Part 17 ပန်းချီပညာရှင် ရှောင်ဖေး/ပန်းချီပညာရှင် ရှောင်ဖေး

12.3K 1.2K 198
                                    

ZawGyi

"အဟွတ်...အဟွတ်"

ဟိုနေ့က ချိုချဉ်တွေအများကြီးစားလိုက်သည့် ကလေးပေါက်က အခုတော့ တစ်ညလုံးနီးပါးချောင်းဆိုးနေလေသည်။ ထို့ကြောင့် ဝမ်ရိပေါ်မှာ

"ချိုချဉ်တွေအဲဒီလောက် မဝယ်ပေးလိုက်သင့်ဘူး။ အခုတော့ ကြည့်ပါဦး ချောင်းတွေဆိုးနေလိုက်တာများ"

ဤသို့ဖြင့် ရဲမက်အဆောင်မှ အိမ်ရှေ့စံ၏ ပြန်ခေါ်လာခြင်းကိုခံရသည့် ရှောင်ကျန့်တစ်ယောက်၏ ချောင်းဆိုးသံဖြင့် ဝမ်ရိပေါ်မှာ တစ်ညလုံးနီးပါး ကောင်းကောင်းမအိပ်စက်နိုင်ခဲ့ချေ။

ယခုဆိုလျှင် အိမ်ရှေ့စံ၏ အိပ်ဆောင်တွင် မနက်ခင်းတာဝန်ကျသူများအားလုံးအနေဖြင့် မနက်အိပ်ယာထလာသည့်အချိန်တွေ့မြင်နေကျဖြစ်သည့် အိမ်ရှေ့စံ၏ရင်ဘက်မှ အမှတ်အသားကြီးအား နေ့စဉ်မြင်တွေ့နေရသဖြင့် ရိုးနေပီပင်ဖြစ်သည်။ ထိုအမှတ်အသားမှာတခြားတော့မဟုတ်ပေ။ အိမ်ရှေ့စံ၏ချစ်လှစွာသော အသည်းကျော်လေး၏ သားရေကွက်ကြီးပင်ဖြစ်သည်။ ယနေ့မနက်တွင်တော့ အပိုဆုအနေဖြင့် မျက်ကွင်းများပါညိုနေသည့် အိမ်ရှေ့စံ၏ မနက်ခင်းဟာဆိုရင်ဖြင့် မြင်ရသူအပေါင်းဖို့ ဒါဟာသူတို့သိတဲ့ ဝမ်အင်ပါယာမှ ရက်စက်ကာစည်းကမ်းကြီးသည့် အိမ်ရှေ့စံ ဝမ်ရိပေါ်မှဟုတ်ပါလေစ ဟုတွေးထင်နိုင်ရလေသည်။ ယခုအိမ်ရှေ့စံ၏ ပုံစံကိုကြည့်ပီး လျိုဖန်းစိတ်ထဲတွင် တွေးလိုက်မိသည်က

'အမလေးလေး....ဒီပုံကိုသာ အရှင်မင်းကြီးတွေ့သွားရင်တော့ ဟိုကောင်လေးခေါင်းပြတ်မလားမသိဘူး။ ဒေါသထွက်လိုက်မယ့်ဖြစ်ခြင်း။ သူ့ရဲ့ ဂုဏ်အယူရဆုံးသားတော်မောင်က ကောင်လေးတစ်ယောက်ကြောင့် အခုလိုဖြစ်ပျက်နေတဲ့ပုံစံကို မြင်ရင် သွေးတက်ပီး မူးတောင်လဲသွားဦးမယ်'

"လျိုဖန်း"

သူတွေးနေတုန်း အိမ်ရှေ့စံ ကအခေါ်တော်ရှိလာသဖြင့်

"အမိန့်ရှိပါ"

"ရှောင်ဖေး ချောင်းတွေဆိုးနေတယ်။ အဲဒါ သူနိုးလာရင် သမားတော်ခေါ်လိုက်ဦး။ ပီးတော့ အချိုတွေထပ်မစားစေနဲ့တော့"

Except You Where stories live. Discover now