သူစိမ်း(part-22)[Zawgyi&Unicode]

10.9K 333 11
                                    

(Unicode)

အမှုံ့ကို အားနာပေမယ့် ဘယ်လိုမှသည်းညည်းမခံနိုင်‌တာကြောင့် liam ပွဲဖျက်မိသလိုဖြစ်သွားသည် လူရှင်းသည့်နေရာရောက်သည်နဲ့ liam အကို့အားဖက်ကာငိုတော့သည် လူကရှက်လည်းရှက်သလို ကြောက်လည်းကြောက်နေသည် အကိုပျောက်သွားမှာကြောက်သည့်အလား ဖက်တွယ်ထားမိသည်

"Liam အဆင်ပြေရဲ့လား"

"မပြေဘူး အကို...."

"အကိုနောက်ကျသွားလို့ တောင်းပန်ပါတယ်နော် အကို့အမှားပါ liam ကိုတစ်ယောက်ထဲထားမိလိုက်လို့...."

"သူကလေ တကယ်ကို"

"အဲ့အကြောင်းတွေမပြောနဲ့တော့ အကိုရှိပြီမို့မေ့ထားလိုက်နော်"

ရှိန်းသိသည် liam တော်တော်စိတ်မကောင်းဖြစ်နေမည်ဆိုတာ သူ့မိန်းမကအေးဆေးနေတတ်တာကြောင့်မို့ အခုလိုလူမြင်ကွင်းမှာ အနှောက်အယှက်ခံလိုက်ရလို့ ဘယ်လောက်တောင်စိုးရိမ်မလဲဆိုတာမတွေးနိုင်ဘူး ဒါဟာသူ့အမှားသာဖြစ်တယ် သူကသူ့ဇနီးကိုစောင့်ရှောက်ရမှာလေ အထူးသဖြင့်နေပိုင် ဒီကောင်က
ရှိန်းဇော်ခ ဆိုတဲ့လူသားပိုင်ဆိုင်တဲ့အရာအားလုံးကိုလိုချင်တယ်ဆိုတာသိတယ် ရှိန်းလည်းဒေါသတို့ကိုထိန်းထားပေမယ့် နောက်ဆုံးပွင့်ထွက်သွားခဲ့ပြီ

"အရင်ဆုံး အိမ်ပြန်ကြမယ်.... liamကိုကာကွယ်ပေးမယ်လို့ပြောထားခဲ့တာကြောင့် ဒီကိစ္စမှာတာ၀န်အရှိဆုံးကလည်း အကိုဘဲ"

"အကို liam လေသူ့ကို ရွံတယ်"

"သူ ကိုယ်တိုင် liam ကိုတောင်းပန်စေရမယ်..."

"အင့် ဟီး....ဟီး..."

ကဲချော့မှာပိုဆိုးကာငိုသလိုမျိုး သူ့အမျိုးသမီးလေးမှာ သူ့အားတင်းအောင်ဖတ်ကာငိုလာပြန်သည် ငိုတာတောင် ချစ်ဖို့ကောင်းအောင် နှာထိပ်ဖျားလေးက နီရဲနေသေးတယ်သူစိမ်းနဲ့ စကားပြောတောင် မကြိုက်တာ ဒီကောင်က ငါ့မိန်းမ ကိုဖတ်လိုက်သေးတယ် နေပိုင် မင်းကငါပိုင်တာမှန်သမျှလုတိုင်းရမယ်အထင်နဲ့စိတ်ကြီး‌၀င်နေတာကိုက မင်းမှားနေတာ နေပိုင်....

အိမ်ရောက်တော့ ရှိန်းအရင်ဆုံးliam ကိုချော့သိပ်လိုက်သည် ဒီနေ့သူမစိတ်မကောင်းဖြစ်နေမည်သိတာကြောင့် ရှိန်းရင်ခွင်ထဲထည့်ကာ သူမကိုချော့လိုက်သည် ငိုထားလို့နဲ့တူသည် သူမလေးက ချက်ချင်းကိုအိပ်ပျော်သွားရှာသည် တောင်းပန်ပါတယ် လို့အထပ်ထပ် ပြောရင်း သူမနှာဖူးပေါ်ကဆံပင်တစ်ချို့ကိုလက်ကလေးနဲ့ဖယ်ကာနှာဖူးလေးအားဖွဖွလေးနမ်းလိုက်သည် ပြီးတာနဲ့ ကိုခန့်ကိုချက်ချင်းဖုန်းခေါ်လိုက်တော့သည်

သူစိမ်းတစ်ယောက်ကိုချစ်မိတဲ့အခါ(OC) CompletedWhere stories live. Discover now