္ ေပၚလာရဲေသးကာ သခင္ေလး ကို ထိုသို႔ေသာ အသံမ်ိဳးျဖင့္ ေျပာရဲေနေသးသည္။ သူတို႔က တကယ္ႀကီး အရည္ထူသည္လား..သို႔မဟုတ္ တကယ္ႀကီး သူတို႔ကိုယ္သူတို႔ အႀကီးႀကီးေတြးထားၾကသည္လား?
ဆုက်ီက မယဥ္ေက်းဟန္ျဖင့္ ႏွာေခါင္းရႈံ႕ ျပက္ရယ္ျပဳလိုက္၏။
အန္းခ်န္တိ၏ မ်က္လုံးမ်ားက က်ဥ္းေျမာင္းသြား၏။
မင္းက ဘာကိစၥ ထရယ္ရတာလဲ? လုံးဝကို ဆီေလ်ာ္မႈ မရွိဘူး
ဆုက်ီက ျပစ္တင္ကဲ့ရဲ႕လိုက္ေလ၏။
ကြၽန္ေတာ္ မွတ္မိတာသာ မွန္မယ္ဆိုရင္ ခင္ဗ်ားတို႔ႏွစ္ေယာက္ က အန္းမိသားစုနဲ႕ ဘာမွ မပတ္သတ္ေတာ့ဘူးေလ။ေက်းဇူးျပဳၿပီး အန္းမိသားစုရဲ႕ သခင္ေတြလို ဟန္ေဆာင္မေနပါနဲ႕လား?အဲ့လိုမွ မဟုတ္ဘူးဆိုရင္ ခင္ဗ်ားက ကြၽန္ေတာ္တို႔ရဲ႕ သခင္ႀကီးကို ေဒါသအရမ္းထြက္ေအာင္ လုပ္မိၿပီးေတာ့ သူကိုယ္တိုင္ အုတ္ဂူထဲက ထြက္လာေနပါဦးမယ္။ ခင္ဗ်ားမလို႔ အရွက္မရွိဘဲ ဒီစကားေတြ ေျပာရဲေသးတယ္ေနာ္
"မင္း!"
အန္းခ်န္တိက ေဒါသထြက္သြားရေသာေၾကာင့္ သူ႕အသားအေရက အနီေရာင္ေျပာင္းသြားေလသည္။
နင္က ဘာမဟုတ္တဲ့ အေစခံတစ္ေယာက္ပဲ။ နင္မွာ ဝင္စြက္ဖက္ခြင့္မရွိဘူး"
ဝူက်ီးက သူ႕ကို စိုက္ၾကည့္လိုက္ေလ၏။ သူမ ထိုသို႔ ေျပာၿပီးေနာက္ အန္းက်ီယန္ ဘက္သို႔ လွည့္လာသည္။
က်ီယန္...ေဒၚေလး မင္းကို အျပစမတင္တာေတာ့ မဟုတ္ပါဘူး။ ဒါေပမယ့္ အေစခံေတြကို အလိုလိုက္မထားနဲ႕ေလ။ အဲ့လိုမွ မဟုတ္ဘူးဆိုရင္ သူတို႔က ပိုပို ေရာင့္တက္လာၿပီးေတာ့ သခင္ကိုေတာင္ သခင္လို ဆက္ဆံၾကေတာ့မွာ မဟုတ္ဘူး
ဆုက်ီ"
ဆုက်ီက သူ႕နာမည္ကို ၾကားသည္ႏွင့္ အလ်င္စလို ေျပာလိုက္၏။
"သခင္ေလး...ဘာမ်ား အမိန့္ေပးမွာပါလဲခင္ဗ်"
အန္းက်ီယန္က အန္းခ်န္တိႏွင့္ ဝူက်ီးတို႔ကို သူတို႔၏ ဦးေရျပားမ်ား ထုံထိုင္းသြားသည္အထိ ၾကည့္လိုက္သည္။
"သူတို႔ကို အျပင္ ႏွင္ထုတ္လိုက္...ေနာင္တစ္ခါ ဒီအိမ္ထဲကို လွမ္းဝင္မလာေစနဲ႕"
ဆုက်ီ၏ အသံက ခ်က္ခ်င္းဆိုသလို ျမင့္တက္သြားေလ၏။
"ဟုတ္ကဲ့ပါ...သခင္ေလး!"
အန္းခ်န္တိ၏ မ်က္ႏွာက ျပဇာတ္ဆန္ဆန္ ေျပာင္းလဲသြားေလ၏။
သိပ္မၾကာမီတြင္ ဆုက်ီႏွင့္ အျခားအေစခံ သုံးေယာက္သည္ အန္းခ်န္တိႏွင့္ ဝူက်ီးတို႔ကို အေရွ႕တံခါးအျပင္သို႔ ႏွင္ထုတ္လိုက္ေလ၏။ သူတို႔မွာ ျပန္ ခုခံနိုင္စြမ္းမရွိဘဲ ႏွစ္ေယာက္သား အျပင္သို႔ ခ်က္ခ်င္း လႊင့္ပစ္ခံလိုက္ရသည္။ သူတို႔ႏွစ္ေယာက္သည္ အေရွ႕တံခါးအျပင္ဘက္တြင္ ဖင္ထိုင္ရက္သား ျပဳတ္က်သြားၾက၏။
"အန္းက်ီယန္...နင္ ေသာက္က်ိဳးနည္း မိဘမဲ့ေကာင္! မ်ိဳးမစစ္ေကာင္!"
ဝူက်ီးက ေဒါသထြက္လြန္းလာသည္မို႔ သူမ၏ မ်က္ႏွာက စတင္ တြန့္လိမ္လာသည္။
ဆုက်ီက ႏွာေခါင္းရႈံ႕ကာ တန္ျပန္ေျပာဆိုရန္ ျပင္လိုက္ေသာ္ျငား သူ႕မ်က္လုံးမ်ားက ဝူက်ီး၏ ေနာက္သို႔ အၾကည့္ေရာက္သြားသည္။
ဝူက်ီးက ႐ုတ္တရက္ႀကီး သူမေနာက္ေက်ာဆီမွ ေအးစက္မႈကို ခံစားလိုက္ရ၏။ သူမက လွည့္ၾကည့္ရန္ ျပင္လိုက္ခ်ိန္တြင္ သူတို႔ ႏွစ္ေယာက္၏ ေနာက္မွ ေအးစက္စက္ အသံတစ္ခု ထြက္ေပၚလာေလသည္။
"ဘယ္သူက ဒီမင္းသားရဲ႕ ဝမ္ေဖးေလးကို က်ိန္ဆဲေနတာလဲ?"