Believe (Complete)

Galing kay KhineLay443

203K 11K 475

Zaw အခ်စ္ကို ယုံဖို႔ ခတ္ခဲေနေသာ ေကာင္ေလးကို အရမ္းခ်စ္မိသြားတဲ့ ဦးက ဘယ္လိုေတြ အလိုလိုက္ၿပီး ျပန္ခ်စ္ေအာင္လုပ္မ... Higit pa

Believe 1
Believe 2
Believe 3
Believe 4
Believe 6
Believe 7
Believe 8
Believe 9
Believe 10
Believe 11
Believe 12
Believe 13
Believe 14
Believe 15
Believe 16
Believe 17
sorry
Believe 18
Believe 19
Believe 20
Believe 21
Believe 22
Believe 23
Believe 24
Believe 25
Believe 26
Believe 27
Believe 28
Believe 29
Believe 30
Believe 31
Believe 32
Believe 33
Believe 34
Believe 35
Believe 36
Believe 37
Believe 38 Final
စျေးဗန်း ၁
စျေးဗန်း ၂
စျေးဗန်း ၃
စျေးဗန်း ၄

Believe 5

5.5K 377 13
Galing kay KhineLay443

Zaw

ညေကာင္းကင္ျပင္မွာ လေလးတစ္ျခမ္းသာ သာေနေသာ္လဲ ၾကယ္ေလးမ်ားက အစုလိုက္ေလး စုံညီေနသည္။

ၿခံဝန္းက်ယ္က်ယ္ ႏွစ္ထပ္တိုက္ႀကီးရဲ႕ အေပၚထပ္ ဝရန္တာတြင္ ဦးဟိန္း coffeeခြက္ကို ေဘးခ်ကာ စာအုပ္တစ္အုပ္ဖတ္ေနသည္။

ဖတ္ေနေသာ စာအုပ္က ဘာလိုစာအုပ္လဲဆိုတာ ဦးဟိန္းစိတ္ထဲရွိမေနတာကေတာ့အမွန္ပင္။ ဖတ္ေနေသာ္လဲ အေၾကာင္းအရာေတြအေပၚ စိတ္ကမရွိတာေၾကာင့္ ေနာက္ဆုံးေတာ့ စာအုပ္ကိုေဘးခ်လိဳက္ကာ coffeeေလးေသာက္ၿပီး ညေကာင္းကင္၏ အလွကို ရႈစားေနလိုက္သည္။

ခုထိအေတြးထဲ စိုးမိုးေနသူေၾကာင့္ ဦးဟိန္းတစ္ခ်က္ၿပဳံးလိုက္ကာ....
"ပိုင္...ကေလး....ဘာေတြလုပ္ေနတာလဲ ကြာ...ဦး ႐ူးေနၿပီလားမသိဘူး...ဟက္...ကေလးအေၾကာင္းပဲ စိတ္ထဲေရာက္ေရာက္ေနတယ္..."

ဦးဟိန္းအဖို႔ ႀကီးမွ ဝက္သက္ေပါက္တယ္ပဲ ေျပာရမလိုလို။ ဒီေကာင္ေလးနဲ႕က်မွ ဘယ္ဘက္ရက္ဖက္ထဲက ႏွလုံးသားက အဆမတန္ခုန္လာဖူးသည္။

"ကေလးေရ...ဦးအနားမွာပဲ ေနမယ္မွတ္လား။"
ပိုင့္အေၾကာင္းေတြ ဦးဟိန္းမွာ ဝနကို စုံစမ္းခိုင္းတာေၾကာင့္ ေတာ္ေတာ္ပင္ သိေနေလၿပီ...

ခုသူေလးက လူလြတ္တစ္ေယာက္ ရည္းစားမရွိဘူးဆိုေတာ့ ဦးဟိန္းအေပ်ာ္ႀကီးေပ်ာ္သြားသည္။ ၿပီးေတာ့ မိမိက ဘယ္ေယာက္်ားေလး၊ မိန္းကေလးကိုမွ စိတ္မဝင္စားခဲ့ဖူးဘူး။ စိတ္ဝင္စားျပန္ေတာ့လဲ ေကာင္ေလးတစ္ေယာက္ျဖစ္ေနတာေၾကာင့္ အံ့ၾသလို႔ေတာ့သြားသည္။

ဒါပင္မဲ့ ဦးဟိန္းက နိုင္ငံျခားမွာ ေနလာတာမ်ားေတာ့ ဒါေတြကရိုးေနပင္မဲ့ မိမိကိုယ္တိုင္က် စစခ်င္းတစ္မ်ိဳးျဖစ္သြားသည္။ ဒါပင္မဲ့ လြယ္လြယ္နဲ႕ပဲ လက္ခံခဲ့တယ္ ႏွလုံးသားကို ညာလို႔မွ မရတာ....

ကေလးကေကာ ေယာက္်ားေလးေတြ စိတ္ဝင္စားပါ့မလား။ ဒါေၾကာင့္ ဝနကို ပိုင့္အေၾကာင္း ဒီထက္ပိုၿပီး အတြင္းက်က် ဆုံစမ္းခိုင္းထားသည္။

Coffeခြက္ေလးကိုခ်ကာ ဦးဟိန္း အိပ္ဖို႔လုပ္လိုက္ပင္မဲ့ မ်က္စိပိတ္ထားလဲ ပိုင့္ပုံရိပ္ေၾကာင့္ မအိပ္နိုင္ရွာ.....
____________

႐ုံးထဲဝင္ဝင္လာခ်င္း ဂ်ာႀကီးရဲ႕ ျပာယာခတ္မႈမ်ားေၾကာင့္ ပိုင္ေတာင္စိုးရိမ္သြားကာ
"ဘာေတြျဖစ္ေနတာလဲ ဂ်ာႀကီး..."

"အာ...ပိုင္ေရ...ညက်ရင္ရိုက္မဲ့ ၿမိဳ႕ျပင္ဘက္က seen ရဲ႕ တာဝန္ခံေပါ့ ဗိုက္ေအာင့္ၿပီး ေဆး႐ုံတင္လိုက္ရတယ္တဲ့ အူအတတ္ေပါက္လို႔။ အဲ့တာညက်ရင္ သြားဖို႔ တာဝန္ခံမရွိေတာ့ဘူး....က်န္တဲ့သူေတြကလဲ သူ႕တို႔seen အတြက္နဲ႕တင္ေတာင္ ရႈပ္ေနတာ။

ရိုက္ကြင္းဖ်က္ဖို႔ကလဲ မျဖစ္ဖူး။ actorေတြက နာမည္ႀကီးေတြဆိုေတာ့ မနည္းအခ်ိန္ညွိထားရတယ္။ သြားရင္ ၃ညအိပ္ရမွာ ၿမိဳ႕ျပင္ဆိုေတာ့ ျပန္လာဖို႔က ခဲရင္းတယ္ေလ။ အဲ့seenကို အၿပီးရိုက္ၿပီး တစ္ခါထဲ ျပန္လာမွာ...."

ဂ်ာႀကီးစကားေၾကာင့္ ပိုင္လဲ စိတ္ပူမိသြားသည္။
"ဘယ္လိုလုပ္ၾကမလဲ...."
"မသိပါဘူး ပိုင္ရယ္ ႐ူးခ်င္တာပဲ.... " စိတ္ရႈပ္ေနေသာ ဂ်ာႀကီးကို ပိုင္လဲ ကိုယ္ခ်င္းစာသည္။

ပိုင္ ခ်က္ခ်င္းသတိရသြားတာကေတာ့.....
"ကြၽန္ေတာ္ သြားေပးမယ္..." ပိုင္စကားေၾကာင့္ ဂ်ာႀကီးလဲ ေပ်ာ္တစ္ဝက္ငိုတစ္ဝက္...
"Bossကေကာ..."

"အမွန္တိုင္းေျပာရရင္ ဦးဟိန္းက...အာ...သူေဌးက" စကားမွားသြားသည္ထင္ ပိုင္အျမန္ျပင္လိုက္ေတာ့ အလိုက္သိလွတဲ့ ဂ်ာႀကီးက
"ရပါတယ္ ပိုင္ရယ္...ေခၚခ်င္သလို ေခၚပါ...ဟဲ.."

စပ္ၿဖီးၿဖီးလုပ္ေနေသာ ဂ်ာႀကီးမ်က္ႏွာေၾကာင့္ ပိုင္ေတာင္ရွက္သြားေသး...
"ဟာ...လိုရင္းပဲ ေျပာမယ္ ဦး..ဦးဟိန္းက အလုပ္ေတြအားလုံး ေျပာစရာမလိုေအာင္ လုပ္တတ္ေနၿပီးသား။ ကြၽန္ေတာ္လဲ အရမ္းႀကီးမကူရဘူး။ အစ္ကိုဝနလဲ ေတာ္တဲ့သူတစ္ေယာက္..... "

"အဆင္ေျပပါ့မလား ပိုင္ရယ္...."
"ေျပာၾကည့္မယ္ေလ..." ယုံၾကည္ခ်က္ေတြရွိေနေသာ ပိုင့္ေၾကာင့္ ဂ်ာႀကီးလဲ ေခါင္းသာ ၿငိမ့္လိုက္ေတာ့သည္။

ပိုင္လဲ ႐ုံးခန္းထဲသို႔သြားၿပီး လုပ္စရာရွိသည္ေတြကို ဆက္လုပ္ေနလိုက္သည္။

'ဂ်ေလာက္....'
တံခါးဖြင့္သံၾကားလိုက္ေတာ့ ဦးဟိန္းလာမွန္းသိတာနဲ႕ ပိုင္အေျပးအိတ္ဆြဲေပးကာ အလုပ္ကိစၥေျပာဖို႔ျပင္ရေတာ့သည္။

မိမိဆီအေျပး အိတ္ဆြဲေပးေသာ ပိုင့္ေၾကာင့္ ဦးဟိန္းမွာ ၿပဳံးစိစိျဖစ္သြားသည္။ လူႀကီးတစ္ေယာက္ျဖစ္တာေၾကာင့္ ခ်က္ခ်င္းမ်က္ႏွာကို ျပန္တည္လိုက္ရသည္။

"ေျပာစရာရွိလို႔လား..." မိမိစိတ္ကို ႀကိဳသိေနေသာ ဦးဟိန္းေၾကာင့္ ပိုင္ေတာင္ ေၾကာင္သြားသည္။ၿပီးေတာ့မွ
"ဟဲ...ဟဲ..ဟိုေလ အေရးႀကီးလို႔ပါ။ ၿမိဳ႕ျပင္ဘက္မွာရိုက္မဲ့ seenမွာ တာဝန္ခံမရွိလို႔ အဲ့တာ ကြၽန္ေတာ္သြားေပးမို႔..."

ဦးဟိန္း ပိုင့္ကိုၾကည့္ေနတဲ့မ်က္ႏွာက ခ်က္ခ်င္းတည္တင္းသြားတာေၾကာင့္ ပိုင္လန့္သြားသည္။ ေျပာမိတာ မွားသြားေသးလား....

"လူမရွိဘူး ဆိုပါေတာ့...."
"ဟုတ္ကဲ့..."
"မသြားနဲ႕ ေနပါေစ က်န္တဲ့သူေတြ ၾကည့္လုပ္လိမ့္မယ္.."
"ဟိုေလ...ဦးဟိန္း က်န္တဲ့သူေတြက သူ႕တာဝန္နဲ႕သူမို႔။ ကြၽန္ေတာ္လဲ ဒီမွာက လက္လႊတ္လို႔ရေနၿပီ ဆိုေတာ့ေလ..."

"ဘယ္သူေျပာလဲ!! လက္လႊတ္လို႔ရၿပီလို႔..." ဦးဟိန္း အသံေတြ မာလာတာေၾကာင့္ ပိုင္လဲ မဝံ့မရဲဘဲ..
"ဟို..ေန..ေနပါေစေတာ့..ဘာမွမဟုတ္ေတာ့ပါဘူး ....အလုပ္လုပ္ေတာ့မယ္ေနာ္..."

ပိုင္လစ္ခနဲ လွည့္ေျပးသြားတာေၾကာင့္ ဦးဟိန္းရယ္ခ်င္သြားသည္။ ဒါပင္မဲ့ ဒီကေလး မိမိအနားက ထြက္သြားမလိုႀကီးခံစားေနရတာေတာ့ မဟုတ္ေသးပါဘူး။ သြားခြင့္ေပးလို႔လဲ မျဖစ္ဘူး....

ပိုင့္ကိုလွမ္းၾကည့္လိုက္ေတာ့ အလုပ္ထဲကိုသာ ေခါင္းႏွစ္ထားတာေတြ႕လိုက္သည္။ မ်က္ႏွာေလးနဲနဲ ညွိုးေနတာက ခြၽင္းခ်က္ေပါ့....

"ဟူး...." ဦးဟိန္း ေလပူတစ္ခ်က္မႈတ္ထုတ္လိုက္သည္။ ကေလးျဖစ္သြားတဲ့ ပုံစံေလးကို ရင္ထဲေတာ့ စိတ္မေကာင္းျဖစ္မိသြားသည္။

ဒီလိုနဲ႕ ဦးဟိန္းတစ္ေယာက္ တစ္ေန႕လုံး ပိုင့္ကို အရိတ္တၾကည့္ၾကည့္နဲ႕ စိတ္ထဲလဲ မေကာင္း.....
"ပိုင္...လာဦး..."

ဦးဟိန္းေခၚသံေၾကာင့္ ပိုင္ေနရာကထလိုက္ၿပီး ဦးဟိန္းခုံေရွ႕ လက္ေလးကို ယွက္ကာ မတ္တပ္ရပ္လိုက္သည္။
"တာဝန္ခံမရွိဘူးေပါ့..."
"ဟုတ္ကဲ့...."

"သြားရင္လဲ သြားေလ..." ပိုင္ အေပ်ာ္ႀကီးေပ်ာ္သြားၿပီး
"တကယ္လား..."
"တစ္ခုေတာ့ရွိတယ္...."
"ဟင္..."

မ်က္လုံးေလးအဝိုင္သားနဲ႕ မိမိအား ၾကည့္ေနတာေၾကာင့္ သမာဓိအားေတြ ေကာင္းမေနေသာ ဦးဟိန္းမွာ သေတြးေတြ ၿမိဳခ်ေနရသည္။ မိမိေျပာမည္အား ေသခ်ာနားေထာင္ေနေသာ ပိုင္ေၾကာင့္

"ဦးေျပာတာကို နားေထာင္ရမယ္...သုံးညအိပ္ေလာက္ ၾကာမယ္လို႔သိရတယ္...အဲ့ေတာ့ ဦးလဲ လိုက္မယ္ OKလား.." 'လိုက္မယ္' ဆိုတဲ့စကားေၾကာင့္ ပိုင္တကယ္လန့္သြားသည္။ ဘယ္လိုလုပ္ျဖစ္မွာလဲ....

"ဟို ဦးဟိန္းမလိုက္လဲ ရပါတယ္...ဟိုမွာ အဆင္ေျပပါတယ္..."
"အဲ့တာဆို မသြားနဲ႕!!" အမိန့္ဆန္ဆန္ စကားမ်ားေၾကာင့္ ပိုင္တကယ္ကို လန့္ေနၿပီ။ မနာခံလို႔လဲ မျဖစ္ဖူး လူက ျပဳတ္ေစာ္နံေနၿပီေလ....

"အာ...ရပါတယ္ လိုက္ေလ သြားမယ္...."
"အင္း....အဲ့တာဆို သြားမယ္ လာ...." ခ်က္ခ်င္း ေကာက္ထရပ္ေသာေၾကာင့္ ပိုင္ေတာင္လန့္သြားေသး
"ဟင္..႐ုံးဆင္းခ်ိန္ဆိုပင္မဲ့ အဝတ္အစားသြားထည့္ၿပီးမွ သြားရမွာ..."

ပိုင္ေျပာတာကို ဦးဟိန္းတစ္ေယာက္ ေသခ်ာေတြးလိုက္ၿပီးမွ
"အိမ္မျပန္နဲ႕ေတာ့ တစ္ခါထဲလိုက္ခဲ့ သြားမယ္...ျမန္ျမန္... "

စိတ္ေတြေစာေနေသာ ဦးဟိန္းေၾကာင့္ပိုင့္မွာ ပ်ာယာခတ္ၿပီး မိမိအိတ္ကိုအျမန္ဆြဲကာ အေနာက္ကေန အမွီလိုက္ရေတာ့တယ္။

ဘယ္ကိုေမာင္းေနမွန္း မသိေသာ္လဲ ပိုင္မေမးရဲ...
ေရွ႕ခန္းက အစ္ကိုဝနကလဲ ႐ုပ္တည္ႀကီးနဲ႕ ေဘးက ဦးဟိန္းကလဲ ႐ုပ္တည္ႀကီးနဲ႕မို႔ ပိုင့္မွာ အေတာ္အေနခတ္ေနရသည္။

ကားရပ္လိုက္ေတာ့ ပိုင္အျပင္ကိုၾကည့္မိသည္။ အကၤ်ီဆိုင္တစ္ခု....
"မဆင္းနဲ႕ဦး..." ဦးဟိန္းအမိန့္ကို ပိုင္နာခံလား မေမးနဲ႕ေလ လူက လႈပ္ေတာင္မလႈပ္ရဲ ၿငိမ္ၿငိမ္ေလးထိုင္ေနမိသည္။

ဦးဟိန္းကားေပၚက အရင္ဆင္းသြားၿပီး မိမိတံခါးေဘးသို႔လာကာ တံခါးလာဖြင့္ေပးသည္။
*ဘုရားေရ!!! ဒါ..ဒါ..ဘယ္လိုႀကီးလဲ.... *

"ဆင္းလို႔ရၿပီေလ..." တံခါးဖြင့္ေပးရင္း ေျပာလာတာေၾကာင့္ ပိုင့္မွာ အျမန္ဆင္းလိုက္သည္။ ၿပီးေတာ့ ဆိုင္အတြင္းသို႔ ႏွစ္ေယာက္သား ဝင္သြားၾကသည္။ တစ္ေယာက္က စတိုင္က်တဲ့သူျဖစ္ၿပီး ေနာက္တစ္ေယာက္ကေတာ့ ဆိုင္အျပင္အဆင္ကိုေတာင္ အူေၾကာင္ေၾကာင္ျဖစ္ေနၿပီး လိုက္ၾကည့္ေနသည္။

*Wooo...မိုက္လိုက္တဲ့ဆိုင္ပါလား အကၤ်ီေတြကလဲ ေစ်းႀကီးမဲ့ပုံပဲ...*

ပိုင္ ဆိုင္ကိုလည္ေနေအာင္ၾကည့္ေနစဥ္ အခန္းတြင္းမွ ခတ္ႏြဲ႕ႏြဲ႕ ေယာက္်ားတစ္ေယာက္ထြက္လာကာ...
"Hello ဟိန္း.... ျပန္ေရာက္တာ သတင္းၾကားပါတယ္ေနာ္...ခုမွပဲ တို႔ဆီလာတယ္ အေၾကာင္းလဲမၾကားဘူး လူဆိုး...."

ဦးဟိန္းရင္ဖက္ကို လွမ္းၿပီးထုလိုက္ေသာ ထိုေယာက္်ားေၾကာင့္ ပိုင့္စိတ္ထဲ စိတ္တိုသြားသလိုလို စိတ္ထဲတြင္လဲ
*ပိုင္စိုးပိုင္နင္းနဲ႕...* တစ္ဖက္က ဦးဟိန္းကိုၾကည့္လိုက္ေတာ့ မ်က္ႏွာႀကီးက ၿပဳံးလို႔ *ဦးဟိန္းက ဘာလား..*

"Sorryပါ company ကိစၥေတြရႈပ္ေနလို႔ ခုက အေရးေပၚမို႔ အေၾကာင္းမၾကားျဖစ္ ျဖစ္သြားတာ..."
"ဟြန့္...လူကို ျပစ္ထားတယ္....ရပါတယ္ တို႔ကပဲ ဟိန္းကို ခြင့္လႊတ္ေပးပါ့မယ္...ဒါနဲ႕ သူကေကာဘယ္သူလဲ.."

မိမိဘက္ လက္ညွိုးထိုးကာ ေမးလာေတာ့ လူမႈေရးအရ ပိုင္ေျဖဖို႔ျပင္လိုက္သည္။
ႏႈတ္ဆက္မဲ့စကားေတြေတာင္ ပိုင့္ပါးစပ္ထဲ တစ္ဆုတ္သြားေအာင္ လုပ္သူကေတာ့ ဦးဟိန္းပင္...

"ငါ့ရဲ႕ ဆိုင္သူ..."
______________
22.1.2021
Khine lay

ဖတ္ေကာင္းၾကရဲ႕လားဟင္🤧

Uni
ညကောင်းကင်ပြင်မှာ လလေးတစ်ခြမ်းသာ သာနေသော်လဲ ကြယ်လေးများက အစုလိုက်လေး စုံညီနေသည်။

ခြံဝန်းကျယ်ကျယ် နှစ်ထပ်တိုက်ကြီးရဲ့ အပေါ်ထပ် ဝရန်တာတွင် ဦးဟိန်း coffeeခွက်ကို ဘေးချကာ စာအုပ်တစ်အုပ်ဖတ်နေသည်။

ဖတ်နေသော စာအုပ်က ဘာလိုစာအုပ်လဲဆိုတာ ဦးဟိန်းစိတ်ထဲရှိမနေတာကတော့အမှန်ပင်။ ဖတ်နေသော်လဲ အကြောင်းအရာတွေအပေါ် စိတ်ကမရှိတာကြောင့် နောက်ဆုံးတော့ စာအုပ်ကိုဘေးချလိုက်ကာ coffeeလေးသောက်ပြီး ညကောင်းကင်၏ အလှကို ရှုစားနေလိုက်သည်။

ခုထိအတွေးထဲ စိုးမိုးနေသူကြောင့် ဦးဟိန်းတစ်ချက်ပြုံးလိုက်ကာ....
"ပိုင်...ကလေး....ဘာတွေလုပ်နေတာလဲ ကွာ...ဦး ရူးနေပြီလားမသိဘူး...ဟက်...ကလေးအကြောင်းပဲ စိတ်ထဲရောက်ရောက်နေတယ်..."

ဦးဟိန်းအဖို့ ကြီးမှ ဝက်သက်ပေါက်တယ်ပဲ ပြောရမလိုလို။ ဒီကောင်လေးနဲ့ကျမှ ဘယ်ဘက်ရက်ဖက်ထဲက နှလုံးသားက အဆမတန်ခုန်လာဖူးသည်။

"ကလေးရေ...ဦးအနားမှာပဲ နေမယ်မှတ်လား။"
ပိုင့်အကြောင်းတွေ ဦးဟိန်းမှာ ဝနကို စုံစမ်းခိုင်းတာကြောင့် တော်တော်ပင် သိနေလေပြီ...

ခုသူလေးက လူလွတ်တစ်ယောက် ရည်းစားမရှိဘူးဆိုတော့ ဦးဟိန်းအပျော်ကြီးပျော်သွားသည်။ ပြီးတော့ မိမိက ဘယ်ယောက်ျားလေး၊ မိန်းကလေးကိုမှ စိတ်မဝင်စားခဲ့ဖူးဘူး။ စိတ်ဝင်စားပြန်တော့လဲ ကောင်လေးတစ်ယောက်ဖြစ်နေတာကြောင့် အံ့သြလို့တော့သွားသည်။

ဒါပင်မဲ့ ဦးဟိန်းက နိုင်ငံခြားမှာ နေလာတာများတော့ ဒါတွေကရိုးနေပင်မဲ့ မိမိကိုယ်တိုင်ကျ စစချင်းတစ်မျိုးဖြစ်သွားသည်။ ဒါပင်မဲ့ လွယ်လွယ်နဲ့ပဲ လက်ခံခဲ့တယ် နှလုံးသားကို ညာလို့မှ မရတာ....

ကလေးကကော ယောက်ျားလေးတွေ စိတ်ဝင်စားပါ့မလား။ ဒါကြောင့် ဝနကို ပိုင့်အကြောင်း ဒီထက်ပိုပြီး အတွင်းကျကျ ဆုံစမ်းခိုင်းထားသည်။

Coffeခွက်လေးကိုချကာ ဦးဟိန်း အိပ်ဖို့လုပ်လိုက်ပင်မဲ့ မျက်စိပိတ်ထားလဲ ပိုင့်ပုံရိပ်ကြောင့် မအိပ်နိုင်ရှာ.....
____________

ရုံးထဲဝင်ဝင်လာချင်း ဂျာကြီးရဲ့ ပြာယာခတ်မှုများကြောင့် ပိုင်တောင်စိုးရိမ်သွားကာ
"ဘာတွေဖြစ်နေတာလဲ ဂျာကြီး..."

"အာ...ပိုင်ရေ...ညကျရင်ရိုက်မဲ့ မြို့ပြင်ဘက်က seen ရဲ့ တာဝန်ခံပေါ့ ဗိုက်အောင့်ပြီး ဆေးရုံတင်လိုက်ရတယ်တဲ့ အူအတတ်ပေါက်လို့။ အဲ့တာညကျရင် သွားဖို့ တာဝန်ခံမရှိတော့ဘူး....ကျန်တဲ့သူတွေကလဲ သူ့တို့seen အတွက်နဲ့တင်တောင် ရှုပ်နေတာ။

ရိုက်ကွင်းဖျက်ဖို့ကလဲ မဖြစ်ဖူး။ actorတွေက နာမည်ကြီးတွေဆိုတော့ မနည်းအချိန်ညှိထားရတယ်။ သွားရင် ၃ညအိပ်ရမှာ မြို့ပြင်ဆိုတော့ ပြန်လာဖို့က ခဲရင်းတယ်လေ။ အဲ့seenကို အပြီးရိုက်ပြီး တစ်ခါထဲ ပြန်လာမှာ...."

ဂျာကြီးစကားကြောင့် ပိုင်လဲ စိတ်ပူမိသွားသည်။
"ဘယ်လိုလုပ်ကြမလဲ...."
"မသိပါဘူး ပိုင်ရယ် ရူးချင်တာပဲ.... " စိတ်ရှုပ်နေသော ဂျာကြီးကို ပိုင်လဲ ကိုယ်ချင်းစာသည်။

ပိုင် ချက်ချင်းသတိရသွားတာကတော့.....
"ကျွန်တော် သွားပေးမယ်..." ပိုင်စကားကြောင့် ဂျာကြီးလဲ ပျော်တစ်ဝက်ငိုတစ်ဝက်...
"Bossကကော..."

"အမှန်တိုင်းပြောရရင် ဦးဟိန်းက...အာ...သူဌေးက" စကားမှားသွားသည်ထင် ပိုင်အမြန်ပြင်လိုက်တော့ အလိုက်သိလှတဲ့ ဂျာကြီးက
"ရပါတယ် ပိုင်ရယ်...ခေါ်ချင်သလို ခေါ်ပါ...ဟဲ.."

စပ်ဖြီးဖြီးလုပ်နေသော ဂျာကြီးမျက်နှာကြောင့် ပိုင်တောင်ရှက်သွားသေး...
"ဟာ...လိုရင်းပဲ ပြောမယ် ဦး..ဦးဟိန်းက အလုပ်တွေအားလုံး ပြောစရာမလိုအောင် လုပ်တတ်နေပြီးသား။ ကျွန်တော်လဲ အရမ်းကြီးမကူရဘူး။ အစ်ကိုဝနလဲ တော်တဲ့သူတစ်ယောက်..... "

"အဆင်ပြေပါ့မလား ပိုင်ရယ်...."
"ပြောကြည့်မယ်လေ..." ယုံကြည်ချက်တွေရှိနေသော ပိုင့်ကြောင့် ဂျာကြီးလဲ ခေါင်းသာ ငြိမ့်လိုက်တော့သည်။

ပိုင်လဲ ရုံးခန်းထဲသို့သွားပြီး လုပ်စရာရှိသည်တွေကို ဆက်လုပ်နေလိုက်သည်။

'ဂျလောက်....'
တံခါးဖွင့်သံကြားလိုက်တော့ ဦးဟိန်းလာမှန်းသိတာနဲ့ ပိုင်အပြေးအိတ်ဆွဲပေးကာ အလုပ်ကိစ္စပြောဖို့ပြင်ရတော့သည်။

မိမိဆီအပြေး အိတ်ဆွဲပေးသော ပိုင့်ကြောင့် ဦးဟိန်းမှာ ပြုံးစိစိဖြစ်သွားသည်။ လူကြီးတစ်ယောက်ဖြစ်တာကြောင့် ချက်ချင်းမျက်နှာကို ပြန်တည်လိုက်ရသည်။

"ပြောစရာရှိလို့လား..." မိမိစိတ်ကို ကြိုသိနေသော ဦးဟိန်းကြောင့် ပိုင်တောင် ကြောင်သွားသည်။ပြီးတော့မှ
"ဟဲ...ဟဲ..ဟိုလေ အရေးကြီးလို့ပါ။ မြို့ပြင်ဘက်မှာရိုက်မဲ့ seenမှာ တာဝန်ခံမရှိလို့ အဲ့တာ ကျွန်တော်သွားပေးမို့..."

ဦးဟိန်း ပိုင့်ကိုကြည့်နေတဲ့မျက်နှာက ချက်ချင်းတည်တင်းသွားတာကြောင့် ပိုင်လန့်သွားသည်။ ပြောမိတာ မှားသွားသေးလား....

"လူမရှိဘူး ဆိုပါတော့...."
"ဟုတ်ကဲ့..."
"မသွားနဲ့ နေပါစေ ကျန်တဲ့သူတွေ ကြည့်လုပ်လိမ့်မယ်.."
"ဟိုလေ...ဦးဟိန်း ကျန်တဲ့သူတွေက သူ့တာဝန်နဲ့သူမို့။ ကျွန်တော်လဲ ဒီမှာက လက်လွှတ်လို့ရနေပြီ ဆိုတော့လေ..."

"ဘယ်သူပြောလဲ!! လက်လွှတ်လို့ရပြီလို့..." ဦးဟိန်း အသံတွေ မာလာတာကြောင့် ပိုင်လဲ မဝံ့မရဲဘဲ..
"ဟို..နေ..နေပါစေတော့..ဘာမှမဟုတ်တော့ပါဘူး ....အလုပ်လုပ်တော့မယ်နော်..."

ပိုင်လစ်ခနဲ လှည့်ပြေးသွားတာကြောင့် ဦးဟိန်းရယ်ချင်သွားသည်။ ဒါပင်မဲ့ ဒီကလေး မိမိအနားက ထွက်သွားမလိုကြီးခံစားနေရတာတော့ မဟုတ်သေးပါဘူး။ သွားခွင့်ပေးလို့လဲ မဖြစ်ဘူး....

ပိုင့်ကိုလှမ်းကြည့်လိုက်တော့ အလုပ်ထဲကိုသာ ခေါင်းနှစ်ထားတာတွေ့လိုက်သည်။ မျက်နှာလေးနဲနဲ ညှိုးနေတာက ချွင်းချက်ပေါ့....

"ဟူး...." ဦးဟိန်း လေပူတစ်ချက်မှုတ်ထုတ်လိုက်သည်။ ကလေးဖြစ်သွားတဲ့ ပုံစံလေးကို ရင်ထဲတော့ စိတ်မကောင်းဖြစ်မိသွားသည်။

ဒီလိုနဲ့ ဦးဟိန်းတစ်ယောက် တစ်နေ့လုံး ပိုင့်ကို အရိတ်တကြည့်ကြည့်နဲ့ စိတ်ထဲလဲ မကောင်း.....
"ပိုင်...လာဦး..."

ဦးဟိန်းခေါ်သံကြောင့် ပိုင်နေရာကထလိုက်ပြီး ဦးဟိန်းခုံရှေ့ လက်လေးကို ယှက်ကာ မတ်တပ်ရပ်လိုက်သည်။
"တာဝန်ခံမရှိဘူးပေါ့..."
"ဟုတ်ကဲ့...."

"သွားရင်လဲ သွားလေ..." ပိုင် အပျော်ကြီးပျော်သွားပြီး
"တကယ်လား..."
"တစ်ခုတော့ရှိတယ်...."
"ဟင်..."

မျက်လုံးလေးအဝိုင်သားနဲ့ မိမိအား ကြည့်နေတာကြောင့် သမာဓိအားတွေ ကောင်းမနေသော ဦးဟိန်းမှာ သတွေးတွေ မြိုချနေရသည်။ မိမိပြောမည်အား သေချာနားထောင်နေသော ပိုင်ကြောင့်

"ဦးပြောတာကို နားထောင်ရမယ်...သုံးညအိပ်လောက် ကြာမယ်လို့သိရတယ်...အဲ့တော့ ဦးလဲ လိုက်မယ် OKလား.." 'လိုက်မယ်' ဆိုတဲ့စကားကြောင့် ပိုင်တကယ်လန့်သွားသည်။ ဘယ်လိုလုပ်ဖြစ်မှာလဲ....

"ဟို ဦးဟိန်းမလိုက်လဲ ရပါတယ်...ဟိုမှာ အဆင်ပြေပါတယ်..."
"အဲ့တာဆို မသွားနဲ့!!" အမိန့်ဆန်ဆန် စကားများကြောင့် ပိုင်တကယ်ကို လန့်နေပြီ။ မနာခံလို့လဲ မဖြစ်ဖူး လူက ပြုတ်စော်နံနေပြီလေ....

"အာ...ရပါတယ် လိုက်လေ သွားမယ်...."
"အင်း....အဲ့တာဆို သွားမယ် လာ...." ချက်ချင်း ကောက်ထရပ်သောကြောင့် ပိုင်တောင်လန့်သွားသေး
"ဟင်..ရုံးဆင်းချိန်ဆိုပင်မဲ့ အဝတ်အစားသွားထည့်ပြီးမှ သွားရမှာ..."

ပိုင်ပြောတာကို ဦးဟိန်းတစ်ယောက် သေချာတွေးလိုက်ပြီးမှ
"အိမ်မပြန်နဲ့တော့ တစ်ခါထဲလိုက်ခဲ့ သွားမယ်...မြန်မြန်... "

စိတ်တွေစောနေသော ဦးဟိန်းကြောင့်ပိုင့်မှာ ပျာယာခတ်ပြီး မိမိအိတ်ကိုအမြန်ဆွဲကာ အနောက်ကနေ အမှီလိုက်ရတော့တယ်။

ဘယ်ကိုမောင်းနေမှန်း မသိသော်လဲ ပိုင်မမေးရဲ...
ရှေ့ခန်းက အစ်ကိုဝနကလဲ ရုပ်တည်ကြီးနဲ့ ဘေးက ဦးဟိန်းကလဲ ရုပ်တည်ကြီးနဲ့မို့ ပိုင့်မှာ အတော်အနေခတ်နေရသည်။

ကားရပ်လိုက်တော့ ပိုင်အပြင်ကိုကြည့်မိသည်။ အင်္ကျီဆိုင်တစ်ခု....
"မဆင်းနဲ့ဦး..." ဦးဟိန်းအမိန့်ကို ပိုင်နာခံလား မမေးနဲ့လေ လူက လှုပ်တောင်မလှုပ်ရဲ ငြိမ်ငြိမ်လေးထိုင်နေမိသည်။

ဦးဟိန်းကားပေါ်က အရင်ဆင်းသွားပြီး မိမိတံခါးဘေးသို့လာကာ တံခါးလာဖွင့်ပေးသည်။
*ဘုရားရေ!!! ဒါ..ဒါ..ဘယ်လိုကြီးလဲ.... *

"ဆင်းလို့ရပြီလေ..." တံခါးဖွင့်ပေးရင်း ပြောလာတာကြောင့် ပိုင့်မှာ အမြန်ဆင်းလိုက်သည်။ ပြီးတော့ ဆိုင်အတွင်းသို့ နှစ်ယောက်သား ဝင်သွားကြသည်။ တစ်ယောက်က စတိုင်ကျတဲ့သူဖြစ်ပြီး နောက်တစ်ယောက်ကတော့ ဆိုင်အပြင်အဆင်ကိုတောင် အူကြောင်ကြောင်ဖြစ်နေပြီး လိုက်ကြည့်နေသည်။

*Wooo...မိုက်လိုက်တဲ့ဆိုင်ပါလား အင်္ကျီတွေကလဲ စျေးကြီးမဲ့ပုံပဲ...*

ပိုင် ဆိုင်ကိုလည်နေအောင်ကြည့်နေစဥ် အခန်းတွင်းမှ ခတ်နွဲ့နွဲ့ ယောက်ျားတစ်ယောက်ထွက်လာကာ...
"Hello ဟိန်း.... ပြန်ရောက်တာ သတင်းကြားပါတယ်နော်...ခုမှပဲ တို့ဆီလာတယ် အကြောင်းလဲမကြားဘူး လူဆိုး...."

ဦးဟိန်းရင်ဖက်ကို လှမ်းပြီးထုလိုက်သော ထိုယောက်ျားကြောင့် ပိုင့်စိတ်ထဲ စိတ်တိုသွားသလိုလို စိတ်ထဲတွင်လဲ
*ပိုင်စိုးပိုင်နင်းနဲ့...* တစ်ဖက်က ဦးဟိန်းကိုကြည့်လိုက်တော့ မျက်နှာကြီးက ပြုံးလို့ *ဦးဟိန်းက ဘာလား..*

"Sorryပါ company ကိစ္စတွေရှုပ်နေလို့ ခုက အရေးပေါ်မို့ အကြောင်းမကြားဖြစ် ဖြစ်သွားတာ..."
"ဟွန့်...လူကို ပြစ်ထားတယ်....ရပါတယ် တို့ကပဲ ဟိန်းကို ခွင့်လွှတ်ပေးပါ့မယ်...ဒါနဲ့ သူကကောဘယ်သူလဲ.."

မိမိဘက် လက်ညှိုးထိုးကာ မေးလာတော့ လူမှုရေးအရ ပိုင်ဖြေဖို့ပြင်လိုက်သည်။
နှုတ်ဆက်မဲ့စကားတွေတောင် ပိုင့်ပါးစပ်ထဲ တစ်ဆုတ်သွားအောင် လုပ်သူကတော့ ဦးဟိန်းပင်...

"ငါ့ရဲ့ ဆိုင်သူ..."
______________
22.1.2021
Khine lay

ဖတ်ကောင်းကြရဲ့လားဟင်🤧

Ipagpatuloy ang Pagbabasa

Magugustuhan mo rin

10.3K 102 41
兽世之我被冷血暴君盯上了 作者:箐珏 Not my Story
52.8K 2.6K 48
ခင်ဗျားတို့ လူတစ်ယောက်တည်းကို ခဏခဏ ချစ်ခဲ့ဖူးလား? ကျွန်တော်ကတော့ စောကလွဲရင် ဘယ်သူ့ကိုမှ ချစ်မရလို့ သူ့ကိုပဲ ချစ်ခဲ့တယ်။ (Andrew Paing @ Paing Say T...
2.3K 161 60
*ကံကြမ္မာကပဲတွေ့ဆုံဖို့ ဖန်တီးပေးခဲ့သလို ကံကြမ္မာကပဲခွဲခွာစေခဲ့ပြန်တယ် အချစ်ရယ်*
1.1M 27.1K 45
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...