Part 28 လိပ်လက်ထဲရောက် ရှောင်ဖေးတစ်ယောက်/လိပ်လက်ထဲရောက် ရှောင်ဖေးတစ်ယောက်

10.9K 1.1K 147
                                    

ZawGyi

အိပ်ယာပေါ်တွင်လဲလျောင်းနေသည့် ဖြူနုနုကောင်လေးအားကြည့်ကာ ဟန်းယွမ်တစ်ယောက် ဘေးတွင်ရပ်နေသည့်သူအား

"သူ့ကိုမိတဲ့အချိန်တုန်းက ထွက်ပြေးနေတာလို့ပြောလိုက်သလား?"

"ဟုတ်ပါတယ်...တောထဲကို ထွက်ပြေးဖို့လုပ်နေလို့ မေ့ဆေးမြှားနဲ့ ပစ်လိုက်ရတာပါ"

"သေချာတယ်...သူက ဝမ်ရိပေါ်လုံးဝမဟုတ်ဘူး...ငါတို့လှည့်စားခံလိုက်ရပီ"

"ဗျာ...ဘယ်လိုလုပ်ပီး...ကျွန်တော်တို့ သတင်းအတိအကျရထားတာက ဝမ်အိမ်ရှေ့စံက ညဘက်ကြီးဘယ်သူမှမသိအောင် မြောက်ပိုင်းကို ထွက်မယ်ဆိုပီးလေ"

"ဦးနှောက်သုံးပီး စဉ်းစားကြည့်လေ...စစ်ပွဲပေါင်းများစွာ ဝင်နွှဲလာတဲ့ ဝမ်ရိပေါ်က ရန်သူနဲ့တွေ့တာ မတိုက်ခိုက်ပဲ ထွက်ပြေးမယ်တဲ့လား...နောက်ပီး မြှားကိုမရှောင်နိုင်လောက်ဘဲနေမလား? သေချာကြည့်ရင် ဒီကောင်လေးရဲ့ ခန္ဓာကိုယ်ကဓားရေးကစားတဲ့သူတစ်ယောက်ရဲ့ ခန္ဓာကိုယ်မှမဟုတ်တာ...လက်တွေကလည်း ဓားကိုင်တဲ့လက်မဟုတ်ဘူး"

"ဒါဆို"

"အတုပဲ...ဝမ်ရိပေါ် အယောင်ဆောင်ထားတာ"

သူတိုပြောနေတုန်း အိပ်ယာထက်မှကောင်လေးမှာ လူးလွန့်လာသဖြင့်

"သတိရပီလား?"

ရှောင်ကျန့်မျက်ဝန်းများကိုဖွင့်ကြည့်လိုက်သည်နှင့် သူ၏အိပ်ယာဘေးတွင်ရပ်နေကာ သူ့အားငုံ့မိုးကြည့်နေသည့် မည်သူမှန်းမသိသည့် လူနှစ်ယောက်ကို တွေ့လိုက်ရလေသည်။ ထိုသူများ ဝတ်ဆင်ထားသည့် အဝတ်အစားများသည်လည်း သူမြင်ဖူးနေကျပုံစံမျိုးမဟုတ်။

"မင်းကဘယ်သူလဲ?"

သူ့အားဘယ်သူလဲဟုမေးနေသည့် အရပ်ရှည်ရှည်နှင့်လူအား ရင်းနှီးနေသလိုရှိသော်လည်း မည်သူမှန်းစဉ်းစား၍မရနိုင်။ ထိုအချိန် ရှောင်ကျန့်တွေးလိုက်မိသည်က

'အခုအချိန်မှာ ငါက ဝမ်ရိပေါ် အယောင်ဆောင်ဆိုတာသိသွားတာနဲ့ အသတ်ခံရမှာပဲ...ဝမ်ရိပေါ်ဆိုရင် ချက်ချင်းတော့သတ်ဦးမှာမဟုတ်ဘူး....ဝမ်အင်ပါယာကနေ သူတို့လိုချင်တာတောင်းနိုင်သေးတယ်..အဲဒီတော့ နောက်ဆုံးအချိန်ထိ ဆက်ပီးဟန်ဆောင်နေရမယ်'

Except You Where stories live. Discover now