ကုန်းမြေကြီး၏ အရှင်သခင်ဝမ်ဖေး...

By Hululu61

348K 58K 2.4K

အရင် accထဲဝင်မရတော့လို့ Book ခွဲလိုက်ပါပြီ 🙆 ဒါက အပိုင်း ၁ ကနေ ဖတ်လို့ရတဲ့ Linkပါ🖤 https://my.w.tt/7FVYRdnw... More

အပိုင်း (၄၁) - အတူတူအိပ်ခြင်း
အပိုင်း (၄၁) - အိပ်ရာမျှဝေခြင်း (CENSOR)
အပိုင်း (၄၂.၁) - ကူဖော်လောင်ဖက်
အပိုင်း (၄၂.၂) - ကူဖော်လောင်ဖက်(WARNING)
အပိုင်း (၄၃) - ကိုယ် မြင်လိုက်တယ်
အပိုင်း (၄၄) - မနက်စာ
အပိုင်း (၄၅) - တော်ဝင်မိသားစု သဘောထား
အပိုင်း (၄၆) - ဇနီးလေးရဲ့ ညီငယ်သေးသေးလေး
အပိုင်း (၄၇) - လယ်သမားများ
အပိုင်း (၄၈) - အန်းမိသားစုသို့ အပြန်
အပိုင်း (၄၉.၁) - သတို့သမီး မိဘအိမ် ပထမဆုံးပြန်ချိန် အကျပ်အတည်း
အပိုင်း (၄၉.၂) - သတို့သမီး မိဘအိမ် ပထမဆုံးပြန်ချိန် အကျပ်အတည်း
အပိုင်း (၅၀) - ခြိမ်းခြောက်ဖို့ရန်
အပိုင်း (၅၁) - တန်ပြန်အစီအစဥ်
အပိုင်း (၅၂) - အလုံးစုံ ထိန်းချုပ်ခြင်း
အပိုင်း (၅၃) - စားနပ်ရိက္ခာ သိုလှောင်ခြင်း
အပိုင်း (၅၄) - အစားအစာ ရရှိဖို့ရန်
အပိုင်း (၅၅) - မွှေးပျံ့ကော့လန်သည့် ဆန်(ပေါ်ဆန်းမွှေး)
အပိုင်း (၅၆) - သက်သေခံ အထောက်အထား
အပိုင်း (၅၇) - ပုန်းကွယ်နေသည့် လုပ်ကြံသတ်ဖြတ်သူ
အပိုင်း (၅၈) - လျှော်ပင်နှင့် ပင်လယ်တားမြစ်ချက်
အပိုင်း (၅၉) - ပိုးပန်းသူ
အပိုင်း (၆၀) - အန်းချောင်၏ စိတ်ဓာတ်ကြံ့ခိုင်မှု
အပိုင်း (၆၁.၁) - မမြင်ရသော လွှမ်းမိုးနိုင်စွမ်း
အပိုင်း (၆၁.၂) - မမြင်ရသော လွှမ်းမိုးနိုင်စွမ်း
အပိုင်း (၆၂.၁) - တိုးတက်မှု
အပိုင်း (၆၂.၂) - တိုးတက်မှု
အပိုင်း (၆၃.၁) - စာရင်းစာအုပ်
အပိုင်း (၆၃.၂) - စာရင်းစာအုပ်
အပိုင်း (၆၄.၁) - ဖူဝူထျန်း ၏ စွမ်းအား
အပိုင်း (၆၄.၂) - ဖူဝူထျန်း၏ စွမ်းအား
အပိုင်း (၆၅.၁) - ညဘက် ဝန်းရံတိုက်ခိုက်မှု
အပိုင်း (၆၅.၂) - ညဘက်ဝန်းရံတိုက်ခိုက်မှု
အပိုင်း (၆၆.၁) - ခေါင်းဖြတ်ကွပ်မျက်ခြင်း
အပိုင်း (၆၆.၂) - ခေါင်းဖြတ်ကွပ်မျက်ခြင်း
အပိုင်း (၆၇.၁) - အငြင်းပွားမှုအား စာရင်းရှင်းခြင်း
အပိုင်း (၆၇.၂) - အငြင်းပွားမှုအား စာရင်းရှင်းခြင်း
အပိုင်း (၆၈.၁) - တိုက်ဆိုင်မှု
အပိုင်း (၆၈.၂) - တိုက်ဆိုင်မှု
Attention Plz
အပိုင်း (၆၉.၁) - ရူးဟန်ဆောင်ခြင်း
အပိုင်း (၆၉.၂) - ရူးဟန်ဆောင်ခြင်း
အပိုင်း (၇၀.၂) - လက်ထပ်ပေးခြင်း
အပိုင်း (၇၁) - ဉာဏ်ပူဇော်ခ
အပိုင်း (၇၂) - စစ်ကြောမေးမြန်းခြင်း
အပိုင်း (၇၃) - စစ်ကြောမေးမြန်းခြင်းနှင့် စိတ်အား ထက်သန်မှု
အပိုင်း (၇၄.၁) - သာမန်လူများနှင့် ခြားနားသော[Warning!🔞]
အပိုင်း (၇၄.၂) - သာမန်လူများနှင့် ခြားနားသော
အပိုင်း(၇၅.၁) - ကူညီရန်
အပိုင်း (၇၅.၂) - ကူညီရန်
အပိုင်း (၇၆.၁) - လင်မယားနှစ်ယောက်သား အလည်အပတ်ရောက်လာခြင်း
အပိုင်း (၇၆.၂) - လင်မယားနှစ်ယောက်သား အလည်အပတ်ရောက်လာခြင်း
အပိုင်း (၇၇) - စီရင်ချက်
အပိုင်း (၇၈) - အန်းနန်းဆောင်
အပိုင်း (၇၉.၁) - အပြစ်ပေးခြင်း
အပိုင်း (၇၉.၂) - အပြစ်ပေးခြင်း
အပိုင်း (၈၀.၁) - ကိုယ်လုပ်တော် ရွေးချယ်ပွဲနှင့် စာပို့ခို
အပိုင်း (၈၀.၂) - ကိုယ်လုပ်တော် ရွေးချယ်ပွဲနှင့် စာပို့ခို
အပိုင်း (၈၁.၁) - လောင်းကစားရုံ
အပိုင်း (၈၁.၂) - လောင်းကစားရုံ
အပိုင်း (၈၂.၁) - ရက်စက်သော ပြိုင်ပွဲ
အပိုင်း (၈၂.၂) - ရက်စက်သော ပြိုင်ပွဲ
!!!

အပိုင်း (၇၀.၁) - လက်ထပ်ပေးခြင်း

4.1K 866 6
By Hululu61

Unicode

အပိုင်း (၇၀.၁) - လက်ထပ်ပေးခြင်း

"အဲ့တာက ဘာအတွက်လဲ"

ဖူဝူထျန်းက အန်းကျီယန် အနားကပ်လိုက်ကာ စားပွဲပေါ်သို့ လက်တစ်ဖက် ထောက်လိုက်၏။

သူ့အရှေ့ရှိ အကောင်းသား စာရွက်သားအပြင် နောက်ထပ် စာရွက်နှစ်ရွက်လည်း ရှိနေသေး၏။ ထိုစာရွက်များပေါ်တွင် ပစ္စည်းပစ္စယများ၏ အချက်အလက်များဖြင့် ပြည့်နေလေသည်။ လက်ရေးလက်သားကလည်း ခြားနားလှသည်။ မှင်ရည်စက်တို့ သွေ့ခြောက်နေပြီးသား ဖြစ်သည်မို့ လတ်တလောမှ ရေးသားထားခြင်း ဟုတ်ဟန်မတူပေ။

သူက မေးနေရင်းမှ စာရွက်တစ်ရွက်ကို ကောက်ယူကာ ဖတ်ကြည့်လိုက်သည်။ လက်ရေးလက်သားက ဝမ်ဖေးလေးလောက် မကောင်းမွန်ပါချေ။

အန်းကျီယန် သူ့ကို ကြည့်ကာ ပြောလိုက်၏။

"ဒါက အန်းချောင် နဲ့ အန်းခယ့်ရှင်း အတွက် ကျွန်တော့်အဖေ အသက်ရှိနေတုန်းက သူကိုယ်တိုင် ပြင်ပေးထားခဲ့တဲ့ ခန်းဝင်ပစ္စည်းတွေလေ။ ကျွန်တော် အစကတော့ သူတို့ လက်ထပ်ချိန်ထိ စောင့်ပြီးမှ ဒါကို ထုတ်ပြလာမလို့ပါပဲ"

"ဒါပေမယ့် မမျှော်လင့်ဘဲ သူတို့က သူတို့ရဲ့ ခန်းဝင်ပစ္စည်း ကို မစောင့်နိုင်ကြဘူး။ ဖန်ကျန်းပင် က သူ့သမီးနဲ့အတူ ထွက်ပြေးသွားတယ်။ ဒီတော့ ဒီခန်းဝင်ပစ္စည်းက သုံးစရာမလိုတော့ပုံပဲ"

ဖူဝူထျန်းက သူ့စကားများကို သုံးသပ်လာသည်။

အန်းကျီယန် ပြောလိုက်၏။

"ဒါက သူတို့ သားအမိ ရွေးချယ်တဲ့ လမ်းပဲလေ။ ကျွန်တော်တို့ အနာဂတ်မှာ ထပ်တွေ့ဖြစ်မယ်ဆိုရင်တောင် ဒီခန်းဝင်ပစ္စည်းတွေကို ထုတ်ပေးမှာ မဟုတ်ဘူး "

အိမ်တော်ထိန်းဆု နှင့် သူသည်သာ ခန်းဝင်ပစ္စည်း ကိစ္စကို သိရှိထားသည်မို့ အကျိုးဆက်များကို ထည့်သွင်းစဥ်းစားရန် မလိုအပ်ပေ။ သူ့အနေဖြင့် သူတို့ကို ထပ်မမြင်ရလေ၊ ပျော်လေသာ ဖြစ်သည်။ သူတို့သည် ကိုယ်လုပ်တော်ဖွားသမီးများသာ ဖြစ်သော်လည်း အန်းချန်ဖူက သူ့ ဂုဏ်သတင်းကျော်ကြားရေးအတွက် များစွာသော ခန်းဝင်ပစ္စည်းများကို ပြင်ဆင်ပေးထားခဲ့၏။ ဤသည်မှာ တကယ့်​ကို ပေါများ ကြွယ်ဝလှသော ပမာဏ ဖြစ်ပေသည်။

သူ့စကားဆုံးသည်နှင့် ဖူဝူထျန်း လက်ထဲမှ စာရွက်ကို ဆွဲယူလိုက်ပြီး ဘောလုံးအသွင် လုံးချေကာ အဝေးသို့ ပစ်လွှင့်လိုက်သည်။

"နောက်တစ်ခုကရော ဘာလဲ?"

ဖူဝူထျန်း က မေးလိုက်၏။

အန်းကျီယန် သူ့ရှေ့ရှိ နောက်ထပ် စာရွက်တစ်ရွက်ကို ယူလိုက်သည်။ စုတ်တံ တစ်ချောင်းဖြင့် စာရွက်ပေါ်တွင် အက္ခရာ ကြီးကြီးတစ်လုံးကို စတင်ရေးသားလိုက်၏။

"ကျွန်တော် အသစ်ပြန်ရေးမလို့"

မြေယာပိုင်ဆိုင်မှုများမှတစ်ပါး ခန်းဝင်ပစ္စည်းစာရင်းထဲတွင် အရာအားလုံး ထည့်သွင်းထားကာ ခြံဝန်းတစ်ဒါဇင်မျှသော ပိုင်ဆိုင်မှုများ ပါဝင်နေပေသည်။ ဤသည်က အလွန်တရာ ရက်ရောလှသော ပမာဏ ဖြစ်သည်။ သို့သော် အန်းချန်ဖူ ပြင်ပေးခဲ့သည့် ထိုစာရင်းသည် အလွန်တရာ များပြားနေရခြင်းမှာ သူက သူ့သမီးကို အရာရှိနှင့် လက်ထပ်ပေးရန် ကြံရွယ်ထားသောကြောင့် ဖြစ်သည်။

အန်းကျီယန်၌ ထိုသို့သော အကြံအစည်များ မရှိပေ။

အန်းခယ့်ရှင်းကို ချမ်းသာကြွယ်ဝသည့် လုပ်ငန်းရှင်တစ်ဦးနှင့် လက်ထပ်ပေးရန်သည်သာ သူ အာမခံနိုင်ဆုံးအရာ ဖြစ်သည်။ သို့မှသာ အန်းခယ့်ရှင်း၏ တစ်ဘဝလုံး ငွေကြေးအတွက် ပူပန်စရာ မလိုအပ်တော့မည် ဖြစ်၏။ ဤသည်မှာ အမျိုးသမီးများစွာ အိမ်မက်မက်နေကြသည့် လက်ထပ်ပွဲမျိုးဖြစ်သည်။ အန်းခယ့်ရှင်းကဲ့သို့ ကိုယ်လုပ်တော်ဖွား သမီးတစ်ယောက် က ရာထူးရာခံနှင့် အဆင့်အတန်းမြင့် အရာရှိ ကို လက်ထပ်ရန်မှာကား ဖြစ်နိုင်ချေမရှိပေ။ တစ်ဖက်လူ က သူမကို ကိုယ်လုပ်တော် အဖြစ်ပင် လက်မခံသည်မျိုး ဖြစ်လာနိုင်ပေ၏။

"ဝမ်ဖေးလေးက သူမကို တုန့်ထိုင်းစီရင်စုက လင်းမျိုးရိုးနဲ့ လက်ထပ်ပေးမလို့လား?"

ဖူဝူထျန်း၏ မျက်လုံးထဲ၌ မြူးကြွကြွ အရိပ်အယောင်များ ဖြတ်သန်းသွား၏။

အန်းကျီယန် ဤသည်ကို မငြင်းပယ်ပေ။ သူက ဤမျှသာ ပြောလေ၏။

"လင်းမိသားစုက အန်းမိသားစု လောက် မချမ်းသာဘူးဆိုပေမယ့် တုန့်ထိုင်းစီရင်စုမှာတော့ ထိပ်တန်းစာရင်းဝင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေပဲလေ။ အန်းခယ့်ရှင်း သာ သူနဲ့ လက်ထပ်လိုက်မယ်ဆို ပဏာမဇနီး ဖြစ်လာလိမ့်မယ်။ လင်းရှင်း ကလည်း လင်းမိသားစုရဲ့ တစ်ဦးတည်းသောသားပဲ။ ကျွန်တော် သူ့ကို စုံစမ်းပြီးသွားပြီ...သူ့မှာ အခုထိ ဇနီးတစ်ယောက်မှ မရှိသေးဘူး။ အန်းခယ့်ရှင်း လက်ထပ်မယ်ဆို မမှားနိုင်ဘူး။ သူမမှာသာ အကြံအစည်ရှိပြီး ခေါင်းသုံးတတ်ရင် လင်းမိသားစုအတွက် ပထမဆုံး ကလေးကို မွေးပေးနိုင်လိမ့်မယ်။ အဲ့ခါကျရင် လင်းမိသားစုတစ်ခုလုံးက သူမအိတ်ထောင်ထဲ ရောက်သွားမှာပဲ"

ဖူဝူထျန်းက ယုံကြည်မှုအပြည့်ဖြင့် ပွင့်ပွင့်လင်းလင်းပင် ပြောနေသော အန်းကျီယန် ကို ကြည့်လိုက်သည်။

"ဝမ်ဖေးလေး...မင်း သူမအတွက် အဲ့လောက်ထိ စဥ်းစားပေးမှန်း ကိုယ် မသိခဲ့ဘူး"

"ကျွန်တော်က သူမအတွက် စဥ်းစားပေးနေတာမဟုတ်ဘူး။ အမှန်တရားတစ်ခုကို ထုတ်ပြောပြနေတာ"

အန်းကျီယန် က စိတ်မပါဟန်ဖြင့် ပြောလေ၏။ သူက အစီအရင်ခံစာများကို သေချာဖတ်ရှုတတ်သည့် လူမျိုး ဖြစ်သည်။ အန်းခယ့်ရှင်း က သူမ၏ ကံကောင်းမှုအတွက် ပျော်ရွှင်ဝမ်းမြောက်သင့်သည်။ လင်းမိသားစု၏ သားသည်သာ ထိုနေ့က အလည်မလာခဲ့လျှင် သူက သေချာပေါက် ကြုံရာကျပန်း သူဋ္ဌေးသူကြွယ်တစ်ယောက်ကို ရွေးကာ သူမနှင့် လက်ထပ်ပေးလိုက်ပေလိမ့်မည်။

ထို့အပြင် သူနှင့် တော်စပ်မှုကြောင့် လင်းမိသားစုက အန်းခယ့်ရှင်း ကို ဆိုးဆိုးရွားရွား ဆက်ဆံရဲမည်မဟုတ်ပေ။ ဤသည်မှာ သူမအတွက် အကောင်းဆုံး ရလဒ်သာ ဖြစ်သည်။

"သူမက သဘောတူလောက်လား?"

"သူမမှာ ရွေးချယ်စရာမှ မရှိတာ"

အန်းခယ့်ရှင်းသည် တကယ့်ကို ရွေးချယ်စရာ မရှိတော့ချေ။ ကျန်းပိသည်သာ ထိုနေ့က မဟာပြဇာတ်ထဲ ဝင်မကခဲ့လျှင် အန်းခယ့်ရှင်း အနေဖြင့် သူမ လက်ထပ်မည့်သူကို ရွေးချယ်ခွင့် ရှိနေပေဦးမည်။ အန်းကျီယန် ကတော့ သူမကို ပြဿနာများလှသော အဆင့်အတန်းမြင့်သည့် အရာရှိအဆင့်မျိုးနှင့် ဘယ်သောအခါမှ လက်ထပ်ခွင့်ပြုမည် မဟုတ်ပေ။

ဆုံးဖြတ်ချက် ချမှတ်ပြီးနောက် အန်းကျီယန် က အန်းခယ့်ရှင်း ကို သူ့ရှေ့သို့လာရန် ဆင့်ခေါ်လိုက်သည်။

အန်းကျီယန် က သူမကို လင်းမိသားစု၏ တစ်ဦးတည်းသော သားနှင့် လက်ထပ်စေလိုကြောင်း သိလိုက်ရချိန်၌ အန်းခယ့်ရှင်း တိတ်ဆိတ်သွားသည်။ အန်းကျီယန် သူမ စကားပြန်မပြောခင်အချိန်ထိ တိတ်တဆိတ် နေလိုက်၏။

"လင်းရှင်းကိုလက်ထပ်ဖို့ ငါ သဘောတူတယ် "

အန်းကျီယန်၏ မျက်ခုံးတန်းက တွန့်ချိုးသွားလေ၏။

အန်းခယ့်ရှင်းက ထေ့ငေါ့ပြောလာသည်။

"ငါ သဘောမတူဘူးဆိုရင်တောင်မှ အချိန်ကျရင် နင်က ငါ့ကို လက်ထပ်ခိုင်းဖို့ ဆုံးဖြတ်ပြီးသား မလား?"

အန်းကျီယန် က ပြောင်ပြောင်ရှင်းရှင်းပင် ဝန်ခံလိုက်သည်။

"အမှန်ပဲ။"

သူမက ဆက်ပြောသည်။

"နင် ငါတို့ သားအမိကို ကျွင်းကျီမြို့ဆီ ခေါ်သွားမှာ မဟုတ်မှန်း ငါ သိပြီးသား။ နင်က ငါ့ကို ကျွင်းကျီမြို့က အဆင့်အတန်းမြင့်တဲ့ လူတစ်ယောက်ယောက် နဲ့လည်း လက်ထပ်ခွင့်ပြုမှာ မဟုတ်ဘူးလေ။ ဒါက နင်ဘာလို့ ငါ့ကို လက်ထပ်ပေးဖို့အတွက် စိတ်အားထက်သန်နေလဲဆိုတာရဲ့ အကြောင်းရင်းပဲ"

သူက သူမကို ကြည့်ရင်း ပြောလိုက်သည်။

"ဟုတ်တာပေါ့...ငါ မင်းတို့ နှစ်ယောက်ကို ကျွင်းကျီမြို့ဆီ ခေါ်သွားမှာ မဟုတ်ဘူး။ ဒါပေမယ့် ဒီမှာ မင်း မှားနေတဲ့ ကိစ္စတစ်ခု ရှိတယ်။ မင်းရဲ့ မွေးဖွားလာမှုကြောင့် အထက်တန်းလွှာလူစားတွေက မင်းကို လက်ထပ်ယူကြမှာ မဟုတ်ဘူး။ ကိုယ်လုပ်တော် လက်ထပ်မယ်ဆိုရင်တောင် အရာရှိတစ်ယောက်ယောက်ရဲ့ သမီးကိုပဲ လက်ထပ်ကြမှာ။ ကျွင်းကျီမြို့က ဧကရာဇ်ရဲ့ ခြေဖဝါးအောက်မှာ ရှိနေတာ။ အန်းယွမ်စီရင်စုလေးက ဘယ်လိုများ နှိုင်းယှဥ်နိုင်မှာတဲ့လဲ။ အဆင့်အတန်းမြင့်ပြီး အာဏာရှိတဲ့ တစ်စုံတစ်ယောက်ကို လက်ထပ်ချင်တဲ့ မင်းရဲ့ ဆန္ဒက စိတ်ကူးထဲမှာပဲ ထားလို့ရလိမ့်မယ်။ ဒီအကြောင်းကို အပြင်မှာသာ ထုတ်ပြောမယ်ဆိုရင် မင်းက ရယ်စရာ ဟာသကြီးပဲ ဖြစ်သွားမှာ"

သူ ပြောလိုက်သည်နှင့် အန်းခယ့်ရှင်း၏ မျက်နှာက အပြာရောင်ပြောင်းကာ ဖြူလျော်သွားလေ၏။

သူမ၏ စဥ်းစားတွေးခေါ်ပုံကိုလည်း အပြစ်တင်၍ မရပေ။ အရာအားလုံးက အန်းချန်ဖူနှင့် ကျန်းပိတို့ သူမ ခေါင်းထဲ ရိုက်သွင်းပေးထားသည့် မှားယွင်းသော အတွေးအခေါ်များကြောင့်သာ ဖြစ်သည်။ အန်းယွမ်စီရင်စုတွင် အန်းမိသားစု၏ မြင့်မားလှသော အဆင့်အတန်းကြောင့် သူမက သစ်သီးဝလံများကြားက မလိုင်ခဲလို ဖြစ်နေပေသည်။

သူမက ရေတွင်းအောက်ခြေက ဖားကဲ့သို့ပင် အပြင်လောကကြီးကို မတွေ့မြင်ဖူးပေ။ သူမ ရေတွင်းအောက်​ခြေမှသာ ခုန်မထွက်ဘူးဆိုလျှင် သူမ၏ အတွေးများသည် မည်မျှ ရယ်စရာကောင်းလှကြောင်း သိနိုင်လိမ့်မည် မဟုတ်ပေ။

"ငါ လင်းရှင်းကို လက်ထပ်ဖို့ သဘောတူတယ်...ဒါပေမယ့် ငါ့မှာ တောင်းဆိုစရာရှိတယ်"

အန်းခယ့်ရှင်းက လက်ထပ်ပွဲကို သဘောတူလိုက်၏။ ဤသည်မှာ သူမ၏ အဆင့်အတန်းကိူ နားလည်လာသောကြောင့် မဟုတ်ဘဲ ဖူဝူထျန်းကြောင့်သာ ဖြစ်သည်။ သူက ဝမ်ရယ်တစ်ပါးဖြစ်ကြောင်း သိလိုက်ရပြီးနောက် သူမ ခန့်မှန်းထားသည့်ကိစ္စများ ဖြစ်မလာနိုင်တော့ကြောင်း သိလိုက်ရသည်။ အန်းကျီယန်က သူမ၏ ခေါင်းအပေါ်၌သာ အမြဲရှိနေပေတော့မည်။

သူမ၏ နေ့ရက်များကို ကြောက်ရွံ့သိမ်ငယ်စွာ ဖြတ်သန်းရမည့်အစား ဤအခွင့်အရေးကို လက်သင့်ခံလိုက်သည်က ပိုမို ကောင်းမွန်ပေလိမ့်မည်။ထို့ကြောင့် အန်းကျီယန် ဒီကိစ္စကို ပြောမလာလျှင်ပင် သူမက သူ့ဆီ အရောက်လာမည် ဖြစ်သည်။

"ဘာတောင်းဆိုမှာလဲ?"

"ငါ့အမေကို လွှတ်ပေးလိုက်ပါ"

ရေထဲသို့ သူမကိုပါ ဆွဲချလိုက်သည့်အတွက် သူမ၏အမေကို အပြစ်တင်ခဲ့သော်လည်း သူတို့က သားအမိများသာ ဖြစ်ပေသေး၏။ ဤသည်မှာ ယခု သူမလုပ်ပေးနိုင်သည့် တစ်ခုတည်းသော အရာ ဖြစ်သည်။ ၎င်းကို သူမအား ပြုစုပျိုးထောင်ခဲ့သည့်အတွက် ပြန်လည်ပေးဆပ်သည် ဟုလည်း မှတ်ယူနိုင်ပေသည်။

"ကောင်းပြီလေ"

အန်းကျီယန်က တွေဝေတုန့်ဆိုင်းနေခြင်း မရှိပေ။

ကျန်းပိက သူ့မျက်လုံးထဲ၌ ဘာမှမဟုတ်ပေ။ သူဘာမှ မလုပ်ဘူးဆိုလျှင်ပင် သူမအနေဖြင့် မည်သို့သော ပြဿနာကြီးကြီးမားမားကိုမှ လုပ်ဆောင်နိုင်စွမ်းရှိမည်မဟုတ်။ သူက လက်ထပ်ပြီးသော အမျိုးသမီးတစ်ယောက်နှင့် ငြင်းခုံနေရန် စိတ်မဝင်စားပေ။ အနာဂတ်၌ သူမ သူ့ကို လာမရှုပ်သရွေ့ အဆင်ပြေသည်။ နောက်ပိုင်းတွင် သူက သူမအတွက် ခြံဝန်း ကောင်းကောင်းတစ်ခု ရှာပေးပြီး သူမ၏ လက်ကျန်သက်တမ်းကို အေးအေးချမ်းချမ်း ကုန်ဆုံးစေလိုက်ပေမည်။

နှစ်ဦးနှစ်ဖက် သဘောတူညီလိုက်ပြီးနောက် အန်းကျီယန်က အိမ်တော်ထိန်းဆုကို ဒုတိယသခင်မလေး၏ လက်ထပ်ပွဲအတွက် ပြင်ဆင်ရန် အမိန့်ပေးလိုက်သည်။ သူက တုန့်ထိုင်းစီရင်စု၏ လင်းကျီ(လင်းရှင်းရဲ့အဖေ)နှင့် အဆက်အသွယ် ရှိထားပြီး ဖြစ်သည်။ ဤအကြောင်းကို ကြားပြီးနောက် လင်းရှင်းက အလွန်တရာ ပျော်ရွှင်သွားပြီး စကားအပို မပြောဘဲ ချက်ချင်း လက်ခံလိုက်လေ၏။

ဒုတိယသခင်မလေး လက်ထပ်တော့မည်ဖြစ်ကြောင်း သိသည်နှင့် လူတိုင်း ပျော်ရွှင်သွားကြသည်။ အဘယ်ကြောင့်ဆိုသော် အနာဂတ်တွင် အနှီ ရက်စက်ကြမ်းကြုတ်သော ဒုတိယသခင်မလေးကို အလုပ်အကျွေးပြုရန် မလိုတော့သောကြောင့်ဖြစ်ပြီး သဘောဆိုးသည့် သခင်တစ်ဦး လျော့သွားသောကြောင့် ဖြစ်သည်။

တက်ကြွပျော်ရွှင်နေကြသည့် အငွေ့အသက်ကြောင့် ထိုနေ့က သွေးရနံ့များပင် လျော့ပါးသွားသည်။

သို့သော်လည်း ဤကိစ္စတွင် အနှောင့်အယှက်အချို့ ပေါ်ပေါက်လာလေသည်။

[T/N- How cute Zi Ran is 🤢💜]

Zawgyi

အပိုင္း (၇၀.၁) - လက္ထပ္ေပးျခင္း

"အဲ့တာက ဘာအတြက္လဲ"

ဖူဝူထ်န္းက အန္းက်ီယန္ အနားကပ္လိုက္ကာ စားပြဲေပၚသို႔ လက္တစ္ဖက္ ေထာက္လိုက္၏။

သူ႕အေရွ႕ရွိ အေကာင္းသား စာ႐ြက္သားအျပင္ ေနာက္ထပ္ စာ႐ြက္ႏွစ္႐ြက္လည္း ရွိေနေသး၏။ ထိုစာ႐ြက္မ်ားေပၚတြင္ ပစၥည္းပစၥယမ်ား၏ အခ်က္အလက္မ်ားျဖင့္ ျပည့္ေနေလသည္။ လက္ေရးလက္သားကလည္း ျခားနားလွသည္။ မွင္ရည္စက္တို႔ ေသြ႕ေျခာက္ေနၿပီးသား ျဖစ္သည္မို႔ လတ္တေလာမွ ေရးသားထားျခင္း ဟုတ္ဟန္မတူေပ။

သူက ေမးေနရင္းမွ စာ႐ြက္တစ္႐ြက္ကို ေကာက္ယူကာ ဖတ္ၾကည့္လိုက္သည္။ လက္ေရးလက္သားက ဝမ္ေဖးေလးေလာက္ မေကာင္းမြန္ပါေခ်။

အန္းက်ီယန္ သူ႕ကို ၾကည့္ကာ ေျပာလိုက္၏။

"ဒါက အန္းေခ်ာင္ နဲ႕ အန္းခယ့္ရွင္း အတြက္ ကြၽန္ေတာ့္အေဖ အသက္ရွိေနတုန္းက သူကိုယ္တိုင္ ျပင္ေပးထားခဲ့တဲ့ ခန္းဝင္ပစၥည္းေတြေလ။ ကြၽန္ေတာ္ အစကေတာ့ သူတို႔ လက္ထပ္ခ်ိန္ထိ ေစာင့္ၿပီးမွ ဒါကို ထုတ္ျပလာမလို႔ပါပဲ"

"ဒါေပမယ့္ မေမွ်ာ္လင့္ဘဲ သူတို႔က သူတို႔ရဲ႕ ခန္းဝင္ပစၥည္း ကို မေစာင့္နိုင္ၾကဘူး။ ဖန္က်န္းပင္ က သူ႕သမီးနဲ႕အတူ ထြက္ေျပးသြားတယ္။ ဒီေတာ့ ဒီခန္းဝင္ပစၥည္းက သုံးစရာမလိုေတာ့ပုံပဲ"

ဖူဝူထ်န္းက သူ႕စကားမ်ားကို သုံးသပ္လာသည္။

အန္းက်ီယန္ ေျပာလိုက္၏။

"ဒါက သူတို႔ သားအမိ ေ႐ြးခ်ယ္တဲ့ လမ္းပဲေလ။ ကြၽန္ေတာ္တို႔ အနာဂတ္မွာ ထပ္ေတြ႕ျဖစ္မယ္ဆိုရင္ေတာင္ ဒီခန္းဝင္ပစၥည္းေတြကို ထုတ္ေပးမွာ မဟုတ္ဘူး "

အိမ္ေတာ္ထိန္းဆု ႏွင့္ သူသည္သာ ခန္းဝင္ပစၥည္း ကိစၥကို သိရွိထားသည္မို႔ အက်ိဳးဆက္မ်ားကို ထည့္သြင္းစဥ္းစားရန္ မလိုအပ္ေပ။ သူ႕အေနျဖင့္ သူတို႔ကို ထပ္မျမင္ရေလ၊ ေပ်ာ္ေလသာ ျဖစ္သည္။ သူတို႔သည္ ကိုယ္လုပ္ေတာ္ဖြားသမီးမ်ားသာ ျဖစ္ေသာ္လည္း အန္းခ်န္ဖူက သူ႕ ဂုဏ္သတင္းေက်ာ္ၾကားေရးအတြက္ မ်ားစြာေသာ ခန္းဝင္ပစၥည္းမ်ားကို ျပင္ဆင္ေပးထားခဲ့၏။ ဤသည္မွာ တကယ့္ကို ေပါမ်ား ႂကြယ္ဝလွေသာ ပမာဏ ျဖစ္ေပသည္။

သူ႕စကားဆုံးသည္ႏွင့္ ဖူဝူထ်န္း လက္ထဲမွ စာ႐ြက္ကို ဆြဲယူလိုက္ၿပီး ေဘာလုံးအသြင္ လုံးေခ်ကာ အေဝးသို႔ ပစ္လႊင့္လိုက္သည္။

"ေနာက္တစ္ခုကေရာ ဘာလဲ?"

ဖူဝူထ်န္း က ေမးလိုက္၏။

အန္းက်ီယန္ သူ႕ေရွ႕ရွိ ေနာက္ထပ္ စာ႐ြက္တစ္႐ြက္ကို ယူလိုက္သည္။ စုတ္တံ တစ္ေခ်ာင္းျဖင့္ စာ႐ြက္ေပၚတြင္ အကၡရာ ႀကီးႀကီးတစ္လုံးကို စတင္ေရးသားလိုက္၏။

"ကြၽန္ေတာ္ အသစ္ျပန္ေရးမလို႔"

ေျမယာပိုင္ဆိုင္မႈမ်ားမွတစ္ပါး ခန္းဝင္ပစၥည္းစာရင္းထဲတြင္ အရာအားလုံး ထည့္သြင္းထားကာ ၿခံဝန္းတစ္ဒါဇင္မွ်ေသာ ပိုင္ဆိုင္မႈမ်ား ပါဝင္ေနေပသည္။ ဤသည္က အလြန္တရာ ရက္ေရာလွေသာ ပမာဏ ျဖစ္သည္။ သို႔ေသာ္ အန္းခ်န္ဖူ ျပင္ေပးခဲ့သည့္ ထိုစာရင္းသည္ အလြန္တရာ မ်ားျပားေနရျခင္းမွာ သူက သူ႕သမီးကို အရာရွိႏွင့္ လက္ထပ္ေပးရန္ ႀကံ႐ြယ္ထားေသာေၾကာင့္ ျဖစ္သည္။

အန္းက်ီယန္၌ ထိုသို႔ေသာ အႀကံအစည္မ်ား မရွိေပ။

အန္းခယ့္ရွင္းကို ခ်မ္းသာႂကြယ္ဝသည့္ လုပ္ငန္းရွင္တစ္ဦးႏွင့္ လက္ထပ္ေပးရန္သည္သာ သူ အာမခံနိုင္ဆုံးအရာ ျဖစ္သည္။ သို႔မွသာ အန္းခယ့္ရွင္း၏ တစ္ဘဝလုံး ေငြေၾကးအတြက္ ပူပန္စရာ မလိုအပ္ေတာ့မည္ ျဖစ္၏။ ဤသည္မွာ အမ်ိဳးသမီးမ်ားစြာ အိမ္မက္မက္ေနၾကသည့္ လက္ထပ္ပြဲမ်ိဳးျဖစ္သည္။ အန္းခယ့္ရွင္းကဲ့သို႔ ကိုယ္လုပ္ေတာ္ဖြား သမီးတစ္ေယာက္ က ရာထူးရာခံႏွင့္ အဆင့္အတန္းျမင့္ အရာရွိ ကို လက္ထပ္ရန္မွာကား ျဖစ္နိုင္ေခ်မရွိေပ။ တစ္ဖက္လူ က သူမကို ကိုယ္လုပ္ေတာ္ အျဖစ္ပင္ လက္မခံသည္မ်ိဳး ျဖစ္လာနိုင္ေပ၏။

"ဝမ္ေဖးေလးက သူမကို တုန့္ထိုင္းစီရင္စုက လင္းမ်ိဳးရိုးနဲ႕ လက္ထပ္ေပးမလို႔လား?"

ဖူဝူထ်န္း၏ မ်က္လုံးထဲ၌ ျမဴးႂကြႂကြ အရိပ္အေယာင္မ်ား ျဖတ္သန္းသြား၏။

အန္းက်ီယန္ ဤသည္ကို မျငင္းပယ္ေပ။ သူက ဤမွ်သာ ေျပာေလ၏။

"လင္းမိသားစုက အန္းမိသားစု ေလာက္ မခ်မ္းသာဘူးဆိုေပမယ့္ တုန့္ထိုင္းစီရင္စုမွာေတာ့ ထိပ္တန္းစာရင္းဝင္တဲ့ စီးပြားေရးလုပ္ငန္းရွင္ေတြပဲေလ။ အန္းခယ့္ရွင္း သာ သူနဲ႕ လက္ထပ္လိုက္မယ္ဆို ပဏာမဇနီး ျဖစ္လာလိမ့္မယ္။ လင္းရွင္း ကလည္း လင္းမိသားစုရဲ႕ တစ္ဦးတည္းေသာသားပဲ။ ကြၽန္ေတာ္ သူ႕ကို စုံစမ္းၿပီးသြားၿပီ...သူ႕မွာ အခုထိ ဇနီးတစ္ေယာက္မွ မရွိေသးဘူး။ အန္းခယ့္ရွင္း လက္ထပ္မယ္ဆို မမွားနိုင္ဘူး။ သူမမွာသာ အႀကံအစည္ရွိၿပီး ေခါင္းသုံးတတ္ရင္ လင်ူမိသားစုအတွက် ပထမဆုံး ကေလးကို ေမြးေပးနိုင္လိမ့္မယ္။ အဲ့ခါက်ရင္ လင္းမိသားစုတစ္ခုလုံးက သူမအိတ္ေထာင္ထဲ ေရာက္သြားမွာပဲ"

ဖူဝူထ်န္းက ယုံၾကည္မႈအျပည့္ျဖင့္ ပြင့္ပြင့္လင္းလင္းပင္ ေျပာေနေသာ အန္းက်ီယန္ ကို ၾကည့္လိုက္သည္။

"ဝမ္ေဖးေလး...မင္း သူမအတြက္ အဲ့ေလာက္ထိ စဥ္းစားေပးမွန္း ကိုယ္ မသိခဲ့ဘူး"

"ကြၽန္ေတာ္က သူမအတြက္ စဥ္းစားေပးေနတာမဟုတ္ဘူး။ အမွန္တရားတစ္ခုကို ထုတ္ေျပာျပေနတာ"

အန္းက်ီယန္ က စိတ္မပါဟန္ျဖင့္ ေျပာေလ၏။ သူက အစီအရင္ခံစာမ်ားကို ေသခ်ာဖတ္ရႈတတ္သည့္ လူမ်ိဳး ျဖစ္သည္။ အန္းခယ့္ရွင္း က သူမ၏ ကံေကာင္းမႈအတြက္ ေပ်ာ္႐ႊင္ဝမ္းေျမာက္သင့္သည္။ လင္းမိသားစု၏ သားသည္သာ ထိုေန႕က အလည္မလာခဲ့လွ်င္ သူက ေသခ်ာေပါက္ ႀကံရာက်ပန္း သူ႒ေးသူႂကြယ္တစ္ေယာက္ကို ေ႐ြးကာ သူမႏွင့္ လက္ထပ္ေပးလိုက္ေပလိမ့္မည္။

ထို႔အျပင္ သူႏွင့္ ေတာ္စပ္မႈေၾကာင့္ လင္းမိသားစုက အန္းခယ့္ရွင္း ကို ဆိုးဆိုး႐ြား႐ြား ဆက္ဆံရဲမည္မဟုတ္ေပ။ ဤသည္မွာ သူမအတြက္ အေကာင္းဆုံး ရလဒ္သာ ျဖစ္သည္။

"သူမက သေဘာတူေလာက္လား?"

"သူမမွာ ေ႐ြးခ်ယ္စရာမွ မရွိတာ"

အန္းခယ့္ရွင္းသည္ တကယ့္ကို ေ႐ြးခ်ယ္စရာ မရွိေတာ့ေခ်။ က်န္းပိသည္သာ ထိုေန႕က မဟာျပဇာတ္ထဲ ဝင္မကခဲ့လွ်င္ အန္းခယ့္ရွင္း အေနျဖင့္ သူမ လက္ထပ္မည့္သူကို ေ႐ြးခ်ယ္ခြင့္ ရွိေနေပဦးမည္။ အန္းက်ီယန္ ကေတာ့ သူမကို ျပႆနာမ်ားလွေသာ အဆင့္အတန္းျမင့္သည့္ အရာရွိအဆင့္မ်ိဳးႏွင့္ ဘယ္ေသာအခါမွ လက္ထပ္ခြင့္ျပဳမည္ မဟုတ္ေပ။

ဆုံးျဖတ္ခ်က္ ခ်မွတ္ၿပီးေနာက္ အန္းက်ီယန္ က အန္းခယ့္ရွင္း ကို သူ႕ေရွ႕သို႔လာရန္ ဆင့္ေခၚလိုက္သည္။

အန္းက်ီယန္ က သူမကို လင္းမိသားစု၏ တစ္ဦးတည္းေသာ သားႏွင့္ လက္ထပ္ေစလိုေၾကာင္း သိလိုက္ရခ်ိန္၌ အန္းခယ့္ရွင္း တိတ္ဆိတ္သြားသည္။ အန္းက်ီယန္ သူမ စကားျပန္မေျပာခင္အခ်ိန္ထိ တိတ္တဆိတ္ ေနလိုက္၏။

"လင္းရွင္းကိုလက္ထပ္ဖို႔ ငါ သေဘာတူတယ္ "

အန္းက်ီယန္၏ မ်က္ခုံးတန္းက တြန့္ခ်ိဳးသြားေလ၏။

အန္းခယ့္ရွင္းက ေထ့ေငါ့ေျပာလာသည္။

"ငါ သေဘာမတူဘူးဆိုရင္ေတာင္မွ အခ်ိန္က်ရင္ နင္က ငါ့ကို လက္ထပ္ခိုင္းဖို႔ ဆုံးျဖတ္ၿပီးသား မလား?"

အန္းက်ီယန္ က ေျပာင္ေျပာင္ရွင္းရွင္းပင္ ဝန္ခံလိုက္သည္။

"အမွန္ပဲ။"

သူမက ဆက္ေျပာသည္။

"နင္ ငါတို႔ သားအမိကို ကြၽင္းက်ီၿမိဳ႕ဆီ ေခၚသြားမွာ မဟုတ္မွန္း ငါ သိၿပီးသား။ နင္က ငါ့ကို ကြၽင္းက်ီၿမိဳ႕က အဆင့္အတန္းျမင့္တဲ့ လူတစ္ေယာက္ေယာက္ နဲ႕လည္း လက္ထပ္ခြင့္ျပဳမွာ မဟုတ္ဘူးေလ။ ဒါက နင္ဘာလို႔ ငါ့ကို လက္ထပ္ေပးဖို႔အတြက္ စိတ္အားထက္သန္ေနလဲဆိုတာရဲ႕ အေၾကာင္းရင္းပဲ"

သူက သူမကို ၾကည့္ရင္း ေျပာလိုက္သည္။

"ဟုတ္တာေပါ့...ငါ မင္းတို႔ ႏွစ္ေယာက္ကို ကြၽင္းက်ီၿမိဳ႕ဆီ ေခၚသြားမွာ မဟုတ္ဘူး။ ဒါေပမယ့္ ဒီမွာ မင္း မွားေနတဲ့ ကိစၥတစ္ခု ရွိတယ္။ မင္းရဲ႕ ေမြးဖြားလာမႈေၾကာင့္ အထက္တန္းလႊာလူစားေတြက မင္းကို လက္ထပ္ယူၾကမွာ မဟုတ္ဘူး။ ကိုယ္လုပ္ေတာ္ လက္ထပ္မယ္ဆိုရင္ေတာင္ အရာရွိတစ္ေယာက္ေယာက္ရဲ႕ သမီးကိုပဲ လင္ထပ္ၾကမွာ။ ကြၽင္းက်ီၿမိဳ႕က ဧကရာဇ္ရဲ႕ ေျခဖဝါးေအာက္မွာ ရွိေနတာ။ အန္းယြမ္စီရင္စုေလးက ဘယ္လိုမ်ား ႏွိုင္းယွဥ္နိုင္မွာတဲ့လဲ။ အဆင့္အတန္းျမင့္ၿပီး အာဏာရွိတဲ့ တစ္စုံတစ္ေယာက္ကို လက္ထပ္ခ်င္တဲ့ မင္းရဲ႕ ဆႏၵက စိတ္ကူးထဲမွာပဲ ထားလို႔ရလိမ့္မယ္။ ဒီအေၾကာင္းကို အျပင္မွာသာ ထုတ္ေျပာမယ္ဆိုရင္ မင္းက ရယ္စရာ ဟာသႀကီးပဲ ျဖစ္သြားမွာ"

သူ ေျပာလိုက္သည္ႏွင့္ အန္းခယ့္ရွင္း၏ မ်က္ႏွာက အျပာေရာင္ေျပာင္းကာ ျဖဴေလ်ာ္သြားေလ၏။

သူမ၏ စဥ္းစားေတြးေခၚပုံကိုလည္း အျပစ္တင္၍ မရေပ။ အရာအားလုံးက အန္းခ်န္ဖူႏွင့္ က်န္းပိတို႔ သူမ ေခါင္းထဲ ရိုက္သြင္းေပးထားသည့္ မွားယြင္းေသာ အေတြးအေခၚမ်ားေၾကာင့္သာ ျဖစ္သည္။ အန္းယြမ္စီရင္စုတြင္ အန္းမိသားစု၏ ျမင့္မားလွေသာ အဆင့္အတန္းေၾကာင့္ သူမက သစ္သီးဝလံမ်ားၾကားက မလိုင္ခဲလို ျဖစ္ေနေပသည္။

သူမက ေရတြင္းေအာက္ေျခက ဖားကဲ့သို႔ပင္ အျပင္ေလာကႀကီးကို မေတြ႕ျမင္ဖူးေပ။ သူမ ေရတြင္းေအာက္ေျခမွသာ ခုန္မထြက္ဘူးဆိုလွ်င္ သူမ၏ အေတြးမ်ားသည္ မည္မွ် ရယ္စရာေကာင္းလွေၾကာင္း သိနိုင္လိမ့္မည္ မဟုတ္ေပ။

"ငါ လင္းရွင္းကို လက္ထပ္ဖို႔ သေဘာတူတယ္...ဒါေပမယ့္ ငါ့မွာ ေတာင္းဆိုစရာရွိတယ္"

အန္းခယ့္ရွင္းက လက္ထပ္ပြဲကို သေဘာတူလိုက္၏။ ဤသည္မွာ သူမ၏ အဆင့္အတန္းကိူ နားလည္လာေသာေၾကာင့္ မဟုတ္ဘဲ ဖူဝူထ်န္းေၾကာင့္သာ ျဖစ္သည္။ သူက ဝမ္ရယ္တစ္ပါးျဖစ္ေၾကာင္း သိလိုက္ရၿပီးေနာက္ သူမ ခန့္မွန္းထားသည့္ကိစၥမ်ား ျဖစ္မလာနိုင္ေတာ့ေၾကာင္း သိလိုက္ရသည္။ အန္းက်ီယန္က သူမ၏ ေခါင္းအေပၚ၌သာ အၿမဲရွိေနေပေတာ့မည္။

သူမ၏ ေန႕ရက္မ်ားကို ေၾကာက္႐ြံ႕သိမ္ငယ္စြာ ျဖတ္သန္းရမည့္အစား ဤအခြင့္အေရးကို လက္သင့္ခံလိုက္သည္က ပိုမို ေကာင္းမြန္ေပလိမ့္မည္။ထို႔ေၾကာင့္ အန္းက်ီယန္ ဒီကိစၥကို ေျပာမလာလွ်င္ပင္ သူမက သူ႕ဆီ အေရာက္လာမည္ ျဖစ္သည္။

"ဘာေတာင္းဆိုမွာလဲ?"

"ငါ့အေမကို လႊတ္ေပးလိုက္ပါ"

ေရထဲသို႔ သူမကိုပါ ဆြဲခ်လိဳက္သည့္အတြက္ သူမ၏အေမကို အျပစ္တင္ခဲ့ေသာ္လည္း သူတို႔က သားအမိမ်ားသာ ျဖစ္ေပေသး၏။ ဤသည္မွာ ယခု သူမလုပ္ေပးနိုင္သည့္ တစ္ခုတည္းေသာ အရာ ျဖစ္သည္။ ၎ကို သူမအား ျပဳစုပ်ိဳးေထာင္ခဲ့သည့္အတြက္ ျပန္လည္ေပးဆပ္သည္ ဟုလည္း မွတ္ယူနိုင္ေပသည္။

"ေကာင္းၿပီေလ"

အန္းက်ီယန္က ေတြေဝတုန့္ဆိုင္းေနျခင္း မရွိေပ။

က်န္းပိက သူ႕မ်က္လုံးထဲ၌ ဘာမွမဟုတ္ေပ။ သူဘာမွ မလုပ္ဘူးဆိုလွ်င္ပင္ သူမအေနျဖင့္ မည္သို႔ေသာ ျပႆနာႀကီးႀကီးမားမားကိုမွ လုပ္ေဆာင္နိုင္စြမ္းရွိမည္မဟုတ္။ သူက လက္ထပ္ၿပီးေသာ အမ်ိဳးသမီးတစ္ေယာက္ႏွင့္ ျငင္းခုံေနရန္ စိတ္မဝင္စားေပ။ အနာဂတ္၌ သူမ သူ႕ကို လာမရႈပ္သေ႐ြ႕ အဆင္ေျပသည္။ ေနာက္ပိုင္းတြင္ သူက သူမအတြက္ ၿခံဝန္း ေကာင္းေကာင္းတစ္ခု ရွာေပးၿပီး သူမ၏ လက္က်န္သက္တမ္းကို ေအယေအးခ်မ္းခ်မ္း ကုန္ဆုံးေစလိုက္ေပမည္။

ႏွစ္ဦးႏွစ္ဖက္ သေဘာတူညီလိုက္ၿပီးေနာက္ အန္းက်ီယန္က အိမ္ေတာ္ထိန္းဆုကို ဒုတိယသခင္မေလး၏ လက္ထပ္ပြဲအတြက္ ျပင္ဆင္ရန္ အမိန့္ေပးလိုက္သည္။ သူက တုန့္ထိုင္းစီရင္စု၏ လင္းက်ီ(လင္းရွင္းရဲ႕အေဖ)ႏွင့္ အဆက္အသြယ္ ရွိထားၿပီး ျဖစ္သည္။ ဤအေၾကာင္းကို ၾကားၿပီးေနာက္ လင္းရွင္းက အလြန္တရာ ေပ်ာ္႐ႊင္သြားၿပီး စကားအပို မေျပာဘဲ ခ်က္ခ်င္း လက္ခံလိုက္ေလ၏။

ဒုတိယသခင္မေလး လက္ထပ္ေတာ့မည္ျဖစ္ေၾကာင္း သိသည္ႏွင့္ လူတိုင္း ေပ်ာ္႐ႊင္သြားၾကသည္။ အဘယ္ေၾကာင့္ဆိုေသာ္ အနာဂတ္တြင္ အႏွီ ရက္စက္ၾကမ္းၾကဳတ္ေသာ ဒုတိယသခင္မေလးကို အလုပ္အေကြၽးျပဳရန္ မလိုေတာ့ေသာေၾကာင့္ျဖစ္ၿပီး သေဘာဆိုးသည့္ သခင္တစ္ဦး ေလ်ာ့သြားေသာေၾကာင့္ ျဖစ္သည္။

တက္ႂကြေပ်ာ္႐ႊင္ေနၾကသည့္ အေငြ႕အသက္ေၾကာင့္ ထိုေန႕က ေသြးရနံ႕မ်ားပင္ ေလ်ာ့ပါးသြားသည္။

သို႔ေသာ္လည္း ဤကိစၥတြင္ အႏွောင့္အယွက္အခ်ိဳ႕ ေပၚေပါက္လာေလသည္။

[T/N- How cute Zi Ran is🤢💜 ]

Continue Reading

You'll Also Like

10.3M 771K 88
Marriage had always been my dream but not to a man about whom I know nothing. The moment my father fixed an alliance of me to a Prince without even t...
288K 19.9K 166
The Divine woman Draupadi was born as the eternal consort of Panadavas. But we always fail to treasure things which we get easily. Same happened with...
69.8K 6.7K 60
" The darkness closed in around him, like a shroud of silence. Veeranshu's eyes fluttered open, and he was met with an unfamiliar ceiling. Groggily...
632K 19.9K 114
[Not MY Story] OFFLINE Purpose. I possessed the wife of the Emperor, the mad villain of a tragic novel. After a while, when the evil Emperor looks t...