A mysterious love story (Comp...
MoCo555 által
82.9K 3.7K 63
ငယ်စဥ်ကထဲက မိဘ၏ဆုံးမမှုတွေကြောင့် အချစ်ရေးမရှာဖို့ဆုံးဖြတ်ထားသူ ၊ မတော်တဆ အလယ်တန်းနောက်ဆုံးနှစ်မှာ ကောင်ဇိုးလ... Több
1.အတူနေရန် အစပြုခြင်း
2.အဲ့ကောင်gayမဖြစ်နိုင်ဘူး
3.လှပထက်မြက်သောစက္ကထရီမလေး
4.နှစ်ဦးနှစ်ဖက်သဘောတူညီစာချုပ်ချုပ်ဆိုခြင်း
5.မတော်တဆ
6.နောက်ခါ ခေါင်းမလျှော်နဲ့
7.လွန်ခဲ့သော၁၁နှစ်
8.ဘုရားရေ ရန်ပွဲလား
9.မလုပ်ရဲတာမရှိတယ့်ကောင်လေးရဲ့ချစ်ရေးဆိုမှု
10.သူ့ရန်ကထွက်ပြေးခြင်း
11.နှလုံးသားကွဲကြေရမှုကြီး
12.ဝန်ခံခြင်း
13.နှင်းဆီပန်းပို့တယ့်သူက!!!
14.သြဇာကောင်း မင်းကဘာကောင်မို့လည်း
15.အမည်မသိကိုယ်လူချော၏ အကူအညီ
16.ကိုယ်လူချောက ငါ့တွဲဖက်
17.ပေါင်မုန့်ကချိုလား
18.သူငယ်ချင်းဆိုရင် ချစ်မရဘူးလား
19.ရင်ခွင်ထဲပစ်ဝင်မိခြင်း
20.အက်စီးဒန့်နှင့် သူနဲ့ရင်းနှီးလာခြင်း
21. အမှတ်မထင်တွေ့ဆုံမှု
22.ဒေါ်သာယဥ်ကျေး၏ အတွေးစများ
23.အပိုင်ယူချင်တယ်
24.သိဒ္ဓိ
25. ၃ပွင့်ဆိုင် မွေးနေ့ပွဲ
26. ဝိုင်အနမ်း
27.One Night Stand???
28.အီစီကလီကြီးနဲ့တူနေတယ်
29.ငံပြာရည်မကြီးမဖြစ်ချင်ပါဘူး
30.ဒီနေ့နေဝင်ချိန်ကသိပ်လှပါသည်
31.ထပ်မလှည့်စားပါနဲ့တော့
32.တိမ်တွေလိုပဲ
33.ကိုယ်အသက်ကြီးလာရင်မင်းကိုလက်ထပ်မှာ
34.I'm bad liar
35.အပြေးပြိုင်ပွဲ
36.ph.noတောင်းခံခြင်း
37.သူ့ပိုင်နက်ထဲ (1)
38.သူ့ပိုင်နက်ထဲ(2)
39.first kiss 2 times
41.အပြင်လူပဲလေ
42.အတင်းဖျင်းများ
43.မွေးနေ့တွင်ဖွင့်ပြောမည်
44.ချစ်မိနေတာပဲ
45.yeahနောက်ဆုံးတော့ ရည်းစားရပြီ
46.ထူးထူးဆန်းဆန်းတွေမလုပ်ပါနဲ့
47.ငါသူ့ကိုသတ်ချင်တယ်
48.ကြယ်ရောင်ပျောက်သောည
49.အိတ်ပုတ်မလေး
50. going to the playground
52.တကယ်ချစ်မိတော့မှာလား
51.အာတာပူစီအနမ်း
53.ဒီတင်ဆက်သူလေးကဆွဲဆောင်နိုင်တယ်
စာရေးသူကငပိန်း
54.kisses in car
55.ယောက္ခမကြီးနဲ့တွေ့ဆုံခြင်း
56.အခုရော နောင်ရော
57.ရည်းစားကိုအိမ်ကမသိအောင်ထားနေတာလား
58.
59.
60.
61.
62.
63.
64.
65.
66.EnD
67.အမှတ်တရ
တောင်းပန်ခြင်း
40.ရှင် ဘာမှမဖြစ်ရဘူးနော်
863 40 0
MoCo555 által
သူမလေးရဲ့ နှုတ်ခမ်းလေးတွေက မထူမပြည့်မပါး အနေတော်ပုံလေးဖြစ်ကာ အမြင်ထက် တကယ်စားသုံးလိုက်ချိန်မှာတော့ ကိုယ့်ရဲ့ရင်ခုန်သံတွေနဲ့ အလိုဆန္ဒတွေကို ထိန်းချုပ်ဖို့အတော်ပင်ခက်ခဲလှတယ်။
ရုတ်တရက် ပွင့်လာတယ့်မျက်ဝန်းလေးထက်က မျက်တောင်ဖျားတွေ ရုတ်ခြည်း အလူးလဲခတ်လိုက်ကာ သူ့ကို အတင်းတွန်းထုတ်လိုက်သည်ထိသူဘာမှမဖြစ် ။ သူ့ ပါးပြင်ပူထူသွားသည်အထိလည်းဘာမှမဖြစ်။ ဒါသူ့အပြစ်အတွက်သူရသင့်သည့်ပြစ်ဒဏ်။
နောက်ဆက်တွဲ ပြောလာသည့်စကားတွေကြောင့် သူမှခုချိန်မရှင်းမပြောတော့လျှင် နောင်ဘယ်အချိန်မှ ကြိုးစားခွင့်မရှိတော့ဆိုတာကို သူသိလိုက်သည်။ ဒါကြောင့်ပဲ တည်ငြိမ်ဟန်ဆောင်ပေမယ့် ခြေလှမ်း တို့ခပ်သွက်သွက်လှမ်းလိုက်တိုင်းတစ်ချက်တစ်ချက် တုန်ရီသွားတယ့်သူမနောက်ကို အပြေးတပိုင်းနီးပါး လျှောက်လာခဲ့တာ။
သူမနေ့ကမှ ကျော်ခန့်က အတင်းဆက်သွယ်လာ၍ သိရသည်က ကျေးသူ့ကိုသိသွားတာ ကျော်ခန့်ဆီကဟူ၍ပင်။ ရုတ်တရက် ခွေးမသား ဟုပင်ဆဲချင်သွားသော်လည်း ၊ကျော်ခန့်က သာယဥ်ကျေးနဲ့ပတ်သက်ပြီး မင်းကိုအသိပေးစရာတခုရှိလို့ဟု သူ့ကိုပြောလာ၍ သူ့မှာ ကျေးကို ချက်ချင်းသွားမချော့နိုင်ပဲ ကျော်ခန့် ချိန်းတယ့်ဆီကို အရင်သွားရသည်။ ဟိုရောက်တော့ ကျော်ခန့်အပြင် အမျိုးသမီး တစ်ယောက်ကိုပါ တွေ့လိုက်ရသည်။ ကျော်ခန့်ပုံက ကျောင်းတုန်းကနဲ့ခြားနားစွာ ။ ပြီးတော့ ရေချိန်လည်းကိုက်နေပုံရသည်။ ထိုအမျိုးသမီးကို ကျော်ခန့်အမျိုးသမီးဟုပင်ထင်လိုက်မိသေးသည်။
နောက်မှ သူ့ကိုသူ ဖြူဟုပြောကာ သာယဥ်ကျေးနှင့် ရင့်ခက်တို့နှင့်အတူ တွဲခဲ့သောသူဟုပြောတာကြောင့် ကောင်း အစက ထင်မိတာကို အားနာမိသည်။
အဲ့အချိန်မှာ အံ့သြလောက်စရာစကားတွေကို ကောင်းကြားလိုက်ရသည်။ ကျေးက အတိတ်မေ့နေခဲ့သည်တယ့်။ သူဒါကိုသိမှမသိတာပဲ။ ဖြူဆိုသောအမျိုးသမီးကလည်း ကျေးပြောပြသည်တို့ကို သူ့ကိုပြန်ပြောပြသည်။ ဖြူပြောပြသလောက်တော့ ကျေး အက်စီးဒန့်ဖြစ်တုန်းက သူက ကျောင်းတက်တုန်းရှိသေးသည်။ စီးပွားရေးတက္ကသိုလ်နဲ့နည်းပညာတက္ကသိုလ်တို့ရဲ့ နှစ်ကွာခြားမှုအရ ထိုအချိန်က သူဟာကျောင်းမပြီးသေး၍လုပ်ပိုင်ခွင့်မရှိသေးသောသူဖြစ်တာကြောင့် ကျေးအကြောင်း သေချာ မစုံစမ်းမိသေးပေ။ အများဆုံးဆို ကျေးဘယ်မှာနေတယ်။ ဘာကျောင်းတက်နေတယ် အဲ့လောက်ပဲ သူစုံစမ်းခွင့်ရခဲ့သည်။
နောက်ပိုင်းသူ ကျောင်းပြီးသည့်နှစ်မှာပဲ ဖေဖေက သူ့ကို လုပ်ငန်းထူထောင်ဖို့အရင်းနှီးထုတ်ပေးပြီး သိဒ္ဓိရော ရင့်ခက်ပါ သူ့companyမှာ ဝင်လုပ်ပေးတာကြောင့် သူအဆင်ပြေခဲ့သည်ပင်။ အစပိုင်းတွင်အခက်ခဲများစွာ ရှိခဲ့သည်။ ဖေဖေက သူ့ကို ကိုယ့်အစွမ်းအစနဲ့ အောင်မြင်တယ့်သူဖြစ်အောင်ကို ဘာအကူညီမှ ဝင်မပေးခဲ့သလို ဦးသြရသရဲ့ သားဖြစ်လို့ သူအောင်မြင်သည်ဆိုတာကိုလည်းမလိုချင်၍ တမင်ပင် သူ့ကိုပစ်ထားလေသည်။ ရင့်ခက်က စျေးကွက်အမြင်ရှိလှတာကြောင့် နောက်၁နှစ်အတွင်းမှာပဲ အခြေခိုင်တယ့် companyအဖြစ်ရပ်တည်နိုင်ခဲ့ပြီဖြစ်တယ်။ နောက်သူတိတ်တဆိတ် အလုပ်ခန့်ထားတယ့် အာကာဆိုသော ကောင်လေးဆီကနေလည်း ကျေး ရဲ့ သတင်းတိုင်းကိုသူအမြဲ မပြတ်ရခဲ့တယ် ။ ဘယ်သူထင်မှာလည်း သူ့ထံတွင် ကျေး တစ်ယောက်ထဲသီးသန့်၏ပုံရိပ်များကို စုစည်းထားသည့် အယ်လ်ဘမ် ၃အုပ်ကျော်ရှိသည်ဆိုလျှင်။ နောက် သိဒ္ဓိပါသိသွားတော့ သူပါ ကောင်း၏အစီစဥ်တွေထဲ ဝင်ကရတော့သည်။
ခုလည်း သူမလေးက တကယ်မေ့နေခဲ့တာပဲ။ သူ့ကို အဲ့အချိန်က ပြောခဲ့သည်များကို ခုမှကြားဖူးသလို ကြောင်အငေးနေပုံက တကယ် ကောင်းကို အသည်းယားစေသည်။ အနီရောင် ဝတ်စုံလေးက sexyကျစေပြီး မျက်နှာရှင်းရှင်းလေး ကြောင်အနေပုံက cuteကာ အသည်းအရမ်းယားစေသည်။ နောက် သူမလေးနားကပ်သွားတော့ သူ့ရင်ခုန်သံတွေက အတိုင်းစမဲ့ ထပ်မြန်လာရပြန်တယ်။
နောက် တော့ ကြောက်ရွံ့ရှက်လန့်စွာ အနီးနားက ဓာတ်လှေကား ကိုလည်းဖွင့်လိုက်ရောသူ့ရင်ခုန်သံတွေနောက်လိုက်ကာ အပိုင်ထပ်သိမ်းမိပြန်တယ်။ အသက် ၂၅နှစ်ကျော်မှ ပထမဆုံးအနမ်းဖြစ်တာကြောင့် ကောင်းကိုယ်တိုင်ပင် သိပ်မနမ်းတတ်ပါ။ 
ဒါပေမယ့်လည်း သူ့အလိုလိုသင်ပေးတယ်ပြောမလား။ ခုနကထက်ပိုပြင်းပြတယ့်အနမ်းတွေကိုထုတ်လွှတ်နေမိတယ်။ နောက်သူ့ကိုအတင်းတွန်းဖယ်ပြီး ဆံပင်လေးတွေကိုပြန်သပ်လိုက်တာကြောင့် သူမကြည့်ရာကိုကြည့်လိုက်တော့မှ ပွင့်ကာနီးနေတယ့် ဓာတ်လှေကားခလုတ်ကိုမြင်တယ်။ အဲ့တော့သူကလည်း အပေါ်ပြန်တက်သည့်ခလုတ်ကိုနှိပ်ပြီး အနမ်းတွေကိုထပ်ဆက်သည်။
ကျေးကလည်းသူ့လိုပင် အရိုင်းလေးဖြစ်တာကြောင့် နောက်တစ်ခေါက်အောက်ဆင်းတယ့်အချိန် သူ့ကိုအတင်းတွန်းထုတ်ပြီး ပြေးထွက်သွားတော့တယ်။
ဓာတ်လှေကားထဲမှာ ဖိုင်တစ်ခုပြုတ်ကျခဲ့တာကြောင့် ကောင်းအမြန်ပဲ ကောက်ပြီးလိုက်သွားတော့တယ်။ ရာသီဥတုက ကိုယ့်ဘက်ပါ မပါက ၅၀ရာခိုင်နှုန်းဆီပဲ ဆိုတာကြောင့် ရော ခုချိန်နီနေမယ့် သူမမျက်နှာလေးကိုတွေးကြည့်မိပြီးတော့ သူမနည်းတူပဲ နောက်က လိုက်သွားတော့တယ်။
သာကားမောင်းထွက်ပြီးဘီးလှိမ့်ရုံရှိသေးသည်။အဲ့အချိန်မှာပဲ မထင်မှတ်တာတွေဖြစ်ကုန်တော့တယ်။
"ကားတိုက်မယ်ဟေ့"
ဆိုတယ့်အသံတွေနဲ့အတူ ဆူညံသံတချို့ကြားလိုက်ရတာကြောင့် သာကြည့်လိုက်တော့ သာမြင်လိုက်ရတာက အဖြူလွလွ ဝတ်စုံမှာသွေးတို့ပေနေတာကိုမြင်လိုက်ရတာကြောင့် ကမန်းကတမ်းပင် သွားကြည့်မိသည်။ စိတ်ထဲမှလည်း မဖြစ်ပါစေနဲ့ ဟုပင် ဆုတောင်းနေမိသည်။
ဒါပေမယ့်လည်း မြင်လိုက်ရတယ့်မြင်ကွင်းကြောင့်လောကကြီးပင် ချာချာလည်ချင်သွားသည်။ သူ့ကျောအောက်မှာ စိမ့်ထွက်နေသောသွေးအိုင် ။ သူ့လက်ထဲတွင် ဖိုင်တစ်တွဲ။
သာမထိန်းနိုင်စွာ သူ့အနား ထိုင်ချလိုက်ပြီး သူ့ကို ပွေ့လိုက်ကာ ဘေးနားက သူတွေကို အော်လိုက်သည်။
"လူနာတင်ယာဥ် ခေါ်ပေးပါ လူနာတင်ယာဥ်ခေါ်ပေးပါ"
အသံဖျားတွေက လှိုက်ခါ အက်ရှနေပြီး ပါးပြင်တွင်လည်းမျက်ရည်ဥတို့တွဲခိုနေသည်။
နောက် သူ့ပါးပြင်လေးကိုပွတ်လိုက်ပြီး
"သြဇာကောင်း ရှင်ဘာမှ မဖြစ်ရဘူးနော် ရှင်ဘာမှ ..အဟင့်"
သူကတော့ မျက်လုံးမပွင့်လာပါ။ ဘေးနားကသူတွေကလည်းကြောင်ကြည့်နေကြသည်။ နောက်တော့ တစ်ယောက်ယောက်က လူနာတင်ယာဥ်ခေါ်လိုက်တာကြောင့် ထိုလူနာတင်ယာဥ်နှင့်ပင် သူ့ကို ဆေးရုံသို့....။
သူမမသိလိုက်တာက မျက်စိခိုးခိုးဖွင့်ကြည့်နေသည့် သူ့ကိုနှင့် ။သူမျက်စိမှိတ်ပြလိုက်သော ကောင်လေးကိုပင်။
MoCo🥰🥰🥰
ဘာတွေလည်းဟယ်🤪
"ကားတိုက်မယ်ဟေ့"
MoCo🥰🥰🥰
ဘာတွေလည်းဟယ်🤪
Olvasás folytatása
You'll Also Like
3.3M 207K 91
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
3.6M 152K 61
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
1M 88.2K 138
This is the continuation of short story collection 'Love me thoda aur '.
414K 33.1K 27
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...