ကုန်းမြေကြီး၏ အရှင်သခင်ဝမ်ဖေး...

By Hululu61

348K 58K 2.4K

အရင် accထဲဝင်မရတော့လို့ Book ခွဲလိုက်ပါပြီ 🙆 ဒါက အပိုင်း ၁ ကနေ ဖတ်လို့ရတဲ့ Linkပါ🖤 https://my.w.tt/7FVYRdnw... More

အပိုင်း (၄၁) - အတူတူအိပ်ခြင်း
အပိုင်း (၄၁) - အိပ်ရာမျှဝေခြင်း (CENSOR)
အပိုင်း (၄၂.၁) - ကူဖော်လောင်ဖက်
အပိုင်း (၄၂.၂) - ကူဖော်လောင်ဖက်(WARNING)
အပိုင်း (၄၃) - ကိုယ် မြင်လိုက်တယ်
အပိုင်း (၄၄) - မနက်စာ
အပိုင်း (၄၅) - တော်ဝင်မိသားစု သဘောထား
အပိုင်း (၄၆) - ဇနီးလေးရဲ့ ညီငယ်သေးသေးလေး
အပိုင်း (၄၇) - လယ်သမားများ
အပိုင်း (၄၈) - အန်းမိသားစုသို့ အပြန်
အပိုင်း (၄၉.၁) - သတို့သမီး မိဘအိမ် ပထမဆုံးပြန်ချိန် အကျပ်အတည်း
အပိုင်း (၄၉.၂) - သတို့သမီး မိဘအိမ် ပထမဆုံးပြန်ချိန် အကျပ်အတည်း
အပိုင်း (၅၀) - ခြိမ်းခြောက်ဖို့ရန်
အပိုင်း (၅၁) - တန်ပြန်အစီအစဥ်
အပိုင်း (၅၂) - အလုံးစုံ ထိန်းချုပ်ခြင်း
အပိုင်း (၅၃) - စားနပ်ရိက္ခာ သိုလှောင်ခြင်း
အပိုင်း (၅၄) - အစားအစာ ရရှိဖို့ရန်
အပိုင်း (၅၅) - မွှေးပျံ့ကော့လန်သည့် ဆန်(ပေါ်ဆန်းမွှေး)
အပိုင်း (၅၆) - သက်သေခံ အထောက်အထား
အပိုင်း (၅၇) - ပုန်းကွယ်နေသည့် လုပ်ကြံသတ်ဖြတ်သူ
အပိုင်း (၅၈) - လျှော်ပင်နှင့် ပင်လယ်တားမြစ်ချက်
အပိုင်း (၅၉) - ပိုးပန်းသူ
အပိုင်း (၆၀) - အန်းချောင်၏ စိတ်ဓာတ်ကြံ့ခိုင်မှု
အပိုင်း (၆၁.၁) - မမြင်ရသော လွှမ်းမိုးနိုင်စွမ်း
အပိုင်း (၆၁.၂) - မမြင်ရသော လွှမ်းမိုးနိုင်စွမ်း
အပိုင်း (၆၂.၁) - တိုးတက်မှု
အပိုင်း (၆၂.၂) - တိုးတက်မှု
အပိုင်း (၆၃.၁) - စာရင်းစာအုပ်
အပိုင်း (၆၃.၂) - စာရင်းစာအုပ်
အပိုင်း (၆၄.၁) - ဖူဝူထျန်း ၏ စွမ်းအား
အပိုင်း (၆၄.၂) - ဖူဝူထျန်း၏ စွမ်းအား
အပိုင်း (၆၅.၁) - ညဘက် ဝန်းရံတိုက်ခိုက်မှု
အပိုင်း (၆၅.၂) - ညဘက်ဝန်းရံတိုက်ခိုက်မှု
အပိုင်း (၆၆.၁) - ခေါင်းဖြတ်ကွပ်မျက်ခြင်း
အပိုင်း (၆၆.၂) - ခေါင်းဖြတ်ကွပ်မျက်ခြင်း
အပိုင်း (၆၇.၁) - အငြင်းပွားမှုအား စာရင်းရှင်းခြင်း
အပိုင်း (၆၇.၂) - အငြင်းပွားမှုအား စာရင်းရှင်းခြင်း
အပိုင်း (၆၈.၁) - တိုက်ဆိုင်မှု
Attention Plz
အပိုင်း (၆၉.၁) - ရူးဟန်ဆောင်ခြင်း
အပိုင်း (၆၉.၂) - ရူးဟန်ဆောင်ခြင်း
အပိုင်း (၇၀.၁) - လက်ထပ်ပေးခြင်း
အပိုင်း (၇၀.၂) - လက်ထပ်ပေးခြင်း
အပိုင်း (၇၁) - ဉာဏ်ပူဇော်ခ
အပိုင်း (၇၂) - စစ်ကြောမေးမြန်းခြင်း
အပိုင်း (၇၃) - စစ်ကြောမေးမြန်းခြင်းနှင့် စိတ်အား ထက်သန်မှု
အပိုင်း (၇၄.၁) - သာမန်လူများနှင့် ခြားနားသော[Warning!🔞]
အပိုင်း (၇၄.၂) - သာမန်လူများနှင့် ခြားနားသော
အပိုင်း(၇၅.၁) - ကူညီရန်
အပိုင်း (၇၅.၂) - ကူညီရန်
အပိုင်း (၇၆.၁) - လင်မယားနှစ်ယောက်သား အလည်အပတ်ရောက်လာခြင်း
အပိုင်း (၇၆.၂) - လင်မယားနှစ်ယောက်သား အလည်အပတ်ရောက်လာခြင်း
အပိုင်း (၇၇) - စီရင်ချက်
အပိုင်း (၇၈) - အန်းနန်းဆောင်
အပိုင်း (၇၉.၁) - အပြစ်ပေးခြင်း
အပိုင်း (၇၉.၂) - အပြစ်ပေးခြင်း
အပိုင်း (၈၀.၁) - ကိုယ်လုပ်တော် ရွေးချယ်ပွဲနှင့် စာပို့ခို
အပိုင်း (၈၀.၂) - ကိုယ်လုပ်တော် ရွေးချယ်ပွဲနှင့် စာပို့ခို
အပိုင်း (၈၁.၁) - လောင်းကစားရုံ
အပိုင်း (၈၁.၂) - လောင်းကစားရုံ
အပိုင်း (၈၂.၁) - ရက်စက်သော ပြိုင်ပွဲ
အပိုင်း (၈၂.၂) - ရက်စက်သော ပြိုင်ပွဲ
!!!

အပိုင်း (၆၈.၂) - တိုက်ဆိုင်မှု

4.2K 859 13
By Hululu61

Unicode

အပိုင်း (၆၈.၂) - တိုက်ဆိုင်မှု

ဖူဝူထျန်း က စာရင်းစာအုပ် နှင့် ပတ်သတ်၍ သေချာပေါက် စုံစမ်းစစ်ဆေးပေလိမ့်မည်။ ထိုအခါ၌ ဟုန်စီရင်စုရှိ အရာရှိပေါင်းများစွာ အပြစ်ဒဏ်သင့်သွားပေမည်။ သူ့အနေဖြင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားမှသာ ဤကိစ္စကို ချက်ချင်း ရင်ဆိုင်နိုင်မည် ဖြစ်သည်။ ထို့ကြောင့် ယခုချက်ချင်း သူ့အဖိုးကို သတင်းပို့ရပေမည်။

သူ့၏ လှုပ်ရှားမှုများက သတိမထားနိုင်စရာမရှိပေ။

သူတို့က ​ခြေတစ်လှမ်း နောက်ကျနေသော်လည်း မကြာမီမှာပင် ဟုန်စီရင်စု၏ အ​ခြေအနေကို သိရှိသွားလေသည်။

လျှိုဖေးဟုန် က အဖမ်းခံလိုက်ရသည်။ ဟုန်စီရင်စုက သူ့၏ ချုပ်ထိန်းမှုအောက်မှ လစ်လပ်သွား၏။ ယခုအခါတွင် စစ်သည်တပ်က စီရင်စုတရားသူကြီး၏ ကြီးမားလှသော အိမ်တော်ကို ထိန်းချုပ်ထားသည်။ ထိုမျှ ကြီးမားသော ကိစ္စ၏သတင်းသည် အလျှင်အမြန် ပျံ့နှံ့သွားပေ၏။

၎င်းသည် ချုန်းမင်ဧကရာဇ်၏ ရှေ့တော်မှောက်သို့ မှတ်တမ်းလွှာအသွင်ဖြင့် ရောက်ရှိသွားရန် အချိန် သိပ်မကြာလိုက်ချေ။

"အရှင်မင်းကြီး...ဒီ မှတ်တမ်းလွှာကို ကြည့်တော်မူပါမည်လား?"

ကုန်းကုန်း ဝမ်ပင်းက ခေါင်းကို ငုံ့ကိုင်းလိုက်လေပြီး ရင်ခွင်ထဲရှိ ကိုယ်လုပ်တော်နှင့် ချစ်ကြည်နူးနေသော ချုန်းမင်ဧကရာဇ် အား တိုက်ရိုက် မကြည့်တော့ပေ။

ယခုအခါတွင် ချုန်းမင်ဧကရာဇ် နန်းတက်ခဲ့သည်မှာ နန်းသက် နှစ်ဆယ့်ခုနစ်နှစ် ရှိပြီ ဖြစ်ပြီး၊ သူ့၏ သက်တော်မှာ လေးဆယ့်သုံးနှစ်သာ ရှိသေးသော်ငြား အသက်ငါးဆယ်ကျော်ဟု ထင်မှတ်ရသည့် ရုပ်သွင် ဖြစ်နေပေသည်။ ဤ အသက်အရွယ်တွင် သူက ဝိုင်အရက်ကို စွဲလမ်းမက်မောဆဲ ဖြစ်ပြီး တေးဂီတဖျော်ဖြေမှုတို့၌ ယစ်မူးတပ်မက်နေဆဲ ဖြစ်သည်။ မောင်းမဆောင်ထဲရှိ တော်ဝင်မိန်းမပျိုတို့သည်လည်း အရေးပေးမှုကို ရယူဖို့ရာ ယှဥ်ပြိုင်တိုက်ခိုက်နေခြင်းမှ သူတို့၏ သားတော်များကို ထီးနန်း ရရှိဖို့ရာ ရုန်းကန်ထောက်ပံ့ကြခြင်းအဖြစ်သို့ ပြောင်းလဲသွားကြသည်။

အချိန်အတော်ကြာမှသာ ဧကရာဇ်က တုန့်ပြန်မှုပြုလာလေသည်။

"ဘယ်လို မှတ်တမ်းလွှာမျိုး မိုလို့လဲ?အရေးကြီးကိစ္စ မဟုတ်ဘူးဆိုရင် အမတ်ချုပ်ကြီးကိုသာ ဖြေရှင်းခိုင်းလိုက်တော့"

ချုန်းမင်ဧကရာဇ် က အေးစက်စက် နှင့် ထူးမခြားနားဟန် အမူအရာကိုသာ ပြလေသည်။ ထို့နောက် သူက ပြန်လှည့်သွားကာ ငယ်ရွယ်လှပ၍ နုနယ်သော အင်ပါယာကိုယ်လုပ်တော် ကို ကလူမြူ၍ တခစ်ခစ်ရယ်အောင် လုပ်လိုက်လေသည်။ ညွတ်နူးချိုသာသည့်အသံက ဧကရာဇ်၏ အရိုးများကို ပျော့ပျောင်းသွားစေသည်။

ဝမ်ပင်းက မလျှော့သောဇွဲဖြင့် ပြန်ဖြေလိုက်၏။

"ဧကရာဇ် ကို လျှောက်တင်ပါတယ်...ဒီ မှတ်တမ်းလွှာက ကျွင်းဝမ်ကို စွပ်စွဲပြစ်တင်ထားတဲ့ မှတ်တမ်းလွှာ ဖြစ်ကြောင်းပါ"

ထိုစကားတစ်ခွန်းနှင့်ပင် ချုန်းမင်ဧကရာဇ်၏ အာရုံစိုက်မှုကို ဆွဲဆောင်လိုက်နိုင်သည်။ ဧကရာဇ် က သူ့လက်မောင်းကြားရှိ အင်ပါယာကိုယ်လုပ်တော်ကို တစ်ဖက်သို့ တွန်းလွှတ်လိုက်သည်မို့ သူမက ကြမ်းပြင်ထက်တွင် လဲကျသွားလေ၏။ သူမက သနားစဖွယ်ကြည့်ကာ အထွန့်တက်လိုပါသော်ငြား ဧကရာဇ်၏ အမူအရာက ရုတ်ချည်း လေးနက်တည်ကြည်သွားကြောင်း မြင်လိုက်ရသည်မို့ စကားမဆိုရဲတော့ပါချေ။ သူမက လဲနေရာမှ ထလိုက်ကာ ဖောက်ထွင်းမြင်ရမတတ် ပါးလွှာသော အဖြူရောင် ဇာပါးဝတ်ရုံကို
ဆွဲယူကာ ထွက်သွားလေတော့သည်။

ဤသည်မှာ မောင်းမဆောင်ထဲရှိ ဉာဏ်ရည် ထက်မြက်သော အမျိုးသမီးတိုင်း နားလည်ထားသော စည်းမျဥ်း ဖြစ်ပေသည်။ သို့မဟုတ်ပါက သူတို့အနေဖြင့် ရှင်းပစ်ခံရပေလိမ့်မည်။

ချုန်းမင်ဧကရာဇ်က တည်ငြိမ်စွာဖြင့် မှတ်တမ်းလွှာကို ဖတ်ရှုလိုက်၏။ ထို့နောက် သူက မှတ်တမ်းလွှာကို ပြန်ပိတ်ကာ ကြမ်းပြင်ပေါ် ပစ်ချလိုက်ချေ၏။ ထို့နောက် ကြားရသူတိုင်း ကြောက်လန့်တုန်ရီသွားစေမည့်အသံနှင့် သူက ပြောချလိုက်သည်။

"အမိန့်ပြန်လိုက်စမ်း...ဒီမှတ်တမ်းလွှာ ရေးတဲ့သူကို ရာထူးကနေ ဖယ်ရှားရမယ်။ အခုကနေစပြီး သူက မင်းမှုထမ်း အရာရှိ ဖြစ်လာစရာ အကြောင်းမရှိတော့ဘူး "

"အမိန့်အတိုင်းပါ...အရှင်မင်းကြီး"

ဝမ်ပင်းက လုံးဝ အံ့သြသွားခြင်း မရှိပေ။ သူက စာကြည့်ခန်း ထဲမှ ထွက်လိုက်ပြီးနောက် ပိတ်ထားသော တံခါးကို ခေါင်းလှည့်ကြည့်လိုက်မိသည်။

ထိုလူများက ဧကရာဇ်သည် ကျွင်းဝမ်၏လက်ထဲမှ စစ်တပ်အာဏာကို လိုချင်နေကြောင်းကိုသာ သိထားကြ၏။ ထို့ကြောင့် ကျွင်းဝမ် ပြဿနာအနည်းငယ် ရှာလိုက်သည်နှင့် သူတို့က စွပ်စွဲပြစ်တင်ချက်ထုတ်ရန်သာ တွေးတတ်ကြသည်။ ဤသို့ပြုလုပ်ခြင်းက ဧကရာဇ်ကို ပျော်ရွှင်စေမည်ဟု ထင်မှတ်နေကြ၏။ သို့သော် သူတို့ မသိသည်က ထိုသို့ပြုလုပ်ခြင်းမှာ ဧကရာဇ်၏ ဒဏ်ရာကို ဆားလာသိပ်နေသကဲ့သို့ ဖြစ်သည်ကိုပါပင်။

ကျွင်းဝမ်က အရင်ဧကရာဇ်၏ ဆန္ဒအမိန့်ကို ကိုင်ဆောင်ထားပေသည်။ တာ့ယာပြည်တွင် အမြင့်မြတ်ဆုံးဖြစ်သော လက်ရှိ ဧကရာဇ်သည်ပင် ကျွင်းဝမ်ကို ဖယ်ရှားမရနိုင်ချေ။ ထိုလူသည်ကား မီးတောက်ထဲ ဆီလောင်းနေသကဲ့သို့သေချာပေါက် သေလမ်းရှာနေခြင်းသာဖြစ်ရမည်။

ထို့ကြောင့် ဤကိစ္စမှာ မကြာရှည်လိုက်ပါချေ။

ဧကရာဇ်က ကျွင်းဝမ်အကြောင်း စွပ်စွဲလုပ်ကြံထားသော မှတ်တမ်းလွှာရေးသားသည့် အရာရှိကို ရာထူးမှ ထုတ်ပယ်လိုက်ကြောင်း အင်ပါယာရုံးတော်တစ်ခုလုံး သိရှိသွားကြသည်။

အကျိုးဆက်အနေဖြင့် ကောလာဟလများက နေရာတိုင်းသို့ ပျံ့နှံ့သွားသည်။

အမှန်တရားကို မသိရှိသူများက ဧကရာဇ်သည် ကျွင်းဝမ်ဘက်၌ ရပ်တည်နေသည်ဟု တွေးထင်လိုက်ကြသည်။ အချို့ကလည်း ဧကရာဇ်သည် ကျွင်းဝမ်ဆီမှ စစ်အင်အားကို အမှန်တကယ် မလိုချင်ဟု ထင်မှတ်သွားကြ၏။ ထို့ပြင် ဧကရာဇ်က ကျွင်းဝမ်ကို မကျေနပ်နေသူများအား ထုတ်ဖော်ဖို့ရာအတွက် ရည်ရွယ်ချက်ရှိရှိ ဟန်ဆောင်ထားခြင်းဟုလည်း တွေးမိသွားကြသည်။

အချိန်အနည်းငယ်အတွင်း အင်ပါယာရုံးတော်ထဲ၌ ကောလာဟလများ အသက်ဝင်လာကြသည်။

တစ်ချိန်တည်းမှာပင် လျှိုဖေးဟုန်၏ အာဏာကျဆင်းသွားမှုကြောင့် ဟုန်စီရင်စုထဲတွင် ဆူပူထကြွလာကြသည်။ ဖူဝူထျန်းက အလျှင်အမြန် လှုပ်ရှားလိုက်လေ၏။ ကျင်းကျုံးထင် သေဆုံးသွားပြီး နောက်နေ့တွင် စာရင်းစာအုပ်ပါ အကြောင်းအရာများကို တရားဝင် ဖော်ထုတ်ပစ်လိုက်သည်။ အချိန်မီ မပြင်ဆင်နိုင်လိုက်သည့် အရာရှိအချို့သည် လျှိုဖေးဟုန် လမ်းစဥ်အတိုင်း လိုက်ကြရလေပြီး တစ်ယောက်ပြီးတစ်ယောက် ဖမ်းဆီးခံလိုက်ရသည်။ သူတို့က အဖမ်းခံလိုက်ရပြီး အိမ်တော်ထဲသို့ အရှာဖွေခံရကာ ပိုင်ဆိုင်မှုများသည်လည်း နိုင်ငံဘဏ္ဍာတော်အဖြစ် သိမ်းယူခံလိုက်ရသည်။

ထိုမျှမကသေး...ဟုန်စီရင်စု၏ လူသိများကျော်ကြားသော စီးပွားရေးလုပ်ငန်းရှင်များ၏ အိမ်တော်များသည်လည်း ရှာဖွေခံရပြီး ပိုင်ဆိုင်မှုများ သိမ်းယူခံလိုက်ရသည်။ သူတို့၏ များပြားလှစွာသော ပစ္စည်းဥစ္စာများက ကျွင်းကျီမြို့ရှိ လူများကိုပင် အလွန်အမင်း မနာလို အားကျ ဖြစ်သွားစေသည်။ ဤသည်မှာကား အလွန်တရာ အကျိုးအမြတ်များလှသော အလုပ်ပင် ဖြစ်သည်။ သူတို့ပိုင်ဆိုင်သမျှသည် မတရားသိမ်းယူရရှိထားသော ပစ္စည်းဥစ္စာများ ဖြစ်ပေမည်။ ဤ အကျင့်ပျက်ခြစားမှုနှင့် အလွဲသုံးစားပြုမှုများသည် သေချာပေါက် နှစ်အနည်းငယ် ကြာပြီးလောက်ပြီဖြစ်ပြီး ဆယ်စုနှစ်မျှပင် ဖြစ်နေနိုင်သေးသည်။

သို့သော်လည်း မည်သူက လာဘ်စားခဲ့သောကာလနှင့် ထိုကဲ့သို့သော အဖြစ်အပျက်များကို အတိအကျ သိနိုင်လိမ့်မည်နည်း။

စာရင်းစာအုပ်ရှိ စာသားများကို အမှတ်တမဲ့ ရှာတွေ့သွားပြီး ထိုအခွင့်အရေးက ကျွင်းဝမ်၏ လက်ထဲသို့ ကျဆင်းသွားရခြင်း ဖြစ်သည်။ ဤသို့ ပြုလုပ်ခြင်းသည် ကျွင်းဝမ်အတွက် လွယ်ကူလွန်းလှ၏။

လူတိုင်း တွေးထင်ခဲ့ကြသည်က ကျွင်းဝမ်သည် သိမ်းဆည်းရထားသော ငွေကြေးဓနများကို ယူဆောင်၍ တာ့ယာပြည်၏ ရတနာတိုက်ထဲသို့ လွှဲပြောင်းပေးအပ်လိမ့်မည် ဟူ၍ပင်။သို့သော် နောက်ပိုင်း ပျံ့နှံ့လာသည့် အကြောင်းအရာက အားလုံးကို အံ့သြမှင်သက်သွားစေသည်။

ဘယ်အချိန်ကမှန်း မသိရသော်ငြား ကျွင်းဝမ်က အစောဦးစွာကပင် လူတကာ မလိုချင်သော အလုပ်ဖြစ်သည့် ချန်းစီရင်စု၏ သဘာဝဘေးအန္တရာယ်ကို ဦးဆောင်ဖို့ရာအတွက် တာဝန်ကို ဧကရာဇ်ထံမှ ခွင့်ပြုချက် တောင်းခံထားပြီး ဖြစ်သည်။

ရှေးယခင်ကတည်းက သဘာဝဘေးအန္တရာယ်များသည် တိုင်းပြည်တိုင်းအတွက် အရေးကြီးသည့် အဓိက ကိစ္စရပ်ဖြစ်သည်။

နှစ်စဉ်နှစ်တိုင်း သဘာဝဘေးအန္တရာယ်များကို ဖြေရှင်းဖို့ရာအတွက် နိုင်ငံဘဏ္ဍာတိုက်မှ ငွေကြေးအမြောက်အမြား သုံးစွဲပါသော်ငြား အကျင့်ပျက်အရာရှိများက မကြာခဏဆိုသလို ငွေကြေးပမာဏများစွာကို အိတ်ထဲထည့်တတ်ကြ၏။ ထိုဒေသသို့ ရောက်သွားသည့် ငွေကြေးပမာဏသည် သာမန်ပြည်သူများ သုံးစွဲရန်အတွက် လုံလောက်မှု မရှိတော့ပေ။

ဤသို့ ဖြစ်နေသည်မှာ နှစ်တိုင်းပင် ဖြစ်သည်။ ရတနာတိုက်မှ ငွေကြေးများသည် စမ်းချောင်းထဲရှိ ရေနှယ် တသွင်သွင် စီးဆင်းသွားရ၏။ ချန်းစီရင်စုမှာကား ခါးသီးမှုများနှင့် မကျေနပ်ချက်များ ပြည့်နှက်နေသည့် အောက်​ခြေမရှိသော တွင်းနက်ကြီးနှယ် ဖြစ်နေရသည်။ အဆုံးတွင်တော့ ဉာဏ်ရည်ထက်မြက်သူများက ဤကိစ္စ၌ ပါဝင်မပတ်သတ်ချင်ကြပေ။ ဟိုဘက်လှည့် ကျောပေး၍သာ ကိုင်တွယ်ရလွယ်ကူသည့် ကိစ္စများကိုသာ တာဝန်ယူကြကုန်၏။ ပို၍ပို၍ပင် ဤသည်မှာ ထိန်းချုပ်ခြင်းငှာ မစွမ်းနိုင်သည့် ကိစ္စအဖြစ်သို့ ဦးတည်လာပေသည်။

ဖူဝူထျန်းက ဤကိစ္စကို ကိုင်တွယ်မည့်သူ ဖြစ်ကြောင်း သိရှိသည့်သူ များစွာ မရှိပေ။ သို့သော် သိရှိသည့်သူများမှာလည်း ပွဲကြည့်လိုသည့် ရည်ရွယ်ချက်ဖြင့် ဖြစ်သည်။

သဘာဝဘေးအန္တရာယ်များကို ကိုင်တွယ်ရာတွင် ငွေကြေး လိုအပ်သည်။ ပိုက်ဆံမရှိဘဲ ကောင်းကင်ကြီးကို မှောက်ချနိုင်လိမ့်မည် မဟုတ်ပေ။ ဟုန်စီရင်စု၌ အကျင်ပျက်ခြစားမှူဖြစ်လာလိမ့်မည်ဟု မည်သူက သိရှိလိမ့်မည်နည်း။

ဤသို့ဖြင့် ယခုတွင်ကား ငွေကြေး ဖူလုံသွားပေပြီ။

အကျင့်ပျက်ခြစားသော ချမ်းသာကြွယ်ဝသည့်မိသားစုများထံမှ သိမ်းယူလာသော ငွေကြေးများစွာသည် နိုင်ငံဘဏ္ဍာတိုက်သို့ လွှဲပြောင်းမခံလိုက်ရပေ။ ကျွင်းဝမ်က ချန်းစီရင်စု၏ သဘာဝဘေးအန္တရာယ်ကို ဖြေရှင်းဖို့ရန် လိုအပ်သည်ဟူ၍
အကြောင်းပြချက် ချက်ချင်းပေးလိုက်သည်။ ဧကရာဇ်သည်ပင် ထိုကိစ္စကို ထောက်ပံ့ရုံသာ တတ်နိုင်ပေသည်။

အန်းကျီယန်သည်လည်း ဤသည်ကို မမျှော်လင့်ထားမိပါချေ။

သူက စားနပ်ရိက္ခာများကို သိုလှောင်ရန်အတွက် အင်အားများစွာ စိုက်ထုတ်လိုက်ရပြီး နောက်ဆုံး၌ကား အစားအစာများကို ဖူဝူထျန်းထံသို့ ရောင်းချခြင်းဖြင့်သာ အဆုံးသတ်သွားရ၏။

သို့သော် ဤသည်အားလုံးသည် နောက်ပိုင်းကိစ္စများသာ ဖြစ်သည်။ ယခုအခါတွင်ကား အန်းမိသားစုသည် ပြောင်းရွှေ့ဖို့ရာ အဆင်သင့် ဖြစ်နေလေပြီ။

အန်းမိသားစု ခြံဝန်းထဲ၌ လူများသေဆုံးသည့်ကိစ္စသည် လူများစွာ၏နှလုံးသားထဲ၌ အရိပ်သဖွယ် ထင်ကျန်နေခဲ့ပြီး အထူးသဖြင့် ကျန်းပိနှင့် သူ့သမီးတို့ဖြစ်သည်။ အန်းကျီယန်က သူတို့နှင့် မျက်နှာချင်း မဖြေရှင်းရသေးသော်ငြား ကျန်းပိသည် ရူးသွပ်သွားပြီဖြစ်သည်။

Zawgyi

အပိုင္း (၆၈.၂) - တိုက္ဆိုင္မႈ

ဖူဝူထ်န္း က စာရင္းစာအုပ္ ႏွင့္ ပတ္သတ္၍ ေသခ်ာေပါက္ စုံစမ္းစစ္ေဆးေပလိမ့္မည္။ ထိုအခါ၌ ဟုန္စီရင္စုရွိ အရာရွိေပါင္းမ်ားစြာ အျပစ္ဒဏ္သင့္သြားေပမည္။ သူ႕အေနျဖင့္ ႀကိဳတင္ျပင္ဆင္မႈမ်ား ျပဳလုပ္ထားမွသာ ဤကိစၥကို ခ်က္ခ်င္း ရင္ဆိုင္နိုင္မည္ ျဖစ္သည္။ ထို႔ေၾကာင့္ ယခုခ်က္ခ်င္း သူ႕အဖိုးကို သတင္းပို႔ရေပမည္။

သူ႕၏ လႈပ္ရွားမႈမ်ားက သတိမထားနိုင္စရာမရွိေပ။

သူတို႔က ေျခတစ္လွမ္း ေနာက္က်ေနေသာ္လည္း မၾကာမီမွာပင္ ဟုန္စီရင္စု၏ အေျခအေနကို သိရွိသြားေလသည္။

လွ်ိုေဖးဟုန္ က အဖမ္းခံလိုက္ရသည္။ ဟုန္စီရင္စုက သူ႕၏ ခ်ဳပ္ထိန္းမႈေအာက္မွ လစ္လပ္သြား၏။ ယခုအခါတြင္ စစ္သည္တပ္က စီရင္စုတရားသူႀကီး၏ ႀကီးမားလွေသာ အိမ္ေတာ္ကို ထိန္းခ်ဳပ္ထားသည္။ ထိုမွ် ႀကီးမားေသာ ကိစၥ၏သတင္းသည္ အလွ်င္အျမန္ ပ်ံ့ႏွံ႕သြားေပ၏။

၎သည္ ခ်ဳန္းမင္ဧကရာဇ္၏ ေရွ႕ေတာ္ေမွာက္သို႔ မွတ္တမ္းလႊာအသြင္ျဖင့္ ေရာက္ရွိသြားရန္ အခ်ိန္ သိပ္မၾကာလိုက္ေခ်။

"အရွင္မင္းႀကီး...ဒီ မွတ္တမ္းလႊာကို ၾကည့္ေတာ္မူပါမည္လား?"

ကုန္းကုန္း ဝမ္ပင္းက ေခါင္းကို ငုံ႕ကိုင္းလိုက္ေလၿပီး ရင္ခြင္ထဲရွိ ကိုယ္လုပ္ေတာ္ႏွင့္ ခ်စ္ၾကည္ႏူးေနေသာ ခ်ဳန္းမင္ဧကရာဇ္ အား တိုက္ရိုက္ မၾကည့္ေတာ့ေပ။

ယခုအခါတြင္ ခ်ဳန္းမင္ဧကရာဇ္ နန္းတက္ခဲ့သည္မွာ နန္းသက္ ႏွစ္ဆယ့္ခုနစ္ႏွစ္ ရွိၿပီ ျဖစ္ၿပီး၊ သူ႕၏ သက္ေတာ္မွာ ေလးဆယ့္သုံးႏွစ္သာ ရွိေသးေသာ္ျငား အသက္ငါးဆယ္ေက်ာ္ဟု ထင္မွတ္ရသည့္ ႐ုပ္သြင္ ျဖစ္ေနေပသည္။ ဤ အသက္အ႐ြယ္တြင္ သူက ဝိုင္အရက္ကို စြဲလမ္းမက္ေမာဆဲ ျဖစ္ၿပီး ေတးဂီတေဖ်ာ္ေျဖမႈတို႔၌ ယစ္မူးတပ္မက္ေနဆဲ ျဖစ္သည္။ ေမာင္းမေဆာင္ထဲရွိ ေတာ္ဝင္မိန္းမပ်ိဳတို႔သည္လည္း အေရးေပးမႈကို ရယူဖို႔ရာ ယွဥ္ၿပိဳင္တိုက္ခိုက္ေနျခင္းမွ သူတို႔၏ သားေတာ္မ်ားကို ထီးနန္း ရရွိဖို႔ရာ ႐ုန္းကန္ေထာက္ပံ့ၾကျခင္းအျဖစ္သို႔ ေျပာင္းလဲသြားၾကသည္။

အခ်ိန္အေတာ္ၾကာမွသာ ဧကရာဇ္က တုန့္ျပန္မႈျပဳလာေလသည္။

"ဘယ္လို မွတ္တမ္းလႊာမ်ိဳး မိုလို႔လဲ?အေရးႀကီးကိစၥ မဟုတ္ဘူးဆိုရင္ အမတ္ခ်ဳပ္ႀကီးကိုသာ ေျဖရွင္းခိုင္းလိုက္ေတာ့"

ခ်ဳန္းမင္ဧကရာဇ္ က ေအးစက္စက္ ႏွင့္ ထူးမျခားနားဟန္ အမူအရာကိုသာ ျပေလသည္။ ထို႔ေနာက္ သူက ျပန္လွည့္သြားကာ ငယ္႐ြယ္လွပ၍ ႏုနယ္ေသာ အင္ပါယာကိုယ္လုပ္ေတာ္ ကို ကလူျမဴ၍ တခစ္ခစ္ရယ္ေအာင္ လုပ္လိုက္ေလသည္။ ၫြတ္ႏူးခ်ိဳသာသည့္အသံက ဧကရာဇ္၏ အရိုးမ်ားကို ေပ်ာ့ေပ်ာင္းသြားေစသည္။

ဝမ္ပင္းက မေလွ်ာ့ေသာဇြဲျဖင့္ ျပန္ေျဖလိုက္၏။

"ဧကရာဇ္ ကို ေလွ်ာက္တင္ပါတယ္...ဒီ မွတ္တမ္းလႊာက ကြၽင္းဝမ္ကို စြပ္စြဲျပစ္တင္ထားတဲ့ မွတ္တမ္းလႊာ ျဖစ္ေၾကာင္းပါ"

ထိုစကားတစ္ခြန္းႏွင့္ပင္ ခ်ဳန္းမင္ဧကရာဇ္၏ အာ႐ုံစိုက္မႈကို ဆြဲေဆာင္လိုက္နိုင္သည္။ ဧကရာဇ္ က သူ႕လက္ေမာင္းၾကားရွိ အင္ပါယာကိုယ္လုပ္ေတာ္ကို တစ္ဖက္သို႔ တြန္းလႊတ္လိုက္သည္မို႔ သူမက ၾကမ္းျပင္ထက္တြင္ လဲက်သြားေလ၏။ သူမက သနားစဖြယ္ၾကည့္ကာ အထြန့္တက္လိုပါေသာ္ျငား ဧကရာဇ္၏ အမူအရာက ႐ုတ္ခ်ည္း ေလးနက္တည္ၾကည္သြားေၾကာင္း ျမင္လိုက္ရသည္မို႔ စကားမဆိုရဲေတာ့ပါေခ်။ သူမက လဲေနရာမွ ထလိုက္ကာ ေဖာက္ထြင္းျမင္ရမတတ္ ပါးလႊာေသာ အျဖဴေရာင္ ဇာပါးဝတ္႐ုံကို
ဆြဲယူကာ ထြက္သြားေလေတာ့သည္။

ဤသည္မွာ ေမာင္းမေဆာင္ထဲရွိ ဉာဏ္ရည္ ထက္ျမက္ေသာ အမ်ိဳးသမီးတိုင္း နားလည္ထားေသာ စည္းမ်ဥ္း ျဖစ္ေပသည္။ သို႔မဟုတ္ပါက သူတို႔အေနျဖင့္ ရွင္းပစ္ခံရေပလိမ့္မည္။

ခ်ဳန္းမင္ဧကရာဇ္က တည္ၿငိမ္စြာျဖင့္ မွတ္တမ္းလႊာကို ဖတ္ရႈလိုက္၏။ ထို႔ေနာက္ သူက မွတ္တမ္းလႊာကို ျပန္ပိတ္ကာ ၾကမ္းျပင္ေပၚ ပစ္ခ်လိဳက္ေခ်၏။ ထို႔ေနာက္ ၾကားရသူတိုင္း ေၾကာက္လန့္တုန္ရီသြားေစမည့္အသံႏွင့္ သူက ေျပာခ်လိဳက္သည္။

"အမိန့္ျပန္လိုက္စမ္း...ဒီမွတ္တမ္းလႊာ ေရးတဲ့သူကို ရာထူးကေန ဖယ္ရွားရမယ္။ အခုကေနစၿပီး သူက မင္းမႈထမ္း အရာရွိ ျဖစ္လာစရာ အေၾကာင္းမရွိေတာ့ဘူး "

"အမိန့္အတိုင္းပါ...အရွင္မင္းႀကီး"

ဝမ္ပင္းက လုံးဝ အံ့ၾသသြားျခင္း မရွိေပ။ သူက စာၾကည့္ခန္း ထဲမွ ထြက္လိုက္ၿပီးေနာက္ ပိတ္ထားေသာ တံခါးကို ေခါင္းလွည့္ၾကည့္လိုက္မိသည္။

ထိုလူမ်ားက ဧကရာဇ္သည္ ကြၽင္းဝမ္၏လက္ထဲမွ စစ္တပ္အာဏာကို လိုခ်င္ေနေၾကာင္းကိုသာ သိထားၾက၏။ ထို႔ေၾကာင့္ ကြၽင္းဝမ္ ျပႆနာအနည္းငယ္ ရွာလိုက္သည္ႏွင့္ သူတို႔က စြပ္စြဲျပစ္တင္ခ်က္ထုတ္ရန္သာ ေတြးတတ္ၾကသည္။ ဤသို႔ျပဳလုပ္ျခင္းက ဧကရာဇ္ကို ေပ်ာ္႐ႊင္ေစမည္ဟု ထင္မွတ္ေနၾက၏။ သို႔ေသာ္ သူတို႔ မသိသည္က ထိုသို႔ျပဳလုပ္ျခင္းမွာ ဧကရာဇ္၏ ဒဏ္ရာကို ဆားလာသိပ္ေနသကဲ့သို႔ ျဖစ္သည္ကိုပါပင္။

ကြၽင္းဝမ္က အရင္ဧကရာဇ္၏ ဆႏၵအမိန့္ကို ကိုင္ေဆာင္ထားေပသည္။ တာ့ယာျပည္တြင္ အျမင့္ျမတ္ဆုံးျဖစ္ေသာ လက္ရွိ ဧကရာဇ္သည္ပင္ ကြၽင္းဝမ္ကို ဖယ္ရွားမရနိုင္ေခ်။ ထိုလူသည္ကား မီးေတာက္ထဲ ဆီေလာင္းေနသကဲ့သို႔ေသခ်ာေပါက္ ေသလမ္းရွာေနျခင္းသာျဖစ္ရမည္။

ထို႔ေၾကာင့္ ဤကိစၥမွာ မၾကာရွည္လိုက္ပါေခ်။

ဧကရာဇ္က ကြၽင္းဝမ္အေၾကာင္း စြပ္စြဲလုပ္ႀကံထားေသာ မွတ္တမ္းလႊာေရးသားသည့္ အရာရွိကို ရာထူးမွ ထုတ္ပယ္လိုက္ေၾကာင္း အင္ပါယာ႐ုံးေတာ္တစ္ခုလုံး သိရွိသြားၾကသည္။

အက်ိဳးဆက္အေနျဖင့္ ေကာလာဟလမ်ားက ေနရာတိုင္းသို႔ ပ်ံ့ႏွံ႕သြားသည္။

အမွန္တရားကို မသိရွိသူမ်ားက ဧကရာဇ္သည္ ကြၽင္းဝမ္ဘက္၌ ရပ္တည္ေနသည္ဟု ေတြးထင္လိုက္ၾကသည္။ အခ်ိဳ႕ကလည္း ဧကရာဇ္သည္ ကြၽင္းဝမ္ဆီမွ စစ္အင္အားကို အမွန္တကယ္ မလိုခ်င္ဟု ထင္မွတ္သြားၾက၏။ ထို႔ျပင္ ဧကရာဇ္က ကြၽင္းဝမ္ကို မေက်နပ္ေနသူမ်ားအား ထုတ္ေဖာ္ဖို႔ရာအတြက္ ရည္႐ြယ္ခ်က္ရွိရွိ ဟန္ေဆာင္ထားျခင္းဟုလည္း ေတြးမိသြားၾကသည္။

အခ်ိန္အနည္းငယ္အတြင္း အင္ပါယာ႐ုံးေတာ္ထဲ၌ ေကာလာဟလမ်ား အသက္ဝင္လာၾကသည္။

တစ္ခ်ိန္တည္းမွာပင္ လွ်ိုေဖးဟုန္၏ အာဏာက်ဆင္းသြားမႈေၾကာင့္ ဟုန္စီရင္စုထဲတြင္ ဆူပူထႂကြလာၾကသည္။ ဖူဝူထ်န္းက အလွ်င္အျမန္ လႈပ္ရွားလိုက္ေလ၏။ က်င္းက်ဳံးထင္ ေသဆုံးသြားၿပီး ေနာက္ေန႕တြင္ စာရင္းစာအုပ္ပါ အေၾကာင္းအရာမ်ားကို တရားဝင္ ေဖာ္ထုတ္ပစ္လိုက္သည္။ အခ်ိန္မီ မျပင္ဆင္နိုင္လိုက္သည့္ အရာရွိအခ်ိဳ႕သည္ လွ်ိုေဖးဟုန္ လမ္းစဥ္အတိုင္း လိုက္ၾကရေလၿပီး တစ္ေယာက္ၿပီးတစ္ေယာက္ ဖမ္းဆီးခံလိုက္ရသည္။ သူတို႔က အဖမ္းခံလိုက္ရၿပီး အိမ္ေတာ္ထဲသို႔ အရွာေဖြခံရကာ ပိုင္ဆိုင္မႈမ်ားသည္လည္း နိုင္ငံဘ႑ာေတာ္အျဖစ္ သိမ္းယူခံလိုက္ရသည္။

ထိုမွ်မကေသး...ဟုန္စီရင္စု၏ လူသိမ်ားေက်ာ္ၾကားေသာ စီးပြားေရးလုပ္ငန္းရွင္မ်ား၏ အိမ္ေတာ္မ်ားသည္လည္း ရွာေဖြခံရၿပီး ပိုင္ဆိုင္မႈမ်ား သိမ္းယူခံလိုက္ရသည္။ သူတို႔၏ မ်ားျပားလွစြာေသာ ပစၥည္းဥစၥာမ်ားက ကြၽင္းက်ီၿမိဳ႕ရွိ လူမ်ားကိုပင္ အလြန္အမင္း မနာလို အားက် ျဖစ္သြားေစသည္။ ဤသည္မွာကား အလြန္တရာ အက်ိဳးအျမတ္မ်ားလွေသာ အလုပ္ပင္ ျဖစ္သည္။ သူတို႔ပိုင္ဆိုင္သမွ်သည္ မတရားသိမ္းယူရရွိထားေသာ ပစၥည္းဥစၥာမ်ား ျဖစ္ေပမည္။ ဤ အက်င့္ပ်က္ျခစားမႈႏွင့္ အလြဲသုံးစားျပဳမႈမ်ားသည္ ေသခ်ာေပါက္ ႏွစ္အနည္းငယ္ ၾကာၿပီးေလာက္ၿပီျဖစ္ၿပီး ဆယ္စုႏွစ္မွ်ပင္ ျဖစ္ေနနိုင္ေသးသည္။

သို႔ေသာ္လည္း မည္သူက လာဘ္စားခဲ့ေသာကာလႏွင့္ ထိုကဲ့သို႔ေသာ အျဖစ္အပ်က္မ်ားကို အတိအက် သိနိုင္လိမ့္မည္နည္း။

စာရင္းစာအုပ္ရွိ စာသားမ်ားကို အမွတ္တမဲ့ ရွာေတြ႕သြားၿပီး ထိုအခြင့္အေရးက ကြၽင္းဝမ္၏ လက္ထဲသို႔ က်ဆင္းသြားရျခင္း ျဖစ္သည္။ ဤသို႔ ျပဳလုပ္ျခင္းသည္ ကြၽင္းဝမ္အတြက္ လြယ္ကူလြန္းလွ၏။

လူတိုင္း ေတြးထင္ခဲ့ၾကသည္က ကြၽင္းဝမ္သည္ သိမ္းဆည္းရထားေသာ ေငြေၾကးဓနမ်ားကို ယူေဆာင္၍ တာ့ယာျပည္၏ ရတနာတိုက္ထဲသို႔ လႊဲေျပာင္းေပးအပ္လိမ့္မည္ ဟူ၍ပင္။သို႔ေသာ္ ေနာက္ပိုင္း ပ်ံ့ႏွံ႕လာသည့္ အေၾကာင္းအရာက အားလုံးကို အံ့ၾသမွင္သက္သြားေစသည္။

ဘယ္အခ်ိန္ကမွန္း မသိရေသာ္ျငား ကြၽင္းဝမ္က အေစာဦးစြာကပင္ လူတကာ မလိုခ်င္ေသာ အလုပ္ျဖစ္သည့္ ခ်န္းစီရင္စု၏ သဘာဝေဘးအႏၱရာယ္ကို ဦးေဆာင္ဖို႔ရာအတြက္ တာဝန္ကို ဧကရာဇ္ထံမွ ခြင့္ျပဳခ်က္ ေတာင္းခံထားၿပီး ျဖစ္သည္။

ေရွးယခင္ကတည္းက သဘာဝေဘးအႏၱရာယ္မ်ားသည္ တိုင္းျပည္တိုင္းအတြက္ အေရးႀကီးသည့္ အဓိက ကိစၥရပ္ျဖစ္သည္။

ႏွစ္စဥ္ႏွစ္တိုင္း သဘာဝေဘးအႏၱရာယ္မ်ားကို ေျဖရွင္းဖို႔ရာအတြက္ နိုင္ငံဘ႑ာတိုက္မွ ေငြေၾကးအေျမာက္အျမား သုံးစြဲပါေသာ္ျငား အက်င့္ပ်က္အရာရွိမ်ားက မၾကာခဏဆိုသလို ေငြေၾကးပမာဏမ်ားစြာကို အိတ္ထဲထည့္တတ္ၾက၏။ ထိုေဒသသို႔ ေရာက္သြားသည့္ ေငြေၾကးပမာဏသည္ သာမန္ျပည္သူမ်ား သုံးစြဲရန္အတြက္ လုံေလာက္မႈ မရွိေတာ့ေပ။

ဤသို႔ ျဖစ္ေနသည္မွာ ႏွစ္တိုင္းပင္ ျဖစ္သည္။ ရတနာတိုက္မွ ေငြေၾကးမ်ားသည္ စမ္းေခ်ာင္းထဲရွိ ေရႏွယ္ တသြင္သြင္ စီးဆင္းသြားရ၏။ ခ်န္းစီရင္စုမွာကား ခါးသီးမႈမ်ားႏွင့္ မေက်နပ္ခ်က္မ်ား ျပည့္ႏွက္ေနသည့္ ေအာက္ေျခမရွိေသာ တြင္းနက္ႀကီးႏွယ္ ျဖစ္ေနရသည္။ အဆုံးတြင္ေတာ့ ဉာဏ္ရည္ထက္ျမက္သူမ်ားက ဤကိစၥ၌ ပါဝင္မပတ္သတ္ခ်င္ၾကေပ။ ဟိုဘက္လွည့္ ေက်ာေပး၍သာ ကိုင္တြယ္ရလြယ္ကူသည့္ ကိစၥမ်ားကိုသာ တာဝန္ယူၾကကုန္၏။ ပို၍ပို၍ပင္ ဤသည္မွာ ထိန္းခ်ဳပ္ျခင္းငွာ မစြမ္းနိုင္သည့္ ကိစၥအျဖစ္သို႔ ဦးတည္လာေပသည္။

ဖူဝူထ်န္းက ဤကိစၥကို ကိုင္တြယ္မည့္သူ ျဖစ္ေၾကာင္း သိရွိသည့္သူ မ်ားစြာ မရွိေပ။ သို႔ေသာ္ သိရွိသည့္သူမ်ားမွာလည္း ပြဲၾကည့္လိုသည့္ ရည္႐ြယ္ခ်က္ျဖင့္ ျဖစ္သည္။

သဘာဝေဘးအႏၱရာယ္မ်ားကို ကိုင္တြယ္ရာတြင္ ေငြေၾကး လိုအပ္သည္။ ပိုက္ဆံမရွိဘဲ ေကာင္းကင္ႀကီးကို ေမွာက္ခ်နိဳင္လိမ့္မည္ မဟုတ္ေပ။ ဟုန္စီရင္စု၌ အက်င္ပ်က္ျခစားမႉျဖစ္လာလိမ့္မည္ဟု မည္သူက သိရွိလိမ့္မည္နည္း။

ဤသို႔ျဖင့္ ယခုတြင္ကား ေငြေၾကး ဖူလုံသြားေပၿပီ။

အက်င့္ပ်က္ျခစားေသာ ခ်မ္းသာႂကြယ္ဝသည့္မိသားစုမ်ားထံမွ သိမ္းယူလာေသာ ေငြေၾကးမ်ားစြာသည္ နိုင္ငံဘ႑ာတိုက္သို႔ လႊဲေျပာင္းမခံလိုက္ရေပ။ ကြၽင္းဝမ္က ခ်န္းစီရင္စု၏ သဘာဝေဘးအႏၱရာယ္ကို ေျဖရွင္းဖို႔ရန္ လိုအပ္သည္ဟူ၍
အေၾကာင္းျပခ်က္ ခ်က္ခ်င္းေပးလိုက္သည္။ ဧကရာဇ္သည္ပင္ ထိုကိစၥကို ေထာက္ပံ့႐ုံသာ တတ္နိုင္ေပသည္။

အန္းက်ီယန္သည္လည္း ဤသည္ကို မေမွ်ာ္လင့္ထားမိပါေခ်။

သူက စားနပ္ရိကၡာမ်ားကို သိုေလွာင္ရန္အတြက္ အင္အားမ်ားစြာ စိုက္ထုတ္လိုက္ရၿပီး ေနာက္ဆုံး၌ကား အစားအစာမ်ားကို ဖူဝူထ်န္းထံသို႔ ေရာင္းခ်ျခင္းျဖင့္သာ အဆုံးသတ္သြားရ၏။

သို႔ေသာ္ ဤသည္အားလုံးသည္ ေနာက္ပိုင္းကိစၥမ်ားသာ ျဖစ္သည္။ ယခုအခါတြင္ကား အန္းမိသားစုသည္ ေျပာင္းေ႐ႊ႕ဖို႔ရာ အဆင္သင့္ ျဖစ္ေနေလၿပီ။

အန္းမိသားစု ၿခံဝန္းထဲ၌ လူမ်ားေသဆုံးသည့္ကိစၥသည္ လူမ်ားစြာ၏ႏွလုံးသားထဲ၌ အရိပ္သဖြယ္ ထင္က်န္ေနခဲ့ၿပီး အထူးသျဖင့္ က်န္းပိႏွင့္ သူ႕သမီးတို႔ျဖစ္သည္။ အန္းက်ီယန္က သူတို႔ႏွင့္ မ်က္ႏွာခ်င္း မေျဖရွင္းရေသးေသာ္ျငား က်န္းပိသည္ ႐ူးသြပ္သြားၿပီျဖစ္သည္။

Continue Reading

You'll Also Like

632K 19.9K 114
[Not MY Story] OFFLINE Purpose. I possessed the wife of the Emperor, the mad villain of a tragic novel. After a while, when the evil Emperor looks t...
531K 33.4K 122
A girl named Drishti falls into the era of Mahabharata and everything in her life goes upside down. Read to find out about Drishti's adventures in t...
253K 40.4K 67
I Became A Virtuous Wife And Loving Mother In Another Cultivation World ##start from chapter 199 **I'm just translate this and I don't own anything**
Erica By Sam

Historical Fiction

2.9M 109K 60
They say her voice was once bewitching to all who heard it. She was like a siren luring sailors to their deaths on quiet nights... Those are just rum...