ကုန်းမြေကြီး၏ အရှင်သခင်ဝမ်ဖေး...

By Hululu61

360K 58.7K 2.4K

အရင် accထဲဝင်မရတော့လို့ Book ခွဲလိုက်ပါပြီ 🙆 ဒါက အပိုင်း ၁ ကနေ ဖတ်လို့ရတဲ့ Linkပါ🖤 https://my.w.tt/7FVYRdnw... More

အပိုင်း (၄၁) - အတူတူအိပ်ခြင်း
အပိုင်း (၄၁) - အိပ်ရာမျှဝေခြင်း (CENSOR)
အပိုင်း (၄၂.၁) - ကူဖော်လောင်ဖက်
အပိုင်း (၄၂.၂) - ကူဖော်လောင်ဖက်(WARNING)
အပိုင်း (၄၃) - ကိုယ် မြင်လိုက်တယ်
အပိုင်း (၄၄) - မနက်စာ
အပိုင်း (၄၅) - တော်ဝင်မိသားစု သဘောထား
အပိုင်း (၄၆) - ဇနီးလေးရဲ့ ညီငယ်သေးသေးလေး
အပိုင်း (၄၇) - လယ်သမားများ
အပိုင်း (၄၈) - အန်းမိသားစုသို့ အပြန်
အပိုင်း (၄၉.၁) - သတို့သမီး မိဘအိမ် ပထမဆုံးပြန်ချိန် အကျပ်အတည်း
အပိုင်း (၄၉.၂) - သတို့သမီး မိဘအိမ် ပထမဆုံးပြန်ချိန် အကျပ်အတည်း
အပိုင်း (၅၀) - ခြိမ်းခြောက်ဖို့ရန်
အပိုင်း (၅၁) - တန်ပြန်အစီအစဥ်
အပိုင်း (၅၂) - အလုံးစုံ ထိန်းချုပ်ခြင်း
အပိုင်း (၅၃) - စားနပ်ရိက္ခာ သိုလှောင်ခြင်း
အပိုင်း (၅၄) - အစားအစာ ရရှိဖို့ရန်
အပိုင်း (၅၅) - မွှေးပျံ့ကော့လန်သည့် ဆန်(ပေါ်ဆန်းမွှေး)
အပိုင်း (၅၆) - သက်သေခံ အထောက်အထား
အပိုင်း (၅၇) - ပုန်းကွယ်နေသည့် လုပ်ကြံသတ်ဖြတ်သူ
အပိုင်း (၅၈) - လျှော်ပင်နှင့် ပင်လယ်တားမြစ်ချက်
အပိုင်း (၅၉) - ပိုးပန်းသူ
အပိုင်း (၆၀) - အန်းချောင်၏ စိတ်ဓာတ်ကြံ့ခိုင်မှု
အပိုင်း (၆၁.၁) - မမြင်ရသော လွှမ်းမိုးနိုင်စွမ်း
အပိုင်း (၆၁.၂) - မမြင်ရသော လွှမ်းမိုးနိုင်စွမ်း
အပိုင်း (၆၂.၁) - တိုးတက်မှု
အပိုင်း (၆၂.၂) - တိုးတက်မှု
အပိုင်း (၆၃.၁) - စာရင်းစာအုပ်
အပိုင်း (၆၃.၂) - စာရင်းစာအုပ်
အပိုင်း (၆၄.၂) - ဖူဝူထျန်း၏ စွမ်းအား
အပိုင်း (၆၅.၁) - ညဘက် ဝန်းရံတိုက်ခိုက်မှု
အပိုင်း (၆၅.၂) - ညဘက်ဝန်းရံတိုက်ခိုက်မှု
အပိုင်း (၆၆.၁) - ခေါင်းဖြတ်ကွပ်မျက်ခြင်း
အပိုင်း (၆၆.၂) - ခေါင်းဖြတ်ကွပ်မျက်ခြင်း
အပိုင်း (၆၇.၁) - အငြင်းပွားမှုအား စာရင်းရှင်းခြင်း
အပိုင်း (၆၇.၂) - အငြင်းပွားမှုအား စာရင်းရှင်းခြင်း
အပိုင်း (၆၈.၁) - တိုက်ဆိုင်မှု
အပိုင်း (၆၈.၂) - တိုက်ဆိုင်မှု
Attention Plz
အပိုင်း (၆၉.၁) - ရူးဟန်ဆောင်ခြင်း
အပိုင်း (၆၉.၂) - ရူးဟန်ဆောင်ခြင်း
အပိုင်း (၇၀.၁) - လက်ထပ်ပေးခြင်း
အပိုင်း (၇၀.၂) - လက်ထပ်ပေးခြင်း
အပိုင်း (၇၁) - ဉာဏ်ပူဇော်ခ
အပိုင်း (၇၂) - စစ်ကြောမေးမြန်းခြင်း
အပိုင်း (၇၃) - စစ်ကြောမေးမြန်းခြင်းနှင့် စိတ်အား ထက်သန်မှု
အပိုင်း (၇၄.၁) - သာမန်လူများနှင့် ခြားနားသော[Warning!🔞]
အပိုင်း (၇၄.၂) - သာမန်လူများနှင့် ခြားနားသော
အပိုင်း(၇၅.၁) - ကူညီရန်
အပိုင်း (၇၅.၂) - ကူညီရန်
အပိုင်း (၇၆.၁) - လင်မယားနှစ်ယောက်သား အလည်အပတ်ရောက်လာခြင်း
အပိုင်း (၇၆.၂) - လင်မယားနှစ်ယောက်သား အလည်အပတ်ရောက်လာခြင်း
အပိုင်း (၇၇) - စီရင်ချက်
အပိုင်း (၇၈) - အန်းနန်းဆောင်
အပိုင်း (၇၉.၁) - အပြစ်ပေးခြင်း
အပိုင်း (၇၉.၂) - အပြစ်ပေးခြင်း
အပိုင်း (၈၀.၁) - ကိုယ်လုပ်တော် ရွေးချယ်ပွဲနှင့် စာပို့ခို
အပိုင်း (၈၀.၂) - ကိုယ်လုပ်တော် ရွေးချယ်ပွဲနှင့် စာပို့ခို
အပိုင်း (၈၁.၁) - လောင်းကစားရုံ
အပိုင်း (၈၁.၂) - လောင်းကစားရုံ
အပိုင်း (၈၂.၁) - ရက်စက်သော ပြိုင်ပွဲ
အပိုင်း (၈၂.၂) - ရက်စက်သော ပြိုင်ပွဲ
!!!

အပိုင်း (၆၄.၁) - ဖူဝူထျန်း ၏ စွမ်းအား

4.3K 774 2
By Hululu61

Unicode

အပိုင်း (၆၄.၁) - ဖူဝူထျန်း ၏ စွမ်းအား

ကျင်းကျုံးထင် အန်းယွမ်စီရင်စုသို့ ရောက်ရှိလာသည်နှင့် စီရင်စုအောက်တရားသူကြီး ကျန့်သည် ထိတ်လန့်တုန်လှုပ်သွားရပြီး ပါးစပ်မှ အမြုပ်ထွက်မတတ် ဖြစ်သွားလေသည်။

ယုံကျိုးစီရင်စုနှင့် ဟုန်စီရင်စုတို့သည် မတူညီခြားနားသည့် နေရာနှစ်ခုဖြစ်ပြီး တစ်ခုနှင့်တစ်ခု ရောနှော ယှက်နွယ်စရာ မရှိပေ။ ယုံကျိုးစီရင်စု၏ အောက်တရားသူကြီး ကျင်းကျုံးထင် က ဟုန်စီရင်စုကို ရောက်ရှိလာခြင်းသည် အခြားမိသားစု၏ ကိစ္စများကို ကြားဝင်စွက်ဖက်ခြင်းနှင့် တူပေသည်။ သူက ထိုသို့ ပြုမူရန် မျက်နှာ အရေထူရပေမည်။ သို့သော်လည်း စီရင်စု အောက်တရားသူကြီးကျန့် မှာ အရာရှိငယ်လေးတစ်ယောက်သာ ဖြစ်သည်မို့ ကျင်းကျုံးထင် ကို ဆန့်ကျင့်နိုင်စွမ်း မရှိပေ။

ကျင်းကျုံးထင် က ဟုန်စီရင်စု၏စီရင်စုတရားသူကြီး ကို မည်သို့ ​ပြောလိုက်သည်မသိပေ။ စီရင်စုတရားသူကြီး က သူ့အား မတားမြစ်သည်သာမက သူ့၏ လူများနှင့် ရဲမက်များကိုပင် ကျင်းကျုံးထင်ကို ပေးအပ်လိုက်သေးသည်။ ယခုအခါ စီရင်စုအောက်တရားသူကြီး ကျန့်သည်ပင် ကျင်းကျုံးထင် ပြောသမျှ နားထောင်ရမည် ဖြစ်သည်။

"ခင်ပွန်း?"

ကျန့်သခင်မက အခန်းကို ပတ်လျှောက်နေသည့် အောက်တရားသူကြီး ကျန့် ကို စိုးရိမ်ပူပန်စွာ ကြည့်လိုက်သည်။ သူမက အမျိုးသမီးတစ်ယောက် ဖြစ်သည်။ အပြင်ရှိအရေးကိစ္စများအား သူမ များစွာ မသိသလို ယောကျ်ားသားများ၏ ကိစ္စများတွင်လည်း ဝင်ရောက်စွက်ဖက်ခြင်း မရှိပေ။ သို့သော် ဤသည်က သူမသည် ဘာမျှ နားမလည် ဟု မဆိုလိုချေ။

အန်းမိသားစု သခင်မှာ အန်းချန်ဖူမှ အန်းကျီယန် အဖြစ် ပြောင်းလဲသွားပြီးနောက် အန်းယွမ်စီရင်စုရှိ လူများသည် တစထက်တစ အကျိုးအမြတ် ရရှိခဲ့ကြသည်။ မိသားစုကြီး မိသားစုငယ်တိုင်းသည်လည်း အကူအညီအချို့ ရရှိခဲ့လေသည်။ အန်းမိသားစု၏ သခင်လေးကဲ့သို့ ကောင်းမွန် ကြင်နာတတ်သူသည် သေချာပေါက် ဆိုးရွားသည့် အဆုံးသတ် နှင့် မထိုက်တန်ပေ။ ထို့အပြင် အန်းမိသားစု ပျက်စီးသွားလျှင် အန်းယွမ်စီရင်စုသည်လည်း ရှုပ်ထွေးသွားရပေလိမ့်မည်။ တည်ငြိမ်စပြုနေသည့် လူများ၏ အသက်မွေးဝမ်းကြောင်းသည်လည်း ထပ်မံ ပြိုပျက်သွားပေလိမ့်မည်။

အောက်တရားသူကြီးကျန့် က လေးလံသည့် သက်ပြင်းတစ်ချက်ကို ချလိုက်မိသည်။

"မိန်းမရေ...ကျုပ်က ဘာမဟုတ်တဲ့ စီရင်စုအောက်တရားသူကြီး တစ်ယောက်ပါပဲကွာ"

သူ့ဇနီး မည်သည်ကို စဥ်းစားနေသည်အား သူသိပေသည်။ သူသည်လည်း အန်းမိသားစု ကို ကူညီချင်ပါ၏။ ဤရက်များတွင် သူသည် အန်းယွမ်စီရင်စုရှိလူများ၏ ပျော်ရွှင်မှု ကို ခံစားမိသော်ငြား သူ လုပ်နိုင်သည့်အရာဟူ၍ ဘာမှ မရှိပေ။

ကျန့်သခင်မက အသံငယ်လေးဖြင့် ပြောလိုက်၏။

"ခင်ပွန်းရယ်...ဒီဇနီးက ခင်ပွန်းကို ဒီကိစ္စမဖြစ်အောင် ရပ်တန့်ပေးဖို့ ပြောနေတာ မဟုတ်ပါဘူး။ဒါပေမယ့် ခင်ပွန်းက အန်းမိသားစု ဆီကို စာတစ်စောင် တော့ ပို့ပေးနိုင်မယ်မလားဟင်"

အောက်တရားသူကြီးကျန့် က ပြောလိုက်သည်။

"ကျုပ်လည်း မကျေမနပ်ဖြစ်နေတာပါ ဇနီးရယ်...ကျုပ်မှာ စာတစ်စောင် ရေးထားပြီးသား ရှိပါတယ်...ဒါပေမယ့် အန်းမိသားစု သခင်လေးရဲ့ လက်ထဲကို အရောက်ထည့်ဖို့ဆိုတာက ခက်ခဲနေတုန်းပဲ"

ကျင်းကျုံးထင် က ယခုတွင် စီရင်စုထဲ၌ ရောက်နေပြီ မို့ နေရာတိုင်း၌ မျက်လုံးများ ရှိနေလေသည်။ အန်းမိသားစု အား ကူညီရန် ကြိုးစားသည်ကို သူတို့ ရှာတွေ့သွားကြသည်နှင့် ဒုက္ခရောက်သွားပေလိမ့်မည်။

ကျန့်သခင်မက ရုတ်ချည်းဆိုသလို သူ့လက်အား ပျော်ရွှင်စွာ ဆုပ်ကိုင်လိုက်သည်။

"ခင်ပွန်းရယ်...ရှင့်မှာ ဒီဇနီးရှိနေသေးတာကို မေ့နေလေရော့သလား?"

အောက်တရားသူကြီးကျန့် က တစ်ခဏမျှ ကြောင်အသွားရ၏။ ထို့နောက်တွင် သူ့ဇနီး သည် တကယ့်ကို အကောင်းဆုံး စာပို့ပေးနိုင်သူ ဖြစ်ကြောင်း နားလည်လိုက်လေသည်။ သူမကို သွားခွင့်ပြုခြင်းသည်သာ အသင့်တော်ဆုံးနှင့် အမှန်ကန်ဆုံး နည်းလမ်း ဖြစ်သည်။

ကျန့်သခင်မတွင် လစဥ်လတိုင်း ဘုရားကျောင်းသို့ သွားကာ အမွှေးနံ့သာ ပူဇော်တတ်သော အလေ့အကျင့် ရှိသည်။ သူမက အချိန်သတ်မှတ်မထားဘဲ တစ်လလျှင် သုံးကြိမ်မှ ငါးကြိမ်အထိ သွားရောက်တတ်သည်။ ယခုမှာ ငါးလပိုင်းကို ကူးပြောင်းကာစ ဖြစ်ပြီး သူမသည်လည်း ဘုရားကျောင်း သို့ မသွားရသေးပေ။ ဤသည်မှာ အသင့်တော်ဆုံး ဆင်ခြေ ဖြစ်ပေသည်။

"ဒါဆိုရင် ကျုပ် ဒီကိစ္စကို ဆောင်ရွက်ပေးဖို့အတွက် ဇနီးကိုပဲ ဒုက္ခပေးရတော့မယ်"

အောက်တရားသူကြီး ကျန့်က သူ့ အကျီလက်ထဲတွင် ဖွက်ထားသည့်စာကို ထုတ်ကာ သူ့ဇနီးထံ လှမ်းပေးလိုက်၏။

ကျန့်သခင်မကလည်း ထိုစာကို အလျှင်အမြန် ဆွဲယူလိုက်ကာ သူမ၏ အကျီလက်အိတ်ထဲသို့ ထည့်လိုက်လေသည်။ သူတို့နှစ်ဦး သည် အာရုံစိုက်ရမည့် အခြားအရာများကို ဆွေးနွေးလိုက်ပြီးနောက် ဘုရားကျောင်းသို့သွားရန် ပြင်ဆင်လိုက်ကြသည်။

ကျင်းကျုံးထင်၏ လူများသည် ကျန့်သခင်မကို သံသယမရှိသည်မို့ ကျန့်သခင်မနှင့် သူမ၏ အစေခံ နှစ်ယောက်တို့အား သွားခွင့်ပြုလိုက်သည်။

........

စာမှာကား မကြာမီတွင်ပင် အန်းကျီယန်၏ လက်ထဲသို့ ရောက်ရှိသွားသည်။

စာပေါ်တွင် လက်ခံသူကို အန်းကျီယန်၏ နာမည်ရေးထားပြီး စာပို့သူ၏ အမည်မှာမူ မပါရှိပေ။ တစ်ဖက်လူပြောသည်က ထိုစာသည် အလွန်အရေးကြီးသည်မို့ ကိုယ်တိုင်ကိုယ်ကျ ဖတ်ရှုရမည်ဟု ဖြစ်သည်။

ဤအချိန်၌ မည်သူက ရုတ်တရက်ကြီး သူ့ထံ စာရေးပို့လေသနည်း။

စာပို့သည့်သူမှာ မည်သူဖြစ်သည်ကို ကျီယန် မှန်းဆ၍မရပေ။ သူက စာကို ဖွင့်ဖတ်လိုက်သည်။ စာ၏ အဆုံး၌ နာမည်တစ်ခု ကို ရေးသာထားသည်။

ထိုနာမည်မှာကား ကျန့်ဟယ် ဖြစ်သည်။

ကျန့်ဟယ် သည် အောက်တရားသူကြီးကျန့်၏ နာမည်အပြည့်အစုံ ဖြစ်သည်။ အရင်က သူနှင့် အန်းချန်တိ ပူးပေါင်း၍ အန်းမိသားစု ကို ခက်ခဲစေရန် လုပ်ဆောင်ခဲ့သည်။ ကျီယန် က ထိုကိစ္စကို မေ့လျော့မထားခဲ့ပေ။ ထို့ကြောင့် စာပို့သူက ကျန့််ဖြစ်နေကြောင်း တွေ့မြင်လိုက်ရချိန်မှာတော့ လုံးဝ အံ့အားသင့်သွားမိပေသည်။

"ကြည့်ရတာ အဲ့ဒီ ကျန့်ဟယ်ဆိုတဲ့သူက အသိတရားနည်းနည်း တော့ ရှိသားပဲ"

ဖူဝူထျန်း က စာပါအကြောင်းအရာကို တစ်ချက်ကြည့်လိုက်ပြီး သူ့အတွေးကို ချက်ချင်း ထုတ်ပြောလိုက်သည်။ အန်းယွမ်စီရင်စုရှိ လူများအတွက်သာ မဟုတ်လျှင် သူက ဤသို့ ကြီးကြီးမားမား စွန့်စား၍ စာပို့ရဲမည် မဟုတ်ပေ။

ကျန့်ဟယ်ကို လွှမ်းမိုးနိုင်စွမ်းရှိပြီး သူ့၏ အနာဂတ် အလုပ်အကိုင်ကို ထိန်းချုပ်နိုင်စွမ်းရှိ သည့်သူမှာ ဟုန်စီရင်စု၏ တရားသူကြီး လျှိုဖေးဟုန် ဖြစ်သည်။ သူက ပထမမင်းသား၏ လူမဟုတ်သော်လည်း ကျန်းစန်းချန်တိ ၏ စာသင်သား ဖြစ်ဖူးသည်။ ထို့အပြင် တံစိုးလက်ဆောင် စာရင်းစာအုပ် ၌ ထည့်မှတ်ခံထားရသည့် အရာရှိ အများစုသည် ဟုန်စီရင်စုမှ ဖြစ်ပြီး လျှိုဖေးဟုန် လည်း အပါအဝင် ဖြစ်သည်။

လျှိုဖေးဟုန်၏ လောဘက မသေးငယ်ပေ။ စာရင်းစာအုပ် အရ သူသည် တံစိုးလက်ဆောင်များကို အများဆုံး လက်ခံထားသူ ဖြစ်သည်။

ပထမမင်းသား ဖူယွမ်ဝူပင် ဤကိစ္စကို သိနေပြီဖြစ်၍ လျှိုဖေးဟုန် သည်လည်း သိထားပေလိမ့်မည်။ ကိစ္စအောင်မြင်လျှင် ရရှိမည့် အကျိုးအမြတ်များထက် လျှိုဖေးဟုန် သည် စာရင်းစာအုပ် ကို ပြန်ယူနိုင်ရေးအတွက်သာ စိုးရိမ်နေလေသည်။ ထိုသို့မဟုတ်ဘဲ ထိုစာအုပ်သည်သာ ချုန်းမင်ဧကရာဇ် ထံ ရောက်ရှိသွားသည်နှင့် ကျန်းစန်းချန်တိ ကိုယ်တိုင် ဝင်ကယ်လျှင်ပင် လျှိုဖေးဟုန် လွတ်မြောက်နိုင်လိမ့်မည်မဟုတ်ပေ။

သူ့အသက်ကို ခြိမ်းခြောက်နေပြီ ဖြစ်သည်မို့ လျှိုဖေးဟုန် နှင့် ကျင်းကျုံးထင် တို့၏ ပူးပေါင်းဆောင်ရွက်မှုသည် ခန့်မှန်း၍ရနိုင်သော ကိစ္စပင် ဖြစ်သည်။

ဝန်ကြီးချုပ် ကျန်းစန်းချန်တိ သည်ပင် ဤကိစ္စ၌ ပါဝင်ပတ်သတ်နေပေသည်။ တစ်ဖက်တွင်တော့ အန်းကျီယန် တုန့်ဆိုင်းတွေဝေနေမိသည်။ ဖူဝူထျန်း က လပေါင်းများစွာ ကြာမှ အင်ပါယာမြို့တော်ကို တစ်ခေါက်ပြန်လာခြင်း ဖြစ်ပြီး ရုတ်ချည်းဆိုသလို မင်းသားတစ်ပါးနှင့် ဝန်ကြီးချုပ်ကို ဆန့်ကျင်မိလျက်သား ဖြစ်သွားသည်။ ထို့အပြင် သူ့၏ စစ်တပ်အင်အားကို ကျားချောင်းသလို ချောင်းပြီး မျက်စိကျနေသည့်် ဧကရာဇ်ကလည်း ရှိနေသေးသည်။ ဤအ​ခြေအနေမှာ အလွန်အမင်း ကောင်းမွန်ခြင်း မရှိပေ။

"ခင်ဗျား ဒီစာရင်းစာအုပ်ကို ဧကရာဇ် ရှေ့ ယူသွားပေးဖို့ အစီအစဉ် ရှိလား?"

ကျီယန်က စာကို ပြန်ခေါက်လိုက်ပြီး အချိန်ရသည်နှင့် မီးရှို့ပစ်ရန် ကြံစည်ထားသည်။ သို့သော်လည်း ဖူဝူထျန်း၏ အဖြေက သူ့အား အံ့အားသင့်သွားစေသည်။

Zawgyi

အပိုင္း (၆၄.၁) - ဖူဝူထ်န္း ၏ စြမ္းအား

က်င္းက်ဳံးထင္ အန္းယြမ္စီရင္စုသို႔ ေရာက္ရွိလာသည္ႏွင့္ စီရင္စုေအာက္တရားသူႀကီး က်န့္သည္ ထိတ္လန့္တုန္လႈပ္သြားရၿပီး ပါးစပ္မွ အျမဳပ္ထြက္မတတ္ ျဖစ္သြားေလသည္။

ယုံက်ိဳးစီရင္စုႏွင့္ ဟုန္စီရင္စုတို႔သည္ မတူညီျခားနားသည့္ ေနရာႏွစ္ခုျဖစ္ၿပီး တစ္ခုႏွင့္တစ္ခု ေရာႏွော ယွက္ႏြယ္စရာ မရွိေပ။ ယုံက်ိဳးစီရင္စု၏ ေအာက္တရားသူႀကီး က်င္းက်ဳံးထင္ က ဟုန္စီရင္စုကို ေရာက္ရွိလာျခင္းသည္ အျခားမိသားစု၏ ကိစၥမ်ားကို ၾကားဝင္စြက္ဖက္ျခင္းႏွင့္ တူေပသည္။ သူက ထိုသို႔ ျပဳမူရန္ မ်က္ႏွာ အေရထူရေပမည္။ သို႔ေသာ္လည္း စီရင္စု ေအာက္တရားသူႀကီးက်န့္ မွာ အရာရွိငယ္ေလးတစ္ေယာက္သာ ျဖစ္သည္မို႔ က်င္းက်ဳံးထင္ ကို ဆန့္က်င့္နိုင္စြမ္း မရွိေပ။

က်င္းက်ဳံးထင္ က ဟုန္စီရင္စု၏စီရင္စုတရားသူႀကီး ကို မည္သို႔ ေျပာလိုက္သည္မသိေပ။ စီရင္စုတရားသူႀကီး က သူ႕အား မတားျမစ္သည္သာမက သူ႕၏ လူမ်ားႏွင့္ ရဲမက္မ်ားကိုပင္ က်င္းက်ဳံးထင္ကို ေပးအပ္လိုက္ေသးသည္။ ယခုအခါ စီရင္စုေအာက္တရားသူႀကီး က်န့္သည္ပင္ က်င္းက်ဳံးထင္ ေျပာသမွ် နားေထာင္ရမည္ ျဖစ္သည္။

"ခင္ပြန္း?"

က်န့္သခင္မက အခန္းကို ပတ္ေလွ်ာက္ေနသည့္ ေအာက္တရားသူႀကီး က်န့္ ကို စိုးရိမ္ပူပန္စြာ ၾကည့္လိုက္သည္။ သူမက အမ်ိဳးသမီးတစ္ေယာက္ ျဖစ္သည္။ အျပင္ရွိအေရးကိစၥမ်ားအား သူမ မ်ားစြာ မသိသလို ေယာက်္ားသားမ်ား၏ ကိစၥမ်ားတြင္လည္း ဝင္ေရာက္စြက္ဖက္ျခင္း မရွိေပ။ သို႔ေသာ္ ဤသည္က သူမသည္ ဘာမွ် နားမလည္ ဟု မဆိုလိုေခ်။

အန္းမိသားစု သခင္မွာ အန္းခ်န္ဖူမွ အန္းက်ီယန္ အျဖစ္ ေျပာင္းလဲသြားၿပီးေနာက္ အန္းယြမ္စီရင္စုရွိ လူမ်ားသည္ တစထက္တစ အက်ိဳးအျမတ္ ရရွိခဲ့ၾကသည္။ မိသားစုႀကီး မိသားစုငယ္တိုင္းသည္လည္း အကူအညီအခ်ိဳ႕ ရရွိခဲ့ေလသည္။ အန္းမိသားစု၏ သခင္ေလးကဲ့သို႔ ေကာင္းမြန္ ၾကင္နာတတ္သူသည္ ေသခ်ာေပါက္ ဆိုး႐ြားသည့္ အဆုံးသတ္ ႏွင့္ မထိုက္တန္ေပ။ ထို႔အျပင္ အန္းမိသားစု ပ်က္စီးသြားလွ်င္ အန္းယြမ္စီရင္စုသည္လည္း ရႈပ္ေထြးသြားရေပလိမ့္မည္။ တည္ၿငိမ္စျပဳေနသည့္ လူမ်ား၏ အသက္ေမြးဝမ္းေၾကာင္းသည္လည္း ထပ္မံ ၿပိဳပ်က္သြားေပလိမ့္မည္။

ေအာက္တရားသူႀကီးက်န့္ က ေလးလံသည့္ သက္ျပင္းတစ္ခ်က္ကို ခ်လိဳက္မိသည္။

"မိန္းမေရ...က်ဳပ္က ဘာမဟုတ္တဲ့ စီရင္စုေအာက္တရားသူႀကီး တစ္ေယာက္ပါပဲကြာ"

သူ႕ဇနီး မည္သည္ကို စဥ္းစားေနသည္အား သူသိေပသည္။ သူသည္လည္း အန္းမိသားစု ကို ကူညီခ်င္ပါ၏။ ဤရက္မ်ားတြင္ သူသည္ အန္းယြမ္စီရင္စုရွိလူမ်ား၏ ေပ်ာ္႐ႊင္မႈ ကို ခံစားမိေသာ္ျငား သူ လုပ္နိုင္သည့္အရာဟူ၍ ဘာမွ မရွိေပ။

က်န့္သခင္မက အသံငယ္ေလးျဖင့္ ေျပာလိုက္၏။

"ခင္ပြန္းရယ္...ဒီဇနီးက ခင္ပြန္းကို ဒီကိစၥမျဖစ္ေအာင္ ရပ္တန့္ေပးဖို႔ ေျပာေနတာ မဟုတ္ပါဘူး။ဒါေပမယ့္ ခင္ပြန္းက အန္းမိသားစု ဆီကို စာတစ္ေစာင္ ေတာ့ ပို႔ေပးနိုင္မယ္မလားဟင္"

ေအာက္တရားသူႀကီးက်န့္ က ေျပာလိုက္သည္။

"က်ဳပ္လည္း မေက်မနပ္ျဖစ္ေနတာပါ ဇနီးရယ္...က်ဳပ္မွာ စာတစ္ေစာင္ ေရးထားၿပီးသား ရွိပါတယ္...ဒါေပမယ့္ အန္းမိသားစု သခင္ေလးရဲ႕ လက္ထဲကို အေရာက္ထည့္ဖို႔ဆိုတာက ခက္ခဲေနတုန္းပဲ"

က်င္းက်ဳံးထင္ က ယခုတြင္ စီရင္စုထဲ၌ ေရာက္ေနၿပီ မို႔ ေနရာတိုင္း၌ မ်က္လုံးမ်ား ရွိေနေလသည္။ အန္းမိသားစု အား ကူညီရန္ ႀကိဳးစားသည္ကို သူတို႔ ရွာေတြ႕သြားၾကသည္ႏွင့္ ဒုကၡေရာက္သြားေပလိမ့္မည္။

က်န့္သခင္မက ႐ုတ္ခ်ည္းဆိုသလို သူ႕လက္အား ေပ်ာ္႐ႊင္စြာ ဆုပ္ကိုင္လိုက္သည္။

"ခင္ပြန္းရယ္...ရွင့္မွာ ဒီဇနီးရွိေနေသးတာကို ေမ့ေနေလေရာ့သလား?"

ေအာက္တရားသူႀကီးက်န့္ က တစ္ခဏမွ် ေၾကာင္အသြားရ၏။ ထို႔ေနာက္တြင္ သူ႕ဇနီး သည္ တကယ့္ကို အေကာင္းဆုံး စာပို႔ေပးနိုင္သူ ျဖစ္ေၾကာင္း နားလည္လိုက္ေလသည္။ သူမကို သြားခြင့္ျပဳျခင္းသည္သာ အသင့္ေတာ္ဆုံးႏွင့္ အမွန္ကန္ဆုံး နည္းလမ္း ျဖစ္သည္။

က်န့္သခင္မတြင္ လစဥ္လတိုင္း ဘုရားေက်ာင္းသို႔ သြားကာ အေမႊးနံ႕သာ ပူေဇာ္တတ္ေသာ အေလ့အက်င့္ ရွိသည္။ သူမက အခ်ိန္သတ္မွတ္မထားဘဲ တစ္လလွ်င္ သုံးႀကိမ္မွ ငါးႀကိမ္အထိ သြားေရာက္တတ္သည္။ ယခုမွာ ငါးလပိုင္းကို ကူးေျပာင္းကာစ ျဖစ္ၿပီး သူမသည္လည္း ဘုရားေက်ာင္း သို႔ မသြားရေသးေပ။ ဤသည္မွာ အသင့္ေတာ္ဆုံး ဆင္ေျခ ျဖစ္ေပသည္။

"ဒါဆိုရင္ က်ဳပ္ ဒီကိစၥကို ေဆာင္႐ြက္ေပးဖို႔အတြက္ ဇနီးကိုပဲ ဒုကၡေပးရေတာ့မယ္"

ေအာက္တရားသူႀကီး က်န့္က သူ႕ အက်ီလက္ထဲတြင္ ဖြက္ထားသည့္စာကို ထုတ္ကာ သူ႕ဇနီးထံ လွမ္းေပးလိုက္၏။

က်န့္သခင္မကလည္း ထိုစာကို အလွ်င္အျမန္ ဆြဲယူလိုက္ကာ သူမ၏ အက်ီလက္အိတ္ထဲသို႔ ထည့္လိုက္ေလသည္။ သူတို႔ႏွစ္ဦး သည္ အာ႐ုံစိုက္ရမည့္ အျခားအရာမ်ားကို ေဆြးႏြေးလိုက္ၿပီးေနာက္ ဘုရားေက်ာင္းသို႔သြားရန္ ျပင္ဆင္လိုက္ၾကသည္။

က်င္းက်ဳံးထင္၏ လူမ်ားသည္ က်န့္သခင္မကို သံသယမရွိသည္မို႔ က်န့္သခင္မႏွင့္ သူမ၏ အေစခံ ႏွစ္ေယာက္တို႔အား သြားခြင့္ျပဳလိုက္သည္။

........

စာမွာကား မၾကာမီတြင္ပင္ အန္းက်ီယန္၏ လက္ထဲသို႔ ေရာက္ရွိသြားသည္။

စာေပၚတြင္ လက္ခံသူကို အန္းက်ီယန္၏ နာမည္ေရးထားၿပီး စာပို႔သူ၏ အမည္မွာမူ မပါရွိေပ။ တစ္ဖက္လူေျပာသည္က ထိုစာသည္ အလြန္အေရးႀကီးသည္မို႔ ကိုယ္တိုင္ကိုယ္က် ဖတ္ရႈရမည္ဟု ျဖစ္သည္။

ဤအခ်ိန္၌ မည္သူက ႐ုတ္တရက္ႀကီး သူ႕ထံ စာေရးပို႔ေလသနည္း။

စာပို႔သည့္သူမွာ မည္သူျဖစ္သည္ကို က်ီယန္ မွန္းဆ၍မရေပ။ သူက စာကို ဖြင့္ဖတ္လိုက္သည္။ စာ၏ အဆုံး၌ နာမည္တစ္ခု ကို ေရးသာထားသည္။

ထိုနာမည္မွာကား က်န့္ဟယ္ ျဖစ္သည္။

က်န့္ဟယ္ သည္ ေအာက္တရားသူႀကီးက်န့္၏ နာမည္အျပည့္အစုံ ျဖစ္သည္။ အရင္က သူႏွင့္ အန္းခ်န္တိ ပူးေပါင္း၍ အန္းမိသားစု ကို ခက္ခဲေစရန္ လုပ္ေဆာင္ခဲ့သည္။ က်ီယန္ က ထိုကိစၥကို ေမ့ေလ်ာ့မထားခဲ့ေပ။ ထို႔ေၾကာင့္ စာပို႔သူက က်န့္္ျဖစ္ေနေၾကာင္း ေတြ႕ျမင္လိုက္ရခ်ိန္မွာေတာ့ လုံးဝ အံ့အားသင့္သြားမိေပသည္။

"ၾကည့္ရတာ အဲ့ဒီ က်န့္ဟယ္ဆိုတဲ့သူက အသိတရားနည္းနည္း ေတာ့ ရွိသားပဲ"

ဖူဝူထ်န္း က စာပါအေၾကာင္းအရာကို တစ္ခ်က္ၾကည့္လိုက္ၿပီး သူ႕အေတြးကို ခ်က္ခ်င္း ထုတ္ေျပာလိုက္သည္။ အန္းယြမ္စီရင္စုရွိ လူမ်ားအတြက္သာ မဟုတ္လွ်င္ သူက ဤသို႔ ႀကီးႀကီးမားမား စြန့္စား၍ စာပို႔ရဲမည္ မဟုတ္ေပ။

က်န့္ဟယ္ကို လႊမ္းမိုးနိုင္စြမ္းရွိၿပီး သူ႕၏ အနာဂတ္ အလုပ္အကိုင္ကို ထိန္းခ်ဳပ္နိုင္စြမ္းရွိ သည့္သူမွာ ဟုန္စီရင္စု၏ တရားသူႀကီး လွ်ိုေဖးဟုန္ ျဖစ္သည္။ သူက ပထမမင္းသား၏ လူမဟုတ္ေသာ္လည္း က်န္းစန္းခ်န္တိ ၏ စာသင္သား ျဖစ္ဖူးသည္။ ထို႔အျပင္ တံစိုးလက္ေဆာင္ စာရင္းစာအုပ္ ၌ ထည့္မွတ္ခံထားရသည့္ အရာရွိ အမ်ားစုသည္ ဟုန္စီရင္စုမွ ျဖစ္ၿပီး လွ်ိုေဖးဟုန္ လည္း အပါအဝင္ ျဖစ္သည္။

လွ်ိုေဖးဟုန္၏ ေလာဘက မေသးငယ္ေပ။ စာရင္းစာအုပ္ အရ သူသည္ တံစိုးလက္ေဆာင္မ်ားကို အမ်ားဆုံး လက္ခံထားသူ ျဖစ္သည္။

ပထမမင္းသား ဖူယြမ္ဝူပင္ ဤကိစၥကို သိေနၿပီျဖစ္၍ လွ်ိုေဖးဟုန္ သည္လည္း သိထားေပလိမ့္မည္။ ကိစၥေအာင္ျမင္လွ်င္ ရရွိမည့္ အက်ိဳးအျမတ္မ်ားထက္ လွ်ိုေဖးဟုန္ သည္ စာရင္းစာအုပ္ ကို ျပန္ယူနိုင္ေရးအတြက္သာ စိုးရိမ္ေနေလသည္။ ထိုသို႔မဟုတ္ဘဲ ထိုစာအုပ္သည္သာ ခ်ဳန္းမင္ဧကရာဇ္ ထံ ေရာက္ရွိသြားသည္ႏွင့္ က်န္းစန္းခ်န္တိ ကိုယ္တိုင္ ဝင္ကယ္လွ်င္ပင္ လွ်ိုေဖးဟုန္ လြတ္ေျမာက္နိုင္လိမ့္မည္မဟုတ္ေပ။

သူ႕အသက္ကို ၿခိမ္းေျခာက္ေနၿပီ ျဖစ္သည္မို႔ လွ်ိုေဖးဟုန္ ႏွင့္ က်င္းက်ဳံးထင္ တို႔၏ ပူးေပါင္းေဆာင္႐ြက္မႈသည္ ခန့္မွန္း၍ရနိုင္ေသာ ကိစၥပင္ ျဖစ္သည္။

ဝန္ႀကီးခ်ဳပ္ က်န္းစန္းခ်န္တိ သည္ပင္ ဤကိစၥ၌ ပါဝင္ပတ္သတ္ေနေပသည္။ တစ္ဖက္တြင္ေတာ့ အန္းက်ီယန္ တုန့္ဆိုင္းေတြေဝေနမိသည္။ ဖူဝူထ်န္း က လေပါင္းမ်ားစြာ ၾကာမွ အင္ပါယာၿမိဳ႕ေတာ္ကို တစ္ေခါက္ျပန္လာျခင္း ျဖစ္ၿပီး ႐ုတ္ခ်ည္းဆိုသလို မင္းသားတစ္ပါးႏွင့္ ဝန္ႀကီးခ်ဳပ္ကို ဆန့္က်င္မိလ်က္သား ျဖစ္သြားသည္။ ထို႔အျပင္ သူ႕၏ စစ္တပ္အင္အားကို က်ားေခ်ာင္းသလို ေခ်ာင္းၿပီး မ်က္စိက်ေနသည့္္ ဧကရာဇ္ကလည္း ရွိေနေသးသည္။ ဤအေျခအေနမွာ အလြန္အမင္း ေကာင္းမြန္ျခင္း မရွိေပ။

"ခင္ဗ်ား ဒီစာရင္းစာအုပ္ကို ဧကရာဇ္ ေရွ႕ ယူသြားေပးဖို႔ အစီအစဥ္ ရွိလား?"

က်ီယန္က စာကို ျပန္ေခါက္လိုက္ၿပီး အခ်ိန္ရသည္ႏွင့္ မီးရွို႔ပစ္ရန္ ႀကံစည္ထားသည္။ သို႔ေသာ္လည္း ဖူဝူထ်န္း၏ အေျဖက သူ႕အား အံ့အားသင့္သြားေစသည္။

Continue Reading

You'll Also Like

TPITWOHEF By Aduwei

Historical Fiction

102K 1.4K 200
NOT MY WORK, NOR MY TRANSLATION! For Offline Reading Only The Princess's Inner Thoughts Were Overheard by Her Emperor Father Author(s) 红豆煮水
272K 25.6K 86
" The darkness closed in around him, like a shroud of silence. Veeranshu's eyes fluttered open, and he was met with an unfamiliar ceiling. Groggily...
He's my Fairytale By N.A.M.F.

Historical Fiction

276K 12.7K 84
Do you believe in fairytale?Do you also want to have a happy ending with the one you love? Every fairytale story consists of a main character, male l...
10.7K 1K 45
Due to lan wangji anger, he made a mistake due to which he regretted it all his life