သူစိမ်း(part-30)[Zawgyi &Unicode]

11.2K 302 6
                                    

"Hello စည်သူ... ငါအရာအားလုံးကျေနပ်ခြင်တယ် မင်းလုပ်နိုင်မလား"

"စိတ်ချပါ Boss"

"အသေမလိုချင်သေးဘူးနော် ငါတွေ့အုန်းမှာ"

"Ok boss!!!"

Boss ဖုန်းချသွားသည်နှင့် စည်သူမောင်းလက်စ ကားလေးကိုအရှိန်ပြန်တင်လိုက်ကာ တစ်စုံတစ်ယောက်အိမ်ပြန်လာမည့်လမ်းသို့ကြိုသွားကာ စောင့်ကြိုနေမိသည် စည်သူလည်း Boss လုပ်တာကိုလက်ခံတယ် ဒီတစ်ခါ ဟိုဖက်ကတော်တော့်ကိုလွန်လို့ Boss အဆုံးထိလုပ်တော့မှာသူသိသည်.......

စည်သူဆီက 'အဆင့်သင့်ဖြစ်ပြီ'ဆိုတဲ့ message တစ်ခုရောက်လာသည်
Babe ကိုသွားကြည့်တော့ အိပ်ခန်းထဲမှာ သားငယ်ကိုနို့တိုက်နေသည်

"Babe အကိုအရေးကြီး case လေးရှိလို့ အပြင်သွားဦးမယ် မိုးချုပ်ရင်စောစော အိပ်နှင့်နော်"

"အကို...ဒီချိန်ကြီး ဘာရှိလို့လဲ"

"စက်ရုံမှာ error နည်းနည်းတတ်နေတယ်ဆိုလို့ အကိုသွားမို့"

သွားခါနီး နို့ဆို့နေသည့်သားကို liam ဆီကယူချီကာရှိန်းကျေနပ်လောက်တဲ့ထိနမ်းမိသေးတယ်....

ရှိန်းဇော်ခ ကစည်သူရှိမယ့်နေရာကို စီးနေကျမဟုတ်သည့်ကားအနက်လေးကို အပြေး မောင်းကာ လမ်းမကြီးထက် ပြေးလွှားနေသည်

မျက်လုံးကိုစီးခံထားရတာကြောင့် ဘာမှမမြင်ရတော့သည့် အနေအထားနှင့် အမျိုးသမီးတစ်ယောက်ဟာ ကူရာမဲ့ဘ၀သို့ရောက်ရှိခဲ့ပြီ ထိုချိန်သူကြားယောင်မိနေတဲ့တစ်ခွန်း‌တည်းသောစကားက

"မင်း ငါ့မိန်းမကိုထပ်ထိဖို့မစဉ်းစားပါနဲ့နောက်တစ်ခါဆို ငါမင်းကို လက်စဖျောက်ပစ်မှာမို့"

သူရဲ့တည်ငြိမ်လှတဲ့အသံနဲ့ပြောလာသည့်ထိုစကားသံတို့ကနားထဲတွင် သံရည်ပူလောင်းထားသကဲ့သို့ ကြောက်ရွံ့စေနေသည် သူမသိသည် ထိုသူကပြောတဲ့အတိုင်းလုပ်တတ်တဲ့သူဆိုတာသူသိသည် ပထမတစ်ခါထဲကသူမကိုမသိချင်ယောင်ဆောင်ပေးခဲ့သော်လည်း ဒီတစ်ခါတော့ သူမ ပျားအုံကိုတုတ်နဲ့သွားထိုးနေသလိုဖြစ်‌သွားခဲ့သည်.........

သူစိမ်းတစ်ယောက်ကိုချစ်မိတဲ့အခါ(OC) CompletedWhere stories live. Discover now