A mysterious love story (Comp...

By MoCo555

90.3K 3.8K 63

ငယ်စဥ်ကထဲက မိဘ၏ဆုံးမမှုတွေကြောင့် အချစ်ရေးမရှာဖို့ဆုံးဖြတ်ထားသူ ၊ မတော်တဆ အလယ်တန်းနောက်ဆုံးနှစ်မှာ ကောင်ဇိုးလ... More

1.အတူနေရန် အစပြုခြင်း
2.အဲ့ကောင်gayမဖြစ်နိုင်ဘူး
3.လှပထက်မြက်သောစက္ကထရီမလေး
4.နှစ်ဦးနှစ်ဖက်သဘောတူညီစာချုပ်ချုပ်ဆိုခြင်း
5.မတော်တဆ
6.နောက်ခါ ခေါင်းမလျှော်နဲ့
7.လွန်ခဲ့သော၁၁နှစ်
8.ဘုရားရေ ရန်ပွဲလား
9.မလုပ်ရဲတာမရှိတယ့်ကောင်လေးရဲ့ချစ်ရေးဆိုမှု
10.သူ့ရန်ကထွက်ပြေးခြင်း
11.နှလုံးသားကွဲကြေရမှုကြီး
12.ဝန်ခံခြင်း
13.နှင်းဆီပန်းပို့တယ့်သူက!!!
14.သြဇာကောင်း မင်းကဘာကောင်မို့လည်း
15.အမည်မသိကိုယ်လူချော၏ အကူအညီ
16.ကိုယ်လူချောက ငါ့တွဲဖက်
17.ပေါင်မုန့်ကချိုလား
18.သူငယ်ချင်းဆိုရင် ချစ်မရဘူးလား
19.ရင်ခွင်ထဲပစ်ဝင်မိခြင်း
20.အက်စီးဒန့်နှင့် သူနဲ့ရင်းနှီးလာခြင်း
21. အမှတ်မထင်တွေ့ဆုံမှု
22.ဒေါ်သာယဥ်ကျေး၏ အတွေးစများ
23.အပိုင်ယူချင်တယ်
24.သိဒ္ဓိ
25. ၃ပွင့်ဆိုင် မွေးနေ့ပွဲ
26. ဝိုင်အနမ်း
27.One Night Stand???
28.အီစီကလီကြီးနဲ့တူနေတယ်
29.ငံပြာရည်မကြီးမဖြစ်ချင်ပါဘူး
30.ဒီနေ့နေဝင်ချိန်ကသိပ်လှပါသည်
31.ထပ်မလှည့်စားပါနဲ့တော့
32.တိမ်တွေလိုပဲ
33.ကိုယ်အသက်ကြီးလာရင်မင်းကိုလက်ထပ်မှာ
34.I'm bad liar
35.အပြေးပြိုင်ပွဲ
36.ph.noတောင်းခံခြင်း
37.သူ့ပိုင်နက်ထဲ (1)
38.သူ့ပိုင်နက်ထဲ(2)
39.first kiss 2 times
40.ရှင် ဘာမှမဖြစ်ရဘူးနော်
41.အပြင်လူပဲလေ
42.အတင်းဖျင်းများ
43.မွေးနေ့တွင်ဖွင့်ပြောမည်
44.ချစ်မိနေတာပဲ
45.yeahနောက်ဆုံးတော့ ရည်းစားရပြီ
46.ထူးထူးဆန်းဆန်းတွေမလုပ်ပါနဲ့
47.ငါသူ့ကိုသတ်ချင်တယ်
48.ကြယ်ရောင်ပျောက်သောည
49.အိတ်ပုတ်မလေး
50. going to the playground
51.အာတာပူစီအနမ်း
53.ဒီတင်ဆက်သူလေးကဆွဲဆောင်နိုင်တယ်
စာရေးသူကငပိန်း
54.kisses in car
55.ယောက္ခမကြီးနဲ့တွေ့ဆုံခြင်း
56.အခုရော နောင်ရော
57.ရည်းစားကိုအိမ်ကမသိအောင်ထားနေတာလား
58.
59.
60.
61.
62.
63.
64.
65.
66.EnD
67.အမှတ်တရ
တောင်းပန်ခြင်း

52.တကယ်ချစ်မိတော့မှာလား

753 40 0
By MoCo555

ညနေစာပါ သူနဲ့တခါထဲဝင်စားခဲ့လိုက်သည်။ထုံးစံအတိုင်းLeo's birdမှာပင်ဖြစ်၏။ ငြိမ့်ညောင်းသော စန္ဒယားသံက ဝန်းကျင်ကို ဖုံးလွှမ်းနေ၏။ ဒီတခါကတော့ သူ့မွေးနေ့ကလို အောက်ထပ်မှာမဟုတ်ဘဲ အပေါ်ထပ်လို့ပြောလို့ရမယ့် ခေါင်မိုးထပ်မှာဖြစ်၏။

လေကတဖြူးဖြူးတိုက်ခတ်လျက်ရှိပြီး သာတို့က ကစားကွင်းကတန်းလာခဲ့တာကြောင့် ဒူးဖုံးရုံအဝတ်စားကအနည်းငယ်အေးစက်သယောင်ထင်ရပေ၏။

သို့ပေမယ့် လေတို့အကြား လွှင့်ပါးနေတယ့် ပန်းနုရောင် ခန်းဆီးစလိုအလှဆင်ထားတယ့် ပဝါပါးတို့ကသာတို့ပတ်ပတ်လည်တွင် ဝန်းရံလျက်ရှိတာကြောင့် အနည်းငယ်အချမ်းပြေသယောင်။ပန်းနုရောင်ပိုးသားစစားပွဲခင်းကအိထွေးစွာ ကြမ်းပြင်ထိပုံကျလျက်ရှိသည်။စားပွဲပေါ်တွင် သာအကြိုက်ဆုံး အနီရောင်နှင်းဆီတို့ကိုအဝန်းဝိုင်းပုပုလေးသဖွယ် အလှဆင်ထားသည်။နှင်းဆီတို့ကမွှေးပျံ့လွန်းသည်။ခယောင်းခွသဏ္ဌာန်ဖယောင်းစိုက်ထွန်းသည့် မီးဆိုင်းရှည်မျောမျောသဏ္ဌာန်လည်းရှိသည်။ထိုဘေးမှာတော့ လှပသော စတော်ဘယ်ရီသီးလေးတွေခရင်မ်ပန်းနုရောင်ပေါ်မြှုပ်နှံထားတယ့် ကိတ်လှလှလေးကနေရာယူနေသည်။ထို့ပြင် ဘေးနားတွင်တော့ နှစ်ချို့ဝိုင်တစ်ပုလင်းရှိနေသည်။

သာတို့ရှေ့တွင်တော့ ခုနကသူကိုယ်တိုင်ထည့်ပေးထားသော နီညိုညို ဝိုင်အနည်းငယ်ရှိသည့် ဝိုင်ခွက်ရှည်သွယ်သွယ်၂ခုရှိနေ၏။

"ဘယ်လိုလည်းကျေး မောင်ပြင်ဆင်ထားတာသဘောကျရဲ့လား ကျေးကြည့်ရတာ မပျော်သလိုပဲ ဘာဖြစ်လို့လည်းဟင် ခုနကကိစ္စကိုခုထိစိတ်ဆိုးနေတုန်းလား မောင်အလောကြီးသွားပြီးစိတ်မထိန်းနိုင်လိုက်လို့ပါ မောင့်ကိုခွင့်လွှတ်ပါနော်"

သူကစားပွဲပေါ်တင်ထားသောသာ့လက်ဖမိုး
ပေါ်သူ့လက်ခပ်ဖွဖွထပ်ကာ သာ့ကိုထပ်တောင်းပန်စကားဆိုသည်။သာကအမှန်တော့လုံးဝမမျှော်လင့်ထားတာမို့ရှော့ရသွားပြီး ခုထိနှလုံးသိပ်မတည်ငြိမ်သေးတာဖြစ်သည်။သူ့ကိုစိတ်ဆိုး၍လည်းသိပ်မဟုတ်ပါ။ ချစ်သူတွေဖြစ်ကြပြီဆိုထဲကသာက သူ့အပေါ်သိပ်မစိမ်းသက်ချင်တော့ပေ။ထို့အပြင်သမီးရည်းစားကြားကအကြောင်းတွေသာလည်း စာတွေ့တွေအရရော ကိုရီးယားကားတွေထဲကပါနားလည်သင့်သလောက်နားလည်ထားသည်။ဒါပေမယ့်အခုသာကလက်တွေ့ကြုံလိုက်ရတာဖြစ်တာမို့ အနည်းနဲ့အများ first timeမှာကြောင်အကြမှာအမှန်ပင်။ဒါပေမယ့်လည်း သူကသာ့ရဲ့ဖြစ်နေတယ့်အကြောင်းတရားကိုသိမှာမဟုတ် ။သာ့အပေါ်အမှားလုပ်မိသလိုသူခံစားနေရကြောင်းသာတွေ့တော့ သာလည်းထိုအရာပေါ် ဖြေရှင်းပေးဖို့အကောင်းဆုံးနည်းလမ်းကိုရှာနေမိသည်။ဘာပဲပြောပြောသူနဲ့သာကပြောရရင်သိပ်မရင်းနှီးသေးတာကြောင့် (first dateလေ😟)သာ့မှာ

'ရတယ်မောင် သာဘာမှမဖြစ်ဘူး သာသဘောကျပါတယ်'လို့ သူ့အနမ်းပေါ်ဘယ်လိုထုတ်ပြောရမလည်း။တဆိတ်ဒါကြီးက ယုတ္တိမရှိဘူးလေ။နောက်ဆုံးတော့ ဆက်ဆံရေးပုံမှန်ပြန်ဖြစ်ဖို့အကောင်းဆုံးနည်းလမ်းကိုရှာတွေ့သွားတော့တယ်။

"မောင်ကလည်း သာဘာမှမဖြစ်ပါဘူး မမျှော်လင့်ထားလို့ပါ ပြီးတော့ မောင်သာ့ကိုကတိပေးလိုက်ပြီပဲ သာမောင့်ကိုယုံပါတယ် သာစကားမပြောဘူးဆိုတာအံ့သြနေလို့ပါ မောင် သာ့အတွက်အကုန်အကျအရမ်းများနေမှာကိုသာစဥ်းစားမိသွားလို့ပါ"

သူကခုမှပဲမျက်နှာလေးရွှင်ပြသွားပြီး

"ကျေးကလည်းကွာ မောင်အကုန်ကျမများပါဘူး ဒါမောင်တို့ First dateဖြစ်သလို ကျေးရဲ့မွေးနေ့လေ မောင့်ကောင်မလေးရဲ့မွေးနေ့ပွဲကို မောင်အတတ်နိုင်ဆုံး romanceဖြစ်အောင်စဥ်းစားပြီးဆင်နွှဲချင်တာ မောင်တို့anniကမှတ်ရလွယ်တယ်နော်"

သူကမျက်လုံးတစ်ဖက်မှိတ်ပြီးပြောလိုက်တာကြောင့်သာ့ရင်က ပိုးပဝါစလေးလိုလွန့်လူးသွားရတယ်။

သာတို့ကိတ်ခွဲမလို့ရှိတုန်းမှာ သာ့ဖုန်းကအသံမြည်လာတာကြောင့် ကြည့်လိုက်တော့ မေမေတို့ဖြစ်နေတယ်။မေမေတို့ကအခုဖေဖေ့အလုပ်ကတောင်ကြီးသို့ပြောင်းရွှေ့သွားတာကြောင့် ဖွားဖွားနှင့်အတူတူနေနေတာဖြစ်သည်။

"မောင် ခနနော် မေမေတို့ဆက်တာ"

သူကနောက်ခုံမှာပြန်မှီလိုက်ပြီး သာ့ကိုပြုံးကာမေးဆတ်ပြသည်။သဘောကတော့ ပြောပါဆိုတာမျိုးပင်။

"Helloမေမေ"

"Happy birthday to you မေမေ့သမီးလေးပျော်ရွှင်စရာမွေးနေ့လေးဖြစ်ပါစေ "

"မေမေ ပေးတယ့်ဆုနဲ့ပြည့်ပါစေ"

အဲ့အချိန်မှာပဲ သူမအဖေသံကြားလိုက်ရပြီး

"ဟေးသမီးလား ၂၅နှစ်ပြည့်ပြီနော် အရင်လိုကလေးသိပ်မဆန်နဲ့တော့ကြားလား ကျန်းမာရေးဂရုစိုက်ဦး နေဦးဖေဖေစကားအများကြီးပြောချင်ပေမယ့် ဒီနေ့OVER TIMEရှိလို့အခုသွားရတော့မယ် သမီးမေမေသမီးကိုဆက်ပြောလိမ့်မယ် ဒါပဲနော်သမီး အာဘွား"

"အာဘွား ဖေ"

နောက်မေမေကဖုန်းပြန်ယုလိုက်ပုံရပြီး

"သမီးသာရေ သမီးဖေကတော့သိတယ့်အတိုင်းပဲ အေးအေး ကျန်းမာရေးဂရုစိုက်နော်သမီး နေဦး ဖွားဖွားနဲ့ပြောလိုက်ဦး အမေကသူ့မြေးနဲ့သိပ်ပြောချင်နေတာ"

"ဟုတ်"

"HELLO မြေးလား "

"ဟုတ်ဖွား ဖွားနေကောင်းလား"

"အမယ်ကောင်းပါ့တော် ဒေါင်ဒေါင်ကိုမြည်လို့ ငါ့မြေးတောင် ၂၅နှစ်ရှိသွားပြီနော် အဖွားကငါ့မြေးကိုလွမ်းနေတာ ဒီမယ် မြေးအမေတို့က မြေးဆီ ဒီရက်ပိုင်းလာလည်မို့တယ့် အဖွားပါလာမှာ "

"ဘယ်တော့လည်းဖွား"

"မသိသေးပါဘူးအေ မြေးသိတယ့်အတိုင်း မြေးအဖေရဲ့အလုပ်နဲ့ညှိယူရမှာပေါ့ ၂ရက်၃ရက်အတွင်းပဲ "

"ဟုတ် သာ လည်းဖွားကိုလွမ်းနေတာ '

မိနစ်အနည်းငယ်စကားပြောပြီးတော့ဖုန်းချလိုက်တယ့်အချိန်မှာ သာ့ကိုကြည့်ငေးနေတယ့်သူ့ကိုတွေ့လိုက်ရတော့ အားနာစွာပြုံးပြမိလိုက်သည်။

"Sorryမောင် ကြာသွားလား"

သူကခေါင်းကိုဖြေးညင်းစွာယမ်းပြီး

"ဟင့်အင်း အဖေတို့ အမေတို့နဲ့ပြောတာပဲ ဘာမှမဖြစ်ပါဘူး ကဲဒါဆိုကိုယ်တို့ကိတ်ခွဲတာပေါ့"

ဘုရားရေ သြဇာကောင်း ရှင်က First dateနဲ့တင် အဖေအမေခေါ်နေပြီလား။

စားသောက်ပြီးတော့သူကသာ့အတွက်အထူးအနေနဲ့ သီချင်းတစ်ပုဒ်တီး၍ဖျော်ဖြေပေးသည်။

လှပပြီးယောက်ျားပီသတယ့်လက်ချောင်းတို့က စန္ဒယားပေါ်မှာပြေးလွှားနေပြီး ဆွဲဆောင်မှုရှိတယ့်သူ့အသံကလည်း ပျံ့လွင့်နေသည်။ တစ်ချက်တစ်ချက်သာ့ကိုလှမ်းကြည့်ပြီး မျက်လုံးတစ်ချက်မှိတ်ပြကာသီဆိုတယ့်အချိန်ဆို သာ့ရင်လေးက တစ်ဖျတ်ဖျတ်ခုန်လာရပါသည်။

မောင် သာတကယ်ချစ်မိတော့မှာလား။

❣️❣️

MOCO😘😘

ညေနစာပါ သူနဲ႔တခါထဲဝင္စားခဲ့လိုက္သည္။ထံုးစံအတိုင္းLeo's birdမွာပင္ျဖစ္၏။ ၿငိမ့္ေညာင္းေသာ စႏၵယားသံက ဝန္းက်င္ကို ဖံုးလႊမ္းေန၏။ ဒီတခါကေတာ့ သူ႔ေမြးေန့ကလို ေအာက္ထပ္မွာမဟုတ္ဘဲ အေပၚထပ္လို႔ေျပာလို႔ရမယ့္ ေခါင္မိုးထပ္မွာျဖစ္၏။

ေလကတျဖဴးျဖဴးတိုက္ခတ္လ်က္ရိွၿပီး သာတို႔က ကစားကြင္းကတန္းလာခဲ့တာေၾကာင့္ ဒူးဖံုးရံုအဝတ္စားကအနည္းငယ္ေအးစက္သေယာင္ထင္ရေပ၏။

သို႔ေပမယ့္ ေလတို႔အၾကား လႊင့္ပါးေနတယ့္ ပန္းႏုေရာင္ ခန္းဆီးစလိုအလွဆင္ထားတယ့္ ပဝါပါးတို႔ကသာတို႔ပတ္ပတ္လည္တြင္ ဝန္းရံလ်က္ရိွတာေၾကာင့္ အနည္းငယ္အခ်မ္းေျပသေယာင္။ပန္းႏုေရာင္ပိုးသားစစားပြဲခင္းကအိေထြးစြာ ၾကမ္းျပင္ထိပံုက်လ်က္ရိွသည္။စားပြဲေပၚတြင္ သာအႀကိဳက္ဆံုး အနီေရာင္ႏွင္းဆီတို႔ကိုအဝန္းဝိုင္းပုပုေလးသဖြယ္ အလွဆင္ထားသည္။ႏွင္းဆီတို႔ကေမႊးပ်ံ့လြန္းသည္။ခေယာင္းခြသဏၭာန္ဖေယာင္းစိုက္ထြန္းသည့္ မီးဆိုင္းရွည္ေမ်ာေမ်ာသဏၭာန္လည္းရိွသည္။ထိုေဘးမွာေတာ့ လွပေသာ စေတာ္ဘယ္ရီသီးေလးေတြခရင္မ္ပန္းႏုေရာင္ေပၚျမႇဳပ္ႏွံထားတယ့္ ကိတ္လွလွေလးကေနရာယူေနသည္။ထို႔ျပင္ ေဘးနားတြင္ေတာ့ ႏွစ္ခ်ိဳ႕ဝိုင္တစ္ပုလင္းရိွေနသည္။

သာတို႔ေရ႔ွတြင္ေတာ့ ခုနကသူကိုယ္တိုင္ထည့္ေပးထားေသာ နီညိုညို ဝိုင္အနည္းငယ္ရိွသည့္ ဝိုင္ခြက္ရွည္သြယ္သြယ္၂ခုရိွေန၏။

"ဘယ္လိုလည္းေက်း ေမာင္ျပင္ဆင္ထားတာသေဘာက်ရဲ့လား ေက်းၾကည့္ရတာ မေပ်ာ္သလိုပဲ ဘာျဖစ္လို႔လည္းဟင္ ခုနကကိစၥကိုခုထိစိတ္ဆိုးေနတုန္းလား ေမာင္အေလာႀကီးသြားၿပီးစိတ္မထိန္းႏိုင္လိုက္လို႔ပါ ေမာင့္ကိုခြင့္လႊတ္ပါေနာ္"

သူကစားပြဲေပၚတင္ထားေသာသာ့လက္ဖမိုး
ေပၚသူ႔လက္ခပ္ဖြဖြထပ္ကာ သာ့ကိုထပ္ေတာင္းပန္စကားဆိုသည္။သာကအမွန္ေတာ့လံုးဝမေမ်ွာ္လင့္ထားတာမို႔ေရွာ့ရသြားၿပီး ခုထိႏွလံုးသိပ္မတည္ၿငိမ္ေသးတာျဖစ္သည္။သူ႔ကိုစိတ္ဆိုး၍လည္းသိပ္မဟုတ္ပါ။ ခ်စ္သူေတျြဖစ္ၾကၿပီဆိုထဲကသာက သူ႔အေပၚသိပ္မစိမ္းသက္ခ်င္ေတာ့ေပ။ထို႔အျပင္သမီးရည္းစားၾကားကအေၾကာင္းေတြသာလည္း စာေတြ့ေတြအရေရာ ကိုရီးယားကားေတြထဲကပါနားလည္သင့္သေလာက္နားလည္ထားသည္။ဒါေပမယ့္အခုသာကလက္ေတြ့ႀကံဳလိုက္ရတာျဖစ္တာမို႔ အနည္းနဲ႔အမ်ား first timeမွာေၾကာင္အၾကမွာအမွန္ပင္။ဒါေပမယ့္လည္း သူကသာ့ရဲ့ျဖစ္ေနတယ့္အေၾကာင္းတရားကိုသိမွာမဟုတ္ ။သာ့အေပၚအမွားလုပ္မိသလိုသူခံစားေနရေၾကာင္းသာေတြ့ေတာ့ သာလည္းထိုအရာေပၚ ေျဖရွင္းေပးဖို႔အေကာင္းဆံုးနည္းလမ္းကိုရွာေနမိသည္။ဘာပဲေျပာေျပာသူနဲ႔သာကေျပာရရင္သိပ္မရင္းႏွီးေသးတာေၾကာင့္ (first dateေလ😟)သာ့မွာ

'ရတယ္ေမာင္ သာဘာမွမျဖစ္ဘူး သာသေဘာက်ပါတယ္'လို႔ သူ႔အနမ္းေပၚဘယ္လိုထုတ္ေျပာရမလည္း။တဆိတ္ဒါႀကီးက ယုတၲိမရိွဘူးေလ။ေနာက္ဆံုးေတာ့ ဆက္ဆံေရးပံုမွန္ျပန္ျဖစ္ဖို႔အေကာင္းဆံုးနည္းလမ္းကိုရွာေတြ့သြားေတာ့တယ္။

"ေမာင္ကလည္း သာဘာမွမျဖစ္ပါဘူး မေမ်ွာ္လင့္ထားလို႔ပါ ၿပီးေတာ့ ေမာင္သာ့ကိုကတိေပးလိုက္ၿပီပဲ သာေမာင့္ကိုယံုပါတယ္ သာစကားမေျပာဘူးဆိုတာအံ့ၾသေနလို႔ပါ ေမာင္ သာ့အတြက္အကုန္အက်အရမ္းမ်ားေနမွာကိုသာစဥ္းစားမိသြားလို႔ပါ"

သူကခုမွပဲမ်က္ႏွာေလးရႊင္ျပသြားၿပီး

"ေက်းကလည္းကြာ ေမာင္အကုန္က်မမ်ားပါဘူး ဒါေမာင္တို႔ First dateျဖစ္သလို ေက်းရဲ့ေမြးေန့ေလ ေမာင့္ေကာင္မေလးရဲ့ေမြးေန့ပြဲကို ေမာင္အတတ္ႏိုင္ဆံုး romanceျဖစ္ေအာင္စဥ္းစားၿပီးဆင္ႏႊဲခ်င္တာ ေမာင္တို႔anniကမွတ္ရလြယ္တယ္ေနာ္"

သူကမ်က္လံုးတစ္ဖက္မိွတ္ၿပီးေျပာလိုက္တာေၾကာင့္သာ့ရင္က ပိုးပဝါစေလးလိုလြန္႔လူးသြားရတယ္။

သာတို႔ကိတ္ခြဲမလို႔ရိွတုန္းမွာ သာ့ဖုန္းကအသံျမည္လာတာေၾကာင့္ ၾကည့္လိုက္ေတာ့ ေမေမတို႔ျဖစ္ေနတယ္။ေမေမတို႔ကအခုေဖေဖ့အလုပ္ကေတာင္ႀကီးသို႔ေျပာင္းေရႊ့သြားတာေၾကာင့္ ဖြားဖြားႏွင့္အတူတူေနေနတာျဖစ္သည္။

"ေမာင္ ခနေနာ္ ေမေမတို႔ဆက္တာ"

သူကေနာက္ခံုမွာျပန္မွီလိုက္ၿပီး သာ့ကိုၿပံဳးကာေမးဆတ္ျပသည္။သေဘာကေတာ့ ေျပာပါဆိုတာမ်ိဳးပင္။

"Helloေမေမ"

"Happy birthday to you ေမေမ့သမီးေလးေပ်ာ္ရႊင္စရာေမြးေန့ေလးျဖစ္ပါေစ "

"ေမေမ ေပးတယ့္ဆုနဲ႔ျပည့္ပါေစ"

အဲ့အခ်ိန္မွာပဲ သူမအေဖသံၾကားလိုက္ရၿပီး

"ေဟးသမီးလား ၂၅ႏွစ္ျပည့္ၿပီေနာ္ အရင္လိုကေလးသိပ္မဆန္နဲ႔ေတာ့ၾကားလား က်န္းမာေရးဂရုစိုက္ၪီး ေနၪီးေဖေဖစကားအမ်ားႀကီးေျပာခ်င္ေပမယ့္ ဒီေန့OVER TIMEရိွလို႔အခုသြားရေတာ့မယ္ သမီးေမေမသမီးကိုဆက္ေျပာလိမ့္မယ္ ဒါပဲေနာ္သမီး အာဘြား"

"အာဘြား ေဖ"

ေနာက္ေမေမကဖုန္းျပန္ယုလိုက္ပံုရၿပီး

"သမီးသာေရ သမီးေဖကေတာ့သိတယ့္အတိုင္းပဲ ေအးေအး က်န္းမာေရးဂရုစိုက္ေနာ္သမီး ေနၪီး ဖြားဖြားနဲ႔ေျပာလိုက္ၪီး အေမကသူ႔ေျမးနဲ႔သိပ္ေျပာခ်င္ေနတာ"

"ဟုတ္"

"HELLO ေျမးလား "

"ဟုတ္ဖြား ဖြားေနေကာင္းလား"

"အမယ္ေကာင္းပါ့ေတာ္ ေဒါင္ေဒါင္ကိုျမည္လို႔ ငါ့ေျမးေတာင္ ၂၅ႏွစ္ရိွသြားၿပီေနာ္ အဖြားကငါ့ေျမးကိုလြမ္းေနတာ ဒီမယ္ ေျမးအေမတို႔က ေျမးဆီ ဒီရက္ပိုင္းလာလည္မို႔တယ့္ အဖြားပါလာမွာ "

"ဘယ္ေတာ့လည္းဖြား"

"မသိေသးပါဘူးေအ ေျမးသိတယ့္အတိုင္း ေျမးအေဖရဲ့အလုပ္နဲ႔ၫွိယူရမွာေပါ့ ၂ရက္၃ရက္အတြင္းပဲ "

"ဟုတ္ သာ လည္းဖြားကိုလြမ္းေနတာ '

မိနစ္အနည္းငယ္စကားေျပာၿပီးေတာ့ဖုန္းခ်လိုက္တယ့္အခ်ိန္မွာ သာ့ကိုၾကည့္ေငးေနတယ့္သူ႔ကိုေတြ့လိုက္ရေတာ့ အားနာစြာၿပံဳးျပမိလိုက္သည္။

"Sorryေမာင္ ၾကာသြားလား"

သူကေခါင္းကိုေျဖးညင္းစြာယမ္းၿပီး

"ဟင့္အင္း အေဖတို႔ အေမတို႔နဲ႔ေျပာတာပဲ ဘာမွမျဖစ္ပါဘူး ကဲဒါဆိုကိုယ္တို႔ကိတ္ခြဲတာေပါ့"

ဘုရားေရ ၾသဇာေကာင္း ရွင္က First dateနဲ႔တင္ အေဖအေမေခၚေနၿပီလား။

စားေသာက္ၿပီးေတာ့သူကသာ့အတြက္အထူးအေနနဲ႔ သီခ်င္းတစ္ပုဒ္တီး၍ေဖ်ာ္ေျဖေပးသည္။

လွပၿပီးေယာက္်ားပီသတယ့္လက္ေခ်ာင္းတို႔က စႏၵယားေပၚမွာေျပးလႊားေနၿပီး ဆြဲေဆာင္မႈရိွတယ့္သူ႔အသံကလည္း ပ်ံ့လြင့္ေနသည္။ တစ္ခ်က္တစ္ခ်က္သာ့ကိုလွမ္းၾကည့္ၿပီး မ်က္လံုးတစ္ခ်က္မိွတ္ျပကာသီဆိုတယ့္အခ်ိန္ဆို သာ့ရင္ေလးက တစ္ဖ်တ္ဖ်တ္ခုန္လာရပါသည္။

ေမာင္ သာတကယ္ခ်စ္မိေတာ့မွာလား။

❣️❣️

MOCO😘😘

Continue Reading

You'll Also Like

343K 4.7K 32
Rajveer is not in love with Prachi and wants to take revenge from her . He knows she is a virgin and is very peculiar that nobody touches her. Prachi...
1.3M 32.7K 46
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
3.9M 162K 62
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
215K 24.1K 63
#Book-2 of Hidden Marriage Series. 🔥❤️ This book is the continuation/sequel of the first book "Hidden Marriage - Amazing Husband." If you guys have...