Part 24 တောင်ပိုင်းမှသည် မြောက်ပိုင်းဆီသို့/တောင်ပိုင်းမှသည် မြောက်ပိုင်းဆီသို့

11K 1.2K 111
                                    

ZawGyi

ယနေ့တွင်တော့ ဝမ်အင်ပါယာ၏ အိမ်ရှေ့စံဝမ်သည် တောင်ပိုင်းသို့ရောက်ရှိလာသည့် ကြင်ယာတော်များအားကြိုဆိုခြင်းကိစ္စပီးမြောက်ပီဖြစ်သောကြောင့် တောင်ဘက်တပ်စခန်းမှသည် မြောက်ပိုင်းဘက်သို့ထွက်ခွာတော့မည်ဖြစ်သည်။ တကယ့်လက်တွေ့သည်ကား တောင်ဘက်ပိုင်းတွင် စုံစမ်းရမည့်ကိစ္စများပီးဆုံးသွားရခြင်းသာဖြစ်သည်။

"အဆင်သင့်ပဲလား လျိုဖန်း"

"အားလုံးအဆင်သင့်ပါပဲ အိမ်ရှေ့စံ"

"ရှောင်ဖေးရော?"

"ဟိုက်စန်းနဲ့ အတူတူရှိနေပါတယ်"

"ကောင်းပီ ကြိမ်ဒဏ်သင့်ထားတဲ့ ကြင်ယာတော်တွေအတွက်သေချာစီစဉ်ခဲ့လား?"

"ဟုတ်ကဲ့ နောက်နှစ်ပတ်လောက်နေရင် သူတို့တွေခရီးထွက်ဖို့ရာ အဆင်ပြေလောက်ပီဖြစ်လို့ အဲဒီအချိန်ကျမှ မြို့တော်ကိုသွားကြပါလိမ့်မယ်"

"ကောင်းပီ အဲဒါဆို အချိန်မစောတော့ဘူး ကိုယ်တော်တို့လည်း ထွက်ကြတာပေါ့"

ရှောင်ကျန့်အား ရိုက်နှက်ခဲ့ကြသဖြင့် ကြိမ်ဒဏ်ကျခံခဲ့ကြသည့် လီကြင်ယာတော်နှင့် အပေါင်းအပါများမှာ ခရီးထွက်ဖို့ရာအဆင်မပြေကြသေးသဖြင့် တောင်ဘက်စခန်းတွင်သာနေခဲ့ရမည်ဖြစ်သည်။ ယခုလည်း ဝမ်ရိပေါ်နှင့်အတူ အခြားကြင်ယာတော်များမှာ တောင်ဘက်စခန်းမှထွက်ခွာကြမည်ဖြစ်ကာ မြောက်ဘက်မရောက်ခင် ကြားအလယ်မြို့တွင်တော့ ထိုလိုက်ပါလာသည့် ကြင်ယာတော်များအား ပိုင်ထျန်းမြို့တော်ဆီသို့သွား၍ ချိုင်ဟုန်နန်းတော်တွင်းသို့ အရင်ဝင်စေနှင့်မည်ဖြစ်ကာ ဝမ်ရိပေါ်ကတော့ မြောက်ပိုင်းသို့ဆက်လက်ထွက်ခွာရမည်ဖြစ်သည်။

မြောက်ပိုင်းခရီးစဉ်တွင် တောင်ဘက်မှသွားရောက်ခေါ်ဆောင်ခဲ့သည့် ကြင်ယာတော်များကို ခေါ်ဆောင်သွားရန်အစီအစဉ်မရှိသော်ငြား ထိုအထဲတွင်တော့ ရှောင်ကျန့်တစ်ယောက် မပါဝင်ခဲ့ပေ။ ချွင်းချက်အနေဖြင့် ရှောင်ကျန့်ကိုတော့ ဝမ်ရိပေါ်နှင့်သာအတူခေါ်သွားမည်ဖြစ်သည်။ အကယ်၍များ ရှောင်ကျန့်အား ချိုင်ဟုန်နန်းတော်ထဲသို့ သူမပါဘဲလွှတ်လိုက်မိပါက ခမည်းတော်နှင့် ထိပ်တိုက်တွေ့ကြမည်မှာ မလွဲဧကန်ဖြစ်ပီး ထိုကဲ့သို့ဖြစ်ခဲ့လာပါက သူရှိမနေလျှင် ရှောင်ကျန့်အသက်နှင့် ခန္ဓာမြဲရန် မလွယ်ကူပေ။ ထို့ကြောင့် ဝမ်ရိပေါ်မှာ ရှောင်ကျန့်အား သူနှင့်အတူ မြောက်ပိုင်းသို့ခေါ်သွားရန်သာဆုံးဖြတ်လိုက်တော့သည်။

Except You Where stories live. Discover now