မိုးရာသီရဲ့မနက်ခင်းက အေးချမ်းမှုကိုပေးစွမ်းနေ၏။ရွာမလိုလိုနှင့်မိုးရိပ်ဆင်နေတဲ့တိမ်တိုက်တို့က နေမင်းရဲ့အလင်းရောင်မထိုးဖောက်နိုင်အောင် ကြယ္ထား၏။
ခေါင်းလျှော်ပြီးစ ဆံပင်တို့ကို သဘက်တစ်ထည်နဲ့သေချာပြောင်အောင်သုတ်နေရင်း တစ်ခါတည်းမှာပဲ ဘီရိုထဲက ဝတ်မယ့် အကျီနဲ့ပုဆိုးကို အတင်သင့်ထုတ်ထားလိုက်သည်။
မှန်ရှေ့မှာ ဝမ်းဗိုက်ကအဖုအထစ်တွေကို အထင်းသားမြင်ရသည်။လည်ကတုံးလက်ရှည်တစ်ထည်ကိုဝတ်ကာ တံတောင်ဆစ်နားထိ မရောက်တတ်ရောက်တတ် ခေါက်တင်ထားပြီးအဖြူနဲ့အပြာရောင်နှစ်မျိုးစပ်ထားတဲ့ အင်းမပုဆိုးကို ကျနစွာလိုက်၏။
နဖူးပြင်ပေါ်အစီစဉ်မကျ ကျနေတဲ့ဆံပင်စတို့ကို ဂျယ်နှင့်အပြောင်သိမ်းကာ လှန်တင်ထားလိုက်သည်။
ဝက်ခြံဖုတွေကင်းစင်တဲ့ မျက်နှာထက်ကိုတော့ ဘာမှမလိမ်းတော့ပါ။စွတ်နေကျ ခပ်သင်းသင်းရေမွှေးလေးကို စွတ်ဖြန်းလိုက်တော့ ရနံ့သင်းလေးက မနေ့က နှင်းဆီပန်းနံ့လေးလောက်တောင် စွဲမက်စရာမရှိတော့ပါလားဟု တွေးမိလိုက်သည်။
"သားငယ်...အဆင်သင့်ဖြစ်ရင် ဘုန်းကြီးသွားပင့်လိုက်တော့လေ"
"ဟုတ်တယ်မောင်လေး..တော်ကြာလူတွေရှုပ်လို့ ဧည့်ခံနေရရင် မသွားတတ်ပဲနေမယ် ခုသွားလိုက်တော့"
"ဟုတ်..သွားလိုက်တော့မယ်"
ကားသော့ကိုယူကာ အိမ်ရှေ့ကိုထွက်လာတော့ ကီကီက အမြီးတနှံ့နံှံ့လုပ်ကာ သူပါလိုက်ချင်ကြောင်းဆန္ဒထုတ်ဖော်နေ၏။
ချီပါဆိုတဲ့အကြောင်း လက်နှစ်ဖက်ကိုထောင်ကာ အသံစာစာလေးနဲ့ ဟောင်နေ၏။
"လိုက်လို့မရဘူးကွ။ငါက ဘုန်းကြီးသွားပင့်မှာ အိမ်မှာနေခဲ့"
လျှာလေးထုတ်ကာ ကျွန်တော့မျက်နှာကို မော့ကြည့်ရင်းဟောင်နေတဲ့ ကီကီက တကယ့်ကိုအစွာလေး။ခွေးလေးတစ်ကောင်မွေးချင်တယ်ဆိုတဲ့ မမရဲ့စနက်ကြောင့် သွားဝယ်ဖြစ်ခဲ့တာဖြစ်သည်။
ဝယ်ခါစက ကီကီက ပေါက်စသေးသေးလေးဖြစ်သည်။ဆိုင်ကတခြားခွေးလေးတွေက ငြိမ်ကုတ်နေပေမယ့် ကီကီကေတာ့ ကျွန်တော်တို့မောင်နှမကိုကြည့်ကာ အဆက်မပြတ်ဟောင်နေတာကြောင့်စွာလွန်းတဲ့ကီကီကို အဲ့တည်းက မမက ဈေးမလျှော့ဘဲဝယ်ခဲ့ကာ သဲသဲလှုပ်ချစ်ပြ၏။
တော်ပြီကီကီရေ နင့်ဋီကာဖွင့်နေရင် ငါဘုန်းကြီးကျောင်းရောက်မှာမဟုတ်တော့ဘူး။
ကားတံခါးကိုဖွင့်ကာ တက််မယ်လုပ်လိုက်တော့ ကီကီက တစ်ရှိန်ထိုးဟောင်ကာ ခြံဝကိုပြေးလေသည်။
ဒီခွေးမတော့ အလုပ်ရှုပ်အောင် လုပ်ပြန်ပြီကွာ..
မနေ့က နှင်းဆီတွေအများကြီးခူးပေးလိုက်ပေမယ့် ခုမနက်မှာတော့ စံပယ်နဲ့ရွှေပန်းငွေပန်းတွေက ခူးမနိုင်အောင်ပွင့်လို့နေသည်။ တစ်ချို့တစ်ဝက်ကိုခူးကာ ဘုရားပန်းတင်ကာ မေမေ့အတွက်ကိုလဲ သီပေးလိုက်သည်။
ကျန်တစ်ဝက်ကျော်ကျော်ကို ရေတစ်ပေါက်နှစ်ပေါက်ဖြန်းကာ ဇကာသေးလေးထဲ ထည့်လိုက်ရင်း တစ်ဖက်ခြံသို့ထွက်လာခဲ့သည်။
ဝတ်နေမကျတဲ့ပုဆိုးကိုဝတ်ထားတာကတစ်ကြောင်း
ပုဆိုးကမလျှော်ရသေးဘဲကော်တွေတောင့်နေတာကြောင့် ပွယောင်းယောင်းကြီးဖြစ်နေသည်။
တစ္ဖက္က ဇကာသေးလေးကိုကိုင်ရင်းနောက်တစ်ဖက်ကတော့
ကျွတ်ကျမှာကြောက်တဲ့ပုဆိုးကို ကိုင်ထားရသေးသည်။ကိုယ့်အကြောင်းကိုယ်သိတာမလို့ ဒူးကျဘောင်းဘီတစ်ထည်ကိုလဲ အောက်ကခံဝတ်ထား၏။
ခြံတံခါးကဖွင့်ထားတာကြောင့် ခြံထဲကိုစွတ်ဝင်သွားလိုက်တော့ သေးသေးပုပုအကောင်လေးက မာန္ဖီကာ အဆက်မပြတ်ဟောင်ရင်း
ကျွန်တော့်ဆီပြေးလာနေသည်။
ကြောက်စိတ်ကြောင့်မျက်စိနှစ်ဖက်ကို ပိတ်ထားရင်း
ငယ်ငယ်ကကြားဖူးသလို လက်မကိုလက်ချောင်းအကုန်ကြားထဲဖွက်ကာ လက်သီးစုတ်လိုက်သည်။
ခနကြာတော့ လက်မောင်းကိုလာကိုင်တဲ့အထိအတွေ့နဲ့အတူ ကျွန်တော့်နာမည်ခေါ်နေဲ့အသံကြောင့် မျက်စိကိုဖွင့်ကြည့်လိုက်၏။ရှင်းသန့်တဲ့မျက်နှာတစ်ခုက ကျွန်တော့်ကိုပြုံးပြနေသေးသည်ဘေးကဖြတ်သွားတဲ့ဧည့်သည်တွေရဲ့ အကဲခတ်တဲ့အကြည့်တွေကိုလဲ
တစ်ဆက်တည်းမြင်လိုက်ရသည်။
"အရမ်းလန့်သွားလားဇယ်။ကီကီကအဲ့လိုပဲစွာတာပါ။ကိုက်တာကတော့မကိုက်ဘူး"
"ဟုတ်..ဟုတ်ကဲ့။မာန်ဖီပြီးပြေးလာတာဆိုတော့ ကြောက်သွားတာ။ကျေးဇူးတင်ပါတယ်နော်"
"ဟုတ်ပါပြီကွာ။လာအိမ်ထဲဝင်ရအောင်။"
ကီကီက ခုတော့ သူမဟုတ်တော့တဲ့အတိုင်းဇယ်ရဲ့ခြေထောက်နား
မွာ ကပ်လိုက်လာ၏။တစ်ချက်တစ်ချက်မှာ ဇယ်ကငုံ့ကြည့်နေတတ်ပေမယ့် ကြောက်တဲ့ပုံတော့မရှိတော့ပါ။
"မေ..ဧည့်သည်"
"လာပြီ..သားရေ"
အသံပေးလိုက်တဲ့သူ့ကြောင့် စားပွဲဝိုင်းတွေပေါ်မှာစားစရာတွေအတွက်ပြင်ဆင်နေတဲ့ အမျိုးသမီးနှစ်ယောက် ခပ်ရို့ရို့လေးထွက်လာ၏။
လက်ဝတ်လက်စားတွေသိပ်မဝတ်ထားပေမယ့် အဝတ်အစားတွေကြည့်ရုံနဲ့ အဆင့်အတန်းတစ်ခုကို ဖော်ပြနေသည်။
"သားလေးက ချစ်စရာလေးကွယ်"
"ဟုတ်ပါ့မေမေရယ်။ကြည့်ပါအုံး၊တကယ့်ချစ်စရာလေး အသားလေးတွေလဲဝင်းနေတာပဲ။ဟုတ်တယ်မလား ဆက်ခန့်"
"ဗ်ာ..အင်း..အင်း၊ဟုတ်တယ်..ဟုတ်တယ်"
လက္ကိုဆြဲကာ ဆွေမျိုးအချာတွေလို ဖော်ရွေစွာဆက်ဆံနေကြတာကြောင့် ကျွန်တော်မနေတတ်ပေမယ့် ဟန်ဆောင်မှုကင်းတဲ့အပြုံးလေးတစ်ခုဖြင့်ပြုံးပြလိုက်ပါသည်။ကိုဆက်ခန့်ကို လှည့်ကြည့်လေတော့ အစ်မလုပ်သူနဲ့ မျက်လုံးချင်းစစ်ခင်းနေတာကို တွေ့လိုက်ရ၏။
"ကျွန်တော့်နာမည်က ဇယ်ပါ။ဟိုဘက်ခြံကပါဗျ"
လက်ထဲမှာ အသင့်ပါလာတဲ့ပန်းတွေထည့်ထားတဲ့ဇကာလေးကို အန်တီ့ထံကမ်းပေးလိုက်ရင်း နှုတ်ဆက်လိုက်သည်။ပန်းတွေအတွက် ကျေးဇူးတင်ကြောင်း အထပ်ထပ်ပြောရင်း စားပွဲဝိုင်းတစ်ခုဆီခေါ်လာတဲ့နောက်ကို လိုက်သွားလိုက်သည်။
နောက်ကိုလှည့်ကြည့်လိုက်တော့ ကားတစ်စီးထွက်သွားတဲ့အရိပ်လေးကိုတွေ့လိုက်ရသည်။မှန်ချထားတဲ့တစ်ဖက်မှ ပြုံးနေတဲ့ ဆက်ခန့်ရဲ့မျက်နှာလေးကို မြင်ဖြစ်အောင်မြင်လိုက်ရတော့ နှလုံးသားထဲမှာ နွေးသွားသလို ခံစားလိုက်ရပါသည်။
"စားတော့မလားမောင်လေး၊စားဖို့ ပြင်လိုက်ရတော့မလား"
"မစားသေးဘူးမမ။ကျွန်တော်က မမတို့အလုပ်ရှုပ်မှာဆိုးလို့ဝိုင်းကူဖို့ဆိုပြီးစောစောလေးထွက်လာတာ။ခြံချင်းကလဲကပ်ရက်ဆိုတော့ နောက်ဆုံးဧည့်သည်တွေပြန်မှ စားလိုက်ပါမယ်"
"မမတဲ့လားကွယ်။အမလေးငါ့မောင်လေးက တကယ်ချစ်စရာလေးပါဟယ်"
အသည်းယားတာကြောင့်ပါးနှစ်ဖက်ကို လက်နဲ့ခပ်တင်းတင်းလေးဆွဲလိုက်တော့ ျက်လုံးဝိုင်းဝိုင်းလေးနဲ့မော့ကြည့်လာ၏။ပါးလေးနှစ်ဖက်ဆိုတာ ဖျစ်လိုက်လို့ထင်ပါရဲ့ နီရဲသြားတာပဲ။
"မမက ချစ်လို့ပါမောင်လေးရဲ့"
"ဟုတ်ကဲ့..ရပါတယ္ဗ်"
ပြုံးပြုံးလေးနဲ့စကားဆိုလာတဲ့ကောင်လေးရဲ့ပုံစံလေးကို သံသာရဲ့မျက်လုံးထဲက ဘယ်လိုမှထုတ်မရ။ဆက်ခန့်နဲ့ဘေးချင်းယှဉ်လာကတည်းက သူတို့နှစ်ယောက်ကိုတွဲကြည့်ပြီး အသည်းတွေပါယားလာ၏။အဟိ..မိသံသာတို့တော့ ဂွင်ပဲ
"သား..ဂျွန်။သားရေ..ဟေ့ကောင်"
တံခါးကိုအဆက်မပြတ်ထုကာ အတင်းနှိုးနေတဲ့ဖေဖေကြောင့် အတင်းကုန်းရုန်းထလိုက်၏။
အိပ်မှုံစုံဖွားနှင့် အိပ်ရေးမဝသေးတာကြောင့် လူကသန်းဝေနေသည်။ခေါင်းကို ခပ်ကြမ်းကြမ်းကုတ်ကာ တံခါးဖွင့်လိုက်သည်။
"ဘာလဲဖေဖေရာ..စောစောစီးစီး"
"စောစောစီးစီးလုပ်မနေနဲ့၊ငါရုံးမှာ အရေးကြီးmeetingပေါ်လာတာသွားရမှာမလို့ မင်းသူငယ်ချင်း အိမ်တက်ဆွမ်းကျေွးကို သွားဖို့လာပြောတာ၊ရော့ ဒါက အိမ္လိပ္စာ"
"ဟုတ်ကဲ့ပါဗျာ။ဖေတို့ဟာတွေက မပြီးတော့ဘူး"
"ဘာမှပြန်ပြောမနေနဲ့ဟေ့ကောင်။ပြန်အိပ်မနေနဲ့တော့၊အမြန်လုပ်ပြီးဆင်းခဲ့ ရှင်းနီလဲမင်းနဲ့အတူလိုက်ဖို့ ဧည့်ခန်းထဲကစောင့်နေတယ်"
မျက်နှာကို အမြန်သစ်၊သွားကို အျမန္တိုက္ကာ အိမ်အောက်ကိုဆင်းလာလိုက်၏။ရှင်းနီပါတယ်ဆိုတဲ့စိတ်ကြောင့် မွန်းကြပ်သလိုပင် ခံစားသွားရသည်။
ကိုယ့်ဘာသာသွားလဲရနေတဲ့ကိစ္စကို ဇယားလာရှုပ်ပြန်ပြီ။
"သွားစို့ ရှင်းနီ"
ဧည့်ခန်းထဲမှာ မေမေနဲ့စကားလက်ဆုံကျနေတဲ့ ရှင်းနီကိုခေါ်ကာ လိပ်စာအတိုင်းမောင်းလာလိုက်သည်။
ခနကြာမှ သတိထားမိတာက ဒါက ညစ်ပတ်တို့လမ်းဖြစ်နေတာဆိုတာပဲဖြစ်သည်။။သူနဲ့တွေ့မလားဆိုတဲ့စိတ်ကလေးကြောင့် ပြုံးမိပြန်သေးသည်။တကယ်ကွာ.
မင်းအကြောင်းတွေးမိရင် ပြုံးမိတာက မတောင်းဘဲပြည့်တဲ့မင်းရဲ့ဆုတောင်းလေးလား။
အဖြူလက်ရှည်ကိုအစိမ်းနုပ်နုပ်ပုဆိုးနှင့်တွဲကာ ဝတ်ထားတဲ့ကျွန်မ ချစ်ရသူက ရှင်းသန့်လို့နေသည်။အမြဲဝဲခိုကျနေတဲ့ဆံပင်တွေကို သပ်တင်ထားတာကြောင့် မျက်နှာလေးကို အထင်းသားမြင်ရသည်။ကားကိုကျွမ်းကျင်စွာမောင်းနေတဲ့ ကိုလူချောရဲ့ လက်တစ်စုံဟာ တင့်တယ်လွန်းပါတယ်။
ရှင့်ကိုတော့ လောဘတက်ပြီးရင်း.....တက်ချင်ပါပဲလေ