[Unicode]
မနက်မိုးလင်း 7 နာရီဆိုသည့်အချိန်သည် liamမျက်လုံးတို့ပွင့်လာတတ်သည့်အချိန်ဖြစ်သည် ဘေးကမသွန်းကိုကြည့်တော့အိပ်ပျော်နေတုန်း ကုတင်ပေါ်ကအသာအယာဆင်းကာအခန်းအပြင်ဖက်သို့ထွက်လာလိုက်သည်ညကဆူခံထိထားသည့်မောင်ဖြစ်သူ အခန်းတံခါအားဖြေးဖြေးလေးပွင့်ကာသွားကြည့်တော့ ကိုယ်တော်ချောမှာဖူးယောင်နေသည့်မျက်နှာမှာဆေးလိမ်းထားပုံရသည်အိပ်လိုက်တာမှသိုးလို့ငါ့မောင်ကိုလုပ်တဲ့အကောင်မမိစေနဲ့မိလို့ကတော့ဂုတ်ချိုးမှာ
ဒီလိုနဲ့အတွေးတို့ကိုရပ်ကာမီးဖိုချောင်ဘက် လျှောက်ကာကော်ဖီတစ်ခွက်လောက်ဖျော်သောက်မိသည်*Ring Ring*
"Hello liam သမီးတို့ညကသွန်းကွန်ဒိုခန်းမှာအိပ်တာဆို"
"ဟုတ်တယ် မာမီ"
"ဒီမှာပါတီပွဲအသေးစားလေးလုပ်လို့"
"အမယ်ညည်းက ကျုပ်ကိုလိမ်တယ်ပေါ့"
"မာမီသိသွားပြီလား"
"အေးသိသွားပြီ ၁၁ မထိုးမှီနှစ်ယောက်လုံးအိမ်ပြန်လာခဲ့"
သေပြီလို့သာတလိုက်မိသည် အဲ့စောက်ကလေးကြောင့် ငါသေတော့မယ် မသွန်းကလည်းတစ်ခါထဲအဆုံးထိကိုပို့လိုက်တယ် liamလည်းသက်ပြင်းတွေသာချနေမိသည်
########
မူးမူးနဲ့သုံးယောက်လုံး ကိုခန့်တိုက်ခန်းမှာသာ အိပ်ဖြစ်တော့သည် မိုးလင်းလို့နိုးလာတော့လည်းစားစရာဘာမှမတွေ့ ဗိုက်ကဟာလာဟင်းလင်းဖြစ် ရှိန်းလည်းဘာမှမထူးတာနဲ့ရေမိုးချိုးလိုက်သည် ရှိန်းရေချိုးခန်းထဲကထွက်လာတော့ 9 နာရီတောင်ခွဲပြီ ဗိုက်ဆာနေပြီဖြစ်သောကြောင့် ဟိုကောင်နှစ်ကောင်ကိုမစောင့်ဘဲ ဦးထုပ်ကိုခေါင်းငိုက်စောင်းမျက်မှန်အမဲတပ်ကာ breakfast စားဖို့ထွက်လာလိုက်တော့သည်
ဓာတ်လှေကားထဲသို့အရောက် တွေ့လိုက်ရသည့် လူနှစ်ယောက်ကြောင့်အံ့ဩရသည် သူတို့နှစ်ယောက်ကတော့ စကားများနေခြင်းကြောင့်ရှိန်းအားမှတ်မိရန်မပေါ်"စိတ်မဆိုးပါနဲ့ သားတောင်းပန်ပါတယ် နောက်မဖြစ်စေရဘူး"
"နောက်ထပ်ဖြစ်လို့လည်းမရတော့ဘူး မာမီတို့သိသွားပြီ"
YOU ARE READING
သူစိမ်းတစ်ယောက်ကိုချစ်မိတဲ့အခါ(OC) Completed
Romanceငါကငါ့တရား၀င်ယောကျာ်းကိုသူ့exလက်ထဲထည့်မှာမဟုတ်ဘူး သူငါ့ကိုအခုမချစ်သေးဘူးဆို တစ်နေ့နေ့တော့ ပြန်ချစ်လာမှာပါ မေပိုးဦး (liam) မင်းကိုငါ့ရဲ့စာချုပ်ဇနီးဆိုတာထက် ပိုပြီးညှိတွယ်မိနေပြီ (ရှိန်းဇော်ခ) ဒီဇာတ်လမ်းလေးက မိဘတွေသဘောတူမှုကြောင့်လက်ထပ်လိုက်ရတဲ့လူနှစ...