(Completed )Thinking of Deer...

Galing kay Xiao_Yiii

159K 29.8K 1.3K

Total Chapter - 32 Author - Mo Li Eng Tran - Peony and Peach သင့္ရဲ႔လံုျခံဳေရးခါးပတ္ကိုျမန္ျမန္တပ္ၿပီးအႏုပညာအ... Higit pa

Description
Chapter(1)
Chapter(2)
Chapter(3)
Chapter(5)
Chapter(6)
Chapter(7)
Chapter(8)
Chapter(9)
Chapter(10)
Chapter(11)
Chapter(12)
Chapter(13)
Chapter(14)
Chapter(15)
Chapter(16)
Chapter(17)
Chapter(18)
Chapter(19)
Chapter(20)
Chapter(21)
Chapter(22)
Chapter(23)
Chapter(24)
Chapter(25)
Chapter(26)
Chapter(27)
Chapter(28)
Chapter(29)
Chapter(30)
Chapter(31)
Extra
Thank You

Chapter(4)

5.1K 1.1K 74
Galing kay Xiao_Yiii

Unicode

Chapter(4)

ဖေးချောင်းရဲ့ခေါင်းပေါ်ပြုတ်ကျတဲ့ပိုင်မုန့်ကအသားတင်များတာမဟုတ်ဘူးအရည်လည်းရွှမ်းပြီးနူးလည်းနူးညံ့တယ်....

ထို variety show ကကြီးကျယ်လှတဲ့ ထုတ်လုပ်မှုတစ်ခုဖြစ်ပြီး season တစ်ခုလုံးမှာ သရုပ်ဆောင်ငါးယောက်က ပုံသေဖြစ်ပြီးအပိုင်းတိုင်းမှာမတူညီတဲ့ဧည့်သည်သရုပ်ဆောင်ငါးယောက်ကိုဖိတ်ကြားကာသူတို့မှာစိတ်ပြင်းပြပြီးစိတ်အားထက်သန်တဲ့ပုံစံမျိုးရှိကြသည်။

အိုး,မေ့တော့မလို့,အဲ့ဒီ variety show ကို'သစ်တောထဲမှာဖားရှာဖွေခြင်း'လို့ခေါ်တယ်

နာမည်ကပြောထားတဲ့အတိုင်းပဲ variety show ရဲ့နေရာ setting ကဘယ်နေရာမဆိုဖြစ်နိုင်ပြီးဂိမ်းကိုရှင်းလင်းရမယ့်သော့ကတောက်ပတဲ့ရွှေဖားပြုတ်တစ်ကောင်ပဲ

အဲ့ဒီဂိမ်းရဲ့စည်းမျဉ်းစည်းကမ်းတွေက အတော်လေးရှုပ်ထွေးပေမယ့် အဲ့ဒီလိုရှုပ်ထွေးလို့လည်း program ရဲ့အန္တရယ်အရှိဆုံးအထွတ်အထိပ်ရောက်သွားတဲ့အချိန်မှာပရိသတ်လှိုင်းလုံးကြီးကိုတစ်လုံးပြီးတစ်လုံးရိပ်သိမ်းနိုင်ခဲ့သည်လေ။

အဲ့ဒါထဲမှာဖေးချောင်းရဲ့အကြိုက်ဆုံးက 'dinner program' ပဲ....တကယ်တော့သူစားတာကအရမ်းမြန်တယ်...မြန်လွန်းလို့ပွဲမပြီးခင်ကြေညာတာမပြီးခင်မှာပဲစားလို့ပြီးသွားလိမ့်မယ်

သူကသူ့ပွဲဦးထွက်ပြီးရင်အဲဒီပွဲကနေ ဖိတ်ကြားခံရဖို့စိတ်ကူးယဉ်ဖူးပေမယ့် ပွဲဦးတောင်မထွက်ရေးခင်အဲ့ဒီ show မှာပါဝင်ရမယ်လို့မထင်ထားခဲ့မိဘူး... ဘာများပိုရှိဦးမှာလဲ,အဲ့ဒါက ချွင်ယွဲ့ယောင်ဆီကနေဖိတ်လာတာလေ

ချွင်!ယွဲ့!ယောင်!

ဖေးချောင်းကတစ်ညလုံးထိုင်နေမိတာကြောင့်နောက်တစ်နေ့မှာတော့သစ်ကုလားအုတ်ကနေလည်ပင်းရှည်ပန်ဒါဖြစ်နေလေပြီ။

သူတို့တွေမနက်ခင်းကုမ္ဗဏီရဲ့ကားပါကင်မှာတွေ့ဆုံကြသည်။ဖေးချောင်းကအရမ်းကိုရင်တုန်နေတာကြောင့်လမ်းလျှောက်တဲ့အချိန်မှာညှိနှိုင်းတိုင်ပင်မှုမရှိသလိုဖြစ်နေသော်လည်း ချွင်ယွဲ့ယောင်ကတော့အရမ်းကိုတည်ငြိမ်ပြီးအေးဆေးနေသည်။

ချွင်ယွဲ့ယောင်ကအလွန်တရာချောမော ခန့်ညားသည်။စင်ပေါ်မှာတောက်ပပြီး ဖန်သားပြင်ပေါ်မှာဆို Sexy ကျ၍တစ်လက်လက်ထနေသည်။ဒီလိုနောက်ကွယ်သီးသန့်နေရာမှာတောင်သူ့ဆီကနေခေါင်းအစခြေအဆုံးကိုးကွယ်ချင်စရာအလင်းတွေထုတ်လွှင့်နေမယ်လို့မထင်ထားမိဘူး..

သူက'ချဉ်းကပ်လွယ်'တဲ့အိုင်ဒေါတစ်ယောက်ပုံစံမျိုးတော့မဟုတ်ဘူး....သူ့ကိုလူအုပ်ထဲမှာမိတ်ကပ်မပါပဲထည့်ထားလိုက်မယ်ဆိုရင်တောင်လုံးဝထင်းထွက်နေမယ့်တောက်ပတဲ့အရောင်အဝါမျိုးရှိတယ်...

ဖေးချောင်းကအရပ်အရမ်းရှည်တာကြောင့်တစ်ဖက်လူရဲဦးဗွေလေးကိုကြည့်ဖို့ငုံ့စရာပင်မလိုပေ။ငွေရောင်ဖျော့ဖျော့ဆံပင်ကိုသာမာန်ဆံပင်ပုံစံဖီးထားပြီးဂျယ်လိမ်းထားတာကြောင့်အမွှေးနံ့သင်းသင်းလေးထွက်နေသည်။ထိုရနံ့ကအဆင့်မြင့်တဲ့ရနံ့မျိးဖြစ်ပြီးဖေးချောင်းပုံမှန်သုံးနေကြ 9.90 ယွမ် conditioner နဲ့တော့လုံးဝခြားနားတဲ့အဆင့်မှာရှိနေသည်။

(9.90 yuan = 2,366 kyat)

ချွင်ယွဲ့ယောင်းရဲ့အရပ်က(1.82m)ရှိပြီးဖျော်ဖြေရေးအသိုင်းအဝိုင်းအတွင်းမှာအရှည်ဆုံးတွေထဲကတစ်ယောက်လို့သတ်မှတ်လို့ရသည်။ဒီထက်ပိုတာကသူ့အရပ်ကအတုအယောင်မဟုတ်ဘူး..တစ်ခါတစ်လေ(1.85m)လို့ပြောထားတဲ့အနုပညာရှင်တစ်ယောက်နဲ့စင်နောက်မှာတွေ့ဘူးပေမယ့်သူကသူတို့ထက်တောင်ရှည်နေသေးတယ်လေ။

ဒါပေမဲ့လည်းသစ်ကုလားအုတ်ဘေးမှာသွားရပ်လိုက်တော့ Sexy Tibetan antelope ကြီးကသေးသေးလေးဖြစ်သွားရသည်။

ချွင်ယွဲ့ယောင်ကသူ့ဘေးကအရပ်ရှည်ရှည်အမျိုးသားလေးကိုလှည့်ကြည့်လိုက်သည့်အခါရလဒ်ကတော့သူတို့မျက်လုံးတွေစုံသွားပြီးဖေးချောင်းကခေါင်းကိုချာခနဲလှည့်လိုက်တာပဲ

ချွင်ယွဲ့ယောင်ကပြုံးသည်။သူ့ရဲ့ပထမဆုံးစကားကဟိုနေ့ကသူ့ကိုဖေးချောင်းကူညီပေးခဲ့တာကိုကျေးဇူးတင်ဖို့မဟုတ်သလိုရုပ်ပြအကြောင်းမေးတာလည်းမဟုတ်ခဲ့ဘူး; အဲ့ဒါအပြင်နောက်ကျရင် show အတွင်းမှာအာရုံစိုက်ခံရအောင်လုပ်လို့ပြောတာလည်းမဟုတ်လေဘူး

သူကမေးလိုက်သည်။

"ဖေးချောင်း,မင်းကုမ္ဗဏီမှာလေ့ကျင့်ရေးသင်တန်းသားဖြစ်နေတာဒီလောက်ကြာနေပြီဆိုတော့အကယ်၍များအဆုံးသတ်မှာပွဲဦးထွက်ဖို့ကျဆုံးသွားတယ်ဆိုရင်မော်ဒယ်အနေနဲ့ပွဲဦးထွက်ဖို့ရောအတွေးရှိလား?"

"ကျွန်တော်မတွေးထားဘူး"

"......"

ဖေးချောင်းကအမှန်အတိုင်းပြောသည်။

"အကယ်၍ကျွန်တော်တကယ်ပဲမအောင်မြင်ဘူးဆိုရင်ရုပ်ပြဆွဲတဲ့သူတစ်ယောက်အနေနဲ့ပွဲဦးထွက်မှာ"

ချွင်ယွဲ့ယောင် : "မင်းကိုကြည့်ရတာရည်မှန်းချက်သိပ်ရှိပုံမပေါ်ဘူးဘာဖြစ်လို့ဖျော်ဖြေရေးအသိုင်းအဝိုင်းထဲဝင်လာရတာလဲ?"

ဖေးချောင်းကသူ့မျက်လုံးထဲကိုစိုက်ကြည့်လိုက်သော်လည်းစကားတော့မပြောပေ။

ချွင်ယွဲ့ယောင်ကအတွေးတစ်ခုရသွားပုံနဲ့သူ့အားစနောက်သလိုမေးလာသည်။

"ငါ့ကြောင့်တော့မဟုတ်ပါဘူးနော်,ဟုတ်လား?"

"......"

"ဒီမှာဘာကင်မရာမှမရှိဘူး,အဲ့ဒီလိုမျိုးအိုင်ဒေါတစ်ယောက်ကြောင့်ကုမ္ဗဏီကိုဝင်ခဲ့ရတာပါဆိုတဲ့အလွန်အကျူးစကားတွေပြောဖို့မလိုဘူး"

"......"

"ကောင်းပြီ,ငါမင်းကိုယုံလိုက်မယ်"

"......"

"ငါတောင်းပန်ပါတယ်." ချွင်ယွဲ့ယောင်းကကူကယ်ရာမဲ့စွာဖြင့်ဆက်ပြောသည်။

"စီနီယာအကိုကြီးကမင်းရဲ့မျက်ရည်တွေကိုကိုယ်တိုင်သုတ်ပေးမယ်ဟုတ်ပြီလား?"

Funcy မိတ်ကပ်ကနေတစ်ဆင့် မျက်ရည်များပိုပြီးကျသထက်ကျလာခြင်းမှကာကွယ်နိုင်ရန်သစ်ကုလားအုတ်ကြီးသည်ဝမ်းနည်းပူဆွေးနေသောနှလုံးသားဖြင့်သာသူ့အဆိုပြုချက်ကိုငြင်းဆန်လိုက်ရသည်။

ပွဲတွင်သူ့ရုပ်ဆင်းသွင်ပြင်ကိုပြသနိုင်ရန်အတွက်ဖေးချောင်းကလှပပြီးတင့်တယ်လျောက်ပတ်သည့်ဈေးကြီးသောအဝတ်အစားများကိုပထမဆုံးအကြိမ်အဖြစ်ဝတ်ဆင်ခဲ့သည်။ပြီးရင်ကုမ္ဗဏီကိုပြန်ပေးရမှာဖြစ်တာကြောင့်သူတို့ကိုဝတ်တဲ့အချိန်မှာအင်အားအများကြီးတောင်မသုံးရဲခဲ့ပေ။လည်ဆွဲ၊လက်ပတ်ကြိုးနှင့်လက်စွပ်များကိုလည်းဝတ်ဆင်ထားရသည့်အပြင်ခါးပတ်ကပါထုတ်လုပ်သူမှကမကထပြုပြီးစပွန်ဆာပေးထားတာဖြစ်သောကြောင့်ခေါင်းအစခြေအဆုံးluxuriousကျတဲ့ခံစားချက်ကိုပေးစွမ်းနေသည်။

အရေးကြီးဆုံးကတော့သူနဲ့ချွင်ယွဲ့ယောင်းရဲ့အင်္ကျီတွေကလိုက်ဖက်နေတာပဲ

ဘယ်အဖြောင့်အမျိုးသားပရိသတ်ကသူ့ရဲ့အဖြောင့်အမျိုးသားအိုင်ဒေါနဲ့ဆင်တူမဝတ်ချင်မှာလည်းဟုတ်တယ်မှတ်လား?!

နောက်ဆုံးတော့ရိုက်ကူးရေးလုပ်မယ့်နေရာကိုရောက်လာခဲ့ပြီးချွင်ယွဲ့ယောင်နဲ့ဖေးချောင်းတို့ကရိုက်ကူးရေးဝန်ထမ်းများကိုလိုက်နှုတ်ဆက်ကြသည်။ချွင်ယွဲ့ယောင်ကနေရာတိုင်းမှာအလွန်ကိုတော်လှပေသည်။ဖေးချောင်းကိုတမင်သက်သက်ကြည့်ရှုပေးပြီးသူ့ကိုမျက်နှာသာအများအပြားပေးသည်။

သူတို့စတင်ပြီးအသံသွင်းတော့ချွင်ယွဲ့ယောင်ကဖေးချောင်းကိုသူ့ဘက်ဆွဲခေါ်ထားသည်။ဖေးချောင်းသည်ကင်မရာရှေ့ထွက်ရတာပထမဆုံးဖြစ်၏။သူကအရမ်းကိုရင်တုန်နေတာကြောင့်သူ့မျက်နှာကတောင့်တင်းနေပြီးသစ်ကုလားအုတ်နဲ့မတူပဲTanystropheusနဲ့တူနေသည်။

ကင်မရာရှေ့မှာလေထုကမကြာခင်ပဲအသက်ဝင်လာလေသည်။

"ယွဲ့ယောင်,မင်းကသိသိသာသာကိုခြေတံရှည်အိုပါးဖြစ်ပေမယ့်မင်းရဲ့ဂျူနီယာလေးရှေ့လည်းရပ်လိုက်ရောချက်ချင်းလူပုလေးနဲ့တူသွားပါလား"

ဖေးချောင်းကစဉ်းပင်မစဉ်းစားပဲထိုင်ချလိုက်သည်;နောက်ဆုံးတော့ချွင်ယွဲ့ယောင်ကဖေးချောင်းထက်ပိုရှည်ပုံပေါ်သွားပြီ

ချွင်ယွဲ့ယောင် : "မင်းမတ်တပ်ရပ်"

ဖေးချောင်းကဘယ်ကရမှန်းမသိတဲ့ကျောက်တုန်းတစ်ခုယူလာပြီးချွင်ယွဲ့ယောင်အားထိုအပေါ်မှာရပ်ခိုင်းသည်။ရလဒ်ကတော့......ချွင်ယွဲ့ယောင်ကဖေးချောင်းထက်ပုနေဆဲပဲ

ဖေးချောင်း : "စီနီယာအကို,ဒါမှမဟုတ်ခြေထောက်အောက်မှာအထူတစ်ခုခုထည့်ရင်ရော?"

"......"

"ဒါရိုက်တာကြီး,ကျွန်တော်တို့ရဲ့အပေါ်ပိုင်းကိုပဲရိုက်ပေးလို့ဖြစ်မလား?"

"......"

ကင်မရာမန်းအားလုံးရယ်ချင်စိတ်ကိုထိန်းထားကြသည်။

လက်ထောက်ဒါရိုက်တာကလှမ်းပြောသည်။

"ငါတို့ဒီအပိုင်းကို out takes မှာထည့်ရမယ်!"

ဒါရိုက်တာကပြန်ပြောသည်။

"ဟင်အင်း,ငါတို့ဒါကိုရိုက်ကူးရေးမှာထည့်ရမှာ"

ချွင်ယွဲ့ယောင်မှာကျောက်တုန်းပေါ်မတ်တပ်ရပ်ပြီးသူ့ဘာသာသူစဉ်းစားနေမိသည်။

ကြည့်ရတာဖေးချောင်းကရုပ်ပြဆွဲတဲ့သူဖြစ်တော့မယ်မထင်ဘူး

သူမကြာခင်ဟာသသရုပ်ဆောင်အဖြစ်ပွဲဦးထွက်လိမ့်မယ်

.....................................
Zawgyi

Chapter(4)

ေဖးေခ်ာင္းရဲ႔ေခါင္းေပၚျပဳတ္က်တဲ့ပိုင္မုန္႔ကအသားတင္မ်ားတာမဟုတ္ဘူးအရည္လည္းရႊမ္းၿပီးႏူးလည္းႏူးညံ့တယ္....

ထို variety show ကႀကီးက်ယ္လွတဲ့ ထုတ္လုပ္မႈတစ္ခုျဖစ္ၿပီး season တစ္ခုလံုးမွာ သ႐ုပ္ေဆာင္ငါးေယာက္က ပံုေသျဖစ္ၿပီးအပိုင္းတိုင္းမွာမတူညီတဲ့ဧည့္သည္သ႐ုပ္ေဆာင္ငါးေယာက္ကိုဖိတ္ၾကားကာသူတို႔မွာစိတ္ျပင္းျပၿပီးစိတ္အားထက္သန္တဲ့ပံုစံမ်ိဳးရွိၾကသည္။

အိုး,ေမ့ေတာ့မလို႔,အဲ့ဒီ variety show ကို'သစ္ေတာထဲမွာဖားရွာေဖြျခင္း'လို႔ေခၚတယ္

နာမည္ကေျပာထားတဲ့အတိုင္းပဲ variety show ရဲ႔ေနရာ setting ကဘယ္ေနရာမဆိုျဖစ္ႏိုင္ၿပီးဂိမ္းကိုရွင္းလင္းရမယ့္ေသာ့ကေတာက္ပတဲ့ေရႊဖားျပဳတ္တစ္ေကာင္ပဲ

အဲ့ဒီဂိမ္းရဲ႔စည္းမ်ဥ္းစည္းကမ္းေတြက အေတာ္ေလးရႈပ္ေထြးေပမယ့္ အဲ့ဒီလိုရႈပ္ေထြးလို႔လည္း program ရဲ႔အႏၲရယ္အရွိဆံုးအထြတ္အထိပ္ေရာက္သြားတဲ့အခ်ိန္မွာပရိသတ္လွိုင္းလံုးႀကီးကိုတစ္လံုးၿပီးတစ္လံုးရိပ္သိမ္းႏိုင္ခဲ့သည္ေလ။

အဲ့ဒါထဲမွာေဖးေခ်ာင္းရဲ႔အႀကိဳက္ဆံုးက 'dinner program' ပဲ....တကယ္ေတာ့သူစားတာကအရမ္းျမန္တယ္...ျမန္လြန္းလို႔ပြဲမၿပီးခင္ေၾကညာတာမၿပီးခင္မွာပဲစားလို႔ၿပီးသြားလိမ့္မယ္

သူကသူ႔ပြဲဦးထြက္ၿပီးရင္အဲဒီပြဲကေန ဖိတ္ၾကားခံရဖို႔စိတ္ကူးယဥ္ဖူးေပမယ့္ ပြဲဦးေတာင္မထြက္ေရးခင္အဲ့ဒီ show မွာပါဝင္ရမယ္လို႔မထင္ထားခဲ့မိဘူး... ဘာမ်ားပိုရွိဦးမွာလဲ,အဲ့ဒါက ခၽြင္ယြဲ႔ေယာင္ဆီကေနဖိတ္လာတာေလ

ခၽြင္!ယြဲ႔!ေယာင္!

ေဖးေခ်ာင္းကတစ္ညလံုးထိုင္ေနမိတာေၾကာင့္ေနာက္တစ္ေန႔မွာေတာ့သစ္ကုလားအုတ္ကေနလည္ပင္းရွည္ပန္ဒါျဖစ္ေနေလၿပီ။

သူတို႔ေတြမနက္ခင္းကုမၺဏီရဲ႔ကားပါကင္မွာေတြ႕ဆံုၾကသည္။ေဖးေခ်ာင္းကအရမ္းကိုရင္တုန္ေနတာေၾကာင့္လမ္းေလွ်ာက္တဲ့အခ်ိန္မွာၫွိနွိုင္းတိုင္ပင္မႈမရွိသလိုျဖစ္ေနေသာ္လည္း ခၽြင္ယြဲ႔ေယာင္ကေတာ့အရမ္းကိုတည္ၿငိမ္ၿပီးေအးေဆးေနသည္။

ခၽြင္ယြဲ႔ေယာင္ကအလြန္တရာေခ်ာေမာ ခန္႔ညားသည္။စင္ေပၚမွာေတာက္ပၿပီး ဖန္သားျပင္ေပၚမွာဆို Sexy က်၍တစ္လက္လက္ထေနသည္။ဒီလိုေနာက္ကြယ္သီးသန္႔ေနရာမွာေတာင္သူ႔ဆီကေနေခါင္းအစေျခအဆံုးကိုးကြယ္ခ်င္စရာအလင္းေတြထုတ္လႊင့္ေနမယ္လို႔မထင္ထားမိဘူး..

သူက'ခ်ဥ္းကပ္လြယ္'တဲ့အိုင္ေဒါတစ္ေယာက္ပံုစံမ်ိဳးေတာ့မဟုတ္ဘူး....သူ႔ကိုလူအုပ္ထဲမွာမိတ္ကပ္မပါပဲထည့္ထားလိုက္မယ္ဆိုရင္ေတာင္လံုးဝထင္းထြက္ေနမယ့္ေတာက္ပတဲ့အေရာင္အဝါမ်ိဳးရွိတယ္...

ေဖးေခ်ာင္းကအရပ္အရမ္းရွည္တာေၾကာင့္တစ္ဖက္လူရဲဦးေဗြေလးကိုၾကည့္ဖို႔ငံု႔စရာပင္မလိုေပ။ေငြေရာင္ေဖ်ာ့ေဖ်ာ့ဆံပင္ကိုသာမာန္ဆံပင္ပံုစံဖီးထားၿပီးဂ်ယ္လိမ္းထားတာေၾကာင့္အေမႊးနံ႔သင္းသင္းေလးထြက္ေနသည္။ထိုရနံ႔ကအဆင့္ျမင့္တဲ့ရနံ႔မ်ိးျဖစ္ၿပီးေဖးေခ်ာင္းပံုမွန္သံုးေနၾက 9.90 ယြမ္ conditioner နဲ႔ေတာ့လံုးဝျခားနားတဲ့အဆင့္မွာရွိေနသည္။

(9.90 yuan = 2,366 kyat)

ခၽြင္ယြဲ႔ေယာင္းရဲ႔အရပ္က(1.82m)ရွိၿပီးေဖ်ာ္ေျဖေရးအသိုင္းအဝိုင္းအတြင္းမွာအရွည္ဆံုးေတြထဲကတစ္ေယာက္လို႔သတ္မွတ္လို႔ရသည္။ဒီထက္ပိုတာကသူ႔အရပ္ကအတုအေယာင္မဟုတ္ဘူး..တစ္ခါတစ္ေလ(1.85m)လို႔ေျပာထားတဲ့အႏုပညာရွင္တစ္ေယာက္နဲ႔စင္ေနာက္မွာေတြ႕ဘူးေပမယ့္သူကသူတို႔ထက္ေတာင္ရွည္ေနေသးတယ္ေလ။

ဒါေပမဲ့လည္းသစ္ကုလားအုတ္ေဘးမွာသြားရပ္လိုက္ေတာ့ Sexy Tibetan antelope ႀကီးကေသးေသးေလးျဖစ္သြားရသည္။

ခၽြင္ယြဲ႔ေယာင္ကသူ႔ေဘးကအရပ္ရွည္ရွည္အမ်ိဳးသားေလးကိုလွည့္ၾကည့္လိုက္သည့္အခါရလဒ္ကေတာ့သူတို႔မ်က္လံုးေတြစံုသြားၿပီးေဖးေခ်ာင္းကေခါင္းကိုခ်ာခနဲလွည့္လိုက္တာပဲ

ခၽြင္ယြဲ႔ေယာင္ကျပံဳးသည္။သူ႔ရဲ႔ပထမဆံုးစကားကဟိုေန႔ကသူ႔ကိုေဖးေခ်ာင္းကူညီေပးခဲ့တာကိုေက်းဇူးတင္ဖို႔မဟုတ္သလို႐ုပ္ျပအေၾကာင္းေမးတာလည္းမဟုတ္ခဲ့ဘူး; အဲ့ဒါအျပင္ေနာက္က်ရင္ show အတြင္းမွာအာရံုစိုက္ခံရေအာင္လုပ္လို႔ေျပာတာလည္းမဟုတ္ေလဘူး

သူကေမးလိုက္သည္။

"ေဖးေခ်ာင္း,မင္းကုမၺဏီမွာေလ့က်င့္ေရးသင္တန္းသားျဖစ္ေနတာဒီေလာက္ၾကာေနၿပီဆိုေတာ့အကယ္၍မ်ားအဆံုးသတ္မွာပြဲဦးထြက္ဖို႔က်ဆံုးသြားတယ္ဆိုရင္ေမာ္ဒယ္အေနနဲ႔ပြဲဦးထြက္ဖို႔ေရာအေတြးရွိလား?"

"ကၽြန္ေတာ္မေတြးထားဘူး"

"......"

ေဖးေခ်ာင္းကအမွန္အတိုင္းေျပာသည္။

"အကယ္၍ကၽြန္ေတာ္တကယ္ပဲမေအာင္ျမင္ဘူးဆိုရင္႐ုပ္ျပဆြဲတ့ဲသူတစ္ေယာက္အေနနဲ႔ပြဲဦးထြက္မွာ"

ခၽြင္ယြဲ႔ေယာင္ : "မင္းကိုၾကည့္ရတာရည္မွန္းခ်က္သိပ္ရွိပံုမေပၚဘူးဘာျဖစ္လို႔ေဖ်ာ္ေျဖေရးအသိုင္းအဝိုင္းထဲဝင္လာရတာလဲ?"

ေဖးေခ်ာင္းကသူ႔မ်က္လံုးထဲကိုစိုက္ၾကည့္လိုက္ေသာ္လည္းစကားေတာ့မေျပာေပ။

ခၽြင္ယြဲ႔ေယာင္ကအေတြးတစ္ခုရသြားပံုနဲ႔သူ႔အားစေနာက္သလိုေမးလာသည္။

"ငါ့ေၾကာင့္ေတာ့မဟုတ္ပါဘူးေနာ္,ဟုတ္လား?"

"......"

"ဒီမွာဘာကင္မရာမွမရွိဘူး,အဲ့ဒီလိုမ်ိဳးအိုင္ေဒါတစ္ေယာက္ေၾကာင့္ကုမၺဏီကိုဝင္ခဲ့ရတာပါဆိုတဲ့အလြန္အက်ဴးစကားေတြေျပာဖို႔မလိုဘူး"

"......"

"ေကာင္းၿပီ,ငါမင္းကိုယံုလိုက္မယ္"

"......"

"ငါေတာင္းပန္ပါတယ္." ခၽြင္ယြဲ႔ေယာင္းကကူကယ္ရာမဲ့စြာျဖင့္ဆက္ေျပာသည္။

"စီနီယာအကိုႀကီးကမင္းရဲ႔မ်က္ရည္ေတြကိုကိုယ္တိုင္သုတ္ေပးမယ္ဟုတ္ၿပီလား?"

Funcy မိတ္ကပ္ကေနတစ္ဆင့္ မ်က္ရည္မ်ားပိုၿပီးက်သထက္က်လာျခင္းမွကာကြယ္ႏိုင္ရန္သစ္ကုလားအုတ္ႀကီးသည္ဝမ္းနည္းပူေဆြးေနေသာႏွလံုးသားျဖင့္သာသူ႔အဆိုျပဳခ်က္ကိုျငင္းဆန္လိုက္ရသည္။

ပြဲတြင္သူ႔႐ုပ္ဆင္းသြင္ျပင္ကိုျပသႏိုင္ရန္အတြက္ေဖးေခ်ာင္းကလွပၿပီးတင့္တယ္ေလ်ာက္ပတ္သည့္ေစ်းႀကီးေသာအဝတ္အစားမ်ားကိုပထမဆံုးအႀကိမ္အျဖစ္ဝတ္ဆင္ခဲ့သည္။ၿပီးရင္ကုမၺဏီကိုျပန္ေပးရမွာျဖစ္တာေၾကာင့္သူတို႔ကိုဝတ္တဲ့အခ်ိန္မွာအင္အားအမ်ားႀကီးေတာင္မသံုးရဲခဲ့ေပ။လည္ဆြဲ၊လက္ပတ္ႀကိဳးႏွင့္လက္စြပ္မ်ားကိုလည္းဝတ္ဆင္ထားရသည့္အျပင္ခါးပတ္ကပါထုတ္လုပ္သူမွကမကထျပဳၿပီးစပြန္ဆာေပးထားတာျဖစ္ေသာေၾကာင့္ေခါင္းအစေျခအဆံုးluxuriousက်တဲ့ခံစားခ်က္ကိုေပးစြမ္းေနသည္။

အေရးႀကီးဆံုးကေတာ့သူနဲ႔ခၽြင္ယြဲ႔ေယာင္းရဲ႔အက်ႌေတြကလိုက္ဖက္ေနတာပဲ

ဘယ္အေျဖာင့္အမ်ိဳးသားပရိသတ္ကသူ႔ရဲ႔အေျဖာင့္အမ်ိဳးသားအိုင္ေဒါနဲ႔ဆင္တူမဝတ္ခ်င္မွာလည္းဟုတ္တယ္မွတ္လား?!

ေနာက္ဆံုးေတာ့႐ိုက္ကူးေရးလုပ္မယ့္ေနရာကိုေရာက္လာခဲ့ၿပီးခၽြင္ယြဲ႔ေယာင္နဲ႔ေဖးေခ်ာင္းတို႔က႐ိုက္ကူးေရးဝန္ထမ္းမ်ားကိုလိုက္ႏႈတ္ဆက္ၾကသည္။ခၽြင္ယြဲ႔ေယာင္ကေနရာတိုင္းမွာအလြန္ကိုေတာ္လွေပသည္။ေဖးေခ်ာင္းကိုတမင္သက္သက္ၾကည့္ရႈေပးၿပီးသူ႔ကိုမ်က္ႏွာသာအမ်ားအျပားေပးသည္။

သူတို႔စတင္ၿပီးအသံသြင္းေတာ့ခၽြင္ယြဲ႔ေယာင္ကေဖးေခ်ာင္းကိုသူ႔ဘက္ဆြဲေခၚထားသည္။ေဖးေခ်ာင္းသည္ကင္မရာေရွ႕ထြက္ရတာပထမဆံုးျဖစ္၏။သူကအရမ္းကိုရင္တုန္ေနတာေၾကာင့္သူ႔မ်က္ႏွာကေတာင့္တင္းေနၿပီးသစ္ကုလားအုတ္နဲ႔မတူပဲTanystropheusနဲ႔တူေနသည္။

ကင္မရာေရွ႕မွာေလထုကမၾကာခင္ပဲအသက္ဝင္လာေလသည္။

"ယြဲ႔ေယာင္,မင္းကသိသိသာသာကိုေျခတံရွည္အိုပါးျဖစ္ေပမယ့္မင္းရဲ႔ဂ်ဴနီယာေလးေရွ႕လည္းရပ္လိုက္ေရာခ်က္ခ်င္းလူပုေလးနဲ႔တူသြားပါလား"

ေဖးေခ်ာင္းကစဥ္းပင္မစဥ္းစားပဲထိုင္ခ်လိုက္သည္;ေနာက္ဆံုးေတာ့ခၽြင္ယြဲ႔ေယာင္ကေဖးေခ်ာင္းထက္ပိုရွည္ပံုေပၚသြားၿပီ

ခၽြင္ယြဲ႔ေယာင္ : "မင္းမတ္တပ္ရပ္"

ေဖးေခ်ာင္းကဘယ္ကရမွန္းမသိတဲ့ေက်ာက္တုန္းတစ္ခုယူလာၿပီးခၽြင္ယြဲ႔ေယာင္အားထိုအေပၚမွာရပ္ခိုင္းသည္။ရလဒ္ကေတာ့......ခၽြင္ယြဲ႔ေယာင္ကေဖးေခ်ာင္းထက္ပုေနဆဲပဲ

ေဖးေခ်ာင္း : "စီနီယာအကို,ဒါမွမဟုတ္ေျခေထာက္ေအာက္မွာအထူတစ္ခုခုထည့္ရင္ေရာ?"

"......"

"ဒါ႐ိုက္တာႀကီး,ကၽြန္ေတာ္တို႔ရဲ႔အေပၚပိုင္းကိုပဲ႐ိုက္ေပးလို႔ျဖစ္မလား?"

"......"

ကင္မရာမန္းအားလံုးရယ္ခ်င္စိတ္ကိုထိန္းထားၾကသည္။

လက္ေထာက္ဒါ႐ိုက္တာကလွမ္းေျပာသည္။

"ငါတို႔ဒီအပိုင္းကို out takes မွာထည့္ရမယ္!"

ဒါ႐ိုက္တာကျပန္ေျပာသည္။

"ဟင္အင္း,ငါတို႔ဒါကို႐ိုက္ကူးေရးမွာထည့္ရမွာ"

ခၽြင္ယြဲ႔ေယာင္မွာေက်ာက္တုန္းေပၚမတ္တပ္ရပ္ၿပီးသူ႔ဘာသာသူစဥ္းစားေနမိသည္။

ၾကည့္ရတာေဖးေခ်ာင္းက႐ုပ္ျပဆြဲတဲ့သူျဖစ္ေတာ့မယ္မထင္ဘူး

သူမၾကာခင္ဟာသသ႐ုပ္ေဆာင္အျဖစ္ပြဲဦးထြက္လိမ့္မယ္

.....................................

Tanystropheus dinosaur

Ipagpatuloy ang Pagbabasa

Magugustuhan mo rin

288K 14.7K 83
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
427K 16.1K 44
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
241K 36.1K 87
»This is not my own story »Just translate for fun »All credits go to the original author and translator »Cover photo from pinterest