A mysterious love story (Comp...
By MoCo555
90.4K 3.8K 63
ငယ်စဥ်ကထဲက မိဘ၏ဆုံးမမှုတွေကြောင့် အချစ်ရေးမရှာဖို့ဆုံးဖြတ်ထားသူ ၊ မတော်တဆ အလယ်တန်းနောက်ဆုံးနှစ်မှာ ကောင်ဇိုးလ... More
1.အတူနေရန် အစပြုခြင်း
2.အဲ့ကောင်gayမဖြစ်နိုင်ဘူး
3.လှပထက်မြက်သောစက္ကထရီမလေး
4.နှစ်ဦးနှစ်ဖက်သဘောတူညီစာချုပ်ချုပ်ဆိုခြင်း
5.မတော်တဆ
6.နောက်ခါ ခေါင်းမလျှော်နဲ့
7.လွန်ခဲ့သော၁၁နှစ်
8.ဘုရားရေ ရန်ပွဲလား
9.မလုပ်ရဲတာမရှိတယ့်ကောင်လေးရဲ့ချစ်ရေးဆိုမှု
10.သူ့ရန်ကထွက်ပြေးခြင်း
11.နှလုံးသားကွဲကြေရမှုကြီး
12.ဝန်ခံခြင်း
13.နှင်းဆီပန်းပို့တယ့်သူက!!!
14.သြဇာကောင်း မင်းကဘာကောင်မို့လည်း
15.အမည်မသိကိုယ်လူချော၏ အကူအညီ
16.ကိုယ်လူချောက ငါ့တွဲဖက်
17.ပေါင်မုန့်ကချိုလား
18.သူငယ်ချင်းဆိုရင် ချစ်မရဘူးလား
19.ရင်ခွင်ထဲပစ်ဝင်မိခြင်း
20.အက်စီးဒန့်နှင့် သူနဲ့ရင်းနှီးလာခြင်း
21. အမှတ်မထင်တွေ့ဆုံမှု
22.ဒေါ်သာယဥ်ကျေး၏ အတွေးစများ
23.အပိုင်ယူချင်တယ်
24.သိဒ္ဓိ
25. ၃ပွင့်ဆိုင် မွေးနေ့ပွဲ
26. ဝိုင်အနမ်း
27.One Night Stand???
28.အီစီကလီကြီးနဲ့တူနေတယ်
29.ငံပြာရည်မကြီးမဖြစ်ချင်ပါဘူး
30.ဒီနေ့နေဝင်ချိန်ကသိပ်လှပါသည်
31.ထပ်မလှည့်စားပါနဲ့တော့
32.တိမ်တွေလိုပဲ
33.ကိုယ်အသက်ကြီးလာရင်မင်းကိုလက်ထပ်မှာ
34.I'm bad liar
35.အပြေးပြိုင်ပွဲ
36.ph.noတောင်းခံခြင်း
37.သူ့ပိုင်နက်ထဲ (1)
38.သူ့ပိုင်နက်ထဲ(2)
39.first kiss 2 times
40.ရှင် ဘာမှမဖြစ်ရဘူးနော်
41.အပြင်လူပဲလေ
42.အတင်းဖျင်းများ
43.မွေးနေ့တွင်ဖွင့်ပြောမည်
44.ချစ်မိနေတာပဲ
45.yeahနောက်ဆုံးတော့ ရည်းစားရပြီ
46.ထူးထူးဆန်းဆန်းတွေမလုပ်ပါနဲ့
47.ငါသူ့ကိုသတ်ချင်တယ်
48.ကြယ်ရောင်ပျောက်သောည
49.အိတ်ပုတ်မလေး
50. going to the playground
52.တကယ်ချစ်မိတော့မှာလား
51.အာတာပူစီအနမ်း
53.ဒီတင်ဆက်သူလေးကဆွဲဆောင်နိုင်တယ်
စာရေးသူကငပိန်း
54.kisses in car
55.ယောက္ခမကြီးနဲ့တွေ့ဆုံခြင်း
56.အခုရော နောင်ရော
58.
59.
60.
61.
62.
63.
64.
65.
66.EnD
67.အမှတ်တရ
တောင်းပန်ခြင်း
57.ရည်းစားကိုအိမ်ကမသိအောင်ထားနေတာလား
1.3K 39 0
By MoCo555
ဒီနေ့ဖွားဖွားတို့ရောက်သည်။မမြင်ရတာကြာရပြီဖြစ်တယ့်ဖွားဖွားကိုပြေးဖက်ရင်းသာချွဲနေမိတော့သည်။
"ငါ့မြေးအတွက်လိမ္မော်သီးတွေပါတယ်"ဆိုတယ့်ဖွားဖွားရဲ့စကားသံအဆုံးမှာသာဘုန်းကိုသတိရသွားသည်။ခနနေဘုန်းကိုလှမ်းခေါ်ဖို့ပင်တွေးမိသေးသည်။
ဖေဖေကတော့သမီးဆီအလည်လာပေမယ့်အလုပ်တစ်ဖက်နဲ့ဖြစ်သည်။ခရီးသွားအေဂျင်စီကဖြစ်သည့်အတွက်ဖေဖေ့မှာနေရာပေါင်းစုံသို့သွားလာနေရတာပင်ဖြစ်သည်။ခုလည်း ဖော်ရိန်နာ ၃ယောက်ကိုmdyအနှံ့လိုက်ပြပေးရမည့်တာဝန်ကရှိသေးသည်။
အိမ်မှာကအခန်းပိုမရှိသည့်အပြင် ခုဖွားဖွားပါပါလာတော့ သာ့မှာအခန်းနေရာချဖို့ဖြစ်နေသည်။ဖွားကိုဘုရားခန်းမှာနေရာချပေးပြီး သာ့အခန်းကိုတော့ဖေနဲ့မေအတွက်ထားပေးမည်။သာကတော့ ဧည့်ခန်းမှာအိပ်ဖို့ပဲအကြမ်းဖျင်းစီစဥ်ထားလိုက်တယ်။
_______
"ဖွားရယ် သမီး လည်းဖွားနဲ့တူတူနေချင်တာပေါ့ ဒါမယ့်အလုပ်ကပျက်လို့မရဘူးလေနော် နော် ဒီနေ့ရုံးမှာအရေးကြီးပြီးသမီးမသွားရင်မရလို့ပါ ဖွားကလည်း ပြန်လာရင် ဖွားဖွားအကြိုက်နန်းရှေ့ကရှမ်း​ေခါက်ဆွဲဝယ်လာခဲ့မယ်လေနော်"
ဒါကတော့သည့်သည့်အတိုင်းသာယဥ်ကျေးတစ်ယောက် ပါပီEyesများဖြင့်အဖွားဖြစ်သူကိုရုံးသွားဖို့ ချွဲနွဲ့နေတာပဲဖြစ်သည်။
"ဖွားကလည်း မြေးတကယ်မအားလို့ပါ မြေးကိုအဲ့လိုကြီးစိတ်မကောက်ပါနဲ့"
တည်တင်းနေတယ့်မျက်နှာထားနဲ့ဆိုဖာခုံပေါ်ထိုင်နေတယ့်ဖွားကိုသာ့မှာအတင်းဖက်ကာချွဲနေရတာဖြစ်သည်။
"သွားပါ အပိုတွေ  ဖွားမှာတော့ မြေးလေးနဲ့မတွေ့တာကြာလို့ငါ့မြေးမလေး ငါ့ကိုလွမ်းနေတော့မှာပဲဆိုပြီး လာတွေ့တာ ဒီရောက်တော့မြေးကအဖွားကိုအလုပ်လောက်တောင်မချစ်ချင်ဘူး။ရွှေမှုန်တို့ကံကကိုဆိုးတာပါလေ"
အဖွားကစိတ်ဆိုးရင်ဒီလိုပဲပြောနေကြဖြစ်သည်။ ဒါပေမယ့်သာ့ကိုကြာကြာစိတ်မကောက်ဘူးဆိုသည်ကိုတော့သာသိသည်။
"ဖွားကလည်း နော် နော် နော် ဖွားကိုချစ်တယ်လေ မြေးပြန်လာရင် တစ်ညလုံးဖွားနဲ့နေပေးမယ်လေ "
"သွားပါတော် သွားပါ "အဖွားဒီလိုပြောရင်ပဲဒါကစိတ်ကောက်ပြေစပြုတာဖြစ်သည်။ ဒီလိုအချိန်မျိုးမှာ မြွက်ခနဲ့မြည်အောင်ဖွားပါးကိုနမ်းလိုက်ရင်တော့ ဖွားစိတ်တွေပျော့ကျသွားပြီပဲဖြစ်သည်။
"ဒါ့ကြောင့်ဖွားကိုချစ်တာ အာ...ဘွား"
___________________
"မောင် ဒီနေ့ သာတို့တွေ့လို့မရတော့ဘူး သာ့ကိုလိုက်မပို့နဲ့တော့နော်"
"ဘာလို့လဲ ကျေးရဲ့"
ဖုန်းထဲကသူ့အသံကသိပ်အလိုမကျနေမှန်းသိသာ၏။
"မောင့်ကိုသာပြောထားဖူးတယ့်ဟာလေ အဲ့တာခုအိမ်မှာဖွားတို့ရော ဖေရောမေရောရောက်နေတယ်"
"ဒါဆိုပိုကောင်းတာပေါ့ကျေးရဲ့ ကျေးရဲ့ဖွားဖွားကိုလည်းမောင်တွေ့ဖူးတာပေါ့ အဖေနဲ့အမေကိုလည်းမတွေ့ရတာတော်တော်ကြာနေပြီ ဟိုတခါကျေးဆေးရုံဆင်းပြီးကထဲကပဲ ကောင်မလေး လိုအပ်ရင် ကိုယ့်ကိုကိုယ်တခါထဲမိတ်ဆက်ပြီးဝင်ကန်တော့လိုက်မယ်"
"ဟာ မောင်ကလည်း နောက်မှပါ"
"ဘာမောင်ကလည်း လည်း ပြောကျေးနဲ့မောင်ရည်းစားတွေဖြစ်တာ အိမ်ကိုအသိမပေးရသေးဘူးပေါ့ ခုလည်းမိတ်မဆက်ပေးချင်ဘူး ဘာလည်းကျေးကမောင့်ကိုအပျော်ကြံတာလား "
Phထဲကပြောနေပုံလေးကချစ်စရာလေးမို့သာစချင်လာကာ
"အင်း"
"ကျေးနော် မောင်တခါထဲခိုးပြေးမှမောင့်အဆိုးမဆိုနဲ့"သူကအဲ့လိုအမြဲခြိမ်းခြောက်တတ်တာဖြစ်သည်။
"မောင်ကလည်း တော်ပြီကွာမစနဲ့တော့ အဲ့တာလှမ်းပြောတာ ပိတ်က်ကျမှ သာမိတ်ဆက်ပေးမယ် ကျေနပ်ပြီလားပြော"
သာကဆူအောင့်အောင့်လေးပြောလျှင်
"မကျေနပ်သေးဘူး ခုနကမောင်စိတ်ဆိုးသွားတာ အဲ့တာပြန်ချော့"
"လူလည် မြွက်ချ် အာဘွား ဟုတ်ပြီလား"သာ့မှာဘေးဘီကိုကြည့်ကာ ခိုးကြောင်ခိုးဝှက် ဖုန်းထဲကနေအနမ်းလှမ်းပေးလိုက်သည်။
မောင်ကတော့တကယ်မလွယ်ပေ။သာခုထိနှုတ်ကနေ မောင့်ကိုသာချစ်တယ်လို့တခါမှဝန်ခံစကားမဆိုဖြစ်သေးပေမယ့် သာတကယ် သာ့ကိုချစ်လွန်းတယ့်မောင့်ကိုချစ်ပါသည်။ ချစ်သူတွေဖြစ်သွားတော့မောင့်အကြောင်းကိုပိုသိလာသည်။မောင်ကသာ့ကိုတကယ်ချစ်ရုံမက သာ့စိတ်ကိုအမြဲအလိုလိုက်တတ်သည်။ တခါတခါသာ့ကိုဆန့်ကျင်ပြီး နမ်းတတ်တာကမျိုး၍သာ့အပေါ် တုခားအသားယူတာမျိုးမရှိခဲ့ပါ။ သာကမကြိုက်သည့်ပုံပြလျှင် မောင်ကရှေ့ဆက်မတိုးပါ။
မောင့်အနမ်းတွေကိုသာရင်ခုန်ပေမယ့် သာကဘယ်တော့မှမောင့်ကိုတောင်းမဆိုဖူးသလို အပြင်မှာသာကိုယ်တိုင်သာ့ဘက်ကစပြီးတော့မနမ်းဖူးပါ။
______________
"ဖွားရေ ဒီမှာ ဖွားဖို့ မြေးဝယ်လာတာ"
မေမေတို့ကအိမ်ပြန်မရောက်သေး၍ ဖွားရှိရာဆီရှမ်းခေါက်ဆွဲထုတ်လေးနဲ့ဝေ့ကာဝေ့ကာရှာရင်းလျှောက်လာတာဖြစ်သည်။ အထုပ်ကို ထမင်းစားခန်းထဲဝင်ထားကာ ဖွားရှိလောက်မည်ထင်သည့် ဘုရားခန်းသို့ဝင်လိုက်တော့ ဖွားက အဝင်ပေါက်ကိုမျက်နှာမူကာမတ်တပ်ရပ်နေ၏။
"ဖွား "ဖွားဆီခေါ်ပြီးပြေးဖက်ဖို့လုပ်တော့ မထင်မှတ်ထားစွာ
"သာယဥ်ကျေး နင်အိမ်ကမသိအောင်ရည်းစားထားတတ်နေပြီလား ဟမ်"ဆိုသောဖွားစကားကြောင့်လူကတုန်သွားရသည်။ဖွားဘယ်လိုသိသွားတာလည်း ဟ။
"ဟုတ်လား မဟုတ်လား ဖြေ လိမ်ဖို့မကြိုးစားနဲ့"
"ဟ ဟုတ်"
ဖွားကခုမှပိုစိတ်ဆိုးသွားပုံရကာ
"လာစမ်း လာစမ်း လာဒီမှာလာထိုင်"ဟုဆိုကာ ဂွမ်းကပ်မွေ့ယာထူကြီးပေါ်ထိုင်ချလိုက်ပါသည်။
ဘုရားခန်းကလည်းသာတို့အခန်းလိုပဲကျယ်သင့်သလောက်ကျယ်ပါသည်။ဒီအိမ်ရဲ့အရင်ပိုင်ရှင်က ဘုရားခန်းကိုကျယ်ကျယ်ဆောက်ထားကာ ရှေ့မှဘုရားပလ္လင်တွေရဲ့ရှေ့မှာ ရွှေရောင်ဇာခြည်မျှင်များနဲ့ရက်ထားတယ့် လိုက်ကာစပါးပါးကိုခြားထားကာ ကျန်နေရာများကအလွတ်ဖြစ်သည်။ပြတင်းတစ်ပေါက်ရှိပြီး ထိုနေရာတွင်တော့ ပန်းအိုးနေလဲဖို့ ဘေစင်ထားရှိထားလေသည်။သာကဒီပိုနေတယ့်နေရာမှာဖွားအတွက် တစ်တောင်လောက်ရှိတယ့် မွေ့ယာအထူကိုခင်းကျင်းပေးထားတာပင်။
အခုလောလောဆယ် ဖွားဘာလို့သိသွားလည်းဆိုတာနဲ့ဖြေရှင်းရမည့်နည်းလမ်းကိုအသည်းသန်စဥ်းစားနေမိသည်။
MOco
_______
"ဖွားရယ် သမီး လည်းဖွားနဲ့တူတူနေချင်တာပေါ့ ဒါမယ့်အလုပ်ကပျက်လို့မရဘူးလေနော် နော် ဒီနေ့ရုံးမှာအရေးကြီးပြီးသမီးမသွားရင်မရလို့ပါ ဖွားကလည်း ပြန်လာရင် ဖွားဖွားအကြိုက်နန်းရှေ့ကရှမ်း​ခေါက်ဆွဲဝယ်လာခဲ့မယ်လေနော်"
___________________
"ဘာလို့လဲ ကျေးရဲ့"
"ဘာမောင်ကလည်း လည်း ပြောကျေးနဲ့မောင်ရည်းစားတြွေဖစ်တာ အိမ်ကိုအသိမပေးရသေးဘူးပေါ့ ခုလည်းမိတ်မဆက်ပေးချင်ဘူး ဘာလည်းကျေးကမောင့်ကိုအပျော်ကြံတာလား "
"အင်း"
"လူလည် မြွက်ခ်ျ အာဘွား ဟုတ်ပြီလား"သာ့မှာဘေးဘီကိုကြည့်ကာ ခိုးကြောင်ခိုးဝှက် ဖုန်းထဲကနေအနမ်းလှမ်းပေးလိုက်သည်။
______________
"ဟ ဟုတ်"
MOco
Continue Reading
You'll Also Like
1.1M 84.3K 39
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
1M 48.6K 28
1950s. ***Story contains mature scenes and Hindi phrases in initial chapters which are not translated in english*** Abhigyan Singh, a Sarpanch of the...
1M 57.5K 58
𝐒𝐜𝐞𝐧𝐭 𝐨𝐟 𝐋𝐨𝐯𝐞〢𝐁𝐲 𝐥𝐨𝐯𝐞 𝐭𝐡𝐞 𝐬𝐞𝐫𝐢𝐞𝐬 〈𝐛𝐨𝐨𝐤 1〉 𝑶𝒑𝒑𝒐𝒔𝒊𝒕𝒆𝒔 𝒂𝒓𝒆 𝒇𝒂𝒕𝒆𝒅 𝒕𝒐 𝒂𝒕𝒕𝒓𝒂𝒄𝒕 ✰|| 𝑺𝒕𝒆𝒍𝒍𝒂 𝑴�...
789K 40K 35
1ST BOOK OF BRIDE SERIES✨✨ Don't do this, leave my parents, don't ruin my life, I will die. She was begging infront of him joining her both hands. Th...