Part 25 အိမ်ရှေ့စံ သောက/အိမ်ရှေ့စံ သောက

11.3K 1.3K 145
                                    

ZawGyi

ရှောင်ကျန့်တစ်ယောက် ညစာစားပီး အိပ်ဆောင်သို့ပြန်ရောက်ချိန် ဝမ်ရိပေါ်ကြီးကိုမတွေ့ရပေ။ ရပ်နားစခန်းဖြစ်သည့်အတွက် တောင်ဘက်တပ်စခန်းတုန်းကလို ညဘက်တွေအပြင်ဘက်ကို စိတ်တိုင်းကျထွက်ကာ လျှောက်သွား၍မရနိုင်သဖြင့် နေဝင်ပီးသည်နှင့် အဆောင်ထဲတွင်သာ နေရလေသည်။ ထို့ကြောင့် အိပ်ဆောင်ထဲတွင်သာ ဟိုလျှောက်လိုက်ဒီလျှောက်လိုက် လုပ်နေတုန်း စားပွဲပေါ်တွင် မြင်လိုက်ရသည့် ပွင့်နေသည့်ဘူးလေးကြောင့် ရှောင်ကျန့်လေးမှာ မစပ်စုတတ်သော်ငြား သိချင်စိတ်လေးကမနေနိုင်သဖြင့် သွား၍ကြည့်မိလေသည်။ ထိုသေတ္တာငယ်လေးထဲမှ ပစ္စည်းတစ်ခုခုကို ဝမ်ရိပေါ်မကြာခဏ ထုတ်ကြည့်လေ့ရှိသည်ကို သူမကြာခဏတွေ့မြင်ဖူးသည်။ အနားသို့ရောက်သည့်အခါ သေတ္တာထဲမှ ပစ္စည်းကိုယူကြည့်လိုက်ပီး

"ပိုးပုဝါ...ကြည့်ပါဦး ငါထင်တဲ့အတိုင်းပဲ ဒါမိန်းကလေးပစ္စည်းပဲ...သေချာပေါက် ဝမ်ရိပေါ်ကြိုက်နေတဲ့ မိန်းကလေးရဲ့ဟာပဲဖြစ်ရမယ်...ဒါပေမဲ့ ဘယ်မိန်းကလေးက ဒီလောက်ပုံတုံးတာကြီးကို ကိုင်ရတာပါလိမ့်...ပီးတော့ ဟောင်းနွမ်းနေတာပဲ...အယ်...ဒီနားမှာပြဲတော့မယ်ဟ...ခုပြန်မချုပ်ရင် သိပ်မကြာခင်လုံးဝပြဲသွားမှာ...ဒါလေးကို သူက အရမ်းတန်ဖိုးထားတဲ့ပုံကို"

ဤသိုဖြင့် အပြင်ဘက်တွင်တာဝန်ကျနေသည့် အထိန်းတော်တစ်ဦးအား

"ဟိုလေ အပ်နဲ့အပ်ချည်ရနိုင်မလား? ရိုးရိုးချည်မဟုတ်ဘူး..ပိုးချည်မျှင်လိုချင်တာ"

"ခဏစောင့်ပေးမယ်ဆိုရင် ကျွန်တော်မျိုးစီစဉ်ပေးပါ့မယ်"

"အိုးးး...တကယ်ရှိတာလား? ဒီလိုခရီးသွားနေရတဲ့ အချိန်ကြီးတောင် အဲဒီလိုပစ္စည်းတွေကအစရတယ်ဆိုတော့ ဝမ်အင်ပါယာကတော့ ဝမ်အင်ပါယာပါပဲ"

"ကျွန်တော်မျိုးတို့ ခရီးစဉ်မှာ ရက်ရှည်လိုအပ်မယ့်အရာအားလုံး သယ်ဆောင်လာတာပါ။ အပ်နဲ့ချည် လောက်ကတော့ အသေးအမွှားပါ ရှောင်ဖေး"

ခဏအကြာတွင်တော့ အထိန်းတော်တစ်ယောက်လာပေးသည့် အပ်ချည်နှင့် ရှောင်ကျန့်မှာ ပိုးပုဝါအားပြန်ချုပ်တော့သည်။

Except You Where stories live. Discover now