Part 10 ဖြူစင်လွန်းသော ရှောင်ဖေးလေး/ဖြူစင်လွန်းသော ရှောင်ဖေးလေး

12.7K 1.2K 72
                                    

ZawGyi

"ဘာ.....ဒါဆို.....နင်.....နင်လေးက ဝမ်ရိပေါ်ရဲ့မယားလေးပေါ့...ခွီး....ဖွီး....ဟား....ဟား"

"အိနြေ္ဒမဲ့လိုက်တာ......အိမ်ရှေ့စံဝမ်ရဲ့ ကြင်ယာတော်တစ်ယောက်ကို အခုလိုပြောရဲတဲ့ရှင်ကရော ဘယ်သူလဲ?"

သူ့အား ဘယ်သူလဲဟုမေးလာသည့် ကလေးမကြောင့် ရယ်နေရာမှ ရပ်သွားမိတော့သည်။ အမှန်အတိုင်းဖြေလျှင် သူလည်းအရှက်ကွဲမည်မဟုတ်လား ထို့ကြောင့်

"အဟမ်း! ငါဘယ်သူလဲဆိုတာ ပြောပြလည်း ကလေးတွေက သိမှာမှမဟုတ်တာ။ အဲ့တာကြောင့် လူကြီးတွေကိစ္စကို သိချင်မနေဘဲ ကိုယ့်ဘာသာဆော့စရာရှိတာသာဆော့နေပါ။

"ဘယ်လိုမျိုး သင်ယူမှုမရှိတဲ့သူပါလိမ့် စိတ်ပျက်စရာ။ ကျိုးနိုင်ငံကလူတွေက အဲ့ဒီလိုမျိုးပဲလား?"

သူ့အားခေါင်းမှခြေအဆုံး မျက်စိတစ်ချက်ဝေ့ကြည့်ပီး ကျိုးနိုင်ငံကဟုတန်းပီးပြောလိုက်သည့် ကလေးမကြောင့်

"အယ်!! ငါက ကျိုးနိုင်ငံကမှန်း နင်ဘယ်လိုလုပ်ပီးတော့သိတာလဲ?"

"လေယူလေသိမ်းနဲ့ ဝတ်စားဆင်ယင်မှုကို ကြည့်တာနဲ့သိရတာပဲကို ဘာတွေအဲဒီလောက် ထူးဆန်းပြနေတာလဲ"

"ကလေးမ နင်စကားကို အဲ့ဒီလိုပြောနေရင် နင့်ကိုချစ်တဲ့သူရှိမှာမဟုတ်ဘူး လူမုန်းများလိမ့်မယ်"

"ဘယ်သူကရော ချစ်ခိုင်းနေလို့လဲ"

"ကလေးဆိုတာ ချစ်ဖို့ကောင်းအောင်နေရတယ်လေ ကလေးမရဲ့"

"ဒီမှာ...နံပါတ်တစ် ကျွန်မကလေးမဟုတ်ဘူး။ နံပါတ်နှစ် လွီကြင်ယာတော် လို့ခေါ်ပါ။ အခေါ်အဝေါ်တွေကို ဂရုစိုက်ပေးပါ"

သူ၏အရှေ့မှ အရွယ်နှင့်မလိုက်စွာ စကားကြီးစကားကျယ်များပြောနေသည့် ဝမ်ရိပေါ်ရဲ့ မယားလေးကြောင့် သူလည်းလူကြီးပီပီ အနည်းငယ် ဆုံးမပေးရန် အလို့ဌာ

"အသက် ကိုးနှစ်လောက်က ကလေးမဟုတ်လို့ လူကြီးလား?"

သူ၏စကားကိုကြားသောအခါ ထိုကလေးမက ခက်ထန်နေသောမျက်နှာထားဖြင့် ပြန်ပြောလာသည်က

"ကျွန်မရဲ့အသက်က ဆယ့်တစ်နှစ်ရှိပီ"

"အိုးးးးး.....ကလေးမ ဒါဆို နင်တော်တော်အရပ်ပုတာပဲ"

Except You Where stories live. Discover now