Except You

By Xiao-Huli

543K 52.5K 4.8K

ကျိုးနိုင်ငံမှ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး နေတတ်သော ကျိုးနိုင်ငံရဲ့အချစ်တော်လေးဖြစ်တဲ့ အလိုလိုက်ခံမင်းသားလေ... More

မင္းကလြဲရင္/မင်းကလွဲရင်
Ch 1 ၾကင္ယာေတာ္ခရီးစဥ္/ကြင်ယာတော်ခရီးစဉ်
Ch 2 ၾကမၼာေစရာ/ကြမ္မာစေရာ
Ch 3 ပထမဆံုးည/ပထမဆုံးည
Ch 4 ေ႐ွာင္ေဖးႏွင့္ႀကိမ္ဒဏ္/ရှောင်ဖေးနှင့်ကြိမ်ဒဏ်
Part 5 ေနေကာင္းသြားေသာေ႐ွာင္ေဖး/ နေကောင်းသွားသောရှောင်ဖေး
Part 6 အခ်စ္ဂု႐ုႀကီး ေ႐ွာင္ေဖး/အချစ်ဂုရုကြီး ရှောင်ဖေး
Part 7 အလွဖန္တီး႐ွင္ ေ႐ွာင္ေဖး/အလှဖန်တီးရှင် ရှောင်ဖေး
Part 8 ေ႐ွာင္ေဖးႏွင့္ျပဇာတ္/ ရှောင်ဖေးနှင့်ပြဇာတ်
part 9 ဝမ္ရိေပၚရဲ႕မယားေလး/ဝမ်ရိပေါ်ရဲ့မယားလေး
Part 10 ျဖဴစင္လြန္းေသာ ေ႐ွာင္ေဖးေလး/ဖြူစင်လွန်းသော ရှောင်ဖေးလေး
Part 11 ေ႐ွာင္ေဖးႏွင့္ ဝမ္ရိေပၚရဲ႕မယားေလး/ရှောင်ဖေးနှင့် ဝမ်ရိပေါ်ရဲ့မယားလေး
Part 12 အိမ္ေ႐ွ႕စံမ႐ွိေသာ ေ႐ွာင္ေဖးဘဝ/အိမ်ရှေ့စံမရှိသော ရှောင်ဖေးဘဝ
Part 13 ေ႐ွာင္ေဖးအေခ်ာဆံုး/ရှောင်ဖေးအချောဆုံး
Part 14 ေဆာင္ၾကာၿမိဳင္သို႔အလည္တစ္ေခါက္/ဆောင်ကြာမြိုင်သို့အလည်တစ်ခေါက်
Part 15 နတ္မိမယ္ႏွင့္တစ္ညတာ/နတ်မိမယ်နှင့်တစ်ညတာ
Part 16 ႐ွာလကာရည္ေသာက္တဲ့ အိမ္ေ႐ွ႕စံ/ရှာလကာရည်သောက်တဲ့ အိမ်ရှေ့စံ
Part 17 ပန္းခ်ီပညာ႐ွင္ ေ႐ွာင္ေဖး/ပန်းချီပညာရှင် ရှောင်ဖေး
Part 18 စားဖိုေဆာင္မွငိုေႂကြးသံ/စားဖိုဆောင်မှငိုကြွေးသံ
Part 19 မ်ွတလြန္းသည့္ အိမ္ေ႐ွ႕စံ/မျှတလွန်းသည့် အိမ်ရှေ့စံ
Part 20 ေသရည္မူးတဲ့ ေ႐ွာင္ေဖး/သေရည်မူးတဲ့ ရှောင်ဖေး
Part 21 ႐ႈးေပါက္ခ်တဲ့ အိမ္ေ႐ွ႕စံ/ရှုးပေါက်ချတဲ့ အိမ်ရှေ့စံ
Part 22 ထက္ျမက္လြန္းသည့္ အိမ္ေ႐ွ႕စံ/ထက်မြက်လွန်းသည့် အိမ်ရှေ့စံ
Part 24 ေတာင္ပိုင္းမွသည္ ေျမာက္ပိုင္းဆီသို႔/တောင်ပိုင်းမှသည် မြောက်ပိုင်းဆီသို့
Part 25 အိမ္ေ႐ွ႕စံ ေသာက/အိမ်ရှေ့စံ သောက
Part 26 က်န္ရစ္ခဲ့ေသာ ေ႐ွာင္ေဖး/ကျန်ရစ်ခဲ့သော ရှောင်ဖေး
Part 27 ေပ်ာက္ဆံုးသြားေသာ ေ႐ွာင္ေဖး/ပျောက်ဆုံးသွားသော ရှောင်ဖေး
Part 28 လိပ္လက္ထဲေရာက္ ေ႐ွာင္ေဖးတစ္ေယာက္/လိပ်လက်ထဲရောက် ရှောင်ဖေးတစ်ယောက်
Part 29 ကယ္တင္ေပးမည့္ အိမ္ေ႐ွ႕စံ/ကယ်တင်ပေးမည့် အိမ်ရှေ့စံ
Part 30 ေခြးတိုးေပါက္မွထြက္ခဲ့သည္/ခွေးတိုးပေါက်မှထွက်ခဲ့သည်
Part 31 အလႉ႕ဒယိကာႀကီး ေ႐ွာင္ေဖး/အလှူ့ဒယိကာကြီး ရှောင်ဖေး
Part 32 ခ်ိဳင္ဟုန္ေန႔ရက္အစ/ချိုင်ဟုန်နေ့ရက်အစ
Part 33 ေ႐ွာင္ေဖးႏွင့္ ဝမ္ဧကရာဇ္/ရှောင်ဖေးနှင့် ဝမ်ဧကရာဇ်
Part 34 ဇာတ္လမ္းေဟာင္းေတြ႐ွိခဲ့ရင္/ဇာတ်လမ်းဟောင်းတွေရှိခဲ့ရင်
Part 35 ျပဇာတ္မင္းသား ဝမ္ရိေပၚ/ပြဇာတ်မင်းသား ဝမ်ရိပေါ်
Part 36 အေဆာ့မက္တဲ့ ဝမ္ဧကရာဇ္/အဆော့မက်တဲ့ ဝမ်ဧကရာဇ်
Part 37 အဖိုးတန္ပန္းခ်ီ/အဖိုးတန်ပန်းချီ
Part 38 က်န္ရစ္ခဲ့ေသာ အိမ္ေ႐ွ႕စံ/ကျန်ရစ်ခဲ့သော အိမ်ရှေ့စံ
Part 39 အိမ္ေ႐ွ႕စံမွသည္ ဧကရာဇ္ဆီသို႔/အိမ်ရှေ့စံမှသည် ဧကရာဇ်ဆီသို့
Part 40 ႏႈတ္ဆက္ခဲ့ပါတယ္ ခ်ိဳင္ဟုန္/နှုတ်ဆက်ခဲ့ပါတယ် ချိုင်ဟုန်
Special Part မင္းကလြဲရင္/မင်းကလွဲရင်

Part 23 မေကာက္တတ္ေသာေ႐ွာင္ေဖး မေခ်ာ့တတ္ေသာအိမ္ေ႐ွ႕စံ

11.7K 1.2K 117
By Xiao-Huli

ZawGyi

စာၾကည့္ေဆာင္ထဲတြင္ ဟိုဘက္ေလ်ွာက္လိုက္ ဒီဘက္ေလ်ွာက္လိုက္ျဖင့္ အိေျႏၵမရ ျဖစ္ေနေသာ လူတိုင္းကေၾကာက္ရြံ႕ရသည့္ အိမ္ေ႐ွ႕စံကို ယီြပင္းႏွင့္လ်ိဳဖန္းမွာေတာ့ အၾကည့္ခ်င္းမဆံုမိေစရန္အလို႔ဌာ အတတ္ႏိုင္ဆံုး မ်က္လံုးမ်ားကိုလႊဲထားၾကေလသည္။ အၾကည့္ခ်င္းဆံုရန္ႀကိဳးစားေနသည့္ ဝမ္ရိေပၚမွာေနာက္ဆံုးေတာ့ သူ႔အားတစ္ေယာက္မွၾကည့္မေနသျဖင့္ မေနႏိုင္ေတာ့ဘဲ

"အခုဘယ္လိုလုပ္ၾကမလဲ?"

ဝမ္ရိေပၚတစ္ေယာက္ အမွန္ပင္အခက္ေတြ႕ေနရပီျဖစ္သည္။ ကေလးေပါက္က သူ႔ကိုေတာ္ယံုစိတ္ဆိုးသြားျခင္းမဟုတ္ေပ။ အခုဆိုလ်ွင္ သူဘာေကြၽးေကြၽး စားလည္းမစားေတာ့သလို သူႏွင့္အတူထမင္းေတာင္မစားေတာ့ေပ။ မ်က္ႏွာခ်င္းလည္းမဆိုင္သလို အိပ္လ်ွင္ေတာင္ ေက်ာေပး၍အိပ္ေလသည္။ စိတ္႐ွိတိုင္းဆိုလ်ွင္ သူတို႔ႏွစ္ေယာက္ၾကားတြင္ ဝင္ေမႊသြားသည့္ ႏြဲ႔ဟိုက္ဆန္းအား အျပစ္ေပးလိုက္ခ်င္ေသာ္ျငား ထိုသို႔လုပ္လိုက္မိပါက ကေလးေပါက္ကပို၍စိတ္ဆိုးသြားမည္ကိုစိုးသျဖင့္ သူ႔မွာဘာလုပ္ရမွန္းပင္ မသိျဖစ္ေနရသည္။

မည္မ်ွပင္ ရင္မဆိုင္ခ်င္သျဖင့္ ေ႐ွာင္ဖယ္ရန္ႀကိဳးစားေသာ္လည္း ေနာက္ဆံုးေတာ့ သူတို႔ဆီသာ ေရာက္လာသည့္ အိမ္ေ႐ွ႕စံ၏အေမးေၾကာင့္ ယီြပင္းလည္း

"ဟို...သူႀကိဳက္တတ္တဲ့ မုန္႔ေကြၽး..."

"မုန္႔!! ဟုတ္လား? သူက အခု မုန္႔ကိစၥနဲ႔စိတ္ဆိုးသြားတာကို ကိုယ္ေတာ္ကထပ္ပီး မုန္႔အေၾကာင္းသြားေျပာရင္ ပိုဆိုးသြားမွာေပါ့။ ေမာင္မင္း အဲဒီေလာက္ေတာင္မသိဘူးလား?"

"မွားသြားပါတယ္ အိမ္ေ႐ွ႕စံ"

'အဲဒီေလာက္သိေနရင္ ကြၽန္ေတာ္မ်ိဳးလည္းအခုအခ်ိန္ဆိုရင္ ေယာက္်ားရ...အဲေလ.. မိန္းမရေနေလာက္ပီေပါ့ အိမ္ေ႐ွ႕စံရဲ႕'

တစ္ေန႔တစ္ေန႔ သတ္ရန္ျဖတ္ရန္စသည့္အလုပ္က လြဲလ်ွင္က်န္တဲ့ ကိစၥကိုနားမလည္သည့္သူက အခုလို ကေလးထိန္းရမည့္ ကိစၥႏွင့္ပတ္သတ္ပီး အဘယ္မွာနားလည္လိမ့္မည္နည္း။ ထို႔ေၾကာင့္ ဝင္မပါလိုသျဖင့္ မသိခ်င္ေယာင္ေဆာင္ေနသည္ကို အတင္းပင္ေမးလာပီး အခုအၾကံဥာဏ္ေပးျပန္ေတာ့လည္း စကားပင္မဆံုးေသးခင္ ျဖတ္ေျပာလာကာ ေဒါသပုိႀကီးလာေသာ အိမ္ေ႐ွ႕စံေၾကာင့္ ယီြပင္းတစ္ေယာက္ ေသခ်င္စိတ္ေပါက္ေနရပီျဖစ္သည္။ ထို႔ေၾကာင့္မိမိလက္ကလြတ္လ်ွင္ပီးေရာဟုသာ ေတြးလိုက္မိပီး အထိန္းေတာ္ႀကီးလ်ိဳဖန္းအား

"ဟို အထိန္းေတာ္ႀကီးဆီမွာ ဘာအၾကံေကာင္းမ်ား႐ွိမလဲ?"

အသက္ပင္ေအာင့္ထားကာ လူေသလိုမ်ိဳးေနေနပါသည္ဆိုမွ ကိုယ္ရံေတာ္ယီြပင္း မွာ အမိႈက္ထုပ္အားသူ႔ေခါင္းေပၚတည့္တည့္သို႔ပစ္ေပးလာသျဖင့္ လ်ိဳဖန္းတစ္ေယာက္ စိတ္ထဲမွာႀကိတ္ကာက်ိန္ဆဲေနလိုက္မိေတာ့သည္။

'က်က္သေရမ႐ွိတဲ့ ယီြပင္း...ငါေကာင္းေကာင္းေနရတာကို တကယ္ပဲမျမင္ခ်င္ဘူးထင္တယ္။ ေခ်ာက္ထဲတြန္းခ်ေနတယ္။ စစ္တိုက္ထြက္တဲ့အခ်ိန္က်ရင္ ျမင္းတက္နင္းတာခံရမဲ့ဟာေလး'

အမႈထုပ္သူ၏ေခါင္းေပၚသို႔က်လာပီျဖစ္ေသာေၾကာင့္ လ်ိဳဖန္းမွာဦးေႏွာက္ကို အတင္းပင္ညစ္ထုတ္ကာ အၾကံဥာဏ္စဥ္းစားေသာ္လည္းမထြက္ေပ။ ေ႐ွာင္ေဖးအႀကိဳက္က မုန္႔ႏွင့္ပိုက္ဆံဟုသိထားေသာ္ျငား ယခုအခ်ိန္ထိုအရာမ်ားသြားေပးပီးေခ်ာ့လ်ွင္လည္း သူေတာင္းစားမဟုတ္ဟုေျပာေပဦးမည္။ လ်ိဳဖန္းလည္း လက္႐ွိျဖဴေနသည့္ဆံပင္မ်ား ပိုမိုျဖဴသြားႏိုင္ေလာက္သည္အထိ စဥ္းစားမိပီးသည့္အခါတြင္ေတာ့

"ဘယ္လိုလုပ္ရင္ ေ႐ွာင္ေဖးစိတ္ေျပႏိုင္မလဲဆိုတာကိုေတာ့ ကြၽန္ေတာ္မ်ိဳး မသိႏိုင္ေပမဲ့ လီြၾကင္ယာေတာ္ ဆိုရင္ေတာ့သိေလာက္မယ္လို႔ထင္ပါတယ္"

"လီြၾကင္ယာေတာ္ ဆိုတာ ဟိုကေလးမေလးလား?"

"ဟုတ္ပါတယ္။ ကြၽန္ေတာ္မ်ိဳးသိရသေလာက္ ေ႐ွာင္ေဖးက လီြၾကင္ယာေတာ္နဲ႔ အေတာ္ေလးရင္းႏွီးပါတယ္။ ေနာက္ပီး လီြၾကင္ယာေတာ္က ထက္ျမက္တဲ့သူတစ္ေယာက္မဟုတ္လား အဲဒါေၾကာင့္ သူမဆိုရင္ေတာ့ သိႏိုင္ေလာက္တယ္ထင္တယ္"

"အင္း...အၾကံေကာင္းပဲ အဲဒါဆို လီြၾကင္ယာေတာ္ ကို သြားေခၚလာခဲ့"

"အမိန္႔ေတာ္အတိုင္းပါ"

စာၾကည့္ေဆာင္ထဲမွ မထြက္ခြာခင္ လ်ိဳဖန္းတစ္ေယာက္ ယီြပင္းအား မၾကည္အၾကည့္ျဖင့္ၾကည့္ရန္လည္းမေမ့ခဲ့။ သိုေသာ္ျငား ယီြပင္းကေတာ့ ထိုအၾကည့္ေလာက္ကုိမမႈ...သူ႔အေနျဖင့္ ဒီကိစၥထဲဝင္မပါရဖို႔သာအေရးႀကီးေလသည္။

-------------------------------------------------
"ခဏေလး...ခဏေလး ငါမိေတာ့မယ္ အဲဒီမွာပဲ ၿငိမ္ၿငိမ္ေလးေန"

"မိပီလား? လာလို႔ရပီလား? လႈပ္လို႔ရပီလား?"

"က်န္႔က်န္႔ မကူညီရင္ေန မေႏွာက္ယွက္နဲ႔"

ယခု ဟိုက္စန္းႏွင့္ ေ႐ွာင္က်န္႔တို႔မွာ တပ္စခန္းေျမာက္ဘက္နား႐ွိ ေရကန္ငယ္ထဲတြင္ ငါးဖမ္းေနၾကျခင္းသာျဖစ္သည္။ အိမ္ေ႐ွ႕စံကို စိတ္ေကာက္ေနသည့္ ေ႐ွာင္က်န္႔က စားစရာမ႐ွိ ငတ္ေနေသာေၾကာင့္ ဟိုက္စန္းတစ္ေယာက္ ငါးဖမ္း ဌက္ပစ္ စသျဖင့္ တတ္သည့္ပညာ မေနသာဘဲ ထိုေကာင္ေလးပါးစပ္လႈပ္ေရးအတြက္ ေရကုန္ေရခမ္းႀကိဳးပမ္းေနရေလသည္။ အမွန္က ဟိုက္စန္းအေနျဖင့္ ၿမိဳ႕ထဲတြင္သေရစာမုန္႔မ်ားကိုထြက္ဝယ္ရန္ အခက္အခဲမ႐ွိေသာ္ျငား သူ၏တာဝန္မွာ ေ႐ွာင္ေဖးအား ကာကြယ္ရမည္ျဖစ္ေသာေၾကာင့္ ထိုေကာင္ေလးအားတစ္ေယာက္တည္း ထားမသြားခ်င္သျဖင့္ ႐ွိသမ်ွအၾကံအကုန္ထုတ္သံုးေနရျခင္းျဖစ္သည္။

"မိပီကြ"

"မိပီလား မိပီလား?"

"အင္း မိပီ....အခုဒီငါးကို မင္းကိုကင္ေကြၽးမယ္"

"စားမယ္"

ဖမ္းမိလာေသာငါးမ်ားကို ကင္ေကြၽးေသာအခါ စားေနရင္းမွ ေ႐ွာင္က်န္႔မွာ

"ဒါပီးရင္ ဘာစားရဦးမွာလဲ"

ပါးစပ္ထဲသို႔ပင္ ေသခ်ာမဝင္ေသးသည့္ ကင္ထားသည့္ငါးအားကိုင္ထားရင္းျဖင့္ ေမးလာသည့္ေကာင္ေလးေၾကာင့္ ဟိုက္စန္းမွာ

"ခုနကလည္း မင္းကိုငါ အသီးေတြခူးေကြၽးပီးပီေလ"

"အင္းေလ ဒါေပမဲ့ အိမ္ေ႐ွ႕စံႀကီးဆိုရင္ က်န္႔က်န္႔ကိုတစ္ေန႔အနည္းဆံုး ငါးႀကိမ္ေလာက္မုန္႔ေကြၽးတာ"

"အဲဒါဆိုရင္လည္း မင္းအိမ္ေ႐ွ႕စံႀကီးအနားပဲသြားေနပါလားကြာ။ ဘာလို႔ ဒီမွာလာပီး ဒုကၡခံေနလဲ?"

"မေနႏိုင္ပါဘူး။ အခုသူ႔ကိုစိတ္ဆိုးေနတယ္။ ေျပာရင္းဆိုရင္းနဲ႔ေတာင္ သတိရလာပီ"

"အိမ္ေ႐ွ႕စံကိုလား?"

"ဟုတ္ဖူး။ သူ႔ဆီကိုေန႔လည္ဆို လာလာဆက္သတဲ့ သေရစာေတြကို"

ေ႐ွာင္က်န္႔၏ အေျဖေၾကာင့္ ဟိုက္စန္းတစ္ေယာက္ စိတ္ထဲတြင္ အိမ္ေ႐ွ႕စံအတြက္ တိတ္တိတ္ကေလး ေၾကကြဲမိသြားသည္။

"အဲဒါဆိုရင္လည္း ငါမင္းကို ယုန္ဖမ္းေပးမယ္"

"ယုန္? ေဆာ့ဖို႔လား?"

"စားဖို႔ေလ"

"ယုန္! ယုန္ကုိစားမယ္"

မ်က္ဝန္းမ်ားပင္ျပဴးကာေျပာလာေသာ ေကာင္ေလးအား

"ဟုတ္တယ္ ယုန္ကင္ေလ။ အရင္ကဆို ငါတာဝန္ထမ္းေဆာင္စရာေတြ႐ွိလို႔ ေတာထဲမွာေနရတုန္းက ခဏခဏကင္စားျဖစ္တာ"

ထိုအခါ မအီမသာမ်က္ႏွာျဖစ္ေနေသာ အေ႐ွ႕မွ ေ႐ွာင္က်န္႔ေၾကာင့္

"ဘာလဲ မင္းအမ်ိဳးမို႔လို႔ မစားခ်င္ဘူးလား?"

"ယုန္ကေတာ့ သနားပါတယ္"

"အဲ့တာဆို မင္းအခုစားေနတဲ့ ငါးကေရာသနားစရာမေကာင္းဘူးလား?"

ဟိုက္စန္း ေျပာလိုက္သည့္အခါ ပါးစပ္ထဲသို႔ေရာက္ခါနီးငါးကင္ေလးအား ထည့္ရမလို ထုတ္ရမလိုျဖစ္ေနသည့္ ေ႐ွာင္က်န္႔ေၾကာင့္

"ဟား..ဟား..ငါက စတာပါကြ။ ဘာမွမျဖစ္ဘူး စားသာစား။ သတၱဝါဆိုတာ လူခြၽတ္မွကြၽတ္တာကြ"

"အဲဒါဘာေျပာတာလဲ?"

"ဒီလိုေလ ငါတုိ႔စားေပးမွ သူတို႔က တိရစၧာန္ဘဝက ကြၽတ္ပီးေနာက္ဘဝမွာ လူျဖစ္ရင္ျဖစ္လာမွာလို႔ေျပာတာ"

ဟိုက္စန္းစကားအဆံုး ေ႐ွာင္က်န္႔မွာ မ်က္ဝန္းမ်ားေတာက္လာကာ လက္ထဲ႐ွိငါးကင္ကုိအလ်င္အျမန္စားလိုက္ပီးေနာက္ ထိုင္ေနရာမွထကာ

"လာ သြားၾကမယ္"

"ဘယ္ကိုလဲ?"

"လိုက္ဆိုရင္ လိုက္ခဲ့ေပါ့"

ေ႐ွာင္က်န္႔ေခၚသည့္ေနာက္သုိ႔ လိုက္သြားမိသည့္ ဟိုက္စန္းမွာ စစ္ေရးက်င့္သည့္ ျမင္းမ်ားကိုထည့္ထားသည့္ျမင္ေဇာင္းကိုေရာက္လာသျဖင့္

"ဒီကုိဘာလာလုပ္တာလဲ?"

"သူတုိ႔ကို ျမင္းဘဝကေန ခြၽတ္ေပးမလုိ႔ေလ"

"ဟမ္!! ဘာ..အခုဘာေျပာလိုက္တာ"

"ဟုတ္တယ္ေလ ဒီကုိစေရာက္ကတည္းက က်န္႔က်န္႔ၾကည့္ေနတာၾကာပီ။ ျမင္းေတြကို ေလွာင္အိမ္ထဲထည့္ထားပီး.."

"ျမင္းေဇာင္းပါ က်န္႔က်န္႔ရာ"

"တူတူပဲကို...အဲ့ေဇာင္းထဲထည့္ထားတဲ့အျပင္ တစ္ခါတစ္ေလက်ရင္လည္း အျပင္ကိုထုတ္ပီး လူေတြကတက္တက္စီးတာ တကယ္သနားဖို႔မေကာင္းဘူးလား? အဲဒီေတာ့ သူတုိ႔ကို ျမင္းဘဝကေနကြၽတ္သြားေအာင္ က်န္႔က်န္႔တို႔က ကူညီေပးရေအာင္...ဒါနဲ႔ ျမင္းသားေရာ စားဖူးလား? စားလို႔ေကာင္းလား?"

စစ္တိုက္ရန္ႏွင့္ စစ္ေရးေလ့က်င့္သည့္ျမင္းေတြကုိ သတ္စားရန္ျပင္ေနသည္ ေ႐ွာင္က်န္႔ေၾကာင့္ ဟိုက္စန္းတစ္ေယာက္ ေယာင္ယမ္းပီး မိမိလည္ပင္းကုိသာ ျပန္စမ္းလိုက္မိကာ

'အမေလး ငါ့ေခါင္းေတာ့ျပဳတ္ေတာ့မွာပဲ! ဝမ္အင္ပါယာရဲ႕ စစ္ျမင္းေတြကိုမ်ား ခ်က္စားဦးမလို႔တဲ့။ မျဖစ္ေသးဘူး လံုးဝမျဖစ္ဘူး ငါ့ေခါင္းမျပဳတ္ခင္ ဒီဝမ္းမနာသားေလးကို ပိုင္႐ွင္လက္ထဲအျမန္ျပန္ထည့္ေပးမွပဲ။ တစ္သက္လံုး အေ႐ွာင္အတိမ္းေကာင္းလာခဲ့သမ်ွ ဒီတစ္ခါမွ ေခါင္းနဲ႔ကုိယ္အိုးစားကြဲေတာ့မခံႏိုင္ဘူး"

"ဟင့္အင္း ျမင္းသားကစားမေကာင္းဘူး။ စားလို႔လည္းမရဘူး။ ေနာက္ပီးသူတုိ႔ကိုသတ္လည္း သူတုိ႔ကေတာ့လူမျဖစ္လာႏိုင္ဘူး"

"ဟင္..ခုနေျပာေတာ့ လူခြၽတ္မွကြၽတ္မွာဆို"

"ဟုတ္ေတာ့ဟုတ္တယ္....ဒါေပမဲ့ အဲဒီအထဲမွာ ျမင္းေတာ့မပါဘူး"

"ဘာျဖစ္လို႔မပါတာလဲ"

'နင့္လင္ပိုင္တာမို႔လို႔ဟဲ့! နင့္လင္က ငါ့ကိုသတ္မွာမို႔ဟ'

စိတ္ထဲကေန ေဒါသအေတာင့္လိုက္ထြက္ေနပီျဖစ္ေသာ္ျငား အိမ္ေ႐ွ႕စံ၏အခ်စ္ေတာ္ေလးျဖစ္ေနေသာေၾကာင့္ အျပင္ဘက္တြင္ေတာ့ စိတ္ကိုထိန္းလိုက္ကာ

"ဟို...ဒါေတြက စစ္ျမင္းေတြေလ အဲဒီေတာ့ သူတို႔က တိုက္ပြဲေတြမွာ ပါခဲ့ရေတာ့ အကုသိုလ္မ်ားတာမို႔ ေသရင္ေတာင္ ငရဲပဲေရာက္မွာ လူမျဖစ္ဘူး။ အဲဒါေၾကာင့္ ဒီအတိုင္းထားလိုက္ပါေနာ္ ေနာက္ပီး ဒါေတြက ဝမ္အင္ပါယာက ပိုင္တာ ငါတို႔မဆင္မျခင္သတ္လို႔မရဘူး"

မနည္းပင္ေခ်ာ့ေမာ့ကာျမင္ေဇာင္းမွ ျပန္ေခၚလာရသည့္ ထိုေကာင္ေလးအား အိမ္ေ႐ွ႕စံ၏လက္ထဲသို႔ မည္ကဲ့သို႔ျပန္ပို႔ရမည္နည္းဟု ဟိုက္စန္းမွာ သူ၏ဦးေႏွာက္အား အလ်ွင္အျမန္ပင္အလုပ္ေပးကာ အၾကံထုတ္ေနမိသည္။ တကယ္ပါ...ဒီဟာေလးကိုေတာ့ ဟိုက္စန္းတကယ္မႏိုင္ပါ။ ထို႔ေၾကာင့္ ပိုင္႐ွင္အမွန္၏ လက္ထဲသို႔သာ မျဖစ္ျဖစ္တဲ့နည္းျဖင့္ ျပန္ပို႔ရမည္ျဖစ္သည္။ ထို႔ေၾကာင့္

"ဟိုေလ...က်န္႔က်န္႔ အခုေလာက္ဆိုရင္ အိမ္ေ႐ွ႕စံဆီကို ျပန္သြားသင့္ပီထင္တယ္"

"မသြားႏိုင္ပါဘူး။ က်န္႔က်န္႔ကို ေစာ္ကားထားတဲ့ဟာကို"

"အိမ္ေ႐ွ႕စံက ဘယ္မွာေစာ္ကားလို႔လဲ? က်န္႔က်န္႔ကသာ အထင္လြဲေနတာပါ။ အိမ္ေ႐ွ႕စံက မင္းအေပၚမွာတကယ္ေကာင္းတယ္ဆိုတာ လူတိုင္းသိတယ္"

"မသိဘူး အဲဒီလိုဆိုရင္ေတာင္ က်န္႔က်န္႔ကေတာ့ စမေခၚႏိုင္ဘူး"

ဟုတ္တယ္...ေ႐ွာင္က်န္႔ေလးက မာန႐ွိတယ္။ အခုေကာက္လိုက္ အခုေျဖာင့္လိုက္ အမ်ဳိးမ်ိဳးမလုပ္တတ္ဘူး။ ေျပာမယ့္သာေျပာရတာ စိတ္ထဲမွာေတာ့ အရမ္းလြမ္းေနမိပီ။ ဝမ္ရိေပၚႀကီးရဲ႕မုန္႔ေတြကို...

-------------------------------------------------
"ျပဇာတ္ ဟုတ္လား?"

စာၾကည့္ေဆာင္ထဲတြင္ လူႀကီးတစ္ေယာက္အလား ႐ႈတည္တည္ျဖင့္ထိုင္ေနသည့္ လီြၾကင္ယာေတာ္မွ

"ဟုတ္တယ္ ကြၽန္မသိသေလာက္ကေတာ့ ေ႐ွာင္ေဖးက ျပဇာတ္ေတြကိုအရမ္းသေဘာက်တယ္။ အခု သူဒီကိုေရာက္ေနတာၾကာပီဆိုေတာ့ ျပဇာတ္လည္းလံုးဝမၾကည့္ရဘူးေလ။ အဲဒါေၾကာင့္ ျပဇာတ္ေပးၾကည့္မယ္ဆိုရင္ေတာ့ သူစိတ္ေျပေလာက္တယ္"

"ကိုယ္ေတာ္သိပီ"

လီြၾကင္ယာေတာ္ ျပန္သြားသည့္အခါ ဝမ္ရိေပၚမွာ လ်ိဳဖန္းအား

"လ်ိဳဖန္း ျပဇာတ္အဖြဲ႔ကို ေခၚဖို႔ ေမာင္မင္းတာဝန္ယူလိုက္။ အျပင္မွာသြားၾကည့္ရင္ ေ႐ွာင္ေဖးအတြက္ အႏၲရာယ္မ်ားလို႔ ဒီမွာပဲ ျပင္ဆင္ၾကရေအာင္။ ကိုယ္ေတာ္တုိ႔ ဒီေတာင္ပိုင္းက မထြက္ခြာခင္ ႏႈတ္ဆက္ပြဲလုပ္တာဆုိပီး ေၾကျငာလိုက္"

"အမိန္႔ေတာ္အတိုင္းပါ အိမ္ေရွ႕စံ"

အိပ္ေဆာင္သို႔ျပန္ေရာက္ေသာအခါ ယခုအခ်ိန္အထိျပန္မေရာက္ေသးေသာ ကေလးေပါက္အား ဝမ္ရိေပၚမွာ ငုတ္တုတ္ထိုင္ေစာင့္ေနေလသည္။ အိပ္ခါနီးအခ်ိန္မွ ဝင္လာေသာ ေ႐ွာင္က်န္႔က သူ႔အားမျမင္ခ်င္ေယာင္ေဆာင္ကာ အိပ္ယာေပၚသို႔တက္သြားပီး ဟိုဘက္လွည့္အိပ္ေနသျဖင့္ ဝမ္ရိေပၚမွာ

"အဟမ္း! က်န္႔က်န္႔....က်န္႔က်န္႔"

ေခၚေနေသာ္ျငား သူ႔အားလံုးဝအဖက္မလုပ္သည့္ ကေလးေပါက္ေၾကာင့္ လက္ေမာင္းအားလွမ္းဆြဲကာ သူ႔ဘက္သို႔မ်က္ႏွာမူေစလိုက္ပီး

"က်န္႔က်န္႔ ကုိယ္ေတာ္ေခၚေနတယ္ေလ"

"ဘာလို႔ က်န္႔က်န္႔လို႔လာေခၚေနရတာလဲ? ဒီအတိုင္း သူဖုန္းစားေလးလို႔သာေခၚလိုက္ပါလား"

"မဟုတ္ရပါဘူး က်န္႔က်န္႔ရာ ကုိယ္ေတာ္က ကိုယ္ေတာ့္ရဲ႕ေ႐ွာင္ေဖးေလးကို အဲဒီလိုေတြးပါ့မလား? ေနာက္ပီး အခုလည္း ကိုယ္ေတာ္တို႔ သိပ္မၾကာခင္ ဒီကေန ေျမာက္ပိုင္းကိုသြားရေတာ့မွာမလား? အဲဒါမသြားခင္ ႏႈတ္ဆက္ပြဲလုပ္ရင္းနဲ႔ က်န္႔က်န္႔ၾကည့္ဖို႔ ျပဇာတ္အဖြဲ႔ကိုေခၚေပးမလားလို႔?"

"ျပဇာတ္!!! တကယ္လား?"

ျပဇာတ္အေၾကာင္း ၾကားသည့္ႏွင့္ လွဲေနရာမွာခ်က္ခ်င္းထထိုင္သည့္ အေကာင္ေပါက္အား

"အင္း တကယ္ေပါ့ ၾကည့္မလား"

"ၾကည့္မယ္ ၾကည့္မယ္ ျပဇာတ္မၾကည့္ရတာ ဘယ္ေလာက္ၾကာေနပီလဲ?"

"အဲဒါဆို ကုိယ္ေတာ့္ကို စိတ္ဆိုးေျပပီလား?"

"နည္းနည္းေတာ့ ေျပပီ"

ဒီေလာက္ေခ်ာ့ေနတာေတာင္ နည္းနည္းပဲေျပေသးသည့္ကေလးေပါက္ေၾကာင့္

"အဲဒါဆို တျခားဘာျဖစ္ခ်င္တာ႐ွိလဲ? ဘာလိုခ်င္လဲ ႀကိဳက္တာေျပာ"

"စဥ္းစားလိုက္ဦးမယ္။ သတိရတဲ့အခ်ိန္က်ရင္ေျပာမယ္။ အခုေတာ့ အိပ္ေတာ့မယ္"

ဤသို႔ျဖင့္ ေကာက္ေတာ္မူေနေသာ ကေလးေပါက္အား ျပန္လည္စိတ္ေျပေစရန္ ႀကိဳးပမ္းသည့္အေရးေတာ္ပံုႀကီးေအာင္ျမင္ပီးသြားသည့္ အခါတြင္ေတာ့ ဝမ္ရိေပၚတစ္ေယာက္ သူ၏ကေလးေပါက္အား ရင္ခြင္ထဲတြင္ ျပန္ထည့္၍အိပ္ႏိုင္ခဲ့ပီျဖစ္ေလသည္။

လ်ိဳဖန္း၏စီစဥ္မႈျဖင့္ လံုရန္ၿမိဳ႕မွ နာမည္ႀကီးျပဇာတ္အားေခၚေဆာင္ခဲ့သည္။ စားေသာက္ပြဲတြင္ အိမ္ေ႐ွ႕စံ၏ေပါင္ေပၚတြင္ထိုင္ေနသည့္ ေ႐ွာင္ေဖးက ျပဇာတ္ၾကည့္ေနရင္းမွ ရယ္ရသည့္အခါမ်ိဳးတြင္ တစ္ခ်က္တစ္ခ်က္ ထ႐ိုက္တတ္သျဖင့္ ဝမ္ရိေပၚ၏ လက္ေမာင္းမ်ားႏွင့္ ေက်ာမ်ားပင္အေတာ္ပူထူေနရပီျဖစ္သည္။ သို႔ေသာ္ျငား အလြန္အမင္းေပ်ာ္ရႊင္ေနဟန္ရသည့္ သူ႔ကေလးေပါက္ေၾကာင့္ ဝမ္ရိေပၚတစ္ေယာက္မွာေတာ့ အျပစ္မျမင္ႏိုင္ အသည္းတယားယားသာျဖစ္ေနရကာ ျပဇာတ္ထဲတြင္သာ အာရံုအျပည့္အဝ႐ွိေနေသာ ေ႐ွာင္က်န္႔၏ခါးေသးေသးေလးကိုသာ ပိုတိုး၍ဖက္ထားလိုက္မိသည္။ မၾကာခဏ အ႐ိုက္ခံေနရသည့္ အိမ္ေ႐ွ႕စံကို ျမင္ေနရသည့္ စားေသာက္ပြဲမွ သူမ်ားမွာေတာ့ ထိုျမင္ကြင္းကို ရယ္ခ်င္လြန္းလွသည္ကို မထိန္းႏိုင္ၾကေသာအခါ ျပဇာတ္ကိုၾကည့္ရင္းရယ္သည့္ပံုႏွင့္သာ ေရာခ်လိုက္ၾကရေတာ့သည္။ ဤသို႔ျဖင့္ ဝမ္အင္ပါယာမွ အိမ္ေ႐ွ႕စံဝမ္ရိေပၚ၏ ေတာင္ပိုင္းခရီးစဥ္၏ေနာက္ဆံုးေန႔ေလးသည္ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ျဖင့္ပင္ ကုန္ဆံုးခဲ့ၾကေလသည္။

_____________________________
Huli ေရးသမ်ွ fic ေတြအားလံုးကို WP မွာျဖစ္ေစ FB မွာျဖစ္ေစ တစ္ပုဒ္လံုး၏ ss မ်ားအားတင္ျခင္း၊ ျပန္လည္ကူးယူေရးသားျခင္းအစ႐ွိသည္တို႔ကို လံုးဝခြင့္မျပဳပါဘူး႐ွင္....
(23 Jan 2021)

EY ေလးကို FB မွာျပန္ေရးဖို႔လုပ္တဲ့သူကေတာ့ Huli ကိုလာေတာင္းပန္ပီးသြားပါပီ.....

Unicode

(မကောက်တတ်သောရှောင်ဖေး မချော့တတ်သောအိမ်ရှေ့စံ)

စာကြည့်ဆောင်ထဲတွင် ဟိုဘက်လျှောက်လိုက် ဒီဘက်လျှောက်လိုက်ဖြင့် အိနြေ္ဒမရ ဖြစ်နေသော လူတိုင်းကကြောက်ရွံ့ရသည့် အိမ်ရှေ့စံကို ယွီပင်းနှင့်လျိုဖန်းမှာတော့ အကြည့်ချင်းမဆုံမိစေရန်အလို့ဌာ အတတ်နိုင်ဆုံး မျက်လုံးများကိုလွှဲထားကြလေသည်။ အကြည့်ချင်းဆုံရန်ကြိုးစားနေသည့် ဝမ်ရိပေါ်မှာနောက်ဆုံးတော့ သူ့အားတစ်ယောက်မှကြည့်မနေသဖြင့် မနေနိုင်တော့ဘဲ

"အခုဘယ်လိုလုပ်ကြမလဲ?"

ဝမ်ရိပေါ်တစ်ယောက် အမှန်ပင်အခက်တွေ့နေရပီဖြစ်သည်။ ကလေးပေါက်က သူ့ကိုတော်ယုံစိတ်ဆိုးသွားခြင်းမဟုတ်ပေ။ အခုဆိုလျှင် သူဘာကျွေးကျွေး စားလည်းမစားတော့သလို သူနှင့်အတူထမင်းတောင်မစားတော့ပေ။ မျက်နှာချင်းလည်းမဆိုင်သလို အိပ်လျှင်တောင် ကျောပေး၍အိပ်လေသည်။ စိတ်ရှိတိုင်းဆိုလျှင် သူတို့နှစ်ယောက်ကြားတွင် ဝင်မွှေသွားသည့် နွဲ့ဟိုက်ဆန်းအား အပြစ်ပေးလိုက်ချင်သော်ငြား ထိုသို့လုပ်လိုက်မိပါက ကလေးပေါက်ကပို၍စိတ်ဆိုးသွားမည်ကိုစိုးသဖြင့် သူ့မှာဘာလုပ်ရမှန်းပင် မသိဖြစ်နေရသည်။

မည်မျှပင် ရင်မဆိုင်ချင်သဖြင့် ရှောင်ဖယ်ရန်ကြိုးစားသော်လည်း နောက်ဆုံးတော့ သူတို့ဆီသာ ရောက်လာသည့် အိမ်ရှေ့စံ၏အမေးကြောင့် ယွီပင်းလည်း

"ဟို...သူကြိုက်တတ်တဲ့ မုန့်ကျွေး..."

"မုန့်!! ဟုတ်လား? သူက အခု မုန့်ကိစ္စနဲ့စိတ်ဆိုးသွားတာကို ကိုယ်တော်ကထပ်ပီး မုန့်အကြောင်းသွားပြောရင် ပိုဆိုးသွားမှာပေါ့။ မောင်မင်း အဲဒီလောက်တောင်မသိဘူးလား?"

"မှားသွားပါတယ် အိမ်ရှေ့စံ"

'အဲဒီလောက်သိနေရင် ကျွန်တော်မျိုးလည်းအခုအချိန်ဆိုရင် ယောက်ျားရ...အဲလေ.. မိန်းမရနေလောက်ပီပေါ့ အိမ်ရှေ့စံရဲ့'

တစ်နေ့တစ်နေ့ သတ်ရန်ဖြတ်ရန်စသည့်အလုပ်က လွဲလျှင်ကျန်တဲ့ ကိစ္စကိုနားမလည်သည့်သူက အခုလို ကလေးထိန်းရမည့် ကိစ္စနှင့်ပတ်သတ်ပီး အဘယ်မှာနားလည်လိမ့်မည်နည်း။ ထို့ကြောင့် ဝင်မပါလိုသဖြင့် မသိချင်ယောင်ဆောင်နေသည်ကို အတင်းပင်မေးလာပီး အခုအကြံဉာဏ်ပေးပြန်တော့လည်း စကားပင်မဆုံးသေးခင် ဖြတ်ပြောလာကာ ဒေါသပိုကြီးလာသော အိမ်ရှေ့စံကြောင့် ယွီပင်းတစ်ယောက် သေချင်စိတ်ပေါက်နေရပီဖြစ်သည်။ ထို့ကြောင့်မိမိလက်ကလွတ်လျှင်ပီးရောဟုသာ တွေးလိုက်မိပီး အထိန်းတော်ကြီးလျိုဖန်းအား

"ဟို အထိန်းတော်ကြီးဆီမှာ ဘာအကြံကောင်းများရှိမလဲ?"

အသက်ပင်အောင့်ထားကာ လူသေလိုမျိုးနေနေပါသည်ဆိုမှ ကိုယ်ရံတော်ယွီပင်း မှာ အမှိုက်ထုပ်အားသူ့ခေါင်းပေါ်တည့်တည့်သို့ပစ်ပေးလာသဖြင့် လျိုဖန်းတစ်ယောက် စိတ်ထဲမှာကြိတ်ကာကျိန်ဆဲနေလိုက်မိတော့သည်။

'ကျက်သရေမရှိတဲ့ ယွီပင်း...ငါကောင်းကောင်းနေရတာကို တကယ်ပဲမမြင်ချင်ဘူးထင်တယ်။ ချောက်ထဲတွန်းချနေတယ်။ စစ်တိုက်ထွက်တဲ့အချိန်ကျရင် မြင်းတက်နင်းတာခံရမဲ့ဟာလေး'

အမှုထုပ်သူ၏ခေါင်းပေါ်သို့ကျလာပီဖြစ်သောကြောင့် လျိုဖန်းမှာဦးနှောက်ကို အတင်းပင်ညစ်ထုတ်ကာ အကြံဉာဏ်စဉ်းစားသော်လည်းမထွက်ပေ။ ရှောင်ဖေးအကြိုက်က မုန့်နှင့်ပိုက်ဆံဟုသိထားသော်ငြား ယခုအချိန်ထိုအရာများသွားပေးပီးချော့လျှင်လည်း သူတောင်းစားမဟုတ်ဟုပြောပေဦးမည်။ လျိုဖန်းလည်း လက်ရှိဖြူနေသည့်ဆံပင်များ ပိုမိုဖြူသွားနိုင်လောက်သည်အထိ စဉ်းစားမိပီးသည့်အခါတွင်တော့

"ဘယ်လိုလုပ်ရင် ရှောင်ဖေးစိတ်ပြေနိုင်မလဲဆိုတာကိုတော့ ကျွန်တော်မျိုး မသိနိုင်ပေမဲ့ လွီကြင်ယာတော် ဆိုရင်တော့သိလောက်မယ်လို့ထင်ပါတယ်"

"လွီကြင်ယာတော် ဆိုတာ ဟိုကလေးမလေးလား?"

"ဟုတ်ပါတယ်။ ကျွန်တော်မျိုးသိရသလောက် ရှောင်ဖေးက လွီကြင်ယာတော်နဲ့ အတော်လေးရင်းနှီးပါတယ်။ နောက်ပီး လွီကြင်ယာတော်က ထက်မြက်တဲ့သူတစ်ယောက်မဟုတ်လား အဲဒါကြောင့် သူမဆိုရင်တော့ သိနိုင်လောက်တယ်ထင်တယ်"

"အင်း...အကြံကောင်းပဲ အဲဒါဆို လွီကြင်ယာတော် ကို သွားခေါ်လာခဲ့"

"အမိန့်တော်အတိုင်းပါ"

စာကြည့်ဆောင်ထဲမှ မထွက်ခွာခင် လျိုဖန်းတစ်ယောက် ယွီပင်းအား မကြည်အကြည့်ဖြင့်ကြည့်ရန်လည်းမမေ့ခဲ့။ သိုသော်ငြား ယွီပင်းကတော့ ထိုအကြည့်လောက်ကိုမမှု...သူ့အနေဖြင့် ဒီကိစ္စထဲဝင်မပါရဖို့သာအရေးကြီးလေသည်။

-------------------------------------------------
"ခဏလေး...ခဏလေး ငါမိတော့မယ် အဲဒီမှာပဲ ငြိမ်ငြိမ်လေးနေ"

"မိပီလား? လာလို့ရပီလား? လှုပ်လို့ရပီလား?"

"ကျန့်ကျန့် မကူညီရင်နေ မနှောက်ယှက်နဲ့"

ယခု ဟိုက်စန်းနှင့် ရှောင်ကျန့်တို့မှာ တပ်စခန်းမြောက်ဘက်နားရှိ ရေကန်ငယ်ထဲတွင် ငါးဖမ်းနေကြခြင်းသာဖြစ်သည်။ အိမ်ရှေ့စံကို စိတ်ကောက်နေသည့် ရှောင်ကျန့်က စားစရာမရှိ ငတ်နေသောကြောင့် ဟိုက်စန်းတစ်ယောက် ငါးဖမ်း ဌက်ပစ် စသဖြင့် တတ်သည့်ပညာ မနေသာဘဲ ထိုကောင်လေးပါးစပ်လှုပ်ရေးအတွက် ရေကုန်ရေခမ်းကြိုးပမ်းနေရလေသည်။ အမှန်က ဟိုက်စန်းအနေဖြင့် မြို့ထဲတွင်သရေစာမုန့်များကိုထွက်ဝယ်ရန် အခက်အခဲမရှိသော်ငြား သူ၏တာဝန်မှာ ရှောင်ဖေးအား ကာကွယ်ရမည်ဖြစ်သောကြောင့် ထိုကောင်လေးအားတစ်ယောက်တည်း ထားမသွားချင်သဖြင့် ရှိသမျှအကြံအကုန်ထုတ်သုံးနေရခြင်းဖြစ်သည်။

"မိပီကွ"

"မိပီလား မိပီလား?"

"အင်း မိပီ....အခုဒီငါးကို မင်းကိုကင်ကျွေးမယ်"

"စားမယ်"

ဖမ်းမိလာသောငါးများကို ကင်ကျွေးသောအခါ စားနေရင်းမှ ရှောင်ကျန့်မှာ

"ဒါပီးရင် ဘာစားရဦးမှာလဲ"

ပါးစပ်ထဲသို့ပင် သေချာမဝင်သေးသည့် ကင်ထားသည့်ငါးအားကိုင်ထားရင်းဖြင့် မေးလာသည့်ကောင်လေးကြောင့် ဟိုက်စန်းမှာ

"ခုနကလည်း မင်းကိုငါ အသီးတွေခူးကျွေးပီးပီလေ"

"အင်းလေ ဒါပေမဲ့ အိမ်ရှေ့စံကြီးဆိုရင် ကျန့်ကျန့်ကိုတစ်နေ့အနည်းဆုံး ငါးကြိမ်လောက်မုန့်ကျွေးတာ"

"အဲဒါဆိုရင်လည်း မင်းအိမ်ရှေ့စံကြီးအနားပဲသွားနေပါလားကွာ။ ဘာလို့ ဒီမှာလာပီး ဒုက္ခခံနေလဲ?"

"မနေနိုင်ပါဘူး။ အခုသူ့ကိုစိတ်ဆိုးနေတယ်။ ပြောရင်းဆိုရင်းနဲ့တောင် သတိရလာပီ"

"အိမ်ရှေ့စံကိုလား?"

"ဟုတ်ဖူး။ သူ့ဆီကိုနေ့လည်ဆို လာလာဆက်သတဲ့ သရေစာတွေကို"

ရှောင်ကျန့်၏ အဖြေကြောင့် ဟိုက်စန်းတစ်ယောက် စိတ်ထဲတွင် အိမ်ရှေ့စံအတွက် တိတ်တိတ်ကလေး ကြေကွဲမိသွားသည်။

"အဲဒါဆိုရင်လည်း ငါမင်းကို ယုန်ဖမ်းပေးမယ်"

"ယုန်? ဆော့ဖို့လား?"

"စားဖို့လေ"

"ယုန်! ယုန်ကိုစားမယ်"

မျက်ဝန်းများပင်ပြူးကာပြောလာသော ကောင်လေးအား

"ဟုတ်တယ် ယုန်ကင်လေ။ အရင်ကဆို ငါတာဝန်ထမ်းဆောင်စရာတွေရှိလို့ တောထဲမှာနေရတုန်းက ခဏခဏကင်စားဖြစ်တာ"

ထိုအခါ မအီမသာမျက်နှာဖြစ်နေသော အရှေ့မှ ရှောင်ကျန့်ကြောင့်

"ဘာလဲ မင်းအမျိုးမို့လို့ မစားချင်ဘူးလား?"

"ယုန်ကတော့ သနားပါတယ်"

"အဲ့တာဆို မင်းအခုစားနေတဲ့ ငါးကရောသနားစရာမကောင်းဘူးလား?"

ဟိုက်စန်း ပြောလိုက်သည့်အခါ ပါးစပ်ထဲသို့ရောက်ခါနီးငါးကင်လေးအား ထည့်ရမလို ထုတ်ရမလိုဖြစ်နေသည့် ရှောင်ကျန့်ကြောင့်

"ဟား..ဟား..ငါက စတာပါကွ။ ဘာမှမဖြစ်ဘူး စားသာစား။ သတ္တဝါဆိုတာ လူချွတ်မှကျွတ်တာကွ"

"အဲဒါဘာပြောတာလဲ?"

"ဒီလိုလေ ငါတို့စားပေးမှ သူတို့က တိရစၧာန်ဘဝက ကျွတ်ပီးနောက်ဘဝမှာ လူဖြစ်ရင်ဖြစ်လာမှာလို့ပြောတာ"

ဟိုက်စန်းစကားအဆုံး ရှောင်ကျန့်မှာ မျက်ဝန်းများတောက်လာကာ လက်ထဲရှိငါးကင်ကိုအလျင်အမြန်စားလိုက်ပီးနောက် ထိုင်နေရာမှထကာ

"လာ သွားကြမယ်"

"ဘယ်ကိုလဲ?"

"လိုက်ဆိုရင် လိုက်ခဲ့ပေါ့"

ရှောင်ကျန့်ခေါ်သည့်နောက်သို့ လိုက်သွားမိသည့် ဟိုက်စန်းမှာ စစ်ရေးကျင့်သည့် မြင်းများကိုထည့်ထားသည့်မြင်ဇောင်းကိုရောက်လာသဖြင့်

"ဒီကိုဘာလာလုပ်တာလဲ?"

"သူတို့ကို မြင်းဘဝကနေ ချွတ်ပေးမလို့လေ"

"ဟမ်!! ဘာ..အခုဘာပြောလိုက်တာ"

"ဟုတ်တယ်လေ ဒီကိုစရောက်ကတည်းက ကျန့်ကျန့်ကြည့်နေတာကြာပီ။ မြင်းတွေကို လှောင်အိမ်ထဲထည့်ထားပီး.."

"မြင်းဇောင်းပါ ကျန့်ကျန့်ရာ"

"တူတူပဲကို...အဲ့ဇောင်းထဲထည့်ထားတဲ့အပြင် တစ်ခါတစ်လေကျရင်လည်း အပြင်ကိုထုတ်ပီး လူတွေကတက်တက်စီးတာ တကယ်သနားဖို့မကောင်းဘူးလား? အဲဒီတော့ သူတို့ကို မြင်းဘဝကနေကျွတ်သွားအောင် ကျန့်ကျန့်တို့က ကူညီပေးရအောင်...ဒါနဲ့ မြင်းသားရော စားဖူးလား? စားလို့ကောင်းလား?"

စစ်တိုက်ရန်နှင့် စစ်ရေးလေ့ကျင့်သည့်မြင်းတွေကို သတ်စားရန်ပြင်နေသည် ရှောင်ကျန့်ကြောင့် ဟိုက်စန်းတစ်ယောက် ယောင်ယမ်းပီး မိမိလည်ပင်းကိုသာ ပြန်စမ်းလိုက်မိကာ

'အမလေး ငါ့ခေါင်းတော့ပြုတ်တော့မှာပဲ! ဝမ်အင်ပါယာရဲ့ စစ်မြင်းတွေကိုများ ချက်စားဦးမလို့တဲ့။ မဖြစ်သေးဘူး လုံးဝမဖြစ်ဘူး ငါ့ခေါင်းမပြုတ်ခင် ဒီဝမ်းမနာသားလေးကို ပိုင်ရှင်လက်ထဲအမြန်ပြန်ထည့်ပေးမှပဲ။ တစ်သက်လုံး အရှောင်အတိမ်းကောင်းလာခဲ့သမျှ ဒီတစ်ခါမှ ခေါင်းနဲ့ကိုယ်အိုးစားကွဲတော့မခံနိုင်ဘူး"

"ဟင့်အင်း မြင်းသားကစားမကောင်းဘူး။ စားလို့လည်းမရဘူး။ နောက်ပီးသူတို့ကိုသတ်လည်း သူတို့ကတော့လူမဖြစ်လာနိုင်ဘူး"

"ဟင်..ခုနပြောတော့ လူချွတ်မှကျွတ်မှာဆို"

"ဟုတ်တော့ဟုတ်တယ်....ဒါပေမဲ့ အဲဒီအထဲမှာ မြင်းတော့မပါဘူး"

"ဘာဖြစ်လို့မပါတာလဲ"

'နင့်လင်ပိုင်တာမို့လို့ဟဲ့! နင့်လင်က ငါ့ကိုသတ်မှာမို့ဟ'

စိတ်ထဲကနေ ဒေါသအတောင့်လိုက်ထွက်နေပီဖြစ်သော်ငြား အိမ်ရှေ့စံ၏အချစ်တော်လေးဖြစ်နေသောကြောင့် အပြင်ဘက်တွင်တော့ စိတ်ကိုထိန်းလိုက်ကာ

"ဟို...ဒါတွေက စစ်မြင်းတွေလေ အဲဒီတော့ သူတို့က တိုက်ပွဲတွေမှာ ပါခဲ့ရတော့ အကုသိုလ်များတာမို့ သေရင်တောင် ငရဲပဲရောက်မှာ လူမဖြစ်ဘူး။ အဲဒါကြောင့် ဒီအတိုင်းထားလိုက်ပါနော် နောက်ပီး ဒါတွေက ဝမ်အင်ပါယာက ပိုင်တာ ငါတို့မဆင်မခြင်သတ်လို့မရဘူး"

မနည်းပင်ချော့မော့ကာမြင်ဇောင်းမှ ပြန်ခေါ်လာရသည့် ထိုကောင်လေးအား အိမ်ရှေ့စံ၏လက်ထဲသို့ မည်ကဲ့သို့ပြန်ပို့ရမည်နည်းဟု ဟိုက်စန်းမှာ သူ၏ဦးနှောက်အား အလျှင်အမြန်ပင်အလုပ်ပေးကာ အကြံထုတ်နေမိသည်။ တကယ်ပါ...ဒီဟာလေးကိုတော့ ဟိုက်စန်းတကယ်မနိုင်ပါ။ ထို့ကြောင့် ပိုင်ရှင်အမှန်၏ လက်ထဲသို့သာ မဖြစ်ဖြစ်တဲ့နည်းဖြင့် ပြန်ပို့ရမည်ဖြစ်သည်။ ထို့ကြောင့်

"ဟိုလေ...ကျန့်ကျန့် အခုလောက်ဆိုရင် အိမ်ရှေ့စံဆီကို ပြန်သွားသင့်ပီထင်တယ်"

"မသွားနိုင်ပါဘူး။ ကျန့်ကျန့်ကို စော်ကားထားတဲ့ဟာကို"

"အိမ်ရှေ့စံက ဘယ်မှာစော်ကားလို့လဲ? ကျန့်ကျန့်ကသာ အထင်လွဲနေတာပါ။ အိမ်ရှေ့စံက မင်းအပေါ်မှာတကယ်ကောင်းတယ်ဆိုတာ လူတိုင်းသိတယ်"

"မသိဘူး အဲဒီလိုဆိုရင်တောင် ကျန့်ကျန့်ကတော့ စမခေါ်နိုင်ဘူး"

ဟုတ်တယ်...ရှောင်ကျန့်လေးက မာနရှိတယ်။ အခုကောက်လိုက် အခုဖြောင့်လိုက် အမျိုးမျိုးမလုပ်တတ်ဘူး။ ပြောမယ့်သာပြောရတာ စိတ်ထဲမှာတော့ အရမ်းလွမ်းနေမိပီ။ ဝမ်ရိပေါ်ကြီးရဲ့မုန့်တွေကို...

-------------------------------------------------
"ပြဇာတ် ဟုတ်လား?"

စာကြည့်ဆောင်ထဲတွင် လူကြီးတစ်ယောက်အလား ရှုတည်တည်ဖြင့်ထိုင်နေသည့် လွီကြင်ယာတော်မှ

"ဟုတ်တယ် ကျွန်မသိသလောက်ကတော့ ရှောင်ဖေးက ပြဇာတ်တွေကိုအရမ်းသဘောကျတယ်။ အခု သူဒီကိုရောက်နေတာကြာပီဆိုတော့ ပြဇာတ်လည်းလုံးဝမကြည့်ရဘူးလေ။ အဲဒါကြောင့် ပြဇာတ်ပေးကြည့်မယ်ဆိုရင်တော့ သူစိတ်ပြေလောက်တယ်"

"ကိုယ်တော်သိပီ"

လွီကြင်ယာတော် ပြန်သွားသည့်အခါ ဝမ်ရိပေါ်မှာ လျိုဖန်းအား

"လျိုဖန်း ပြဇာတ်အဖွဲ့ကို ခေါ်ဖို့ မောင်မင်းတာဝန်ယူလိုက်။ အပြင်မှာသွားကြည့်ရင် ရှောင်ဖေးအတွက် အန္တရာယ်များလို့ ဒီမှာပဲ ပြင်ဆင်ကြရအောင်။ ကိုယ်တော်တို့ ဒီတောင်ပိုင်းက မထွက်ခွာခင် နှုတ်ဆက်ပွဲလုပ်တာဆိုပီး ကြေငြာလိုက်"

"အမိန့်တော်အတိုင်းပါ အိမ်ရှေ့စံ"

အိပ်ဆောင်သို့ပြန်ရောက်သောအခါ ယခုအချိန်အထိပြန်မရောက်သေးသော ကလေးပေါက်အား ဝမ်ရိပေါ်မှာ ငုတ်တုတ်ထိုင်စောင့်နေလေသည်။ အိပ်ခါနီးအချိန်မှ ဝင်လာသော ရှောင်ကျန့်က သူ့အားမမြင်ချင်ယောင်ဆောင်ကာ အိပ်ယာပေါ်သို့တက်သွားပီး ဟိုဘက်လှည့်အိပ်နေသဖြင့် ဝမ်ရိပေါ်မှာ

"အဟမ်း! ကျန့်ကျန့်....ကျန့်ကျန့်"

ခေါ်နေသော်ငြား သူ့အားလုံးဝအဖက်မလုပ်သည့် ကလေးပေါက်ကြောင့် လက်မောင်းအားလှမ်းဆွဲကာ သူ့ဘက်သို့မျက်နှာမူစေလိုက်ပီး

"ကျန့်ကျန့် ကိုယ်တော်ခေါ်နေတယ်လေ"

"ဘာလို့ ကျန့်ကျန့်လို့လာခေါ်နေရတာလဲ? ဒီအတိုင်း သူဖုန်းစားလေးလို့သာခေါ်လိုက်ပါလား"

"မဟုတ်ရပါဘူး ကျန့်ကျန့်ရာ ကိုယ်တော်က ကိုယ်တော့်ရဲ့ရှောင်ဖေးလေးကို အဲဒီလိုတွေးပါ့မလား? နောက်ပီး အခုလည်း ကိုယ်တော်တို့ သိပ်မကြာခင် ဒီကနေ မြောက်ပိုင်းကိုသွားရတော့မှာမလား? အဲဒါမသွားခင် နှုတ်ဆက်ပွဲလုပ်ရင်းနဲ့ ကျန့်ကျန့်ကြည့်ဖို့ ပြဇာတ်အဖွဲ့ကိုခေါ်ပေးမလားလို့?"

"ပြဇာတ်!!! တကယ်လား?"

ပြဇာတ်အကြောင်း ကြားသည့်နှင့် လှဲနေရာမှာချက်ချင်းထထိုင်သည့် အကောင်ပေါက်အား

"အင်း တကယ်ပေါ့ ကြည့်မလား"

"ကြည့်မယ် ကြည့်မယ် ပြဇာတ်မကြည့်ရတာ ဘယ်လောက်ကြာနေပီလဲ?"

"အဲဒါဆို ကိုယ်တော့်ကို စိတ်ဆိုးပြေပီလား?"

"နည်းနည်းတော့ ပြေပီ"

ဒီလောက်ချော့နေတာတောင် နည်းနည်းပဲပြေသေးသည့်ကလေးပေါက်ကြောင့်

"အဲဒါဆို တခြားဘာဖြစ်ချင်တာရှိလဲ? ဘာလိုချင်လဲ ကြိုက်တာပြော"

"စဉ်းစားလိုက်ဦးမယ်။ သတိရတဲ့အချိန်ကျရင်ပြောမယ်။ အခုတော့ အိပ်တော့မယ်"

ဤသို့ဖြင့် ကောက်တော်မူနေသော ကလေးပေါက်အား ပြန်လည်စိတ်ပြေစေရန် ကြိုးပမ်းသည့်အရေးတော်ပုံကြီးအောင်မြင်ပီးသွားသည့် အခါတွင်တော့ ဝမ်ရိပေါ်တစ်ယောက် သူ၏ကလေးပေါက်အား ရင်ခွင်ထဲတွင် ပြန်ထည့်၍အိပ်နိုင်ခဲ့ပီဖြစ်လေသည်။

လျိုဖန်း၏စီစဉ်မှုဖြင့် လုံရန်မြို့မှ နာမည်ကြီးပြဇာတ်အားခေါ်ဆောင်ခဲ့သည်။ စားသောက်ပွဲတွင် အိမ်ရှေ့စံ၏ပေါင်ပေါ်တွင်ထိုင်နေသည့် ရှောင်ဖေးက ပြဇာတ်ကြည့်နေရင်းမှ ရယ်ရသည့်အခါမျိုးတွင် တစ်ချက်တစ်ချက် ထရိုက်တတ်သဖြင့် ဝမ်ရိပေါ်၏ လက်မောင်းများနှင့် ကျောများပင်အတော်ပူထူနေရပီဖြစ်သည်။ သို့သော်ငြား အလွန်အမင်းပျော်ရွှင်နေဟန်ရသည့် သူ့ကလေးပေါက်ကြောင့် ဝမ်ရိပေါ်တစ်ယောက်မှာတော့ အပြစ်မမြင်နိုင် အသည်းတယားယားသာဖြစ်နေရကာ ပြဇာတ်ထဲတွင်သာ အာရုံအပြည့်အဝရှိနေသော ရှောင်ကျန့်၏ခါးသေးသေးလေးကိုသာ ပိုတိုး၍ဖက်ထားလိုက်မိသည်။ မကြာခဏ အရိုက်ခံနေရသည့် အိမ်ရှေ့စံကို မြင်နေရသည့် စားသောက်ပွဲမှ သူများမှာတော့ ထိုမြင်ကွင်းကို ရယ်ချင်လွန်းလှသည်ကို မထိန်းနိုင်ကြသောအခါ ပြဇာတ်ကိုကြည့်ရင်းရယ်သည့်ပုံနှင့်သာ ရောချလိုက်ကြရတော့သည်။ ဤသို့ဖြင့် ဝမ်အင်ပါယာမှ အိမ်ရှေ့စံဝမ်ရိပေါ်၏ တောင်ပိုင်းခရီးစဉ်၏နောက်ဆုံးနေ့လေးသည် ပျော်ပျော်ရွှင်ရွှင် ဖြင့်ပင် ကုန်ဆုံးခဲ့ကြလေသည်။

_____________________________
Huli ရေးသမျှ fic တွေအားလုံးကို WP မှာဖြစ်စေ FB မှာဖြစ်စေ တစ်ပုဒ်လုံး၏ ss များအားတင်ခြင်း၊ ပြန်လည်ကူးယူရေးသားခြင်းအစရှိသည်တို့ကို လုံးဝခွင့်မပြုပါဘူးရှင်....
(23 Jan 2021)

EY လေးကို FB မှာပြန်ရေးဖို့လုပ်တဲ့သူကတော့ Huli ကိုလာတောင်းပန်ပီးသွားပါပီ.....

Continue Reading

You'll Also Like

333K 26.6K 72
(Unicode) အိမ်မက်တွေထဲ ခဏခဏပေါ်လာတတ်တဲ့ကောင်လေးတစ်ယောက်ကို အပြင်မှာရှာတွေ့သွားတဲ့အခါ... သူတို့နှစ်ယောက်ကြား အချိန်အပိုင်းအခြားလေးတစ်ခုအတွင်းမှာပဲ သံယ...
288K 22.5K 38
|| Zaw & Uni ll Accident တခုမွစတင္ခဲ့သည့္... 🌫 🌫 🌫 🌫 🌫 🌫 Accident တခုမှစတင်ခဲ့သည့်... #YiZhan #Writer-Saung(D.W)
81.6K 7K 22
ll zaw & uni ll ေျမေခြးမိစၦာကိုႏွိမ္နင္းဖို႔ သြားရာမွ..... # Wangxian ( lanzan & weiwuxian) #Writer - Saung(D.W) 🔯🔯🔯🔯🔯🔯🔯 ll zaw & uni ll မြေ...
15.4K 866 21
အေးနဲ့ပီတို့ ပြန်လည်‌ဆုံတွေ့ဖြစ်ကြတဲ့အကြောင်းကို ရေးသားထားတာလေး ဖြစ်ပါတယ်🤗 သူတို့နှစ်ယောက် ဘယ်လိုမျိုးပြန်လည်ဆုံတွေ့ကြမလဲဆိုတာကိုတော့ ficထဲမှာဖတ်ပေး...