Part 15 နတ်မိမယ်နှင့်တစ်ညတာ/နတ်မိမယ်နှင့်တစ်ညတာ

12.1K 1.3K 115
                                    

ZawGyi

"သခင်လေး....ကျေးဇူးပြုပြီး ဘေးကိုနည်းနည်းလောက်ဖယ်ပေးလို့ရမလား? အလယ်က အကိုလေးနဲ့စကားလေးပြောချင်လို့ပါ"

သူ၏ဘေးတွင်လာထိုင်ပီး ဘေးသို့ဖယ်ပေးရန် လာပြောနေသည့် အပျော်မယ်ကြောင့် ဝမ်ရိပေါ်လည်း ဖယ်ပေးလိုက်လေသည်။ သူတို့ဤနေရာတွင် ရှိနေရသည့်အဓိကရည်ရွယ်ချက်မှာ ယနေ့တွင်လှုပ်ရှားကြမည့်သူများအား လာရောက်စုံစမ်းခြင်းဖြစ်သောကြောင့် တစ်ခုခုမူမှန်တာမျိုးအား လုပ်မိသည်နှင့် သူတို့အားတစ်ဖက်လူများမှ ရိပ်မိသွားနိုင်သဖြင့် ပုံမှန်လေးအတိုင်းသာ အလိုက်သင့်နေ,နေရလေသည်။ ယခုရောက်ရှိနေသည့်နေရာမှာ ဆောင်ကြာမြိုင်ဖြစ်သဖြင့် အတူခေါ်လာသည့် ရှောင်ကျန့်သည်လည်း သာမန်လူတွေကဲ့သို့ပင် ထိုအပျော်မယ်အားလာကြည့်သူ တစ်ယောက်ဟုသာအားလုံးကလည်း ထင်မိကြမည်မဟုတ်လား။ ထို့ကြောင့် တားဆီးဖို့ရာမစွမ်းသာပေ။

သူတို့ ဝိုင်းဆီသို့တည့်တည်လျှောက်လှမ်းလာသည့် ထိုမမလှလှက ဝမ်ရိပေါ်ဘေး တစ်စောင်းနေရာတွင်ထိုင်လိုက်ပီးမှ ဝမ်ရိပေါ်အားဖယ်ခိုင်းပီး သူနှင့်စကားပြောချင်သည်ဟု ပြောလာသဖြင့် မယုံကြည်နိုင်သည့်ရှောင်ကျန့်လေးမှာ အံ့အားသင့်လျှက် မိမိကိုယ်ကို လက်ညိုးထိုးကာပြန်မေးလိုက်မိသည်က

"ကျွန်တော်လား?"

ယွမ်အာတစ်ယောက် သူမ၏အရှေ့မှ မျက်ဝန်းဝိုင်းဝိုင်းလေးများပြူးကာ ကိုယ့်ကိုယ်ကို လက်ညိုးထိုးကာမေးနေသည့် အတော်လေးငယ်မည့်ပုံရသည့် ကောင်လေးအား သဘောတကျကြည့်မိကာ

"အင်း...ဟုတ်တယ်...နာမည် ဘယ်လိုခေါ်လဲ"

"ရှောင်ကျန့်"

ရှောင်ကျန့်စကားဆုံးသည်နှင့် စင်ပေါ်မှ ကြေငြာပေးနေသည့်မိန်းမကြီးထံမှ ထွက်ပေါ်လာသည့်အသံကြောင့် ပြူးနေသည့်မျက်လုံးများမှာ ထွက်ကျတော့မည်ထင်ရသည်အထိ ပိုပြူးမိလေတော့သည်။ ထိုမိန်းမကြီးပြောလာသည်မှာ

"အခုဆိုရင် နတ်မိမယ်လေးကို ပိုင်ဆိုင်ရတော့မယ့် ကံကောင်းသူကတော့ ထွက်ပေါ်လာပါပီ"

Except You Where stories live. Discover now