Except You

By Xiao-Huli

548K 52.7K 4.8K

ကျိုးနိုင်ငံမှ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး နေတတ်သော ကျိုးနိုင်ငံရဲ့အချစ်တော်လေးဖြစ်တဲ့ အလိုလိုက်ခံမင်းသားလေ... More

မင္းကလြဲရင္/မင်းကလွဲရင်
Ch 1 ၾကင္ယာေတာ္ခရီးစဥ္/ကြင်ယာတော်ခရီးစဉ်
Ch 2 ၾကမၼာေစရာ/ကြမ္မာစေရာ
Ch 3 ပထမဆံုးည/ပထမဆုံးည
Ch 4 ေ႐ွာင္ေဖးႏွင့္ႀကိမ္ဒဏ္/ရှောင်ဖေးနှင့်ကြိမ်ဒဏ်
Part 5 ေနေကာင္းသြားေသာေ႐ွာင္ေဖး/ နေကောင်းသွားသောရှောင်ဖေး
Part 6 အခ်စ္ဂု႐ုႀကီး ေ႐ွာင္ေဖး/အချစ်ဂုရုကြီး ရှောင်ဖေး
Part 7 အလွဖန္တီး႐ွင္ ေ႐ွာင္ေဖး/အလှဖန်တီးရှင် ရှောင်ဖေး
Part 8 ေ႐ွာင္ေဖးႏွင့္ျပဇာတ္/ ရှောင်ဖေးနှင့်ပြဇာတ်
part 9 ဝမ္ရိေပၚရဲ႕မယားေလး/ဝမ်ရိပေါ်ရဲ့မယားလေး
Part 10 ျဖဴစင္လြန္းေသာ ေ႐ွာင္ေဖးေလး/ဖြူစင်လွန်းသော ရှောင်ဖေးလေး
Part 11 ေ႐ွာင္ေဖးႏွင့္ ဝမ္ရိေပၚရဲ႕မယားေလး/ရှောင်ဖေးနှင့် ဝမ်ရိပေါ်ရဲ့မယားလေး
Part 12 အိမ္ေ႐ွ႕စံမ႐ွိေသာ ေ႐ွာင္ေဖးဘဝ/အိမ်ရှေ့စံမရှိသော ရှောင်ဖေးဘဝ
Part 13 ေ႐ွာင္ေဖးအေခ်ာဆံုး/ရှောင်ဖေးအချောဆုံး
Part 14 ေဆာင္ၾကာၿမိဳင္သို႔အလည္တစ္ေခါက္/ဆောင်ကြာမြိုင်သို့အလည်တစ်ခေါက်
Part 15 နတ္မိမယ္ႏွင့္တစ္ညတာ/နတ်မိမယ်နှင့်တစ်ညတာ
Part 16 ႐ွာလကာရည္ေသာက္တဲ့ အိမ္ေ႐ွ႕စံ/ရှာလကာရည်သောက်တဲ့ အိမ်ရှေ့စံ
Part 17 ပန္းခ်ီပညာ႐ွင္ ေ႐ွာင္ေဖး/ပန်းချီပညာရှင် ရှောင်ဖေး
Part 18 စားဖိုေဆာင္မွငိုေႂကြးသံ/စားဖိုဆောင်မှငိုကြွေးသံ
Part 19 မ်ွတလြန္းသည့္ အိမ္ေ႐ွ႕စံ/မျှတလွန်းသည့် အိမ်ရှေ့စံ
Part 20 ေသရည္မူးတဲ့ ေ႐ွာင္ေဖး/သေရည်မူးတဲ့ ရှောင်ဖေး
Part 21 ႐ႈးေပါက္ခ်တဲ့ အိမ္ေ႐ွ႕စံ/ရှုးပေါက်ချတဲ့ အိမ်ရှေ့စံ
Part 22 ထက္ျမက္လြန္းသည့္ အိမ္ေ႐ွ႕စံ/ထက်မြက်လွန်းသည့် အိမ်ရှေ့စံ
Part 23 မေကာက္တတ္ေသာေ႐ွာင္ေဖး မေခ်ာ့တတ္ေသာအိမ္ေ႐ွ႕စံ
Part 24 ေတာင္ပိုင္းမွသည္ ေျမာက္ပိုင္းဆီသို႔/တောင်ပိုင်းမှသည် မြောက်ပိုင်းဆီသို့
Part 25 အိမ္ေ႐ွ႕စံ ေသာက/အိမ်ရှေ့စံ သောက
Part 26 က်န္ရစ္ခဲ့ေသာ ေ႐ွာင္ေဖး/ကျန်ရစ်ခဲ့သော ရှောင်ဖေး
Part 27 ေပ်ာက္ဆံုးသြားေသာ ေ႐ွာင္ေဖး/ပျောက်ဆုံးသွားသော ရှောင်ဖေး
Part 28 လိပ္လက္ထဲေရာက္ ေ႐ွာင္ေဖးတစ္ေယာက္/လိပ်လက်ထဲရောက် ရှောင်ဖေးတစ်ယောက်
Part 29 ကယ္တင္ေပးမည့္ အိမ္ေ႐ွ႕စံ/ကယ်တင်ပေးမည့် အိမ်ရှေ့စံ
Part 30 ေခြးတိုးေပါက္မွထြက္ခဲ့သည္/ခွေးတိုးပေါက်မှထွက်ခဲ့သည်
Part 31 အလႉ႕ဒယိကာႀကီး ေ႐ွာင္ေဖး/အလှူ့ဒယိကာကြီး ရှောင်ဖေး
Part 32 ခ်ိဳင္ဟုန္ေန႔ရက္အစ/ချိုင်ဟုန်နေ့ရက်အစ
Part 34 ဇာတ္လမ္းေဟာင္းေတြ႐ွိခဲ့ရင္/ဇာတ်လမ်းဟောင်းတွေရှိခဲ့ရင်
Part 35 ျပဇာတ္မင္းသား ဝမ္ရိေပၚ/ပြဇာတ်မင်းသား ဝမ်ရိပေါ်
Part 36 အေဆာ့မက္တဲ့ ဝမ္ဧကရာဇ္/အဆော့မက်တဲ့ ဝမ်ဧကရာဇ်
Part 37 အဖိုးတန္ပန္းခ်ီ/အဖိုးတန်ပန်းချီ
Part 38 က်န္ရစ္ခဲ့ေသာ အိမ္ေ႐ွ႕စံ/ကျန်ရစ်ခဲ့သော အိမ်ရှေ့စံ
Part 39 အိမ္ေ႐ွ႕စံမွသည္ ဧကရာဇ္ဆီသို႔/အိမ်ရှေ့စံမှသည် ဧကရာဇ်ဆီသို့
Part 40 ႏႈတ္ဆက္ခဲ့ပါတယ္ ခ်ိဳင္ဟုန္/နှုတ်ဆက်ခဲ့ပါတယ် ချိုင်ဟုန်
Special Part မင္းကလြဲရင္/မင်းကလွဲရင်

Part 33 ေ႐ွာင္ေဖးႏွင့္ ဝမ္ဧကရာဇ္/ရှောင်ဖေးနှင့် ဝမ်ဧကရာဇ်

10.6K 1.2K 261
By Xiao-Huli

ZawGyi

ခ်ိဳင္ဟုန္နန္းေတာ္ထဲသို႔ စတင္ကာေရာက္လာသည့္ေန႔ကတည္းက လီၾကင္ယာေတာ္တစ္ေယာက္ သာယာသည့္ေနရက္မ်ားကိုျပန္ရလိုက္သည့္ႏွယ္ အဆင္ေျပေနခဲ့သည္။ ေတာင္ဘက္တပ္စခန္းတြင္ အ႐ိုက္ခံလိုက္ရသည့္ကိစၥကို လံုးဝမေက်နပ္ႏိုင္ခဲ့သည့္သူမက မိဖုရားေခါင္ႀကီးထံသို႔ လက္ေဆာင္ပဏၰာမ်ားျဖင့္သြားကာ ဟိုေကာင္စုတ္ေလး၏အေၾကာင္းမ်ားကုိသတင္းေပးခဲ့သည္။ ေနာက္ပီး သူမၾကားခဲ့သည့္ သတင္းအရ ဝမ္ဧကရာဇ္ကလည္း ယခုကတည္းက ေ႐ွာင္က်န္႔အားေတာ္ေတာ္ေလး သေဘာမေတြ႔ဟုဆိုကာ မိဖုရားေခါင္ႀကီးကလည္း သူမႏွင့္ၾကင္ယာေတာ္အခ်ိဳ႕၏ မတရားခံရမႈကို ဝမ္ဧကရာဇ္ထံသို႔ ေသခ်ာေလးေျပာျပလိုက္မည္ဟုေျပာလိုက္သျဖင့္ လီၾကင္ယာေတာ္မွာ ေ႐ွာင္က်န္႔တို႔နန္းေတာ္ထဲေရာက္လာမည့္ေန႔ကိုသာ လက္ခ်ိဳးေရ၍ေစာင့္ေနခဲ့သည္။

ဤသို႔ျဖင့္ ဒီေန႔ေတာ့ သူမေမ်ွာ္လင့္ေစာင့္စားေနခဲ့ရသည့္ ေန႔သို႔ေရာက္႐ွိလာပီျဖစ္သည္။ မေန႔က နန္းေတာ္ထဲသို႔ ဝမ္အိမ္ေ႐ွ႕စံႏွင့္ က်န္သည့္ၾကင္ယာေတာ္မ်ား ေရာက္႐ွိလာၾကကာ ဒီေန႔ေတာ့ ဝမ္ဧကရာဇ္အား ၾကင္ယာေတာ္အားလံုးမွ ႏႈတ္ဆက္ရမည့္ စားေသာက္ပြဲကိုက်င္းပမည္ျဖစ္သည္။ ထို႔ေၾကာင့္ အခြင့္အေရးကုိ လက္လႊတ္မခံႏိုင္သည့္ သူမအေနျဖင့္ ယခုပြဲတြင္ ဟိုေကာင္စုတ္ေလးအား ပညာျပရန္စီစဥ္ေလေတာ့သည္။ ေတာင္ဘက္စခန္းမွာက်န္ေနခဲ့ရတုန္းက ေ႐ွာင္က်န္႔တစ္ေယာက္ ပိုးဟပ္ေၾကာက္သည္ဟု ရဲမက္မ်ားေျပာေနၾကသည္ကို ၾကားခဲ့ရသျဖင့္ ယခုစားေသာက္ပြဲတြင္ သူမ၏အၾကံအစီကို အေကာင္အထည္ေဖာ္ရန္ျပင္ဆင္ေနလိုက္သည္။

------------------------------------------------------
ေ႐ွာင္႐ွင္းတစ္ေယာက္ ခ်ိဳင္ဟုန္နန္းေတာ္ထဲသို႔စတင္ထြက္ခြာလာသည့္ေန႔ကတည္းက စိတ္မေအးရခဲ့ရသည္မွာ နန္းေတာ္ထဲသို႔ေရာက္ပီးခ်ိန္တြင္ေတာ့ ပို၍စိုးရိမ္ပူပန္ခဲ့ရေလသည္။ အဘယ္ေၾကာင့္ဆိုေသာ္ လီၾကင္ယာေတာ္ႏွင့္ သူမ၏အေပါင္းအပါမ်ားက မိဖုရားႀကီးအား ေ႐ွာင္ေဖး၏မေကာင္းေၾကာင္းမ်ားကို မဟုတ္မမွန္သတင္းမ်ားေပးထားသည့္အတြက္ ဝမ္ဧကရာဇ္ႏွင့္မိဖုရားႀကီးတို႔မွာ ကိုကို႔ ကိုအျမင္မၾကည္ၾကေတာ့ေပ။ တစ္ဖက္တြင္လည္း ကိုကိုနန္းေတာ္ထဲသို႔မေရာက္လာခင္ ထြက္ေျပးသြားမည္ကိုစိုးရိမ္ေသာ္လည္း အျခားတစ္ဖက္တြင္မူ နန္းေတာ္ထဲသို႔ေရာက္သည္ႏွင့္ မေကာင္းသည့္အရာမ်ားျဖစ္လာမိကိုစိတ္ပူေနခဲ့ရသည္။ ေနာက္ေတာ့ ေ႐ွာင္ေဖးအား အိမ္ေ႐ွ႕စံဝမ္အေယာင္ေဆာင္ခိုင္းရာမွ ဖမ္းေခၚသြားခံရသည္ဟူသည့္ သတင္းကိုၾကားလိုက္ရသည့္အခါ သူမမွာ ေန႔ေန႔ညည ငိုေႂကြးျခင္းႏွင့္ ဝတ္ျပဳဆုေတာင္းျခင္းမွလြဲ ဘာကိုမွလုပ္ႏိုင္စြမ္းမ႐ွိခဲ့။

ႏွစ္လေက်ာ္ၾကာပီးေနာက္တြင္ေတာ့ ဝမ္အိမ္ေ႐ွ႕စံတို႔နန္းေတာ္သို႔ျပန္ေရာက္လာၾကကာ ကိုကိုလည္းပါလာသည္ဟူသည့္ သတင္းကိုၾကားလိုက္ရသည့္အခါမွသာ ရင္ထဲမွာတစ္ဆို႔ေနသည့္ အလံုးႀကီးက်သြားခဲ့ရေလသည္။ မေန႔က နန္းေတာ္ထဲသို႔ေရာက္ေနသည္ဟုၾကားလိုက္ရကတည္းက ေျပး၍ေတြ႔ခ်င္ေနမိခဲ့ကာ ဒီေန႔ ၾကင္ယာေတာ္မ်ားႏႈတ္ဆက္ပြဲတြင္ေတာ့ ေသခ်ာေပါက္ေတြ႕ရမည္ျဖစ္သျဖင့္ ညစာစားပြဲရာက္မည့္အခ်ိန္ကိုသာ မနက္ကတည္းကေစာင့္ေမ်ွာ္ေနခဲ့မိသည္။ စားေသာက္ပြဲသို႔ေရာက္သည့္အခါ လ်ိဳဖန္းႏွင့္အတူဝင္လာခဲ့သည့္ ကိုကို႔ ကိုလွမ္းကာျမင္လိုက္ရေသာ္လည္း ထိုင္ရမည့္ေနရာမွာအေတာ္ေလးလွမ္းေနခဲ့သျဖင့္ ေခၚယူဖို႔အခြင့္အေရးေတာ့မရႏိုင္ခဲ့ေပ။

------------------------------------------------------
ဝမ္ဧကရာဇ္ စားေသာက္ပြဲက်င္းပမည့္ ခန္းမေဆာင္ထဲသို႔ စဝင္လာသည္ႏွင့္ လီၾကင္ယာေတာ္ထံမွ အခ်က္ေပးမႈကိုရလိုက္သည့္ ေ႐ွာင္က်န္႔ထိုင္ေနသည့္အေနာက္တြင္ ေနရာခ်ထားခံရေသာ အထိန္းေတာ္တစ္ေယာက္မွာ အက်ႌလက္ထဲတြင္ဝွက္၍ထည့္လာခဲ့သည့္ ပိုးဟပ္အား အစားေအသာက္ထဲတြင္ အာရံုေရာက္ေနသည့္ ေ႐ွာင္က်န္႔၏ကိုယ္ေပၚသို႔လွမ္း၍တင္လိုက္ေလသည္။ ေဘးပတ္ဝန္းက်င္႐ွိလူအမ်ားကလည္း ဝင္ေရာက္လာသည့္ ဝမ္ဧကရာဇ္ထံတြင္သာ အၾကည့္မ်ားကေရာက္ေနသျဖင့္ ၎အထိန္းေတာ္၏လုပ္ရပ္ကိုမျမင္လိုက္ၾကေပ။

"မင္းႀကီး ေရာက္႐ွိလာပါပီ"

"အားးးးးးး.......ပိုးဟပ္...."

႐ုတ္တရက္ သူ႔ကိုယ္ေပၚသို႔ျပဳတ္က်လာသည့္ ပိုးဟပ္အားျမင္လိုက္ရသျဖင့္ လန္႔ဖ်န္႔သြားရသည့္ ေ႐ွာင္က်န္႔တစ္ေယာက္ ေရာက္႐ွိေနသည့္ေနရာကိုေမ့ကာ ထိုင္ေနရာမွထခုန္ကာ ထြက္ေျပးေလေတာ့သည္။ ထိုအခ်ိန္လီၾကင္ယာေတာ္၏ၾကံရာပါ ၾကင္ယာေတာ္တစ္ပါးမွ ထြက္ေျပးေနေသာ ေ႐ွာင္က်န္႔အားေျခထိုး၍လွမ္းခံလိုက္သည့္အခါ အ႐ွိန္မထိန္းႏိုင္ေတာ့သည့္ ေ႐ွာင္က်န္႔မွာေအာက္တြင္ အစားအေသာက္မ်ားခင္းက်င္းထားေသာ စားပြဲခံုအပုေလးအား ခလုတ္တိုက္မိ၍ ဟင္းခြက္မ်ားလည္းက်ကြဲကုန္ကာ လူသည္လည္း ခန္းမ၏ေလ်ွာက္လမ္းေနရာတြင္ေမွာက္ရက္လဲကာ က်ေလေတာ့သည္။ ကံဆိုးသည္က လဲက်သြားသည့္ ေ႐ွာင္က်န္႔တစ္ေယာက္ ေတြ႔ကရာလွမ္းဆြဲလိုက္သည္မွာ ဝမ္ဧကရာဇ္၏ ဝတ္ရံုအနားစျဖစ္ေနေလသည္။

"ၿဗိ!!..."

ျပဲက်သြားသည့္ ဝတ္ရံုအနားစႏွင့္အတူ ေအာက္တြင္ေမွာက္ရက္လဲက်ေနေသာ လူတစ္ေယာက္အားေတြ႔လိုက္ရသည့္အခါ ဝမ္ဧကရာဇ္၏ ေဒါသမ်ားကလ်ွံက်လာသည့္ႏွယ္ မဆိုင္းမတြပင္ေျပာလိုက္သည္က

"ဒါကဘယ္လိုသ႐ုပ္ပ်က္ေနရတာလဲ!! လာၾကစမ္း ဒီအျပစ္သားကို အခုခ်က္ခ်င္း အခ်ဳပ္ထဲထည့္လိုက္ၾက"

ေမွာက္ရက္လဲေနရာမွျပန္မထႏိုင္ေသးသည့္ေ႐ွာင္က်န္႔မွာ ဝမ္ဧကရာဇ္၏ အမိန္႔ကိုၾကားသည္ႏွင့္

'ေသပီ...ငါေတာ့ေသပီ...ၾကည့္ရတာ ငါ့အသက္က ဒီေန႔အထိပဲပါတယ္ထင္တယ္။ သူ႔ဟာႀကီးကိုမွ သြားဆြဲလိုက္မိတာကုိး...အခုေတာ့သူ႔ဟာႀကီးျပဲသြား႐ွာပီ...ဒီတစ္ခါေတာ့ တကယ္အသတ္ခံရေတာ့မယ္ က်န္႔က်န္႔ေရ'

ခန္းမထဲ႐ွိလူမ်ားတြင္ေတာ့ အခ်ိဳ႕မွာ ေ႐ွာင္ေဖးအတြက္စိတ္မေကာင္းျဖစ္မိရကာ အခ်ိဳ႕ကေတာ့ ႀကိတ္၍ဝမ္းသာေနၾကပီးျဖစ္သည္။ ထိုအခ်ိန္တြင္ ေနရာမွထကာ ေ႐ွာင္က်န္႔႐ွိရာသြားရန္ျပင္ေနသည့္ ေ႐ွာင္႐ွင္းအား ေရာပီးဒုကၡမေရာက္ေစရန္အတြက္ ေဘးမွ ေ႐ွာင္က်န္႔၏မမလွလွၾကင္ယာေတာ္မ်ားမွာ မနည္းလွမ္းဆြဲထားရေလသည္။

ခန္းမထဲဝင္လာသည္ႏွင့္ ျပႆနာစတင္ကာ႐ွာပီျဖစ္ေသာ သူ၏ကေလးေပါက္ေၾကာင့္ ဝမ္ဧကရာဇ္၏အေနာက္မွ ေလ်ွာက္လွမ္းလာသည့္ ဝမ္ရိေပၚမွာ သူ၏ကေလးေပါက္လဲက်ေနသည့္ေနရာသို႔ အလ်ွင္အျမန္သြားလိုက္ကာ ဆြဲထူေပးလိုက္သျဖင့္ ဒူးထာက္ရက္သားေလးျဖစ္သြားသည့္ ေ႐ွာင္က်န္႔အား

"က်န္႔က်န္႔ ဘာျဖစ္သြားေသးလဲ"

"လက္နာသြားပီး...အဟင့္"

အေ႐ွ႕မွလဲက်သြားသည့္ ေကာင္ေလးထံသို႔ခ်က္ခ်င္းေရာက္သြားသည့္ သားျဖစ္သူေၾကာင့္ ထိုကေလးမွာ ဟိုေယာက္်ားေလးၾကင္ယာေတာ္မွန္း ဝမ္ဧကရာဇ္တစ္ေယာက္ အတပ္သိလိုက္ေလသည္။ လဲက်သြားသည္ၾကင္ယာေတာ္ေကာင္ေလးေဘးတြင္ ျပာျပာသလဲျဖစ္ေနသည့္ ဝမ္အိမ္ေ႐ွ႕စံကို ေၾကာက္လန္႔ေနရသည့္ ရဲမက္မ်ားမွာ မရဲတရဲျဖင့္ ေ႐ွာင္က်န္႔အားလက္တစ္ဖက္ဆီမွ ဝင္ဆြဲလိုက္သည့္အခါ ထေအာ္လာသည့္ ဝမ္ရိေပၚေၾကာင့္ ေ႐ွ႕ဆက္မတိုးရဲေတာ့ဘဲ ေနာက္ျပန္ဆုတ္ၾကရေလသည္။

"မထိနဲ႔!!!"

ခန္းမတစ္ခုလံုး ေကသရာဇာျခေသၤ့ဟိန္းလိုက္သည့္ႏွယ္ ေအာ္ေျပာလိုက္သည့္ သားျဖစ္သူေၾကာင့္

"သားေတာ္...အခ်က္ခ်င္းသူ႔ကို ထည့္ေပးလိုက္ပါ"

"ခြင့္လႊတ္ေပးပါ ခမည္းေတာ္။ ေ႐ွာင္က်န္႔ကတမင္ရည္ရြယ္တာမဟုတ္ပါဘူး မေတာ္တဆ ျဖစ္သြားတာပါ"

"ဘာကိုမေတာ္မဆလဲ? ခန္းမတစ္ခုလံုးလည္းေပပြယံုမက ငါကိုယ္ေတာ္ရဲ႕ ဝတ္ရံုေတာ္ကအစ...."

ဆက္မေျပာခ်င္ေတာ့သည္ပံုရသည့္ ဝမ္ဧကရာဇ္မွာ စကားစကုိျဖတ္လိုက္သည့္အခါ ဝမ္ရိေပၚက

"ဝတ္ရံုစေလးကို အ႐ွိန္မထိန္းႏိုင္လို႔ ကိုင္မိသြားတာပါ။ ႀကီးမားတဲ့အျပစ္မဟုတ္ရပါဘူး"

"ဝမ္ရိေပၚ!!!"

မည္သည့္အခါကမွ ဝမ္အိမ္ေ႐ွ႕စံအား နာမည္တပ္ေခၚေလ့မ႐ွိခဲ့သည့္ ဝမ္ဧကရာဇ္ေၾကာင့္ လ်ိဳဖန္းတို႔မွာ ယခုေတာ့ မင္းႀကီးမည္မ်ွအထိေဒါသထြက္ေနပီျဖစ္သည္ကို အတပ္သိလိုက္သည္။

မင္းႀကီး၏ေဘးတြင္အတူပါလာသည့္ မိဖုရားႀကီး၏မ်က္ႏွာသည္ကား အေျခအတင္ျဖစ္ေနသည့္ ဝမ္ဧကရာဇ္ႏွင့္အိမ္ေ႐ွ႕စံတို႔ကိုၾကည့္ကာ ေက်နပ္ေနသေယာင္ျဖစ္ေနသည္။ အေနာက္တြင္အတူပါလာသည့္ မင္းသားတစ္ပါးျဖစ္သည့္ ဝမ္ေဟာက္ရႊမ္းမွာေတာ့ အေ႐ွ႕မွျမင္ကြင္းကိုၾကည့္ကာ

"စိတ္ဝင္စားဖို႔ေကာင္းလိုက္တာ...အျမဲ ဘယ္သူ႔ကိုမွလူမထင္ခဲ့တဲ့ သားလိမၼာေလး ဝမ္ရိေပၚက အခုေတာ့ ေကာင္ေလးတစ္ေယာက္အတြက္နဲ႔ လူအမ်ားေ႐ွ႕မွာ မင္းႀကီးကုိေတာင္ျပန္အာခံေနပါလား...ၾကည့္ရတာ ငါေတာ့မပ်င္းရေလာက္ေတာ့ဘူး"

ဝမ္ရိေပၚဟု အလြန္အမင္းေဒါသထြက္ေနသည့္ အသံျဖင့္ေအာ္ေျပာလိုက္သည့္ ဝမ္ဧကရာဇ္ ထပ္၍ေျပာလာသည္က

"ဘာလုပ္ေနတာၾကတာလဲ အခုခ်က္ခ်င္းေခၚသြားပီး အခ်ဳပ္ထဲထည့္လိုက္ၾကစမ္း။ ေနာက္ပီး ႀကိမ္ဒဏ္အခ်က္တစ္ရာေပးလိုက္"

"ခမည္းေတာ္!!!"

ႀကိမ္ဒဏ္အခ်က္တစ္ရာဟုၾကားလိုက္ရသည္ႏွင့္ အ႐ိုက္ခံရမည္ကုိ ေၾကာက္တတ္လြန္းသည့္ေ႐ွာင္က်န္႔မွာ ဒူးေထာက္ေနရာမွ သူ၏အေ႐ွ႕႐ွိ ဝမ္ဧကရာဇ္အား ေမာ့ၾကည့္လိုက္ပီး

"ႀကိမ္ဒဏ္ေပးမယ့္အစား တစ္ခါတည္းသာသတ္လိုက္ပါလား"

ေမာ့ကာေျပာလာသည့္ မ်က္စိအေ႐ွ႕မွလူသားအား ျမင္လိုက္ရသည့္တစ္ခဏ ဝမ္ဧကရာဇ္မွာ တစ္စံုတစ္ခုကို အလြန္အမင္း အံ့ျသထိတ္လန္႔သြားသည့္ႏွယ္ ေနရာတြင္ပင္ မလႈပ္မရပ္ျဖစ္ေနမိတုန္း သူ၏အေ႐ွ႕မွာဒူးေထာက္ေနသည့္ ေ႐ွာင္က်န္႔အား ရဲမက္မ်ားကဆြဲေခၚသြားပီျဖစ္သည္။

"က်န္႔က်န္႔!!"

"ေတာင္းပန္ပါတယ္ အိမ္ေ႐ွ႕စံႀကီး...ျပႆနာ႐ွာမိလို႔"

အိမ္ေ႐ွ႕စံႏွင့္ေ႐ွာင္ေဖး၏အျဖစ္ကို ျမင္ေနရသည့္ ေ႐ွာင္က်န္႔၏ မမလွလွၾကင္ယာေတာ္မ်ားႏွင့္ ေ႐ွာင္႐ွင္းမွာေတာ့ မ်က္ဝန္းမွစီးက်လာသည့္ မ်က္ရည္မ်ားအားရပ္တန္႔၍မရႏိုင္ေတာ့....

"ရပ္စမ္း!! မသြားနဲ႔ဦး!"

အခ်ိန္ခဏၾကာမွ သတိဝင္လာပံုရသည့္ ဝမ္ဧကရာဇ္၏ အသံေၾကာင့္ ခန္းမ၏တံခါးဝနားသို႔ေရာက္ခါနီးေနပီျဖစ္သည့္ ေ႐ွာင္က်န္႔အားဆြဲေခၚသြားသည့္ ရဲမက္မ်ားမွာ ေရာက္ေနသည့္ေနရာတြင္ရပ္လိုက္ၾကေတာ့သည္။ ခန္းမထဲသို႔ဦးတည္ေနရာမွ အျပင္တံခါးဘက္႐ွိရာသို႔ မ်က္ႏွာလွည့္လာသည့္ ဝမ္ဧကရာဇ္က မ်က္စိေ႐ွ႕မွ တစ္စံုတစ္ေယာက္ထံမွ လံုးဝအၾကည့္မခြာဘဲ တံခါး႐ွိရာေနရာသို႔ တစ္ခုခုကို မယံုၾကည္ႏိုင္သည့္ပံုစံျဖင့္ ေလ်ွာက္လွမ္းသြားသည္ကုိ ခန္းမအတြင္း႐ွိလူမ်ားမွာ အသက္ပင္မ႐ႈရဲၾကသည့္ပံုျဖင့္ တိတ္ဆိတ္စြာေစာင့္ၾကည့္ေနၾကမိသည္။ ေ႐ွာင္က်န္႔ ရပ္ေနသည့္ေနရာ အေ႐ွ႕သို႔ေရာက္သည့္အခါတြင္ေတာ့ ဝမ္ဧကရာဇ္၏ႏႈတ္မွ ခက္ခက္ခဲခဲပံုျဖင့္ ထြက္လာသည့္အသံသည္ကား

"မ..မ..မဟုတ္မွ က်ိဳး...က်ိဳးႏိုင္ငံကလား?"

စကားမ်ားပင္ထစ္အေနသည့္ ဝမ္ဧကရာဇ္၏ ယခုကဲ့သို႔ပံုစံကို မေတြ႔ခဲ့ဖူးသည့္ ဝမ္ရိေပၚႏွင့္ အျခားေသာ မင္းႀကီးအနားတြင္ခစားေနသည့္သူမ်ားမွာ ယခုအေျခအေနအား နားမလည္ႏိုင္သည့္အတြက္ ေၾကာင္၍သာရပ္ၾကည့္ေနမိသည္။

ေ႐ွာင္က်န္႔သူ႔အား က်ိဳးႏိုင္ငံကလားဟု လာေမးေနသည့္ ဝမ္ဘုရင္ကို အသတ္ခံရမည့္အတူတူ မထူးဘူးဟုသာေတြးလိုက္မိပီး မေက်မနပ္ပံုစံျဖင့္ မ်က္ေစာင္းထိုးကာ မၾကည္ၾကည့္ျဖင့္ ၾကည့္လိုက္ပီး မ႐ိုမေသျဖင့္သာ ျပန္ေျပာလိုက္သည္။

"ဟုတ္တယ္"

ေ႐ွာင္က်န္႔၏အေျဖကိုၾကားလိုက္ရသည့္ ဝမ္ဧကရာဇ္၏ လက္မ်ားမွာ တုန္တုန္ယင္ယင္ျဖင့္ ေလထဲသို႔ဆန္႔တန္းလာကာ ေ႐ွာင္က်န္႔၏မ်က္ႏွာအနားသို႔ တိုးကပ္လာသည့္အခါ ေ႐ွာင္က်န္႔မွာ အေနာက္သို႔အနည္းငယ္ဆုတ္လိုက္မိသျဖင့္ ေလထဲတြင္ပင္ထိုလက္မ်ားမွာရပ္တန္႔သြားရင္းမွ ေၾကကြဲဆို႔နင့္ေနသည့္ပံုစံျဖင့္ တစ္ခုခုကိုအတည္ျပဳေနသကဲ့သို႔ ထပ္မံ၍ေမးလာသည္က

"ယီြ...ယီြဖုန္း..ေ႐ွာင္ယီြဖုန္းရဲ႕ သားလား?"

သူ႔ကိုျမင္သည္ႏွင့္ ဖခင္ျဖစ္သူ၏အမည္ကုိတန္းေျပာလာႏိုင္သည့္ ဝမ္ဧကရာဇ္ေၾကာင့္အနည္းငယ္ ထူးဆန္းသြားသည့္ ေ႐ွာင္က်န္႔က

"ခမည္းေတာ္ကိုသိတာလား?"

------------------------------------------------------
ယခုစားေသာက္ပြဲအတြင္း႐ွိအေနအထားကို ဝမ္ရိေပၚအပါအဝင္ ခန္းမတြင္း႐ွိမည္သူမွ ေသခ်ာနားလည္ႏိုင္စြမ္းမ႐ွိၾကေပ။ အဘယ္ေၾကာင့္ဆိုေသာ္ လြန္ခဲ့သည့္အခ်ိန္ခဏေလးအေတာအတြင္းကမွ ႀကိမ္ဒဏ္ေပးခံရေတာ့မည့္သူမွာ ယခုေတာ့ ရာဇပုလႅင္ေဘးကပ္ရပ္႐ွိ အနီးဆံုးေနရာတြင္ ေနရာယူထားေသာေၾကာင့္ပင္ျဖစ္သည္။ အမွန္ေတာ့ ထိုရာဇပုလႅင္ႏွင့္ အနီးဆုံးေနရာသည္ကား အိမ္ေ႐ွ႕စံတစ္ေယာက္ျဖစ္သည့္ ဝမ္ရိေပၚပင္ထိုင္ခြင့္မရခဲ့ေသာေနရာျဖစ္သည္။ ယခုေတာ့ ထိုေနရာတြင္ ထိုင္ေနသည့္ေ႐ွာင္က်န္႔က ဘုရင့္ပြဲေတာ္တြင္ခင္းက်င္းထားသည့္ အစားအေသာက္မ်ားကိုပင္ စိတ္ႀကိဳက္ယူစားခြင့္ရေနပီျဖစ္သည္။

"ႀကိဳက္တာထည့္စားေနာ္ ကေလး"

"အင္း"

ေ႐ွာင္က်န္႔တို႔အခုေတာ့ မေသေတာ့သည့္အျပင္ အားလံုးရဲ႕အထက္တြင္ထိုင္ေနရကာ အစားေကာင္းအေသာက္ေကာင္းေတြကိုပင္စားေနရေလသည္။ အခုနက ဝမ္ဧကရာဇ္၏ေျပာျပခ်က္အရ ေ႐ွာင္က်န္႔၏ခမည္းေတာ္ႏွင့္ ဝမ္ဧကရာဇ္တို႔မွာ အရမ္းကုိရင္းႏွီးခဲ့ၾကသည့္ မိတ္ေဆြေကာင္းေတြျဖစ္ခဲ့ၾကသည္ကုိ သိခဲ့ရသည္။ ထို႔ေၾကာင့္ ဝမ္ဧကရာဇ္က ခ်က္ခ်င္းပင္သူ႔အား ျပစ္ဒဏ္ေပးျခင္းကို ႐ုတ္သိမ္းလိုက္ယံုမက ထိိတ္လန္႔သြားေစမိတဲ့အတြက္ ေတာင္းပန္သည့္အေနျဖင့္ ယခုကဲ့သို႔အနားတြင္ေခၚထားပီး အစားေကာင္းအေသာက္မ်ားကို ေကြၽးေမြးေနျခင္းျဖစ္သည္။

"လ်ိဳဖန္း ကေလးလက္နဲ႔လွမ္းလို႔မမွီတဲ့ အစားအစာ႐ွိရင္ ေမာင္မင္းကယူေပးလိုက္"

"အမိန္႔ေတာ္အတိုင္းပါ မင္းႀကီး"

ဝမ္ဧကရာဇ္ႏွင့္ မိဖုရားႀကီးတို႔၏ ပုလႅင္ေဘး႐ွိ ေနရာတြင္ထိုင္ေနသည့္ ေ႐ွာင္က်န္႔ကိုၾကည့္ပီး လီၾကင္ယာေတာ္မွာေတာ့

'ဒါက ဘယ္လိုျဖစ္ရတာလဲ...ငါ စီစဥ္ထားတာက ဒီလုိျဖစ္ဖို႔မဟုတ္ဘူးေလ။ ေျပာေတာ့ ဝမ္အင္ပါယာရဲ႕ ဝမ္ဧကရာဇ္ က အရမ္းေၾကာက္ဖို႔ေကာင္းလြန္းလို႔ ေလာကတစ္ခြင္လံုးက ေၾကာက္ရတယ္ဆုိ..အခုေတာ့ သူ႔ေဘးကေကာင္စုတ္ေလးက သူ႔ကိုမ႐ိုမေသေျပာယံုမက ဒီေလာက္ျပႆနာ႐ွာထားတာကို ဘာျဖစ္လို႔ဘာမွမလုပ္ဘဲ ေက်နပ္ေနသလိုၾကည့္ေနရတာလဲ? အဲဒီဘုရင္ေရာ ဝမ္ရိေပၚေရာက အ႐ူးေတြမ်ားလား? ဒီေကာင္ေလးနဲ႔က်မွ ဘာျဖစ္ေနတာလဲ?'

ဝမ္ရိေပၚတစ္ေယာက္ မင္းညီမင္းသားမ်ားထိုင္ရသည့္ ဒုတိယအဆင့္႐ွိ စားပြဲတြင္ထိုင္ေနရာမွ အၾကည့္ေတြ႔ကေတာ့ ေ႐ွာင္က်န္႔ထံတြင္သာ႐ွိေနေလသည္။ အႏၲရာယ္႐ွိသည့္ အေျခအေနမွ လြတ္ေျမာက္သြားေသာ္လည္း ဘာကိုစိတ္မေအးျဖစ္ေနမွန္းမသိသည့္ ဝမ္ရိေပၚက လြမ္းဆြတ္တမ္းတျခင္းမ်ားေရာယွက္ေနသည့္မ်က္ဝန္းမ်ားျဖင့္ ေ႐ွာင္က်န္႔အား တစ္ခ်က္တစ္ခ်က္ လွမ္းၾကည့္ေနသည့္ ခမည္းေတာ္ေၾကာင့္ သူ၏အေတြးေတြထဲတြင္

'ဧကႏၲ ခမည္းေတာ္က ေ႐ွာင္က်န္႔ကိုမ်ား....'

___________________________
ေယာကၡမႀကီး ကိုဆဲသြားၾကတဲ့သူမ်ား ျပန္ေတာင္းပန္သြားသင့္ေၾကာင္း......ဝမ္ဧကရာဇ္က လူေကာင္းမဟုတ္ရင္ေတာင္ ေ႐ွာင္ေဖးကိုဒုကၡေပးမယ့္သူမဟုတ္ပါဘူး႐ွင္...ေနာက္အပိုင္းက်ရင္ ခမည္းေတာ္ကိုေတာင္ ျပန္သဝန္တိုမယ့္ အိမ္ေ႐ွ႕စံႀကီးကိုေတြ႔ရမွာပါ ( ꈍᴗꈍ)

ပီးခဲ့တဲ့အပိုင္းမွာ ေ႐ွာင္ေဖးကိုထိရင္ ခ်ိဳင္ဟုန္နန္းေတာ္ကို မီး႐ိႈ႕မယ္ဆုိတာႀကီးပဲ...ေၾကာက္ဖို႔ေကာင္းလိုက္ၾကတာ႐ွင္...Huli ေလးေၾကာက္သြားပီ႐ွင့္ ಥ‿ಥ
(26 Feb 2021)

Unicode

ချိုင်ဟုန်နန်းတော်ထဲသို့ စတင်ကာရောက်လာသည့်နေ့ကတည်းက လီကြင်ယာတော်တစ်ယောက် သာယာသည့်နေရက်များကိုပြန်ရလိုက်သည့်နှယ် အဆင်ပြေနေခဲ့သည်။ တောင်ဘက်တပ်စခန်းတွင် အရိုက်ခံလိုက်ရသည့်ကိစ္စကို လုံးဝမကျေနပ်နိုင်ခဲ့သည့်သူမက မိဖုရားခေါင်ကြီးထံသို့ လက်ဆောင်ပဏ္ဏာများဖြင့်သွားကာ ဟိုကောင်စုတ်လေး၏အကြောင်းများကိုသတင်းပေးခဲ့သည်။ နောက်ပီး သူမကြားခဲ့သည့် သတင်းအရ ဝမ်ဧကရာဇ်ကလည်း ယခုကတည်းက ရှောင်ကျန့်အားတော်တော်လေး သဘောမတွေ့ဟုဆိုကာ မိဖုရားခေါင်ကြီးကလည်း သူမနှင့်ကြင်ယာတော်အချို့၏ မတရားခံရမှုကို ဝမ်ဧကရာဇ်ထံသို့ သေချာလေးပြောပြလိုက်မည်ဟုပြောလိုက်သဖြင့် လီကြင်ယာတော်မှာ ရှောင်ကျန့်တို့နန်းတော်ထဲရောက်လာမည့်နေ့ကိုသာ လက်ချိုးရေ၍စောင့်နေခဲ့သည်။

ဤသို့ဖြင့် ဒီနေ့တော့ သူမမျှော်လင့်စောင့်စားနေခဲ့ရသည့် နေ့သို့ရောက်ရှိလာပီဖြစ်သည်။ မနေ့က နန်းတော်ထဲသို့ ဝမ်အိမ်ရှေ့စံနှင့် ကျန်သည့်ကြင်ယာတော်များ ရောက်ရှိလာကြကာ ဒီနေ့တော့ ဝမ်ဧကရာဇ်အား ကြင်ယာတော်အားလုံးမှ နှုတ်ဆက်ရမည့် စားသောက်ပွဲကိုကျင်းပမည်ဖြစ်သည်။ ထို့ကြောင့် အခွင့်အရေးကို လက်လွှတ်မခံနိုင်သည့် သူမအနေဖြင့် ယခုပွဲတွင် ဟိုကောင်စုတ်လေးအား ပညာပြရန်စီစဉ်လေတော့သည်။ တောင်ဘက်စခန်းမှာကျန်နေခဲ့ရတုန်းက ရှောင်ကျန့်တစ်ယောက် ပိုးဟပ်ကြောက်သည်ဟု ရဲမက်များပြောနေကြသည်ကို ကြားခဲ့ရသဖြင့် ယခုစားသောက်ပွဲတွင် သူမ၏အကြံအစီကို အကောင်အထည်ဖော်ရန်ပြင်ဆင်နေလိုက်သည်။

------------------------------------------------------
ရှောင်ရှင်းတစ်ယောက် ချိုင်ဟုန်နန်းတော်ထဲသို့စတင်ထွက်ခွာလာသည့်နေ့ကတည်းက စိတ်မအေးရခဲ့ရသည်မှာ နန်းတော်ထဲသို့ရောက်ပီးချိန်တွင်တော့ ပို၍စိုးရိမ်ပူပန်ခဲ့ရလေသည်။ အဘယ်ကြောင့်ဆိုသော် လီကြင်ယာတော်နှင့် သူမ၏အပေါင်းအပါများက မိဖုရားကြီးအား ရှောင်ဖေး၏မကောင်းကြောင်းများကို မဟုတ်မမှန်သတင်းများပေးထားသည့်အတွက် ဝမ်ဧကရာဇ်နှင့်မိဖုရားကြီးတို့မှာ ကိုကို့ ကိုအမြင်မကြည်ကြတော့ပေ။ တစ်ဖက်တွင်လည်း ကိုကိုနန်းတော်ထဲသို့မရောက်လာခင် ထွက်ပြေးသွားမည်ကိုစိုးရိမ်သော်လည်း အခြားတစ်ဖက်တွင်မူ နန်းတော်ထဲသို့ရောက်သည်နှင့် မကောင်းသည့်အရာများဖြစ်လာမိကိုစိတ်ပူနေခဲ့ရသည်။ နောက်တော့ ရှောင်ဖေးအား အိမ်ရှေ့စံဝမ်အယောင်ဆောင်ခိုင်းရာမှ ဖမ်းခေါ်သွားခံရသည်ဟူသည့် သတင်းကိုကြားလိုက်ရသည့်အခါ သူမမှာ နေ့နေ့ညည ငိုကြွေးခြင်းနှင့် ဝတ်ပြုဆုတောင်းခြင်းမှလွဲ ဘာကိုမှလုပ်နိုင်စွမ်းမရှိခဲ့။

နှစ်လကျော်ကြာပီးနောက်တွင်တော့ ဝမ်အိမ်ရှေ့စံတို့နန်းတော်သို့ပြန်ရောက်လာကြကာ ကိုကိုလည်းပါလာသည်ဟူသည့် သတင်းကိုကြားလိုက်ရသည့်အခါမှသာ ရင်ထဲမှာတစ်ဆို့နေသည့် အလုံးကြီးကျသွားခဲ့ရလေသည်။ မနေ့က နန်းတော်ထဲသို့ရောက်နေသည်ဟုကြားလိုက်ရကတည်းက ပြေး၍တွေ့ချင်နေမိခဲ့ကာ ဒီနေ့ ကြင်ယာတော်များနှုတ်ဆက်ပွဲတွင်တော့ သေချာပေါက်တွေ့ရမည်ဖြစ်သဖြင့် ညစာစားပွဲရာက်မည့်အချိန်ကိုသာ မနက်ကတည်းကစောင့်မျှော်နေခဲ့မိသည်။ စားသောက်ပွဲသို့ရောက်သည့်အခါ လျိုဖန်းနှင့်အတူဝင်လာခဲ့သည့် ကိုကို့ ကိုလှမ်းကာမြင်လိုက်ရသော်လည်း ထိုင်ရမည့်နေရာမှာအတော်လေးလှမ်းနေခဲ့သဖြင့် ခေါ်ယူဖို့အခွင့်အရေးတော့မရနိုင်ခဲ့ပေ။

------------------------------------------------------
ဝမ်ဧကရာဇ် စားသောက်ပွဲကျင်းပမည့် ခန်းမဆောင်ထဲသို့ စဝင်လာသည်နှင့် လီကြင်ယာတော်ထံမှ အချက်ပေးမှုကိုရလိုက်သည့် ရှောင်ကျန့်ထိုင်နေသည့်အနောက်တွင် နေရာချထားခံရသော အထိန်းတော်တစ်ယောက်မှာ အကျႌလက်ထဲတွင်ဝှက်၍ထည့်လာခဲ့သည့် ပိုးဟပ်အား အစားအေသာက်ထဲတွင် အာရုံရောက်နေသည့် ရှောင်ကျန့်၏ကိုယ်ပေါ်သို့လှမ်း၍တင်လိုက်လေသည်။ ဘေးပတ်ဝန်းကျင်ရှိလူအများကလည်း ဝင်ရောက်လာသည့် ဝမ်ဧကရာဇ်ထံတွင်သာ အကြည့်များကရောက်နေသဖြင့် ၎င်းအထိန်းတော်၏လုပ်ရပ်ကိုမမြင်လိုက်ကြပေ။

"မင်းကြီး ရောက်ရှိလာပါပီ"

"အားးးးးးး.......ပိုးဟပ်...."

ရုတ်တရက် သူ့ကိုယ်ပေါ်သို့ပြုတ်ကျလာသည့် ပိုးဟပ်အားမြင်လိုက်ရသဖြင့် လန့်ဖျန့်သွားရသည့် ရှောင်ကျန့်တစ်ယောက် ရောက်ရှိနေသည့်နေရာကိုမေ့ကာ ထိုင်နေရာမှထခုန်ကာ ထွက်ပြေးလေတော့သည်။ ထိုအချိန်လီကြင်ယာတော်၏ကြံရာပါ ကြင်ယာတော်တစ်ပါးမှ ထွက်ပြေးနေသော ရှောင်ကျန့်အားခြေထိုး၍လှမ်းခံလိုက်သည့်အခါ အရှိန်မထိန်းနိုင်တော့သည့် ရှောင်ကျန့်မှာအောက်တွင် အစားအသောက်များခင်းကျင်းထားသော စားပွဲခုံအပုလေးအား ခလုတ်တိုက်မိ၍ ဟင်းခွက်များလည်းကျကွဲကုန်ကာ လူသည်လည်း ခန်းမ၏လျှောက်လမ်းနေရာတွင်မှောက်ရက်လဲကာ ကျလေတော့သည်။ ကံဆိုးသည်က လဲကျသွားသည့် ရှောင်ကျန့်တစ်ယောက် တွေ့ကရာလှမ်းဆွဲလိုက်သည်မှာ ဝမ်ဧကရာဇ်၏ ဝတ်ရုံအနားစဖြစ်နေလေသည်။

"ဗြိ!!..."

ပြဲကျသွားသည့် ဝတ်ရုံအနားစနှင့်အတူ အောက်တွင်မှောက်ရက်လဲကျနေသော လူတစ်ယောက်အားတွေ့လိုက်ရသည့်အခါ ဝမ်ဧကရာဇ်၏ ဒေါသများကလျှံကျလာသည့်နှယ် မဆိုင်းမတွပင်ပြောလိုက်သည်က

"ဒါကဘယ်လိုသရုပ်ပျက်နေရတာလဲ!! လာကြစမ်း ဒီအပြစ်သားကို အခုချက်ချင်း အချုပ်ထဲထည့်လိုက်ကြ"

မှောက်ရက်လဲနေရာမှပြန်မထနိုင်သေးသည့်ရှောင်ကျန့်မှာ ဝမ်ဧကရာဇ်၏ အမိန့်ကိုကြားသည်နှင့်

'သေပီ...ငါတော့သေပီ...ကြည့်ရတာ ငါ့အသက်က ဒီနေ့အထိပဲပါတယ်ထင်တယ်။ သူ့ဟာကြီးကိုမှ သွားဆွဲလိုက်မိတာကိုး...အခုတော့သူ့ဟာကြီးပြဲသွားရှာပီ...ဒီတစ်ခါတော့ တကယ်အသတ်ခံရတော့မယ် ကျန့်ကျန့်ရေ'

ခန်းမထဲရှိလူများတွင်တော့ အချို့မှာ ရှောင်ဖေးအတွက်စိတ်မကောင်းဖြစ်မိရကာ အချို့ကတော့ ကြိတ်၍ဝမ်းသာနေကြပီးဖြစ်သည်။ ထိုအချိန်တွင် နေရာမှထကာ ရှောင်ကျန့်ရှိရာသွားရန်ပြင်နေသည့် ရှောင်ရှင်းအား ရောပီးဒုက္ခမရောက်စေရန်အတွက် ဘေးမှ ရှောင်ကျန့်၏မမလှလှကြင်ယာတော်များမှာ မနည်းလှမ်းဆွဲထားရလေသည်။

ခန်းမထဲဝင်လာသည်နှင့် ပြဿနာစတင်ကာရှာပီဖြစ်သော သူ၏ကလေးပေါက်ကြောင့် ဝမ်ဧကရာဇ်၏အနောက်မှ လျှောက်လှမ်းလာသည့် ဝမ်ရိပေါ်မှာ သူ၏ကလေးပေါက်လဲကျနေသည့်နေရာသို့ အလျှင်အမြန်သွားလိုက်ကာ ဆွဲထူပေးလိုက်သဖြင့် ဒူးထာက်ရက်သားလေးဖြစ်သွားသည့် ရှောင်ကျန့်အား

"ကျန့်ကျန့် ဘာဖြစ်သွားသေးလဲ"

"လက်နာသွားပီး...အဟင့်"

အရှေ့မှလဲကျသွားသည့် ကောင်လေးထံသို့ချက်ချင်းရောက်သွားသည့် သားဖြစ်သူကြောင့် ထိုကလေးမှာ ဟိုယောက်ျားလေးကြင်ယာတော်မှန်း ဝမ်ဧကရာဇ်တစ်ယောက် အတပ်သိလိုက်လေသည်။ လဲကျသွားသည်ကြင်ယာတော်ကောင်လေးဘေးတွင် ပြာပြာသလဲဖြစ်နေသည့် ဝမ်အိမ်ရှေ့စံကို ကြောက်လန့်နေရသည့် ရဲမက်များမှာ မရဲတရဲဖြင့် ရှောင်ကျန့်အားလက်တစ်ဖက်ဆီမှ ဝင်ဆွဲလိုက်သည့်အခါ ထအော်လာသည့် ဝမ်ရိပေါ်ကြောင့် ရှေ့ဆက်မတိုးရဲတော့ဘဲ နောက်ပြန်ဆုတ်ကြရလေသည်။

"မထိနဲ့!!!"

ခန်းမတစ်ခုလုံး ကေသရာဇာခြငေ်္သ့ဟိန်းလိုက်သည့်နှယ် အော်ပြောလိုက်သည့် သားဖြစ်သူကြောင့်

"သားတော်...အချက်ချင်းသူ့ကို ထည့်ပေးလိုက်ပါ"

"ခွင့်လွှတ်ပေးပါ ခမည်းတော်။ ရှောင်ကျန့်ကတမင်ရည်ရွယ်တာမဟုတ်ပါဘူး မတော်တဆ ဖြစ်သွားတာပါ"

"ဘာကိုမတော်မဆလဲ? ခန်းမတစ်ခုလုံးလည်းပေပွယုံမက ငါကိုယ်တော်ရဲ့ ဝတ်ရုံတော်ကအစ...."

ဆက်မပြောချင်တော့သည်ပုံရသည့် ဝမ်ဧကရာဇ်မှာ စကားစကိုဖြတ်လိုက်သည့်အခါ ဝမ်ရိပေါ်က

"ဝတ်ရုံစလေးကို အရှိန်မထိန်းနိုင်လို့ ကိုင်မိသွားတာပါ။ ကြီးမားတဲ့အပြစ်မဟုတ်ရပါဘူး"

"ဝမ်ရိပေါ်!!!"

မည်သည့်အခါကမှ ဝမ်အိမ်ရှေ့စံအား နာမည်တပ်ခေါ်လေ့မရှိခဲ့သည့် ဝမ်ဧကရာဇ်ကြောင့် လျိုဖန်းတို့မှာ ယခုတော့ မင်းကြီးမည်မျှအထိဒေါသထွက်နေပီဖြစ်သည်ကို အတပ်သိလိုက်သည်။

မင်းကြီး၏ဘေးတွင်အတူပါလာသည့် မိဖုရားကြီး၏မျက်နှာသည်ကား အခြေအတင်ဖြစ်နေသည့် ဝမ်ဧကရာဇ်နှင့်အိမ်ရှေ့စံတို့ကိုကြည့်ကာ ကျေနပ်နေသယောင်ဖြစ်နေသည်။ အနောက်တွင်အတူပါလာသည့် မင်းသားတစ်ပါးဖြစ်သည့် ဝမ်ဟောက်ရွှမ်းမှာတော့ အရှေ့မှမြင်ကွင်းကိုကြည့်ကာ

"စိတ်ဝင်စားဖို့ကောင်းလိုက်တာ...အမြဲ ဘယ်သူ့ကိုမှလူမထင်ခဲ့တဲ့ သားလိမ္မာလေး ဝမ်ရိပေါ်က အခုတော့ ကောင်လေးတစ်ယောက်အတွက်နဲ့ လူအများရှေ့မှာ မင်းကြီးကိုတောင်ပြန်အာခံနေပါလား...ကြည့်ရတာ ငါတော့မပျင်းရလောက်တော့ဘူး"

ဝမ်ရိပေါ်ဟု အလွန်အမင်းဒေါသထွက်နေသည့် အသံဖြင့်အော်ပြောလိုက်သည့် ဝမ်ဧကရာဇ် ထပ်၍ပြောလာသည်က

"ဘာလုပ်နေတာကြတာလဲ အခုချက်ချင်းခေါ်သွားပီး အချုပ်ထဲထည့်လိုက်ကြစမ်း။ နောက်ပီး ကြိမ်ဒဏ်အချက်တစ်ရာပေးလိုက်"

"ခမည်းတော်!!!"

ကြိမ်ဒဏ်အချက်တစ်ရာဟုကြားလိုက်ရသည်နှင့် အရိုက်ခံရမည်ကို ကြောက်တတ်လွန်းသည့်ရှောင်ကျန့်မှာ ဒူးထောက်နေရာမှ သူ၏အရှေ့ရှိ ဝမ်ဧကရာဇ်အား မော့ကြည့်လိုက်ပီး

"ကြိမ်ဒဏ်ပေးမယ့်အစား တစ်ခါတည်းသာသတ်လိုက်ပါလား"

မော့ကာပြောလာသည့် မျက်စိအရှေ့မှလူသားအား မြင်လိုက်ရသည့်တစ်ခဏ ဝမ်ဧကရာဇ်မှာ တစ်စုံတစ်ခုကို အလွန်အမင်း အံ့သြထိတ်လန့်သွားသည့်နှယ် နေရာတွင်ပင် မလှုပ်မရပ်ဖြစ်နေမိတုန်း သူ၏အရှေ့မှာဒူးထောက်နေသည့် ရှောင်ကျန့်အား ရဲမက်များကဆွဲခေါ်သွားပီဖြစ်သည်။

"ကျန့်ကျန့်!!"

"တောင်းပန်ပါတယ် အိမ်ရှေ့စံကြီး...ပြဿနာရှာမိလို့"

အိမ်ရှေ့စံနှင့်ရှောင်ဖေး၏အဖြစ်ကို မြင်နေရသည့် ရှောင်ကျန့်၏ မမလှလှကြင်ယာတော်များနှင့် ရှောင်ရှင်းမှာတော့ မျက်ဝန်းမှစီးကျလာသည့် မျက်ရည်များအားရပ်တန့်၍မရနိုင်တော့....

"ရပ်စမ်း!! မသွားနဲ့ဦး!"

အချိန်ခဏကြာမှ သတိဝင်လာပုံရသည့် ဝမ်ဧကရာဇ်၏ အသံကြောင့် ခန်းမ၏တံခါးဝနားသို့ရောက်ခါနီးနေပီဖြစ်သည့် ရှောင်ကျန့်အားဆွဲခေါ်သွားသည့် ရဲမက်များမှာ ရောက်နေသည့်နေရာတွင်ရပ်လိုက်ကြတော့သည်။ ခန်းမထဲသို့ဦးတည်နေရာမှ အပြင်တံခါးဘက်ရှိရာသို့ မျက်နှာလှည့်လာသည့် ဝမ်ဧကရာဇ်က မျက်စိရှေ့မှ တစ်စုံတစ်ယောက်ထံမှ လုံးဝအကြည့်မခွာဘဲ တံခါးရှိရာနေရာသို့ တစ်ခုခုကို မယုံကြည်နိုင်သည့်ပုံစံဖြင့် လျှောက်လှမ်းသွားသည်ကို ခန်းမအတွင်းရှိလူများမှာ အသက်ပင်မရှုရဲကြသည့်ပုံဖြင့် တိတ်ဆိတ်စွာစောင့်ကြည့်နေကြမိသည်။ ရှောင်ကျန့် ရပ်နေသည့်နေရာ အရှေ့သို့ရောက်သည့်အခါတွင်တော့ ဝမ်ဧကရာဇ်၏နှုတ်မှ ခက်ခက်ခဲခဲပုံဖြင့် ထွက်လာသည့်အသံသည်ကား

"မ..မ..မဟုတ်မှ ကျိုး...ကျိုးနိုင်ငံကလား?"

စကားများပင်ထစ်အနေသည့် ဝမ်ဧကရာဇ်၏ ယခုကဲ့သို့ပုံစံကို မတွေ့ခဲ့ဖူးသည့် ဝမ်ရိပေါ်နှင့် အခြားသော မင်းကြီးအနားတွင်ခစားနေသည့်သူများမှာ ယခုအခြေအနေအား နားမလည်နိုင်သည့်အတွက် ကြောင်၍သာရပ်ကြည့်နေမိသည်။

ရှောင်ကျန့်သူ့အား ကျိုးနိုင်ငံကလားဟု လာမေးနေသည့် ဝမ်ဘုရင်ကို အသတ်ခံရမည့်အတူတူ မထူးဘူးဟုသာတွေးလိုက်မိပီး မကျေမနပ်ပုံစံဖြင့် မျက်စောင်းထိုးကာ မကြည်ကြည့်ဖြင့် ကြည့်လိုက်ပီး မရိုမသေဖြင့်သာ ပြန်ပြောလိုက်သည်။

"ဟုတ်တယ်"

ရှောင်ကျန့်၏အဖြေကိုကြားလိုက်ရသည့် ဝမ်ဧကရာဇ်၏ လက်များမှာ တုန်တုန်ယင်ယင်ဖြင့် လေထဲသို့ဆန့်တန်းလာကာ ရှောင်ကျန့်၏မျက်နှာအနားသို့ တိုးကပ်လာသည့်အခါ ရှောင်ကျန့်မှာ အနောက်သို့အနည်းငယ်ဆုတ်လိုက်မိသဖြင့် လေထဲတွင်ပင်ထိုလက်များမှာရပ်တန့်သွားရင်းမှ ကြေကွဲဆို့နင့်နေသည့်ပုံစံဖြင့် တစ်ခုခုကိုအတည်ပြုနေသကဲ့သို့ ထပ်မံ၍မေးလာသည်က

"ယွီ...ယွီဖုန်း..ရှောင်ယွီဖုန်းရဲ့ သားလား?"

သူ့ကိုမြင်သည်နှင့် ဖခင်ဖြစ်သူ၏အမည်ကိုတန်းပြောလာနိုင်သည့် ဝမ်ဧကရာဇ်ကြောင့်အနည်းငယ် ထူးဆန်းသွားသည့် ရှောင်ကျန့်က

"ခမည်းတော်ကိုသိတာလား?"

------------------------------------------------------
ယခုစားသောက်ပွဲအတွင်းရှိအနေအထားကို ဝမ်ရိပေါ်အပါအဝင် ခန်းမတွင်းရှိမည်သူမှ သေချာနားလည်နိုင်စွမ်းမရှိကြပေ။ အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သည့်အချိန်ခဏလေးအတောအတွင်းကမှ ကြိမ်ဒဏ်ပေးခံရတော့မည့်သူမှာ ယခုတော့ ရာဇပုလ္လင်ဘေးကပ်ရပ်ရှိ အနီးဆုံးနေရာတွင် နေရာယူထားသောကြောင့်ပင်ဖြစ်သည်။ အမှန်တော့ ထိုရာဇပုလ္လင်နှင့် အနီးဆုံးနေရာသည်ကား အိမ်ရှေ့စံတစ်ယောက်ဖြစ်သည့် ဝမ်ရိပေါ်ပင်ထိုင်ခွင့်မရခဲ့သောနေရာဖြစ်သည်။ ယခုတော့ ထိုနေရာတွင် ထိုင်နေသည့်ရှောင်ကျန့်က ဘုရင့်ပွဲတော်တွင်ခင်းကျင်းထားသည့် အစားအသောက်များကိုပင် စိတ်ကြိုက်ယူစားခွင့်ရနေပီဖြစ်သည်။

"ကြိုက်တာထည့်စားနော် ကလေး"

"အင်း"

ရှောင်ကျန့်တို့အခုတော့ မသေတော့သည့်အပြင် အားလုံးရဲ့အထက်တွင်ထိုင်နေရကာ အစားကောင်းအသောက်ကောင်းတွေကိုပင်စားနေရလေသည်။ အခုနက ဝမ်ဧကရာဇ်၏ပြောပြချက်အရ ရှောင်ကျန့်၏ခမည်းတော်နှင့် ဝမ်ဧကရာဇ်တို့မှာ အရမ်းကိုရင်းနှီးခဲ့ကြသည့် မိတ်ဆွေကောင်းတွေဖြစ်ခဲ့ကြသည်ကို သိခဲ့ရသည်။ ထို့ကြောင့် ဝမ်ဧကရာဇ်က ချက်ချင်းပင်သူ့အား ပြစ်ဒဏ်ပေးခြင်းကို ရုတ်သိမ်းလိုက်ယုံမက ထိိတ်လန့်သွားစေမိတဲ့အတွက် တောင်းပန်သည့်အနေဖြင့် ယခုကဲ့သို့အနားတွင်ခေါ်ထားပီး အစားကောင်းအသောက်များကို ကျွေးမွေးနေခြင်းဖြစ်သည်။

"လျိုဖန်း ကလေးလက်နဲ့လှမ်းလို့မမှီတဲ့ အစားအစာရှိရင် မောင်မင်းကယူပေးလိုက်"

"အမိန့်တော်အတိုင်းပါ မင်းကြီး"

ဝမ်ဧကရာဇ်နှင့် မိဖုရားကြီးတို့၏ ပုလ္လင်ဘေးရှိ နေရာတွင်ထိုင်နေသည့် ရှောင်ကျန့်ကိုကြည့်ပီး လီကြင်ယာတော်မှာတော့

'ဒါက ဘယ်လိုဖြစ်ရတာလဲ...ငါ စီစဉ်ထားတာက ဒီလိုဖြစ်ဖို့မဟုတ်ဘူးလေ။ ပြောတော့ ဝမ်အင်ပါယာရဲ့ ဝမ်ဧကရာဇ် က အရမ်းကြောက်ဖို့ကောင်းလွန်းလို့ လောကတစ်ခွင်လုံးက ကြောက်ရတယ်ဆို..အခုတော့ သူ့ဘေးကကောင်စုတ်လေးက သူ့ကိုမရိုမသေပြောယုံမက ဒီလောက်ပြဿနာရှာထားတာကို ဘာဖြစ်လို့ဘာမှမလုပ်ဘဲ ကျေနပ်နေသလိုကြည့်နေရတာလဲ? အဲဒီဘုရင်ရော ဝမ်ရိပေါ်ရောက အရူးတွေများလား? ဒီကောင်လေးနဲ့ကျမှ ဘာဖြစ်နေတာလဲ?'

ဝမ်ရိပေါ်တစ်ယောက် မင်းညီမင်းသားများထိုင်ရသည့် ဒုတိယအဆင့်ရှိ စားပွဲတွင်ထိုင်နေရာမှ အကြည့်တွေ့ကတော့ ရှောင်ကျန့်ထံတွင်သာရှိနေလေသည်။ အန္တရာယ်ရှိသည့် အခြေအနေမှ လွတ်မြောက်သွားသော်လည်း ဘာကိုစိတ်မအေးဖြစ်နေမှန်းမသိသည့် ဝမ်ရိပေါ်က လွမ်းဆွတ်တမ်းတခြင်းများရောယှက်နေသည့်မျက်ဝန်းများဖြင့် ရှောင်ကျန့်အား တစ်ချက်တစ်ချက် လှမ်းကြည့်နေသည့် ခမည်းတော်ကြောင့် သူ၏အတွေးတွေထဲတွင်

'ဧကန္တ ခမည်းတော်က ရှောင်ကျန့်ကိုများ....'

___________________________
ယောက္ခမကြီး ကိုဆဲသွားကြတဲ့သူများ ပြန်တောင်းပန်သွားသင့်ကြောင်း......ဝမ်ဧကရာဇ်က လူကောင်းမဟုတ်ရင်တောင် ရှောင်ဖေးကိုဒုက္ခပေးမယ့်သူမဟုတ်ပါဘူးရှင်...နောက်အပိုင်းကျရင် ခမည်းတော်ကိုတောင် ပြန်သဝန်တိုမယ့် အိမ်ရှေ့စံကြီးကိုတွေ့ရမှာပါ ( ꈍᴗꈍ)

ပီးခဲ့တဲ့အပိုင်းမှာ ရှောင်ဖေးကိုထိရင် ချိုင်ဟုန်နန်းတော်ကို မီးရှို့မယ်ဆိုတာကြီးပဲ...ကြောက်ဖို့ကောင်းလိုက်ကြတာရှင်...Huli လေးကြောက်သွားပီရှင့် ಥ‿ಥ
(26 Feb 2021)

Continue Reading

You'll Also Like

240K 13.2K 25
ဟုတ္တယ္က်န့္ေကာက်ြန္ေတာ္ကအရူးဒါေပမယ့္ေလက်ြန္ေတာ္က်န့္ေကာကိုတစ္ကယ္ခ်စ္တာက်န့္ေကာကိုပိုင္ဆိုင္ခ်င္ေပမယ့္က်န့္ေကာမုန္းသြားမွာက်ြန္ေတာ့အရမ္းေၾကာက္တယ္က်န္...
23.3K 1.5K 9
ဝမ်ရိပေါ်နဲ့ ရှောင်ကျန့် တို့နှစ်ယောက် The Untamed ဇာတ်ကားရိုက်ကူးရေး ပြီးသွားတဲ့နောက်မှာ ခွဲခွာကြရပြီး ကိုယ်ပိုင် နေ့စဥ်ဘဝတွေကို အလုပ်ကြိုးစားရင်း ဖ...
578K 36.1K 72
« បងសន្យា បងមិនឲអ្នកណាមកធ្វើអ្វីមកលើអូនបានឡើយ អូនគឺជារបស់បងជាប្រពន្ធរបស់បងម្នាក់គត់ Kim Taehyung » « មិនថាអ្នកណានោះទេឲតែហ៊ានប៉ះពាល់ប្រពន្ធកូនយើងសូម្ប...
86.5K 11.5K 42
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]