ကုန်းမြေကြီး၏ အရှင်သခင်ဝမ်ဖေး...

By Hululu61

348K 58K 2.4K

အရင် accထဲဝင်မရတော့လို့ Book ခွဲလိုက်ပါပြီ 🙆 ဒါက အပိုင်း ၁ ကနေ ဖတ်လို့ရတဲ့ Linkပါ🖤 https://my.w.tt/7FVYRdnw... More

အပိုင်း (၄၁) - အတူတူအိပ်ခြင်း
အပိုင်း (၄၁) - အိပ်ရာမျှဝေခြင်း (CENSOR)
အပိုင်း (၄၂.၁) - ကူဖော်လောင်ဖက်
အပိုင်း (၄၂.၂) - ကူဖော်လောင်ဖက်(WARNING)
အပိုင်း (၄၃) - ကိုယ် မြင်လိုက်တယ်
အပိုင်း (၄၄) - မနက်စာ
အပိုင်း (၄၅) - တော်ဝင်မိသားစု သဘောထား
အပိုင်း (၄၆) - ဇနီးလေးရဲ့ ညီငယ်သေးသေးလေး
အပိုင်း (၄၇) - လယ်သမားများ
အပိုင်း (၄၈) - အန်းမိသားစုသို့ အပြန်
အပိုင်း (၄၉.၁) - သတို့သမီး မိဘအိမ် ပထမဆုံးပြန်ချိန် အကျပ်အတည်း
အပိုင်း (၄၉.၂) - သတို့သမီး မိဘအိမ် ပထမဆုံးပြန်ချိန် အကျပ်အတည်း
အပိုင်း (၅၀) - ခြိမ်းခြောက်ဖို့ရန်
အပိုင်း (၅၁) - တန်ပြန်အစီအစဥ်
အပိုင်း (၅၂) - အလုံးစုံ ထိန်းချုပ်ခြင်း
အပိုင်း (၅၃) - စားနပ်ရိက္ခာ သိုလှောင်ခြင်း
အပိုင်း (၅၄) - အစားအစာ ရရှိဖို့ရန်
အပိုင်း (၅၅) - မွှေးပျံ့ကော့လန်သည့် ဆန်(ပေါ်ဆန်းမွှေး)
အပိုင်း (၅၆) - သက်သေခံ အထောက်အထား
အပိုင်း (၅၇) - ပုန်းကွယ်နေသည့် လုပ်ကြံသတ်ဖြတ်သူ
အပိုင်း (၅၈) - လျှော်ပင်နှင့် ပင်လယ်တားမြစ်ချက်
အပိုင်း (၅၉) - ပိုးပန်းသူ
အပိုင်း (၆၀) - အန်းချောင်၏ စိတ်ဓာတ်ကြံ့ခိုင်မှု
အပိုင်း (၆၁.၁) - မမြင်ရသော လွှမ်းမိုးနိုင်စွမ်း
အပိုင်း (၆၁.၂) - မမြင်ရသော လွှမ်းမိုးနိုင်စွမ်း
အပိုင်း (၆၂.၁) - တိုးတက်မှု
အပိုင်း (၆၂.၂) - တိုးတက်မှု
အပိုင်း (၆၃.၁) - စာရင်းစာအုပ်
အပိုင်း (၆၃.၂) - စာရင်းစာအုပ်
အပိုင်း (၆၄.၁) - ဖူဝူထျန်း ၏ စွမ်းအား
အပိုင်း (၆၄.၂) - ဖူဝူထျန်း၏ စွမ်းအား
အပိုင်း (၆၅.၁) - ညဘက် ဝန်းရံတိုက်ခိုက်မှု
အပိုင်း (၆၅.၂) - ညဘက်ဝန်းရံတိုက်ခိုက်မှု
အပိုင်း (၆၆.၁) - ခေါင်းဖြတ်ကွပ်မျက်ခြင်း
အပိုင်း (၆၆.၂) - ခေါင်းဖြတ်ကွပ်မျက်ခြင်း
အပိုင်း (၆၇.၁) - အငြင်းပွားမှုအား စာရင်းရှင်းခြင်း
အပိုင်း (၆၇.၂) - အငြင်းပွားမှုအား စာရင်းရှင်းခြင်း
အပိုင်း (၆၈.၁) - တိုက်ဆိုင်မှု
အပိုင်း (၆၈.၂) - တိုက်ဆိုင်မှု
Attention Plz
အပိုင်း (၆၉.၁) - ရူးဟန်ဆောင်ခြင်း
အပိုင်း (၆၉.၂) - ရူးဟန်ဆောင်ခြင်း
အပိုင်း (၇၀.၁) - လက်ထပ်ပေးခြင်း
အပိုင်း (၇၀.၂) - လက်ထပ်ပေးခြင်း
အပိုင်း (၇၁) - ဉာဏ်ပူဇော်ခ
အပိုင်း (၇၃) - စစ်ကြောမေးမြန်းခြင်းနှင့် စိတ်အား ထက်သန်မှု
အပိုင်း (၇၄.၁) - သာမန်လူများနှင့် ခြားနားသော[Warning!🔞]
အပိုင်း (၇၄.၂) - သာမန်လူများနှင့် ခြားနားသော
အပိုင်း(၇၅.၁) - ကူညီရန်
အပိုင်း (၇၅.၂) - ကူညီရန်
အပိုင်း (၇၆.၁) - လင်မယားနှစ်ယောက်သား အလည်အပတ်ရောက်လာခြင်း
အပိုင်း (၇၆.၂) - လင်မယားနှစ်ယောက်သား အလည်အပတ်ရောက်လာခြင်း
အပိုင်း (၇၇) - စီရင်ချက်
အပိုင်း (၇၈) - အန်းနန်းဆောင်
အပိုင်း (၇၉.၁) - အပြစ်ပေးခြင်း
အပိုင်း (၇၉.၂) - အပြစ်ပေးခြင်း
အပိုင်း (၈၀.၁) - ကိုယ်လုပ်တော် ရွေးချယ်ပွဲနှင့် စာပို့ခို
အပိုင်း (၈၀.၂) - ကိုယ်လုပ်တော် ရွေးချယ်ပွဲနှင့် စာပို့ခို
အပိုင်း (၈၁.၁) - လောင်းကစားရုံ
အပိုင်း (၈၁.၂) - လောင်းကစားရုံ
အပိုင်း (၈၂.၁) - ရက်စက်သော ပြိုင်ပွဲ
အပိုင်း (၈၂.၂) - ရက်စက်သော ပြိုင်ပွဲ
!!!

အပိုင်း (၇၂) - စစ်ကြောမေးမြန်းခြင်း

4K 868 12
By Hululu61

Unicode

အပိုင်း (၇၂) - စစ်ကြောမေးမြန်းခြင်း

ဖူဝူထျန်း က နေ့လည်စာစားချိန်တွင် ပြန်လာလေသည်။

သူ့၏ ဝမ်ဖေးက ထမင်းစားခန်းထဲ၌ ရှိနေကြောင်း သူ သိလိုက်ရ၏။ အိပ်ခန်းရှိရာသို့ ဆေးကြောသုတ်သင်ရန် ပြန်သွားပြီးနောက် သူသည် ထမင်းစားခန်းဆီသို့ ချက်ချင်း ဦးတည်လိုက်သည်။ သူက ထမင်းစားခန်းမ အနီးသို့ မရောက်သေးသော်ငြား တံခါးနားရပ်နေသည့် ရှို့ဖေးကိုမူ လှမ်းမြင်နေရပေသည်။

"မင်း ရောဂါများ ဖြစ်နေသလား"

ဤသည်မှာ ကောချင်အန်း က မေးလိုက်ခြင်းပင်။ ရှို့ဖေးကို စိတ်မရှည်ဟန်ပုံစံဖြင့် မြင်ရသည်မှာ ဤအကြိမ် ပထမဆုံး ဖြစ်သည်။

မူလက ရှို့ဖေးသည် ကောချင်အန်းကို တစ်ခွန်းမခံ ပြန်ပြောလိုက်ချင်သော်ငြား ဝမ်ရယ် ပြန်လာသည်ကိုတွေ့လိုက်သည်မို့ သူ့အတွေးများကို ရုတ်သိမ်းပစ်လိုက်ရသည်။

"ငါ့မှာ ဘာရောဂါမှ မရှိဘူး"

ထို့နောက် ဖူဝူထျန်း ကို သူ ပြောလိုက်၏။

"အရှင်...ဝမ်ဖေးက အရှင်နဲ့ အတူ ညစာစားဖို့ စောင့်နေပါတယ်။ "

[T/N - ဒီနားကျတော့ ညစာတဲ့ 😑]

ဖူဝူထျန်း က သူ့ကို နားလည်ကြောင်း အကြည့်တစ်ချက်ပြပြီးနောက် ဝင်သွားလေသည်။

သူ့ကို ညစာအတွက် စောင့်ဆိုင်းနေသည်ဆိုသော်ငြား စားပွဲထက်တွင် မည်သည့် ဟင်းလျာမှ ရှိမနေပါပေ။ အခါတိုင်း ညစာအတွက် ခင်းကျင်းထားသော စားပွဲထက်တွင် ဟင်းလျာပန်းကန်များနှင့် မွှေးပျံ့သော ထမင်းပန်းကန်လုံးများ ရှိနေတတ်သည်။

ဖူဝူထျန်း က အန်းကျီယန် နံဘေးတွင် ထိုင်လိုက်ပြီးနောက် ပေါ့ပေါ့ပါးပါး မေးလိုက်၏။

"ဝမ်ဖေးလေး...ဒီနေ့ အထူးဟင်းလျာများရှိနေလို့လား?"

အန်းကျီယန် က လက်ဖက်ရည်အိုးကို ယူ၍ ဖူဝူထျန်း အတွက် လက်ဖက်ရည်တစ်ခွက် ငှဲ့ထည့်ပေးလိုက်သည်။ မူလက သူ ဖူဝူထျန်း ကို ပြောရန်ကြံလိုက်သော်ငြား သူ့ပါးစပ်ကို ဖွင့်လိုက်ချိန်မှာတော့ အဖြေကပြောင်းလဲသွားသည်။

"တစ်မိနစ်စောင့်ပြီးရင် ဝမ်ရယ် သိရလိမ့်မယ်"

ဝမ်ဖေးလေးက သူ့ကို တကယ်ကြီး သိချင်စိတ်များအောင် လုပ်နေတယ်?

ဖူဝူထျန်းက ယနေ့ ညစာအပေါ် ခန့်မှန်းကြည့်ပြီးသွားပြီမို့ နာခံစွာဖြင့် ဆက်မမေးလေတော့ဘဲ စကားလမ်းကြောင်းပြောင်းလိုက်လေသည်။

"ဒီနေ့ ဝမ်ဖေးလေး အပြင်ထွက်တော့ ဘယ်လိုအကျိုးအမြတ်မျိုး ရိတ်သိမ်းနိုင်ခဲ့လဲ?"

သူ ထိုသို့ ပြောလိုက်သည်နှင့် ရှို့ဖေးက ကြည့်လာလေသည်။

အရှင့်မှာ ဆဋ္ဌမအာရုံ ရှိနေတာများလား?သူ့ရဲ့ သာမန်ကာလျှံကာ မေးခွန်းလေးက ခေါင်းကနေ အမြီးထိ သိမ်းကျုံးရိုက်ချလိုက်သလိုပဲ!

ဖူဝူထျန်း က သဘာဝကျကျပင် သူ့၏ တုံ့ပြန်ပုံကို မှတ်ထားလိုက်၏။ ထို့နောက် သူက အန်းကျီယန်ကို ကြည့်ကာ အဖြေကို စောင့်ဆိုင်းနေလေသည်။

အန်းကျီယန်၏ အမူအရာမှာကား လုံးဝပြောင်းလဲခြင်း မရှိပေ။ သူက ရှို့ဖေးကဲ့သို့ ဘာကိုမှ ဖုံးကွယ်မထားနိုင်သည့် လူမျိုး မဟုတ်ချေ။ ဖူဝူထျန်း က ပေါ့ပေါ့တန်တန် စကားစလိုက်သည်နှင့် ရှို့ဖေးက ချက်ချင်းဆိုသလို ထောင်ချောက်ထဲ ကျသွားသည်။ သူ့အမူအရာအရ ယခုမေးခွန်းနှင့် အရင် စကားနှင့် ဆက်စပ်နေကြောင်း ဖူဝူထျန်း သိလိုက်ပေသည်။ ဖူဝူထျန်း၏ ထက်မြက်လှသော ဉာဏ်ရည်နှင့် ဆိုပါက မည်သို့ ဆက်စပ်မကြည့်နိုင်ရမည်နည်း။

ထိုအချိန်၌ ထမင်းစားခန်းမ အပြင်ဘက် ဆီမှ စားဖိုမှူးဝမ်၏ အသံ ထွက်ပေါ်လာလေသည်။

ခဏကြာပြီးနောက် စာဖိုးမှူးဝမ်နှင့် မီးဖိုချောင်အကူ အစေခံနှစ်ယောက်သည် ထမင်းစားခန်းမ၏ တံခါးဝ၌ ပေါ်လာလေ၏။ သူတို့ထဲမှ တစ်ယောက်က ပန်းကန်လုံးများနှင့် ထမင်းစားတူများကို သယ်ဆောင်လာကာ နောက်တစ်ယောက်က မွှေးပျံ့သင်းကြိုင်သော စွပ်ပြုတ်ကို သယ်လာသည်။ ညစာ၏ အဓိကဟင်းလျာမှာကား စားဖိုမှူးဝမ်၏ လက်ထဲတွင် ရှိနေပေသည်။ ၎င်းကို အဖုံးကြီးကြီးဖြင့် အုပ်ထားသဖြင့် သေချာမမြင်ရပါချေ။

"သခင်လေး...ကူရဲ့...ညစာ အဆင်သင့်ဖြစ်ပါပြီ"

စားဖိုမှူးဝမ်က အဓိကဟင်းလျာကို စားပွဲပေါ် တင်လိုက်ပြီး အဖုံးကို လှစ်ဟလိုက်လေ၏။ အရသာရှိမည့်ပုံပေါ်သော မွှေးရနံ့က ချက်ချင်း ထွက်ပြူလာပေသည်။

အထဲတွင် ကျိုးလောင်ဟန်၏ ဇနီး လုပ်ထားသော ဆန်ခေါက်ဆွဲများ ရှိနေလေ၏။

စားဖိုမှူးဝမ်က အနှီ ဆန်ခေါက်ဆွဲများကို ချက်ပြုတ်လိုက်ပြီးနောက် ၎င်းတို့သည် စားချင်စဖွယ် ဟင်းလျာ ဖြစ်သွားလေသည်။ ထိုဟင်းလျာကို စောင့်ဆိုင်းနေသူ ဖြစ်သည့် ရှို့ဖေးသည်ကား သွားရည်ကျနေပေပြီ။

ဆန်ခေါက်ဆွဲများကို မကြော်ရသေးမှီကပင် ရှို့ဖေးက ၎င်းတို့သည် အရသာရှိမည့်ပုံရကြောင်း သိထားပြီး ဖြစ်သည်။ စားဖိုမှူးဝမ်က ခေါက်ဆွဲများကို ဟင်းချက်အမွှေးအကြိုင် အပြည့်အစုံဖြင့်  ကြော်လှော်လိုက်ပြီးနောက် ခေါက်ဆွဲ၏ မွှေးရနံ့ကပင် သူ့ကို သွားရည်ကျအောင် လုပ်နိုင်ပေ၏။

"ဒါက ဝမ်ဖေးလေး ဒီမင်းသားကို ပြချင်တဲ့ အံ့သြစရာလား?ဒါက ဘာလေးလဲ?"

ဖူဝူထျန်း က ပန်းကန်လုံး ထဲရှိ ဆန်ခေါက်ဆွဲကို ကြည့်သည်။ ဤသည်မှာ တကယ့်ကို မမျှော်လင့်ထားသော အရာ ဖြစ်သည်။ သူက ဤကဲ့သို့သော စားစရာမျိုးကို ယခင်က မစားဖူးပါပေ။

အန်းကျီယန် က တူတစ်စုံကို ကောက်ကိုင်ပြီး ပြောလိုက်၏။

"ဆန်ခေါက်ဆွဲလေ။ ကျိုးလောင်ဟန် ရဲ့ ဇနီးက ကျွန်တော့်ကို ပေးလိုက်တာ။ ကျန်တဲ့သူတွေလည်း ထိုင်ပြီး ဝင်စားကြလေ"

နောက်ဆုံးစကားက ရှို့ဖေး နှင့် ကောချင်အန်း တို့ကို ရည်ညွှန်းခြင်း ဖြစ်သည်။ ပုံမှန်အားဖြင့် အစားကောင်း အသောက်ကောင်း ရှိချိန်တိုင်း အိမ်တော်ထိန်းဆု နှင့် မျှစားလေ့ရှိသော်ငြား ယခုအချိန်၌ သူ ရှိမနေပါပေ။

ရှို့ဖေးက တုန့်ဆိုင်းနေလေသည်။

ကောချင်အန်းသည်လည်း တစ်ချက်မှ မရွေ့လာချေ။

ဖူဝူထျန်းက သူတို့ကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။

"ဝမ်ဖေးလေးက မင်းတို့ကို ထိုင်ဖို့ ပြောနေမှတော့ ထိုင်ကြလေ"

ရှို့ဖေး က နာခံစွာဖြင့် ထိုင်လိုက်သည်။ သူက အစောကြီးကတည်းက ထိုင်ဖို့ ကြံစည်ထားသည်နှယ် အလျှင်အမြန် လှုပ်ရှားလိုက်လေ၏။ ကောချင်အန်း က သူ့ကို အထင်သေးဟန် ကြည့်လာသည်။ ရှို့ဖေးက အသိသာကြီး စားချင်နေပါသော်လည်း တုန့်ဆိုင်းသလို ဟန်ဆောင်နေရဲသေးသည်။ သူက ဘယ်သူ့ရှေ့၌ လာ သရုပ်ဆောင်နေခြင်းနည်း။

အန်းကျီယန် က စားဖိုမှူးဝမ်ကို များများချက်ခိုင်းထားသည်။ သူက အခြားနှစ်ယောက်အတွက်လည်း ပိုတွက်ထားခဲ့၏။ ယောကျ်ားသား လေးယောက် စားဖို့ရာအတွက် ကျိုးလောင်ဟန်၏ဇနီး ပေးလိုက်သည့် ဆန်ခေါက်ဆွဲအိတ်ကြီးက တစ်နပ်စာ လုံလောက်ပေသည်။

ရှို့ဖေးက သူ့ကိုယ်သူအတွက် တစ်ပန်းကန် ထည့်လိုက်သည်။ သူက တစ်လုပ်မျှ စားပြီးသည်နှင့် အံ့အားသင့်သွားသည်။

"ဒါက အရမ်း အရသာရှိတာပဲ။ ပြီးတော့ နူးညံ့ပျော့ပျောင်းပြီး စားလိုက်တာနဲ့ အရည်ပျော်သွားမတတ်ပဲ။ ဒါက တကယ်ပဲ ဆန်ခေါက်ဆွဲတွေလား?"

"ပါးစပ်ပိတ်စမ်း။ အစာစားနေတုန်း စကားမပြောရဘူး။ ဒါလေးကိုတောင် မင်း နားမလည်ဘူးလား"

ကောချင်အန်း က သူ့ကို သတိပေးဟန်ဖြင့် ကြည့်လိုက်သည်။

ရှို့ဖေးက သူ့ခေါင်းကို တစ်ဖက်လှည့်လိုက်သော်ငြား မည်သည့်စကားမှ ထပ်မပြောရဲတော့ပေ။

အန်းကျီယန် သူ့ပန်းကန်လုံးထဲရှိ ဆန်ခေါက်ဆွဲကို အရသာခံကြည့်လိုက်သည်။ အရသာမှာ ရှို့ဖေးပြောသည့်အတိုင်း ကောင်းမွန်လှ၏။ ခေါက်ဆွဲများက လတ်ဆတ်နူးညံ့လှသည်။ ဤခေါက်ဆွဲများကို ဆန်ဖြင့် ပြုလုပ်ထားသည်ဆိုခြင်းမှာ ယုံကြည်ရန် ခက်ခဲလှ၏။ စားဖိုမှူးဝမ်၏ အချက်အပြုတ်စွမ်းရည်က ကောင်းမွန်သည် မှန်သော်လည်း မူလပစ္စည်းသာ မကောင်းပါက မည်မျှ စွမ်းဆောင်ရည် ကောင်းနေပါစေ...ရရှိလာမည့် ဟင်းလျာက အလွန်တရာ အရသာရှိမနေနိုင်ပေ။

"အရသာ ဘယ်လိုလဲ"

အန်းကျီယန်က ဖူဝူထျန်းကို ကြည့်ကာ မေးလိုက်သည်။

ဖူဝူထျန်း၏ အစာစားနှုန်းက ပုံမှန်ထက် မြန်နေပေသည်။ အန်းကျီယန် က သုံးလုပ်မျှသာ စားရသေးသော်ငြား တစ်ဖက်လူမှာကား တစ်ပန်းကန် ကုန်သွားလေပြီ။ ဖူဝူထျန်း က သူ့မေးခွန်းကို ကြားသော်ငြား တိုက်ရိုက်မဖြေလေဘဲ ပြောလိုက်သည်။

"နောက်ထပ် ထည့်ပေးဦး"

အန်းကျီယန် က ကိုယ်တိုင်ကိုယ်ကျပင် သူ့ကို ခေါက်ဆွဲ နောက်တစ်ပန်းကန် ထည့်ပေးလိုက်လေ၏။

ထိုအချိန်၌ ရှို့ဖေးက မနေနိုင်ဘဲ စကားဝင်ပြောလိုက်မိလေသည်။

"ဝမ်ဖေး...ကျွန်တော့်အထင် ကျိုးလောင်ဟန်ရဲ့ ဇနီးက တကယ့်ကို တစ်ခုခုပဲ။ ကျွန်တော် သိပ်မပြောတတ်ဘူးဆိုပေမယ့် သူမသာ ဆန်ခေါက်ဆွဲဆိုင်လေးတစ်ဆိုင် ဖွင့်မယ် ဆိုရင် သေချာပေါက် တာ့ယာပြည်တခွင် ကျော်ကြားသွားလိမ့်မယ်။ အာ...တာ့ယာပြည်ရဲ့ အပြင်ဘက်ထိ ဆိုရင်တောင် ပြဿနာ မရှိဘူး။ "

အန်းကျီယန်၏ လှုပ်ရှားမှုများ ရပ်တန့်သွားပြီး တည်ငြိမ်စွာ ပြောလိုက်၏။

"သူတို့မှာ အရင်းအနှီး မရှိဘူးလေ"

ရှို့ဖေး တံတွေးသီးသွားလေသည်။

လက်တွေ့ဆန်သည့် အဖြေဖြစ်သော်ငြား ဤသည်မှာ အမှန်တရားသာ ​ဖြစ်သည်။

ခဏ တန့်သွားပြီးနောက် အန်းကျီယန် နောက်တစ်ခွန်း ထပ်ပြောလိုက်သည်။

"ဒါပေမယ့် မင်းရဲ့ အကြံက လုံးဝ မဖြစ်နိုင်တာမျိုးတော့ မဟုတ်ပါဘူး။"

ရှို့ဖေး၏ မျက်လုံးများက တစ်ဖန် တောက်ပလာပြန်သည်။ သူ ငယ်စဥ်ကတည်းကပင် အစားအသောက် နှင့် အဝတ်အထည်များ ရှားပါးခြင်း မရှိခဲ့ပေ။ ထို့ကြောင့် သူက ဆင်းရဲသားများ၏ ဘဝကို နားလည်ခြင်း မရှိပါချေ။ သို့သော် သူ အန်းယွမ်စီရင်စုသို့ ရောက်ကတည်းက နေရာတိုင်းတွင် ဆင်းရဲသားများကို မြင်နေရ၏။ နောက်ပိုင်း အန်းမိသားစု၏ ကောင်းမှုကြောင့် ထိုသူများ ကျေနပ်ပျော်ရွှင်ကာ အပြုံးများ ပွင့်လန်းလာသည်မို့ သူ့စိတ်ထဲ၌ သက်သာရာ ရသွားခဲ့သည်။

သို့သော် သူမသိသည်က အန်းကျီယန် ဆန်ခေါက်ဆွဲကို စားလိုက်ချိန်တွင် ရုတ်တရတ် သူ့စိတ်ထဲ၌ မထင်ထားသော အကြံ ပေါ်လာခြင်းကိုပင်။

ထို့နောက် လူလေးယောက်သည် ခေါက်ဆွဲ ပန်းကန်များနှင့် စွပ်ပြုတ်ကို တိတ်တဆိတ် စားသောက်လိုက်ကြ၏။

အန်းကျီယန်က စားချင်စိတ်အနည်းဆုံးသူ ဖြစ်သည်။ သူက ကိုယ်အလေးချိန်လျှော့ရန် ကြိုးစားနေဆဲ ဖြစ်သော်ငြား ဒီတစ်ခေါက်၌ ဆန်ခေါက်ဆွဲ သုံးပန်းကန်နှင့် စွပ်ပြုတ်တစ်ခွက် သောက်လိုက်ပေသည်။

သူတို့ ထမင်းစားခန်းမထဲမှ ထွက်ချိန်၌ ဖူဝူထျန်းက သူ့ဗိုက်သူ ပွတ်နေသော အန်းကျီယန် ကို ကြည့်၍ ပြောလိုက်သည်။

"ဝမ်ဖေးလေး...ကြည့်ရတာ အဲ့ဒီ ဆန်ခေါက်ဆွဲ က အရမ်း စွဲမက်ဖွယ်ကောင်းတဲ့ အရသာ ရှိတယ် ထင်တယ်။ ဝမ်ဖေးလေး နေ့တိုင်း မစားချင်ဘူးလား?"

အန်းကျီယန် သူ့ကို တစ်ချက်ကြည့်လိုက်သည်။

"ဝမ်ရယ် နေမကောင်းဖြစ်မှာကို မကြောက်ဘူး ဆိုရင် ကိုယ့်ဘာသာ နေ့တိုင်းစားလေ။ ဒါပေမယ့် ကျွန်တော်ကတော့ ဝမ်ရယ် နဲ့ အတူလိုက်မစားနိုင်ပါဘူး"

မည်မျှ အရသာရှိသည့် အရာဖြစ်ပါစေ...နေ့တိုင်း စားမည်ဆိုပါက ငြီးငွေ့သွားပေလိမ့်မည်။ ထိုအချိန်တွင် အနှီဟင်းလျာကို ထမင်း စားပွဲပေါ်၌ အချိန်အကြာကြီးကြာသည်ထိ မြင်ချင်တော့မည် မဟုတ်ပေ။

သူတို့နှစ်ယောက်က လမ်းသွယ်ထက်တွင် ခွဲခွာလိုက်ကြသည်။

ဖူဝူထျန်း က အိပ်ခန်းသို့ ပြန်ကာ ရေမိုးချိုးဖို့ အသင့်ဖြစ်နေသည်မို့ သူ့၏ ဝမ်ဖေးကိုပါ သူ့နှင့် အတူ လိုက်ခဲ့မည်လားဟု မေးလိုက်သေးသည်။ သို့သော် အန်းကျီယန် က သူ့ကို တစ်ချက်သာ ပြန်ကြည့်သွား၏။

အန်းကျီယန် က စာကြည့်ခန်းသို့ သွားလိုက်လေသည်။ သူက သံပူတုန်း ထုရိုက်ရန် ဆုံးဖြတ်ထားပြီးနောက် ဆန်ခေါက်ဆွဲဆိုင် တစ်ဆိုင်ဖွင့်ရန် အစီအစဥ် ကို ရေးသားလိုက်သည်။ ဤသည်က သူ့၏ မူလအစီအစဥ်တွင် မပါဝင်သောကြောင့် သူက ကျိုးလောင်ဟန်၏ဇနီးကို ခေတ်သစ်က လုပ်ငန်းလုပ်ကိုင်သူများကဲ့သို့ တန်ကြေးပေးရန် ဆုံးဖြတ်လိုက်သည်။ ဆန်ခေါက်ဆွဲ ဆိုင် တစ်ဆိုင် ဖွင့်ခြင်းက သူ့အတွက် ငွေကြေးများစွာ မကုန်ကျသွားစေပေ။ ဆိုင် တည်ဆောက်ပြီးနောက် သူက အနှီလင်မယားကိုသာ ဆိုင်ကို ဦးစီးလုပ်ကိုင်စေမည် ဖြစ်သည်။

အစီအစဥ် က မခက်ခဲလှပေ။ သူ့အတွက် အကြမ်းဖျင်း အစီအစဥ် ချရန် နာရီဝက် သာ ကြာသည်။

ဒေါက်...ဒေါက်...

တံခါးခေါက်သံတစ်ခု က တံခါးဆီမှ ထွက်ပေါ်လာသည်။

ပထမက ဖူဝူထျန်း ရောက်လာခြင်း ဟု သူတွေးလိုက်မိသေးသည်။ သို့သော် နောက်ခဏတွင် ဖူဝူထျန်း က ဘယ်သောအခါမှ တံခါးမခေါက်တတ်ကြောင်း သူ သတိရသွားလေ၏။ ထိုသို့ ယဥ်ကျေးသည့်လူ...အိမ်တော်ထိန်းဆု ပြန်ရောက်လာခြင်း ဖြစ်သည်လား။

"ဝင်ခဲ့ပါ"

တံခါး​က တွန်းဖွင့်ခံလိုက်ရပြီး ကျွီခနဲ မြည်သွားသည်။ ဝင်လာသည့်သူက စကားမပြောပါချေ။ ဤသည်က အနည်းငယ် ထူးဆန်းလှ၏။ အန်းကျီယန် မော့ကြည့်လိုက်ပြီး ထိုလူကို မြင်လိုက်ချိန်၌ မျက်မှောင်ကြုတ်လိုက်မိသည်။

"ခင်ဗျား ဘာလာလုပ်တာလဲ?"

ကျန်းပိက တံခါးဝတွင် ရပ်နေပြီး အထဲသို့ ဝင်မလာသေးချေ။ သူမက သူ့ကို မြင်သည်နှင့် ရိုကျိုးသည့် အမူအရာ ပြလာသော်ငြား သူ့အပေါ် လုံးဝ သက်ရောက်မှု မရှိပေ။

"ဒေါ်လေး ဝင်လာလို့ရမလား?"

သူမ၏ အကျီလက်ထဲ၌ မည်သည့် ဝှက်ဖဲ ရှိနေသေးသနည်းကို သိမြင်ရန်အတွက် အန်းကျီယန် သူမကို စိုက်ကြည့်လိုက်သည်။

ကျန်းပိက ပြောလာသည်။

"ဒေါ်လေး အရင်က လုပ်ခဲ့တာတွေကြောင့် အန်းမိသားစု သိက္ခာကျရတယ် ဆိုတာကို သိပါတယ်။ ဒေါ်လေး တောင်းပန်ပါတယ်...တကယ်ကို နောင်တရနေပါပြီ။  ကျီယန်...မင်းက လူကြီးလူကောင်းတစ်ယောက်ပါ။ ပြီးတော့ မင်းက အရမ်းလည်း သဘောထားကြီးသေးတယ်...ဒါကြောင့်မလို့ မင်းရဲ့ တတိယအမေကို ခွင့်လွှတ်ပေးပါ။ တတိယအမေ ကတိပေးပါတယ်...နောင်အနာဂတ်မှာ ဒီလိုကိစ္စမျိုးကို ဘယ်တော့မှ ထပ်မလုပ်တော့ပါဘူး။ တတိယအမေ မင်းရဲ့ ခွင့်လွှတ်မှုကို မတောင်းဆိုရဲပါဘူး။ တတိယအမေကို ရွက်သစ်အဖြစ် ပြောင်းလဲဖို့ အခွင့်အရေးလေးတစ်ခု ပဲ ပေးပါနော်"

"ခင်ဗျားရဲ့ တကယ့် ရည်ရွယ်ချက် ကိုသာ ပြောစမ်းပါ"

အန်းကျီယန် သူမနှင့် အရည်မရအဖတ်မရစကားများ ပြောနေရန် စိတကူးမရှိပေ။

ကျန်းပိက ထိုစကားကို ကြားသည်နှင့် တည့်တိုးပြောလာသည်။

"မင်း ကျွင်းကျီမြို့ကို ဘယ်ချိန် ပြန်ဖို့ စီစဥ်ထားလဲ?"

အန်းကျီယန် ပြောလိုက်သည်။

"ကျွန်တော် ခင်ဗျားကို အတူခေါ်သွားမှာ ကြောက်လို့လား?"

ကျန်းပိက သူ့ကြောင့် ကြောင်အသွားသည်။

"မဟုတ်ပါဘူး...တတိယအမေက မင်းရဲ့ ညီမလေး ခယ့်ရှင်းအတွက် စိတ်ပူနေလို့ပါ။ မင်းလည်း သိပါတယ်...သူမက စိတ်ဆတ်တဲ့အပြင် လင်းသခင်လေး ကိုလည်း တကယ်မကြိုက်ဘူးလေ။ သူမ ရူးကြောင်ကြောင် အလုပ်တွေ လုပ်သွားမှာစိုးမိတယ်။ ဒါကြောင့်မို့ တတိယအမေက အန်းယွမ်စီရင်စုမှာ နေခဲ့ချင်တာပါ။ တစ်ခုခု ဖြစ်ခဲ့ရင် သူ့ကို ဂရုစိုက်ပေးလို့ ရတာပေါ့"

ဤသည်မှာ တကယ်ကို ကောင်းမွန်လှသည့် လှုပ်ရှားမှုဖြစ်သည်။ သူမက သူမ၏ အစစ်အမှန် ရည်ရွယ်ချက် ကို ဖုံးကွယ်ထားပေ၏။

"ကျွန်တော် ခင်ဗျားကို အန်းယွမ်စီရင်စုမှာ ထားခဲ့လို့ရတယ်။ ဒါပေမယ့် ခင်ဗျား ကျွန်တော့်ကို အမှန်အတိုင်း ဖြေရမယ့်မေးခွန်းတစ်ခုတော့ ရှိတယ်။ ခင်ဗျား လိမ်နေတယ် ဆိုတာကို ကျွန်တော် သိတာနဲ့ ခင်ဗျားရဲ့ ဆန္ဒတွေ မဖြစ်မြောက်စေရဘူးလို့ ကျွန်တော် အာမခံတယ်"

အန်းကျီယန်က ထိုသို့ ပြောလိုက်၏။

"ဘာမေးခွန်းလဲ?"

ကျန်းပိက သူ ထိုသို့ ပြောမည်ဟု မထင်မှတ်ထားသောကြောင့် အလျင်စလို မေးလိုက်၏။

အန်းကျီယန် က သူမ၏ မျက်လုံးများကို စိုက်ကြည့်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်လေသည်။

"နှစ်သစ်ကူး ပထမနေ့ရဲ့ နေ့လည်ခင်းမှာ ခင်ဗျားနဲ့ ခင်ဗျားသမီး ဘယ်ကို သွားခဲ့သေးလဲ?အဓိကခြံဝန်းကို သွားခဲ့သေးလား?"

ကျန်းပိ အကျပ်ရိုက်သွားရသည်။ သူမ၏ တုန့်ပြန်ပုံက အနည်းငယ် နှေးကွေးနေ၏။ ဤကိစ္စမှာ ငါးလပင် ကြာခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း သူမက တတ်နိုင်သမျှ မြန်မြန် စဥ်းစားလိုက်ရသည်။ နှစ်သစ်ကူး၏ ပထမနေ့သည် သခင်နှင့် ပထမဇနီးတို့၏ သေဆုံးကြောင်းသတင်း အိမ်သို့ ရောက်လာသည့် နေ့ ဖြစ်သည်။ ထို့နေ့က အိမ်တော်တစ်ခုလုံး ပျာယာခတ်နေခဲ့ကြ၏။

"နင် ဘာဖြစ်လို့ အဲ့ဒီနေ့အကြောင်း မေးရတာလဲ?"

"ခင်ဗျားအနေနဲ့ ကျွန်တော့်မေးခွန်းကို ဖြေဖို့ပဲလိုတယ်"

သူက အလေးအနက် ထားနေကြောင်း ကျန်းပိ သိလိုက်သည်။ သူမက ထိုအကြောင်းကို တွေးလိုက်ပြီးနောက် ပြန်ဖြေလိုက်၏။

"အဲ့ဒီနေ့က သခင်နဲ့ ပထမဇနီး ရုတ်တရတ် သေဆုံးသွားကြောင်း ငါ ကြားပြီးတာနဲ့ အခန်းကိုပြန်ပြီး ခယ့်ရှင်းကို သွားခေါ်ခဲ့တယ်။ ငါတို့ထွက်လာတော့ ညနေ ငါးနာရီ ရှိပြီ။ ငါတို့ အဓိကခြံဝန်းကို တစ်ခါသွားသေးတယ်။ ဒါပေမယ့် အဲ့ဒီအချိန်မှာပဲ မင်း နှင်းတောထဲ လဲနေတဲ့အကြောင်းကို ငါတို့ ကြားလိုက်ရတာ..."

ဤသို့ ပြောပြီးနောက် ကျန်းပိ၏ အသံက ခဏရပ်တန့်သွား၏။

[T/N -  အိုင်ကတော့ ခုမှ နေ့လည်စာ စားရတော့မယ် xD]

Zawgyi

အပိုင္း (၇၂) - စစ္ေၾကာေမးျမန္းျခင္း

ဖူဝူထ်န္း က ေန႕လည္စာစားခ်ိန္တြင္ ျပန္လာေလသည္။

သူ႕၏ ဝမ္ေဖးက ထမင္းစားခန္းထဲ၌ ရွိေနေၾကာင္း သူ သိလိုက္ရ၏။ အိပ္ခန္းရွိရာသို႔ ေဆးေၾကာသုတ္သင္ရန္ ျပန္သြားၿပီးေနာက္ သူသည္ ထမင္းစားခန္းဆီသို႔ ခ်က္ခ်င္း ဦးတည္လိုက္သည္။ သူက ထမင္းစားခန္းမ အနီးသို႔ မေရာက္ေသးေသာ္ျငား တံခါးနားရပ္ေနသည့္ ရွို႔ေဖးကိုမူ လွမ္းျမင္ေနရေပသည္။

"မင္း ေရာဂါမ်ား ျဖစ္ေနသလား"

ဤသည္မွာ ေကာခ်င္အန္း က ေမးလိုက္ျခင္းပင္။ ရွို႔ေဖးကို စိတ္မရွည္ဟန္ပုံစံျဖင့္ ျမင္ရသည္မွာ ဤအႀကိမ္ ပထမဆုံး ျဖစ္သည္။

မူလက ရွို႔ေဖးသည္ ေကာခ်င္အန္းကို တစ္ခြန္းမခံ ျပန္ေျပာလိုက္ခ်င္ေသာ္ျငား ဝမ္ရယ္ ျပန္လာသည္ကိုေတြ႕လိုက္သည္မို႔ သူ႕အေတြးမ်ားကို ႐ုတ္သိမ္းပစ္လိုက္ရသည္။

"ငါ့မွာ ဘာေရာဂါမွ မရွိဘူး"

ထို႔ေနာက္ ဖူဝူထ်န္း ကို သူ ေျပာလိုက္၏။

"အရွင္...ဝမ္ေဖးက အရွင္နဲ႕ အတူ ညစာစားဖို႔ ေစာင့္ေနပါတယ္။ "

[T/N - ဒီနားက်ေတာ့ ညစာတဲ့ ]

ဖူဝူထ်န္း က သူ႕ကို နားလည္ေၾကာင္း အၾကည့္တစ္ခ်က္ျပၿပီးေနာက္ ဝင္သြားေလသည္။

သူ႕ကို ညစာအတြက္ ေစာင့္ဆိုင္းေနသည္ဆိုေသာ္ျငား စားပြဲထက္တြင္ မည္သည့္ ဟင္းလ်ာမွ ရွိမေနပါေပ။ အခါတိုင္း ညစာအတြက္ ခင္းက်င္းထားေသာ စားပြဲထက္တြင္ ဟင္းလ်ာပန္းကန္မ်ားႏွင့္ ေမႊးပ်ံ့ေသာ ထမင္းပန္းကန္လုံးမ်ား ရွိေနတတ္သည္။

ဖူဝူထ်န္း က အန္းက်ီယန္ နံေဘးတြင္ ထိုင္လိုက္ၿပီးေနာက္ ေပါ့ေပါ့ပါးပါး ေမးလိုက္၏။

"ဝမ္ေဖးေလး...ဒီေန႕ အထူးဟင္းလ်ာမ်ားရွိေနလို႔လား?"

အန္းက်ီယန္ က လက္ဖက္ရည္အိုးကို ယူ၍ ဖူဝူထ်န္း အတြက္ လက္ဖက္ရည္တစ္ခြက္ ငွဲ႕ထည့္ေပးလိုက္သည္။ မူလက သူ ဖူဝူထ်န္း ကို ေျပာရန္ႀကံလိုက္ေသာ္ျငား သူ႕ပါးစပ္ကို ဖြင့္လိုက္ခ်ိန္မွာေတာ့ အေျဖကေျပာင္းလဲသြားသည္။

"တစ္မိနစ္ေစာင့္ၿပီးရင္ ဝမ္ရယ္ သိရလိမ့္မယ္"

ဝမ္ေဖးေလးက သူ႕ကို တကယ္ႀကီး သိခ်င္စိတ္မ်ားေအာင္ လုပ္ေနတယ္?

ဖူဝူထ်န္းက ယေန႕ ညစာအေပၚ ခန့္မွန္းၾကည့္ၿပီးသြားၿပီမို႔ နာခံစြာျဖင့္ ဆက္မေမးေလေတာ့ဘဲ စကားလမ္းေၾကာင္းေျပာင္းလိုက္ေလသည္။

"ဒီေန႕ ဝမ္ေဖးေလး အျပင္ထြက္ေတာ့ ဘယ္လိုအက်ိဳးအျမတ္မ်ိဳး ရိတ္သိမ္းနိုင္ခဲ့လဲ?"

သူ ထိုသို႔ ေျပာလိုက္သည္ႏွင့္ ရွို႔ေဖးက ၾကည့္လာေလသည္။

အရွင့္မွာ ဆ႒မအာ႐ုံ ရွိေနတာမ်ားလား?သူ႕ရဲ႕ သာမန္ကာလွ်ံကာ ေမးခြန္းေလးက ေခါင္းကေန အၿမီးထိ သိမ္းက်ဳံးရိုက္ခ်လိဳက္သလိုပဲ!

ဖူဝူထ်န္း က သဘာဝက်က်ပင္ သူ႕၏ တုံ႕ျပန္ပုံကို မွတ္ထားလိုက္၏။ ထို႔ေနာက္ သူက အန္းက်ီယန္ကို ၾကည့္ကာ အေျဖကို ေစာင့္ဆိုင္းေနေလသည္။

အန္းက်ီယန္၏ အမူအရာမွာကား လုံးဝေျပာင္းလဲျခင္း မရွိေပ။ သူက ရွို႔ေဖးကဲ့သို႔ ဘာကိုမွ ဖုံးကြယ္မထားနိုင္သည့္ လူမ်ိဳး မဟုတ္ေခ်။ ဖူဝူထ်န္း က ေပါ့ေပါ့တန္တန္ စကားစလိုက္သည္ႏွင့္ ရွို႔ေဖးက ခ်က္ခ်င္းဆိုသလို ေထာင္ေခ်ာက္ထဲ က်သြားသည္။ သူ႕အမူအရာအရ ယခုေမးခြန္းႏွင့္ အရင္ စကားႏွင့္ ဆက္စပ္ေနေၾကာင္း ဖူဝူထ်န္း သိလိုက္ေပသည္။ ဖူဝူထ်န္း၏ ထက္ျမက္လွေသာ ဉာဏ္ရည္ႏွင့္ ဆိုပါက မည္သို႔ ဆက္စပ္မၾကည့္နိုင္ရမည္နည္း။

ထိုအခ်ိန္၌ ထမင္းစားခန္းမ အျပင္ဘက္ ဆီမွ စားဖိုမႉးဝမ္၏ အသံ ထြက္ေပၚလာေလသည္။

ခဏၾကာၿပီးေနာက္ စာဖိုးမႉးဝမ္ႏွင့္ မီးဖိုေခ်ာင္အကူ အေစခံႏွစ္ေယာက္သည္ ထမင္းစားခန္းမ၏ တံခါးဝ၌ ေပၚလာေလ၏။ သူတို႔ထဲမွ တစ္ေယာက္က ပန္းကန္လုံးမ်ားႏွင့္ ထမင္းစားတူမ်ားကို သယ္ေဆာင္လာကာ ေနာက္တစ္ေယာက္က ေမႊးပ်ံ့သင္းႀကိဳင္ေသာ စြပ္ျပဳတ္ကို သယ္လာသည္။ ညစာ၏ အဓိကဟင္းလ်ာမွာကား စားဖိုမႉးဝမ္၏ လက္ထဲတြင္ ရွိေနေပသည္။ ၎ကို အဖုံးႀကီးႀကီးျဖင့္ အုပ္ထားသျဖင့္ ေသခ်ာမျမင္ရပါေခ်။

"သခင္ေလး...ကူရဲ႕...ညစာ အဆင္သင့္ျဖစ္ပါၿပီ"

စားဖိုမႉးဝမ္က အဓိကဟင္းလ်ာကို စားပြဲေပၚ တင္လိုက္ၿပီး အဖုံးကို လွစ္ဟလိုက္ေလ၏။ အရသာရွိမည့္ပုံေပၚေသာ ေမႊးရနံ႕က ခ်က္ခ်င္း ထြက္ျပဴလာေပသည္။

အထဲတြင္ က်ိဳးေလာင္ဟန္၏ ဇနီး လုပ္ထားေသာ ဆန္ေခါက္ဆြဲမ်ား ရွိေနေလ၏။

စားဖိုမႉးဝမ္က အႏွီ ဆန္ေခါက္ဆြဲမ်ားကို ခ်က္ျပဳတ္လိုက္ၿပီးေနာက္ ၎တို႔သည္ စားခ်င္စဖြယ္ ဟင္းလ်ာ ျဖစ္သြားေလသည္။ ထိုဟင္းလ်ာကို ေစာင့္ဆိုင္းေနသူ ျဖစ္သည့္ ရွို႔ေဖးသည္ကား သြားရည္က်ေနေပၿပီ။

ဆန္ေခါက္ဆြဲမ်ားကို မေၾကာ္ရေသးမွီကပင္ ရွို႔ေဖးက ၎တို႔သည္ အရသာရွိမည့္ပုံရေၾကာင္း သိထားၿပီး ျဖစ္သည္။ စားဖိုမႉးဝမ္က ေခါက္ဆြဲမ်ားကို ဟင္းခ်က္အေမႊးအႀကိဳင္ အျပည့္အစုံျဖင့္  ေၾကာ္ေလွာ္လိုက္ၿပီးေနာက္ ေခါက္ဆြဲ၏ ေမႊးရနံ႕ကပင္ သူ႕ကို သြားရည္က်ေအာင္ လုပ္နိုင္ေပ၏။

"ဒါက ဝမ္ေဖးေလး ဒီမင္းသားကို ျပခ်င္တဲ့ အံ့ၾသစရာလား?ဒါက ဘာေလးလဲ?"

ဖူဝူထ်န္း က ပန္းကန္လုံး ထဲရွိ ဆန္ေခါက္ဆြဲကို ၾကည့္သည္။ ဤသည္မွာ တကယ့္ကို မေမွ်ာ္လင့္ထားေသာ အရာ ျဖစ္သည္။ သူက ဤကဲ့သို႔ေသာ စားစရာမ်ိဳးကို ယခင္က မစားဖူးပါေပ။

အန္းက်ီယန္ က တူတစ္စုံကို ေကာက္ကိုင္ၿပီး ေျပာလိုက္၏။

"ဆန္ေခါက္ဆြဲေလ။ က်ိဳးေလာင္ဟန္ ရဲ႕ ဇနီးက ကြၽန္ေတာ့္ကို ေပးလိုက္တာ။ က်န္တဲ့သူေတြလည္း ထိုင္ၿပီး ဝင္စားၾကေလ"

ေနာက္ဆုံးစကားက ရွို႔ေဖး ႏွင့္ ေကာခ်င္အန္း တို႔ကို ရည္ၫႊန္းျခင္း ျဖစ္သည္။ ပုံမွန္အားျဖင့္ အစားေကာင္း အေသာက္ေကာင္း ရွိခ်ိန္တိုင္း အိမ္ေတာ္ထိန္းဆု ႏွင့္ မွ်စားေလ့ရွိေသာ္ျငား ယခုအခ်ိန္၌ သူ ရွိမေနပါေပ။

ရွို႔ေဖးက တုန့္ဆိုင္းေနေလသည္။

ေကာခ်င္အန္းသည္လည္း တစ္ခ်က္မွ မေ႐ြ႕လာေခ်။

ဖူဝူထ်န္းက သူတို႔ကို တစ္ခ်က္ၾကည့္ကာ ေျပာလိုက္သည္။

"ဝမ္ေဖးေလးက မင္းတို႔ကို ထိုင္ဖို႔ ေျပာေနမွေတာ့ ထိုင္ၾကေလ"

ရွို႔ေဖး က နာခံစြာျဖင့္ ထိုင္လိုက္သည္။ သူက အေစာႀကီးကတည္းက ထိုင္ဖို႔ ႀကံစည္ထားသည္ႏွယ္ အလွ်င္အျမန္ လႈပ္ရွားလိုက္ေလ၏။ ေကာခ်င္အန္း က သူ႕ကို အထင္ေသးဟန္ ၾကည့္လာသည္။ ရွို႔ေဖးက အသိသာႀကီး စားခ်င္ေနပါေသာ္လည္း တုန့္ဆိုင္းသလို ဟန္ေဆာင္ေနရဲေသးသည္။ သူက ဘယ္သူ႕ေရွ႕၌ လာ သ႐ုပ္ေဆာင္ေနျခင္းနည္း။

အန္းက်ီယန္ က စားဖိုမႉးဝမ္ကို မ်ားမ်ားခ်က္ခိုင္းထားသည္။ သူက အျခားႏွစ္ေယာက္အတြက္လည္း ပိုတြက္ထားခဲ့၏။ ေယာက်္ားသား ေလးေယာက္ စားဖို႔ရာအတြက္ က်ိဳးေလာင္ဟန္၏ဇနီး ေပးလိုက္သည့္ ဆန္ေခါက္ဆြဲအိတ္ႀကီးက တစ္နပ္စာ လုံေလာက္ေပသည္။

ရွို႔ေဖးက သူ႕ကိုယ္သူအတြက္ တစ္ပန္းကန္ ထည့္လိုက္သည္။ သူက တစ္လုပ္မွ် စားၿပီးသည္ႏွင့္ အံ့အားသင့္သြားသည္။

"ဒါက အရမ္း အရသာရွိတာပဲ။ ၿပီးေတာ့ ႏူးညံ့ေပ်ာ့ေပ်ာင္းၿပီး စားလိုက္တာနဲ႕ အရည္ေပ်ာ္သြားမတတ္ပဲ။ ဒါက တကယ္ပဲ ဆန္ေခါက္ဆြဲေတြလား?"

"ပါးစပ္ပိတ္စမ္း။ အစာစားေနတုန္း စကားမေျပာရဘူး။ ဒါေလးကိုေတာင္ မင္း နားမလည္ဘူးလား"

ေကာခ်င္အန္း က သူ႕ကို သတိေပးဟန္ျဖင့္ ၾကည့္လိုက္သည္။

ရွို႔ေဖးက သူ႕ေခါင္းကို တစ္ဖက္လွည့္လိုက္ေသာ္ျငား မည္သည့္စကားမွ ထပ္မေျပာရဲေတာ့ေပ။

အန္းက်ီယန္ သူ႕ပန္းကန္လုံးထဲရွိ ဆန္ေခါက္ဆြဲကို အရသာခံၾကည့္လိုက္သည္။ အရသာမွာ ရွို႔ေဖးေျပာသည့္အတိုင္း ေကာင္းမြန္လွ၏။ ေခါက္ဆြဲမ်ားက လတ္ဆတ္ႏူးညံ့လွသည္။ ဤေခါက္ဆြဲမ်ားကို ဆန္ျဖင့္ ျပဳလုပ္ထားသည္ဆိုျခင္းမွာ ယုံၾကည္ရန္ ခက္ခဲလွ၏။ စားဖိုမႉးဝမ္၏ အခ်က္အျပဳတ္စြမ္းရည္က ေကာင္းမြန္သည္ မွန္ေသာ္လည္း မူလပစၥည္းသာ မေကာင္းပါက မည္မွ် စြမ္းေဆာင္ရည္ ေကာင္းေနပါေစ...ရရွိလာမည့္ ဟင္းလ်ာက အလြန္တရာ အရသာရွိမေနနိုင္ေပ။

"အရသာ ဘယ္လိုလဲ"

အန္းက်ီယန္က ဖူဝူထ်န္းကို ၾကည့္ကာ ေမးလိုက္သည္။

ဖူဝူထ်န္း၏ အစာစားႏႈန္းက ပုံမွန္ထက္ ျမန္ေနေပသည္။ အန္းက်ီယန္ က သုံးလုပ္မွ်သာ စားရေသးေသာ္ျငား တစ္ဖက္လူမွာကား တစ္ပန္းကန္ ကုန္သြားေလၿပီ။ ဖူဝူထ်န္း က သူ႕ေမးခြန္းကို ၾကားေသာ္ျငား တိုက္ရိုက္မေျဖေလဘဲ ေျပာလိုက္သည္။

"ေနာက္ထပ္ ထည့္ေပးဦး"

အန္းက်ီယန္ က ကိုယ္တိုင္ကိုယ္က်ပင္ သူ႕ကို ေခါက္ဆြဲ ေနာက္တစ္ပန္းကန္ ထည့္ေပးလိုက္ေလ၏။

ထိုအခ်ိန္၌ ရွို႔ေဖးက မေနနိုင္ဘဲ စကားဝင္ေျပာလိုက္မိေလသည္။

"ဝမ္ေဖး...ကြၽန္ေတာ့္အထင္ က်ိဳးေလာင္ဟန္ရဲ႕ ဇနီးက တကယ့္ကို တစ္ခုခုပဲ။ ကြၽန္ေတာ္ သိပ္မေျပာတတ္ဘူးဆိုေပမယ့္ သူမသာ ဆန္ေခါက္ဆြဲဆိုင္ေလးတစ္ဆိုင္ ဖြင့္မယ္ ဆိုရင္ ေသခ်ာေပါက္ တာ့ယာျပည္တခြင္ ေက်ာ္ၾကားသြားလိမ့္မယ္။ အာ...တာ့ယာျပည္ရဲ႕ အျပင္ဘက္ထိ ဆိုရင္ေတာင္ ျပႆနာ မရွိဘူး။ "

အန္းက်ီယန္၏ လႈပ္ရွားမႈမ်ား ရပ္တန့္သြားၿပီး တည္ၿငိမ္စြာ ေျပာလိုက္၏။

"သူတို႔မွာ အရင္းအႏွီး မရွိဘူးေလ"

ရွို႔ေဖး တံေတြးသီးသြားေလသည္။

လက္ေတြ႕ဆန္သည့္ အေျဖျဖစ္ေသာ္ျငား ဤသည္မွာ အမွန္တရားသာ ျဖစ္သည္။

ခဏ တန့္သြားၿပီးေနာက္ အန္းက်ီယန္ ေနာက္တစ္ခြန္း ထပ္ေျပာလိုက္သည္။

"ဒါေပမယ့္ မင္းရဲ႕ အႀကံက လုံးဝ မျဖစ္နိုင္တာမ်ိဳးေတာ့ မဟုတ္ပါဘူး။"

ရွို႔ေဖး၏ မ်က္လုံးမ်ားက တစ္ဖန္ ေတာက္ပလာျပန္သည္။ သူ ငယ္စဥ္ကတည္းကပင္ အစားအေသာက္ ႏွင့္ အဝတ္အထည္မ်ား ရွားပါးျခင္း မရွိခဲ့ေပ။ ထို႔ေၾကာင့္ သူက ဆင္းရဲသားမ်ား၏ ဘဝကို နားလည္ျခင္း မရွိပါေခ်။ သို႔ေသာ္ သူ အန္းယြမ္စီရင္စုသို႔ ေရာက္ကတည္းက ေနရာတိုင္းတြင္ ဆင္းရဲသားမ်ားကို ျမင္ေနရ၏။ ေနာက္ပိုင္း အန္းမိသားစု၏ ေကာင္းမႈေၾကာင့္ ထိုသူမ်ား ေက်နပ္ေပ်ာ္႐ႊင္ကာ အၿပဳံးမ်ား ပြင့္လန္းလာသည္မို႔ သူ႕စိတ္ထဲ၌ သက္သာရာ ရသြားခဲ့သည္။

သို႔ေသာ္ သူမသိသည္က အန္းက်ီယန္ ဆန္ေခါက္ဆြဲကို စားလိုက္ခ်ိန္တြင္ ႐ုတ္တရတ္ သူ႕စိတ္ထဲ၌ မထင္ထားေသာ အႀကံ ေပၚလာျခင္းကိုပင္။

ထို႔ေနာက္ လူေလးေယာက္သည္ ေခါက္ဆြဲ ပန္းကန္မ်ားႏွင့္ စြပ္ျပဳတ္ကို တိတ္တဆိတ္ စားေသာက္လိုက္ၾက၏။

အန္းက်ီယန္က စားခ်င္စိတ္အနည္းဆုံးသူ ျဖစ္သည္။ သူက ကိုယ္အေလးခ်ိန္ေလွ်ာ့ရန္ ႀကိဳးစားေနဆဲ ျဖစ္ေသာ္ျငား ဒီတစ္ေခါက္၌ ဆန္ေခါက္ဆြဲ သုံးပန္းကန္ႏွင့္ စြပ္ျပဳတ္တစ္ခြက္ ေသာက္လိုက္ေပသည္။

သူတို႔ ထမင္းစားခန္းမထဲမွ ထြက္ခ်ိန္၌ ဖူဝူထ်န္းက သူ႕ဗိုက္သူ ပြတ္ေနေသာ အန္းက်ီယန္ ကို ၾကည့္၍ ေျပာလိုက္သည္။

"ဝမ္ေဖးေလး...ၾကည့္ရတာ အဲ့ဒီ ဆန္ေခါက္ဆြဲ က အရမ္း စြဲမက္ဖြယ္ေကာင္းတဲ့ အရသာ ရွိတယ္ ထင္တယ္။ ဝမ္ေဖးေလး ေန႕တိုင္း မစားခ်င္ဘူးလား?"

အန္းက်ီယန္ သူ႕ကို တစ္ခ်က္ၾကည့္လိုက္သည္။

"ဝမ္ရယ္ ေနမေကာင္းျဖစ္မွာကို မေၾကာက္ဘူး ဆိုရင္ ကိုယ့္ဘာသာ ေန႕တိုင္းစားေလ။ ဒါေပမယ့္ ကြၽန္ေတာ္ကေတာ့ ဝမ္ရယ္ နဲ႕ အတူလိုက္မစားနိုင္ပါဘူး"

မည္မွ် အရသာရွိသည့္ အရာျဖစ္ပါေစ...ေန႕တိုင္း စားမည္ဆိုပါက ၿငီးေငြ႕သြားေပလိမ့္မည္။ ထိုအခ်ိန္တြင္ အႏွီဟင္းလ်ာကို ထမင္း စားပြဲေပၚ၌ အခ်ိန္အၾကာႀကီးၾကာသည္ထိ ျမင္ခ်င္ေတာ့မည္ မဟုတ္ေပ။

သူတို႔ႏွစ္ေယာက္က လမ္းသြယ္ထက္တြင္ ခြဲခြာလိုက္ၾကသည္။

ဖူဝူထ်န္း က အိပ္ခန္းသို႔ ျပန္ကာ ေရမိုးခ်ိဳးဖို႔ အသင့္ျဖစ္ေနသည္မို႔ သူ႕၏ ဝမ္ေဖးကိုပါ သူ႕ႏွင့္ အတူ လိုက္ခဲ့မည္လားဟု ေမးလိုက္ေသးသည္။ သို႔ေသာ္ အန္းက်ီယန္ က သူ႕ကို တစ္ခ်က္သာ ျပန္ၾကည့္သြား၏။

အန္းက်ီယန္ က စာၾကည့္ခန္းသို႔ သြားလိုက္ေလသည္။ သူက သံပူတုန္း ထုရိုက္ရန္ ဆုံးျဖတ္ထားၿပီးေနာက္ ဆန္ေခါက္ဆြဲဆိုင္ တစ္ဆိုင္ဖြင့္ရန္ အစီအစဥ္ ကို ေရးသားလိုက္သည္။ ဤသည္က သူ႕၏ မူလအစီအစဥ္တြင္ မပါဝင္ေသာေၾကာင့္ သူက က်ိဳးေလာင္ဟန္၏ဇနီးကို ေခတ္သစ္က လုပ္ငန္းလုပ္ကိုင္သူမ်ားကဲ့သို႔ တန္ေၾကးေပးရန္ ဆုံးျဖတ္လိုက္သည္။ ဆန္ေခါက္ဆြဲ ဆိုင္ တစ္ဆိုင္ ဖြင့္ျခင္းက သူ႕အတြက္ ေငြေၾကးမ်ားစြာ မကုန္က်သြားေစေပ။ ဆိုင္ တည္ေဆာက္ၿပီးေနာက္ သူက အႏွီလင္မယားကိုသာ ဆိုင္ကို ဦးစီးလုပ္ကိုင္ေစမည္ ျဖစ္သည္။

အစီအစဥ္ က မခက္ခဲလွေပ။ သူ႕အတြက္ အၾကမ္းဖ်င္း အစီအစဥ္ ခ်ရန္ နာရီဝက္ သာ ၾကာသည္။

ေဒါက္...ေဒါက္...

တံခါးေခါက္သံတစ္ခု က တံခါးဆီမွ ထြက္ေပၚလာသည္။

ပထမက ဖူဝူထ်န္း ေရာက္လာျခင္း ဟု သူေတြးလိုက္မိေသးသည္။ သို႔ေသာ္ ေနာက္ခဏတြင္ ဖူဝူထ်န္း က ဘယ္ေသာအခါမွ တံခါးမေခါက္တတ္ေၾကာင္း သူ သတိရသြားေလ၏။ ထိုသို႔ ယဥ္ေက်းသည့္လူ...အိမ္ေတာ္ထိန္းဆု ျပန္ေရာက္လာျခင္း ျဖစ္သည္လား။

"ဝင္ခဲ့ပါ"

တံခါးက တြန္းဖြင့္ခံလိုက္ရၿပီး ကြၽီခနဲ ျမည္သြားသည္။ ဝင္လာသည့္သူက စကားမေျပာပါေခ်။ ဤသည္က အနည္းငယ္ ထူးဆန္းလွ၏။ အန္းက်ီယန္ ေမာ့ၾကည့္လိုက္ၿပီး ထိုလူကို ျမင္လိုက္ခ်ိန္၌ မ်က္ေမွာင္ၾကဳတ္လိုက္မိသည္။

"ခင္ဗ်ား ဘာလာလုပ္တာလဲ?"

က်န္းပိက တံခါးဝတြင္ ရပ္ေနၿပီး အထဲသို႔ ဝင္မလာေသးေခ်။ သူမက သူ႕ကို ျမင္သည္ႏွင့္ ရိုက်ိဳးသည့္ အမူအရာ ျပလာေသာ္ျငား သူ႕အေပၚ လုံးဝ သက္ေရာက္မႈ မရွိေပ။

"ေဒၚေလး ဝင္လာလို႔ရမလား?"

သူမ၏ အက်ီလက္ထဲ၌ မည္သည့္ ဝွက္ဖဲ ရွိေနေသးသနည္းကို သိျမင္ရန္အတြက္ အန္းက်ီယန္ သူမကို စိုက္ၾကည့္လိုက္သည္။

က်န္းပိက ေျပာလာသည္။

"ေဒၚေလး အရင္က လုပ္ခဲ့တာေတြေၾကာင့္ အန္းမိသားစု သိကၡာက်ရတယ္ ဆိုတာကို သိပါတယ္။ ေဒၚေလး ေတာင္းပန္ပါတယ္...တကယ္ကို ေနာင္တရေနပါၿပီ။  က်ီယန္...မင္းက လူႀကီးလူေကာင္းတစ္ေယာက္ပါ။ ၿပီးေတာ့ မင္းက အရမ္းလည္း သေဘာထားႀကီးေသးတယ္...ဒါေၾကာင့္မလို႔ မင္းရဲ႕ တတိယအေမကို ခြင့္လႊတ္ေပးပါ။ တတိယအေမ ကတိေပးပါတယ္...ေနာင္အနာဂတ္မွာ ဒီလိုကိစၥမ်ိဳးကို ဘယ္ေတာ့မွ ထပ္မလုပ္ေတာ့ပါဘူး။ တတိယအေမ မင္းရဲ႕ ခြင့္လႊတ္မႈကို မေတာင္းဆိုရဲပါဘူး။ တတိယအေမကို ႐ြက္သစ္အျဖစ္ ေျပာင္းလဲဖို႔ အခြင့္အေရးေလးတစ္ခု ပဲ ေပးပါေနာ္"

"ခင္ဗ်ားရဲ႕ တကယ့္ ရည္႐ြယ္ခ်က္ ကိုသာ ေျပာစမ္းပါ"

အန္းက်ီယန္ သူမႏွင့္ အရည္မရအဖတ္မရစကားမ်ား ေျပာေနရန္ စိတကူးမရွိေပ။

က်န္းပိက ထိုစကားကို ၾကားသည္ႏွင့္ တည့္တိုးေျပာလာသည္။

"မင္း ကြၽင္းက်ီၿမိဳ႕ကို ဘယ္ခ်ိန္ ျပန္ဖို႔ စီစဥ္ထားလဲ?"

အန္းက်ီယန္ ေျပာလိုက္သည္။

"ကြၽန္ေတာ္ ခင္ဗ်ားကို အတူေခၚသြားမွာ ေၾကာက္လို႔လား?"

က်န္းပိက သူ႕ေၾကာင့္ ေၾကာင္အသြားသည္။

"မဟုတ္ပါဘူး...တတိယအေမက မင္းရဲ႕ ညီမေလး ခယ့္ရွင္းအတြက္ စိတ္ပူေနလို႔ပါ။ မင္းလည္း သိပါတယ္...သူမက စိတ္ဆတ္တဲ့အျပင္ လင္းသခင္ေလး ကိုလည္း တကယ္မႀကိဳက္ဘူးေလ။ သူမ ႐ူးေၾကာင္ေၾကာင္ အလုပ္ေတြ လုပ္သြားမွာစိုးမိတယ္။ ဒါေၾကာင့္မို႔ တတိယအေမက အန္းယြမ္စီရင္စုမွာ ေနခဲ့ခ်င္တာပါ။ တစ္ခုခု ျဖစ္ခဲ့ရင္ သူ႕ကို ဂ႐ုစိုက္ေပးလို႔ ရတာေပါ့"

ဤသည္မွာ တကယ္ကို ေကာင္းမြန္လွသည့္ လႈပ္ရွားမႈျဖစ္သည္။ သူမက သူမ၏ အစစ္အမွန္ ရည္႐ြယ္ခ်က္ ကို ဖုံးကြယ္ထားေပ၏။

"ကြၽန္ေတာ္ ခင္ဗ်ားကို အန္းယြမ္စီရင္စုမွာ ထားခဲ့လို႔ရတယ္။ ဒါေပမယ့္ ခင္ဗ်ား ကြၽန္ေတာ့္ကို အမွန္အတိုင္း ေျဖရမယ့္ေမးခြန္းတစ္ခုေတာ့ ရွိတယ္။ ခင္ဗ်ား လိမ္ေနတယ္ ဆိုတာကို ကြၽန္ေတာ္ သိတာနဲ႕ ခင္ဗ်ားရဲ႕ ဆႏၵေတြ မျဖစ္ေျမာက္ေစရဘူးလို႔ ကြၽန္ေတာ္ အာမခံတယ္"

အန္းက်ီယန္က ထိုသို႔ ေျပာလိုက္၏။

"ဘာေမးခြန္းလဲ?"

က်န္းပိက သူ ထိုသို႔ ေျပာမည္ဟု မထင္မွတ္ထားေသာေၾကာင့္ အလ်င္စလို ေမးလိုက္၏။

အန္းက်ီယန္ က သူမ၏ မ်က္လုံးမ်ားကို စိုက္ၾကည့္ၿပီး ျဖည္းျဖည္းခ်င္း ေျပာလိုက္ေလသည္။

"ႏွစ္သစ္ကူး ပထမေန႕ရဲ႕ ေန႕လည္ခင္းမွာ ခင္ဗ်ားနဲ႕ ခင္ဗ်ားသမီး ဘယ္ကို သြားခဲ့ေသးလဲ?အဓိကၿခံဝန္းကို သြားခဲ့ေသးလား?"

က်န္းပိ အက်ပ္ရိုက္သြားရသည္။ သူမ၏ တုန့္ျပန္ပုံက အနည္းငယ္ ႏွေးေကြးေန၏။ ဤကိစၥမွာ ငါးလပင္ ၾကာခဲ့ၿပီး ျဖစ္သည္။ သို႔ေသာ္လည္း သူမက တတ္နိုင္သမွ် ျမန္ျမန္ စဥ္းစားလိုက္ရသည္။ ႏွစ္သစ္ကူး၏ ပထမေန႕သည္ သခင္ႏွင့္ ပထမဇနီးတို႔၏ ေသဆုံးေၾကာင္းသတင္း အိမ္သို႔ ေရာက္လာသည့္ ေန႕ ျဖစ္သည္။ ထို႔ေန႕က အိမ္ေတာ္တစ္ခုလုံး ပ်ာယာခတ္ေနခဲ့ၾက၏။

"နင္ ဘာျဖစ္လို႔ အဲ့ဒီေန႕အေၾကာင္း ေမးရတာလဲ?"

"ခင္ဗ်ားအေနနဲ႕ ကြၽန္ေတာ့္ေမးခြန္းကို ေျဖဖို႔ပဲလိုတယ္"

သူက အေလးအနက္ ထားေနေၾကာင္း က်န္းပိ သိလိုက္သည္။ သူမက ထိုအေၾကာင္းကို ေတြးလိုက္ၿပီးေနာက္ ျပန္ေျဖလိုက္၏။

"အဲ့ဒီေန႕က သခင္နဲ႕ ပထမဇနီး ႐ုတ္တရတ္ ေသဆုံးသြားေၾကာင္း ငါ ၾကားၿပီးတာနဲ႕ အခန္းကိုျပန္ၿပီး ခယ့္ရွင္းကို သြားေခၚခဲ့တယ္။ ငါတို႔ထြက္လာေတာ့ ညေန ငါးနာရီ ရွိၿပီ။ ငါတို႔ အဓိကၿခံဝန္းကို တစ္ခါသြားေသးတယ္။ ဒါေပမယ့္ အဲ့ဒီအခ်ိန္မွာပဲ မင္း ႏွင္းေတာထဲ လဲေနတဲ့အေၾကာင္းကို ငါတို႔ ၾကားလိုက္ရတာ..."

ဤသို႔ ေျပာၿပီးေနာက္ က်န္းပိ၏ အသံက ခဏရပ္တန့္သြား၏။

[T/N -  အိုင္ကေတာ့ ခုမွ ေန႕လည္စာ စားရေတာ့မယ္ xD]

Continue Reading

You'll Also Like

26.4K 289 200
After waking up from a dream, Song Yue's soul traveled directly to a fictional dynasty. Not only did she become a little farm girl, but her family wa...
288K 19.9K 166
The Divine woman Draupadi was born as the eternal consort of Panadavas. But we always fail to treasure things which we get easily. Same happened with...
18.3K 1.4K 37
Disclaimer: this is a work of fiction. Every characters (beside my OCs) belongs to Maharishi Ved Vyas. "RAGHUKUL REET SADA CHALI AAYI, PRAN JAYE PAR...
253K 40.4K 67
I Became A Virtuous Wife And Loving Mother In Another Cultivation World ##start from chapter 199 **I'm just translate this and I don't own anything**