ကုန်းမြေကြီး၏ အရှင်သခင်ဝမ်ဖေး...
By Hululu61
348K 58K 2.4K
အရင် accထဲဝင်မရတော့လို့ Book ခွဲလိုက်ပါပြီ 🙆 ဒါက အပိုင်း ၁ ကနေ ဖတ်လို့ရတဲ့ Linkပါ🖤 https://my.w.tt/7FVYRdnw... More
အပိုင်း (၄၁) - အတူတူအိပ်ခြင်း
အပိုင်း (၄၁) - အိပ်ရာမျှဝေခြင်း (CENSOR)
အပိုင်း (၄၂.၁) - ကူဖော်လောင်ဖက်
အပိုင်း (၄၂.၂) - ကူဖော်လောင်ဖက်(WARNING)
အပိုင်း (၄၃) - ကိုယ် မြင်လိုက်တယ်
အပိုင်း (၄၄) - မနက်စာ
အပိုင်း (၄၅) - တော်ဝင်မိသားစု သဘောထား
အပိုင်း (၄၆) - ဇနီးလေးရဲ့ ညီငယ်သေးသေးလေး
အပိုင်း (၄၇) - လယ်သမားများ
အပိုင်း (၄၈) - အန်းမိသားစုသို့ အပြန်
အပိုင်း (၄၉.၁) - သတို့သမီး မိဘအိမ် ပထမဆုံးပြန်ချိန် အကျပ်အတည်း
အပိုင်း (၄၉.၂) - သတို့သမီး မိဘအိမ် ပထမဆုံးပြန်ချိန် အကျပ်အတည်း
အပိုင်း (၅၀) - ခြိမ်းခြောက်ဖို့ရန်
အပိုင်း (၅၁) - တန်ပြန်အစီအစဥ်
အပိုင်း (၅၂) - အလုံးစုံ ထိန်းချုပ်ခြင်း
အပိုင်း (၅၃) - စားနပ်ရိက္ခာ သိုလှောင်ခြင်း
အပိုင်း (၅၄) - အစားအစာ ရရှိဖို့ရန်
အပိုင်း (၅၅) - မွှေးပျံ့ကော့လန်သည့် ဆန်(ပေါ်ဆန်းမွှေး)
အပိုင်း (၅၆) - သက်သေခံ အထောက်အထား
အပိုင်း (၅၇) - ပုန်းကွယ်နေသည့် လုပ်ကြံသတ်ဖြတ်သူ
အပိုင်း (၅၈) - လျှော်ပင်နှင့် ပင်လယ်တားမြစ်ချက်
အပိုင်း (၅၉) - ပိုးပန်းသူ
အပိုင်း (၆၀) - အန်းချောင်၏ စိတ်ဓာတ်ကြံ့ခိုင်မှု
အပိုင်း (၆၁.၁) - မမြင်ရသော လွှမ်းမိုးနိုင်စွမ်း
အပိုင်း (၆၁.၂) - မမြင်ရသော လွှမ်းမိုးနိုင်စွမ်း
အပိုင်း (၆၂.၁) - တိုးတက်မှု
အပိုင်း (၆၂.၂) - တိုးတက်မှု
အပိုင်း (၆၃.၁) - စာရင်းစာအုပ်
အပိုင်း (၆၃.၂) - စာရင်းစာအုပ်
အပိုင်း (၆၄.၁) - ဖူဝူထျန်း ၏ စွမ်းအား
အပိုင်း (၆၄.၂) - ဖူဝူထျန်း၏ စွမ်းအား
အပိုင်း (၆၅.၁) - ညဘက် ဝန်းရံတိုက်ခိုက်မှု
အပိုင်း (၆၅.၂) - ညဘက်ဝန်းရံတိုက်ခိုက်မှု
အပိုင်း (၆၆.၁) - ခေါင်းဖြတ်ကွပ်မျက်ခြင်း
အပိုင်း (၆၆.၂) - ခေါင်းဖြတ်ကွပ်မျက်ခြင်း
အပိုင်း (၆၇.၁) - အငြင်းပွားမှုအား စာရင်းရှင်းခြင်း
အပိုင်း (၆၇.၂) - အငြင်းပွားမှုအား စာရင်းရှင်းခြင်း
အပိုင်း (၆၈.၁) - တိုက်ဆိုင်မှု
အပိုင်း (၆၈.၂) - တိုက်ဆိုင်မှု
Attention Plz
အပိုင်း (၆၉.၁) - ရူးဟန်ဆောင်ခြင်း
အပိုင်း (၆၉.၂) - ရူးဟန်ဆောင်ခြင်း
အပိုင်း (၇၀.၁) - လက်ထပ်ပေးခြင်း
အပိုင်း (၇၀.၂) - လက်ထပ်ပေးခြင်း
အပိုင်း (၇၁) - ဉာဏ်ပူဇော်ခ
အပိုင်း (၇၂) - စစ်ကြောမေးမြန်းခြင်း
အပိုင်း (၇၄.၁) - သာမန်လူများနှင့် ခြားနားသော[Warning!🔞]
အပိုင်း (၇၄.၂) - သာမန်လူများနှင့် ခြားနားသော
အပိုင်း(၇၅.၁) - ကူညီရန်
အပိုင်း (၇၅.၂) - ကူညီရန်
အပိုင်း (၇၆.၁) - လင်မယားနှစ်ယောက်သား အလည်အပတ်ရောက်လာခြင်း
အပိုင်း (၇၆.၂) - လင်မယားနှစ်ယောက်သား အလည်အပတ်ရောက်လာခြင်း
အပိုင်း (၇၇) - စီရင်ချက်
အပိုင်း (၇၈) - အန်းနန်းဆောင်
အပိုင်း (၇၉.၁) - အပြစ်ပေးခြင်း
အပိုင်း (၇၉.၂) - အပြစ်ပေးခြင်း
အပိုင်း (၈၀.၁) - ကိုယ်လုပ်တော် ရွေးချယ်ပွဲနှင့် စာပို့ခို
အပိုင်း (၈၀.၂) - ကိုယ်လုပ်တော် ရွေးချယ်ပွဲနှင့် စာပို့ခို
အပိုင်း (၈၁.၁) - လောင်းကစားရုံ
အပိုင်း (၈၁.၂) - လောင်းကစားရုံ
အပိုင်း (၈၂.၁) - ရက်စက်သော ပြိုင်ပွဲ
အပိုင်း (၈၂.၂) - ရက်စက်သော ပြိုင်ပွဲ
!!!
အပိုင်း (၇၃) - စစ်ကြောမေးမြန်းခြင်းနှင့် စိတ်အား ထက်သန်မှု
4.5K 980 117
By Hululu61
Unicode
အပိုင်း (၇၃) - စစ်ကြောမေးမြန်းခြင်းနှင့် စိတ်အား ထက်သန်မှု
"ဒါက နင် ဘာကို ဆိုလိုတာလဲ? နင့်ကို ဒုက္ခပေးခဲ့တဲ့သူက ငါလို့ သံသယရှိနေတာလား?"
အန်းကျီယန် သည် သူမကို သူ့အား နှင်းတောထဲ ပစ်ထားပြီး သေစေလုနီးပါး ဖြစ်စေသူဟု သံသယဝင်နေကြောင်း နားလည်လိုက်သည်မို့ ကျန်းပိက ကြမ်းတမ်းစွာ တုန့်ပြန်လာ၏။ သူမ၏ အသံက စူးရှ ကျယ်လောင်နေပေသည်။
သူမအနေဖြင့် သူ့ကို ဒီကမ္ဘာကြီး ထဲမှ ဖြစ်နိုင်သမျှမြန်မြန် ပျောက်ကွယ်သွားစေချင်သော်ငြား အတွေးသက်သက်မျှသာ ရှိပေသည်။ သူမသည် သူ့ကို တစ်ခါမှ နာကျင်အောင် မလုပ်ခဲ့ဖူးပေ။ အန်းကျီယန် မတော်တဆ ဖြစ်သည့်နေ့က သူသည် သူ့မိဘများ သေဆုံးမှုကို လက်မခံနိုင်ဖြစ်ကာ နှင်းတောထဲ မေ့လဲသွားရသည်ဟု လူတိုင်း ထင်ထားခဲ့ကြ၏။ သို့သော် ဤသည်မှာ အခြားသူများ၏ အထင်အမြင်သာ ဖြစ်သည်။
ပထမတွင် ကျန်းပိသည်လည်း ထိုသို့ တွေးမိသော်ငြား နောက်ပိုင်းတွင် အန်းကျီယန်၏ အစေခံနှစ်ယောက် ပြောသည်ကို ကြားခဲ့ရလေသည်။ သူတို့ ပြောသည်က သူသည် အစပိုင်းတွင် အော်ဟစ် ငိုကြွေးနေခဲ့သော်လည်း တစ်မနက်လုံး ပုံမှန်ပြုမူနေထိုင်သည် ဟူ၍။ ထို့ပြင် သူက ပုံမှန်အတိုင်း အစာစားချိန်စား ရေသောက်ချိန်သောက်ကာ နှလုံးသားမဲ့သည့် သားတစ်ယောက် နှယ် ဖြစ်နေခဲ့သည်တဲ့။
ထို့နေ့က မတော်တဆ ဖြစ်ပွားချိန် နေ့လည်ခင်းတွင် အစေခံနှစ်ယောက်သည် အခြားနေရာသို့ ရုတ်ချည်း အပို့ခံလိုက်ရသည်။
အစေခံများက သူသည် အခန်းထဲ၌ ရှိမနေကြောင်း သိလိုက်ရပြီးနောက် နှင်းတောထဲ၌ လဲနေပြီး နောက်ဆုံးထွက်သက်ကို ရှိုက်နေရသော သူ့အား တွေ့လိုက်ကြရ၏။
ကျန်းပိသည်သာလျှင် ထိုအစေခံနှစ်ဦး၏ စကားများကြောင့် အန်းကျီယန်၏ သေလုနီးပါး မတော်တဆ ဖြစ်ရပ်ကို သိရှိခဲ့ခြင်း ဖြစ်သည်။ ဤသည်မှာ အန်းကျီယန်က အသက်ရှင်ရခြင်းကို စိတ်ဓာတ်ကျနေခြင်းကြောင့် မဟုတ်ပေ။ သို့သော် တစ်ယောက်ယောက် က အစေခံနှစ်ယောက် ကို တမင်သက်သက် အဝေးပို့၍ အန်းကျီယန် ကို ခေါ်ထုတ်ခဲ့ခြင်း ဖြစ်သည်။
မည်သူက ထိုသို့ လုပ်ဆောင်ရဲကြောင်း သူမလည်း မသိပါချေ။
အန်းကျီယန် က သူမ၏ အမူအရာများကို ဂရုတစိုက် ကြည့်ရှုနေခြင်း ဖြစ်သည်။ သူမ၏ မျက်လုံးထဲ၌ စိတ် ခံစားချက် အချို့ ဖြတ်ပြေးသွားကြောင်း တွေ့လိုက်သည်နှင့် တစ်ခုခု တော့ ရှိနေကြောင်း သူသိလိုက်ပေ၏။
ကျန်းပိက အန်းကျီယန် ကို နာကျင်ထိခိုက်အောင် မလုပ်ခဲ့ဖူးသည်မို့ ထိုကိစ္စနှင့် ပတ်သတ်ပြီး ကြောက်ရွံ့မနေပေ။ ပထမဆုံးအကြိမ် အဖြစ် သူမက ခေါင်းကို မော့ ရင်ကိုကော့ကာ သူမ၏ အသိစိတ်ကို ရှင်းလင်းနေစေလိုက်၏။
အန်းကျီယန်က ပြောလိုက်သည်။
"ခင်ဗျား က ကျွန်တော့်ကို နာကျင်အောင်လုပ်ဖို့ ကြိုးစားပါတယ်လို့ ကျွန်တော် ပြောမိလို့လား?အဲ့နေ့ ကျွန်တော် မတော်တဆ ဖြစ်ခဲ့တာကို စိတ်ထိခိုက်သွားလို့ ဆိုတာ လူတိုင်း သိထားကြတယ်လေ။ ဘာလို့ ကျွန်တော်က ခင်ဗျား ကို သံသယဝင်နေတယ်လို့ ထင်နေတာလဲ?ခင်ဗျား သိတာတွေကို ဘာလို့ မပြောပြရတာလဲ?"
သူမ အမှားလုပ်မိသွားကြောင်း ကျန်းပိ သိလိုက်သည်။ သူမက သူမ၏ ပါးစပ်ကို အလျှင်အမြန်ပိတ်လိုက်ကာ အကြည့်လွှဲလိုက်မိလေ၏။ သူမအကြည့်ထဲမှ ပြောင်းလဲမှုအဖုံဖုံက ပို၍ပင် ထင်ရှားလာလေသည်။
"ကျွန်တော် မေးတာကို ဖြေ!"
အန်းကျီယန် က တစ်လုံးချင်းစီကို ပီပီသသ ပြောလိုက်လေသည်။
သူမက ခဏမျှ တုန့်ဆိုင်းနေသော်ငြား တစ်ဖန် ပြန်တွေးမိသော် သူမ၌ မည်သည့် နောင်တမှ မရှိကြောင်း ပြသလိုသည်မို့ သူမ ကြားခဲ့ရသည့်စကားကို ပြန်ပြောပြလိုက်သည်။
"ငါက ဒီအကြောင်းအရင်းကိုပဲ သိထားတာ...နင့်ကို ထိခိုက်အောင် လုပ်တဲ့သူက တကယ် ငါမဟုတ်ဘူး"
အန်းကျီယန် က မျက်လွှာချလိုက်၏။
ကျန်းပိပြောသည့် အမှန်တရား ကို သူလည်း သိထားနှင့်ပြီး ဖြစ်သည်။
သူက ထို အစေခံနှစ်ဦးကို စစ်ဆေးမေးမြန်းပြီး ဖြစ်သော်ငြား သူတို့ကို တစ်ယောက်ယောက် က တမင်တကာ အဝေးပို့လိုက်ခြင်း မဟုတ်ပေ။ ဤသည်မှာ တကယ့်ကို တိုက်ဆိုင်မှု ဖြစ်သည်။ လူသတ်သမားက ထိုတိုက်ဆိုင်မှုကို အခွင့်ကောင်းယူပြီး ပြစ်မှုကို ကျူးလွန်ခဲ့ခြင်း ဖြစ်သည်။
အန်းချန်ဖူ နှင့် သူ့ဇနီး က ရုတ်တရတ် သေဆုံးသွားပြီးနောက် ထိုနေ့၏ နေ့လည်ခင်းမှာပင် အန်းကျီယန်လည်း သေဆုံးသွားသည်မို့ တရားခံက ဤပြစ်မှုကို ကျူးလွန်ဖို့ရာအတွက် ကြိုတင်ကြံစည်ထားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
ထို တိုက်ဆိုင်မှု ကြောင့်ပင် သူက လူသတ်သမားကို ရှာမတွေ့နိုင် ဖြစ်နေရခြင်း ဖြစ်သည်။
သူက ကျန်းပိ၏ အမူအရာကို စစ်ဆေးလိုက်သည်။ သူမက လိမ်ညာနေခြင်း မဟုတ်ပေ။ လူတစ်ယောက် လိမ်ညာချိန်တွင် သူတို့သာ လိမ်ညာခြင်း၌ ဆရာကြီး မဟုတ်ပါလျှင် သူတို့က သာမန်အပြုအမူမှ ကွဲထွက်သွားကြပြီး ၊ အလိမ်အညာကို ဖုံးကွယ်ရန် တစ်မူထူးသည့် အပြုအမူများ ပြသတတ်ကြသည်။ သိသိသာသာပင် ကျန်းပိက ကျွမ်းကျင်သူမဟုတ်ပေ။ သူမ၌သာ အမှန်တကယ် အကြံအစည်များရှိမည် ဆိုပါက အန်းချန်ဖူ၏ ကိုယ်လုပ်တော်မျှသာ ဖြစ်နေမည် မဟုတ်ပေ။
သူ့အနေဖြင့် သူမကို တရားခံအဖြစ် သတ်မှတ်မရသလို သူမ၏ သမီးကိုလည်း သံသယရှိသူ စာရင်းမှ ယာယီ ထုတ်ထားရပေမည်။
သူမပြောခဲ့သည်များနှင့် သူသိသည့်အချက်များက တူညီနေသည်။ ထိုနေ့က သူတို့ သားအမိ သည် အခန်းထဲ၌သာ နေပြီး ထွက်မလာခဲ့ကြပေ။ သို့သော် သူတို့ အခန်းထဲ၌သာ နေသည်ဆိုသည့် သက်သေမရှိသောကြောင့် သူက သူမတို့ နှစ်ယောက်ကို သံသယဝင်ရခြင်း ဖြစ်သည်။
"ခင်ဗျားက အန်းယွမ်စီရင်စုမှာ နေချင်တယ် ဆိုမှတော့ ကျွန်တော် က နေခွင့်ပြုရမှာပေါ့။ ကျွန်တော် နောက်ထပ် အိမ်တော်တစ်ခု ပြင်ထားပြီးပြီ။ ဒီ အိမ်တော်မှာက လူတွေ သေထားတာမလို့ မွန်းကြပ်သလို ခံစားနေရလိမ့်မယ်။ နောက်ရက်ပိုင်း လက်ထပ်ပွဲကျရင် အန်းခယ့်ရှင်း က အဲ့ဒီ အိမ်တော်ကနေ လက်ထပ်ရလိမ့်မယ်။ ဘာပြဿနာမှ မရှိတော့ဘူး ဆိုရင် ခင်ဗျား ပြန်လို့ ရပြီ"
အန်းကျီယန် က သူ့အရင်မေးခွန်း ပြီးသွားသည်နှင့် တစ်ဖက်လူကို စာကြည့်ခန်းထဲမှ နှင်လေတော့သည်။
ကျန်းပိက ထိုရလဒ်နှင့် ပတ်သတ်ပြီး မကျေနပ်သေးပါချေ။ ခယ့်ရှင်း သာ အန်းမိသားစု၏ အဓိကအိမ်တော်မှ လက်မထပ်ရဘူးဆိုလျှင် အခြားသူများက သူမအပေါ် မည်သို့ ကြည့်လာကြမည်နည်း။ အန်းမိသားစု ရှိ အဖြစ်အပျက်များကို မသိရှိထားသူများက ခယ့်ရှင်းကို အထင်သေးလာကြလိမ့်မည်။ သို့သော် အန်းကျီယန် ပြောသည်ကလည်း အမှန်သာ ဖြစ်ပေသည်။
ကျန်းပိ ထွက်သွားလေတော့သည်။
အန်းကျီယန် ထိုင်ခုံပေါ်သို့ ကျောမှီချလိုက်ပြီး အတွေးများကြား နစ်မြုပ်သွားပြန်သည်။
မည်မျှ ကြာသွားသည် မသိသော်ငြား ရှည်လျားလှသည့် သဏ္ဍာန်ရိပ်က တံခါးဝ၌ ရပ်ကာ လရောင်ခြည်ကို ပိတ်ဆို့လာသည်။ နက်ရှိုင်းသည့် အရိပ်တစ်ခုက ကြမ်းပြင်ထက်တွင် ထင်ဟပ်နေလေ၏။
အန်းကျီယန် မော့မကြည့်ပါချေ။
ဖူဝူထျန်းက ရေချိုးသန့်စင်ပြီးနောက် အပြာရောင် ပိုးသား ဘရိုကိတ်ဝတ်ရုံကို ဆင်မြန်းထားသည်။ သူက စားပွဲရှိရာသို့ လျှောက်လာ၏။ သူ့လက် နှစ်ဖက်လုံး ကို စားပွဲပေါ် ထောက်လိုက်ကာ  အန်းကျီယန် ကို ကြည့်လာသည်။
"ဝမ်ဖေးလေး...ဝမ်ဖေးလေး ကြည့်ရတာ အခုထိ သဲလွန်စ တစ်ခုမှ မတွေ့သေးဘူးထင်တယ်"
အန်းကျီယန်က သူမှန်း သိသည်မို့ အံ့သြမသွားပါချေ။ သူ ထိုစကားကို ကြားလိုက်ချိန်၌ ညအမှောင်ထဲ၌ပင် ထက်မြက်မှုအလင်းတန်းများ တောက်ပနေသော ထိုလူ့၏ မျက်လုံးများကို စိုက်ကြည့်ပစ်လိုက်သည်။
"ဒါက ကျွန်တော့် ကိစ္စပါ။ ဝမ်ရယ့်အနေနဲ့ ဝင်မစွက်ဖက်သင့်ဘူး"
ဖူဝူထျန်း က ပြောလိုက်သည်။
"ဒီမင်းသားမှာ သံသယတစ်ခု ရှိတယ်"
အန်းကျီယန် သူ့မျက်ခုံးကို တွန့်ချိုးလိုက်မိသည်။
"ဘာ သံသယလဲ?"
ဖူဝူထျန်း က ပြောလာလေ၏။
"ခံရတဲ့သူက ဝမ်ဖေးလေး လေ။ ဒီတော့ ဖြစ်ရပ်တစ်ခုလုံးကို လုံးစေ့ပတ်စေ့ သိရမယ့်သူက ဝမ်ဖေးလေးပဲ ဖြစ်သင့်တယ်။ ဒါပေမယ့်...ဝမ်ဖေးလေးကို ကြည့်ရတာ အဲ့အချိန်က အဖြစ်အပျက် အားလုံးကို ဘာလို့ မမှတ်မိတော့သလို ဖြစ်နေရတာလဲ?"
အန်းကျီယန်၏ အမူအရာက ပြောင်းလဲမသွားပေ။
"ဘာလို့လဲ ဆိုတော့ ကျွန်တော် တကယ် မမှတ်မိတော့လို့လေ"
"အဲ့ဒါ ဘာကြောင့်လဲ?"
"အဲ့အချိန်တုန်းက ကျွန်တော် စိတ်ထိခိုက်လွန်းနေလို့ ဖြစ်မှာပေါ့"
"ဒါက အကြောင်းရင်း ပေါ့လေ?"
"ဒီလိုမှ မဟုတ်ရင် အခြား ဘာများ ဖြစ်ရဦးမှာတဲ့လဲ?"
အံ့သြဖွယ်ကောင်းလှစွာ ဖူဝူထျန်းက စကားလမ်းကြောင်း လွှဲသွားသည်။
"ဝမ်ဖေးလေး...ဒီနေ့အတွက် အလုပ် ပြီးသွားပြီလေ။ အခုက အခန်းပြန်ပြီး အနားယူရတော့မယ့် အချိန်မဟုတ်လား?ကိုယ် မင်းအတွက် အစေခံတွေကို ရေနွေး ပြင်ခိုင်းထားပြီးပြီ။ ဝမ်ဖေးလေး အခု မသွားဘူး ဆိုရင် ရေတွေ အေးသွားလိမ့်မယ်နော်"
အန်းကျီယန် က စားပွဲပေါ်ရှိ ပစ္စည်းများကို သိမ်းလိုက်သည်။ သူက ဖူဝူထျန်း ကို တစ်ချက်ကြည့်လိုက်ပြီး ဘာမှ မပြောပေ။ သူ ရေနွေး ပြင်ခိုင်းထားပြီးခါမှ ဘာကြောင့် မေးခွန်းတွေ မေးပြီး အချိန်ဆွဲနေသနည်း။ ထို့ပြင် ကျင်းကျုံးထင် နှင့် နောက်လိုက်ကို ဖူဝူထျန်း ရက်စက်ကြမ်းကြုတ်သည့် နည်းဖြင့် သတ်ဖြတ်သည့်နေ့ကတည်းက သူတို့ အတူရှိခဲ့သည့် နေ့ရက်များတွင် အန်းကျီယန် တစ်ဖက်လူဆီမှ အရိပ်၏ အငွေ့အသက်ကိုပင် ရှာမတွေ့ခဲ့ပေ။
သူတို့နှစ်ယောက် အိပ်ခန်းဆီသို့ ပြန်လာခဲ့ကြသည်။
အန်းကျီယန် လိုက်ကာဆီသို့ သွားလိုက်ပြီးနောက် ရေနွေးဖြည့်ထားသည့် သစ်သားစည်ပိုင်း တစ်ခုကို တွေ့လိုက်ရသည်။ အပူချိန်က အနေတော် ဖြစ်ကာ သူ့ အဝတ်အစားများကိုလည်း လိုက်ကာထက်တွင် ချိတ်ထားပြီး ဖြစ်သည်။
"ဝမ်ဖေးလေး ဒီမင်းသားရဲ့ အကူအညီများ လိုအပ်သေးလား?"
"မလိုပါဘူး"
အန်းကျီယန် လေးလေးနက်နက် ငြင်းဆိုလိုက်လေ၏။ သူက သုံးနှစ်သားကလေး မဟုတ်ပါချေ။
အဝတ်အစားများ ဆွဲချွတ်လိုက်သံက လိုက်ကာနောက်မှ ထွက်ပေါ်လာပြီး သူ ခန္ဓာကိုယ်၌ အဝတ်အစား ကင်းမဲ့သွားသည်။ လူငယ်လေး၏ သေးသွယ်သော ပုံရိပ်က လိုက်ကာထက်တွင် ရောင်ပြန်ဟပ်နေပြီး ဖျော့တော့ ကျဲပါးသည့် အရိပ်အသွင် မြင်နေရ၏။ ဤသည်မှာ သေချာပေါက် လူများအား ပြစ်မှု ကျူးလွန်ရန် ဆွဲဆောင်နေသည့် ပန်းချီကားချက်ပမာပင်။
"ဝမ်ဖေးလေး...တကယ်ပဲ အကူအညီ မလိုဘူးလား?"
ဖူဝူထျန်း က အရှုံးပေးလိုစိတ်မရှိသေးဘဲ မေးလိုက်လေသည်။
အန်းကျီယန်၏ အသံက လိုက်ကာ နောက်မှ ထွက်ပေါ်လာ၏။
"တကယ် မလိုဘူး။ ဝမ်ရယ် အရင်ဆုံး သွားအိပ်လို့ရတယ်"
ဟုတ်ပေသည်။ ဖူဝူထျန်း ကတော့ သူ့ဆန္ဒအတိုင်း သွားမအိပ်နိုင်ပါချေ။ သူက အန်းကျီယန် ရေချိုးပြီး၍ လိုက်ကာနောက်မှ ထွက်လာချိန်ထိ စောင့်နေလေသည်။ သူ့၏ နေရာယူပုံကပင် မပြောင်းလဲသွားပေ။ သူက ထိုင်နေရာမှ ရေချိုးပြီး ထွက်လာသည့် အန်းကျီယန်၏ ပုံရိပ်ကို အကဲဖြတ်နေလေသည်။
အန်းကျီယန် က ဝတ်ရုံပါးတစ်ထည်နှင့် ဘောင်းဘီရှည်တစ်စုံကိုသာ ဝတ်ဆင်ထားသည်။သူ့၏ ဆံနွယ်ရှည်များက ရေများ စိုစွတ်နေပြီး ကျောနှင့်ကပ်နေလေ၏။  နှစ်ဆယ့်တစ်ရာစုတွင် နှစ်နှစ်ဆယ်ကျော် နေခဲ့သည့် ယောကျ်ားတစ်ယောက် အနေဖြင့် ဆံပင်ရှည်နှင့် အသားမကျသေးချေ။ ဤသည်မှာ ရေချိုးပြီးချိန်တွင် အပြစ်ပေးခံရသလို ဖြစ်နေပေသည်။
သူ့လက်ထဲရှိ မျက်နှာသုတ်ပုဝါက ရုတ်တရတ် ယူဆောင်သွားခံလိုက်ရ၏။
အန်းကျီယန် က ဖူဝူထျန်း ကို ကြည့်ကာ သဘာဝကျကျ ပြောလိုက်လေသည်။
"ကျွန်တော့် ဆံပင်ကို သုတ်ပေးဖို့ ကူညီပေး"
ဖူဝူထျန်း ၌ မူလကတည်းက ထိုအကြံ ရှိသော်ငြား ထိုကဲ့သို့ အသက်မပါသော အမိန့်ကို ကြားလိုက်ချိန်၌ ခပ်ဖျော့ဖျော့ပြုံးမိသွားသည်။ သူက အန်းကျီယန် ကို ရှေ့သို့ ဆွဲယူလိုက်ပြီးနောက် ပုဝါကို လူငယ်လေး၏ ခေါင်းပေါ်သို့ တင်လိုက်၏။ ဆံနွယ်တစ်လျှောက်ရှိ ရေစက်များကို ပုဝါက စုပ်ယူသွားသည်။
သူသုံးသည့် အားကသိပ်မများဘဲ တော်သင့်ရုံသာ ဖြစ်သည်။ သို့သော် ဆံပင် ခြောက်အောင် လုပ်သည့် သူ့၏ နည်းလမ်းမှာမူ သိပ်မကောင်းလှပေ။
ယခုအခါတွင် သူ့ဆံပင်များက ရှုပ်ပွနေပြီ ဖြစ်ကြောင်း အန်းကျီယန် သိလိုက်သည်။ ဖူဝူထျန်း ကို အကူအညီ တောင်းမိခြင်းက မှားယွင်းသည့် ဆုံးဖြတ်ချက် ဟုပင် သူတွေးမိလာ၏။
ထိုအခိုက်အတန့်တွင် ဖူဝူထျန်း က သူ့ခါးကို ရုတ်တရတ် ဆွဲဖက်လိုက်ပြီး လူငယ်လေး၏ ပုခုံးထက်တွင် ခေါင်းတင်လိုက်သည်။ သူ့၏ အသံက အန်းကျီယန်၏ နားထဲသို့ ထိုးဖောက် ဝင်ရောက်သွားသည်။
"ဝမ်ဖေးလေး...လုပ်ကြရအောင်"
ဆိုင်းမဆင့်ဗုံမဆင့် စကားလမ်းကြောင်းပြောင်းသွားခြင်း...။
အန်းကျီယန် က တည်တည်ငြိမ်ငြိမ်ဖြင့် သူ့လက်ထဲမှ ပုဝါကို ဆွဲယူလိုက်သည်။ သူ့ဆံပင်မှ ရေတစ်စက်မှ မကျတော့သည်ထိ သုတ်လိုက်ပြီးနောက် ပြောလိုက်လေ၏။
"ကောင်းပြီလေ..."
ဖူဝူထျန်း နည်းနည်း ကြောင်အသွားသည်။
ထို့နောက် သူက လူငယ်လေး ဆက်ပြောသည်ကို ကြားလိုက်ရ၏။
"ခင်ဗျားသာ အသာတကြည် လှဲနေပေးပြီး ကျွန်တော့်ကို အပေါ်က နေခိုင်းသရွေ့ ကျွန်တော် ဒီကိစ္စကို မဆန့်ကျင်ပါဘူး"
သူ့ဘေးရှိလူမှာ သုသာန်တစပြင်ရောက်သွားသည့်နှယ် တိတ်ဆိတ်သွားလေသည်။
အန်းကျီယန် က ပုဝါကို အနီးအနားရှိ စားပွဲထက်သို့ ပစ်တင်လိုက်ပြီး ဖူဝူထျန်း ကို လှည့်ကြည့်လိုက်၏။ သူ့နှုတ်ခမ်းထောင့်လေးက ကွေးညွတ်သွားသည်။
"ဒီလိုဆို ဘယ်လိုလဲ?"
ဖူဝူထျန်း၏ မျက်လုံးများက ညကောင်းကင်ထက်ရှိ ကြယ်စင်များထက် လင်းလက်သော်ငြား ရေစုပ်ဝဲကြီးကဲ့သို့ နက်ရှိုင်းလှသည်မို့ သူ့အား ကြည့်မိသူတိုင်းကို အလွန်တရာ ဆွဲဆောင်ထားနိုင်ပေသည်။
ဝေဝေဝါးဝါး ဖယောင်းတိုင် အလင်းအောက်တွင် အန်းကျီယန် ဖူဝူထျန်း၏ နှုတ်ခမ်းထက်ရှိ အပြုံးကြီးတစ်ခုကို မြင်လိုက်ရသည်။ သူက အစွန်းတစ်ဖက်သို့ ရောက်ရှိသွားသလို စိတ်လှုပ်ရှားလာသည်။ လေထုထဲတွင် လှုံ့ဆော်မှု အငွေ့အသက်များ ရောပြွမ်းလာဟန်ရ၏။ အေးစက်မှုတစ်ခုက သူ့အရေပြားကို ဖြတ်တောက်ဝင်ရောက်လာကာ မျက်မှောင်ကြုတ်မိသွားစေသည်။
သူက ထိုသို့သော ထူးဆန်းလှသည့် အခြေအနေမှ လွတ်မြောက်ရန် ကြိုးပမ်းလိုက်သော်ငြား လက်တစ်ဖက်က သူ့အကျီကော်လာကို ဆုပ်ကိုင်လာသည်။ အားကောင်းသည့် ဆွဲအားကြောင့် သူတို့၏ အနေအထားက ပြောင်းပြန်ဖြစ်သွားသည်။ အန်းကျီယန် နူးညံ့လှသည့် စောင်လွှာထက်သို့ လဲကျသွားရ၏။ သူက ထထိုင်ရန် ကြိုးပမ်းလိုက်ချိန်တွင် သူ့နှုတ်ခမ်းက ပိတ်ဆို့ခံလိုက်ရကာ အိပ်ရာပေါ် ပြန်တွန်းလှဲခံလိုက်ရသည်။
ဖူဝူထျန်း၏ အနမ်းက သူတစ်ခါမျှ မခံစားဖူးသော ဗိုလ်ကျစိုးမိုးခြင်းကို သယ်ဆောင်လာသည်။ သူ့၏ လျှာက လူငယ်လေး၏ နှုတ်ခမ်း နှစ်လွှာအတွင်း ထိုးဖောက်ဝင်ရောက်ကာ စိုးမိုးခြယ်လှယ်လာချေ၏။ သူတို့နှစ်ဦး၏ အသက်ရှုသံများက ပေါင်းစပ်သွားလုမတတ် ဖြစ်နေပေသည်။
အန်းကျီယန် က အလျှင်အမြန် တုန့်ပြန်လိုက်သော်ငြား သူ့၏ လက်များကို တစ်ဖက်လူ က ချုပ်ကိုင်သွားပြီ ဖြစ်သည်။ သူ့လက်များ၊ သူ့ ခန္ဓာကိုယ် နှင့် အခြေအနေကိုပါ ထိန်းချုပ်၍ မရနိုင်တော့ပေ။ ပြင်းပြင်းထန်ထန် ခုခံကာကွယ်နေပါသော်ငြား သူ့အနေဖြင့် ပြုသမျှနုရမည့် ဘဝမှ လွတ်မြောက်ရန် မဖြစ်နိုင်ပေ။
ဖူဝူထျန်းက သူ့အကြည့်ကို သတိထားမိသွား၏။ သူ့မျက်လုံးထဲတွင် နောက်ပြောင်ကျီစယ်လိုဟန် အပြုံးရိပ်လေး ဖြတ်ပြေးသွားသည်။
အန်းကျီယန် က သူ့ကို စိုက်ကြည့်လာပြီး သူ အလွန်အမင်း အံ့သြသွားစေမည့်အရာကို ရုတ်တရတ် ပြုလုပ်လိုက်သည်။ အန်းကျီယန် က သူခေါင်းကို မော့ကာ ပြင်းပြလှသည့် အနမ်းဖြင့် ပြန်တုံ့ပြန်လာသည်။ နှုတ်ခမ်းလွှာများနှင့် သွားများကြားတွင် နူးညံ့သည့်အသားစများက ဓားစာခံ ဖြစ်သွားရပြီး အာခေါင်တွင်းတွင် ချက်ချင်းဆိုသလို သံချေးလို သွေးအရသာက ပြည့်နှက်သွားလေသည်။
အပြန်အလှန် ပေးနေသည့် ပြင်းပြစွာသော အနမ်းက စစ်ပွဲ ဆင်နွှဲနေသည့်ဟန်ပင်။ သူတို့က အရှေ့သို့ ဆွဲလိုက်၊ အနောက်သို့ တွန်းလိုက် ဖြစ်နေကြသည်။သူတို့၏ ငွေမျှင်ရောင် တံတွေးစများသည်လည်း စောင်လွှာထက်တွင် စွန်းထင်း စိုစွတ်ကုန်၏။ သူတို့၏ ခန္ဓာကိုယ်များသည်လည်း တစ်ယောက်ကိုတစ်ယောက် ပြင်းပြလှသော ချစ်ဇောအဟုန်ဖြင့် ဖြည်းဖြည်းချင်း ပွတ်သပ်နေကြ၏။ ဤသည်မှာ မည်မျှကြာသွားသည် မသိသော်ငြား ပထမဆုံး တောင့်မခံနိုင်ဘဲ စတင်သတိရလာသူမှာ အန်းကျီယန် ဖြစ်လေသည်။
ဖူဝူထျန်းက သူ့နှုတ်ခမ်းကို လွှတ်ပေးလိုက်ပြီး လည်တိုင်ကျော့ကျော့ဆီသို့ လှည့်လိုက်၏။ သူက ဖြူနုချောမွတ်သော အသားအရေထက်တွင် အရာများ ချန်ထားခဲ့လေသည်။
အန်းကျီယန် ခက်ခက်ခဲခဲ ပင့်သက်ရှိုက်လိုက်ရပြီး သူ့၏ မျက်ခုံးတန်းသည်လည်း တင်းကျပ်စွာ တွန့်ကွေးသွားမိသည်။ သူ့ခန္ဓာကိုယ်က ငယ်ရွယ်လွန်းသေးသည်။ ဤခန္ဓာကိုယ်ထဲသို့ ရောက်သည်မှာ ငါးလကျော်သာ ရှိသေးသော်လည်း သူက အလွန်တရာအလုပ်များသည်မို့ လေ့ကျင့်ခန်း လုပ်ရန် အခွင့်အရေးများစွာ မရရှိခဲ့ပေ။ထို့ကြောင့် သူ့လက်မောင်းနှင့် ခြေထောက်များတွင် ကြွက်သားများ မရှိလုနီးပါး ဖြစ်နေသည်။ ခြေလက်များအားလုံး၌ နူးညံ့သေးသွယ်သည့် အသားစိုင်များသာ ရှိ၏။ ပုံမှန်ထက်ပိုပြီး လှုပ်ရှားမိသည်နှင့် သူ့၏ ခွန်အားက အလွန်တရာ လျှင်လျှင်မြန်မြန် ကုန်ဆုံးသွားရသည်။
ဤသည်က အနမ်းတစ်ခုမျှသာ ဖြစ်သော်လည်း သူက အသက်ကိုပင် လုရှုနေရလေပြီ။
"ထွက်သွား!"
အန်းကျီယန် က သူ့ပုခုံးကို တွန်းပစ်လိုက်သော်လည်း သူ့ကို အဝေးရောက်စေခြင်းငှာ မစွမ်းနိုင်ပေ။
ဖူဝူထျန်း က သေချာပေါက် နာခံမည် မဟုတ်ပေ။ အန်းကျီယန်၏ တုံ့ပြန်မှုသေးသေးလေးမျှကို ရရှိဖို့ရာအတွက်ပင် အင်အားများစွာ စိုက်ထုတ်ထားခဲ့ရသည်။ သူ့၏ မာနကြောင့် သို့မဟုတ် အခြား အကြောင်းရင်းများကြောင့် ပြန်နမ်းခြင်း ဖြစ်လျှင်လည်း ကိစ္စမရှိ။ သူက အန်းကျီယန် ကို ထိုမျှ အလွယ်တကူ လွှတ်မပေးလိုက်နိုင်ပေ။
သူ့အဝတ်အစားများက ရင်ဘတ်ဆီမှ ဆွဲချခံလိုက်ရကြောင်း အန်းကျီယန် သိလိုက်လေ၏။ သူ့ အသားအရေ၏ ကြီးမားလှသည့် အပိုင်းက ထုတ်ဖော်ခံလိုက်ရသည်။ ကြမ်းတမ်းလှသည့် လက်အစုံက သူ့၏ အသားအရေကို တစ်လက်မမချန် တိတွေ့ပွတ်သပ်နေပြီး သူ့ကို ထိရှလွယ်အောင် ပြုမူနေပေသည်။ သူက အသိလက်လွတ် ချစ်ဇောကပ်နေခြင်းမှ နိုးထလာခဲ့ပြီး ဖြစ်သည်။ ဤကဲ့သို့ ဂရုမဲ့စွာ ပွတ်သပ်နေခြင်းက သူ့၏ အောက်ပိုင်းတစ်နေရာကို မာကျောလာစေသည်။ သို့သော် သူ့ဦးရေပြားကို ထုံကျင်လာစေသည့်အရာမှာကား သူ့ပေါင်နှစ်ဖက်ကြားရှိ ညီငယ်လေးကို လာဖိထားသည့် ၊ သူ့ဟာထက်ပင် ပိုမို ပူပြင်းနေသော အပူချောင်းကြီးပင် ဖြစ်သည်။ ကိစ္စများသာ ဤအတိုင်းဆက်သွားမည်ဆိုပါက သူသည် ဖူဝူထျန်း၏ ညလယ်စာလေး ဖြစ်သွားတော့မည်ဖြစ်ကြောင်း သူ နားလည်လိုက်လေသည်။
"ဖူဝူထျန်း..."
အန်းကျီယန်၏ အသံက အက်ကွဲနေပေသည်။
ဤသည်မှာ သူ ဖူဝူထျန်း၏ နာမည်ကို ခေါ်သည့် ပထမဆုံးအကြိမ် ဖြစ်သည်။ အရင်ကဆိုလျှင် သူက ဖူဝူထျန်းကို ဝမ်ရယ်ဟုသာ ခေါ်တတ်သည်မို့ သူက တုန့်ပြန်နိုင်စွမ်းရှိသော်ငြား ဤသည်မှာတော့ နှောင့်နှေးကြန့်ကြာသွားစေသည်။
ဖူဝူထျန်းက အန်းကျီယန်၏ ရင်ဘတ်ပေါ်ရှိ အနီရောင်ချယ်ရီသီးလေးကို နှုတ်ခမ်းနှစ်လွှာကြား ငုံလိုက်ပြီး ပြင်းပြစွာ စုပ်ယူလိုက်သည်။
"ရှီး...!"
အန်းကျီယန် သွားကြားထဲမှလေကို ခက်ခက်ခဲခဲ စုပ်သွင်းလိုက်ရသည်။
အန်းကျီယန် အံ့အားသင့်သွားရ၏။ ၎င်းသည် သူ့၏ အထိမခံသော အစိတ်အပိုင်း ဖြစ်မှန်း သူမသိခဲ့ပါချေ။ သူက ရုတ်တရက် တက်ကြွလာသည်မို့ အော်ငိုလုနီးပါး ဖြစ်သွားရသည်။ အန်းကျီယန် ပို၍ပင် ရုန်းကန်လိုက်မိ၏။
"ဖူဝူထျန်း...ခင်ဗျားမှာ အရည်အချင်း ရှိတယ်ဆိုရင် ကျွန်တော် ဆယ့်ရှစ်နှစ် ပြည့်တဲ့အချိန်ထိ စောင့်"
ဆယ့်ခြောက်နှစ်အရွယ် ခန္ဓာကိုယ်က အလွန် ဒုက္ခများလှသည်။ သူ တစ်ဖက်လူဆီမှ လုံးဝ ကောင်းကျိုး မရနိုင်ပါချေ။ ထိုခဏတွင် သူက ဖူဝူထျန်းကို လက်ထပ်ရန် သဘောတူခဲ့သည့် မူလ ရည်ရွယ်ရင်းကို မေ့လျော့သွားသည်။ အိပ်ရာထက်တွင် ယောကျ်ားနှစ်ယောက်ကြား၌ ယှဥ်ပြိုင်နေခြင်းသား ရှိပေသည်။သူက ဖူဝူထျန်းကို မည်သို့ လွှမ်းမိုးရမည်အားသာ တွေးတောနေပေ၏။
ဖူဝူထျန်း က သူ စုပ်ယူထားသည့် ချယ်ရီသီး နီနီကို လွှတ်ပေးလိုက်သည်။ သူက ထိုအသီးလေးကို လက်ဖျားဖြင့် ဖွဖွ ပွတ်သပ်လိုက်ရင်း သူ့ခေါင်းထက်မှ အသက်ရှုထုတ်သံကို ကြားလိုက်ရ၏။ သူ့လည်ချောင်းထဲမှ ခပ်နိမ့်နိမ့်ရယ်သံ ထွက်ပြူလာလေသည်။
"ဒီမင်းသားက အရည်အချင်း မရှိဘူး...ဒါကြောင့်မလို့ စောင့်ဖို့ ရည်ရွယ်ချက်လည်း မရှိဘူး"
အန်းကျီယန် ထိုကဲ့သို့ လှည့်ဖျားကောက်ကျစ်တတ်သူကို တစ်ခါမှ မမြင်ဖူးပေ။
အန်းကျီယန်သည် သူ့မာနအတွက် တိုက်ခိုက်ခဲ့သည့် ထိုအနမ်းကို နောင်တရနေချိန်တွင် ဖူဝူထျန်းက သူ့ခြေထောက်နှစ်ချောင်းကြားကို ရုတ်တရက်
ဖျစ်ညှစ်လိုက်ကာ သူ့ ခန္ဓာကိုယ် ကို ဖွင့်ဟစေရန်အတွက် တွန်းအားပေးလာသည်။သူတို့နှစ်ယောက်၏ အဝတ်အစားများသည်လည်း ရှုပ်ထွေးကုန်ကာ ပစ်ထုတ်ခံလိုက်ရပြီ ဖြစ်ပြီး သူတို့၏ အောက်ပိုင်းများမှာ ဖောင်းကြွလာပြီ ဖြစ်သည်။ထိုသို့သော အခြေအနေတွင် ကိစ္စများကို ရပ်တန့်ပစ်လိုက်ရန်မှာ ခက်ခဲလွန်းလှသည်။
"ကိုယ်တို့က တစ်ယောက်နဲ့ တစ်ယောက် လိုက်ဖက်တယ် ဆိုတာကိုတော့ မင်း ငြင်းလို့မရဘူး"
ဖူဝူထျန်း က ပြောလိုက်သည်။
"လူတစ်ယောက်ရဲ့ လိုအင်ဆန္ဒကို သစ္စာရှိဖို့က မခက်ခဲပါဘူး။"
အန်းကျီယန် က တုံ့ပြန်လိုက်၏။
ဖူဝူထျန်း၏ ဆွဲဆောင်မှုအပြည့်နှင့် အသံက သူ့နားထဲ၌ ဖြည်းဖြည်းချင်း ရစ်ဝဲနေသည်။ ထိုသူ့၏ ခန္ဓာကိုယ် က ကြီးမားလှသည့် တောင်တန်းကြီး နှင့် တူပေသည်။ ဤသည်မှာ တုန်လှုပ်ဖွယ်ရာ ကောင်းလှသော်ငြား လုံခြုံမှု အငွေ့အသက်ကို ပေးစွမ်းနိုင်သည်ကိုမူကား ငြင်းပယ်နိုင်စွမ်းမရှိပေ။ သူ့၏ အရင်ဘဝတွင် သူက တစ်ယောက်တည်း အထီးကျန်ဆန်စွာ နေထိုင်ခဲ့ရပြီး တစ်နေ့တွင် အခြားယောကျ်ားသားတစ်ယောက်ဆီမှ လုံခြုံမှုကို ခံစားရမိလိမ့်မည်ဟု ဘယ်တုန်းကမှ တွေးမထားမိပေ။
ဤသည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။
ထို့ပြင် ဖူဝူထျန်းမှာ တကယ့်ကို အလွန်တရာ ဆွဲဆောင်မှုရှိလှသည်။
ထိုခဏတွင် အန်းကျီယန် အနည်းငယ် စိတ်လှုပ်ရှားသွားမိသည်ကိုတော့ ဝန်ခံရပေလိမ့်မည်။
[T/N - ကိုယ် update မှန်နေပြီနော် 🤢❤...ဒါကိုမှ comments 20 ကျော်မရရင် အိုင်လေး ဆူဆိုက်လိုက်ပါတော့မယ်🤧 ]
Zawgyi
သူ့အနေဖြင့် သူမကို တရားခံအဖြစ် သတ်မှတ်မရသလို သုမ၏ သမီးကိုလည်း သံသယရှိသူ စာရင်းမှ ယာယီ ထုတ်ထားရပေမည်။
"ဘာ သံသယလဲ?"
ဖူဝူထျန်း က ပြောလာလေ၏။
"အဲ့ဒါ ဘာကြောင့်လဲ?"
"မလိုပါဘူး"
"ကောင်းပြီလေ..."
"ဒီလိုဆို ဘယ်လိုလဲ?"
"ထွက်သွား!"
"ဖူဝူထျန်း..."
"ရှီး...!"
Continue Reading
You'll Also Like
391K 72.4K 13
Everything changed the day the King ordered me to seduce his son and bring him back to the Kingdom. He was my best friend. As per the order of things...
6M 470K 95
Sitting on the bed, I was waiting for my husband to arrive. It was our wedding Night. I rolled my toes as the visuals of him slowly touching my cheek...
79.5K 10K 25
This is the sequel of RRR, so new readers please read it before starting this book. Agneya, the soon to be crown prince of Rakshatra, was bounded by...
25.8K 289 200
After waking up from a dream, Song Yue's soul traveled directly to a fictional dynasty. Not only did she become a little farm girl, but her family wa...