A mysterious love story (Comp...

By MoCo555

90.4K 3.8K 63

ငယ်စဥ်ကထဲက မိဘ၏ဆုံးမမှုတွေကြောင့် အချစ်ရေးမရှာဖို့ဆုံးဖြတ်ထားသူ ၊ မတော်တဆ အလယ်တန်းနောက်ဆုံးနှစ်မှာ ကောင်ဇိုးလ... More

1.အတူနေရန် အစပြုခြင်း
2.အဲ့ကောင်gayမဖြစ်နိုင်ဘူး
3.လှပထက်မြက်သောစက္ကထရီမလေး
4.နှစ်ဦးနှစ်ဖက်သဘောတူညီစာချုပ်ချုပ်ဆိုခြင်း
5.မတော်တဆ
6.နောက်ခါ ခေါင်းမလျှော်နဲ့
7.လွန်ခဲ့သော၁၁နှစ်
8.ဘုရားရေ ရန်ပွဲလား
9.မလုပ်ရဲတာမရှိတယ့်ကောင်လေးရဲ့ချစ်ရေးဆိုမှု
10.သူ့ရန်ကထွက်ပြေးခြင်း
11.နှလုံးသားကွဲကြေရမှုကြီး
12.ဝန်ခံခြင်း
13.နှင်းဆီပန်းပို့တယ့်သူက!!!
14.သြဇာကောင်း မင်းကဘာကောင်မို့လည်း
15.အမည်မသိကိုယ်လူချော၏ အကူအညီ
16.ကိုယ်လူချောက ငါ့တွဲဖက်
17.ပေါင်မုန့်ကချိုလား
18.သူငယ်ချင်းဆိုရင် ချစ်မရဘူးလား
19.ရင်ခွင်ထဲပစ်ဝင်မိခြင်း
20.အက်စီးဒန့်နှင့် သူနဲ့ရင်းနှီးလာခြင်း
21. အမှတ်မထင်တွေ့ဆုံမှု
22.ဒေါ်သာယဥ်ကျေး၏ အတွေးစများ
23.အပိုင်ယူချင်တယ်
24.သိဒ္ဓိ
25. ၃ပွင့်ဆိုင် မွေးနေ့ပွဲ
26. ဝိုင်အနမ်း
27.One Night Stand???
28.အီစီကလီကြီးနဲ့တူနေတယ်
29.ငံပြာရည်မကြီးမဖြစ်ချင်ပါဘူး
30.ဒီနေ့နေဝင်ချိန်ကသိပ်လှပါသည်
31.ထပ်မလှည့်စားပါနဲ့တော့
32.တိမ်တွေလိုပဲ
33.ကိုယ်အသက်ကြီးလာရင်မင်းကိုလက်ထပ်မှာ
34.I'm bad liar
35.အပြေးပြိုင်ပွဲ
36.ph.noတောင်းခံခြင်း
37.သူ့ပိုင်နက်ထဲ (1)
38.သူ့ပိုင်နက်ထဲ(2)
39.first kiss 2 times
40.ရှင် ဘာမှမဖြစ်ရဘူးနော်
41.အပြင်လူပဲလေ
42.အတင်းဖျင်းများ
43.မွေးနေ့တွင်ဖွင့်ပြောမည်
44.ချစ်မိနေတာပဲ
45.yeahနောက်ဆုံးတော့ ရည်းစားရပြီ
46.ထူးထူးဆန်းဆန်းတွေမလုပ်ပါနဲ့
47.ငါသူ့ကိုသတ်ချင်တယ်
49.အိတ်ပုတ်မလေး
50. going to the playground
52.တကယ်ချစ်မိတော့မှာလား
51.အာတာပူစီအနမ်း
53.ဒီတင်ဆက်သူလေးကဆွဲဆောင်နိုင်တယ်
စာရေးသူကငပိန်း
54.kisses in car
55.ယောက္ခမကြီးနဲ့တွေ့ဆုံခြင်း
56.အခုရော နောင်ရော
57.ရည်းစားကိုအိမ်ကမသိအောင်ထားနေတာလား
58.
59.
60.
61.
62.
63.
64.
65.
66.EnD
67.အမှတ်တရ
တောင်းပန်ခြင်း

48.ကြယ်ရောင်ပျောက်သောည

818 40 0
By MoCo555

'လုပ်လိုက် ဘုန်းလက်ျာ မင်းယောက်ျားမဟုတ်ဘူးလား မင်းချစ်နေတာမသိပဲ ဟိုကခုဆို ချစ်သူရသွားပြီ အဲ့တာမင်းလက်နှေးနေလို့ ခုမင်းအတွက်အခွင့်ရေးပဲ မင်းသူ့ကိုချစ်တယ်မလား မင်းအပိုင်လုပ်လိုက် မင်းတို့၂ယောက်ထဲရှိတာ ဟေ့ ဘုန်းလက်ျာ လုပ်လိုက် နမ်းလိုက် နမ်းလိုက် '

ဘုန်းမျက်နှာ တဖြည်းဖြည်းသူမဘက်သို့နိမ့်ဆင်းလာပြီးနောက်။

'ဟင့်အင်း မဟုတ်ဘူး ငါက သာ့ကို ချစ်တာ ဒီလိုမျိုးဖြစ်ဖို့မဟုတ်ဘူး မင်းတို့ဆက်သွေးထိုးမနေနဲ့'

စိတ်ထဲက နတ်ဆိုးတွေကိုအားကုန်အော်လိုက်ပြီး ဘုန်းသူမမျက်နှာနားသို့ပိုတိုးကပ်လိုက်ပြီး ခေါင်းချင်းတိုက်ချလိုက်သည်။

"အား နာတယ် လူယုတ်မာရဲ့ "

သာက နဖူးကိုပွတ်ပြီးပြောချလိုက်တယ် လက်တစ်ဖက်ကလည်း လျင်မြန်စွာ သူ့လက်မောင်းကိုဖြန်းခနဲ။ သူကတော့ ရယ်နေတယ်။

"ငါက စတာပါသာရဲ့  နင့်ကြည့်ရတာ အရမ်းပျော်မြူးနေလို့ နည်းနည်းရုပ်တည်နဲ့နောက်ကြည့်တာ သြဇာကောင်းဆိုတာငါမသိဘဲနေမလား နှင်းဆီပန်းတွေပို့တယ့်သူကို အဟက် ​ဆက်ပြော"

ခုတော့မှသာက ဖိုးလမင်းလိုမျက်နှာကြီးဝင်းသွားပြီး

"ဘုန်း နင်ကလည်း ငါကအတည်မှတ်နေတာ အဟမ်း ဟုတ်တယ် သူပဲ ပြီးတော့ထူးဆန်းတာပြောပြရမလား"

သာက တက်ကြွလန်းဆန်းစွာ ရည်းစားအကြောင်းကိုစကားတွေအများကြီး ပြောချင်ပုံရသည်။

'ထူးဆန်းတာ ဘာလည်း သြဇာကောင်းက မင်းရဲ့လုပ်ဖော်ကိုင်ဖက် သြရှနဲ့တစ်ယောက်ထဲဆိုတယ့်အကြောင်းလား ဒါမှမဟုတ် ငါတို့သိတာ ခုမှမဟုတ်ဘူးဆိုတယ့်အကြောင်းလား နင်ဘာကိုထူးဆန်းတယ်ဆိုပြီးပြောမလို့လည်းသာရယ် ငါအကုန်သိပြီးသားတွေပါ ငါထပ်ကြားလေ ရင်နာရရုံပဲရှိမှာပေါ့'

ဘုန်းစိတ်ထဲက မျက်ရည်တွေကျနေတာကို ဟန်ဆောင်ပြီး

"ဘာထူးခြားတာလည်း "

အသံမှာပျော်ရွှင်ခြင်းတွေပျောက်ဆုံးနေပြီးဟန်လုပ်ပြောနေရတာကို သူမမရိပ်မိဘူးထင်ပါရဲ့။

"သူကလေ သိလား ငါ့ကို၁၀နှစ်ကျော်ချစ်ခဲ့တာဟ "

ကိုယ်လည်းမင်းကို စတွေ့ထဲကချစ်ခဲ့တာပါ သာရယ်။ဖွားတို့အိမ်ကိုအလည်သွားတိုင်းဧည့်ခန်းမှာချိတ်ထားတယ့်မင်းဓာတ်ပုံလေးကိုမင်းနဲ့မတွေ့ခင်ကထဲကကိုယ်ငေးကြည့်ခဲ့ရတာပါ။ဖွားက မင်းအကြောင်းလေးတွေပြောပြရင် ကိုယ့်မှာအမြဲနားထောင်ပြီး မင်းလာလည်မယ့်ရက်တွေကိုမျှော်လင့်နေရတယ့်ကောင်ပါ။

"နင်သိတယ်မလား ငါအတိတ်မေ့နေတာ သူ့ကိုလေ အဟင်း တကယ်အံ့သြစရာပဲ သူကပြီးတော့ ငါ့လုပ်ဖော်ကိုင်ဖက်လည်းဖြစ်ဖူးသေးတယ် နင်အံ့သြသွားလား ဟုတ်တယ် ကိုသြရှဆိုတာလည်းသူပဲ အဟင်း ငါမသိခဲ့ဘူးသိလား "

မအံ့သြပါဘူးသာရယ်။ကိုယ်ချစ်နေတယ့်မိန်းကလေးရဲ့ချစ်သူအကြောင်းကို ဘာမှမဖြစ်သလို ပျော်ပျော်ပါးပါး နားထောင်ပေးနေရတယ် ငါ့ကိုယ်ငါလောက် မအံ့သြမိပါဘူး။

"ဟဲ့ ဘုန်း နင်နားထောင်နေလား"

"ဟမ် အမ်း ဆက်ပြောလေ"

"ဟယ် နင့်အသံကြီးကလည်း ဘာလည်းအိပ်ချင်နေလို့လား ဟုတ်သား ဘယ်နှစ်နာရီရှိပြီလည်း မသိဘူး"

သာကပြောလည်းပြောနာရီကို LEDမီးလုံး တစ်လုံးနားသို့ လှစ်ခနဲပြေးပြီးသွားကြည့်သည်။

micky ရုပ်လေးတွေပါသော ညအိပ်ဝတ်စုံအပွလေးနဲ့သာက လက်ကလည်း mickyရုပ်တစ်ရုပ်ကိုကိုင်ထားသေးကာ တကယ့်ကလေးမလေးလိုမျိုးချစ်ဖို့သိပ်ကောင်းနေလေသည်။

ဘုန်းရင်ထဲ တင်းကျပ်ကျပ်ခံစားလိုက်ရသည်။မှန်သည် ခုတော့ ဒီကောင်မလေးဟာ ဘုန်းနဲ့လုံးဝပါတ်သတ်ခွင့်မရှိတော့ပြီ။ ပြီးတော့ ဘုန်းနဲ့ သူငယ်ချင်းဆိုသည့်အဖြစ်ကလွဲလို့ လုံးဝရှေ့ဆက်တိုးခွင့်မရှိပြီ။ ဖွင့်ပြောဖို့ သွေးကြောင်နေသည့် သူ့အမှားတွေလား။

မယုံနိုင်အောင်ပဲ ပါးပြင်ပေါ် မျက်ရည်တစ်စက်ဖြတ်ဆင်းသွားသည်။ ကျစ် ပျော့လိုက်တာ ဘုန်းရာ။မင်းယောက်ျားပဲ ဒီချိန်မှာတင်းခံထားစမ်းပါ။

"ဟယ် ၁နာရီတောင်ခွဲတော့မယ် ကြည့်စမ်း ဘုန်း နင်မနက်အလုပ်သွားရဦးမှာမလား ငါ့ကြောင့် အိပ်ရေးပျက်ပါပြီ ငါကမနက်အလုပ်မရှိတော့တော်သေးတယ် "

သာက LEDမီးလုံးလေးနားထိုင်ရင်း နာရီကိုကြည့်ပြီးသူ့ကိုလှမ်းကြည့်ကာပြောသည်။ LEDမီးရောင်တွေကြားကို ကမန်းကတန်းထလာခဲ့ရတာကြောင့်ရှုပ်ပွနေသောသူမဆံပင်လေးတွေက ဖြာကျနေသည်။

"ရပါတယ် သူငယ်ချင်းတွေပဲ "

ထိုအချိန်မှာပဲ မည်းမှောင်နေသောကောင်းကင်ပြင်ကနေ မျက်ရည်စက်များစွာကျဆင်းခဲ့လေသည်။

"ဟယ် မိုးကအချိန်ခါမဟုတ်  ဘုန်းလာအချိန်ခါမဟုတ်ရွာတယ့်မိုးအစိုမခံနဲ့နင်ဖျားလိမ့်မယ် ငါတို့ဝင်ကြရအောင်"

သာကပြောပြီးထရပ်ကာ အိမ်တံခါးမကြီးဆီဦးတည်လိုက်သည်။

"ငါတော့နေခဲ့ဦးမယ် ဒါတွေနည်းနည်းသိမ်းဦးမယ်လေ "

ဘုန်းက ရှေ့က LED တို့အားမေးငေါ့ပြသည်။

"ဒါဆိုမြန်မြန်လုပ် လာငါကူပေးမယ်"

သာကသူ့ဘက်ကိုပြန်လှည့်လာတာကြောင့်

"မလာနဲ့သာ ငါတစ်ယောက်ထဲအဆင်ပြေတယ် နင်အိပ်တော့လေ ငါကမိုးမိရုံလောက်နဲ့ မဖျားပါဘူး ဝင်တော့"

သာထပ်ရပ်နေသေးပေမယ့်

"ဝင်တော့သာ"

သူထပ်ပြောလိုက်တာကြောင့်အိမ်ထဲပြန်ဝင်ခဲ့တယ်။

တံခါးနားရောက်ခါနီးမှာ သူ့ဆီက စကားပြောသံကိုလှမ်းကြားလိုက်ရတယ်။အစကဖျောက်တောက်ဖျောက်တောက်ရွာနေတယ့် မိုးက သာလည်းတံစက်မြိတ်အောက်ရောက်ကောဝေါခနဲ ရွာချလိုက်ပါသည်။

"ဟေး သာ ငါနင့်ကိုချစ်တယ်ဆိုတာ နင်သိတယ်မလား"

"ဟမ် ဘာပြောတာလည်း သေချာမကြားရဘူး "

သာကလှမ်းအော်ပြောလိုက်တယ် မိုးသံကြောင့်သူအသံက ဝေဝါးနေ၏။

"နင်ကငါ့အချစ်ဆုံး  သူ..  ငယ်..  ချင်း. နော် "

ခုမှသူပြောတာလှမ်းကြားလိုက်ရသည်။မိုးရေပတ်ဖြန်းမှုကြောင့် သူ့ကိုယ်က စိုရွှဲနေလေသည်။

"နင်ကလည်း ငါ့အချစ်ဆုံးသူငယ်ချင်းပါပဲနော်  သိပ်မကြာစေနဲ့ ဖျားလိမ့်မယ်"

ပြောပြီးအိမ်ထဲဝင်သွားတယ့်သူမကိုကြည့်ရင်းဘုန်းစိတ်အခြေနေတို့အနည်းငယ်ငြိမ်သက်သွားရသလိုလို။

ငါ့ကိုမုန်းတီးသွားမှာထက်စာရင် နင့်ရဲ့အချစ်ဆုံးသူငယ်ချင်းဆိုတယ့်ဘွဲ့ကိုငါကျေကျေနပ်နပ်ခံယူမှာပါ။

ပါးပြင်ပေါ်က မျက်ရည်ကြောင်းတစ်ချို့ မိုးရေနဲ့အတူစီးဆင်းသွားသည်။ငိုရင်ယောက်ျားမဟုတ်ဘူးတယ့်။အဟက် ယောက်ျားမှာလည်းအသည်းနှလုံးပါတယ် ခံစားတတ်တယ် မျက်ရည်ကျတတ်တယ် ။

ခုံတန်းပေါ်ထိုင်ရင်း စိတ်တည်ငြိမ်အောက်ပြန်ထိန်းရင်းဆုံးဖြတ်ချက်တစ်ချို့ပါချလိုက်သည်။ ထိုအချိန်ကောင်းကင်ပေါ်ကိုမော့ကြည့်တော့ ကြယ်ရောင်ပျောက်ကုန်ပြီဖြစ်သည်။မိုးကတော့ရွာနေဆဲပင်။

❣️❣️❣️❣️

MoCo😘😘

မိုကိုတော့စိတ်ညစ်နေပါပြီ ဘုန်းလေးကိုလည်းသနား သြဇာကောင်းလေးကလည်းသူ့ခမျာခုမှ သာ့အချစ်ကိုရရှာတာ အဟင့် အဟင့် ကြားထဲက အမြင်ကပ်စရာရှိရင် မိုကို့ကိုပဲကပ်လိုက်ပါနော် 😘😘

'လုပ္လိုက္ ဘုန္းလက္်ာ မင္းေယာက္်ားမဟုတ္ဘူးလား မင္းခ်စ္ေနတာမသိပဲ ဟိုကခုဆို ခ်စ္သူရသြားၿပီ အဲ့တာမင္းလက္ေနွးေနလို႔ ခုမင္းအတြက္အခြင့္ေရးပဲ မင္းသူ႔ကိုခ်စ္တယ္မလား မင္းအပိုင္လုပ္လိုက္ မင္းတို႔၂ေယာက္ထဲရိွတာ ေဟ့ ဘုန္းလက္်ာ လုပ္လိုက္ နမ္းလိုက္ နမ္းလိုက္ '

ဘုန္းမ်က္ႏွာ တျဖည္းျဖည္းသူမဘက္သို႔နိမ့္ဆင္းလာၿပီးေနာက္။

'ဟင့္အင္း မဟုတ္ဘူး ငါက သာ့ကို ခ်စ္တာ ဒီလိုမ်ိဳးျဖစ္ဖို႔မဟုတ္ဘူး မင္းတို႔ဆက္ေသြးထိုးမေနနဲ႔'

စိတ္ထဲက နတ္ဆိုးေတြကိုအားကုန္ေအာ္လိုက္ၿပီး ဘုန္းသူမမ်က္ႏွာနားသို႔ပိုတိုးကပ္လိုက္ၿပီး ေခါင္းခ်င္းတိုက္ခ်လိုက္သည္။

"အား နာတယ္ လူယုတ္မာရဲ့ "

သာက နဖူးကိုပြတ္ၿပီးေျပာခ်လိုက္တယ္ လက္တစ္ဖက္ကလည္း လ်င္ျမန္စြာ သူ႔လက္ေမာင္းကိုျဖန္းခနဲ။ သူကေတာ့ ရယ္ေနတယ္။

"ငါက စတာပါသာရဲ့  နင့္ၾကည့္ရတာ အရမ္းေပ်ာ္ျမဴးေနလို႔ နည္းနည္းရုပ္တည္နဲ႔ေနာက္ၾကည့္တာ ၾသဇာေကာင္းဆိုတာငါမသိဘဲေနမလား ႏွင္းဆီပန္းေတြပို႔တယ့္သူကို အဟက္ ​ဆက္ေျပာ"

ခုေတာ့မွသာက ဖိုးလမင္းလိုမ်က္ႏွာႀကီးဝင္းသြားၿပီး

"ဘုန္း နင္ကလည္း ငါကအတည္မွတ္ေနတာ အဟမ္း ဟုတ္တယ္ သူပဲ ၿပီးေတာ့ထူးဆန္းတာေျပာျပရမလား"

သာက တက္ႂကြလန္းဆန္းစြာ ရည္းစားအေၾကာင္းကိုစကားေတြအမ်ားႀကီး ေျပာခ်င္ပံုရသည္။

'ထူးဆန္းတာ ဘာလည္း ၾသဇာေကာင္းက မင္းရဲ့လုပ္ေဖာ္ကိုင္ဖက္ ၾသရွနဲ႔တစ္ေယာက္ထဲဆိုတယ့္အေၾကာင္းလား ဒါမွမဟုတ္ ငါတို႔သိတာ ခုမွမဟုတ္ဘူးဆိုတယ့္အေၾကာင္းလား နင္ဘာကိုထူးဆန္းတယ္ဆိုၿပီးေျပာမလို႔လည္းသာရယ္ ငါအကုန္သိၿပီးသားေတြပါ ငါထပ္ၾကားေလ ရင္နာရရံုပဲရိွမွာေပါ့'

ဘုန္းစိတ္ထဲက မ်က္ရည္ေတြက်ေနတာကို ဟန္ေဆာင္ၿပီး

"ဘာထူးျခားတာလည္း "

အသံမွာေပ်ာ္ရႊင္ျခင္းေတြေပ်ာက္ဆံုးေနၿပီးဟန္လုပ္ေျပာေနရတာကို သူမမရိပ္မိဘူးထင္ပါရဲ့။

"သူကေလ သိလား ငါ့ကို၁၀ႏွစ္ေက်ာ္ခ်စ္ခဲ့တာဟ "

ကိုယ္လည္းမင္းကို စေတြ့ထဲကခ်စ္ခဲ့တာပါ သာရယ္။ဖြားတို႔အိမ္ကိုအလည္သြားတိုင္းဧည့္ခန္းမွာခ်ိတ္ထားတယ့္မင္းဓာတ္ပံုေလးကိုမင္းနဲ႔မေတြ့ခင္ကထဲကကိုယ္ေငးၾကည့္ခဲ့ရတာပါ။ဖြားက မင္းအေၾကာင္းေလးေတြေျပာျပရင္ ကိုယ့္မွာအၿမဲနားေထာင္ၿပီး မင္းလာလည္မယ့္ရက္ေတြကိုေမ်ွာ္လင့္ေနရတယ့္ေကာင္ပါ။

"နင္သိတယ္မလား ငါအတိတ္ေမ့ေနတာ သူ႔ကိုေလ အဟင္း တကယ္အံ့ၾသစရာပဲ သူကၿပီးေတာ့ ငါ့လုပ္ေဖာ္ကိုင္ဖက္လည္းျဖစ္ဖူးေသးတယ္ နင္အံ့ၾသသြားလား ဟုတ္တယ္ ကိုၾသရွဆိုတာလည္းသူပဲ အဟင္း ငါမသိခဲ့ဘူးသိလား "

မအံ့ၾသပါဘူးသာရယ္။ကိုယ္ခ်စ္ေနတယ့္မိန္းကေလးရဲ့ခ်စ္သူအေၾကာင္းကို ဘာမွမျဖစ္သလို ေပ်ာ္ေပ်ာ္ပါးပါး နားေထာင္ေပးေနရတယ္ ငါ့ကိုယ္ငါေလာက္ မအံ့ၾသမိပါဘူး။

"ဟဲ့ ဘုန္း နင္နားေထာင္ေနလား"

"ဟမ္ အမ္း ဆက္ေျပာေလ"

"ဟယ္ နင့္အသံႀကီးကလည္း ဘာလည္းအိပ္ခ်င္ေနလို႔လား ဟုတ္သား ဘယ္ႏွစ္နာရီရိွၿပီလည္း မသိဘူး"

သာကေျပာလည္းေျပာနာရီကို LEDမီးလံုး တစ္လံုးနားသို႔ လွစ္ခနဲေျပးၿပီးသြားၾကည့္သည္။

micky ရုပ္ေလးေတြပါေသာ ညအိပ္ဝတ္စံုအပြေလးနဲ႔သာက လက္ကလည္း mickyရုပ္တစ္ရုပ္ကိုကိုင္ထားေသးကာ တကယ့္ကေလးမေလးလိုမ်ိဳးခ်စ္ဖို႔သိပ္ေကာင္းေနေလသည္။

ဘုန္းရင္ထဲ တင္းက်ပ္က်ပ္ခံစားလိုက္ရသည္။မွန္သည္ ခုေတာ့ ဒီေကာင္မေလးဟာ ဘုန္းနဲ႔လံုးဝပါတ္သတ္ခြင့္မရိွေတာ့ၿပီ။ ၿပီးေတာ့ ဘုန္းနဲ႔ သူငယ္ခ်င္းဆိုသည့္အျဖစ္ကလြဲလို႔ လံုးဝေရ႔ွဆက္တိုးခြင့္မရိွၿပီ။ ဖြင့္ေျပာဖို႔ ေသြးေၾကာင္ေနသည့္ သူ႔အမွားေတြလား။

မယံုႏိုင္ေအာင္ပဲ ပါးျပင္ေပၚ မ်က္ရည္တစ္စက္ျဖတ္ဆင္းသြားသည္။ က်စ္ ေပ်ာ့လိုက္တာ ဘုန္းရာ။မင္းေယာက္်ားပဲ ဒီခ်ိန္မွာတင္းခံထားစမ္းပါ။

"ဟယ္ ၁နာရီေတာင္ခြဲေတာ့မယ္ ၾကည့္စမ္း ဘုန္း နင္မနက္အလုပ္သြားရၪီးမွာမလား ငါ့ေၾကာင့္ အိပ္ေရးပ်က္ပါၿပီ ငါကမနက္အလုပ္မရိွေတာ့ေတာ္ေသးတယ္ "

သာက LEDမီးလံုးေလးနားထိုင္ရင္း နာရီကိုၾကည့္ၿပီးသူ႔ကိုလွမ္းၾကည့္ကာေျပာသည္။ LEDမီးေရာင္ေတြၾကားကို ကမန္းကတန္းထလာခဲ့ရတာေၾကာင့္ရႈပ္ပြေနေသာသူမဆံပင္ေလးေတြက ျဖာက်ေနသည္။

"ရပါတယ္ သူငယ္ခ်င္းေတြပဲ "

ထိုအခ်ိန္မွာပဲ မည္းေမွာင္ေနေသာေကာင္းကင္ျပင္ကေန မ်က္ရည္စက္မ်ားစြာက်ဆင္းခဲ့ေလသည္။

"ဟယ္ မိုးကအခ်ိန္ခါမဟုတ္  ဘုန္းလာအခ်ိန္ခါမဟုတ္ရြာတယ့္မိုးအစိုမခံနဲ႔နင္ဖ်ားလိမ့္မယ္ ငါတို႔ဝင္ၾကရေအာင္"

သာကေျပာၿပီးထရပ္ကာ အိမ္တံခါးမႀကီးဆီၪီးတည္လိုက္သည္။

"ငါေတာ့ေနခဲ့ၪီးမယ္ ဒါေတြနည္းနည္းသိမ္းၪီးမယ္ေလ "

ဘုန္းက ေရ႔ွက LED တို႔အားေမးေငါ့ျပသည္။

"ဒါဆိုျမန္ျမန္လုပ္ လာငါကူေပးမယ္"

သာကသူ႔ဘက္ကိုျပန္လွည့္လာတာေၾကာင့္

"မလာနဲ႔သာ ငါတစ္ေယာက္ထဲအဆင္ေျပတယ္ နင္အိပ္ေတာ့ေလ ငါကမိုးမိရံုေလာက္နဲ႔ မဖ်ားပါဘူး ဝင္ေတာ့"

သာထပ္ရပ္ေနေသးေပမယ့္

"ဝင္ေတာ့သာ"

သူထပ္ေျပာလိုက္တာေၾကာင့္အိမ္ထဲျပန္ဝင္ခဲ့တယ္။

တံခါးနားေရာက္ခါနီးမွာ သူ႔ဆီက စကားေျပာသံကိုလွမ္းၾကားလိုက္ရတယ္။အစကေဖ်ာက္ေတာက္ေဖ်ာက္ေတာက္ရြာေနတယ့္ မိုးက သာလည္းတံစက္ၿမိတ္ေအာက္ေရာက္ေကာေဝါခနဲ ရြာခ်လိုက္ပါသည္။

"ေဟး သာ ငါနင့္ကိုခ်စ္တယ္ဆိုတာ နင္သိတယ္မလား"

"ဟမ္ ဘာေျပာတာလည္း ေသခ်ာမၾကားရဘူး "

သာကလွမ္းေအာ္ေျပာလိုက္တယ္ မိုးသံေၾကာင့္သူအသံက ေဝဝါးေန၏။

"နင္ကငါ့အခ်စ္ဆံုး  သူ..  ငယ္..  ခ်င္း. ေနာ္ "

ခုမွသူေျပာတာလွမ္းၾကားလိုက္ရသည္။မိုးေရပတ္ျဖန္းမႈေၾကာင့္ သူ႔ကိုယ္က စိုရႊဲေနေလသည္။

"နင္ကလည္း ငါ့အခ်စ္ဆံုးသူငယ္ခ်င္းပါပဲေနာ္  သိပ္မၾကာေစနဲ႔ ဖ်ားလိမ့္မယ္"

ေျပာၿပီးအိမ္ထဲဝင္သြားတယ့္သူမကိုၾကည့္ရင္းဘုန္းစိတ္အေျခေနတို႔အနည္းငယ္ၿငိမ္သက္သြားရသလိုလို။

ငါ့ကိုမုန္းတီးသြားမွာထက္စာရင္ နင့္ရဲ့အခ်စ္ဆံုးသူငယ္ခ်င္းဆိုတယ့္ဘြဲ႔ကိုငါေက်ေက်နပ္နပ္ခံယူမွာပါ။

ပါးျပင္ေပၚက မ်က္ရည္ေၾကာင္းတစ္ခ်ိဳ႕ မိုးေရနဲ႔အတူစီးဆင္းသြားသည္။ငိုရင္ေယာက္်ားမဟုတ္ဘူးတယ့္။အဟက္ ေယာက္်ားမွာလည္းအသည္းႏွလံုးပါတယ္ ခံစားတတ္တယ္ မ်က္ရည္က်တတ္တယ္ ။

ခံုတန္းေပၚထိုင္ရင္း စိတ္တည္ၿငိမ္ေအာက္ျပန္ထိန္းရင္းဆံုးျဖတ္ခ်က္တစ္ခ်ိဳ႕ပါခ်လိုက္သည္။ ထိုအခ်ိန္ေကာင္းကင္ေပၚကိုေမာ့ၾကည့္ေတာ့ ၾကယ္ေရာင္ေပ်ာက္ကုန္ၿပီျဖစ္သည္။မိုးကေတာ့ရြာေနဆဲပင္။

❣️❣️❣️❣️

MoCo😘😘

မိုကိုေတာ့စိတ္ညစ္ေနပါၿပီ ဘုန္းေလးကိုလည္းသနား ၾသဇာေကာင္းေလးကလည္းသူ႔ခမ်ာခုမွ သာ့အခ်စ္ကိုရရွာတာ အဟင့္ အဟင့္ ၾကားထဲက အျမင္ကပ္စရာရိွရင္ မိုကို႔ကိုပဲကပ္လိုက္ပါေနာ္ 😘😘


Continue Reading

You'll Also Like

1.1M 84.7K 39
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
1.3M 32.7K 46
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
1M 48.6K 28
1950s. ***Story contains mature scenes and Hindi phrases in initial chapters which are not translated in english*** Abhigyan Singh, a Sarpanch of the...
1.2M 112K 42
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...