သူစိမ်း(part-15)[Zawgyi&Unicode]

11.8K 407 6
                                    

(Unicode)

အခုဆို liam တို့လက်ထပ်ထားတာ တစ်လလောက်ရှိပြီ အကိုကဂရုလည်းစိုက်သလို ချစ်လည်းချစ်ပေးသည် သဘက်ခါတော့ ကျောင်းပြန်တက်ရတော့မည် နောက်ဆုံးနှစ်ဆိုတော့ ဒီနှစ်ပြီးရင် ‌အေးဆေးနေလို့ရပြီ...

"Liam ညကျ မြတ်ဇင်ကသူ့ကောင်မလေးနဲ့မိတ်ဆက်ပေးဖို့ ဖိတ်ထားတယ်နော်"

"အင်းညနေကျ အကိုလာခေါ်မယ်မလား liam အဆင့်သင့်လုပ်ထားလိုက်မယ်"

"ဟုတ်ပါပီဗျ အဲ့ဆိုအကိုအလုပ်သွားတော့မယ်"
အလုပ်သွားခါနီး တံခါးနားရောက်မှ မေ့ခဲ့သည့်အနမ်းအားပြန်လှည့်ကာပေးလာသည်
အကိုသွားတော့ liamလည်း အိမ်အလုပ်များကိုလုပ်နေလိုက်သည် အိမ်အလုပ်လုပ်ရတာက တကယ်တော့ပင်ပန်းပေမယ့်သီချင်းလေးဖွင့်ထားရင်း သီချင်းညီးကာ လုပ်ရသည်မှာ စိတ်ပင်ပန်းတာတွေလျော့ချစေသည် liam အလုပ်တွေပြီးတော့ မွန်းတောင်မတည့်သေးပါ..liamလည်း ရေမိုးချိုးကာရုပ်ရှင်ကြည့်နေမိသည်

*Ring Ring*

"Hello အမှုံပြော"

(နင်ဘယ်မှာလဲ liam )

"ငါ အိမ်မှာလေ"

(ငါပျင်းလို့ ဟော့ပေါ့သွားစားရအောင်)

"အေးကောင်းတယ် ငါ့ကိုလာခေါ်ချည်"

(အမလေး သူဌေးမက လာတောင်မလာနိုင်တော့ဘူး လာခေါ်နေရပြီ)

Liam တို့ဒီလိုနဲ့စားနေကျ ဟော့ပေါ့ဆိုင်ကိုရောက်လာတော့သည် စား‌လိုက်သောက်လိုက်နဲ့ အဲ့အမှုံက အရမ်းစပ်စုချင်နေတာ သူများလင်မယားအကြောင်းကိုအတင်းတွေလိုက်ကာမေးသည်... liam တို့စပ်မိရာရာများပြောနေချိန်

*ဟိတ်*

"အမေ့"

"ဟယ် ဘုန်းသိုက်"
ဘုန်းသိုက်နဲ့ဟိုတစ်ခါစာပို့ရင်းအကိုတွေ့သွားထဲကအဆက်အသွယ်မရတော့တာပါ အခုကျတော့လည်းမျက်နှာလေးကချောင်နေလို့ မြင်ရသည်မှာစိတ်မကောင်းရပါ...

"နင်တို့မလဲနော် ငါတို့တောင်မပြောဘူးနှစ်ယောက်ထဲလာကြိတ်နေတာ"

"မဟုတ်ပါဘူးဟယ် ငါတို့လည်းပျင်းနေတာနဲ့ထွက်လာတာ ငါဆိုကားတောင်မယူလာဘူး အမှုံမနဲ့ကပ်လိုက်လာတာ"

သူစိမ်းတစ်ယောက်ကိုချစ်မိတဲ့အခါ(OC) CompletedWhere stories live. Discover now