သူစိမ်းတစ်ယောက်ကိုချစ်မိတဲ့အခ...

By moooskyi

408K 12.8K 266

ငါကငါ့တရား၀င်ယောကျာ်းကိုသူ့exလက်ထဲထည့်မှာမဟုတ်ဘူး သူငါ့ကိုအခုမချစ်သေးဘူးဆို တစ်နေ့နေ့တော့ ပြန်ချစ်လာမှာပါ မေပ... More

သူစိမ်း(part-1)[Zawgyi & Unicode]
သူစိမ်း(part-2)[Zawgyi & Unicode]
သူစိမ်း(part-3)[Zawgyi& Unicode]
သူစိမ်း(part-4)[Zawgyi & Unicode]
သူစိမ်း(part-5)[Zawgyi&Unicode]
သူစိမ်း(part-6)[Zawgyi&Unicode]
သူစိမ်း(part-7)[Zawgyi&Unicode]
သူစိမ်း(part-8)[Zawgyi&Unicode]
သူစိမ်း(part-9)[Zawgyi&Unicode]
သူစိမ်း(Part-10)[Zawgyi&Unicode]
သူစိမ်း(part-11)[Zawgyi&Unicode]
သူစိမ်း(part-12)[Zawgyi&Unicode]
သူစိမ်း(part-13)[Zawgyi&Unicode]
သူစိမ်း(part-14)[Zawgyi&Unicode]
သူစိမ်း(part-15)[Zawgyi&Unicode]
သူစိမ်း(part-16)[Zawgyi&Unicode]
သူစိမ်း(part-17)[Zawgyi&Unicode]
သူစိမ်း(part-18)[Zawgyi&Unicode]
သူစိမ်း(part-19)[Zawgyi&Unicode]
သူစိမ်း(part-20)[Zawgyi&Unicode]
သူစိမ်း(part-21)[Zawgyi&Unicode]
သူစိမ်း(part-22)[Zawgyi&Unicode]
သူစိမ်း(part -23)[Zawgyi&Unicode]
သူစိမ်း(part-24)[Zawgyi&Unicode]
သူစိမ်း(part-25)[Zawgyi&Unicode]
သူစိမ်း(part-26)[Zawgyi&Unicode]
သူစိမ်း(part-27)[Zawgyi&Unicode]
သူစိမ်း(part-29)[Zawgyi&Unicode]
သူစိမ်း(part-30)[Zawgyi &Unicode]
Attention 😃
သူစိမ်း(part-31)[Zawgyi&Unicode]
သူစိမ်း(part-32)[Zawgyi&Unicode]
သူစိမ်း(final)[Zawgyi & Unicode]

သူစိမ်း(part-28)[Zawgyi& Unicode]

9.2K 285 12
By moooskyi

(Unicode)

Liam အဲ့နားမှာဘဲကြောင်ကာရပ်နေမိသည် ကြားလိုက်ရသည့် 'ညှောင်' ဆိုတဲ့အသံက နောက်ဆုံးသောအသံဖြစ်သွားသည် မြင်လိုက်ရသည့် ကားရှေ့သွေးအိုင်ကြားက ရွှေဝါရောင်လေးရဲ့ အကြည့်‌တို့က ရင်ကိုထိတ်လန့်စေသည် သွေးအိုင်ကြားက ကြောင်လေးအတွက် ၀မ်းနည်းမှုတို့သီတန်းဖြစ်လာရသည်

"Babe အဆင်ပြေရဲ့လား ထိခိုက်သေးလား sorry ကွာအကိုဖုန်းပြောနေရင်း တစ်ချက်လွတ်သွားတာ"

"အကို... အဲ့ကြောင်လေးက liamနားလာသွားသေးတာ သူ့ကိုအနားဆက်ခေါ်ထားရင် ဒီလိုဖြစ်မှာမဟုတ်ဘူး"
တုန်တုန်ရီရီဆိုလာသော သူ့အမျိုးသမီးငယ်ကြောင့်သူ့မှာစိုးရိမ်ရပြန်သည် သူမတော်တော်လန့်သွားတာဖြစ်မည်

"လာပါ မိန်းမရယ် အိမ်ပြန်ရအောင် Babe ကိုယ်၀န်ကြီးနဲ့လေ စိတ်လျော့ထားနော်"

အကိုပြောတဲ့အတိုင်း အတွေးတွေ‌ထွေးပိုက်ကာအကိုနဲ့အတူ liam အိမ်ပြန်လာရသည် တစ်ညနေလုံး လူကအကြောင်းအရင်းမရှိ စိတ်ပင်ပန်းနေသည် နောက်ဆုံးမနေနိုင်တော့အကို့ကို ရင်ဖွင့်ဖို့ဖြစ်လာသည်

"အကို ညနေကကြောင်လေးလေ...."

"Babe အဲ့တာတွေမေ့ထားလိုက်နော် သွားချိန်တန်လို့ သွားရတယ်ဘဲထားလိုက်ပါ အထဲက အသက်လေးပါ လန့်နေလိမ့်မယ်"

အကိုကliam စိတ်ပြေအောင် အသက်လေးနဲ့ချော့ကာပြောသည် မတင်မကျဖြစ်နေသည့်စိတ်က အသက်လေးကြောင့် ဖြေသာသွားသည် ဒါပေမယ့်စိတ်ထဲတစ်နေရာတွင် ထိုရွှေဝါရောင်လေးမှာငြိမ်းချမ်းစွာ တည်ရှိနေသည်........

"Babe သွားရအောင်လေ မြန်မြန်"

ဒီနေ့ အသက်ကလေးက ဘာလေးလဲဆိုတာသိရတော့မှာမို့အကို့မှာရင်ခုန်နေရှာသည် သူ့မှာအစည်းအဝေးကြီးကိုပစ်ထားကာ သူ့အသက်လေး အတွက် မိသားစု၀င်တွေနဲ့ဘဲ gender reveal party လေးလုပ်ဖြစ်တယ်

"အရမ်းလောတာဘဲနော်"

"မိန်းမ ဒီရက်ထဲအရောင်ရင့်တွေသိပ်ကြိုက်‌တယ်နော်ခုလည်းသူများတွေလို အပြာရောင်တို့ပန်းရောင်တို့အ၀တ်ထားဘဲ နီညိုရောင်တဲ့ ယောကျာ်လေးလားမသိဘူး"

"မသိပါဘူး အကိုရယ်... ခဏနေသိရတော့မှာကို"

Party က မိသားစုနဲ့သူငယ်ချင်းတွေကြားလုပ်တဲ့အသေးစားပါတီဖြစ်တယ် မိသားစု၀င်တွေဘဲရှိတာမို့ အကို့မိဘတွေခြံမှာဘဲ လုပ်ဖြစ်သည် အကိုကော liam ကောအပြာတို့ပန်းရောင်တို့မ၀တ်ဘဲ liam၀တ်ချင်တဲ့ နီညိုရောင်ကိုသာ၀တ်ထားကြသည် အကိုကနီညိုရောင်ရှပ်ကို၀တ်ကာ ဆံပင်ကိုရုံးတက်ရင် ထားနေကျပုံစံအတိုင်းသပ်မတင်ဘဲနှာဖူး‌ပေါ်ဝဲကာချထားတာကြောင့် တစ်မျိုးလေးကြည့်ကောင်းနေသည် liam ကတော့နီညိုရောင် ဂါ၀န်ကိုသာရိုးရိုးလေး၀တ်ဆင်ထားသည် မိတ်ကပ်အထူကြီးမလိမ်းချင်တာကြောင့် ကြည့်ကောင်းရုံပါးပါးသေးလားလိမ်းထားသည်

"Liam ငါကတော့ boy ဘဲနော်"
အနားသို့လာကာတီးတိုးဆိုလာသည့်သူရသူ့မှာအရမ်းတက်ကြွနေသည် အခုလည်းအပြင်အဆင်ကို သူနဲ့အမှုံကလုပ်ပေးထားတာဖြစ်သည်

"သမီးဆိုရင်ကော ဘာလို့လဲ"
liam ဗိုက်ကအသက်‌လေးက သမီးဆိုသူတို့မချစ်တော့ဘူးလား အခုထဲက ညီတူညီမျှမရှိကြတာလား

"ငါက သမီးဆိုလည်းချစ်မှာဘဲ မိန်းကလေးက အငယ်ဆိုမှ ငါတို့ကိုဆိုးလို့ကောင်းမှာလေ အကြီးဆို အေးနေလိမ့်မယ် ငါကသမီးဆိုးလေးလိုချင်တာ"

သူရကတော့ သူ့ဟာနဲ့သူတော့ အဆင်ပြေနေတာဘဲ သူကရှေ့ရေးကိုliamတို့ထက်တောင် ကြိုတွေးထားသေးသည် မလွယ်ပါဒီဦးလေးတစ်ယောက်နဲ့တော့...

ကိုခန့်ကနောက်ကျနေတာမို့စောင့်နေရသေးသည် သူမလာမချင်းမလုပ်ကြနဲ့တဲ့ဖုန်းဆက်ကာ ခဏခဏပြောသေးသည်
ခဏကြာတော့ ကိုခန့်လည်းရောက်ပြီမို့အဆင့်သင့်ဖြစ်နေကြပြီ အကိုနဲ့ကိုယ်က ရင်အခုန်ဆုံးဖြစ်လိမ့်မည်......
ဘာလေးလဲဆိုတဲ့ကိုယ်စားပြု ဖဲကြိုးလေးတွေဟာ ဘောလုံးလေးထဲအသင့်အနေအထားသို့ရောက်နေပြီဖြစ်သည် ဘောလုံးလေးကိုချည်ထားတဲ့ကြိုးလေးကို နှစ်ယောက်သားအတူတူဆုပ်ကိုင်ထားရင်းခံစားရတဲ့ ခံစားချက်တို့က ထူးခြားနေသည် liam လက်တို့မှာ ရင်ခုန်လွန်းလို့အေးတောင်အေးစက်နေသည်

*1,2,3* နံပတ်စဉ်တို့ဆုံးသွားတဲ့နောက် ဘောလုံးလေးထက်ကျလာတဲ့အပြာရောင် ဖဲကြိုးသေးလေးတွေကြောင့် သားလေးဆိုတာသိလိုက်ရပြီ.....
သားလေး တဲ့ liam မှာငိုတောင်ငိုမိတယ် အကိုကလည်း၀မ်းသာလွန်းကာ ထတောင်အော်သည် သားလေးတဲ့ ဒါဆို အသက်လေးရဲ့နာမည်ရင်းက အကိုပေးထားတဲ့ သက်ခ ဆိုတဲ့အမည်နာမလေးခေါ်တွင်ခံရတော့မည်

"မေထားရေတွေ့ပြီလား... နှင်းခ တို့မှန်းရင်မလွဲဘူးဆိုတာ ...ဒီကောင်မလေး ဗိုက်ကြီးထဲကအလှလည်းသိပ်မကြိုက် ၀တ်ရင်လည်း သူ့လင်ကြိုက်တဲ့‌အရောင်ရင့်တွေသာ၀တ်နေတာ ထင်လိုက်တယ် ထွက်လာတဲ့သားက အဖေတူသားဘဲဆိုတာ"

"ဟုတ်ပါ့နော် သားဦးလေးမို့အငယ်က သမီးလေးဆို ပွဲပြီးပြီ"

"ဟုတ်ပါ့ရှင် ကိုယ်တွေလည်း ပျော်ရတယ် မေထားရယ်"

မာမီနဲ့ အကို့မာမီက ခရီးတွေအတူတူထွက်ကြသည်ထိရင်းနှီးနေပြီ ဒီလိုမိသားစုက
မေမေ့ သားလေးအတွက်နွေးထွေးလွန်းမှာပါလေ
..............

ဒီနေ့ liam မာမီတို့အိမ်ရောက်နေသည် မာမီခွင့်ရက်ရ‌တာကြောင့် မဗိုက်လေးကသွားကာ အနိုင်ကျင့်နေသည် မာမီလုပ်ပေးတဲ့မုန့်မျိုးစုံစားလိုက် ထွက်နေပြီ‌ဖြစ်သော ဗိုက်လေးကို ကိုင်လိုက် သာယာနေသည် မာမီကတော့သူ့မြေးလေး ရှိနေတာမို့ ဘာမှမခိုင်းပါ ဒယ်ဒီကတော့ အရာအားလုံးဟာ liam သဘောအတိုင်းဖြစ်နေသည် အခုလိုခဏခဏ ကိုယ်၀န်ဆောင်ရင်ကောင်းမလား‌လို့တွေးမိသည်

"သားက ညကျမှလာခေါ်မှာလား"

"အင်း meeting ပြီးတာနဲ့လာခေါ်မယ်တဲ့"

"ဟဲ့ ကလေးလည်းဂရုစိုက်နော် ကိုယ်‌ကမွေးဖို့သုံးလလောက်ဘဲလိုတော့တာ အရာရာသတိရှိ ကြားလား liam"

"အင်းပါ သမီးဂရုမစိုက်လည်း အမေ့
သားမက်က ဂရုစိုက်ပေးတယ်"

"ဟဲ့သားက အလုပ်ကော ဗိုက်ထဲကကလေးကောနှစ်မျိုးလုံးဆိုတိုင်ပတ်နေမှာပေါ့"

"မာမီကလည်း"

"မာမီကလည်းတွေ ဘာတွေမလုပ်နဲ့ ကိုယ်လုပ်နိုင်စရာရှိတာကိုသေချာလုပ်စမ်း မာမီဟိုသံဒီသံ မကြားချင်ဘူးနော် မေ"

မေ ဆိုတဲ့အသုံးအနှုန်းကို မာမီက စိတ်လိုရင်ခေါ်တတ်တယ် liam ဆိုတဲ့နာမည်က မေပိုးဦး ၁၀ နှစ်အရွယ်တုန်းက England မှာရှိတဲ့အဖွားတို့နဲ့ 2နှစ်လောက်သွားနေတုန်းက ခေါ်ရလွယ်အောင်လို့ liam လို့ခေါ်ရင်းကနေ ‌စွဲသွားတာ ကိုယ်ကတော့ liam ဆိုတာထက် မေ ဆိုတဲ့အဖျားစွတ်‌ခေါ်တဲ့နာမည်လေးပိုကို သဘောကျပေမယ့် အသားကျနေပြီဖြစ်တဲ့ liam လေးကလည်း တစ်မျိုးလေးနား၀င်ချိုနေပြန်သည်.....

အကိုမ‌လာသေးတာကြောင့်‌သူရကြည့်နေတဲ့ ဘောလုံးပွဲကိုထိုင်ကြည့်မိသည်ထိုဘောလုံးပွဲက liam အားဆိုဖာကမထချင်အောင် ဆွဲဆောင်နေသည် သူရပြောတာတော့ England ဒါဘီတဲ့ Englandရဲ့အအောင်မြင်ဆုံးအသင်းနှစ်သင်းဖြစ်တဲ့ liverpool နဲ့ man uပွဲတဲ့လေ ပွဲကောင်းမို့လားမသိ ဘောလုံးပွဲမကြည့်ဖူးတဲ့ liam တောင်အနားကမထချင်တော့ပါ ဘယ်သင်းအားပေးလဲမေးတော့ သူကliverpool fan တဲ့ မဆိုးပါဘူးလေ ပွဲကတော်တော်ကိုမြိုင်နေသည်

*တီ တီ...*

*ဟာ* ပွဲကောင်းနေပြီဆိုမှ ကြားလိုက်ရသည့်အကို့ကားဟွန်းတီးသံ စောင့်နေရတုန်းကပေါ်မလာဘဲ အခုမှဘယ်တိုင်းပြည်ကလာမှန်းမသိတော့ပါ

ရှိန်းဇော်ခ အိမ်ထဲ၀င်လာတော့တွေ့ရသည်မှာဘောလုံးပွဲ ကိုဇိမ်ကျကျကြည့်နေသည့် သူ့ဇနီးချောလေးနဲ့ ယောက်ဖ တော်တော်အာရုံကျနေပုံရသည် သူလာတာကို သူမမှာအာရုံတောင်မစိုက်နိုင်ပေ ဟွန်းသံကြားတာတောင် သူ့အားထွက်မကြိုနိုင်ပါ ပိုဆိုးတာက အိမ်ထဲ၀င်လာတောင် မသိပါ ဒီလောက်တောင် ဘောပွဲကိုစိတ်၀င်စားနေသည်......

*Goal*

ထအော်မိသူမှာ liam ကောသူရကောဖြစ်နေသည်အားပေးနေတဲ့အသင်းကသွင်းလိုက်တာကြောင့်ခံစားရတဲ့ ခံစားချက်ကပြောလို့ကိုမရနိုင်ပါ ထတောင်ခုန်မိသည်

"Babe ရယ် ဖြေးဖြေးခုန်ပါ ကိုယ့်ဗိုက်လေးပြုတ်သွားအုန်းမယ်"

အကို့သံကြားတာနဲ့လှည့်ကြည့်မိတော့ စိုးရိမ်နေတဲ့မျက်နှာထားလေးနဲ့ပြောလာသည် အကိုရောက်တာတောင် မသိနိုင်အောင် liam မှာ liverpool ဇာတ်ထဲမျောသွားရသည်

"အကို ရောက်နေပြီလား"

"ခုဏက ဟွန်းသံမကြားဘူးလား"

Liam လိမ်ရတာမကြိုက်၍ မလိမ်ချင်ပါစိတ်ဆိုးရင်လည်းချော့လိုက်မည် မလိမ်တော့မလိမ်ချင်ပါ ကိုယ်၀န်သည်ဆိုတာ နှုတ်ကအစဆင်ခြင်သင့်သည်ထင်သည်
အကို့ဆီက အဖြေသံပြန်မကြားတာကြောင့် အကိုစိတ်ဆိုးနေသည် မှာသေချာသွားသည် စိတ်ဆိုးတဲ့သူက liam သာကောင်းကောင်းမပြောတာ တစ်အိမ်လုံးနဲ့ ရွှန်းရွှန်းကိုဝေလို့ liam လည်းမချော့ခြင်တာကြောင့် လွှတ်ထားလိုက်သည်

အိမ်ပြန်ရောက်တဲ့ထိ ကိုယ်တော်ချောက စကားတစ်ခွန်းမှမပြောပါ ဗိုက်ကြီးသည်နဲ့ အပြိုင်စိတ်ကောက်နေသေးသည် မနေနိုင်တဲ့အဆုံး ကိုယ်ကဘဲမူယာမာယာများပြရတော့သည်

liam တို့နှစ်ယောက်လုံးသောက်ဖို့အကိုနို့ကြိုးပေး‌နေသည့် အနားသို့မသိမသာသွားကာ မူပိုရတော့သည်

"အာ့ ကျွတ် ကျွတ် "

"Babe ဘာလို့လဲဘာဖြစ်တာလဲ"
ခုကြသူမဟုတ်သည့်အတိုင်း ဗိုက်ကိုကိုင်ကာသဲသဲလှုပ်ပြနေသည်

"ဘာမှမဖြစ်ဘူး ‌အမြင်ကပ်လို့ လုပ်လိုက်တာ"

"ဟာ... liam မမိုက်ဘူးကွာ အကို့ဘယ်လောက်လန့်သွားလဲသိလား"

"အဲ့ ကျွတ် ကျွတ် လေးလုပ်တာလန့်စရာလား"

"ကျစ်....လန့်ရတာပေါ့ အခုဏက ဂိုးလို့ထခုန်ထားတာဘယ်သူလဲ...အဲ့လိုထခုန်ထားတာကြောင့်များလားလို့ ထူပူသွားတာဘဲကွာ"

"အဲ့ကလေးဘဲ ချစ်သိလား ဒီဟာမကြီးကျ ဘာဖြစ်ဖြစ်ဂရုမစိုက်နဲ့"

"ဟာ မဟုတ်ရပါဘူးကွာ liam ကိုချစ်လို့ အသက်လေးကိုချစ်ရတာပါကွာ liam ကကိုယ့်အတွက်ဆိုအမြဲပထမဘဲ ဟောဒီ့က ဗိုက်လေးကဒုတိယ"

"ဟယ်.... အကို အသက်လေး ကန်နေတယ်"

အကို့လက်ကလေးကိုယူကာ ဗိုက်လေးပေါ်ကိုင်ကြည့်ခိုင်းလိုက်တယ်

"ဟော ဗျာ ဒယ်ဒီ့သားငယ်လေးက အထဲမှာပျော်နေတာလား....အော် ထပ်ကန်ပြန်ပြီ"

"သားက အကို့သံမှတ်မိလို့နဲ့တူတယ် အကိုစကားပြောတိုင်းကန်နေတယ်"

ရှိန်းဇော်ခ ပျော်ရွှင်လွန်းပါသည် သားငယ်က သူ့အသံကြားတိုင်း သူ့မေမေ ဗိုက်ကိုကန်နေသည်မို့ သားနဲ့သူ့အကြားကဆက်သွယ်မှုတို့သည်ခိုင်မြဲနေသည် သူ့မေမေကတော့သူ့သားလေး သောင်းကျန်း နေမှုကိုပျော်ရွှင်နေပုံရသည်
...............

Dute Date က ငါးရက်လောက်လိုသေးပေမယ့်နေ့ဘက်ဆို အမှုံကလာလာနေပေးသည် အိမ်မှာကျ အကိုအလုပ်သွားနေတဲ့အချိန်တွေဘာတွေဗိုက်ထနာရင်လူမရှိမှာကြောင့် မာမီတို့ကပါ နေ့ဘက်အလှည့်ကျလာစောင့်ပေးသည် အမှုံမရှိနေတာကြောင့်မပျင်းရပါစားလိုက်သောက်လိုနဲ့ပျော်လို့နေသည်

"Liam ကိုရှိန်းဖုန်းဆက်တယ်သူလာတော့မှာတဲ့အဲ့ဆို ငါပြန်တော့မယ် သူရလိုက်ပို့တုန်းလေး"

"အေးပါ ယောင်းမရယ်"

"ဟာ တွေ့လား သူရကငါ့မောင်ပါဆို"

"အေးပါ ယောင်းမရေ..."

အမှုံထွက်သွားပြီ ခဏကြာတော့ liam လေညှင်းလေးထွက်ခံချင်လာသည် ပထမကအကိုလာမှ ထွက်မလို့ဘဲ အခုကျတစ်နေကုန်အိမ်ထဲပိတ်မိနေတာကြောင့် ထွက်ချင်လာသည် ဗိုက်ကလေးကိုငုံ့ကြည့်တော့ လုံးတတ်နေသည် ဗိုက်ပူပူလေးမို့ချစ်ဖို့ကောင်းနေပြန် နောက်နှစ်ရက်သုံးရက်ဆို သားငယ်ကိုရင်၀ယ်မှာ ပိုက်ခွင့်ရတော့မှာကြောင့် liam မှာ အပျော်ပိုရပြန်သည်........

10နာရီကျော်ပြီမို့လူသွားလူလာနည်းသည် liam လမ်းလျှောက်နေရင်းတွေ့လိုက်ရသည်မှာမီးတိုင်အောက်က ကလေးတစ်ယောက် အရင်ကနေ့တိုင်းလည်းလမ်းထွက်လျှောက်တတ်ပေမယ့် သည်ကလေးကို liam မမြင်ဖူးပါ လမ်းပျောက်လို့ထင်ပါရဲ့ ရှုံ့မဲ့ကာငိုနေသည် liam အနားသွားကာ

"သားဘာလို့ငိုနေတာလဲ မမကိုပြောပါအုန်း"

"သားဆော့နေရင်း ဒီဘက်ရောက်လာတာ မေမေ့ဆီမပြန်ရဲတော့လို့"

"သားမေမေကဘယ်မှာလဲ"

"ဟိုဘက်က ခုံမှာသူငယ်ချင်းနဲ့စကားပြောနေတယ်"

"လာလေ အဲ့ဆိုမမ လိုက်ပို့ပေးမယ်"

ကလေးလက်ကိုဆွဲကာ ကလေးပြတဲ့နေရာဆီဦးတည်ကာသွားမိသည် ကလေးလေးက liam လက်တို့အားမြဲမံစွာကိုင်ထားသည်
လမ်းလျှောက်နေရင်း ကလေးက ရုတ်တရပ် လက်ဖြုတ်ကာလမ်းကွေ့ထဲ၀င်ပြေးသွားတာကြောင့် အနောက်မှစိတ်ပူစွာ ပြေးလိုက်မိသည်

*ဒုန်း....*

မထင်ထားတဲ့မျက်ကွယ်မှကားထွက်လာတာကြောင့်liam တစ်ချက်နောက်ကျသွားရသည်
လဲကျတာခြင်းလည်းတူနေပြန်သည် ဒီတစ်ခါရွှေဝါရောင်လေးအလှည့်ပြီးလို့ liam အလှည့်ထင်ပါရဲ့ကြောက်ရွံ့နာကျင်မှုများနဲ့ သားငယ်‌လေး တည်ရှိတဲ့liamဗိုက်လေးကိုကိုင်ထားကာသွေးအိုင်ထဲကွေးကွေးလေးလဲကျသွားရသည် မမှိတ်ချင်သေးတဲ့မျက်လုံးအစုံကလည်းဘုရားသခင်အလိုရမှိတ်သွားရသည်.......

#hey guys!!!!
လက်ရာမကောင်းတဲ့ဒီဇာတ်လမ်းလေးကိုဖတ်ပေးကြတဲ့တစ်ယောက်ချင်းစီကိုကျေးဇူးပါနော် 🥺✌️❤️
.............................

(Zawgyi)

Liam အဲ့နားမွာဘဲေၾကာင္ကာရပ္ေနမိသည္ ၾကားလိုက္ရသည့္ 'ေညွာင္' ဆိုတဲ့အသံက ေနာက္ဆုံးေသာအသံျဖစ္သြားသည္ ျမင္လိုက္ရသည့္ ကားေရွ႕ေသြးအိုင္ၾကားက ေ႐ႊဝါေရာင္ေလးရဲ႕ အၾကည့္‌တို႔က ရင္ကိုထိတ္လန့္ေစသည္ ေသြးအိုင္ၾကားက ေၾကာင္ေလးအတြက္ ၀မ္းနည္းမႈတို႔သီတန္းျဖစ္လာရသည္

"Babe အဆင္ေျပရဲ႕လား ထိခိုက္ေသးလား sorry ကြာအကိုဖုန္းေျပာေနရင္း တစ္ခ်က္လြတ္သြားတာ"

"အကို... အဲ့ေၾကာင္ေလးက liamနားလာသြားေသးတာ သူ႕ကိုအနားဆက္ေခၚထားရင္ ဒီလိုျဖစ္မွာမဟုတ္ဘူး"
တုန္တုန္ရီရီဆိုလာေသာ သူ႕အမ်ိဳးသမီးငယ္ေၾကာင့္သူ႕မွာစိုးရိမ္ရျပန္သည္ သူမေတာ္ေတာ္လန႔္သြားတာျဖစ္မည္

"လာပါ မိန္းမရယ္ အိမ္ျပန္ရေအာင္ Babe ကိုယ္၀န္ႀကီးနဲ႕ေလ စိတ္ေလ်ာ့ထားေနာ္"

အကိုေျပာတဲ့အတိုင္း အေတြးေတြ‌ေထြးပိုက္ကာအကိုနဲ႕အတူ liam အိမ္ျပန္လာရသည္ တစ္ညေနလုံး လူကအေၾကာင္းအရင္းမရွိ စိတ္ပင္ပန္းေနသည္ ေနာက္ဆုံးမေနနိုင္ေတာ့အကို႔ကို ရင္ဖြင့္ဖို႔ျဖစ္လာသည္

"အကို ညေနကေၾကာင္ေလးေလ...."

"Babe အဲ့တာေတြေမ့ထားလိုက္ေနာ္ သြားခ်ိန္တန္လို႔ သြားရတယ္ဘဲထားလိုက္ပါ အထဲက အသက္ေလးပါ လန႔္ေနလိမ့္မယ္"

အကိုကliam စိတ္ေျပေအာင္ အသက္ေလးနဲ႕ေခ်ာ့ကာေျပာသည္ မတင္မက်ျဖစ္ေနသည့္စိတ္က အသက္ေလးေၾကာင့္ ေျဖသာသြားသည္ ဒါေပမယ့္စိတ္ထဲတစ္ေနရာတြင္ ထိုေ႐ႊဝါေရာင္ေလးမွာၿငိမ္းခ်မ္းစြာ တည္ရွိေနသည္........

"Babe သြားရေအာင္ေလ ျမန္ျမန္"

ဒီေန႕ အသက္ကေလးက ဘာေလးလဲဆိုတာသိရေတာ့မွာမို႔အကို႔မွာရင္ခုန္ေနရွာသည္ သူ႕မွာအစည္းအေဝးႀကီးကိုပစ္ထားကာ သူ႕အသက္ေလး အတြက္ မိသားစု၀င္ေတြနဲ႕ဘဲ gender reveal party ေလးလုပ္ျဖစ္တယ္

"အရမ္းေလာတာဘဲေနာ္"

"မိန္းမ ဒီရက္ထဲအေရာင္ရင့္ေတြသိပ္ႀကိဳက္‌တယ္ေနာ္ခုလည္းသူမ်ားေတြလို အျပာေရာင္တို႔ပန္းေရာင္တို႔အ၀တ္ထားဘဲ နီညိုေရာင္တဲ့ ေယာက်ာ္ေလးလားမသိဘူး"

"မသိပါဘူး အကိုရယ္... ခဏေနသိရေတာ့မွာကို"

Party က မိသားစုနဲ႕သူငယ္ခ်င္းေတြၾကားလုပ္တဲ့အေသးစားပါတီျဖစ္တယ္ မိသားစု၀င္ေတြဘဲရွိတာမို႔ အကို႔မိဘေတြၿခံမွာဘဲ လုပ္ျဖစ္သည္ အကိုေကာ liam ေကာအျပာတို႔ပန္းေရာင္တို႔မ၀တ္ဘဲ liam၀တ္ခ်င္တဲ့ နီညိုေရာင္ကိုသာ၀တ္ထားၾကသည္ အကိုကနီညိုေရာင္ရွပ္ကို၀တ္ကာ ဆံပင္ကို႐ုံးတက္ရင္ ထားေနက်ပဳံစံအတိုင္းသပ္မတင္ဘဲႏွာဖူး‌ေပၚဝဲကာခ်ထားတာေၾကာင့္ တစ္မ်ိဳးေလးၾကည့္ေကာင္းေနသည္ liam ကေတာ့နီညိုေရာင္ ဂါ၀န္ကိုသာရိုးရိုးေလး၀တ္ဆင္ထားသည္ မိတ္ကပ္အထူႀကီးမလိမ္းခ်င္တာေၾကာင့္ ၾကည့္ေကာင္း႐ုံပါးပါးေသးလားလိမ္းထားသည္

"Liam ငါကေတာ့ boy ဘဲေနာ္"
အနားသို႔လာကာတီးတိုးဆိုလာသည့္သူရသူ႕မွာအရမ္းတက္ႂကြေနသည္ အခုလည္းအျပင္အဆင္ကို သူနဲ႕အမႈံကလုပ္ေပးထားတာျဖစ္သည္

"သမီးဆိုရင္ေကာ ဘာလို႔လဲ"
liam ဗိုက္ကအသက္‌ေလးက သမီးဆိုသူတို႔မခ်စ္ေတာ့ဘူးလား အခုထဲက ညီတူညီမွ်မရွိၾကတာလား

"ငါက သမီးဆိုလည္းခ်စ္မွာဘဲ မိန္းကေလးက အငယ္ဆိုမွ ငါတို႔ကိုဆိုးလို႔ေကာင္းမွာေလ အႀကီးဆို ေအးေနလိမ့္မယ္ ငါကသမီးဆိုးေလးလိုခ်င္တာ"

သူရကေတာ့ သူ႕ဟာနဲ႕သူေတာ့ အဆင္ေျပေနတာဘဲ သူကေရွ႕ေရးကိုliamတို႔ထက္ေတာင္ ႀကိဳေတြးထားေသးသည္ မလြယ္ပါဒီဦးေလးတစ္ေယာက္နဲ႕ေတာ့...

ကိုခန႔္ကေနာက္က်ေနတာမို႔ေစာင့္ေနရေသးသည္ သူမလာမခ်င္းမလုပ္ၾကနဲ႕တဲ့ဖုန္းဆက္ကာ ခဏခဏေျပာေသးသည္
ခဏၾကာေတာ့ ကိုခန႔္လည္းေရာက္ၿပီမို႔အဆင့္သင့္ျဖစ္ေနၾကၿပီ အကိုနဲ႕ကိုယ္က ရင္အခုန္ဆုံးျဖစ္လိမ့္မည္......
ဘာေလးလဲဆိုတဲ့ကိုယ္စားျပဳ ဖဲႀကိဳးေလးေတြဟာ ေဘာလုံးေလးထဲအသင့္အေနအထားသို႔ေရာက္ေနၿပီျဖစ္သည္ ေဘာလုံးေလးကိုခ်ည္ထားတဲ့ႀကိဳးေလးကို ႏွစ္ေယာက္သားအတူတူဆုပ္ကိုင္ထားရင္းခံစားရတဲ့ ခံစားခ်က္တို႔က ထူးျခားေနသည္ liam လက္တို႔မွာ ရင္ခုန္လြန္းလို႔ေအးေတာင္ေအးစက္ေနသည္

*1,2,3* နံပတ္စဥ္တို႔ဆုံးသြားတဲ့ေနာက္ ေဘာလုံးေလးထက္က်လာတဲ့အျပာေရာင္ ဖဲႀကိဳးေသးေလးေတြေၾကာင့္ သားေလးဆိုတာသိလိုက္ရၿပီ.....
သားေလး တဲ့ liam မွာငိုေတာင္ငိုမိတယ္ အကိုကလည္း၀မ္းသာလြန္းကာ ထေတာင္ေအာ္သည္ သားေလးတဲ့ ဒါဆို အသက္ေလးရဲ႕နာမည္ရင္းက အကိုေပးထားတဲ့ သက္ခ ဆိုတဲ့အမည္နာမေလးေခၚတြင္ခံရေတာ့မည္

"ေမထားေရေတြ႕ၿပီလား... ႏွင္းခ တို႔မွန္းရင္မလြဲဘူးဆိုတာ ...ဒီေကာင္မေလး ဗိုက္ႀကီးထဲကအလွလည္းသိပ္မႀကိဳက္ ၀တ္ရင္လည္း သူ႕လင္ႀကိဳက္တဲ့‌အေရာင္ရင့္ေတြသာ၀တ္ေနတာ ထင္လိုက္တယ္ ထြက္လာတဲ့သားက အေဖတူသားဘဲဆိုတာ"

"ဟုတ္ပါ့ေနာ္ သားဦးေလးမို႔အငယ္က သမီးေလးဆို ပြဲၿပီးၿပီ"

"ဟုတ္ပါ့ရွင္ ကိုယ္ေတြလည္း ေပ်ာ္ရတယ္ ေမထားရယ္"

မာမီနဲ႕ အကို႔မာမီက ခရီးေတြအတူတူထြက္ၾကသည္ထိရင္းႏွီးေနၿပီ ဒီလိုမိသားစုက
ေမေမ့ သားေလးအတြက္ေႏြးေထြးလြန္းမွာပါေလ
..............

ဒီေန႕ liam မာမီတို႔အိမ္ေရာက္ေနသည္ မာမီခြင့္ရက္ရ‌တာေၾကာင့္ မဗိုက္ေလးကသြားကာ အနိုင္က်င့္ေနသည္ မာမီလုပ္ေပးတဲ့မုန႔္မ်ိဳးစုံစားလိုက္ ထြက္ေနၿပီ‌ျဖစ္ေသာ ဗိုက္ေလးကို ကိုင္လိုက္ သာယာေနသည္ မာမီကေတာ့သူ႕ေျမးေလး ရွိေနတာမို႔ ဘာမွမခိုင္းပါ ဒယ္ဒီကေတာ့ အရာအားလုံးဟာ liam သေဘာအတိုင္းျဖစ္ေနသည္ အခုလိုခဏခဏ ကိုယ္၀န္ေဆာင္ရင္ေကာင္းမလား‌လို႔ေတြးမိသည္

"သားက ညက်မွလာေခၚမွာလား"

"အင္း meeting ၿပီးတာနဲ႕လာေခၚမယ္တဲ့"

"ဟဲ့ ကေလးလည္းဂ႐ုစိုက္ေနာ္ ကိုယ္‌ကေမြးဖို႔သုံးလေလာက္ဘဲလိုေတာ့တာ အရာရာသတိရွိ ၾကားလား liam"

"အင္းပါ သမီးဂ႐ုမစိုက္လည္း အေမ့
သားမက္က ဂ႐ုစိုက္ေပးတယ္"

"ဟဲ့သားက အလုပ္ေကာ ဗိုက္ထဲကကေလးေကာႏွစ္မ်ိဳးလုံးဆိုတိုင္ပတ္ေနမွာေပါ့"

"မာမီကလည္း"

"မာမီကလည္းေတြ ဘာေတြမလုပ္နဲ႕ ကိုယ္လုပ္နိုင္စရာရွိတာကိုေသခ်ာလုပ္စမ္း မာမီဟိုသံဒီသံ မၾကားခ်င္ဘူးေနာ္ ေမ"

ေမ ဆိုတဲ့အသုံးအႏႈန္းကို မာမီက စိတ္လိုရင္ေခၚတတ္တယ္ liam ဆိုတဲ့နာမည္က ေမပိုးဦး ၁၀ ႏွစ္အ႐ြယ္တုန္းက England မွာရွိတဲ့အဖြားတို႔နဲ႕ 2ႏွစ္ေလာက္သြားေနတုန္းက ေခၚရလြယ္ေအာင္လို႔ liam လို႔ေခၚရင္းကေန ‌စြဲသြားတာ ကိုယ္ကေတာ့ liam ဆိုတာထက္ ေမ ဆိုတဲ့အဖ်ားစြတ္‌ေခၚတဲ့နာမည္ေလးပိုကို သေဘာက်ေပမယ့္ အသားက်ေနၿပီျဖစ္တဲ့ liam ေလးကလည္း တစ္မ်ိဳးေလးနား၀င္ခ်ိဳေနျပန္သည္.....

အကိုမ‌လာေသးတာေၾကာင့္‌သူရၾကည့္ေနတဲ့ ေဘာလုံးပြဲကိုထိုင္ၾကည့္မိသည္ထိုေဘာလုံးပြဲက liam အားဆိုဖာကမထခ်င္ေအာင္ ဆြဲေဆာင္ေနသည္ သူရေျပာတာေတာ့ England ဒါဘီတဲ့ Englandရဲ႕အေအာင္ျမင္ဆုံးအသင္းႏွစ္သင္းျဖစ္တဲ့ liverpool နဲ႕ man uပြဲတဲ့ေလ ပြဲေကာင္းမို႔လားမသိ ေဘာလုံးပြဲမၾကည့္ဖူးတဲ့ liam ေတာင္အနားကမထခ်င္ေတာ့ပါ ဘယ္သင္းအားေပးလဲေမးေတာ့ သူကliverpool fan တဲ့ မဆိုးပါဘူးေလ ပြဲကေတာ္ေတာ္ကိုၿမိဳင္ေနသည္

*တီ တီ...*

*ဟာ* ပြဲေကာင္းေနၿပီဆိုမွ ၾကားလိုက္ရသည့္အကို႔ကားဟြန္းတီးသံ ေစာင့္ေနရတုန္းကေပၚမလာဘဲ အခုမွဘယ္တိုင္းျပည္ကလာမွန္းမသိေတာ့ပါ

ရွိန္းေဇာ္ခ အိမ္ထဲ၀င္လာေတာ့ေတြ႕ရသည္မွာေဘာလုံးပြဲ ကိုဇိမ္က်က်ၾကည့္ေနသည့္ သူ႕ဇနီးေခ်ာေလးနဲ႕ ေယာက္ဖ ေတာ္ေတာ္အာ႐ုံက်ေနပုံရသည္ သူလာတာကို သူမမွာအာ႐ုံေတာင္မစိုက္နိုင္ေပ ဟြန္းသံၾကားတာေတာင္ သူ႕အားထြက္မႀကိဳနိုင္ပါ ပိုဆိုးတာက အိမ္ထဲ၀င္လာေတာင္ မသိပါ ဒီေလာက္ေတာင္ ေဘာပြဲကိုစိတ္၀င္စားေနသည္......

*Goal*

ထေအာ္မိသူမွာ liam ေကာသူရေကာျဖစ္ေနသည္အားေပးေနတဲ့အသင္းကသြင္းလိုက္တာေၾကာင့္ခံစားရတဲ့ ခံစားခ်က္ကေျပာလို႔ကိုမရနိုင္ပါ ထေတာင္ခုန္မိသည္

"Babe ရယ္ ေျဖးေျဖးခုန္ပါ ကိုယ့္ဗိုက္ေလးျပဳတ္သြားအုန္းမယ္"

အကို႔သံၾကားတာနဲ႕လွည့္ၾကည့္မိေတာ့ စိုးရိမ္ေနတဲ့မ်က္ႏွာထားေလးနဲ႕ေျပာလာသည္ အကိုေရာက္တာေတာင္ မသိနိုင္ေအာင္ liam မွာ liverpool ဇာတ္ထဲေမ်ာသြားရသည္

"အကို ေရာက္ေနၿပီလား"

"ခုဏက ဟြန္းသံမၾကားဘူးလား"

Liam လိမ္ရတာမႀကိဳက္၍ မလိမ္ခ်င္ပါစိတ္ဆိုးရင္လည္းေခ်ာ့လိုက္မည္ မလိမ္ေတာ့မလိမ္ခ်င္ပါ ကိုယ္၀န္သည္ဆိုတာ ႏႈတ္ကအစဆင္ျခင္သင့္သည္ထင္သည္
အကို႔ဆီက အေျဖသံျပန္မၾကားတာေၾကာင့္ အကိုစိတ္ဆိုးေနသည္ မွာေသခ်ာသြားသည္ စိတ္ဆိုးတဲ့သူက liam သာေကာင္းေကာင္းမေျပာတာ တစ္အိမ္လုံးနဲ႕ ႐ႊန္း႐ႊန္းကိုေဝလို႔ liam လည္းမေခ်ာ့ျခင္တာေၾကာင့္ လႊတ္ထားလိုက္သည္

အိမ္ျပန္ေရာက္တဲ့ထိ ကိုယ္ေတာ္ေခ်ာက စကားတစ္ခြန္းမွမေျပာပါ ဗိုက္ႀကီးသည္နဲ႕ အၿပိဳင္စိတ္ေကာက္ေနေသးသည္ မေနနိုင္တဲ့အဆုံး ကိုယ္ကဘဲမူယာမာယာမ်ားျပရေတာ့သည္

liam တို႔ႏွစ္ေယာက္လုံးေသာက္ဖို႔အကိုနို႔ႀကိဳးေပး‌ေနသည့္ အနားသို႔မသိမသာသြားကာ မူပိုရေတာ့သည္

"အာ့ ကြၽတ္ ကြၽတ္ "

"Babe ဘာလို႔လဲဘာျဖစ္တာလဲ"
ခုၾကသူမဟုတ္သည့္အတိုင္း ဗိုက္ကိုကိုင္ကာသဲသဲလႈပ္ျပေနသည္

"ဘာမွမျဖစ္ဘူး ‌အျမင္ကပ္လို႔ လုပ္လိုက္တာ"

"ဟာ... liam မမိုက္ဘူးကြာ အကို႔ဘယ္ေလာက္လန႔္သြားလဲသိလား"

"အဲ့ ကြၽတ္ ကြၽတ္ ေလးလုပ္တာလန႔္စရာလား"

"က်စ္....လန႔္ရတာေပါ့ အခုဏက ဂိုးလို႔ထခုန္ထားတာဘယ္သူလဲ...အဲ့လိုထခုန္ထားတာေၾကာင့္မ်ားလားလို႔ ထူပူသြားတာဘဲကြာ"

"အဲ့ကေလးဘဲ ခ်စ္သိလား ဒီဟာမႀကီးက် ဘာျဖစ္ျဖစ္ဂ႐ုမစိုက္နဲ႕"

"ဟာ မဟုတ္ရပါဘူးကြာ liam ကိုခ်စ္လို႔ အသက္ေလးကိုခ်စ္ရတာပါကြာ liam ကကိုယ့္အတြက္ဆိုအၿမဲပထမဘဲ ေဟာဒီ့က ဗိုက္ေလးကဒုတိယ"

"ဟယ္.... အကို အသက္ေလး ကန္ေနတယ္"

အကို႔လက္ကေလးကိုယူကာ ဗိုက္ေလးေပၚကိုင္ၾကည့္ခိုင္းလိုက္တယ္

"ေဟာ ဗ်ာ ဒယ္ဒီ့သားငယ္ေလးက အထဲမွာေပ်ာ္ေနတာလား....ေအာ္ ထပ္ကန္ျပန္ၿပီ"

"သားက အကို႔သံမွတ္မိလို႔နဲ႕တူတယ္ အကိုစကားေျပာတိုင္းကန္ေနတယ္"

ရွိန္းေဇာ္ခ ေပ်ာ္႐ႊင္လြန္းပါသည္ သားငယ္က သူ႕အသံၾကားတိုင္း သူ႕ေမေမ ဗိုက္ကိုကန္ေနသည္မို႔ သားနဲ႕သူ႕အၾကားကဆက္သြယ္မႈတို႔သည္ခိုင္ၿမဲေနသည္ သူ႕ေမေမကေတာ့သူ႕သားေလး ေသာင္းက်န္း ေနမႈကိုေပ်ာ္႐ႊင္ေနပုံရသည္
...............

Dute Date က ငါးရက္ေလာက္လိုေသးေပမယ့္ေန႕ဘက္ဆို အမႈံကလာလာေနေပးသည္ အိမ္မွာက် အကိုအလုပ္သြားေနတဲ့အခ်ိန္ေတြဘာေတြဗိုက္ထနာရင္လူမရွိမွာေၾကာင့္ မာမီတို႔ကပါ ေန႕ဘက္အလွည့္က်လာေစာင့္ေပးသည္ အမႈံမရွိေနတာေၾကာင့္မပ်င္းရပါစားလိုက္ေသာက္လိုနဲ႕ေပ်ာ္လို႔ေနသည္

"Liam ကိုရွိန္းဖုန္းဆက္တယ္သူလာေတာ့မွာတဲ့အဲ့ဆို ငါျပန္ေတာ့မယ္ သူရလိုက္ပို႔တုန္းေလး"

"ေအးပါ ေယာင္းမရယ္"

"ဟာ ေတြ႕လား သူရကငါ့ေမာင္ပါဆို"

"ေအးပါ ေယာင္းမေရ..."

အမႈံထြက္သြားၿပီ ခဏၾကာေတာ့ liam ေလညွင္းေလးထြက္ခံခ်င္လာသည္ ပထမကအကိုလာမွ ထြက္မလို႔ဘဲ အခုက်တစ္ေနကုန္အိမ္ထဲပိတ္မိေနတာေၾကာင့္ ထြက္ခ်င္လာသည္ ဗိုက္ကေလးကိုငုံ႕ၾကည့္ေတာ့ လုံးတတ္ေနသည္ ဗိုက္ပူပူေလးမို႔ခ်စ္ဖို႔ေကာင္းေနျပန္ ေနာက္ႏွစ္ရက္သုံးရက္ဆို သားငယ္ကိုရင္၀ယ္မွာ ပိုက္ခြင့္ရေတာ့မွာေၾကာင့္ liam မွာ အေပ်ာ္ပိုရျပန္သည္........

10နာရီေက်ာ္ၿပီမို႔လူသြားလူလာနည္းသည္ liam လမ္းေလွ်ာက္ေနရင္းေတြ႕လိုက္ရသည္မွာမီးတိုင္ေအာက္က ကေလးတစ္ေယာက္ အရင္ကေန႕တိုင္းလည္းလမ္းထြက္ေလွ်ာက္တတ္ေပမယ့္ သည္ကေလးကို liam မျမင္ဖူးပါ လမ္းေပ်ာက္လို႔ထင္ပါရဲ႕ ရႈံ႕မဲ့ကာငိုေနသည္ liam အနားသြားကာ

"သားဘာလို႔ငိုေနတာလဲ မမကိုေျပာပါအုန္း"

"သားေဆာ့ေနရင္း ဒီဘက္ေရာက္လာတာ ေမေမ့ဆီမျပန္ရဲေတာ့လို႔"

"သားေမေမကဘယ္မွာလဲ"

"ဟိုဘက္က ခုံမွာသူငယ္ခ်င္းနဲ႕စကားေျပာေနတယ္"

"လာေလ အဲ့ဆိုမမ လိုက္ပို႔ေပးမယ္"

ကေလးလက္ကိုဆြဲကာ ကေလးျပတဲ့ေနရာဆီဦးတည္ကာသြားမိသည္ ကေလးေလးက liam လက္တို႔အားၿမဲမံစြာကိုင္ထားသည္
လမ္းေလွ်ာက္ေနရင္း ကေလးက ႐ုတ္တရပ္ လက္ျဖဳတ္ကာလမ္းေကြ႕ထဲ၀င္ေျပးသြားတာေၾကာင့္ အေနာက္မွစိတ္ပူစြာ ေျပးလိုက္မိသည္

*ဒုန္း....*

မထင္ထားတဲ့မ်က္ကြယ္မွကားထြက္လာတာေၾကာင့္liam တစ္ခ်က္ေနာက္က်သြားရသည္
လဲက်တာျခင္းလည္းတူေနျပန္သည္ ဒီတစ္ခါေ႐ႊဝါေရာင္ေလးအလွည့္ၿပီးလို႔ liam အလွည့္ထင္ပါရဲ႕ေၾကာက္႐ြံ႕နာက်င္မႈမ်ားနဲ႕ သားငယ္‌ေလး တည္ရွိတဲ့liamဗိုက္ေလးကိုကိုင္ထားကာေသြးအိုင္ထဲေကြးေကြးေလးလဲက်သြားရသည္ မမွိတ္ခ်င္ေသးတဲ့မ်က္လုံးအစုံကလည္းဘုရားသခင္အလိုရမွိတ္သြားရသည္.......

#hey guys!!!!
လက္ရာမေကာင္းတဲ့ဒီဇာတ္လမ္းေလးကိုဖတ္ေပးၾကတဲ့တစ္ေယာက္ခ်င္းစီကိုေက်းဇူးပါေနာ္ 🥺✌️❤️
.............................

Continue Reading

You'll Also Like

711K 37.5K 21
𝐒𝐡𝐢𝐯𝐚𝐧𝐲𝐚 𝐑𝐚𝐣𝐩𝐮𝐭 𝐱 𝐑𝐮𝐝𝐫𝐚𝐤𝐬𝐡 𝐑𝐚𝐣𝐩𝐮𝐭 𝐀𝐧𝐢𝐤𝐚 𝐑𝐚𝐢 𝐱 𝐊𝐚𝐛𝐢𝐫 𝐑𝐚𝐣𝐩𝐮𝐭 ...
4.1M 169K 63
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
570K 46.8K 22
Indian Chronicles Book III My Husband, My Tyrant. When Peace Becomes Suffocation. Jahnvi Khanna has everything in her life, a supporting family, a hi...
3M 87.3K 26
"Stop trying to act like my fiancée because I don't give a damn about you!" His words echoed through the room breaking my remaining hopes - Alizeh (...