"လိုချင်တာ အကုန်ယူမှာနော် ဂျွန်"
"ယူပါဗျာ..ယူပါ။ဝယ်ပေးပါမယ်"
ဂျွန်ရဲ့လက်တစ်ဖက်ကိုချိတ်ရင်း ဆိုင်တွေတစ်ဆိုင်ပြီးဆိုင်ဝင်ကာ စိတ်ရှိတိုင်းသာဝယ်ပစ်လိုက်၏။ရုပ်ချောရေရှံတဲ့
ဂျွန်လိုလူတစ်ယောက်ကိုတော့ ကျွန်မလက်လျှော့ပေးဖို့ဆိုတာ ဘယ်လိုနည်းနဲ့မှ ဖြစ်လာမှမဟုတ်ပေ။
ချောမောပြေပြစ်လွန်းတဲ့ အမျိုးသားတစ်ယောက်ရဲ့လက်ကိုတွဲနေတဲ့ ချောမောလှပလွန်းတဲ့ အမျိုးသမီးငယ်လေးတို့ဟာ
မြင်သူတကာတို့ ငေးကြည့်စရာကောင်းတဲ့ လိုက်ဖက်မှုမျိုးဖြစ်သည်။
"ဂျွန် ဒီမှာ...ကူရွေးပေးပါအုံး။ဒီမှာ ဖိနပ်နှစ်ရံလုံးက အရမ်းလှနေတော့ မရွေးတတ်တော့ဘူးဖြစ်နေလို့"
ချိုမြမြ စကားတွေပြောနေတဲ့ ရှင်းနီရဲ့ မျက်နှာလေးဟာ ပျားရည်အိုးမှောက်ကျထားသလို ချိုမြနေလွန်းသည်။အားကျတဲ့မျက်ဝန်း မနာလိုတဲ့ မျက်ဝန်းတွေကလဲ ဆိုင်ထဲမှာမက ဘေးကလူတွေဆီကပါ ရတဲ့ attentionတွေဟာ လွယ်လွယ်နဲ့ရလာတာတော့ မဟုတ်ပေ။
"ကြာပါတယ်..နှစ်ရံလုံးသာထည့်လိုက်တော့"
အမျိုးသားစီးဖိနပ်တွေကြည့်နေရင်းမှ ရှင်းနီရဲ့ခေါ်သံကြောင့် ရွေးဖို့လာခဲ့သော်လည်း သူမက နှစ်ရံလုံးယူပြီးနေပြီ။ကိုယ့်အပြစ်နဲ့ကိုယ်မလို့ ခံလိုက်အုံးဂျွန်ရေ။အထုပ်ပေါင်းများစွာက ဘယ်လက်ရော ညာလက်မှာပါ နေရာယူလာ၏။
Cardထဲက ကိန်းဂဏန်းတွေကလဲ တော်တော်လေးလျော့သွားမှာ အသေအချာ။
"ဂျွန်..ဗိုက်ဆာနေပြီလား"
"အင်း.."
"ဒါဆိုရှေ့က ဆိုင်မှာတစ်ခုခု ဝင်စားရအောင်လေ"
ဟိုဟာမကြိုက်ဘူး ဒီဟာမကြိုက်ဘူးနဲ့ ဂျီကျလွန်းတဲ့ သူမ ခုမှမောသွားတဲ့ပုံနဲ့ ဗိုက်ဆာဖို့သတိရဟန်တူပါသည်။
တစ်မနက်လုံးဘာမှ မစားရသေးဘဲ လိုက်လာခဲ့တာမလို့ ဗိုက်ကလဲ အတော်ဆာနေပြီဖြစ်သည်။
ချိတ်ထားတဲ့ သူမရဲ့လက်တစ်ဖက်ကိုတော့ မဖြုတ်မိ။နှစ်ယောက်တွဲလမ်းလျှောက်လာရင်းမှစာအုပ်ဆိုင်တစ်ဆိုင်ရှေ့မှာ အမှတ်မထင်မြင်လိုက်ရတာက"တာတေ ညမဖတ်ရ"စာအုပ်များဖြစ်သည်။ကြောက်တတ်လွန်းတဲ့ ကောင်လေးတစ်ယောက်ကို အမှတ်မထင်တွေးမိလေတော့ ဟန်မဆောင်နိုင်လောက်အောင်ပြုံးမိသွားသည်။
"ဘာတွေဒီလောက်တောင်ပြုံးနေတာလဲဂျွန်ရဲ့။အရမ်းပျော်နေတာလား"
မျက်နှာကိုကြည့်ကာ အမြဲအကဲခတ်နေလားမသိ။တွေးလက်စအပြုံးပင် နင်သွားရ၏။"အင်း ပျော်ပါတယ်"လို့သာ ပြောလိုက်မိပေမယ့် တစ်ခါပင်ထပ်ကာပြုံးလိုက်ရသည်။
ဒီတစ်ခါပြုံးတဲ့အပြုံးက လှောင်ပြုံးဆိုတာတော့ သူမသိလိမ့်မယ်မထင်။
"ရှင်းနီ..ခန။ကိုယ်ဝယ်စရာရှိလို့"
ခေါင်းစဉ်မတူရာ စာအုပ်လေးငါးအုပ်ကို ကောက်ကာယူလိုက်၏။ညစ်ပတ်နဲ့နောက်တစ်ခါ တွေ့ခဲ့ရင်ပေးရမယ်ဆိုတဲ့စိတ်ကြောင့် ကြည်နူးမိပြန်သည်။
"ဒါ နောက်ဆုံးထွက်လားဗျ"
"ဟုတ်တယ်ဗျ"
ကျသင့်ငွေကိုပေးကာ ဆိုင်ထဲမှပြန်ထွက်လာခဲ့၏။စာအုပ်တွေလက်ဆောင်ပေးရင် ဖြစ်သွားမယ့် မျက်နှာလေးကို မြင်ရောင်မိတော့ ရင်ထဲမှာအေးချမ်းသွားသလိုလို။ရှင်းနီရှိနေတာတောင်အတွေးထဲမှာ ဒီကောင်လေးက စိုးမိုးနေသည်က လွန်လွန်းတယ်လို့ ထင်မိသည်။ကျွန်တော်တော့ ရူးပြီထင်ပါတယ်ဗျ။မင်းက ဘာလေးလဲကွာ..
✉✉✉✉✉✉✉✉✉✉✉✉✉✉✉✉
ခပ်မြူးမြူးသီချင်းကိုဆိုကာ ရေလောင်းနေတဲ့ ကောင်လေးတစ်ယောက်ရဲ့ပုံရိပ်ကို ညနေတိုင်းငေးကြည့်နေကျဖြစ်သည်။ခပ်ရှည်ရှည်ဆံပင်လေးကို စုဆီးထားသဖြင့် ရှင်းသန့်နေတဲ့မျက်နှာဝိုင်းလေးက ချစ်စရာကောင်းလှသည်။ဝတ်ထားတဲ့လက်ပြတ်နှင့်ဘောင်းဘီတိုလေးကြောင့် အတွင်းသား ဖြူဖြူလေးတွေကိုလဲ မြင်နေရသည်။
ဘယ်လောက်တောင် စိတ်ချမ်းသာစရာမြင်ကွင်းလေးပါလဲ။နှာဘူးလို့ပြောလဲခံရတော့မှာဘဲ။ဖုန်းကိုမြန်မြန်ထုတ်ကာ ပုံတစ်ပုံရိုက်ယူလိုက်၏။
"အား..သေပါပြီကွာ"
တစ်ဖက်ခြံမှ လွင့်လာတဲ့ဘောလုံးကြောင့် ဘောင်ပေးနေရင်းမှ နောက်သို့ပင် လန်ကျသွားတဲ့အထိ အားကပြင်းလွန်း၏။တော်တော်ကမြင်းတဲ့ကလေးပဲ။ဘောလုံးကိုကောက်ကာ ပြန်ပစ်ပေးရန်ရွယ်လိုက်တော့ လှေကားတစ်ခုနှင့်လူတစ်ယောက်က အုတ်နံရံထက်မှ ပေါ်လာ၏။
"အဟဲ"
"ဟမ် ဘာလဲဗျ"
"ဘော"
"ဗျာ"
"လုံး"
"ဟင်.."
"ဟာကွာ။မင်းကလဲ တဗျာဗျာ တဟမ်ဟမ်နဲ့ အဲ့ဘောလုံး ကစားနေရင်း ဒီဘက်ခြံဘက်ကို အားလွန်ပြီးရောက်သွားလို့"
သူကပဲစကားကိုရှင်းအောင်မပြောပဲ ဟောက်နေသေးသည်။ဘောလုံးနဲ့ကစားတဲ့ ကလေးထင်နေတာ အမှန်တော့ ကြီးဘောလောကြီးဖြစ်နေတာပဲ။
စိမ်းဖန့်ဖန့်နှုတ်ခမ်းမွေးလေးတွေကတော့
သူ့မျက်နှာထက်မှာတကယ် ကြည့်ကောင်းလှသည်။
အင်း..ချောတာကတော့ ချောတာပါပဲလေ။
"ဟေ့"
"ဗျာ."
"ပြန်ပေးအုံးလေကွာ။ဘာတွေဒီလောက်တောင်ကြည့်နေတာလဲ။ဘာလဲကြွေသွားတာလားကွ"
"အာ.."
ဘောလုံးကိုပြန်လာပေးတဲ့ ကောင်လေးရဲ့မျက်နှာလေးက ရဲလို့နေသည်။ကျွန်တော်စလိုက်တာ ဘယ်လောက်တောင်ရှက်သွားတယ်မသိ ရေခရားကိုတောင် ခလုတ်တိုက်သွားသေးတယ်။
အသံထွက်ကာ ဆက်ခန့် တစ်ယောက်ရယ်လိုက်မိတော့ အိမ်ထဲကို လှစ်ခနဲ ပြန်ဝင်ပြေးသွား၏။အင်း..အိမ်ပြောင်းလာတာ မှန်ပြီထင်ပါရဲ့။
စကားပြောချင်လွန်းလို့ ခင်းလိုက်တဲ့လုပ်ဇာတ်ကလဲ အောင်မြင်သွားပြီ။ကောင်မလေးတွေထည်လဲတွဲခဲ့ဖူးပေမယ့် ဒီကောင်လေးကို မြင်ရတဲ့ပုံလေးတွေလောက် ရင်ကမခုန်မိတာ အမှန်။
ဖုန်းထဲမှ ပုံလေးကို ဘယ်နှစ်ကြိမ်မြောက်မှန်းမသိ ပြန်ကြည့်မိပြန်သည်။
မင်းရဲ့ပုံစံလေးက ကိုယ့်ကိုခြွေလိုက်တာ.....