သူစိမ်း(part -23)[Zawgyi&Unicode]

10.5K 344 7
                                    

(Unicode)

*Ring Ring*

"Hello boss..."

"စည်သူ ပြော"

"Boss ထွက်လာလို့ရပြီ လူလည်းရပြီအဆင့်သင့်ဘဲ"

"အေး ငါခဏနေရောက်မယ် သေချာကြည့်ထားလိုက်"

"စိတ်ချ Boss"
စည်သူက ရှိန်းဇော်ခအတွက်အရမ်းအရေးပါတဲ့လူတစ်ယောက် သူရဲ့အလုပ်လုပ်နိုင်စွမ်းကအ‌ရမ်းသေသပ်သည် လက်ရာလည်းမကျန်အောင်တော်သည်
ရှိန်းဇော်ခ liam အားအရေးကြီးအစည်းအဝေးရှိသည်ဟုဆိုကာလစ်ထွက်ခဲ့ရသည် သူ့အနေနဲ့သူမကို သူ့ရဲ့နူးညံ့ခြင်းတွေနဲ့ဘဲထွေးပွေ့ထားခြင်သည် သူ့ရဲ့ကြမ်းတမ်းတဲ့ဘက်ခြမ်းမှာသူမကိုရှိမနေစေချင်ပါ သူမဟာကြမ်းတမ်းတာတွေနဲ့ မထိတွေ့နိုင်အောင်သူ့အတွက် တန်ဖိုးရှိလွန်းသည်

မဒီ မျက်လုံးတို့ဖွင့်မရဘဲတင်းကြပ်စွာစီးနှောင်ခြင်းခံထားရတယ် ဘယ်ရောက်နေမှန်းလဲမသိ ဘယ်သူခေါ်လာလို့ခေါ်လာမှန်းလည်းမသိ မဒီမှတ်မိတာဆိုလို့ ကွန်ဒိုက‌နေ မုန့်ထွက်၀ယ်ရင်း လူတစ်ယောက်နဲ့တိုက်မိတယ် ပြီးတော့‌မသိတော့ဘူး....အသံထွက်ဖို့ကြိုးစားကြည့်တော့လည်း ပါးစပ်ကိုစီးထားပြန်သည် ဘာတွေဘယ်လို ဖြစ်နေလဲ မဒီမသိတော့ပါ
ကြားလိုက်ရသည့် ကားတစ်စီး ၀င်လာသံ
ပြီးနောက် ယောကျာ်းနှစ်ယောက်ရဲ့မသဲမကွဲ စကားသံအချို့ လူကတုန်တက်လာသည်

"စည်သူ ဘယ်လိုလဲ"

"ခေါ်လာကတည်းကဒီအတိုင်းဘဲ Boss"

ရှိန်း ဒီအမျိုးသမီးကို အချိန်တစ်ခုထိပေးခဲ့သည် liam အနားကသူ့ဘာသာသူသွားမလားလို့ ဒါပေမယ့် သူမကပိုဆိုးကာတိုးလာသည်

မဒီကိုပါးစပ်စီးထားတာကိုဖြည်ပေးလာသည်
လူတစ်ယောက်ရဲ့စကားပြောသံကိုပါကြားလိုက်ရသည်

"ဘယ်လိုလဲ မဒီ အဆင်ပြေရဲ့လား"

"နင်...နင် ဘယ်သူလဲ!!!"

"ဒီအသံပိုင်ရှင်ကို မမှတ်မိဘူးပေါ့လေ....သေချာစဉ်းစားပါ"

"ဟဲ့စောက်အကောင် အပိုတွေမပြောနဲ့ နင်ဘယ်သူလဲဆိုတာသာပြောစမ်းပါ"

"ဖြန်း !!!!!"

မဒီအခုပါးရိုက်ခံလိုက်ရတာလား ဘယ်သူကမဒီ့ကိုဒီ‌လိုစော်ကားနိုင်ရတာလဲ.....

သူစိမ်းတစ်ယောက်ကိုချစ်မိတဲ့အခါ(OC) CompletedWhere stories live. Discover now