Ch 2 ကြမ္မာစေရာ/ကွမ်မာစရော

15.6K 1.5K 141
                                    

ZawGyi

ဒုန်း!!!

"ဒါသက်သက် ဝမ်အင်ပါယာကိုစော်ကားတာပဲ။ အခုချက်ချင်း အဲဒီကောင်လေးကို ကွပ်မျက်ပီး ဦးခေါင်းကို ကျိုးနိုင်ငံကိုပို့ပေးလိုက်"

အိမ်ရှေ့စံဝမ်အတွက် စာကြည့်ရန်အထူးပြင်ဆင်ထားသော အခန်းငယ်ထဲတွင် ဝမ်ရိပေါ် ဒေါသတကြီးဖြစ်ကာ စာကြည့်စားပွဲအား လက်ဖြင့်ရိုက်ကာပြောလိုက်သောအခါ အထိန်းတော်လျိုဖန်းမှ

"စိုးရွံ့မိပါတယ်မင်းသား။ ကျိုးနိုင်ငံက ဝမ်အင်ပါယာရဲ့လက်အောက်ခံတိုင်းပြည်မဟုတ်ပါဘူး။ မဟာမိတ်နိုင်ငံပါ လက်လွတ်စပယ်လုပ်ဆောင်ခြင်းက စစ်ရေးဘက်ကိုဦးတည်နိုင်ပါတယ်"

"စစ်တိုက်ရမယ်ဆိုလည်း ငါကိုယ်တော် ကြောက်မယ်ထင်လား။ အချိန်မရွေးဘဲ ကျိုးနိုင်ငံကိုသိမ်းလို့ရတယ်"

"မှန်လှပါ အိမ်ရှေ့စံရဲ့စကားက မလွဲဧကန်မှန်ပေမဲ့ ဝမ်မင်းကြီးက ကျိုးနိုင်ငံကို လုံးဝစစ်ရေးခင်းခြင်းမရှိခဲ့ပါဘူး။ အဲ့ဒီအစား ရေလမ်းသာတဲ့ကျိုးနိုင်ငံကနေ အခြားသော ဝေးလံတဲ့ ဒေသတွေကနေ လွတ်လပ်စွာကုန်သွယ်နိုင်ခွင့်ကိုသာယူခဲ့ပါတယ်။ အဲ့ဒီအပြင် ကျိုးနိုင်ငံက သယံဇာတပေါကြွယ်ဝတဲ့အတွက် နှစ်စဉ်အမြင့်မားဆုံးလက်ဆောင်ပဏ္ဏာ ဆက်သတဲ့နိုင်ငံလည်းဖြစ်ပါတယ်။ ငွေကြေးအင်အားတောင့်တင်းပေမဲ့ မည်သည့်စစ်ရေးကိုမှ ဝင်ပါခြင်းမရှိဘဲ ငြိမ်းချမ်းရေးကိုသာလက်ကိုင်ထားပီး နိုင်ငံတော်တော်များများနဲ့ မဟာမိတ်ဖွဲ့ထားပါတယ်"

" ဒီအတိုင်းဆို ကျိုးနိုင်ငံက ကုန်စည်ကူးသန်းရေးအရ အချက်အချာဖြစ်တဲ့အပြင် သယံဇာတလည်းပေါတာကို ခမည်းတော်က ဘာလို့ ကျိုးနိုင်ငံကိုမသိမ်းပိုက်တာလဲ။"

"မှန်လှပါ။ လက်ရှိဝမ်မင်းကြီးလက်ထက်မှာတင် ကျိုးနိုင်ငံကမင်းဆက်သုံးဆက်ပြောင်းသွားသည့်တိုင် အရှင်မင်းကြီးက တစ်ကြိမ်တစ်ခါမှ စစ်ခင်းခြင်းမရှိခဲ့တာပါ။ ပီးတော့ အခုသူတို့ဆက်သတဲ့ ရှောင်ကြင်ယာတော်ဆိုတာ တခြားသူမဟုတ်ပါဘူး။ ကျိုးနိုင်ငံရဲ့ အိမ်ရှေ့စံပါ"

"အဲ့တာဘာပြောတာလဲ? အိမ်ရှေ့စံ? သူတို့က အိမ်ရှေ့စံကို ကြင်ယာတော်အဖြစ်ပို့လိုက်တယ် ဟုတ်လား? ဘာဖြစ်လို့လဲ တခြားသူမရှိဘူးလား"

Except You Where stories live. Discover now