ကုန်းမြေကြီး၏ အရှင်သခင်ဝမ်ဖေး...

By Hululu61

348K 58K 2.4K

အရင် accထဲဝင်မရတော့လို့ Book ခွဲလိုက်ပါပြီ 🙆 ဒါက အပိုင်း ၁ ကနေ ဖတ်လို့ရတဲ့ Linkပါ🖤 https://my.w.tt/7FVYRdnw... More

အပိုင်း (၄၁) - အတူတူအိပ်ခြင်း
အပိုင်း (၄၁) - အိပ်ရာမျှဝေခြင်း (CENSOR)
အပိုင်း (၄၂.၁) - ကူဖော်လောင်ဖက်
အပိုင်း (၄၂.၂) - ကူဖော်လောင်ဖက်(WARNING)
အပိုင်း (၄၃) - ကိုယ် မြင်လိုက်တယ်
အပိုင်း (၄၄) - မနက်စာ
အပိုင်း (၄၅) - တော်ဝင်မိသားစု သဘောထား
အပိုင်း (၄၆) - ဇနီးလေးရဲ့ ညီငယ်သေးသေးလေး
အပိုင်း (၄၇) - လယ်သမားများ
အပိုင်း (၄၈) - အန်းမိသားစုသို့ အပြန်
အပိုင်း (၄၉.၁) - သတို့သမီး မိဘအိမ် ပထမဆုံးပြန်ချိန် အကျပ်အတည်း
အပိုင်း (၄၉.၂) - သတို့သမီး မိဘအိမ် ပထမဆုံးပြန်ချိန် အကျပ်အတည်း
အပိုင်း (၅၀) - ခြိမ်းခြောက်ဖို့ရန်
အပိုင်း (၅၁) - တန်ပြန်အစီအစဥ်
အပိုင်း (၅၂) - အလုံးစုံ ထိန်းချုပ်ခြင်း
အပိုင်း (၅၃) - စားနပ်ရိက္ခာ သိုလှောင်ခြင်း
အပိုင်း (၅၄) - အစားအစာ ရရှိဖို့ရန်
အပိုင်း (၅၅) - မွှေးပျံ့ကော့လန်သည့် ဆန်(ပေါ်ဆန်းမွှေး)
အပိုင်း (၅၆) - သက်သေခံ အထောက်အထား
အပိုင်း (၅၇) - ပုန်းကွယ်နေသည့် လုပ်ကြံသတ်ဖြတ်သူ
အပိုင်း (၅၈) - လျှော်ပင်နှင့် ပင်လယ်တားမြစ်ချက်
အပိုင်း (၅၉) - ပိုးပန်းသူ
အပိုင်း (၆၀) - အန်းချောင်၏ စိတ်ဓာတ်ကြံ့ခိုင်မှု
အပိုင်း (၆၁.၁) - မမြင်ရသော လွှမ်းမိုးနိုင်စွမ်း
အပိုင်း (၆၁.၂) - မမြင်ရသော လွှမ်းမိုးနိုင်စွမ်း
အပိုင်း (၆၂.၁) - တိုးတက်မှု
အပိုင်း (၆၂.၂) - တိုးတက်မှု
အပိုင်း (၆၃.၁) - စာရင်းစာအုပ်
အပိုင်း (၆၃.၂) - စာရင်းစာအုပ်
အပိုင်း (၆၄.၁) - ဖူဝူထျန်း ၏ စွမ်းအား
အပိုင်း (၆၄.၂) - ဖူဝူထျန်း၏ စွမ်းအား
အပိုင်း (၆၅.၁) - ညဘက် ဝန်းရံတိုက်ခိုက်မှု
အပိုင်း (၆၅.၂) - ညဘက်ဝန်းရံတိုက်ခိုက်မှု
အပိုင်း (၆၆.၁) - ခေါင်းဖြတ်ကွပ်မျက်ခြင်း
အပိုင်း (၆၆.၂) - ခေါင်းဖြတ်ကွပ်မျက်ခြင်း
အပိုင်း (၆၇.၁) - အငြင်းပွားမှုအား စာရင်းရှင်းခြင်း
အပိုင်း (၆၇.၂) - အငြင်းပွားမှုအား စာရင်းရှင်းခြင်း
အပိုင်း (၆၈.၁) - တိုက်ဆိုင်မှု
အပိုင်း (၆၈.၂) - တိုက်ဆိုင်မှု
Attention Plz
အပိုင်း (၆၉.၁) - ရူးဟန်ဆောင်ခြင်း
အပိုင်း (၇၀.၁) - လက်ထပ်ပေးခြင်း
အပိုင်း (၇၀.၂) - လက်ထပ်ပေးခြင်း
အပိုင်း (၇၁) - ဉာဏ်ပူဇော်ခ
အပိုင်း (၇၂) - စစ်ကြောမေးမြန်းခြင်း
အပိုင်း (၇၃) - စစ်ကြောမေးမြန်းခြင်းနှင့် စိတ်အား ထက်သန်မှု
အပိုင်း (၇၄.၁) - သာမန်လူများနှင့် ခြားနားသော[Warning!🔞]
အပိုင်း (၇၄.၂) - သာမန်လူများနှင့် ခြားနားသော
အပိုင်း(၇၅.၁) - ကူညီရန်
အပိုင်း (၇၅.၂) - ကူညီရန်
အပိုင်း (၇၆.၁) - လင်မယားနှစ်ယောက်သား အလည်အပတ်ရောက်လာခြင်း
အပိုင်း (၇၆.၂) - လင်မယားနှစ်ယောက်သား အလည်အပတ်ရောက်လာခြင်း
အပိုင်း (၇၇) - စီရင်ချက်
အပိုင်း (၇၈) - အန်းနန်းဆောင်
အပိုင်း (၇၉.၁) - အပြစ်ပေးခြင်း
အပိုင်း (၇၉.၂) - အပြစ်ပေးခြင်း
အပိုင်း (၈၀.၁) - ကိုယ်လုပ်တော် ရွေးချယ်ပွဲနှင့် စာပို့ခို
အပိုင်း (၈၀.၂) - ကိုယ်လုပ်တော် ရွေးချယ်ပွဲနှင့် စာပို့ခို
အပိုင်း (၈၁.၁) - လောင်းကစားရုံ
အပိုင်း (၈၁.၂) - လောင်းကစားရုံ
အပိုင်း (၈၂.၁) - ရက်စက်သော ပြိုင်ပွဲ
အပိုင်း (၈၂.၂) - ရက်စက်သော ပြိုင်ပွဲ
!!!

အပိုင်း (၆၉.၂) - ရူးဟန်ဆောင်ခြင်း

3.5K 821 11
By Hululu61

Unicode

အပိုင်း (၆၉.၂) - ရူးဟန်ဆောင်ခြင်း

ကျောက်စိမ်းရေစင်ခြံဝန်း ရှိ အစေခံများသည် သူတို့ကို အခြားနေရာများ၌ ခိုင်းစေပါရန် အိမ်တော်ထိန်းဆု အား တောင်းဆိုကြသည်။ အိမ်တော်ထိန်းဆု က များစွာ ပြန်မပြောဘဲ အလျှင်အမြန် စီစဥ်ပေးလိုက်သော်ငြား ကျောက်စိမ်းရေစင်ခြံဝန်း သို့ လူထပ်မံ ပို့မပေးတော့ချေ။ အန်းခယ့်ရှင်း သည် မည်သည့် အစေခံကိုမှ ရှာမရတော့သည်မို့ သူမကိုယ်တိုင်ကိုယ်ကျ သာ စားဖိုဆောင်သို့ သွား၍ အစားအစာ သွားယူရတော့၏။

စားဖိုမှူးဝမ် က ထိုသားအမိကို ဘယ်တုန်းကမှ သဘောမကျခဲ့ပေ။ ထိုဖြစ်ရပ် အပြီး၌ အိမ်တော်သခင်က သူတို့ကို လျစ်လျူရှုလိုက်ပြီမို့ စားဖိုမှူးဝမ် အန်းခယ့်ရှင်း ကို မြင်လိုက်ချိန်၌ သူမကို မျက်နှာသာမပေးချေ။ သူ သူမကို ပေးလိုက်သည့် အစားအသောက်သည်ပင် ပုံမှန်ထက် နည်းနေပေ၏။

အန်းခယ့်ရှင်း၏ မျက်နှာက အစိမ်းရောင် ပြောင်းသွားလေသည်။

"ဒီလောက်နည်းတဲ့ အစားအစာလေးနဲ့ ငါတို့ ဘယ်လိုလုပ် လောက်နိုင်မှာတဲ့လဲ?စားဖိုမှူးဝမ်...ရှင်က အန်းမိသားစုရဲ့ အစေခံတစ်ယောက်သာသာပဲ ဆိုတာကို မေ့မနေနဲ့!"

စားဖိုမှူးဝမ် က ပြုံးလိုက်၏။

"ဒုတိယသခင်မလေး...ကျုပ် စားဖိုမှူးဝမ်က အန်းမိသားစုရဲ့ အစေခံပါပဲ။ ကျုပ်က ဒီအချက်ကို မေ့မနေပါဘူး...ဒါပေမယ့် သခင်မလေးလည်း သိထားရမှာက ဒီအိမ်တော်ရဲ့ အရှင်သခင်ဟာ သခင်မလေးတို့ သားအမိမဟုတ်ဘဲ သခင်လေးသာ ဖြစ်တယ် ဆိုတာကိုပေါ့။ ကိုယ်လုပ်တော် ကျန်းက ရူးသွားပြီဆိုတော့ ကျုပ်အထင် သူက သိပ်စားစရာမလိုဘူးလားလို့လေ...ဒီတော့ ဘာလို့ အစားအသောက် ဖြုန်းတီးနေရမှာလဲ"

"ရှင်...!"

အန်းခယ့်ရှင်း က အစားအသောက်ဗန်းကို မီးဖိုပေါ်သို့ တွန်းချလိုက်သည်။ အားလွန်သွားသည်မို့ အစားအသောက်များ ဖိတ်ကျသွားလေ၏။

စားဖိုမှူးဝမ်က တစ်ချက်ကြည့်လိုက်ပြီးနောက် သနားဟန်အမူအရာဖြင့် ပြောလိုက်သည်။

"ဒုတိယသခင်မလေး...ကျုပ်တို့က မိသားစုထဲက လူတိုင်း စားလောက်ရုံပဲ ချက်ထားတာပါ။ အခု သခင်မလေးအတွက် ဝေစုကို သခင်မလေးကိုယ်တိုင် ဖိတ်သွားအောင် လုပ်လိုက်တာဆိုတော့ သခင်မလေး ကို ပေးစရာ အစားအစာ မရှိတော့ပါဘူး"

အန်းခယ့်ရှင်း က လှောင်ပြောင်ပြောဆိုလိုက်သည်။

"ဒီသခင်မလေးက မဖြစ်စလောက် မသဒ္ဓါရေစာလေးကို ဂရုစိုက်နေမယ်လို့ ရှင် ထင်နေတာလား။ ရှင် စောင့်နေလိုက်...ဒီသခင်မလေးက တစ်နေ့ကျရင်  ရှင်လုပ်ခဲ့သမျှ နောင်တရအောင် လုပ်ပြမယ်"

"ဒါဆိုရင်တော့ ကျုပ် စားဖိုမှူးဝမ်က သခင်မလေး ကျုပ်ကို ဘယ်လို နောင်တရအောင် လုက်ပြမယ် ဆိုတာကို စောင့်နေရမှာပေါ့လေ"

စားဖိုမှူးဝမ်က သူမကို လုံးဝ ကြောက်ရွံ့မနေပါပေ။

အန်းခယ့်ရှင်း က လှည့်ထွက်သွားလေသည်။

အစေခံနှစ်ဦးက သူမ ဒေါသပုန်ထကာ ထွက်လာသည်ကို မြင်လိုက်ကြသည်။ သူတို့ထဲမှ တစ်ယောက်က ကျယ်လောင်စွာ ပြောလိုက်လေ၏။

"ငါ ကြားတာတော့ ကိုယ်လုပ်တော်ကျန်းက စီရင်စုအောက်တရားသူကြီး ကျန်း ဆိုလား ဘာလား အဲ့တစ်ယောက်နဲ့ ပေါင်းပြီး သခင်လေးကို
အကွက်ချ ဖမ်းဆီးဖို့ ကြံစည်ခဲ့တာ တဲ့။ သူမက သခင်လေးနဲ့ ကူရဲ့ရှေ့မှာကို တကယ်လုပ်ခဲ့တာ။ ဒီလိုမျိုး လုပ်ရဲတယ်ဆိုမှတော့ အကျိုးဆက်ကိုလည်း လက်ခံနိုင်ရမှာပေါ့ဟာ။ ဘာကိစ္စ ရူးချင်ဟန်ဆောင်ရတာလဲ?ဒီလိုလူမျိုးက မိုးကြိုးပစ်ခံရသင့်တယ်"

"အမှန်ပဲ ။ အဲ့ဒီအချိန်က ကူရဲ့ကြောင့်သာ မဟုတ်ဘူးဆိုရင် ငါတို့အားလုံး အကျဥ်းထောင်ထဲ ရောက်နေလောက်ပြီ"

"အချို့လူတွေကတော့လေ...သူတို့ကိုယ်သူတို့ သခင်မလေး ဆိုပြီး အာဏာပြချင်နေတုန်းပဲ။ သူတို့ကိုယ်သူတို့ အဲ့ဒီ ဂုဏ်ပုဒ်နဲ့ တန်မတန် ဆိုတာကို ဘာလို့ မစဥ်းစားကြပါလိမ့်"

အန်းခယ့်ရှင်း သူမ၏ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိသည်။ တစ်နေ့၌ ထိုလူများအားလုံး ပြန်လည်ပေးဆပ်ရမည် ဟု စိတ်ထဲမှ ကျိန်ဆိုလိုက်လေ၏။ သေချာပေါက် ပေးဆပ်ကြရမည်။

သူမ ကျောက်စိမ်းရေစင်ခြံဝန်းသို့ ပြန်သွားလေ၏။

ကျန်းပိ၏ အခြေအနေက ထိုနည်းလည်းကောင်းသာ ဖြစ်နေလေသည်။

အန်းခယ့်ရှင်း သူမမိခင်၏ မသပ်ရပ် ပေပွနေသော ပုံစံကို ကြည့်လိုက်မိ၏။ သူမ အမေသည် အရွယ်ရောက်နေသည့် လူကြီးနှင့် မတူသလို ဖြစ်နေပေသည်။ သူမ ရင်ထဲ၌ ဒေါသများ ပေါက်ကွဲထွက်လာပြန်၏။ သူမက ရှေ့သို့ အလျှင်အမြန် တိုးသွားလိုက်ကာ ကျန်းပိ၏ ပုခုံးများကို ဆုပ်ကိုင်လိုက်သည်။ သူမ အော်ဟစ်ပြောဆိုလာပေ၏။

"ဘာလို့လဲ...အမေရဲ့။ အမေ ဘာလို့ အဲ့ဒီနေ့က မလုပ်သင့်တာတွေ လျှောက်လုပ်ခဲ့ရတာလဲ။ ဒီရက်တွေထဲမှာ အမေ့သမီး ဘယ်လိုမျိုး ရှင်သန်နေရလဲဆိုတာကို အမေ သိရဲ့လား။ ကျွန်မကို ဘယ်သူကမှ အန်းမိသားစုရဲ့ ဒုတိယသခင်မလေး အဖြစ် မဆက်ဆံကြတော့ဘူး။ သူတို့ ကျွန်မကို တွေ့မြင်လိုက်ကြတိုင်း အေးစက်စက် အကြည့်တွေနဲ့ လှောင်ပြောင်သရော်နေကြတယ်။ အမေက ရူးချင်ယောင်ဆောင်နေတယ်လို့လည်း သူတို့က ပြောနေကြတယ်။ အဲ့တာ အမှန်ပဲလားဟင်...အဲ့တာ အမှန်လားလို့...အား...!"

ပြန်ဖြေရမည့်အစား ကျန်းပိ၏ အသက်မဲ့နေသော မျက်လုံးများက အပြင်ဘက်ဆီသို့ အကြည့် ရောက်သွားသည်။

အန်းခယ့်ရှင်းက သတိထားမိလိုက်၏။ သူမက သူမ၏ လက်များကို ရုတ်ချည်း လွှတ်လိုက်ကာ နောက်သို့ ​ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။ သူမက ထေ့ငေါ့၍ ပြောလိုက်လေ၏။

"အမေ အပြင်ဘက်ကို ကြည့်မနေပါနဲ့။ အခု ကျောက်စိမ်းရေစင်ခြံဝန်း ထဲမှာ ဘာ အစေခံမှ မရှိတော့ဘူး။ အမေနဲ့ ကျွန်မ နှစ်ယောက်ပဲ ရှိတော့တယ် "

ကျန်းပိက တစ်ချက် ခုန်လိုက်လေ၏။ သူမ ပါးစပ်ကို ဖွင့်ဟလာလေပြီး ပြောလိုက်လေသည်။

"အစားအသောက်တွေကရော?"

သူမက မနက်ရော နေ့ခင်းပါ ဘာမျှ မစားရသေးပေ။ သူမ၏ ရူးသွပ်နေဟန်ကို ထိန်းသိမ်းထားဖို့ရာအတွက် တမင်သက်သက် အစားမစားခြင်း ဖြစ်သည်။ သူမက အသီးအနှံနည်းနည်း စားထားသော်ငြား ဝမ်းဝရန်အထိ မလုံလောက်သေးပေ။ ယခုအခါ၌ သူမက ညစာကို စောင့်စားနေခြင်းဖြစ်ပေသည်။

"အမေ...ဒီတော့ အမေက တကယ်ကြီး ဟန်ဆောင်နေတာပေါ့လေ"

အန်းခယ့်ရှင်း သူမ အမေကို စိုက်ကြည့်လိုက်မိ၏။ ရယ်စရာကောင်းလွန်းလှသည်။ သူမက နောက်ဆုံးမှ သိရသူ ဖြစ်နေပေ၏။ သူမကို သူမအမေဆီမှ သင်ယူသင့်ကြောင်း အန်းကျီယန် ပြောခဲ့သည်မှာ အံ့သြစရာမရှိပေ။ သူက သူမအမေ ဟန်ဆောင်နေသည်ကို ခန့်မှန်းမိပြီးသား ဖြစ်ပေလိမ့်မည်။

သူမသမီးက သူမကို ပြစ်တင်ပြောဆိုလိုဟန်ဖြင့် ကြည့်နေကြောင်း သူမမြင်လိုက်ရချိန်၌ ကျန်းပိ ရုတ်တရတ် ရူးချင်သွားသည်။ သူမက စူးရှရှ ပြန်ပြောလိုက်လေ၏။

"ဒါဆို နင် ပြောကြည့်လေ...နင့်အမေ ငါသာ ရူးချင်ယောင်မဆောင်ဘူးဆိုရင် ငါ ဘာဆက်လုပ်ရမလဲ? အန်းကျီယန် ငါ့တံခါးကို လာခေါက်ပြီး ငါနဲ့ ပြဿနာ လာရှင်းတဲ့အချိန်ထိ ငါ စောင့်ရမှာလား?သူ လက်ထပ်ထားတဲ့သူက ဝမ်ရယ်တစ်ပါးလေ။ သူသာ ငါ့ကို ဒုက္ခပေးမယ်ဆိုရင် နင့်အမေရဲ့ သေးသိမ်တဲ့ဘဝလေး အဆုံးသတ်သွားရလိမ့်မယ်"

အန်းခယ့်ရှင်း ကျယ်ကျယ်လောင်လောင် အော်ဟစ်လိုက်လေသည်။

"ဒါပေမယ့် အမေ ကျွန်မကိုပါ ဘာလို့ အမေနဲ့အတူ ရေထဲ ဆွဲချရတာလဲ...အား!"

ကျန်းပိ ကြောင်အသွားလေသည်။ သူမ အာရုံများကို စုစည်းမိချိန်တွင် သူမသမီးက သူမကို အပြစ်တင်နေကြောင်း နားလည်လိုက်လေ၏။ သူမ ပို၍ပင် ဒေါသထွက်လာတော့သည်။

"ဒါက ဘာစကားလဲ?အမေက ဘာလို့ နင့်ကို ရေထဲ ဆွဲချရမှာလဲ။ အဲ့အချိန်က ငါလုပ်ခဲ့သမျှအားလုံး နင့်အတွက်ပဲ မဟုတ်ဘူးလား။ အဲ့ဒီလိုမှ မဟုတ်ရင် ငါက ဘာလို့ အကြီးအကျယ် စွန့်စားပြီး အဲ့နေရာကို ပြေးသွားရမှာလဲ။ အခုကျတော့ နင်က နင့်အမေကို အပြစ်တင်လာပြီပေါ့လေ ဟုတ်လား?"

အန်းခယ့်ရှင်းက အေးစက်စက် ပြုံးလိုက်သည်။

"ကျွန်မအတွက် တဲ့လား?အရာအားလုံးက အမေ့အတွက် အမေပဲ လုပ်ခဲ့တာချည်း မဟုတ်ဘူးလား"

ကျန်းပိ သက်ပြင်းတစ်ချက် ရှိုက်လိုက်မိသည်။ သူမ၏ ခန္ဓာကိုယ်က အားယုတ်သွားလေ၏။ သူမ ထိုင်ခုံ တစ်လုံးကို အားပြုလိုက်ပြီး ထိုင်လိုက်ရသည်။ သူမ သူမ၏သမီးကို မယုံကြည်နိုင်သည့် အမူအရာဖြင့် စိုက်ကြည့်လိုက်မိသည်။

အန်းခယ့်ရှင်း သူမခေါင်းကို မော့ထားလိုက်၏။ သူမ မှားသည်ဟု လုံးဝ မခံစားရပါပေ။

ကျန်းပိသည် မျက်လုံးဖြူဝံပုလွေတစ်ကောင်ကို ပျိုးထောင်ခဲ့မိကြောင်း သိလိုက်ရချေ၏။

ကျောက်စိမ်းရေစင်ခြံဝန်းထဲ၌ ဖြစ်ပျက်သမျှသည် ထိုညတွင်ပင် အန်းကျီယန် ဆီသို့ သတင်းရောက်သွားသည်။ ခြံဝန်းထဲ၌ သားအမိနှစ်ယောက်သာ ရှိသည် မှန်သော်လည်း သူတို့နှစ်ဦး စကားများသည့် အသံများက ကျယ်လောင်လှ၏။ ကျန်းပိက အလွန်အမင်း ဒေါသထွက်နေသည်မို့ သူမ၏ အသံကို ချုပ်တည်းမထားနိုင်ခဲ့ပေ။ ထို့ကြောင့် ခြံဝန်းဘေးမှ ဖြတ်သွားသော အစေခံတစ်ယောက် က အားလုံး ကြားခဲ့ခြင်း ဖြစ်သည်။

သူမ ဟန်ဆောင်နေခြင်း ဖြစ်ကြောင်း အန်းကျီယန် သိထားပြီး ဖြစ်သည်မို့ သူက သူတို့ကို ချက်ချင်း ပြဿနာ သွားမရှင်းသေးပေ။ သူက မိသားစုကို ကျွင်းကျီမြို့သို့ ရွှေ့ပြောင်းရန်အတွက် ပြင်ဆင်နေရခြင်းနှင့်ပင် အလွန်တရာ အလုပ်များနေပြီ ဖြစ်သည်။

သို့သော်လည်း သူက ထိုသားအမိနှစ်ယောက်ကို ကျွင်းကျီမြို့သို့ ခေါ်ဆောင်သွားရန်တော့ ကြံရွယ်ထားခြင်း မရှိပေ။

ထိုနှစ်ယောက်က ပြဿနာ ရှာလွန်းလှသည်။ အန်းခယ့်ရှင်း က သူမကိုယ်သူမ ကိုယ်လုပ်တော်ဖွားသာ ဖြစ်ကြောင်းကို မေ့လျော့ကာ မမှီတဲ့ပန်း တုံးခုလှမ်းသကဲ့သို့ အာဏာရှိသူတစ်ယောက်နှင့် လက်ထပ်လိုနေကြောင်း သူ သိပေသည်။ ထို့ကြောင့် သူ မရွှေ့ပြောင်းမီ အန်းခယ့်ရှင်း၏ လက်ထပ်ပွဲကိစ္စ ကို အရင်ဆုံး စီစဥ်ခဲ့ရပေလိမ့်မည်။

ဖူဝူထျန်း တံခါးမှ လျှောက်ဝင်လာချိန်တွင် သူ့၏ ဝမ်ဖေးလေးက အတွေးများကြား နစ်မြုပ်နေကြောင်း မြင်လိုက်ရလေသည်။

လူငယ်လေးက အလွန်တရာ အာရုံစိုက်နေဟန်ရသည်။ ရုတ်တရတ် ကြည့်လျှင် မသိသာသော်ငြား သူ့ဝမ်ဖေးလေး အနည်းငယ် ပိန်သွားကြောင်း ဖူဝူထျန်း ချက်ချင်း သိရှိသွားသည်။ သူ့မျက်နှာထက်ရှိ အဆီပိုလေးများက တဖြည်းဖြည်း ပျောက်ကွယ်နေပေ၏။ သူ့၏ ခန္ဓာကိုယ်သည်လည်း စတင် ဆန့်ထွက်လာချေ၏။ သူ့၏ ကလေးဆန်ဆန် မျက်နှာထားသည်လည်း မှေးမှိန်သွားလေပြီ။ ဖူဝူထျန်း၏ ချောမောလှပသော မျက်နှာထက်၌ အန္တရာယ် ရှိသော အလင်းတစ်ချက် လက်သွားသည်။ သူက ပိုပိုပြီး ချစ်ဖို့ကောင်းလာနေပေသည်။

သူ လျှောက်လာပြီးနောက် လူငယ်လေးက စာရွက်တစ်ရွက်ပေါ်တွင် မိသားစု၏ ပစ္စည်းပစ္စယများ အားလုံးကို ချရေးကာ အသေးစိတ် စီစဥ်ရေးသားထားကြောင်း သူ မြင်လိုက်ရလေသည်။

Zawgyi

အပိုင္း (၆၉.၂) - ႐ူးဟန္ေဆာင္ျခင္း

ေက်ာက္စိမ္းေရစင္ၿခံဝန္း ရွိ အေစခံမ်ားသည္ သူတို႔ကို အျခားေနရာမ်ား၌ ခိုင္းေစပါရန္ အိမ္ေတာ္ထိန္းဆု အား ေတာင္းဆိုၾကသည္။ အိမ္ေတာ္ထိန္းဆု က မ်ားစြာ ျပန္မေျပာဘဲ အလွ်င္အျမန္ စီစဥ္ေပးလိုက္ေသာ္ျငား ေက်ာက္စိမ္းေရစင္ၿခံဝန္း သို႔ လူထပ္မံ ပို႔မေပးေတာ့ေခ်။ အန္းခယ့္ရွင္း သည္ မည္သည့္ အေစခံကိုမွ ရွာမရေတာ့သည္မို႔ သူမကိုယ္တိုင္ကိုယ္က် သာ စားဖိုေဆာင္သို႔ သြား၍ အစားအစာ သြားယူရေတာ့၏။

စားဖိုမႉးဝမ္ က ထိုသားအမိကို ဘယ္တုန္းကမွ သေဘာမက်ခဲ့ေပ။ ထိုျဖစ္ရပ္ အၿပီး၌ အိမ္ေတာ္သခင္က သူတို႔ကို လ်စ္လ်ဴရႈလိုက္ၿပီမို႔ စားဖိုမႉးဝမ္ အန္းခယ့္ရွင္း ကို ျမင္လိုက္ခ်ိန္၌ သူမကို မ်က္ႏွာသာမေပးေခ်။ သူ သူမကို ေပးလိုက္သည့္ အစားအေသာက္သည္ပင္ ပုံမွန္ထက္ နည္းေနေပ၏။

အန္းခယ့္ရွင္း၏ မ်က္ႏွာက အစိမ္းေရာင္ ေျပာင္းသြားေလသည္။

"ဒီေလာက္နည္းတဲ့ အစားအစာေလးနဲ႕ ငါတို႔ ဘယ္လိုလုပ္ ေလာက္နိုင္မွာတဲ့လဲ?စားဖိုမႉးဝမ္...ရွင္က အန္းမိသားစုရဲ႕ အေစခံတစ္ေယာက္သာသာပဲ ဆိုတာကို ေမ့မေနနဲ႕!"

စားဖိုမႉးဝမ္ က ၿပဳံးလိုက္၏။

"ဒုတိယသခင္မေလး...က်ဳပ္ စားဖိုမႉးဝမ္က အန္းမိသားစုရဲ႕ အေစခံပါပဲ။ က်ဳပ္က ဒီအခ်က္ကို ေမ့မေနပါဘူး...ဒါေပမယ့္ သခင္မေလးလည္း သိထားရမွာက ဒီအိမ္ေတာ္ရဲ႕ အရွင္သခင္ဟာ သခင္မေလးတို႔ သားအမိမဟုတ္ဘဲ သခင္ေလးသာ ျဖစ္တယ္ ဆိုတာကိုေပါ့။ ကိုယ္လုပ္ေတာ္ က်န္းက ႐ူးသြားၿပီဆိုေတာ့ က်ဳပ္အထင္ သူက သိပ္စားစရာမလိုဘူးလားလို႔ေလ...ဒီေတာ့ ဘာလို႔ အစားအေသာက္ ျဖဳန္းတီးေနရမွာလဲ"

"ရွင္...!"

အန္းခယ့္ရွင္း က အစားအေသာက္ဗန္းကို မီးဖိုေပၚသို႔ တြန္းခ်လိဳက္သည္။ အားလြန္သြားသည္မို႔ အစားအေသာက္မ်ား ဖိတ္က်သြားေလ၏။

စားဖိုမႉးဝမ္က တစ္ခ်က္ၾကည့္လိုက္ၿပီးေနာက္ သနားဟန္အမူအရာျဖင့္ ေျပာလိုက္သည္။

"ဒုတိယသခင္မေလး...က်ဳပ္တို႔က မိသားစုထဲက လူတိုင္း စားေလာက္႐ုံပဲ ခ်က္ထားတာပါ။ အခု သခင္မေလးအတြက္ ေဝစုကို သခင္မေလးကိုယ္တိုင္ ဖိတ္သြားေအာင္ လုပ္လိုက္တာဆိုေတာ့ သခင္မေလး ကို ေပးစရာ အစားအစာ မရွိေတာ့ပါဘူး"

အန္းခယ့္ရွင္း က ေလွာင္ေျပာင္ေျပာဆိုလိုက္သည္။

"ဒီသခင္မေလးက မျဖစ္စေလာက္ မသဒ္ဓါရေစာလေးကို ဂ႐ုစိုက္ေနမယ္လို႔ ရွင္ ထင္ေနတာလား။ ရွင္ ေစာင့္ေနလိုက္...ဒီသခင္မေလးက တစ္ေန႕က်ရင္  ရွင္လုပ္ခဲ့သမွ် ေနာင္တရေအာင္ လုပ္ျပမယ္"

"ဒါဆိုရင္ေတာ့ က်ဳပ္ စားဖိုမႉးဝမ္က သခင္မေလး က်ဳပ္ကို ဘယ္လို ေနာင္တရေအာင္ လုက္ျပမယ္ ဆိုတာကို ေစာင့္ေနရမွာေပါ့ေလ"

စားဖိုမႉးဝမ္က သူမကို လုံးဝ ေၾကာက္႐ြံ႕မေနပါေပ။

အန္းခယ့္ရွင္း က လွည့္ထြက္သြားေလသည္။

အေစခံႏွစ္ဦးက သူမ ေဒါသပုန္ထကာ ထြက္လာသည္ကို ျမင္လိုက္ၾကသည္။ သူတို႔ထဲမွ တစ္ေယာက္က က်ယ္ေလာင္စြာ ေျပာလိုက္ေလ၏။

"ငါ ၾကားတာေတာ့ ကိုယ္လုပ္ေတာ္က်န္းက စီရင္စုေအာက္တရားသူႀကီး က်န္း ဆိုလား ဘာလား အဲ့တစ္ေယာက္နဲ႕ ေပါင္းၿပီး သခင္ေလးကို
အကြက္ခ် ဖမ္းဆီးဖို႔ ႀကံစည္ခဲ့တာ တဲ့။ သူမက သခင္ေလးနဲ႕ ကူရဲ႕ေရွ႕မွာကို တကယ္လုပ္ခဲ့တာ။ ဒီလိုမ်ိဳး လုပ္ရဲတယ္ဆိုမွေတာ့ အက်ိဳးဆက္ကိုလည္း လက္ခံနိုင္ရမွာေပါ့ဟာ။ ဘာကိစၥ ႐ူးခ်င္ဟန္ေဆာင္ရတာလဲ?ဒီလိုလူမ်ိဳးက မိုးႀကိဳးပစ္ခံရသင့္တယ္"

"အမွန္ပဲ ။ အဲ့ဒီအခ်ိန္က ကူရဲ႕ေၾကာင့္သာ မဟုတ္ဘူးဆိုရင္ ငါတို႔အားလုံး အက်ဥ္းေထာင္ထဲ ေရာက္ေနေလာက္ၿပီ"

"အခ်ိဳ႕လူေတြကေတာ့ေလ...သူတို႔ကိုယ္သူတို႔ သခင္မေလး ဆိုၿပီး အာဏာျပခ်င္ေနတုန္းပဲ။ သူတို႔ကိုယ္သူတို႔ အဲ့ဒီ ဂုဏ္ပုဒ္နဲ႕ တန္မတန္ ဆိုတာကို ဘာလို႔ မစဥ္းစားၾကပါလိမ့္"

အန္းခယ့္ရွင္း သူမ၏ လက္သီးကို က်စ္က်စ္ပါေအာင္ ဆုပ္လိုက္မိသည္။ တစ္ေန႕၌ ထိုလူမ်ားအားလုံး ျပန္လည္ေပးဆပ္ရမည္ ဟု စိတ္ထဲမွ က်ိန္ဆိုလိုက္ေလ၏။ ေသခ်ာေပါက္ ေပးဆပ္ၾကရမည္။

သူမ ေက်ာက္စိမ္းေရစင္ၿခံဝန္းသို႔ ျပန္သြားေလ၏။

က်န္းပိ၏ အေျခအေနက ထိုနည္းလည္းေကာင္းသာ ျဖစ္ေနေလသည္။

အန္းခယ့္ရွင္း သူမမိခင္၏ မသပ္ရပ္ ေပပြေနေသာ ပုံစံကို ၾကည့္လိုက္မိ၏။ သူမ အေမသည္ အ႐ြယ္ေရာက္ေနသည့္ လူႀကီးႏွင့္ မတူသလို ျဖစ္ေနေပသည္။ သူမ ရင္ထဲ၌ ေဒါသမ်ား ေပါက္ကြဲထြက္လာျပန္၏။ သူမက ေရွ႕သို႔ အလွ်င္အျမန္ တိုးသြားလိုက္ကာ က်န္းပိ၏ ပုခုံးမ်ားကို ဆုပ္ကိုင္လိုက္သည္။ သူမ ေအာ္ဟစ္ေျပာဆိုလာေပ၏။

"ဘာလို႔လဲ...အေမရဲ႕။ အေမ ဘာလို႔ အဲ့ဒီေန႕က မလုပ္သင့္တာေတြ ေလွ်ာက္လုပ္ခဲ့ရတာလဲ။ ဒီရက္ေတြထဲမွာ အေမ့သမီး ဘယ္လိုမ်ိဳး ရွင္သန္ေနရလဲဆိုတာကို အေမ သိရဲ႕လား။ ကြၽန္မကို ဘယ္သူကမွ အန္းမိသားစုရဲ႕ ဒုတိယသခင္မေလး အျဖစ္ မဆက္ဆံၾကေတာ့ဘူး။ သူတို႔ ကြၽန္မကို ေတြ႕ျမင္လိုက္ၾကတိုင္း ေအးစက္စက္ အၾကည့္ေတြနဲ႕ ေလွာင္ေျပာင္သေရာ္ေနၾကတယ္။ အေမက ႐ူးခ်င္ေယာင္ေဆာင္ေနတယ္လို႔လည္း သူတို႔က ေျပာေနၾကတယ္။ အဲ့တာ အမွန္ပဲလားဟင္...အဲ့တာ အမွန္လားလို႔...အား...!"

ျပန္ေျဖရမည့္အစား က်န္းပိ၏ အသက္မဲ့ေနေသာ မ်က္လုံးမ်ားက အျပင္ဘက္ဆီသို႔ အၾကည့္ ေရာက္သြားသည္။

အန္းခယ့္ရွင္းက သတိထားမိလိုက္၏။ သူမက သူမ၏ လက္မ်ားကို ႐ုတ္ခ်ည္း လႊတ္လိုက္ကာ ေနာက္သို႔ ေျခလွမ္းအနည္းငယ္ ဆုတ္လိုက္သည္။ သူမက ေထ့ေငါ့၍ ေျပာလိုက္ေလ၏။

"အေမ အျပင္ဘက္ကို ၾကည့္မေနပါနဲ႕။ အခု ေက်ာက္စိမ္းေရစင္ၿခံဝန္း ထဲမွာ ဘာ အေစခံမွ မရွိေတာ့ဘူး။ အေမနဲ႕ ကြၽန္မ ႏွစ္ေယာက္ပဲ ရွိေတာ့တယ္ "

က်န္းပိက တစ္ခ်က္ ခုန္လိုက္ေလ၏။ သူမ ပါးစပ္ကို ဖြင့္ဟလာေလၿပီး ေျပာလိုက္ေလသည္။

"အစားအေသာက္ေတြကေရာ?"

သူမက မနက္ေရာ ေန႕ခင္းပါ ဘာမွ် မစားရေသးေပ။ သူမ၏ ႐ူးသြပ္ေနဟန္ကို ထိန္းသိမ္းထားဖို႔ရာအတြက္ တမင္သက္သက္ အစားမစားျခင္း ျဖစ္သည္။ သူမက အသီးအႏွံနည္းနည္း စားထားေသာ္ျငား ဝမ္းဝရန္အထိ မလုံေလာက္ေသးေပ။ ယခုအခါ၌ သူမက ညစာကို ေစာင့္စားေနျခင္းျဖစ္ေပသည္။

"အေမ...ဒီေတာ့ အေမက တကယ္ႀကီး ဟန္ေဆာင္ေနတာေပါ့ေလ"

အန္းခယ့္ရွင္း သူမ အေမကို စိုက္ၾကည့္လိုက္မိ၏။ ရယ္စရာေကာင္းလြန္းလွသည္။ သူမက ေနာက္ဆုံးမွ သိရသူ ျဖစ္ေနေပ၏။ သူမကို သူမအေမဆီမွ သင္ယူသင့္ေၾကာင္း အန္းက်ီယန္ ေျပာခဲ့သည္မွာ အံ့ၾသစရာမရွိေပ။ သူက သူမအေမ ဟန္ေဆာင္ေနသည္ကို ခန့္မွန္းမိၿပီးသား ျဖစ္ေပလိမ့္မည္။

သူမသမီးက သူမကို ျပစ္တင္ေျပာဆိုလိုဟန္ျဖင့္ ၾကည့္ေနေၾကာင္း သူမျမင္လိုက္ရခ်ိန္၌ က်န္းပိ ႐ုတ္တရတ္ ႐ူးခ်င္သြားသည္။ သူမက စူးရွရွ ျပန္ေျပာလိုက္ေလ၏။

"ဒါဆို နင္ ေျပာၾကည့္ေလ...နင့္အေမ ငါသာ ႐ူးခ်င္ေယာင္မေဆာင္ဘူးဆိုရင္ ငါ ဘာဆက္လုပ္ရမလဲ? အန္းက်ီယန္ ငါ့တံခါးကို လာေခါက္ၿပီး ငါနဲ႕ ျပႆနာ လာရွင္းတဲ့အခ်ိန္ထိ ငါ ေစာင့္ရမွာလား?သူ လက္ထပ္ထားတဲ့သူက ဝမ္ရယ္တစ္ပါးေလ။ သူသာ ငါ့ကို ဒုကၡေပးမယ္ဆိုရင္ နင့္အေမရဲ႕ ေသးသိမ္တဲ့ဘဝေလး အဆုံးသတ္သြားရလိမ့္မယ္"

အန္းခယ့္ရွင္း က်ယ္က်ယ္ေလာင္ေလာင္ ေအာ္ဟစ္လိုက္ေလသည္။

"ဒါေပမယ့္ အေမ ကြၽန္မကိုပါ ဘာလို႔ အေမနဲ႕အတူ ေရထဲ ဆြဲခ်ရတာလဲ...အား!"

က်န္းပိ ေၾကာင္အသြားေလသည္။ သူမ အာ႐ုံမ်ားကို စုစည္းမိခ်ိန္တြင္ သူမသမီးက သူမကို အျပစ္တင္ေနေၾကာင္း နားလည္လိုက္ေလ၏။ သူမ ပို၍ပင္ ေဒါသထြက္လာေတာ့သည္။

"ဒါက ဘာစကားလဲ?အေမက ဘာလို႔ နင့္ကို ေရထဲ ဆြဲခ်ရမွာလဲ။ အဲ့အခ်ိန္က ငါလုပ္ခဲ့သမွ်အားလုံး နင့္အတြက္ပဲ မဟုတ္ဘူးလား။ အဲ့ဒီလိုမွ မဟုတ္ရင္ ငါက ဘာလို႔ အႀကီးအက်ယ္ စြန့္စားၿပီး အဲ့ေနရာကို ေျပးသြားရမွာလဲ။ အခုက်ေတာ့ နင္က နင့္အေမကို အျပစ္တင္လာၿပီေပါ့ေလ ဟုတ္လား?"

အန္းခယ့္ရွင္းက ေအးစက္စက္ ၿပဳံးလိုက္သည္။

"ကြၽန္မအတြက္ တဲ့လား?အရာအားလုံးက အေမ့အတြက္ အေမပဲ လုပ္ခဲ့တာခ်ည္း မဟုတ္ဘူးလား"

က်န္းပိ သက္ျပင္းတစ္ခ်က္ ရွိုက္လိုက္မိသည္။ သူမ၏ ခႏၶာကိုယ္က အားယုတ္သြားေလ၏။ သူမ ထိုင္ခုံ တစ္လုံးကို အားျပဳလိုက္ၿပီး ထိုင္လိုက္ရသည္။ သူမ သူမ၏သမီးကို မယုံၾကည္နိုင္သည့္ အမူအရာျဖင့္ စိုက္ၾကည့္လိုက္မိသည္။

အန္းခယ့္ရွင္း သူမေခါင္းကို ေမာ့ထားလိုက္၏။ သူမ မွားသည္ဟု လုံးဝ မခံစားရပါေပ။

က်န္းပိသည္ မ်က္လုံးျဖဴဝံပုေလြတစ္ေကာင္ကို ပ်ိဳးေထာင္ခဲ့မိေၾကာင္း သိလိုက္ရေခ်၏။

ေက်ာက္စိမ္းေရစင္ၿခံဝန္းထဲ၌ ျဖစ္ပ်က္သမွ်သည္ ထိုညတြင္ပင္ အန္းက်ီယန္ ဆီသို႔ သတင္းေရာက္သြားသည္။ ၿခံဝန္းထဲ၌ သားအမိႏွစ္ေယာက္သာ ရွိသည္ မွန္ေသာ္လည္း သူတို႔ႏွစ္ဦး စကားမ်ားသည့္ အသံမ်ားက က်ယ္ေလာင္လွ၏။ က်န္းပိက အလြန္အမင္း ေဒါသထြက္ေနသည္မို႔ သူမ၏ အသံကို ခ်ဳပ္တည္းမထားနိုင္ခဲ့ေပ။ ထို႔ေၾကာင့္ ၿခံဝန္းေဘးမွ ျဖတ္သြားေသာ အေစခံတစ္ေယာက္ က အားလုံး ၾကားခဲ့ျခင္း ျဖစ္သည္။

သူမ ဟန္ေဆာင္ေနျခင္း ျဖစ္ေၾကာင္း အန္းက်ီယန္ သိထားၿပီး ျဖစ္သည္မို႔ သူက သူတို႔ကို ခ်က္ခ်င္း ျပႆနာ သြားမရွင္းေသးေပ။ သူက မိသားစုကို ကြၽင္းက်ီၿမိဳ႕သို႔ ေ႐ႊ႕ေျပာင္းရန္အတြက္ ျပင္ဆင္ေနရျခင္းႏွင့္ပင္ အလြန္တရာ အလုပ္မ်ားေနၿပီ ျဖစ္သည္။

သို႔ေသာ္လည္း သူက ထိုသားအမိႏွစ္ေယာက္ကို ကြၽင္းက်ီၿမိဳ႕သို႔ ေခၚေဆာင္သြားရန္ေတာ့ ႀကံ႐ြယ္ထားျခင္း မရွိေပ။

ထိုႏွစ္ေယာက္က ျပႆနာ ရွာလြန္းလွသည္။ အန္းခယ့္ရွင္း က သူမကိုယ္သူမ ကိုယ္လုပ္ေတာ္ဖြားသာ ျဖစ္ေၾကာင္းကို ေမ့ေလ်ာ့ကာ မမွီတဲ့ပန္း တုံးခုလွမ္းသကဲ့သို႔ အာဏာရွိသူတစ္ေယာက္ႏွင့္ လက္ထပ္လိုေနေၾကာင္း သူ သိေပသည္။ ထို႔ေၾကာင့္ သူ မေ႐ႊ႕ေျပာင္းမီ အန္းခယ့္ရွင္း၏ လက္ထပ္ပြဲကိစၥ ကို အရင္ဆုံး စီစဥ္ခဲ့ရေပလိမ့္မည္။

ဖူဝူထ်န္း တံခါးမွ ေလွ်ာက္ဝင္လာခ်ိန္တြင္ သူ႕၏ ဝမ္ေဖးေလးက အေတြးမ်ားၾကား နစ္ျမဳပ္ေနေၾကာင္း ျမင္လိုက္ရေလသည္။

လူငယ္ေလးက အလြန္တရာ အာ႐ုံစိုက္ေနဟန္ရသည္။ ႐ုတ္တရတ္ ၾကည့္လွ်င္ မသိသာေသာ္ျငား သူ႕ဝမ္ေဖးေလး အနည္းငယ္ ပိန္သြားေၾကာင္း ဖူဝူထ်န္း ခ်က္ခ်င္း သိရွိသြားသည္။ သူ႕မ်က္ႏွာထက္ရွိ အဆီပိုေလးမ်ားက တျဖည္းျဖည္း ေပ်ာက္ကြယ္ေနေပ၏။ သူ႕၏ ခႏၶာကိုယ္သည္လည္း စတင္ ဆန့္ထြက္လာေခ်၏။ သူ႕၏ ကေလးဆန္ဆန္ မ်က္ႏွာထားသည္လည္း ေမွးမွိန္သြားေလၿပီ။ ဖူဝူထ်န္း၏ ေခ်ာေမာလွပေသာ မ်က္ႏွာထက္၌ အႏၱရာယ္ ရွိေသာ အလင္းတစ္ခ်က္ လက္သြားသည္။ သူက ပိုပိုၿပီး ခ်စ္ဖို႔ေကာင္းလာေနေပသည္။

သူ ေလွ်ာက္လာၿပီးေနာက္ လူငယ္ေလးက စာ႐ြက္တစ္႐ြက္ေပၚတြင္ မိသားစု၏ ပစၥည္းပစၥယမ်ား အားလုံးကို ခ်ေရးကာ အေသးစိတ္ စီစဥ္ေရးသားထားေၾကာင္း သူ ျမင္လိုက္ရေလသည္။

Continue Reading

You'll Also Like

69K 6.6K 60
" The darkness closed in around him, like a shroud of silence. Veeranshu's eyes fluttered open, and he was met with an unfamiliar ceiling. Groggily...
9.6K 883 37
Sena is the newest translator at the royal palace of Goryeo, highly skilled in languages and combat, quickly winning respect from the noble scholars.
79.4K 10K 25
This is the sequel of RRR, so new readers please read it before starting this book. Agneya, the soon to be crown prince of Rakshatra, was bounded by...
Erica By Sam

Historical Fiction

2.9M 109K 60
They say her voice was once bewitching to all who heard it. She was like a siren luring sailors to their deaths on quiet nights... Those are just rum...