သူစိမ်း(part-20)[Zawgyi&Unicode]

10.5K 324 4
                                    

(Unicode)

Liam ရဲ့နိုးနေကျအချိန်လေးက Alarm မလိုအောင်မှန်သည် ဘေးနားမှာအိပ်နေတဲ့အကို့ကိုကြည့်တော့ ပင်ပန်းလွန်းနဲ့တူပါသည် အိပ်မောကိုကျနေလို့ liam လည်းမနက်စာအတွက်ထပြင်ဆင်လိုက်တော့သည် ဒီနေ့တော့ sandwichလေးကို သေသေချာချာပြင်ဆင်ထားလိုက်သည် မနေ့ညကလည်း အစည်းအဝေးကြောင့် ညဉ့်နက်မှနှစ်ယောက်လုံးပြန်လာရသည် ပင်ပန်းနေသည့်အကို့ကို liamကြားခဲ့တဲ့အကြောင်းတွေကို မပြောရသေးပါ
ရေချိုးပြီးထွက်လာသည့် အကိုမျက်နှာလေးကချောင်ကျလို့နေသည်

"အကို ဒီမှာအဆင့်သင့်ဖြစ်ပြီးနော်"

"အင်းပါ... အတူတူစားမယ်နော်"

"အိုကေ"
အကိုကကြည့်ရတာဘာမဟုတ်တဲ့ ပြသာနာတွေကိုခေါင်းထဲထည့်ကာတွေးချင်ပုံမပေါ်ဘူး liamကသာတစ်ယောက်ထဲခံစားနေရတာအကိုက ဘာမှမဖြစ်တဲ့အတိုင်းဘဲ
မျက်နှာချင်းဆိုင်ကာစားတော့အကိုက ရေကအစဖြည့်ပေးသည် liamကော်ဖီမဖျော်ရသေးတော့ ကော်ဖီပူပူလေးကိုလည်းသေချာဖျော်ပေးနေသေးသည်.......

"အကို Companyမှာ၀န်ထမ်း‌တွေ ပြောနေကြတဲ့အကြောင်းတွေကိုနားမစွင့်ဘူးလား"

"ဘာကိုလဲ liam"
တကယ်ပါအကိုကဘာမှမ‌သိသေးတဲ့ပုံဘဲ.....

"အကို ၀န်ထမ်းတွေကြားထဲပြန့်နေတဲ့ကောလဟာလတွေကိုကောကြားရဲ့လား"

"ဟင်...ဘာလဲ အကိုတောင်မသိရပါလား"

တကယ်ပါကိုယ့်လက်အောက်ငယ်သားတွေကြားဘာတွေဖြစ်နေတယ်ဆိုတာတောင်မသိတဲ့ ဒီလိုလူမျိုးကရှိသေးပါသည်

"အကိုဘေးပတ်၀န်းကျင်ကလူတွေရဲ့စကားတွေကိုနားစွင့်လေ"

"Liam ရယ်...ရှင်းရှင်းပြောပါ"

"အကို့ဘာသာအကို စုံစမ်းလေ..." Liam ရွဲ့သလိုပြောလိုက်တော့

"ဟား...ဟား..ငါ့မိန်းမကတော့တကယ်ကပ်တယ်နော်...."

"အကို မဒီ့ကလေးပြသနာကောဘာထူးသေးလဲ..."

"အကိုလည်းမသိဘူးလေ သူဘာလုပ်နေမှန်း..."

Liamစိတ်တိုသွားရသည် လုပ်သင့်တာကိုမလုပ်ဘဲအကိုဘာလို့မသိချင်ယောင်ဆောင်နေလဲမသိတော့ပါ သူဘဲယုံကြည်ပေးဖို့တောင်းဆိုနေပြီး အခုတော့ယုံကြည်အောင်တောင်မနေဘူး ဘယ်လိုတွေလုပ်နေလဲကိုမသိတာ ရုပ်ကြည့်တော့လည်း စပ်ဖြဲဖြဲနဲ့ဘာဖြစ်နေမှန်းကိုမသိတာပါ.....

သူစိမ်းတစ်ယောက်ကိုချစ်မိတဲ့အခါ(OC) CompletedDove le storie prendono vita. Scoprilo ora