Believe (Complete)

By KhineLay443

203K 11K 475

Zaw အခ်စ္ကို ယုံဖို႔ ခတ္ခဲေနေသာ ေကာင္ေလးကို အရမ္းခ်စ္မိသြားတဲ့ ဦးက ဘယ္လိုေတြ အလိုလိုက္ၿပီး ျပန္ခ်စ္ေအာင္လုပ္မ... More

Believe 1
Believe 2
Believe 3
Believe 4
Believe 5
Believe 6
Believe 7
Believe 8
Believe 9
Believe 10
Believe 11
Believe 12
Believe 13
Believe 14
Believe 15
Believe 16
Believe 17
sorry
Believe 18
Believe 19
Believe 20
Believe 21
Believe 22
Believe 23
Believe 24
Believe 25
Believe 27
Believe 28
Believe 29
Believe 30
Believe 31
Believe 32
Believe 33
Believe 34
Believe 35
Believe 36
Believe 37
Believe 38 Final
စျေးဗန်း ၁
စျေးဗန်း ၂
စျေးဗန်း ၃
စျေးဗန်း ၄

Believe 26

3.8K 249 25
By KhineLay443

Zaw

ဦးဟိန္းဘာေတြျဖစ္သြားတာလဲ ဦးဟိန္းေရာဂါလို႔ေျပာရေအာင္ ဒါက ေရာဂါလကၡဏာမွ မဟုတ္တာ တစ္ခုခုေတာ့ လြဲေနၿပီ....
ႀကီးျမထြက္သြားေတာ့မွ ပိုင္လဲ
"ဦးဟိန္း.... "

"မင္း​ေ-ာက္ပါးစပ္ကို ပိတ္ထား!!!!"
ဦးဟိန္းရဲ႕အသံမွာ က်ယ္ေလာင္စြာ ထြက္လာၿပီး ပိုင့္ကိုယ္ေလးေတာင္ တုန္တတ္သြားသည္။

တစ္ခါမွ ခုလိုမေအာ္ခံခဲ့ရေသာ ပိုင့္အတြက္ ရင္ထဲမွာ ဝမ္းနည္းလာၿပီး မ်က္ရည္မ်ားလဲ စို႔တတ္လာသည္။
မ်က္ရည္မ်ားက်ေနပင္မဲ့ ရွိုက္သံေလးေတာင္မၾကားရေသာ ပိုင္ ရင္ထဲဘယ္ေလာက္ေတာင္ ထိန့္လန့္သြားေလမလဲ.....

"မင္း အေၾကာင္း မင္းသိသင့္ၿပီ...." ေအာ္တာလြန္သြားမွန္းသိပင္မဲ့ လုပ္ရက္လိုက္ေလခ်င္းဟူေသာ စိတ္ႀကီးက ဦးဟိန္းရင္ထဲ ႀကီးစိုးေနသည္။

"ကြၽန္ေတာ္ ဘာလုပ္လို႔လဲ...ကြၽန္...ကြၽန္ေတာ္ ဘာအမွားေတြမ်ား...အဲ့...အဲ့ေလာက္ၾကဴးလြန္ထားလို႔...ေအာ္...ရတာလဲလို႔!!!"

ဧည့္ခန္းထဲ ေအာ္သံမ်ား အထပ္ထပ္ထြက္လာျပန္သည္။
"ဟက္...ေရာ့ နားေထာင္ၾကည့္ မင္းလုပ္ရက္ေတြ ငါမသိဘူးမ်ားထင္ေနလား..."

အသံဖမ္းစက္ေလးကိုဖြင့္ကာ ပိုင့္ေရွ႕ခုံေပၚသို႔ ခ်ေပးလိုက္သည္။
"ငါအ႐ူးလား စြမ္း...ဦးဟိန္းကို ငါက ခ်စ္စရာလား။ ငါ့ပန္းတိုင္ျဖစ္တဲ့ အဲ့ဒီ့ company ႀကီးကို ငါ့လက္ထဲေရာက္ေအာင္ယူခ်င္တာေလ။ အခ်ိန္တန္ မင္းရင္ခြင္ထဲပဲ ငါေရာက္လာမွာပါ စြမ္းသာစိတ္ခ်ေန"

ပိုင္ပါးစပ္အေဟာင္းသားေတာင္ ျဖစ္သြားသည္။ ဒါကဘာေတြလဲ ေသခ်ာတာကေတာ့ ဒါကမိမိ၏အသံပင္...
"ကဲ ဘယ္လိုလဲ....မင္း ဘာေျပာခ်င္ေသးလဲ...မေန႕က မင္းမိဘအိမ္ကိုလႊတ္လိုက္တာ အဲ့အေကာင္နဲ႕cafeဆိုင္မွာ ခ်ိန္းထိုင္ဖို႔မဟုတ္ဘူး။ ငါစုံစမ္းၿပီးၿပီ မင္းနဲ႕ အဲ့အေကာင္ cafeဆိုင္ထိုင္ခဲ့ၾကတယ္ဆိုတာ"

ပိုင္ေျပာစရာစကားမ်ား ေပ်ာက္ရွသြားသည္။ cafeဆိုင္ထိုင္ခဲ့တယ္ဆိုတာ မွန္ပင္မဲ့ စြမ္းကိုမိမိေျဖာင္းျဖကာ ေသခ်ာေျပာခဲ့တာပါ။ ဒါကို စြမ္းကလဲ ၾကည္ၾကည္ျဖဴျဖဴလက္ခံၿပီးသားေလ....

တိတ္ဆိတ္ေနေသာ ပိုင္ေၾကာင့္ ဦးဟိန္းပို၍ပင္ ေဒါသထြက္လာသည္။ ဆိတ္ဆိတ္ေနျခင္းက ဝန္ခံျခင္းတစ္ခုပဲမွတ္လား။

"ေျဖရွင္းခ်က္ေတာင္ မေပးနိုင္ေတာ့ဘူးေပါ့။"
"ခဏေလး ဦးဟိန္း...တစ္ခုခုလြဲေနၿပီ။ မေန႕က သူနဲ႕ကြၽန္ေတာ္ cafeဆိုင္ထိုင္တာမွန္တယ္။ ဒါပင္မဲ့ ဒီႀကီးက အထင္လြဲေနတာ...ကြၽန္ေတာ္တို႔ေျပာခဲ့တာ တျခား..သူ...သူ႕ကို ထြက္သြားဖို႔ ကြၽန္ေတာ္ေျပာခဲ့တာပါ..."

ပိုင္ထိတ္လန့္ေနမိသည္...ဦးဟိန္း အထင္လြဲလို႔မျဖစ္ဘူး။
"မင္းကြာ!!! ငါ့ကို ခုထိညာေနေသးတယ္!! ငါမွာေတာ့ မင္းကိုခ်စ္လိုက္ရတာ!!! ဟာကြာ!!!"
'ခလြမ္း!!'

ေဘးရွိပန္းအိုးအား လက္နဲ႕ရိုက္ခ်လိဳက္တာေၾကာင့္ ပန္းအိုးမွာ ေအာက္သို႔က်ကြဲကာ မွန္ကြဲစမ်ားကလဲ ေနရာအႏွံ႕...
"မဟုတ္ဘူး ဦးဟိန္း...ဒါ...ဟင့္...ဒါအထင္လြဲတာ..."
"ေတာ္စမ္း!!!"

ပိုင့္မ်က္ရည္မ်ား အတားအဆီးမရွိ က်ဆင္းလာၿပီး ဦးဟိန္းအား ရွင္းျပဖို႔ ႀကိဳးစားေတာ့သည္။ ဒါကို ေဒါသတႀကီးနဲ႕ ေအာ္ခံလိုက္ရတာေၾကာင့္ ပိုင္ကိုယ္ေလးမွာ ငိုရင္းတုန္ေနသည္။

"သား!! မင္းေတာ္ေတာ့...ေအးေဆးေျဖရွင္းၾက...စိတ္လိုက္မာန္ပါမလုပ္နဲ႕ အမွားပါမယ္" ဦးမင္းထက္က ရန္ျဖစ္သံေတြေၾကာင့္ ေအာက္ထပ္ကိုဆင္းလာကာ လွမ္းတားလိုက္ရသည္။

"အေဖ..သား...သား...လိမ္ညာခံလိုက္ရတာ...သားအခ်စ္ကို လွည့္စားခံလိုက္ရတာ..."
ဦးဟိန္းေျပာေနပင္မဲ့ ဦးမင္းထက္က ေခါင္းခါကာ
"တစ္ဖက္သူရဲ႕ ေျဖရွင္းခ်က္ကို နားေထာင္ဦး..."

"နားမေထာင္နိုင္ဘူး သားရင္ထဲ မခ်ိမဆန့္ေအာင္ ခံစားေနရတာ..." ဦးဟိန္းမတ္တပ္ရပ္ကာ ဖခင္ျဖစ္သူဘက္ကိုလွည့္ကာေျပာလိုက္သည္။

"ဦးဟိန္းအထင္လြဲတာပါ...ဒါက လိမ္ညာထားတဲ့ အသံfileႀကီး" ပိုင္လဲ မတ္တပ္ရပ္လိုက္ကာ ဦးဟိန္းလက္ကိုလွမ္းကိုင္ၿပီး ရွင္းျပဖို႔ ႀကိဳးစားေတာ့သည္။

"သား...ခုခ်ိန္ေျပာေနၾကလဲ နားဝင္မွာမဟုတ္ၾကဘူး။ ေသြးေအးသြားမွ ျပန္ၿပီး ေျဖရွင္းၾကပါလား" မိမိသားက ေဒါသထြက္ကာ တစ္ဖက္သူလဲ ထိခိုက္မွာဆိုးတာေၾကာင့္ ဦးမင္းထက္ ဝင္တားေနရသည္။

ဖခင္ေျပာေနတာေၾကာင့္ ဦးဟိန္းသတ္ျပင္းခ်လိဳက္ကာ မိမိလက္အားကိုင္ထားေသာ ပိုင့္လက္ကို အားကုန္လႊဲခ်ကာ ခါခ်လိဳက္ၿပီး ​အေပၚထပ္သို႔ ထြက္သြားလိုက္သည္။ အရွိန္ျပင္းတာေၾကာင့္ ပိုင္ထိုေနရာမွာပဲ ေလးဘက္ကေလး ထိုင္က်သြားသည္။

ထိုခ်ိန္ေအာက္တြင္ျပန့္က်ဲေနေသာ ပန္းအိုးကြဲစမ်ားက ပိုင့္ဒူးသာမက လက္ဖဝါးေတြေကာ ရွကုန္ေတာ့သည္။
"အ့..."

ပန္းအိုးကြဲစမ်ား လက္ဖဝါးနဲ႕ ဒူးကို စိုက္ဝင္သြားတာေၾကာင့္ ေသြးမ်ားထြက္လာကာ တစစ္စစ္နာက်င္လာသည္။ ခတ္တာက ထိုနာက်င္မႈထက္ ရင္ထဲက နာက်င္မႈက အဆမတန္ပိုခံစားရသည္။

ခ်စ္ရသူ၏ အထင္လြဲကာ မိမိအား မုန္းသြားလိုက္ေလမလား။ ကံၾကမၼာႀကီးက မိမိအား အခ်စ္နဲ႕ပတ္သတ္လွ်င္ အၿမဲမိမိဘက္ အေကာင္းမေပးခဲ့ဘူး။ ပထမအခ်စ္က မိမိအား ခံစားရေစခဲ့ၿပီး ခုမိမိ၏ေနာက္ဆုံးအခ်စ္ကလဲ မိမိအေပၚ ခါးသီးကာ မုန္းသြားေလၿပီ.....

ထိုေနရာတြင္ ပိုင့္မွာ မလႈပ္မယွက္ ၿငိမ္ေနမိသည္။
ႀကီးျမလဲ ပိုင့္ဆီေျပးလာကာ ဝိုင္းထူေပးလိုက္ၿပီး
"သားငယ္...ႀကီးျမကို ျပပါဦး...ဟယ္..ေသြးေတြ သားငယ္ရယ္...."

မိမိဒဏ္ရာေတြအားၾကည့္ကာ ႀကီးျမလဲ စိတ္မေကာင္းျဖစ္သြားသည္။
"ဆရာဝန္ေခၚေပးမယ္ ေဆးေသခ်ာထည့္လိုက္..."
ဦးမင္းထက္ေျပာကာ အေပၚထပ္သို႔ တက္သြားလိုက္သည္။

"သားေလးလာ...အဝတ္အစားလဲၿပီး ေရေဆးထားလိုက္ရေအာင္ ခဏေန ဆရာဝန္လာလိမ့္မယ္" ႀကီးျမပိုင့္ကိုေခၚကာ အဝတ္အစားေတြလဲေပးလိုက္ရသည္။

ပိုင့္အဝတ္အစားေတြက ဦးဟိန္းအခန္းထဲမွာမို႔ ဝန အဝတ္အစားကိုသာ ခဏေပးဝတ္ထားၿပီး ေအာက္ထပ္က အခန္းထဲတြင္သာ ေနေစလိုက္သည္။
ခဏအၾကာ ဆရာဝန္ေရာက္လာၿပီး ဒဏ္ရာေတြအား ေဆးထည့္ကာ ေသာက္ေဆးေတြပါေပးခဲ့ရသည္။

ဒဏ္ရာေတြေဆးထည့္ၿပီးသည္အထိ ပိုင့္မွာ ငူေငါင္ေနေသးသည္။ အေတြးေပါင္းမ်ားစြာကလဲ ႀကီးစိုးေနသည္။ အခန္းထဲသို႔ ႀကီးျမ ေခါက္ဆြဲျပဳတ္ ပန္းကန္ေလးကိုင္ကာ ျပန္ဝင္လာၿပီး
"သားငယ္ေဆးေသာက္ရမွာမို႔ အစာစားလိုက္ေနာ္။ ခုခ်ိန္မစားခ်င္တာသိပင္မဲ့ ေဆးေသာက္ရမွာမို႔ပါ...."

ႀကီးျမပုံစံက အလြန္စိုးရိမ္ေနပုံပင္..မိမိတို႔ျပႆနာထဲ လူႀကီးေတြပါ ဆြဲမထည့္ခ်င္ဘူး။ လူႀကီးေတြကို စိတ္မပင္ပန္းေစခ်င္တာေၾကာင့္ ပိုင္ဆန္ျပဳတ္ေသာက္ၿပီး ေဆးေသာက္ကာ ခဏအိပ္လိုက္ရသည္။

အိပ္ေပ်ာ္လားလို႔ေမးရင္ ပိုင္ဘယ္အိပ္ေပ်ာ္ပါ့မလဲ..ရင္ထဲလဲနာက်င္ေနသည္..*စိတ္ခ်ပါဦးဟိန္း...ကြၽန္ေတာ္က အထင္လြဲသမွ်ကို ေျဖရွင္းမွာမို႔...ၿပီးေတာ့ ထြက္သြားခိုင္းဖို႔ေတာ့ မႀကံနဲ႕ေနာ္ တစ္သက္လုံး ထြက္မသြား မွာမို႔*
___________________

"ႀကီးျမ...ညစာ မျပင္ထားနဲ႕ ျပန္လာျဖစ္မွ ျပန္လာမွာ..."
ပိုင္ အခန္းထဲက ထြက္ထြက္ခ်င္း ၾကားလိုက္ရေသာ ဦးဟိန္းစကားေၾကာင့္ ရင္ထဲမေကာင္း​ျဖစ္သြားသည္။ အခန္းတံခါးအား အသာေလးျပန္ပိတ္ကာ ၿငိမ္ေနမိျပန္သည္။

"ဘာလို႔လဲ သား....အလုပ္ကိစၥအေရးႀကီးလို႔လား...ၿပီးေတာ့ သားငယ္ေလးက ဒဏ္ရာရေနတာ ဝင္ၿပီးျဖစ္ျဖစ္ၾကည့္သြားပါလား"
"ကြၽန္ေတာ္သြားေတာ့မယ္..."

ႀကီးျမစကားအား နားမေထာင္ဘဲ ထြက္သြားေသာ ဦးဟိန္းအား ပိုင္တံခါးၾကားကေန ျမင္ေနရသည္။ ဦးဟိန္းကားသံၾကားမွ ပိုင္အခန္းထဲက ထြက္လာလိုက္သည္။ ပိုင္ထြက္လာတာျမင္ၿပီး ႀကီးျမအားနာသြားကာ...

"ေအာ္...သားငယ္ ႀကီးျမေလမုန့္ဟင္းခါးျပင္ထားတယ္ ငါးမ်ားမ်ားေလးနဲ႕...ဒူးေကာ နာေနေသးလား..."
မိမိအေပၚေကာင္းေနေသာ ႀကီးျမက မိမိအတြက္ တကယ္ကို မိသားစုလိုပင္.....

"ရပါတယ္ႀကီးျမ သားအဆင္ေျပပါတယ္...."
"ေအးေအး...သားငယ္...လာ...သြားစားၾကရေအာင္ေနာ္...."
"ဟုတ္..."

လူကသာဒီမွာ ရွိေနပင္မဲ့ စိတ္က ဦးဟိန္းဆီသာ ေရာက္ေနေသာပိုင့္အဖို႔ အေတာ္ကို ခတ္ခဲလွသည္။ ဒါက ေသြးရိုးသားရိုးမဟုတ္တာလဲ ပိုင္သိတာေပါ့ ဒီေၾကာင့္ ရွင္းရွင္းလင္းလင္းျဖစ္သြားေအာင္ ပိုင္ အျမန္ဆုံး ေျဖရွင္းရေပေတာ့မည္။

ပိုင္စိတ္ထဲ ဒီအသံfileကို ဦးဟိန္းအားေပးတဲ့သူက အျခားသူမဟုတ္ဘူး စြမ္းထက္သာ ကိုယ္တိုင္ဆိုတာ ေသခ်ာသည္ပင္။

"မင္း ဘယ္မွာလဲ....companyမွာလား ငါအခုလာခဲ့မယ္"
"...."
"အဲ့မွာပဲေစာင့္ေန"
စြမ္းတို႔ company နားက ပန္းၿခံတစ္ခုသို႔ ပိုင္ခ်ိန္းလိုက္သည္။

မိမိေရာက္သြားေတာ့ ခုံတန္းရွည္တစ္ခုေပၚတြင္ စြမ္း မိမိအား ထိုင္ေစာင့္ေနတာကိုေတြ႕ေတာ့ ထိုေနရာသို႔ ေျခလွမ္းက်ဲမ်ားနဲ႕ ေလွ်ာက္သြားလိုက္သည္။

"မင္း သိပ္ေပ်ာ္ေနတာေပါ့...."
"ပိုင္" ပိုင္ေျပာတာကို အူေၾကာင္ေၾကာင္ ပုံစံနဲ႕ မိမိအား ျပန္ၾကည့္ေနေသာ စြမ္းကို အေတာ္ပင္ ေဒါသထြက္ေနသည္။

"ဟက္...မင္းကြာ...ငါေတာင္းပန္ေနတယ္...ငါခ်စ္တဲ့သူနဲ႕ ငါေအးေဆးေနပါရေစ..."
"ပိုင္...နင္သိသင့္ၿပီေနာ္....သူက မင္းကိုယုံၾကည္သင့္တယ္ေလ...မဟုတ္ဘူးလား...ခုဟာက မင္းကိုမယုံၾကည္ေနတာေလ အဲ့လိုလူလက္ထဲ မင္းမေနခ်င္နဲ႕"

"ေတာက္...."
'ခြပ္' ပိုင္ေဒါသထြက္ကာ စြမ္းအား ထိုးခ်လိဳက္သည္။

အထိုးခံလိုက္ရတာေၾကာင့္ ႏႈတ္ခမ္းေပါက္သြားကာ ငန္က်ိက်ိအရသာကို စြမ္းခံစားလိုက္ရသည္။ ပိုင့္ကိုၾကည့္လိုက္ေတာ့ မိမိအားအေတာ္ပင္ ေဒါသထြက္ေနေလရဲ႕

"ထိုးလိုက္ပိုင္....ပိုင္စိတ္သက္သာရာ ရမယ္ဆို ငါ့ကိုထိုးလိုက္....ၿပီးရင္...ငါ့ရင္ခြင္ထဲေအးေဆးလာေနေတာ့"
"မင္း႐ူးေနၿပီ စြမ္း"

"ဟုတ္တယ္ ငါမင္းကို ခ်စ္လို႔ကို ႐ူးေနတာ!!"
___________
1.3.2021
Khine Lay

Uni

ဦးဟိန်းဘာတွေဖြစ်သွားတာလဲ ဦးဟိန်းရောဂါလို့ပြောရအောင် ဒါက ရောဂါလက္ခဏာမှ မဟုတ်တာ တစ်ခုခုတော့ လွဲနေပြီ....
ကြီးမြထွက်သွားတော့မှ ပိုင်လဲ
"ဦးဟိန်း.... "

"မင်း​ေ-ာက်ပါးစပ်ကို ပိတ်ထား!!!!"
ဦးဟိန်းရဲ့အသံမှာ ကျယ်လောင်စွာ ထွက်လာပြီး ပိုင့်ကိုယ်လေးတောင် တုန်တတ်သွားသည်။

တစ်ခါမှ ခုလိုမအော်ခံခဲ့ရသော ပိုင့်အတွက် ရင်ထဲမှာ ဝမ်းနည်းလာပြီး မျက်ရည်များလဲ စို့တတ်လာသည်။
မျက်ရည်များကျနေပင်မဲ့ ရှိုက်သံလေးတောင်မကြားရသော ပိုင် ရင်ထဲဘယ်လောက်တောင် ထိန့်လန့်သွားလေမလဲ.....

"မင်း အကြောင်း မင်းသိသင့်ပြီ...." အော်တာလွန်သွားမှန်းသိပင်မဲ့ လုပ်ရက်လိုက်လေချင်းဟူသော စိတ်ကြီးက ဦးဟိန်းရင်ထဲ ကြီးစိုးနေသည်။

"ကျွန်တော် ဘာလုပ်လို့လဲ...ကျွန်...ကျွန်တော် ဘာအမှားတွေများ...အဲ့...အဲ့လောက်ကြူးလွန်ထားလို့...အော်...ရတာလဲလို့!!!"

ဧည့်ခန်းထဲ အော်သံများ အထပ်ထပ်ထွက်လာပြန်သည်။
"ဟက်...ရော့ နားထောင်ကြည့် မင်းလုပ်ရက်တွေ ငါမသိဘူးများထင်နေလား..."

အသံဖမ်းစက်လေးကိုဖွင့်ကာ ပိုင့်ရှေ့ခုံပေါ်သို့ ချပေးလိုက်သည်။
"ငါအရူးလား စွမ်း...ဦးဟိန်းကို ငါက ချစ်စရာလား။ ငါ့ပန်းတိုင်ဖြစ်တဲ့ အဲ့ဒီ့ company ကြီးကို ငါ့လက်ထဲရောက်အောင်ယူချင်တာလေ။ အချိန်တန် မင်းရင်ခွင်ထဲပဲ ငါရောက်လာမှာပါ စွမ်းသာစိတ်ချနေ"

ပိုင်ပါးစပ်အဟောင်းသားတောင် ဖြစ်သွားသည်။ ဒါကဘာတွေလဲ သေချာတာကတော့ ဒါကမိမိ၏အသံပင်...
"ကဲ ဘယ်လိုလဲ....မင်း ဘာပြောချင်သေးလဲ...မနေ့က မင်းမိဘအိမ်ကိုလွှတ်လိုက်တာ အဲ့အကောင်နဲ့cafeဆိုင်မှာ ချိန်းထိုင်ဖို့မဟုတ်ဘူး။ ငါစုံစမ်းပြီးပြီ မင်းနဲ့ အဲ့အကောင် cafeဆိုင်ထိုင်ခဲ့ကြတယ်ဆိုတာ"

ပိုင်ပြောစရာစကားများ ပျောက်ရှသွားသည်။ cafeဆိုင်ထိုင်ခဲ့တယ်ဆိုတာ မှန်ပင်မဲ့ စွမ်းကိုမိမိဖြောင်းဖြကာ သေချာပြောခဲ့တာပါ။ ဒါကို စွမ်းကလဲ ကြည်ကြည်ဖြူဖြူလက်ခံပြီးသားလေ....

တိတ်ဆိတ်နေသော ပိုင်ကြောင့် ဦးဟိန်းပို၍ပင် ဒေါသထွက်လာသည်။ ဆိတ်ဆိတ်နေခြင်းက ဝန်ခံခြင်းတစ်ခုပဲမှတ်လား။

"ဖြေရှင်းချက်တောင် မပေးနိုင်တော့ဘူးပေါ့။"
"ခဏလေး ဦးဟိန်း...တစ်ခုခုလွဲနေပြီ။ မနေ့က သူနဲ့ကျွန်တော် cafeဆိုင်ထိုင်တာမှန်တယ်။ ဒါပင်မဲ့ ဒီကြီးက အထင်လွဲနေတာ...ကျွန်တော်တို့ပြောခဲ့တာ တခြား..သူ...သူ့ကို ထွက်သွားဖို့ ကျွန်တော်ပြောခဲ့တာပါ..."

ပိုင်ထိတ်လန့်နေမိသည်...ဦးဟိန်း အထင်လွဲလို့မဖြစ်ဘူး။
"မင်းကွာ!!! ငါ့ကို ခုထိညာနေသေးတယ်!! ငါမှာတော့ မင်းကိုချစ်လိုက်ရတာ!!! ဟာကွာ!!!"
'ခလွမ်း!!'

ဘေးရှိပန်းအိုးအား လက်နဲ့ရိုက်ချလိုက်တာကြောင့် ပန်းအိုးမှာ အောက်သို့ကျကွဲကာ မှန်ကွဲစများကလဲ နေရာအနှံ့...
"မဟုတ်ဘူး ဦးဟိန်း...ဒါ...ဟင့်...ဒါအထင်လွဲတာ..."
"တော်စမ်း!!!"

ပိုင့်မျက်ရည်များ အတားအဆီးမရှိ ကျဆင်းလာပြီး ဦးဟိန်းအား ရှင်းပြဖို့ ကြိုးစားတော့သည်။ ဒါကို ဒေါသတကြီးနဲ့ အော်ခံလိုက်ရတာကြောင့် ပိုင်ကိုယ်လေးမှာ ငိုရင်းတုန်နေသည်။

"သား!! မင်းတော်တော့...အေးဆေးဖြေရှင်းကြ...စိတ်လိုက်မာန်ပါမလုပ်နဲ့ အမှားပါမယ်" ဦးမင်းထက်က ရန်ဖြစ်သံတွေကြောင့် အောက်ထပ်ကိုဆင်းလာကာ လှမ်းတားလိုက်ရသည်။

"အဖေ..သား...သား...လိမ်ညာခံလိုက်ရတာ...သားအချစ်ကို လှည့်စားခံလိုက်ရတာ..."
ဦးဟိန်းပြောနေပင်မဲ့ ဦးမင်းထက်က ခေါင်းခါကာ
"တစ်ဖက်သူရဲ့ ဖြေရှင်းချက်ကို နားထောင်ဦး..."

"နားမထောင်နိုင်ဘူး သားရင်ထဲ မချိမဆန့်အောင် ခံစားနေရတာ..." ဦးဟိန်းမတ်တပ်ရပ်ကာ ဖခင်ဖြစ်သူဘက်ကိုလှည့်ကာပြောလိုက်သည်။

"ဦးဟိန်းအထင်လွဲတာပါ...ဒါက လိမ်ညာထားတဲ့ အသံfileကြီး" ပိုင်လဲ မတ်တပ်ရပ်လိုက်ကာ ဦးဟိန်းလက်ကိုလှမ်းကိုင်ပြီး ရှင်းပြဖို့ ကြိုးစားတော့သည်။

"သား...ခုချိန်ပြောနေကြလဲ နားဝင်မှာမဟုတ်ကြဘူး။ သွေးအေးသွားမှ ပြန်ပြီး ဖြေရှင်းကြပါလား" မိမိသားက ဒေါသထွက်ကာ တစ်ဖက်သူလဲ ထိခိုက်မှာဆိုးတာကြောင့် ဦးမင်းထက် ဝင်တားနေရသည်။

ဖခင်ပြောနေတာကြောင့် ဦးဟိန်းသတ်ပြင်းချလိုက်ကာ မိမိလက်အားကိုင်ထားသော ပိုင့်လက်ကို အားကုန်လွှဲချကာ ခါချလိုက်ပြီး ​အပေါ်ထပ်သို့ ထွက်သွားလိုက်သည်။ အရှိန်ပြင်းတာကြောင့် ပိုင်ထိုနေရာမှာပဲ လေးဘက်ကလေး ထိုင်ကျသွားသည်။

ထိုချိန်အောက်တွင်ပြန့်ကျဲနေသော ပန်းအိုးကွဲစများက ပိုင့်ဒူးသာမက လက်ဖဝါးတွေကော ရှကုန်တော့သည်။
"အ့..."

ပန်းအိုးကွဲစများ လက်ဖဝါးနဲ့ ဒူးကို စိုက်ဝင်သွားတာကြောင့် သွေးများထွက်လာကာ တစစ်စစ်နာကျင်လာသည်။ ခတ်တာက ထိုနာကျင်မှုထက် ရင်ထဲက နာကျင်မှုက အဆမတန်ပိုခံစားရသည်။

ချစ်ရသူ၏ အထင်လွဲကာ မိမိအား မုန်းသွားလိုက်လေမလား။ ကံကြမ္မာကြီးက မိမိအား အချစ်နဲ့ပတ်သတ်လျှင် အမြဲမိမိဘက် အကောင်းမပေးခဲ့ဘူး။ ပထမအချစ်က မိမိအား ခံစားရစေခဲ့ပြီး ခုမိမိ၏နောက်ဆုံးအချစ်ကလဲ မိမိအပေါ် ခါးသီးကာ မုန်းသွားလေပြီ.....

ထိုနေရာတွင် ပိုင့်မှာ မလှုပ်မယှက် ငြိမ်နေမိသည်။
ကြီးမြလဲ ပိုင့်ဆီပြေးလာကာ ဝိုင်းထူပေးလိုက်ပြီး
"သားငယ်...ကြီးမြကို ပြပါဦး...ဟယ်..သွေးတွေ သားငယ်ရယ်...."

မိမိဒဏ်ရာတွေအားကြည့်ကာ ကြီးမြလဲ စိတ်မကောင်းဖြစ်သွားသည်။
"ဆရာဝန်ခေါ်ပေးမယ် ဆေးသေချာထည့်လိုက်..."
ဦးမင်းထက်ပြောကာ အပေါ်ထပ်သို့ တက်သွားလိုက်သည်။

"သားလေးလာ...အဝတ်အစားလဲပြီး ရေဆေးထားလိုက်ရအောင် ခဏနေ ဆရာဝန်လာလိမ့်မယ်" ကြီးမြပိုင့်ကိုခေါ်ကာ အဝတ်အစားတွေလဲပေးလိုက်ရသည်။

ပိုင့်အဝတ်အစားတွေက ဦးဟိန်းအခန်းထဲမှာမို့ ဝန အဝတ်အစားကိုသာ ခဏပေးဝတ်ထားပြီး အောက်ထပ်က အခန်းထဲတွင်သာ နေစေလိုက်သည်။
ခဏအကြာ ဆရာဝန်ရောက်လာပြီး ဒဏ်ရာတွေအား ဆေးထည့်ကာ သောက်ဆေးတွေပါပေးခဲ့ရသည်။

ဒဏ်ရာတွေဆေးထည့်ပြီးသည်အထိ ပိုင့်မှာ ငူငေါင်နေသေးသည်။ အတွေးပေါင်းများစွာကလဲ ကြီးစိုးနေသည်။ အခန်းထဲသို့ ကြီးမြ ခေါက်ဆွဲပြုတ် ပန်းကန်လေးကိုင်ကာ ပြန်ဝင်လာပြီး
"သားငယ်ဆေးသောက်ရမှာမို့ အစာစားလိုက်နော်။ ခုချိန်မစားချင်တာသိပင်မဲ့ ဆေးသောက်ရမှာမို့ပါ...."

ကြီးမြပုံစံက အလွန်စိုးရိမ်နေပုံပင်..မိမိတို့ပြဿနာထဲ လူကြီးတွေပါ ဆွဲမထည့်ချင်ဘူး။ လူကြီးတွေကို စိတ်မပင်ပန်းစေချင်တာကြောင့် ပိုင်ဆန်ပြုတ်သောက်ပြီး ဆေးသောက်ကာ ခဏအိပ်လိုက်ရသည်။

အိပ်ပျော်လားလို့မေးရင် ပိုင်ဘယ်အိပ်ပျော်ပါ့မလဲ..ရင်ထဲလဲနာကျင်နေသည်..*စိတ်ချပါဦးဟိန်း...ကျွန်တော်က အထင်လွဲသမျှကို ဖြေရှင်းမှာမို့...ပြီးတော့ ထွက်သွားခိုင်းဖို့တော့ မကြံနဲ့နော် တစ်သက်လုံး ထွက်မသွား မှာမို့*
___________________

"ကြီးမြ...ညစာ မပြင်ထားနဲ့ ပြန်လာဖြစ်မှ ပြန်လာမှာ..."
ပိုင် အခန်းထဲက ထွက်ထွက်ချင်း ကြားလိုက်ရသော ဦးဟိန်းစကားကြောင့် ရင်ထဲမကောင်း​ဖြစ်သွားသည်။ အခန်းတံခါးအား အသာလေးပြန်ပိတ်ကာ ငြိမ်နေမိပြန်သည်။

"ဘာလို့လဲ သား....အလုပ်ကိစ္စအရေးကြီးလို့လား...ပြီးတော့ သားငယ်လေးက ဒဏ်ရာရနေတာ ဝင်ပြီးဖြစ်ဖြစ်ကြည့်သွားပါလား"
"ကျွန်တော်သွားတော့မယ်..."

ကြီးမြစကားအား နားမထောင်ဘဲ ထွက်သွားသော ဦးဟိန်းအား ပိုင်တံခါးကြားကနေ မြင်နေရသည်။ ဦးဟိန်းကားသံကြားမှ ပိုင်အခန်းထဲက ထွက်လာလိုက်သည်။ ပိုင်ထွက်လာတာမြင်ပြီး ကြီးမြအားနာသွားကာ...

"အော်...သားငယ် ကြီးမြလေမုန့်ဟင်းခါးပြင်ထားတယ် ငါးများများလေးနဲ့...ဒူးကော နာနေသေးလား..."
မိမိအပေါ်ကောင်းနေသော ကြီးမြက မိမိအတွက် တကယ်ကို မိသားစုလိုပင်.....

"ရပါတယ်ကြီးမြ သားအဆင်ပြေပါတယ်...."
"အေးအေး...သားငယ်...လာ...သွားစားကြရအောင်နော်...."
"ဟုတ်..."

လူကသာဒီမှာ ရှိနေပင်မဲ့ စိတ်က ဦးဟိန်းဆီသာ ရောက်နေသောပိုင့်အဖို့ အတော်ကို ခတ်ခဲလှသည်။ ဒါက သွေးရိုးသားရိုးမဟုတ်တာလဲ ပိုင်သိတာပေါ့ ဒီကြောင့် ရှင်းရှင်းလင်းလင်းဖြစ်သွားအောင် ပိုင် အမြန်ဆုံး ဖြေရှင်းရပေတော့မည်။

ပိုင်စိတ်ထဲ ဒီအသံfileကို ဦးဟိန်းအားပေးတဲ့သူက အခြားသူမဟုတ်ဘူး စွမ်းထက်သာ ကိုယ်တိုင်ဆိုတာ သေချာသည်ပင်။

"မင်း ဘယ်မှာလဲ....companyမှာလား ငါအခုလာခဲ့မယ်"
"...."
"အဲ့မှာပဲစောင့်နေ"
စွမ်းတို့ company နားက ပန်းခြံတစ်ခုသို့ ပိုင်ချိန်းလိုက်သည်။

မိမိရောက်သွားတော့ ခုံတန်းရှည်တစ်ခုပေါ်တွင် စွမ်း မိမိအား ထိုင်စောင့်နေတာကိုတွေ့တော့ ထိုနေရာသို့ ခြေလှမ်းကျဲများနဲ့ လျှောက်သွားလိုက်သည်။

"မင်း သိပ်ပျော်နေတာပေါ့...."
"ပိုင်" ပိုင်ပြောတာကို အူကြောင်ကြောင် ပုံစံနဲ့ မိမိအား ပြန်ကြည့်နေသော စွမ်းကို အတော်ပင် ဒေါသထွက်နေသည်။

"ဟက်...မင်းကွာ...ငါတောင်းပန်နေတယ်...ငါချစ်တဲ့သူနဲ့ ငါအေးဆေးနေပါရစေ..."
"ပိုင်...နင်သိသင့်ပြီနော်....သူက မင်းကိုယုံကြည်သင့်တယ်လေ...မဟုတ်ဘူးလား...ခုဟာက မင်းကိုမယုံကြည်နေတာလေ အဲ့လိုလူလက်ထဲ မင်းမနေချင်နဲ့"

"တောက်...."
'ခွပ်' ပိုင်ဒေါသထွက်ကာ စွမ်းအား ထိုးချလိုက်သည်။

အထိုးခံလိုက်ရတာကြောင့် နှုတ်ခမ်းပေါက်သွားကာ ငန်ကျိကျိအရသာကို စွမ်းခံစားလိုက်ရသည်။ ပိုင့်ကိုကြည့်လိုက်တော့ မိမိအားအတော်ပင် ဒေါသထွက်နေလေရဲ့

"ထိုးလိုက်ပိုင်....ပိုင်စိတ်သက်သာရာ ရမယ်ဆို ငါ့ကိုထိုးလိုက်....ပြီးရင်...ငါ့ရင်ခွင်ထဲအေးဆေးလာနေတော့"
"မင်းရူးနေပြီ စွမ်း"

"ဟုတ်တယ် ငါမင်းကို ချစ်လို့ကို ရူးနေတာ!!"
___________
1.3.2021
Khine Lay

Continue Reading

You'll Also Like

10.3K 102 41
兽世之我被冷血暴君盯上了 作者:箐珏 Not my Story
14.1K 360 42
ကျား မ မခွဲခြားနိုင်လောက်အောင် အချစ်က လူကိုထွေပြားစေတာလား ? ခင်ဗျားရဲ့အလှတရားကပဲ ကျွန်တော့်ကို ရူးသွားစေတာလား ? -------------- လင်းည
3.2M 183K 77
Nobody ever loved him; she was the first who loved him. He did not have a family and then one day she entered into his life and became a world for h...
5.2K 670 6
🖤Based on true story🖤 သူ... ကြၽန္ေတာ္ရဲ႕သူ... ကြၽန္ေတာ္ သိပ္ကိုျမတ္ႏိုးရပါေသာ ကိုကို... ကိုကို...ကိုကို ဒီစာကို ဖတ္မိေနခ်ိန္မွာ ကြၽန္ေတာ္က ကိုကိုနဲ...