Special Part မင်းကလွဲရင်/မင်းကလွဲရင်

14.6K 1K 87
                                    

ZawGyi

"ကျိုးချန်ကော သူ့ကိုဖမ်းထား!!"

ဒီရက်ပိုင်းအတွင်း ကျိုးချန်ရဲ့မနက်ခင်းတွေဟာဆိုရင်ဖြင့် ဆူညံအုန်းတိုက်မှုတွေနဲ့အစပြုတယ်။ ဘယ်အချိန်ကတည်းလဲမေးရင်တော့ ကျိုးနိုင်ငံကို ရှောင်ကျန့်ပြန်ရောက်လာတဲ့အချိန်ကတည်းကလို့ပဲပြောရမယ်။

"ဖမ်းထားပါဆိုတာကို လွတ်သွားပီ!"

အခုလည်းကြည့်...သူနဲ့အတူ ဝမ်အင်ပါယာကနေပါလာတဲ့ မျောက်လောင်းလေးကအရှေ့ကပြေးတယ်။ ရှောင်ကျန့်ကအနာက်ကပြေးလိုက်ပီး အဲဒီကောင်လေးကိုဖမ်းပေးဖို့သူ့ကိုပြောနေတယ်။ ဒါပဲလားဆိုတော့လည်းမဟုတ်သေးဘူး။ ရှောင်ကျန့်အနောက်ကနေ ဝမ်ရိပေါ်ရဲ့ဘာလေးဆိုလားပဲ ရှောင်ကျန့်ပြောပြောနေကျ ကလေးမလေးရယ် သူရဲ့အနောက်မှာထပ်ပီး သားတော်မောင်ဖြစ်သူ အားယွမ်ရယ်က တစ်သီတစ်သန်းကြီးပြေးနေကြတယ်။

"ကျိုးချန်ကောဘေးဖယ်တော့!! ဘေးဖယ်!! ဟိုက်စန်း အဲဒီနေရာမှာပဲရပ်လိုက်စမ်း"

"ရပ်စရာလား ကိုယ့်ဘာသာမှီအောင်လိုက်လေ...ဝါး..ဟား..ဟား"

အတွေးမဆုံးသေးခင် သူ့ဆီတည့်တည့်ဝင်ကျုံးတော့မည့် ရှောင်ကျန့်ကြောင့် ညီလာခံသို့သွားမည့် ကျိုးချန်မှာ ရှည်လျားလေးလံနေသည့် ဘုရင်ဝတ်စုံအားမကာ နင်းပြားဘဝမရောက်စေရန်အလို့ဌာ လျှောက်လမ်း၏နံရံဘေးသို့ ဒိုင်ပင်ထိုးကာ ပြေးကပ်လိုက်သည်။ ဒါမနက်တိုင်းဖြစ်နေကျ ကိစ္စတစ်ခုမို့ အစရက်တွေကသာခံရရင်ရှိမယ်။ အခုတော့ သူရိုးနေပီလေ...ဟင်း..ဟင်း

ကျိုးချန်၏အနောက်မှ လိုက်ပါလာကြသည့် မနက်စောစောစီးစီး ကံမကောင်းအကြောင်းမလှသည့် အထိန်းတော်များမှာတော့ ဘုရင်ဖြစ်သူ ကျိုးချန်ကဲ့သို့အရှောင်အတိမ်းမကောင်းလိုက်သောကြောင့် ဝင်တိုက်ခံလိုက်ရသည့်အခါ မြေပြင်ပေါ်တွင်မှောက်သူမှောက် လဲကျသူလဲကျနှင့်အတုံးအရုန်း ကျဆုံးကုန်လေသည်။

နံရံတွင်အလျှင်အမြန်ပြေးကပ်လိုက်ရသည့် ကျိုးချန်တစ်ယောက်မှာလည်း ထိန်းမရလိုက်သည့်အရှိန်ကြောင့် မျက်နှာကလေးမှာ နံရံထက်ဖိကပ်ပီးပြားလို့တောင်နေချေပီ။ ထိုအချိန်ရောက်ရှိလာသည့် ပညာရေးအမတ်သည်ကား အနှီမြင်ကွင်းကိုမြင်လိုက်ရသည့်အခါ မေးလိုက်မိသည်က

Except You Where stories live. Discover now