A mysterious love story (Comp...
By MoCo555
90.5K 3.8K 63
ငယ်စဥ်ကထဲက မိဘ၏ဆုံးမမှုတွေကြောင့် အချစ်ရေးမရှာဖို့ဆုံးဖြတ်ထားသူ ၊ မတော်တဆ အလယ်တန်းနောက်ဆုံးနှစ်မှာ ကောင်ဇိုးလ... More
1.အတူနေရန် အစပြုခြင်း
2.အဲ့ကောင်gayမဖြစ်နိုင်ဘူး
3.လှပထက်မြက်သောစက္ကထရီမလေး
4.နှစ်ဦးနှစ်ဖက်သဘောတူညီစာချုပ်ချုပ်ဆိုခြင်း
5.မတော်တဆ
6.နောက်ခါ ခေါင်းမလျှော်နဲ့
7.လွန်ခဲ့သော၁၁နှစ်
8.ဘုရားရေ ရန်ပွဲလား
9.မလုပ်ရဲတာမရှိတယ့်ကောင်လေးရဲ့ချစ်ရေးဆိုမှု
10.သူ့ရန်ကထွက်ပြေးခြင်း
11.နှလုံးသားကွဲကြေရမှုကြီး
12.ဝန်ခံခြင်း
13.နှင်းဆီပန်းပို့တယ့်သူက!!!
14.သြဇာကောင်း မင်းကဘာကောင်မို့လည်း
15.အမည်မသိကိုယ်လူချော၏ အကူအညီ
16.ကိုယ်လူချောက ငါ့တွဲဖက်
17.ပေါင်မုန့်ကချိုလား
18.သူငယ်ချင်းဆိုရင် ချစ်မရဘူးလား
19.ရင်ခွင်ထဲပစ်ဝင်မိခြင်း
20.အက်စီးဒန့်နှင့် သူနဲ့ရင်းနှီးလာခြင်း
21. အမှတ်မထင်တွေ့ဆုံမှု
22.ဒေါ်သာယဥ်ကျေး၏ အတွေးစများ
23.အပိုင်ယူချင်တယ်
24.သိဒ္ဓိ
25. ၃ပွင့်ဆိုင် မွေးနေ့ပွဲ
26. ဝိုင်အနမ်း
27.One Night Stand???
28.အီစီကလီကြီးနဲ့တူနေတယ်
29.ငံပြာရည်မကြီးမဖြစ်ချင်ပါဘူး
30.ဒီနေ့နေဝင်ချိန်ကသိပ်လှပါသည်
31.ထပ်မလှည့်စားပါနဲ့တော့
32.တိမ်တွေလိုပဲ
33.ကိုယ်အသက်ကြီးလာရင်မင်းကိုလက်ထပ်မှာ
34.I'm bad liar
35.အပြေးပြိုင်ပွဲ
36.ph.noတောင်းခံခြင်း
37.သူ့ပိုင်နက်ထဲ (1)
39.first kiss 2 times
40.ရှင် ဘာမှမဖြစ်ရဘူးနော်
41.အပြင်လူပဲလေ
42.အတင်းဖျင်းများ
43.မွေးနေ့တွင်ဖွင့်ပြောမည်
44.ချစ်မိနေတာပဲ
45.yeahနောက်ဆုံးတော့ ရည်းစားရပြီ
46.ထူးထူးဆန်းဆန်းတွေမလုပ်ပါနဲ့
47.ငါသူ့ကိုသတ်ချင်တယ်
48.ကြယ်ရောင်ပျောက်သောည
49.အိတ်ပုတ်မလေး
50. going to the playground
52.တကယ်ချစ်မိတော့မှာလား
51.အာတာပူစီအနမ်း
53.ဒီတင်ဆက်သူလေးကဆွဲဆောင်နိုင်တယ်
စာရေးသူကငပိန်း
54.kisses in car
55.ယောက္ခမကြီးနဲ့တွေ့ဆုံခြင်း
56.အခုရော နောင်ရော
57.ရည်းစားကိုအိမ်ကမသိအောင်ထားနေတာလား
58.
59.
60.
61.
62.
63.
64.
65.
66.EnD
67.အမှတ်တရ
တောင်းပန်ခြင်း
38.သူ့ပိုင်နက်ထဲ(2)
1K 46 0
By MoCo555
သိပ်မကြာခင်မှာပဲ မှန်တံခါးပွင့်သွားခြင်းနဲ့အတူ သူမဝင်လာခဲ့တယ်။ အနောက်နားမှာရပ်နေတယ့် စာရေးမလေးကို ခေါင်းဆတ်ပြလိုက်တော့ အလိုက်တသိပဲ တံခါးပိတ်ကာ ပြန်ထွက်သွားလေ၏။ ကောင်း သူမလေးကို တစ်ချက်ကြည့်လိုက်တော့ ဘယ်လောက်တောင် ကိုယ့်ကိုကိုယ် အားတင်းနေရမှန်းသိသာစွာရှိနေ၏။ သာမှန်လူတစ်ယောက်ကတော့ ခုသူမပုံကိုမြင်လျှင်ဘာမှမဖြစ်ဆယ့်ပုံမှန်ပဲလို့ထင်ချင်ထင်လိမ့်မည်။ သို့သော် သူကတော့ သေချာသိနေပါသည်လေ။ သတ္တိတွေမွေးပြီးတင်းခံထားတယ့်ပုံလေးကို။
ဒီနေ့မှသူမက အနီရောင် ဝမ်းဆက်နဲ့မို့ တကယ့် သတ္တိခဲမလေးအလားပင်။ ထုံးစံအတိုင်းဆံထုံးမြင့်မြင့်လေးထုံးထားတာကြောင့်မျက်နှာလေးက ရှင်းလင်းစွာနေ၏။ high heel ကြောင့်သူမအရပ်က ပုမနေပါ။ လက်ထဲတွင် ဦးရာဇာပေးလိုက်သောဖိုင်တွဲများသေချာစွာကိုင်ထားလေ၏။ မသိလျှင် ထိုဖိုင်တွဲများကို တစ်ယောက်ယောက်က ဆွဲလုသွားမှာစိုး၍ အတင်းအကျပ်ကိုင်ထားသလိုပင်။ ဒီလိုပုံမျိုးကို​ကောင်း သေချာမှတ်မိသည်။ ၈တန်းနှစ်က ကောင်းစကားလိုက်ပြောချိန်မှာ သူမလေး လွယ်အိတ်ကိုသေချာတင်းကိုင်ထားပုံမျိုးနဲ့ လွန်စွာတူလေသည်။
ကောင်း အလုပ်စားပွဲဆီသို့မသွားဘဲ ဆိုဖာပေါ်တွင်ထိုင်လိုက်ပြီး ရှေ့က ဆိုဖာပေါ်ထိုင်ရန် သူမကိုအချက်ပြလိုက်သည်။  အဖြူရောင် အနောက်တိုင်း suitကိုမှ waist coat အနက်ခံကာ ဝတ်ထားပြီး necktie ကလည်း အနက်စင်းလေးဖြစ်ကာ ထုံးစံအတိုင်း ဆံပင်တို့ကို သပ်ရပ်စွာ နောက်လှန်ဖြီး ထားပြီး နက်မှောင်နေတာကြောင့် ဆိုဖာအနက်ပေါ်ထိုင်နေသည့်သူဟာ အားကောင်းစွာ ညှို့ငင်နိုင်စွမ်းအပြည့်နှင့်ပင်ဖြစ်သည်။ အပေါ်ထပ်ကိုတော့ သူ့အလုပ်စားပွဲနားက ချိတ်စင်မှာ လွှားချိတ်ထားတာကို ဝင်လာစဥ်ကတွေ့လိုက်ရသည်။
သူက မနက်ကနှင့်ခြားနားစွာ ခုချိန်မှာတော့ လုံးဝကိုတည်ငြိမ်နေတာကြောင့်သာ ချွေးပြန်တယ့်ထိဖြစ်မိပေမယ့် အခန်းတွင်းသို့ ခန်းဆီးလိုက်ကာကြားက တစ်ဆိမ့်ဆိမ့်ဝင်လာတယ့် လေနုအေးကြောင့် သာ သက်သာရာရသွားသည်။ သူကိုသတိထားမိသလောက် air con လေ သုံးတာသိပ်မတွေ့ရပေ။ ကားပေါ်မှာလည်းသူက မေ့နေဟန်ဖြင့်သာတက်ပြီးတော်တော်ကြာမှ air conကိုဖွင့်ပေးတာဖြစ်သည်။ ထို့ပြင် သူနှင့် တွေ့ဖူးသည့်ဆိုင်တွေထိုင်တိုင်းလည်း အတွင်းဖက်ထက် အပြင်လေရသည့် သီးသန့်နေရာတွေပဲရွေးတတ်တာဖြစ်သည်။ ထိုအရာများကိုစပ်ကြည့်လိုက်တော့ သူသည် air con ကလေကိုမကြိုက်ဟု သာမှတ်ချက်ချမိသည်။
"ကျွန်မကို ဆရာလွှတ်လိုက်လို့ပါ ဦးသြဇာကောင်း ဆရာက ဒီဖိုင်တွေပေးခိုင်းလိုက်ပါတယ်"
သာက တိတ်ဆိတ်နေတယ့် အခန်းထဲ စတင်အသံအားဖြင့် ဖြိုခွဲလိုက်ပြီး ဖိုင်ထပ်အား စားပွဲပေါ်သို့တင်သည်။
"အပူလား အအေးလား ဒေါ်သာယဥ်ကျေး"
အခေါ်ဝေါ်ပါပြောင်းသွားတာကြောင့် သာ နည်းနည်းတော့ နေသာထိုင်သာရှိသွားသည်။ နောက်ထပ်စိတ်ထဲတွင်လည်း သူ့ဆီက ဒေါ်တပ်ပြီးဖြစ်စေ နာမည်အပြည့်စုံဖြစ်စေ အခေါ်မခံဖူးတာကြောင့် တမျိုးဖြစ်သွားလေ၏။
"ရပါတယ် ကျွန်မဘာမှ.."
"အားမနာပါနဲ့ ဒေါ်သာယဥ်ကျေး ကျွန်တော် ဒီဖိုင်တွေစစ်ပြီးတယ့်ထိ ဆို ခင်ဗျား သောက်စရာတခုခုတော့ လိုလိမ့်မယ်ဗျ ဒါ ကျွန်တော့်ဆီလာတယ့်ဧည့်သည်တိုင်းကိုပေးတယ့်ဝန်ဆောင်မှုပါ"
သူ့စကားတွေကိုနားထောင်ရင်း သာ ကြက်သီးပါထလာရသည်။ ဟုတ်တယ်လေ သူမပြီးမချင်းသာက ဒီမှာစောင့်နေရမယ့်ပုံ။
"ဟို တခါထဲ စစ်ပြီး ကျွန်မက ပြန်ယူသွားရမှာလား ကျွန်မထင်တာက.."
"သြော် ဦးရာဇာက ခင်ဗျားကို သေချာမပြောလိုက်ဖူးဘဲ ဒါမှမဟုတ် ခင်ဗျားကဘဲအလုပ်ကို သေချာ.."
ဒါမျိုးကျတော့ သာ မခံနိုင် ။ သူဒီနေ့ဘာဖြစ်နေတာလည်း ဘာလို့များ သာ့ကိုဆက်ဆံတာတစ်မျိုးဖြစ်နေပါလိမ့်.
"ဒီမှာ ဦးသြဇာကောင်း ကျွန်မ က အလုပ်ကိုသေချာလုပ်တယ့်အတွက်ကြောင့်မို့ ရေအေးအေးလေးဆိုရပါပြီ "
သူက အဓိပ္ပာယ်ဖော်ရခက်သောအပြုံမျိုးဖြင့် တစ်ချက်ပြုံးပြီး
"ကောင်းပါပြီ ဒါဆို ဒီမှာပဲစောင့်ပါ ကျွန်တော့် အလုပ်စားပွဲက ဟိုမှာမို့ ခင်ဗျားကိုအဖော်မပြုပေးနိုင်တာစိတ်မရှိပါန​ဲ့နော်"
သူက ပြောလည်းပြော ဆိုဖာပေါ်က ထလိုက်ပြီး  အနီနားရှိ ရေခဲသေတ္တာဆီ သွားပြီး ရေသီးနေတယ့် ဖန်ရေကရား တစ်ခုနဲ့ ခွက်တစ်ခုအပြင် ဖန်အုပ်တစ်ခုပါယူချလာတယ်။ အကုန်လုံးကိုဖန်တွေချည်းသုံးထားတာ တွေ့လိုက်ရတော့ သာအံ့သြမိသည်။ သာတောင်မိန်းကလေးဖြစ်ရက်နဲ့ ဖန်တွေကိုသိပ်မသုံးဖြစ်။ အေးလေ ဒီနေရာကျ သူက နူးညံ့ပြီး သာက ကြမ်းတမ်းတာကိုး။  သူက သာ့ရှေ့ကိုချပေးမှ အုပ်ထဲက အခွံခွာထားတယ့် လိမ္မော်သီးတွေဖြစ်မှန်းသာသိလိုက်သည်။
နောက်တော့ သူက သူ့အလုပ်စားပွဲဆီသွားပြီး နောက်မှာတော့ အခန်းထဲမှာ စကားပြောသံမရှိတော့ဘဲ စာရွက်လှန်လှောသံတွေ ပဲကြီးစိုးသွားတော့တယ်။ သာလည်း ရေကရားထဲက ရေအေးလေးသောက်လိုက် လိမ္မော်သီးစိတ်လေးစားလိုက် နဲ့ နာရီလက်တံတရွေ့ရွေ့သွားပြီးနောက်မှာတော့။ ခန်းဆီးစကနေတဖျက်ဖျက် ခတ်ကာတိုက်လာသောသဘာဝလေအေးရယ်။ခန်းဆီးစလေးတွေ လွန့်လူးပြီးထွက်လာတယ့် အသံလေးရယ် ။ စာရွက်လှန်သံတွေက သာ့နားထဲအလွန်နားထောင်ကောင်းတယ့် တေးတစ်ပုဒ်ဖြစ်သွားပြီး မနေ့ညက အိပ်မက်ဆိုးကြောင့်အစောကြီးနိုးပြီး အိပ်ရေးမဝလင်ဖြစ်ခဲ့ရတဟ့်သာဟာ တဖြည်းဖြည်းချင်း ဆိုဖာခုံလေးပေါ်မှာပဲ ခေါင်းငိုက်စိုက်ကျသွားတော့တယ်။
ဒီအချိန်မှာ ကောင်းကလည်း စာရွက်တွေပေါ်ပဲ အာရုံထားထားတာမို့ သူမအိပ်ပျော်သွားတာကိုမသိလိုက်ဘူး။
ဖိုင်တွေကများလည်းများ ပြီးတော့ ကိုယ့်ရုံးမှာလက်ကျန်ထားရှိတယ့် စာရင်းတွေပါစစ်ကြည့်ရတာမို့ တော်တော်လက်ဝင်လှတယ်။ တကယ်တော့ ဒါဟာ ကောင်းအလုပ်မှမဟုတ်ဘဲလေ။ အမြဲ ရင့်ခက် ဒါမှမဟုတ်သိဒ္ဓိ ဒါမှမဟုတ် စာရင်းဌာနကိုပဲ လွှဲပြောင်းပေးနေကြ။ ကောင်းက ကျေးကိုတွေ့ချင်တာကြောင့် ဦးရာဇာကိုအကူညီတောင်းပြီးကြပ်လိုက်ခြင်းပင်။
ဦးရာဇာကလည်း သိတယ့်အတိုင်းရူးကြောင်ကြောင် စည်းမျဥ်းတွေရုံးမှာချထားတယ့် လူကြီးလေ။ အင်း သူကလည်း သူနဲ့စေ့စပ်ထားတယ့်မိန်းကလေးက သူ့နောက်ကွယ်မှာ သူမ၏ရုံးသို့နေ့တိုင်း လက်ဆောင်ပစ္စည်းပို့ကာ နေသော ငနဲတစ်ကောင်ကို စိတ်ဝင်စားပြီး နောက်ဆုံးစေ့စပ်တယ့်နေ့မှာ လိုက်ပြေးသွားခြင်းကြောင့်ရင်ခံနေတာလေ။
ပြီးတော့ ထိုမိန်းကလေးကလည်း သူနဲ့ရုံးမတူဘူးလေ။ ကြည့်ရတာ ထိုမိန်းကလေးပေါ် တကယ်ညှိခဲ့ပုံရတယ် ။ ဒါ့ကြောင့်မို့ သူ့လိုမျိုးမဖြစ်အောင် သူ့ရုံးက မိန်းကလေးတွေကိုပိုးကြေးပန်းကြေးလက်ဆောင်မပေးရဟု အမိန့်ထုတ်ထားတာလေ။ တခြားချိန်ပေး ငါ့ရုံးချိန်မပေးနဲ့ လို့ပင်အပြတ်ပြောထားသည်။ ဒါပေမယ့်လည်း ကောင်းက ဦးရာဇာကို အကူညီကပ်တောင်းလိုက်သောအခါ ဦးရာဇာလည်းသူတို့ဇာတ်လမ်းကိုစိတ်ဝင်စားပုံရတာကြောင့် ကူညီရှာလေသည်။
ကောင်းလက်စသတ်လိုက်ပြီး နာရီကိုကြည့်တော့ တစ်နာရီခွဲလောက်ကြာသွားတာပဲ။
ထိုအချိန်မှာရှေ့ကကောင်မလေးကိုကြည့်လိုက်တော့ ဆိုဖာပေါ် ခေါင်းလေးတစ်ခြမ်းစောင်းကာ ငြိမ်သက်နေလေ၏။ ကြည့်ရတာအိပ်ပျော်နေတယ့်ပုံပဲ။ ကောင်း သဘောကျစွာပြုံးမိလိုက်သည်။
နောက် တဖြည်းဖြည့်အနားကိုကပ်သွားလိုက်ပြီးဆိုဖာ အောက်နားမှာ ထိုင်လိုက်ကာ မျက်နှာလေးကို တစ်ဆိမ့်ဆိမ့်ကြည့်နေလိုက်သည်။ မျက်နှာရှင်းရှင်းလေးမှာ နဖူးနားလေးမှာ ချွေးတစ်ချို့ စို့နေတာကြောင့် ကောင်းအခုမှသတိရကာ air conကို ဖွင့်ပေးလိုက်သည်။ ကောင်းကိုယ်တိုင်ကတော့ coatကိုပြန်ခြုံဝတ်လိုက်သည်။ သူက အအေးမှသိပ်မခံနိုင်ပဲလေ။
အခုမှအေးသွားပုံနဲ့ သူမလေးက အိပ်နေရင်း တစ်ချက်ထပြုံးသည်။ ပြုံးလိုက်တော့ လှပသောနှုတ်ခမ်း လေးက သူ့ကိုဆွဲဆောင်နေသယောင်ယောင်။ air conကြောင့်ပျံ့လွင့်လာတယ့် မွှေးပျံ့ပျံ့ရနံ့သင်းသင်းလေးကလည်းသူ့ရဲ့သည်းခံနိုင်မှုကိုမြှူစွယ်နေသယောင်။
တစ်ဖြည်းဖြည်း သူ့မျက်နှာက သူတောင်မသိလိုက်ဘဲ သူမနားနိမ့်ဆင်းသွားပြီးနောက် သူအမြဲစိတ်ကူးယဥ်ခဲ့ရသော အထိတွေ့လေးက သူ့ရင်ထဲလျှပ်စီးပေါင်းသောင်းခြောက်ထောင်လောက်ဖြတ်ပြေးသွားသလိုခံစားစေလိုက်ရသည်။ အစက ထိရုံလေးပါလို့ သူ့ကိုယ်သူ အားပေးခဲ့သော်လည်း ယောက်ျားဆိုတာပင်ကိုယ်စရိုက်ကကို လောဘကြီးမှန်းသူမေ့သွားခဲ့သည်။ အိပ်နေသောကောင်မလေးကို မနှိုးမိအောင်ကြိုးစားသော်လည်း ရုတ်ခြည်းပွင့်လာတယ့်မျက်လုံးလေးတစ်စုံနှင့်အတူ ပြူးထွက်သွားသော ထိုမျက်လုံးပိုင်ရှင်လေးက သူ့အား အတင်းတွန်းထုတ်ပြီးနောက်မှာတော့ သူ့ပါးပြင် ပူလောင်သွားရ၏။
😘😘
MoCo
😁😁 သြဇာကောင်းတစ်ယောက်ပါးပြင်ပူထူသွားပါပြီ 😁😁
"ကျွန်မကို ဆရာလွှတ်လိုက်လို့ပါ ဉီးသြဇာကောင်း ဆရာက ဒီဖိုင်တွေပေးခိုင်းလိုက်ပါတယ်"
"ရပါတယ် ကျွန်မဘာမှ.."
"သြော် ဉီးရာဇာက ခင်ဗျားကို သေချာမပြောလိုက်ဖူးဘဲ ဒါမှမဟုတ် ခင်ဗျားကဘဲအလုပ်ကို သေချာ.."
"ဒီမှာ ဉီးသြဇာကောင်း ကျွန်မ က အလုပ်ကိုသေချာလုပ်တယ့်အတွက်ကြောင့်မို့ ရေအေးအေးလေးဆိုရပါပြီ "
😘😘
MoCo
Continue Reading
You'll Also Like
2.4M 141K 46
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
374K 5K 32
Rajveer is not in love with Prachi and wants to take revenge from her . He knows she is a virgin and is very peculiar that nobody touches her. Prachi...
1.1M 86K 39
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
149K 9.2K 11
"ဘေးခြံကလာပြောတယ် ငလျှင်လှုပ်သွားလို့တဲ့.... မဟုတ်ရပါဘူးဗျာ...... ကျွန်တော် နှလုံးသားက သူ့နာမည်လေးကြွေကျတာပါ.... ကျွန်တော်ရင်ခုန်သံတွေက...