A Nameless Poem

By shookymay

12.8K 1.5K 571

Unicode ကာရံတွေပနံတွေသင့်နေခဲ့ပေမဲ့ ခေါင်းစဥ်မရှိတဲ့ ကဗျာတစ်ပုဒ်က တန်ဖိုးရောရှိပါ့မလား။ ဒါမဲ့ မပြည့်စုံတဲ့ ကျ... More

part-1
part-2
part-3
part - 4
part - 5
part - 6
part - 7
part - 8
part - 9
part - 10
part - 11
part - 12
part - 13
part - 14
part - 15
part - 16
part - 17
part - 18
part - 20
part - 21
🚨 Not Update 🚨

part - 19

394 59 21
By shookymay

- unicode -

" ကလင်~~ ကလင်~~ ကလင်~~ "

စာရွက်စာတန်းများနဲ့ပြည့်နှက်နေသော စားပွဲပြင်ထက်က အမဲနက်ရောင်ရှိ အလယ်တွင် လှည့်စရာ ဒိုင်ကွက်ပါသည့် ကိုယ်ထည်ရွှေရောင်ရှိသည့် ကြိုးဖုန်း လေးမှ ခပ်မှောင်မှောင်အခန်းငယ်ထဲတွင် အချိန်ကြာမြင့်စွာ ခြောက်ခြားစွာဖြင့် မြည်ဟီးနေလျှက်။

ခနအကြာ ထိုမြည်ဟီးနေသံသည် ရပ်တန့်သွားရသည်။

" မြို့စားမင်း မင်ဂျုံးယောင်း ပြောနေပါတယ် "

" မင်္ဂလာပါ မြို့စားမင်း "
လေလှိုင်းမှဖြတ်လာတဲ့ တဖက်အသံဟာ ဘယ်သူမှန်း သေချာသိပါသည်။

" ကိစ္စအထွေအထူးများရှိလို့လား "
အေးဆေးတည်ငြိမ်စွာဆိုလိုက်သည်။

ဖြောင့်တန်းနေသော မျက်ခုံးတွေက တည်ကြည်နေမှုဆိုတာထက် တင်းမားခက်ထက်နေမှန်းသိသာလှသည်။

" ကျွန်တော့်သမက် ထိမ်းသိမ်းခံထားရတယ်ဆိုတာ သိပါတယ်မလား။ နောက်ဆက်တွဲဘာတွေဖြစ်လာမယ်ဆိုတာ...."

ကိုယ့်အား စိုးရိမ်နေမည်များထင်နေရော့လား။

" ဟား..ဟား..ဟား.... ခင်ဗျားအနေနဲ့တော့ စိုးရိမ်နေသင့်ပါတယ် "

တစ်ဖက်မှ ပြောစကားကို ဖျတ်ချလိုက်တဲ့ ရယ်မောသံဟာဆိုရင် မှောက်အဲ့အဲ့ အခန်းထဲမှာ စိတ္တဇဆန်စွာ မင်ဂျုံးယောင်းဆီမှ ထွက်ပေါ်လာလျှက်။

ခင်းကျင်းထားသော အသုံးအဆောင်ပစ္စည်းများနဲ့မလိုက်ဖက်စွာ ပြတင်းပေါက်မှပတ်ပတ်လည်လိုက်ကာများချထားသောကြောင့် မှောင်ရိပ်ဟာကြီးဆိုးလျှက်။နံရံကပ်ထားတဲ့ ရေနံမီးလင်းအိမ် ဆီမှ အလင်းရောင် ဖျဖျသာ ဖျော့တော့စွာ ကျေးတန်းမြင့်မားသော ပစ္စည်းများပြည့်နှက်နေသည့် မဟူရာအခန်း၌ လွှမ်းချုံနေသည်။

" ဟုတ်တာပေါ့ဗျာ... အာဏာဆိုတဲ့အရာမှ ကျွန်တော့်လို့နိမ့်ကျတဲ့ ရွာသူကြီးဆီမှာမှမရှိတာရယ် "

အေးအေးလူလူဆိုနေပေမဲ့ ခနဲ့တဲ့တဲ့ ဆိုသည်မှန်း နားထောင်တာနဲ့တင်သိပါသည်။

" ဒီလို အနုံအချာ ရွာက အုပ်ချုပ်သူဖြစ်နေရလို့လား မသိပါဘူးဗျာ အချိန်တွေအရမ်းပိုနေတုန်း စိတ်ဝင်စားဖို့ကောင်းတာလေးတွေ သိပ်ရှိခဲ့သပါ့ဗျာ။ "

မင်ဂျုံးယောင်းဆိုသူသည် တဖက်အသံကိုကြားသည်နှက် အနည်းငယ်တော့ တွေးဆနေမိသည်။တဖက်မှာ ဘာအကြံအစည်များရှိနေခဲ့သနည်း။အစကတည်းက တစ်လှေတည်းစီးနေခဲ့ကြပေမဲ့ တစ်ယောက်မှယုံကြည်လို့မရတဲ့ နယ်ပယ်က သူတွေမလား။

အကြံတူရန်သူဆိုသလို မြွေမြွေခြင်းချေမြင်သည့်သဘောလည်းဖြစ်သည်။ထို့ပြင် သစ္စာဖောက်တွေပေါသည့်အပြင် ကို့အတွက်ပဲ ကိုယ်ကြည့်သည့် ဒီလို အမှောင်ဘက်ခြမ်းမှာ မြွေပွေးခါးပိုက်နှိုက်ဆိုသလို ကံတရားနဲ့ အလောင်းအစားလုပ်နေရသည့်သဘော။အသက် ၊စည်းစိမ်ကြွယ်ဝမှု ၊ အာဏာ ဆိုတာ ထိုအလောင်းအစား၏ ကြေးများပင်။ရဲရင်မင်းဖြစ် ဆိုသလို ရဲတင်းမှဖြစ်မည်ဆိုပေမဲ့ တစွတ်ထိုး တစောက်ကန်းတော့ လုပ်လို့မရသည့် ဒုစရိုက်လောကမဟုတ်ပေဘူးလား။တစ်ချက်မှားတာနဲ့ အသက်ဆိုသည့်အရာကိုတောင်အာမ မခံနိုင်သည့်လောကပင်။သူ့လိုအာဏာရှင်အနေနဲ့ ကိုယ်တိုင်စစ်ထွက်တိုက်စရာမလို စစ်တုရင်ပေါ်က နယ်ရုပ်ကိုသာ လှလှပပလေးရွှေ့ကာ ကစားပေးရတဲ့လူမျိုးမဟုတ်ပါလား။

ဒါကိုနယ်ရုပ်တစ်ရုပ်ဖြစ်သည့် အညာတရ ရွာလေးရဲ့ သူကြီးဆိုသူက သူ့အား ချိန်းခြောက်ချင်နေသည်မှန်း သိတော့

ခပ်သောသောသာ ရယ်ပေးလိုက်မိသည်။ဒီလူက သူ့လိုလူကို ခြိမ်းခြောက်နေသည်တဲ့လား။

" မင်ယွန်းဂီ... "

တစ်ဖက်မှထွက်ပေါ်လာတဲ့အသံကြောင့် သူ ရယ်နေရင်း ရုတ်တရက်ရပ်လိုက်မိသည်။

" သားဖြစ်သူရဲ့ အသက်ကိုတော့ စိတ်ဝင်စားတယ်မလား "

ရွာသူကြီးဆိုသူသည် ဒီတစ်ခါတော့ လှည့်ပတ်ပြောမနေပဲ လိုချင်တာကိုတည့်တည့်ဆိုလာသည်ထင်။

" ကျွန်​တော့် ကို ပတ်သတ်လာမယ့် ဒီအမှုမှာ လွတ်အောင်လုပ်ပေး "

မင်ဂျုံးယောင်းရဲ့ ခက်ထန်နေသည့်မျက်နှာထက် လှောင်ပြုံးတစ်ခုကို ဆင်မြန်းလိုက်သည်။

" သားအတွက်မပူပါဘူး ခင်ဗျားသမီးတော့ အနည်းငယ်စိတ်ပူမိတယ် ယောကျ်ားက ထောင်ကျပြီး ဖခင်က ကွယ်လွန်သွားရင်အဆင်ပြေပါ့မလား....ဟား..ဟား..ဟား.."

ခြောက်ကပ်လှသည့် အော်ရယ်သံကြီးဟာ တစ်အိမ်လုံးကိုဟီးသွားစေသည့်အလား။

" မင်း...မင်း..တောက်ခ် "

" ကိုယ့်နေရာကိုယ်သိသင့်တယ် "

ရယ်နေရာကနေ အေးစက်စွာ ခပ်တည်တည်ပြောလိုက်သည်။

တစ်ဖက်လူက ဘာမှပြန်မပြောနိုင်စွာ ဖုန်းကိုချသွားလေသည်။

ထိုသူလာစမ်းချင်တာ မည်သူတဲ့လဲ မြို့စားမင်း မင်ဂျုံးယောင်းကိုတဲ့လေ။သေးသေးတောင်အတင်မခံနိုင်တဲ့ သူ့ကို အညာတရ နယ်ရုပ်တစ်ရုပ်က သွေးတိုးစမ်းနေသည်မှာ ရယ်ချင်စရာကောင်းလှသည်။

သွေးသားတော်စပ်တယ်ဆိုတဲ့ ထိုအနှီ သူ၏ သားဆိုသူ မင်ယွန်းဂီနဲ့မှ လာချိန်းခြောက်သည်က သူ့အား ဒေါသပိုထွက်စေသည်။ ထိုလိုကောင်က သူရဲ့ ခြိမ်းခြောက်ခံနေရသည့် ဓားစားခံအဖြစ်တောင် မထိုက်တန်အောင် သူ့အတွေးထဲတွင် သားဟုတောင်မသတ်မှတ်နိုင်ပေ။

ချစ်လှပါချည်ရဲ့ဆိုတဲ့ တန်ဖိုးထားရတဲ့ မိန်းမ​ဖြစ်သူမှ မွေးဖွားလာတဲ့ ထိုအနှီကောင်သည် သူ့သွေးသားရော ဟုတ်သည်လားဆိုသည်မှာ သူမသိပေ သိလည်းမသိချင်။ထိုအနှီကောင်ကိုမြင်တိုင်း စက်စုတ်ဖွယ်ကောင်းသော မိန်းမကို ပြန်မြင်ယောင်နေမိသည်။ ထိုမိန်းမသည်လည်း စက်စုတ်စရာကောင်းလှအောင် ယောက်ျားတကာနဲ့ ပရောပရီနေသည်က အိမ်ကြီးရှင်ရဲ့ သခင်မရာထူးပေးထားရတာတောင် ကျေးဇူးတင်သင့်သည်။

ဒေါသတွေဟာ တစတစ သွေးထဲသို့ စီးဆင်းကာ နှလုံးအိမ်ထဲတွင် လောင်ကျွမ်းနေမိသည်။

မင်းယွန်းဂီ ဆိုတဲ့ ထိုအနှီကောင်ဟာ သူ့ရဲ့အားနည်းချက်ဘယ်တော့မှ ဖြစ်လာမည်မဟုတ်ပါ။

ယခင်အတိုင်းသာ ထိုအကောင်ဟာ အိမ်တော်တွင်ရှိနေမည်ဆိုလျှင် ခါးကြားထဲ က ခါးပတ်အနက်သည် ထိုအကောင်တွက်ပင်ဖြစ်လိမ့်မည်။

___________________________

မျှော်လင့်ချက်ရောင်ချည်ဆိုတာ အရှေ့ရပ်က နေထွက်သလို ပြည့်စုံလှပစွာ ပေါ်ထွက်မလာခဲ့ ၊ တောင်စွယ်ငယ်တွင် ပထဝီမြေကြီးသို့ နစ်မြှုပ်တော့မယ့် နေမင်းပမာ လောက်တောင် နောက်ဆုံး စွဲကိုင်နိုင်လောက်သည့် မျှော်လင့်ချက်လေး တစ်စုံတစ်ရာတောင် မရှိတော့ပေ။

ချစ်ရသူအားခွဲခွာပြီး မချစ်မနှစ်သက်သူကို လက်ထပ်ထိမ်းမြှားရခြင်းက သူမအတွက် မျက်တောင်တစ်ခက်အတွင်း သတွေးမြိုချရသလောက်ကို လွယ်ကူနေခဲ့ရသည်။စောင့်မျှော်နေခဲ့ချိန် ချစ်ရသူဟာ ရောက်မလာခဲ့။သူမဘာတက်နိုင်မည်တဲ့လဲ။ငိုကြွေးခဲ့ရုံမှတပါး ဆူယောင်း ဘာမှမလုပ်နိုင်ခဲ့ပါ။ထယ်ယောင်းအပေါ်ဒေါသထွက်ခြင်းတွေရှိခဲ့သည်။ဒါလည်းဖြစ်သင့်သည်လေ။သူမတစ်ချိန်လုံး စောင့်နေခဲ့သည်။ဒါပေမဲ့ ကံကြမ္မာဟာ သူတို့နှစ်ယောက်အား ပျက်ရယ်ပြုသွားခဲ့ဟန်တူပါသည်။

မိဘတွေသိသွားကာ ချက်ချင်းကို မြို့ကိုစေလွှတ်ကာ အရာရှိတစ်ယောက်နဲ့ပေးစားခဲ့သည်။ထိုအချိန်ဟာ သူမအတွက် မိဘတွေကိုပထမဦးဆုံး စိတ်နာခဲ့ဘူးခြင်းပင်။မချိမဆန့်အောင် အသဲကွဲခြင်းကိုခံစားနေရပြီး စိတ်ပျက် မှုတွေဟာ တမဟုန်ခြင်း မီးပွားလို့တိုးလာခဲ့သည်။

လက်ထပ်ပြီးမကြာမီသိလိုက်ရသည်က မိဘတွေကိုယ်တိုင်ရွှေလက်တွဲပေးလိုက်သူရဲ့စရိုက်တွေဟာ သူမအပေါ်ကို ဆူးချွန်နေတဲ့သံကြိုးတွေနဲ့ပတ်နှောင်ကာ နှိပ်စက်ခြင်းဆိုတဲ့ အရာရဲ့ အမှတ်အသားတွေနဲ့ သူမခန္တာကိုယ်ပေါ်တွင် မချင့်မရဲခံစားခဲ့ရသည်။ထိုအချိန်က စလို့ သူမ အသက်ရှင်ဖို့အတွက်သာ တွေးနေမိသည်။ဘယ်သူများကယ်နိုင်မည်လဲ။

ကံကြမ္မာဟာ သူမအပေါ်အလွန့်ကို ခါးသက်ခဲ့ပြန်သည်။ကူကယ်ရာမဲ့နေတဲ့ အိမ်ထောင်ရှင်မတစ်ယောက်ကို ဘယ်သူကများယုံစားကာ ကူညီပေးနိုင်မည်လဲ။အရာရှိတစ်ယောက်ရဲ့ မိန်းမဟာ အများအမြင်မှာ တင့်တယ်ကာ ထက်မြက်နေသည့်ပုံနှယ် ပွဲဦးထုတ်ထားခဲ့နှင့်ပြီးသားရယ်။ရက်စက်တယ်ဆိုတဲ့စကားသည် ထိုလူနဲ့မအပ်စပ်လှပေ။စိတ်ရောဂါသည်တစ်ယောက်လို ထိုလူဟာ အိမ်ဆိုသည့်အရာထဲတွင် သူမဆိုတဲ့အရုပ်ကလေးနဲ့ ပျော်ပျော်ကြီးကစားခဲ့သည်။

တစ်နှစ်ကြာပေါင်းသင်းပြီးနောက်သိခဲ့ရသည်က ထိုလူသည် ဒုစရိုက်သမား။အိမ်တွင်းအကြမ်းဖက်ရုံမက ထိုလူဟာ မကောင်းမှုအကုန်လုပ်သည့်နှယ်။ထိုအချိန်မှစ သူမ သက်သေများအားဆုဆောင်းခဲ့သည်။ရုတ်တရက် နမ်ဂျွန်း oppaနဲ့ တွေ့မှုကို သူအခွင့်အကောင်းယူကာ အကြိုးရှိရှိအသုံးချခဲ့သည်။

လေးလအကြာတွင် သူမဟာ ကိုယ်ဝန် သုံးပတ်ခန့်ရှိနေခဲ့ပြီကိုသိလိုက်ရသည်။ ကလေးဖခင်ကို မကျေနပ်ကာ စက်စုတ်ပေမဲ့လို့ သူ့ဗိုက်ထဲက ကလေးသည်အပြစ်ကင်းစင်သည်။ထို့ကြောင့်ပင် ထိုကလေးအတွက် အနှီလူသားမဆန်တဲ့လူသားကို အမြန်ဆုံး ရဲလက်အပ်ခဲ့သည်။ထို လူမဆန်တဲ့ လူရဲ့လက်အောက်တွင် ကျွန်မ၏ကလေးကို ဘယ်တော့မှ ကြီးပျင်းစေမည်မဟုတ်။သူမအတတ်နိုင်ဆုံးကာကွယ်သွားမည်ဖြစ်သည်။

တစ်ဆက်တည်း သိလိုက်ရသည်က သူမ၏ဖခင်သည်လည်း ထိုဒုစရိုက်မှုများနဲ့ပတ်သတ်နိုင်ချေရှိသည်တဲ့။အကယ်၍သာ အမှန်ဆို သူမတကယ့်ကို စက်စုတ်ရွံ့ရှာမိမှာအမှန်။သူမချစ်ခင်ရတဲ့ သူမရဲ့ဖခင်ဟာ သူမအားအမြဲတမ်း တည်ကြည်ဖြောင့်မတ်ရန်သင်ပေးနေကြ။

နှစ်လအကြာ အိမ်ပြန်ရောက်ချိန်မှာတော့ သံသယစိတ်များသည် တကယ့်အမှန်အဖြစ်သို့ လုံးဝပျောက်ကွယ်သွားရသည်။အံ့သြခြင်း မယုံကြည်နိုင်ခြင်းတွေဟာ ရောလျှက်လျှက်။ ဘုရားတစ်ဆူလို ကိုးကွယ်ယုံကြည်လေးစားခဲ့ရသော ဖခင်သည် အမှန်တကယ် မျက်နှာဖုံးစွတ်ထားသူပင်။သူမ၏မိခင်သည်လည်း ထိုအရာများကိုမျက်ကွယ်ပြုထားခဲ့ပုံပေါ်သည်။တကယ့်ကို မကောင်းမှုတွေကို သူမ မသိအောင် လက်တစ်လုံးကြားလုပ်နေခဲ့သည်။

အဖေချစ်သမီးဖြစ်တဲ့ ကျွန်မဟာ သူတို့ကိုယ်တိုင်ပေးစားခဲ့တဲ့ ယောက်ျားရဲ့ နှိပ်စက်ခံရသည်သိတော့ မိဘနှစ်ပါးလုံး ပါးစပ်မဟနိုင်တော့ပေ။သူတို့ရဲ့ အပြစ်တွေဟာ သူမက ကြားထဲက အစားခံပေးရသည်ဟုသာ တွေးထားမိသည်။သူမကလေးကိုတော့ သူမ၏ မိခင်နဲ့ ဖခင်ရဲ့အရိပ်အာဝါသ အောက်တွင်မရှင်သန်စေချင်ပါ။

ဒါကြောင့်လည်း ထယ်ယောင်းကို အားနာနာနဲ့ပဲ အကူအညီတောင်းခဲ့ရပါသည်။ဖြတ်သန်းလာခဲ့တဲ့တစ်လျှောက် လုံး ကန္ဘာအသစ်တစ်ခုမှာ ခက်ခက်ခဲခဲ ရှင်သန်ခဲ့ရလို့ထင်ပါရဲ့ အသက်ရှင်နေရတာကိုတောင် ကျေးဇူးတင်မိသည်။တဖန် ထိုအချုပ်အနှောင်တွေဆီမှ လွတ်မြောက်ခဲ့လို့ ဘုရားသခင်ကိုကျေးဇူးတင်မိပါသည်။ဆုလာဘ်ဆောင်လေးအနေဖြင့် ဗိုက်ထဲက ကလေးလေးကိုရလိုက်သည်ထင်ပါရဲ့။

ဆူယောင်းသည် တစ်ခုခုကို ခပ်လွယ်လွယ်လက်လျှော့တတ်တဲ့ မိန်းမသားမျိုးမဟုတ်ပေ။ငိုနေရမည့်မျက်ရည်တွေအစား ကြံ့ကြံ့ခိုင်နိုင်ရမည်ဆိုတဲ့စိတ်ကြောင့်လည်း သူ ရှေ့ဆက်ဖို့ခွန်အားဖြစ်ခဲ့ရသည်ထင်ပါသည်။

ကလေးလေးရှိလာတော့ ဘယ်သူ့ကိုမှ အာဃာတမထားချင်တော့ပါ။အထူးသဖြင့် ထယ်ယောင်းနှင့်ပင်။ ထယ်ယောင်းကို သူဆက်ပြီးအမုန်းမပွားချင်တော့။ထိုနေ့က မီးလောင်တဲ့ကိစ္စကြောင့် ဆိုတာ သိပြီးတာနဲ့ရော သူမ ထယ်ယောင်းအပေါ် စိတ်မဆိုးချင်တော့ပေ။လူတစ်ယောက်၏အသက်က အရေးကြီးတယ်မလား။ထယ်ယောင်းရွေးချယ်မှုအပေါ်လေးစားပါသည်။သို့ပေသိ သူမအပေါ်ကိုတော့ ထယ်ယောင်းရဲ့ရွေးချယ်မှုက မှားယွင်းအောင် ကံကြမ္မာဟာ သက်သက်ကို အကြောင်းဖန်ခဲ့သည်။

မှားယွင်းစေခဲ့တဲ့ ကံကြမ္မာကိုပဲ အပြစ်တင်ရင်း သူဘာလုပ်နိုင်မည်တဲ့လဲ။

ထယ်ယောင်းထံမှ တောင်းပန်စကားကြားရသည်နဲ့ ဆူယောင်း ကျေနပ်ကာ လုံလောက်သွားပြီဟုထင်မိပါသည်။နှစ်တွေအတောအတွင် သူမတစ်ယောက်ထဲ ခံစားခဲ့ရတာမှမဟုတ်တာ ။ထယ်ယောင်းလည်း သူမနည်းတူ ခံစားခဲ့ရပေမည်။

နမ်ဂျွန်း oppaနဲ့တွေ့စုံခဲ့ခြင်းဟာ လှောင်ပိတ်နေခဲ့စဥ်တစ်ဖြစ်က သူမအတွက် လမ်းပြကြယ်တစ်ခုဖြစ်ခဲ့သည်။အရာအားလုံးဟာ ထိုနေ့က နမ်ဂျွန်း oppaနဲ့သာ မတွေ့မိခဲ့ပါရင် သူမလည်း ခုချိန်ထိကို သူ့ရဲ့ ခင်ပွန်းဖြစ်သူ ရဲ့ နှိပ်စက်အရိုက်အနှက်ခံဖြစ်နေပေလိမ့်မည်။

ဆူယောင်းသည် ထိုခတ်အခါတွင် ပညာတတ်ပညာရှိအမျိုးသမီးဖြစ်ရာ သူမ၏ဂုဏ်သည် အနည်းနဲ့အများ ကျော်ဇောခဲ့သည်။မယား၏ဂုဏ်သည် လင်ယောက်ျားအပေါ်ပါ သက်ရောက်သည့်အတွက် သူမ၏အမျိုးသားသည်လည်း ထိုသို့တည်ကြည်သော အမျိုးသမီးကိုရယူထားပြီး အိမ်တွင်း မပြုသင့်သည်များကို ပြုမူခံရသည်ဟုမည်သူမှမထင်ခဲ့။သူမသည်ထိုအချိန်က ဒုက္ခဆင်းရဲ တွေပြည့်စုံနေသည် ငရဲဆိုသည့်အရာကိုတောင် သူမခံစားနေရသည်ဟုထင်ခဲ့မိသည်။

အရိုင်းစိတ်ဝင်နေချိန် သူမယောက်ျားဟာ တိရိတ္ဆန်တစ်ကောင်လောက်တောင် ကြင်နာသနားစိတ် အသိလုံးဝမရှိပေ။ခန္တာကိုယ်အပြည့်မှာ ထိုလူပေးတဲ့ ဒဏ်ရာတွေဟာအပြည့်။သူမအခုချိန်ထိလက်ရှည်ဝတ်ဆဲ။

နာကျင်မှုတွေဟာ အမုန်းအာဃာတမီးအဖြစ် နှလုံးသားမှာ ထုဆစ်ခဲ့ရသည်။ထိုလူသေချာပေါက်ပေးဆပ်ရမည်ဟုပင်။သို့ပေမဲ့လို့ ကူကယ်ရာမဲ့နေတဲ့ သူမကို ဘယ်သူကများကယ်တင်နိုင်ခဲ့မည်နည်း။

နမ်ဂျွန်း oppaသည် သူ့အား ဒုက္ခတွင်းထဲဆင်းကယ်တာမျိုးမဟုတ်ပေမဲ့လို့ သူ့အားထိုဒုက္ခတွင်းမှထွက်လာနိုင်ရန် လမ်းကိုပြခဲ့သည် သူမျိုးပင်။

ဟိုဆော့ oppa ကတော့ သူ့ရဲ့ဒဏ်ရာတွေကို ပျောက်အောင်ကုသပေးရင်းရင်းနှီးခဲ့ရသည်။

နမ်ဂျွန်း oppaရဲ့ အစီအစဥ်တွင် သူမသည် မိန်းကလေးဖြစ်ပြီး ကိုယ်ဝန်ရှိသေးတာကြောင့် များများစားစားမပါဝင်နိုင်ပါ။သို့ပေသိလည်း သူမမိဘတွေအား စိတ်နာသည်သော် နောက်ဆုံး သားသမီးဆန္ဒအနေနဲ့ လမ်းမှန်ပြန်ရောက်စေချင်ပြီး ရင်ကော့ခေါင်းမော့ကာ နေချင်သည်။ဒါကြောင့် သူလျှိုအဖြစ် ဖခင်အိမ်တွင်ပြန်နေခဲ့သည်။

မွေးရပ်မြေပြန်ရောက်ရင် အချစ်ဦးကိုတမ်းတမိတယ်ဆိုတာ အမှန်ပင်။ဂန္မာပန်းတွေရဲ့လေအဝေ့မှာ ချစ်ရသူ ထယ်ယောင်းကို သူမပြန်လည် သတိရမိပါသည်။အခြေအနေခြင်းခြားနားသွားသည့် သူမနဲ့ ထယ်ယောင်းရဲ့အခြေအနေဟာ ကွာခြားသွားလှပြီ။စပြီး ထယ်ယောင်းကို ယွန်းဂီ oppaအိမ်တွင် မြင်ခဲ့ရသည့်နေ့က သူမရင်တွေတုန်နေခဲ့သည်။စိတ်လှုပ်ရှားနေခဲ့သည်။သူမတို့ဝေးကွာခဲ့ရတယ်ဆိုပေမဲ့ ထယ်ယောင်းအပေါ်ထားရှိတဲ့ သူမစိတ်တွေဟာ တင်းခံနေရင်တောင် အနည်းငယ် ပျော်ဝင်နေမိပြီရယ်။

ထိုနေ့က ထယ်ယောင်းရဲ့အကြည့်တွေမှာ အံ့သြမှုမှတပါး သူမအတွက်အရိပ်အယောင်တောင်ရှာမတွေ့ခဲ့ပါ။ရာသီတွေအလီလီပြောင်းလာခဲ့ရပြီ ဖြစ်ပြီးပျက်တဲ့ ဒီလောကမှာ ထယ်ယောင်း သူမအပေါ် အရင်လိုစိတ်ခံစားချက်မရှိတော့တာကို သူမလက်ခံလိုက်သည်။ဘာတက်နိုင်မည်လဲ ကံကြမ္မာက အစ ခွဲထားတဲ့ သူမတို့နှစ်ယောက်ရဲ့ အချစ်တွေဟာ ရှေ့ဆက်နိုင်မည်မဟုတ်တော့။

ထိုနေ့သူမအိမ်ပြန်သည့်နေ့က သူမ ဗိုက်လေးအားခပ်ဖွဖွပွတ်ကာ

" ကံဆိုတာ ကိုယ်လုပ်တဲ့အရာမို့ ကလေးအပေါ် မေမေက ကံကောင်းခြင်းတွေပဲ ယူဆောင်လာပေးမှာပါ "

ကံခေလွန်းတဲ့သူမ သူမကလေးအပေါ် ကံဆိုးမှုတွေကျရောက်မည်ကိုမလိုလားပေ။

သူကာကွယ်ပေးရမည် အနှီကလေးလေးရှိနေပြီမလား။သူမ ထိုအရာတွေမှာဆက်ပြီးပျော့ညံ့နေမည်မဟုတ်တော့ပါ။

တစ်ခါတစ်လေ ကံကြမ္မာဟာ မတရားရင်တောင် တရားသဖြင့်ရှင်သန်ရမည်ပင်။

___________________________

အိပ်ခန်းထဲရှိထိုင်ခုံတွင် ခြေတစ်ဖက် သိမ်း ကို တစ်ဖက် ပေါင်ပေါ်သို့တင်ကာ ထိုင်နေရင်း လက်မှဆေးပျင်းလိပ်ကိုလည်းတစ်ချပ်တစ်ချပ်ဖွာနေမိသည်။

မျက်ခုံးတန်းတန်းတွေက တစ်ခုခုကို သေချာလေးနပ်စွာ သုံးသပ်နေသလို။အကြည့်တွေကို နံရံဖြူဘက်သို့ပို့ထားပေမဲ့လို့ အတွေးတွေဟာ ပျံ့လွှင့်နေမှန်းသိသာလှပါသည်။

နမ်ဂျွန်း ဆေးပျင်းလိပ်ကို တစ်ရှိုက်ဖွာထုတ်လိုက်သည်။
ခုချိန် သူ့ရဲ့ခရီးက တော်​တော်ကို လမ်းပေါက်နေပြီဖြစ်သည်။သို့ပေမဲ့လို့ မင်ဂျုံးယောင်းကိုဖမ်းမိဖို့ဆိုတာမဖြစ်နိုင်သေးသည့်အခြေအနေပင်။

မင်ဂျုံးယောင်း ဟာ လက်အောက်ငယ်သားတွေနဲ့ပဲ ကစားပွဲကိုကစားသည်ကြောင့် ထွက်ပြီးဖမ်းဖို့ဆိုတာမဖြစ်နိုင်။ထို့အပြင် နောက်ခံအင်အားက အရမ်းတောင့်တင်းပြန်သည်။

မင်ဂျုံးယောင်း ကို စတင်သံသယဝင်လာမိတာက အကို ယွန်းဂီ အိမ်ရဲ့ သိုလှောင်ရုံနဲ့စပါးကျီမီးလောင်သည့်ကိစ္စကပင်။

သူလိုက်နေသည့် စွန်ဂိုဏ်းရဲ့ ပိတ်စဟာ ထိုမီးလောင်မှုမတိုင်ခင် အကို ယွန်းဂီ ရဲ့ အိမ်ကိုလူကပ်တယ်ဆိုတဲ့တိုင်ကြားချက်ကြောင့် လာစစ်ဆေးတော့တွေ့ခဲ့ရခြင်းပင်။

ထိုကိစ္စက အကိုယွန်းဂီ နဲ့ဘယ်လိုပတ်သတ်နေလဲဆိုတာ သူ့ကို ခေါင်းစားစေခဲ့သည်။ထို့အပြင် မသင်္ကာ စရာကောင်းသည်မို့ သူ သေချာစစ်ဆေးရန်အတွက် ပွဲတော်နဲ့မတိုင်မီ ချိန်းဆိုထားကြပေမဲ့ အထက်က အမိန့်ကြောင့် သူမသွားဖြစ်ခဲ့။ထို့နောက် အကိုယွန်းဂီ ရဲ့သိုလှောင်ရုံနဲ့စပါးကျီဟာ မီးလောင်ခဲ့ရသည်။

ဒါကအရမ်းကိုရှင်းရှင်းလေးပင်။တစ်ခုခုကိုဖုံးကွယ်ချင်လို့ လုပ်လိုက်သည့်ပုံစံနှယ်။ထို့အပြင် ထိုဖြစ်ရပ်ကြောင့် အထက်က အရာရှိတစ်ယောက်ယောက်နဲ့များ ပတ်သတ်နေမလားဟုစတင် သံသယဝင်လာခြင်းပင်။

တခြားသူသာဆိုရင် နမ်ဂျွန်းနေရာမှာ လက်လျှော့လိုက်မည်ဖြစ်ပေမဲ့ နမ်ဂျွန်းဟာ မျက်စိစုံမှတ်ကာ လက်လျှော့ပေးမည့်လူစားမျိုးမဟုတ်ပေ။ထို့ကြောင့် သူ့အတွက် သဲလွန်စတစ်ခုလေးရှိရင်တောင် သူစုတ်ကိုင်ထားရမည်ပင်။

စစချင်း မင်ဂျုံးယောင်း ကိုသံသယ လုံးဝမဝင်ခဲ့ပေ။ဒါ့ကြောင့်လည်း သူလိုသွားတာဖြစ်ပေမည်။သို့ပေသိ တနေ့သူ့ဆီရောက်လာတဲ့စာတစ်ဆောင်ဟာ သူ့ကို မင်ဂျုံးယောင်းအပေါ် စတင်သံသယဝင်လာခဲ့ရသည်။

အချိန်နေရာ အတိအကျနဲ့ သူ့အားချိန်းဆိုထားသည့်စာပင်။ထောင်ချောက်များဖြစ်နေမလားဟု တွေးတောနေပေမဲ့လည်း ခုချိန် ရလောက်အမိအရဖမ်းစုတ်ထားရပေမည်လေ။

ထိုနေ့က သူ့ကိုချိန်းဆိုတဲ့သူဟာ ဂျောင်ဟိုဆော့ ဆိုတဲ့လူတစ်ယောက်ဖြစ်နေခဲ့တယ်။

ထိုသူဟာ ဆရာဝန်တစ်ယောက်ဖြစ်နေခဲ့ပေမဲ့ သာမန် လူတစ်ယောက်တော့မဟုတ်ပေ။

သူပေးလာသည့်စာရွက်စာတန်းနဲ့ စွန်ဂိုဏ်းက အမှတ်တံဆိတ်ပါသည့် ပိတ်စတစ်ခု။

စာရွက်ထဲက အကြောင်းအရာကိုကြည့်လိုက်တော့ တစ်ခုခုကိုဆွဲထားသည့် မြေပုံလိုလို ဘာလိုလိုအရာ။

" ဒါက!? "

" ခင်ဗျားအတွက်လိုအပ်လာမယ့်အရာ ကြည့်ရတာ ပစ္စည်းသိုလှောင်ရုံမျိုး "

သူ့အရှေ့က ဂျောင်ဟိုဆော့ဆိုသည့် လူက စစတွေ့ခြင်းတုန်းက တကယ့်ကို သူ့ကို တော်​တော် အတွေးစားစေခဲ့တဲ့သူ။ထိုသူက ဒါတွေနဲ့များပတ်သတ်နေတာများလား။ဒါဆို သူ့ကိုဘာလို့ဒီလိုလာပြီး ပေးရတာလဲပေါ့။

သို့သော် ဟိုဆော့ဆိုသည်သူသည် သူနဲ့ရန်သူခြင်းတူနေတာပင်။ရိုးရိုးဆရာဝန်တစ်ယောက်အနေနဲ့ ဘာရန်ငြိုးရန်စမှမရှိလောက်ဘူးထင်ပေမဲ့ ဟိုဆော့ဆိုသည့်သူဟာ နိုင်ငံရေးအသိုင်းအဝိုင်းတစ်ခုက သူလျှိုတစ်ယောက်မှန်းသိလိုက်ရသည်။

" ခင်ဗျားတို့ တွေ လူဆိုးတွေကို ရဲတွေက ဖမ်းတာထက် ကျွန်တော်တို့နိုင်ငံရေးလောက က ဒီထက်ပိုရှုပ်တယ်ဗျ "
တဲ့ ခပ်အေးအေးပြုံးကာ ဟိုဆော့သည် သူ့ကိုထိုသို့ပြောခဲ့သည်။ထို့နောက် ဟိုဆော့က မင်ဂျုုံးယောင်းအကြောင်းကို အရိပ်အမွက်ပြောခဲ့သည်။နမ်ဂျွန်းအနေနဲ့ ယခုမှတွေ့တဲ့လူကိုယုံကြည်ဖို့ခက်ခဲခဲ့ပါသည်။

သို့သော် ဟိုဆော့ပြောသည့်အချက်တွေဟာ မှန်ကန်နေသည်။ထို့ကြောင့် သူဟိုဆော့နဲ့ ပူးပေါင်းခဲ့သည်။ဟိုဆော့ နောက်က လူက မည်သူမှန်းတော့ သူမသိရပါ။ဟိုဆော့သည် သိုဝှက်သည် ထို့အပြင် နိုင်ငံရေးလောက က ကိစ္စများသည် ရှုပ်သထက်ပင်ရှုပ်သည်။နမ်ဂျွန်းအနေဖြင့်ကိုင်တွယ်ဖို့ဟာ ခက်ခဲလှသည်။

အရင်ဆုံး ဒီကိစ္စကိုအရင်ရှင်းရပေမည်မဟုတ်ပါလား။ထို့ကြောင့် သူတို့ တွေတဖြည်းဖြည်း သက်သေနဲ့ သဲလွန်စတွေကိုလိုက်ရှာနေခဲ့သည်။ထို့နောက် ဆူယောင်းရဲ့ ခင်ပွန်းက သူတို့လိုက်နေသည့်အမှုရဲ့ ပတ်သတ်နေသူတစ်ဦး ဖြစ်ပြီး ဆူယောင်းရဲ့ကျေးဇူးနဲ့ ထိုလူကို အမိအရဖမ်းနိုင်ခဲ့သည်။ထပ်သိလာခဲ့ရသည်က ရွာလူကြီးဖြစ်သူပင်။ဆူယောင်းရဲ့အဖေ။

ဒါ့ကြောင့် မှောင်ခိုလုပ်ငန်းဖြစ်သည့် သူတို့က မူးယစ်ဆေးဝါးရော လက်နက်ခဲယမ်း၊ နိုင်ငံအမွေပစ္စည်းတစ်ချို့အား သိုလှောင်ထားရာနေရာရှိရမည်ဟု သူထင်မိသည်။

ဟိုဆော့ပေးထားသည့်စာရွက်သည် ထိုသိုလှောင်ရုံနေရာများပင်ဖြစ်လိမ့်မည်ထင်သည်။သူတို့ရွာတွင်လည်း ထိုနေရာပြထားသည်။

ဒါဆို သေချာသလောက် အရင်က အကိုယွန်းဂီ အိမ်က သိုလှောင်ရုံဖြစ်ခဲ့ပုံထောက်သည်။ဒါကြောင့် သူလာရောက်မစုံစမ်းခင် သေချာပေါက်လက်စဖျောက်ခဲ့ပုံပင်။နေရာအသစ်ကိုပြောင်းမည်ဖြစ်လိမ့်မည်ဖြစ်တဲ့အတွက် သူစဥ်းစားမိတာက မင်ဂျုံးယောင်း ကိုယ်တိုင် လာရောက်ဖွင့်ထားတဲ့ အစိုးရ ဆေးရုံပင်။ဥပဒေနဲ့ မကောင်းမှု ကြား လက်တစ်လုံးကြားလုပ်ရုံတင်မက ကောင်းကောင်းကြီးကို မျက်လှည့်ပြနေတာပင်။ဒါကြောင့်လည်း မကြာခင်က ဟိုဆော့က ထိုဆေးရုံမှာအလုပ်ဝင်လုပ်ခဲ့ခြင်းပင်ဖြစ်မည်။

ထိုအရာကိုကြည့်ခြင်းဖြစ့် ဂျောင်ဟိုဆော့ဆိုသည့်သူက သူ့ထက်ပင် ပိုပြီး ဉာဏ်ပြေးကာ ခြေတစ်လှမ်းသွက်သည်။ထိုလူနဲ့ခင်ခဲ့ရတဲ့တစ်လျှောက် ဟိုဆော့သည် အေးဆေးတည်ငြိမ်စွာ ကိစ္စတစ်ခုကို ဖြေရှင်းနိုင်သည်။ဟိုဆော့သာ တစ်ခြား နိုင်ငံရေးဂိုဏ်းက လူမဟုတ်ရင် သူတို့နှစ်ယောက် ခင်မင်မှုက ဒီထက်ပင်ပိုပေဦးမည်။သို့သော် နိုင်ငံရေးသမားများသည် ရှုပ်ထွေးပွေလီလွန်းသည်။နမ်ဂျွန်းသည် တစ်ဖက်နယ်ပယ်ကမို့ တစ်ချို့အရာတွေဝင်စွက်ဖက်နိုင်ခွင့်မရှိသလို တစ်ချို့အရာတွေကိုလည်း ထိုလူတွေဖက်က ဝင်စွက်ဖက်နိုင်ခွင့်မရှိ။များသောအားဖြင့်နိုင်ငံရေးသမားများသည် နမည်ရကောင်းအောင်ကြိုးစားကြသည်ပင်။

မင်ဂျုံးယောင်းဆိုသူကလည်း နိုင်ငံရေးသမားတစ်ယောက်ပင်။ဒါကြောင့်လည်း ဟိုဆော့ရဲ့အထက်ကလူနဲ့ငြိခဲ့ပြီး သူ့အားကူညီပုံထောက်လောက်သည်။

သို့သော် မင်ဂျုံးယောင်း ကိုလက်ရဖမ်းဆီးဖို့ဆိုတာ အတော့်ကိုပင်ခက်ခဲလှသည်။ထိုလူက နောက်ကွယ်ကနေကြိုးကိုင်ပြီး အရှေ့ထွက်လာသည့်သူမဟုတ်ခဲ့ပေ။ထို့ကြောင့် သူ ဦးနှောက်စားနေရသည့်ကိစ္စပင်။

လက်ထဲက ဆေးပျင်းလိပ်ကို နှစ်ရှိုက်လောက်ဖွာလိုက်ကာ အငွေ့တွေကလွှတ်ထုတ်ရင်း သက်ပျင်းဖွဖွချလိုက်သည်။ခုချိန်လောက်ဆို မင်ဂျုံးယောင်းဘက်က နမ်ဂျွန်းလှုပ်ရှားနေမည်ကိုသိပုံထောက်သည့်အတွက် သတိထားနေမှတော်ကာကျတော့မည်။

သို့ပေသိ ဟိုဆော့မဟုတ်ပဲ သူ့အား တစ်ခါ စာပို့ကာ တိုက်ရိုက် ဆက်သွယ်ထားသည့် သူရှိပေသည်။နာမည်ဟာ မည်သူလည်းဆိုတာတော့မဖော်ပြထားပါ။လွန်ခဲ့တဲ့ တစ်နှစ်လောက်ဖြစ်ခဲ့သည်ထင်ရဲ့။ထို့လူက စာအုပ်တစ်အုပ်ကို ပို့လာခဲ့သည်။ထိုစာအုပ်သည် လူတွေအများကြီးပါတဲ့ နမည်စာရင်းပင်။ ထိုစာရင်းကိုကြည့်မိတော့ လူတစ်ချို့ဟာ စီးပွားရေးလောကနှင့် တစ်ချို့ နိုင်ငံရေးလောက ကလူများပင်။တစ်ချို့လူတွေကိုလည်း သေချာမသိ။ထိုနမည်စာရင်းတွင်တော့ မင်ဂျုံးယောင်းနဲ့ ရွာလူကြီးရယ် ဆူယောင်းခင်ပွန်းရဲ့နမည်တွေလည်းပါပေသည်။ထို့ကြောင့် သူပြန်စဥ်းစားရရင် အံ့အားသင့်မိခဲ့ရသည်။ထို စာအုပ်သည် တစ်မျိုးတစ်ဖုံ ပတ်သတ်နေလိမ့်မည်ပင်။

ထိုစာရင်းကိုပြန်ဖတ်ကြည့်တော့ အီမိုဆောင်းဆိုသည့်နမည်လည်းပါနေတာကြောင့် သူ မျက်လုံးများပြူးကျယ်သွားရသည်။

အီမိုဆောင်းဆိုသည်မှာ ဦးလေးအီမလား။ဒါဆိုဘာကြောင့်။ကိစ္စတွေဟာ ရှုပ်ထွေးသထက်ရှုပ်လာခဲ့သည်။ထို့ကြောင့် သူကိုယ်တိုင် အကိုယွန်းဂီ အိမ်ကို ခွင့်ရတယ်ဆိုပြီး အနီးကပ်လာရောက်စောင့်ကြည့်ခြင်းပင်။ရန်သူ့အနားမှာနေကာ ရန်သူရဲ့ ခြေလှမ်းတွေကို စောင့်ကြည့်ရမည်မလား။သို့ပေမဲ့ဦးလေးအီသည် ဘာမှမလှုပ်ရှားပေ။ထို့ကြောင့် သူဦးလေးအီဟာ လူဆိုးလားလူကောင်းလားဆိုတာ သူသေချာ မသိတော့။ထိုစာရင်းထဲက လူတွေက ပဲ မှားနေတာလား သို့ပေမဲ့ ထို့ထဲက လူတစ်ချို့ဖြစ်သည့် ဆူယောင်းခင်ပွန်းနဲ့ တစ်ချို့လူတွေကို ဖမ်းမိခဲ့ကြသည်ပင်။

စဥ်းစားရ လုံးဝကျပ်လှသည်။လုံးထွေးနေတဲ့ ချည်လုံးကိုဖြေရင်းဖြေရင်း ပိုပြီး ရှုပ်သထက်ရှုပ်လာသလိုပင်။

မည်သို့ပင်ဆိုစေကာမူ ထိုလူတွေလုပ်ချင်တိုင်းလုပ်လို့ရအောင် နိုင်ငံတော်က လွှတ်ထားမည်တော့မဟုတ်ပါ။သူနဲ့ဟိုဆော့လို သွားနေတဲ့လမ်းချင်းမတူတောင် ပန်းတိုင်တူရင်တော့ ယိုင်းပင်းကူညီလို့ရတဲ့ လောကဖြစ်နေသေးသည်မလား။

သောက်လက်စ ဆေးလိပ်ကို ပြာခွက်ထဲသို့ထိုးကာ ငြိမ်းလိုက်သည်။ဆေးပျင်းလိပ်သုံးလိပ်ကုန်သွားတာတောင် ခေါင်းထဲက ရှုပ်နေသည့် ကိစ္စများကို အစတောင်ရှာလို့မတွေ့သေး။

ဟူး~~~

__________________________
Thanks

// နောက်ကျသွားတဲ့အတွက် တောင်းပန်ပါတယ် T T
အစာအိမ်အောင့်ပြီး ဖျားနေလို့အိပ်ယာထဲလဲနေလို့ပါ'((
ဆင်ခြေပေးတာတော့မဟုတ်ပါဘူး ဟီးဟီး😁

ဒီတစ်ပိုင်းမှာ နားမလည်မယ့်တစ်ချို့တစ်လေရှိနိုင်ပါတယ်။တတ်နိုင်သလောက်တော့ ကိုယ်ရှုပ်ထားတဲ့အရှုပ်ကြီးကို ရှင်းနေပါတယ် ဟီး ( ကိုယ့်ဇာတ်ကိုယ်နိုင်အောင်တော့ က ကတော့မှာပဲ)

ပြောချင်တာကကွာ
မင်ဂျုံးယောင်းက ယွန်းဂီအပေါ် သားလို့လုံးဝ သားအဖြစ်မသတ်မှတ်ပါဘူး။သူ့ဘက်က လုံးဝကိုအထင်လွဲမှားမှုမျိုးဖြစ်နေတာပါ ယွန်းဂီရဲ့မိခင်အပေါ်ကိုပါ။သူ့မိန်းမဖြစ်သူကို မနှိပ်စက်ပေမဲ့ အရမ်းလည်းချစ်ရတာကိုး သို့ပေမဲ့ ယွန်းဂီ ကိုငယ်စဥ်ကတည်းက မြင်တိုင်း သူ့သားမဟုတ်ဘူးလို့ယုံကြည်ပြီး ယွန်းဂီ အပေါ်မှာပဲ နှိပ်စက်ခဲ့တာပါ။အကျင့်ရိုင်းရှိသူမို့ ပါးရိုက်နားရိုက်တွေရှိပေမဲ့လို့ အရက်ဝင်ရင်တော့ ဒီထက်ဆိုးရွားတာမျိုးတွေပါ။ဆူယောင်းလောက်တော့ မဆိုးပါဘူး။ဆူယောင်းယောက်ျားက ခုခေတ်မှာဆို ဆိုက်ကိုလိုလိုဘာလိုလိုပါ။

(ယွန်းဂီ နဲ့ ယောင်းငယ်ရဲ့ ဒီတပိုင်းမှာလုံးဝမပါပေမဲ့လို့ စိတ်ဝင်စားဖို့ကောင်းအောင်တော့ရေးထားပါတယ် ဟီးဟီး)

ဆူယောင်းကိုသနားလို့သေတော့မယ် 😭

တစ်ခါမှဒီလောက်ထိစကားမများဘူးပါဘူး။နေမကောင်းတော့ စကားပြောစရာ ခင်ဗျားလေးတို့ပဲ ရှိလို့ 😅

@minemma. //

- zawgyi -

" ကလင္~~ ကလင္~~ ကလင္~~ "

စာ႐ြက္စာတန္းမ်ားနဲ႕ျပည့္ႏွက္ေနေသာ စားပြဲျပင္ထက္က အမဲနက္ေရာင္ရွိ အလယ္တြင္ လွည့္စရာ ဒိုင္ကြက္ပါသည့္ ကိုယ္ထည္ေ႐ႊေရာင္ရွိသည့္ ႀကိဳးဖုန္း ေလးမွ ခပ္ေမွာင္ေမွာင္အခန္းငယ္ထဲတြင္ အခ်ိန္ၾကာျမင့္စြာ ေျခာက္ျခားစြာျဖင့္ ျမည္ဟီးေနလွ်က္။

ခနအၾကာ ထိုျမည္ဟီးေနသံသည္ ရပ္တန့္သြားရသည္။

" ၿမိဳ႕စားမင္း မင္ဂ်ဳံးေယာင္း ေျပာေနပါတယ္ "

" မဂၤလာပါ ၿမိဳ႕စားမင္း "
ေလလွိုင္းမွျဖတ္လာတဲ့ တဖက္အသံဟာ ဘယ္သူမွန္း ေသခ်ာသိပါသည္။

" ကိစၥအေထြအထူးမ်ားရွိလို႔လား "
ေအးေဆးတည္ၿငိမ္စြာဆိုလိုက္သည္။

ေျဖာင့္တန္းေနေသာ မ်က္ခုံးေတြက တည္ၾကည္ေနမႈဆိုတာထက္ တင္းမားခက္ထက္ေနမွန္းသိသာလွသည္။

" ကြၽန္ေတာ့္သမက္ ထိမ္းသိမ္းခံထားရတယ္ဆိုတာ သိပါတယ္မလား။ ေနာက္ဆက္တြဲဘာေတြျဖစ္လာမယ္ဆိုတာ...."

ကိုယ့္အား စိုးရိမ္ေနမည္မ်ားထင္ေနေရာ့လား။

" ဟား..ဟား..ဟား.... ခင္ဗ်ားအေနနဲ႕ေတာ့ စိုးရိမ္ေနသင့္ပါတယ္ "

တစ္ဖက္မွ ေျပာစကားကို ဖ်တ္ခ်လိဳက္တဲ့ ရယ္ေမာသံဟာဆိုရင္ ေမွာက္အဲ့အဲ့ အခန္းထဲမွာ စိတၱဇဆန္စြာ မင္ဂ်ဳံးေယာင္းဆီမွ ထြက္ေပၚလာလွ်က္။

ခင္းက်င္းထားေသာ အသုံးအေဆာင္ပစၥည္းမ်ားနဲ႕မလိုက္ဖက္စြာ ျပတင္းေပါက္မွပတ္ပတ္လည္လိုက္ကာမ်ားခ်ထားေသာေၾကာင့္ ေမွာင္ရိပ္ဟာႀကီးဆိုးလွ်က္။နံရံကပ္ထားတဲ့ ေရနံမီးလင္းအိမ္ ဆီမွ အလင္းေရာင္ ဖ်ဖ်သာ ေဖ်ာ့ေတာ့စြာ ေက်းတန္းျမင့္မားေသာ ပစၥည္းမ်ားျပည့္ႏွက္ေနသည့္ မဟူရာအခန္း၌ လႊမ္းခ်ဳံေနသည္။

" ဟုတ္တာေပါ့ဗ်ာ... အာဏာဆိုတဲ့အရာမွ ကြၽန္ေတာ့္လို႔နိမ့္က်တဲ့ ႐ြာသူႀကီးဆီမွာမွမရွိတာရယ္ "

ေအးေအးလူလူဆိုေနေပမဲ့ ခနဲ႕တဲ့တဲ့ ဆိုသည္မွန္း နားေထာင္တာနဲ႕တင္သိပါသည္။

" ဒီလို အႏုံအခ်ာ ႐ြာက အုပ္ခ်ဳပ္သူျဖစ္ေနရလို႔လား မသိပါဘူးဗ်ာ အခ်ိန္ေတြအရမ္းပိုေနတုန္း စိတ္ဝင္စားဖို႔ေကာင္းတာေလးေတြ သိပ္ရွိခဲ့သပါ့ဗ်ာ။ "

မင္ဂ်ဳံးေယာင္းဆိုသူသည္ တဖက္အသံကိုၾကားသည္ႏွက္ အနည္းငယ္ေတာ့ ေတြးဆေနမိသည္။တဖက္မွာ ဘာအႀကံအစည္မ်ားရွိေနခဲ့သနည္း။အစကတည္းက တစ္ေလွတည္းစီးေနခဲ့ၾကေပမဲ့ တစ္ေယာက္မွယုံၾကည္လို႔မရတဲ့ နယ္ပယ္က သူေတြမလား။

အႀကံတူရန္သူဆိုသလို ေႁမြေႁမြျခင္းေခ်ျမင္သည့္သေဘာလည္းျဖစ္သည္။ထို႔ျပင္ သစၥာေဖာက္ေတြေပါသည့္အျပင္ ကို႔အတြက္ပဲ ကိုယ္ၾကည့္သည့္ ဒီလို အေမွာင္ဘက္ျခမ္းမွာ ေႁမြေပြးခါးပိုက္ႏွိုက္ဆိုသလို ကံတရားနဲ႕ အေလာင္းအစားလုပ္ေနရသည့္သေဘာ။အသက္ ၊စည္းစိမ္ႂကြယ္ဝမႈ ၊ အာဏာ ဆိုတာ ထိုအေလာင္းအစား၏ ေၾကးမ်ားပင္။ရဲရင္မင္းျဖစ္ ဆိုသလို ရဲတင္းမွျဖစ္မည္ဆိုေပမဲ့ တစြတ္ထိုး တေစာက္ကန္းေတာ့ လုပ္လို႔မရသည့္ ဒုစရိုက္ေလာကမဟုတ္ေပဘူးလား။တစ္ခ်က္မွားတာနဲ႕ အသက္ဆိုသည့္အရာကိုေတာင္အာမ မခံနိုင္သည့္ေလာကပင္။သူ႕လိုအာဏာရွင္အေနနဲ႕ ကိုယ္တိုင္စစ္ထြက္တိုက္စရာမလို စစ္တုရင္ေပၚက နယ္႐ုပ္ကိုသာ လွလွပပေလးေ႐ႊ႕ကာ ကစားေပးရတဲ့လူမ်ိဳးမဟုတ္ပါလား။

ဒါကိုနယ္႐ုပ္တစ္႐ုပ္ျဖစ္သည့္ အညာတရ ႐ြာေလးရဲ႕ သူႀကီးဆိုသူက သူ႕အား ခ်ိန္းေျခာက္ခ်င္ေနသည္မွန္း သိေတာ့

ခပ္ေသာေသာသာ ရယ္ေပးလိုက္မိသည္။ဒီလူက သူ႕လိုလူကို ၿခိမ္းေျခာက္ေနသည္တဲ့လား။

" မင္ယြန္းဂီ... "

တစ္ဖက္မွထြက္ေပၚလာတဲ့အသံေၾကာင့္ သူ ရယ္ေနရင္း ႐ုတ္တရက္ရပ္လိုက္မိသည္။

" သားျဖစ္သူရဲ႕ အသက္ကိုေတာ့ စိတ္ဝင္စားတယ္မလား "

႐ြာသူႀကီးဆိုသူသည္ ဒီတစ္ခါေတာ့ လွည့္ပတ္ေျပာမေနပဲ လိုခ်င္တာကိုတည့္တည့္ဆိုလာသည္ထင္။

" ကြၽန္ေတာ့္ ကို ပတ္သတ္လာမယ့္ ဒီအမႈမွာ လြတ္ေအာင္လုပ္ေပး "

မင္ဂ်ဳံးေယာင္းရဲ႕ ခက္ထန္ေနသည့္မ်က္ႏွာထက္ ေလွာင္ၿပဳံးတစ္ခုကို ဆင္ျမန္းလိုက္သည္။

" သားအတြက္မပူပါဘူး ခင္ဗ်ားသမီးေတာ့ အနည္းငယ္စိတ္ပူမိတယ္ ေယာက်္ားက ေထာင္က်ၿပီး ဖခင္က ကြယ္လြန္သြားရင္အဆင္ေျပပါ့မလား....ဟား..ဟား..ဟား.."

ေျခာက္ကပ္လွသည့္ ေအာ္ရယ္သံႀကီးဟာ တစ္အိမ္လုံးကိုဟီးသြားေစသည့္အလား။

" မင္း...မင္း..ေတာက္ခ္ "

" ကိုယ့္ေနရာကိုယ္သိသင့္တယ္ "

ရယ္ေနရာကေန ေအးစက္စြာ ခပ္တည္တည္ေျပာလိုက္သည္။

တစ္ဖက္လူက ဘာမွျပန္မေျပာနိုင္စြာ ဖုန္းကိုခ်သြားေလသည္။

ထိုသူလာစမ္းခ်င္တာ မည္သူတဲ့လဲ ၿမိဳ႕စားမင္း မင္ဂ်ဳံးေယာင္းကိုတဲ့ေလ။ေသးေသးေတာင္အတင္မခံနိုင္တဲ့ သူ႕ကို အညာတရ နယ္႐ုပ္တစ္႐ုပ္က ေသြးတိုးစမ္းေနသည္မွာ ရယ္ခ်င္စရာေကာင္းလွသည္။

ေသြးသားေတာ္စပ္တယ္ဆိုတဲ့ ထိုအႏွီ သူ၏ သားဆိုသူ မင္ယြန္းဂီနဲ႕မွ လာခ်ိန္းေျခာက္သည္က သူ႕အား ေဒါသပိုထြက္ေစသည္။ ထိုလိုေကာင္က သူရဲ႕ ၿခိမ္းေျခာက္ခံေနရသည့္ ဓားစားခံအျဖစ္ေတာင္ မထိုက္တန္ေအာင္ သူ႕အေတြးထဲတြင္ သားဟုေတာင္မသတ္မွတ္နိုင္ေပ။

ခ်စ္လွပါခ်ည္ရဲ႕ဆိုတဲ့ တန္ဖိုးထားရတဲ့ မိန္းမျဖစ္သူမွ ေမြးဖြားလာတဲ့ ထိုအႏွီေကာင္သည္ သူ႕ေသြးသားေရာ ဟုတ္သည္လားဆိုသည္မွာ သူမသိေပ သိလည္းမသိခ်င္။ထိုအႏွီေကာင္ကိုျမင္တိုင္း စက္စုတ္ဖြယ္ေကာင္းေသာ မိန္းမကို ျပန္ျမင္ေယာင္ေနမိသည္။ ထိုမိန္းမသည္လည္း စက္စုတ္စရာေကာင္းလွေအာင္ ေယာက္်ားတကာနဲ႕ ပေရာပရီေနသည္က အိမ္ႀကီးရွင္ရဲ႕ သခင္မရာထူးေပးထားရတာေတာင္ ေက်းဇူးတင္သင့္သည္။

ေဒါသေတြဟာ တစတစ ေသြးထဲသို႔ စီးဆင္းကာ ႏွလုံးအိမ္ထဲတြင္ ေလာင္ကြၽမ္းေနမိသည္။

မင္းယြန္းဂီ ဆိုတဲ့ ထိုအႏွီေကာင္ဟာ သူ႕ရဲ႕အားနည္းခ်က္ဘယ္ေတာ့မွ ျဖစ္လာမည္မဟုတ္ပါ။

ယခင္အတိုင္းသာ ထိုအေကာင္ဟာ အိမ္ေတာ္တြင္ရွိေနမည္ဆိုလွ်င္ ခါးၾကားထဲ က ခါးပတ္အနက္သည္ ထိုအေကာင္တြက္ပင္ျဖစ္လိမ့္မည္။

___________________________

ေမွ်ာ္လင့္ခ်က္ေရာင္ခ်ည္ဆိုတာ အေရွ႕ရပ္က ေနထြက္သလို ျပည့္စုံလွပစြာ ေပၚထြက္မလာခဲ့ ၊ ေတာင္စြယ္ငယ္တြင္ ပထဝီေျမႀကီးသို႔ နစ္ျမႇုပ္ေတာ့မယ့္ ေနမင္းပမာ ေလာက္ေတာင္ ေနာက္ဆုံး စြဲကိုင္နိုင္ေလာက္သည့္ ေမွ်ာ္လင့္ခ်က္ေလး တစ္စုံတစ္ရာေတာင္ မရွိေတာ့ေပ။

ခ်စ္ရသူအားခြဲခြာၿပီး မခ်စ္မႏွစ္သက္သူကို လက္ထပ္ထိမ္းျမႇားရျခင္းက သူမအတြက္ မ်က္ေတာင္တစ္ခက္အတြင္း သေတြးၿမိဳခ်ရသေလာက္ကို လြယ္ကူေနခဲ့ရသည္။ေစာင့္ေမွ်ာ္ေနခဲ့ခ်ိန္ ခ်စ္ရသူဟာ ေရာက္မလာခဲ့။သူမဘာတက္နိုင္မည္တဲ့လဲ။ငိုေႂကြးခဲ့႐ုံမွတပါး ဆူေယာင္း ဘာမွမလုပ္နိုင္ခဲ့ပါ။ထယ္ေယာင္းအေပၚေဒါသထြက္ျခင္းေတြရွိခဲ့သည္။ဒါလည္းျဖစ္သင့္သည္ေလ။သူမတစ္ခ်ိန္လုံး ေစာင့္ေနခဲ့သည္။ဒါေပမဲ့ ကံၾကမၼာဟာ သူတို႔ႏွစ္ေယာက္အား ပ်က္ရယ္ျပဳသြားခဲ့ဟန္တူပါသည္။

မိဘေတြသိသြားကာ ခ်က္ခ်င္းကို ၿမိဳ႕ကိုေစလႊတ္ကာ အရာရွိတစ္ေယာက္နဲ႕ေပးစားခဲ့သည္။ထိုအခ်ိန္ဟာ သူမအတြက္ မိဘေတြကိုပထမဦးဆုံး စိတ္နာခဲ့ဘူးျခင္းပင္။မခ်ိမဆန့္ေအာင္ အသဲကြဲျခင္းကိုခံစားေနရၿပီး စိတ္ပ်က္ မႈေတြဟာ တမဟုန္ျခင္း မီးပြားလို႔တိုးလာခဲ့သည္။

လက္ထပ္ၿပီးမၾကာမီသိလိုက္ရသည္က မိဘေတြကိုယ္တိုင္ေ႐ႊလက္တြဲေပးလိုက္သူရဲ႕စရိုက္ေတြဟာ သူမအေပၚကို ဆူးခြၽန္ေနတဲ့သံႀကိဳးေတြနဲ႕ပတ္ႏွောင္ကာ ႏွိပ္စက္ျခင္းဆိုတဲ့ အရာရဲ႕ အမွတ္အသားေတြနဲ႕ သူမခႏၱာကိုယ္ေပၚတြင္ မခ်င့္မရဲခံစားခဲ့ရသည္။ထိုအခ်ိန္က စလို႔ သူမ အသက္ရွင္ဖို႔အတြက္သာ ေတြးေနမိသည္။ဘယ္သူမ်ားကယ္နိုင္မည္လဲ။

ကံၾကမၼာဟာ သူမအေပၚအလြန့္ကို ခါးသက္ခဲ့ျပန္သည္။ကူကယ္ရာမဲ့ေနတဲ့ အိမ္ေထာင္ရွင္မတစ္ေယာက္ကို ဘယ္သူကမ်ားယုံစားကာ ကူညီေပးနိုင္မည္လဲ။အရာရွိတစ္ေယာက္ရဲ႕ မိန္းမဟာ အမ်ားအျမင္မွာ တင့္တယ္ကာ ထက္ျမက္ေနသည့္ပုံႏွယ္ ပြဲဦးထုတ္ထားခဲ့ႏွင့္ၿပီးသားရယ္။ရက္စက္တယ္ဆိုတဲ့စကားသည္ ထိုလူနဲ႕မအပ္စပ္လွေပ။စိတ္ေရာဂါသည္တစ္ေယာက္လို ထိုလူဟာ အိမ္ဆိုသည့္အရာထဲတြင္ သူမဆိုတဲ့အ႐ုပ္ကေလးနဲ႕ ေပ်ာ္ေပ်ာ္ႀကီးကစားခဲ့သည္။

တစ္ႏွစ္ၾကာေပါင္းသင္းၿပီးေနာက္သိခဲ့ရသည္က ထိုလူသည္ ဒုစရိုက္သမား။အိမ္တြင္းအၾကမ္းဖက္႐ုံမက ထိုလူဟာ မေကာင္းမႈအကုန္လုပ္သည့္ႏွယ္။ထိုအခ်ိန္မွစ သူမ သက္ေသမ်ားအားဆုေဆာင္းခဲ့သည္။႐ုတ္တရက္ နမ္ဂြၽန္း oppaနဲ႕ ေတြ႕မႈကို သူအခြင့္အေကာင္းယူကာ အႀကိဳးရွိရွိအသုံးခ်ခဲ့သည္။

ေလးလအၾကာတြင္ သူမဟာ ကိုယ္ဝန္ သုံးပတ္ခန့္ရွိေနခဲ့ၿပီကိုသိလိုက္ရသည္။ ကေလးဖခင္ကို မေက်နပ္ကာ စက္စုတ္ေပမဲ့လို႔ သူ႕ဗိုက္ထဲက ကေလးသည္အျပစ္ကင္းစင္သည္။ထို႔ေၾကာင့္ပင္ ထိုကေလးအတြက္ အႏွီလူသားမဆန္တဲ့လူသားကို အျမန္ဆုံး ရဲလက္အပ္ခဲ့သည္။ထို လူမဆန္တဲ့ လူရဲ႕လက္ေအာက္တြင္ ကြၽန္မ၏ကေလးကို ဘယ္ေတာ့မွ ႀကီးပ်င္းေစမည္မဟုတ္။သူမအတတ္နိုင္ဆုံးကာကြယ္သြားမည္ျဖစ္သည္။

တစ္ဆက္တည္း သိလိုက္ရသည္က သူမ၏ဖခင္သည္လည္း ထိုဒုစရိုက္မႈမ်ားနဲ႕ပတ္သတ္နိုင္ေခ်ရွိသည္တဲ့။အကယ္၍သာ အမွန္ဆို သူမတကယ့္ကို စက္စုတ္႐ြံ႕ရွာမိမွာအမွန္။သူမခ်စ္ခင္ရတဲ့ သူမရဲ႕ဖခင္ဟာ သူမအားအၿမဲတမ္း တည္ၾကည္ေျဖာင့္မတ္ရန္သင္ေပးေနၾက။

ႏွစ္လအၾကာ အိမ္ျပန္ေရာက္ခ်ိန္မွာေတာ့ သံသယစိတ္မ်ားသည္ တကယ့္အမွန္အျဖစ္သို႔ လုံးဝေပ်ာက္ကြယ္သြားရသည္။အံ့ၾသျခင္း မယုံၾကည္နိုင္ျခင္းေတြဟာ ေရာလွ်က္လွ်က္။ ဘုရားတစ္ဆူလို ကိုးကြယ္ယုံၾကည္ေလးစားခဲ့ရေသာ ဖခင္သည္ အမွန္တကယ္ မ်က္ႏွာဖုံးစြတ္ထားသူပင္။သူမ၏မိခင္သည္လည္း ထိုအရာမ်ားကိုမ်က္ကြယ္ျပဳထားခဲ့ပုံေပၚသည္။တကယ့္ကို မေကာင္းမႈေတြကို သူမ မသိေအာင္ လက္တစ္လုံးၾကားလုပ္ေနခဲ့သည္။

အေဖခ်စ္သမီးျဖစ္တဲ့ ကြၽန္မဟာ သူတို႔ကိုယ္တိုင္ေပးစားခဲ့တဲ့ ေယာက္်ားရဲ႕ ႏွိပ္စက္ခံရသည္သိေတာ့ မိဘႏွစ္ပါးလုံး ပါးစပ္မဟနိုင္ေတာ့ေပ။သူတို႔ရဲ႕ အျပစ္ေတြဟာ သူမက ၾကားထဲက အစားခံေပးရသည္ဟုသာ ေတြးထားမိသည္။သူမကေလးကိုေတာ့ သူမ၏ မိခင္နဲ႕ ဖခင္ရဲ႕အရိပ္အာဝါသ ေအာက္တြင္မရွင္သန္ေစခ်င္ပါ။

ဒါေၾကာင့္လည္း ထယ္ေယာင္းကို အားနာနာနဲ႕ပဲ အကူအညီေတာင္းခဲ့ရပါသည္။ျဖတ္သန္းလာခဲ့တဲ့တစ္ေလွ်ာက္ လုံး ကႏၻာအသစ္တစ္ခုမွာ ခက္ခက္ခဲခဲ ရွင္သန္ခဲ့ရလို႔ထင္ပါရဲ႕ အသက္ရွင္ေနရတာကိုေတာင္ ေက်းဇူးတင္မိသည္။တဖန္ ထိုအခ်ဳပ္အႏွောင္ေတြဆီမွ လြတ္ေျမာက္ခဲ့လို႔ ဘုရားသခင္ကိုေက်းဇူးတင္မိပါသည္။ဆုလာဘ္ေဆာင္ေလးအေနျဖင့္ ဗိုက္ထဲက ကေလးေလးကိုရလိုက္သည္ထင္ပါရဲ႕။

ဆူေယာင္းသည္ တစ္ခုခုကို ခပ္လြယ္လြယ္လက္ေလွ်ာ့တတ္တဲ့ မိန္းမသားမ်ိဳးမဟုတ္ေပ။ငိုေနရမည့္မ်က္ရည္ေတြအစား ႀကံ့ႀကံ့ခိုင္နိုင္ရမည္ဆိုတဲ့စိတ္ေၾကာင့္လည္း သူ ေရွ႕ဆက္ဖို႔ခြန္အားျဖစ္ခဲ့ရသည္ထင္ပါသည္။

ကေလးေလးရွိလာေတာ့ ဘယ္သူ႕ကိုမွ အာဃာတမထားခ်င္ေတာ့ပါ။အထူးသျဖင့္ ထယ္ေယာင္းႏွင့္ပင္။ ထယ္ေယာင္းကို သူဆက္ၿပီးအမုန္းမပြားခ်င္ေတာ့။ထိုေန႕က မီးေလာင္တဲ့ကိစၥေၾကာင့္ ဆိုတာ သိၿပီးတာနဲ႕ေရာ သူမ ထယ္ေယာင္းအေပၚ စိတ္မဆိုးခ်င္ေတာ့ေပ။လူတစ္ေယာက္၏အသက္က အေရးႀကီးတယ္မလား။ထယ္ေယာင္းေ႐ြးခ်ယ္မႈအေပၚေလးစားပါသည္။သို႔ေပသိ သူမအေပၚကိုေတာ့ ထယ္ေယာင္းရဲ႕ေ႐ြးခ်ယ္မႈက မွားယြင္းေအာင္ ကံၾကမၼာဟာ သက္သက္ကို အေၾကာင္းဖန္ခဲ့သည္။

မွားယြင္းေစခဲ့တဲ့ ကံၾကမၼာကိုပဲ အျပစ္တင္ရင္း သူဘာလုပ္နိုင္မည္တဲ့လဲ။

ထယ္ေယာင္းထံမွ ေတာင္းပန္စကားၾကားရသည္နဲ႕ ဆူေယာင္း ေက်နပ္ကာ လုံေလာက္သြားၿပီဟုထင္မိပါသည္။ႏွစ္ေတြအေတာအတြင္ သူမတစ္ေယာက္ထဲ ခံစားခဲ့ရတာမွမဟုတ္တာ ။ထယ္ေယာင္းလည္း သူမနည္းတူ ခံစားခဲ့ရေပမည္။

နမ္ဂြၽန္း oppaနဲ႕ေတြ႕စုံခဲ့ျခင္းဟာ ေလွာင္ပိတ္ေနခဲ့စဥ္တစ္ျဖစ္က သူမအတြက္ လမ္းျပၾကယ္တစ္ခုျဖစ္ခဲ့သည္။အရာအားလုံးဟာ ထိုေန႕က နမ္ဂြၽန္း oppaနဲ႕သာ မေတြ႕မိခဲ့ပါရင္ သူမလည္း ခုခ်ိန္ထိကို သူ႕ရဲ႕ ခင္ပြန္းျဖစ္သူ ရဲ႕ ႏွိပ္စက္အရိုက္အႏွက္ခံျဖစ္ေနေပလိမ့္မည္။

ဆူေယာင္းသည္ ထိုခတ္အခါတြင္ ပညာတတ္ပညာရွိအမ်ိဳးသမီးျဖစ္ရာ သူမ၏ဂုဏ္သည္ အနည္းနဲ႕အမ်ား ေက်ာ္ေဇာခဲ့သည္။မယား၏ဂုဏ္သည္ လင္ေယာက္်ားအေပၚပါ သက္ေရာက္သည့္အတြက္ သူမ၏အမ်ိဳးသားသည္လည္း ထိုသို႔တည္ၾကည္ေသာ အမ်ိဳးသမီးကိုရယူထားၿပီး အိမ္တြင္း မျပဳသင့္သည္မ်ားကို ျပဳမူခံရသည္ဟုမည္သူမွမထင္ခဲ့။သူမသည္ထိုအခ်ိန္က ဒုကၡဆင္းရဲ ေတြျပည့္စုံေနသည္ ငရဲဆိုသည့္အရာကိုေတာင္ သူမခံစားေနရသည္ဟုထင္ခဲ့မိသည္။

အရိုင္းစိတ္ဝင္ေနခ်ိန္ သူမေယာက္်ားဟာ တိရိတ္ဆန္တစ္ေကာင္ေလာက္ေတာင္ ၾကင္နာသနားစိတ္ အသိလုံးဝမရွိေပ။ခႏၱာကိုယ္အျပည့္မွာ ထိုလူေပးတဲ့ ဒဏ္ရာေတြဟာအျပည့္။သူမအခုခ်ိန္ထိလက္ရွည္ဝတ္ဆဲ။

နာက်င္မႈေတြဟာ အမုန္းအာဃာတမီးအျဖစ္ ႏွလုံးသားမွာ ထုဆစ္ခဲ့ရသည္။ထိုလူေသခ်ာေပါက္ေပးဆပ္ရမည္ဟုပင္။သို႔ေပမဲ့လို႔ ကူကယ္ရာမဲ့ေနတဲ့ သူမကို ဘယ္သူကမ်ားကယ္တင္နိုင္ခဲ့မည္နည္း။

နမ္ဂြၽန္း oppaသည္ သူ႕အား ဒုကၡတြင္းထဲဆင္းကယ္တာမ်ိဳးမဟုတ္ေပမဲ့လို႔ သူ႕အားထိုဒုကၡတြင္းမွထြက္လာနိုင္ရန္ လမ္းကိုျပခဲ့သည္ သူမ်ိဳးပင္။

ဟိုေဆာ့ oppa ကေတာ့ သူ႕ရဲ႕ဒဏ္ရာေတြကို ေပ်ာက္ေအာင္ကုသေပးရင္းရင္းႏွီးခဲ့ရသည္။

နမ္ဂြၽန္း oppaရဲ႕ အစီအစဥ္တြင္ သူမသည္ မိန္းကေလးျဖစ္ၿပီး ကိုယ္ဝန္ရွိေသးတာေၾကာင့္ မ်ားမ်ားစားစားမပါဝင္နိုင္ပါ။သို႔ေပသိလည္း သူမမိဘေတြအား စိတ္နာသည္ေသာ္ ေနာက္ဆုံး သားသမီးဆႏၵအေနနဲ႕ လမ္းမွန္ျပန္ေရာက္ေစခ်င္ၿပီး ရင္ေကာ့ေခါင္းေမာ့ကာ ေနခ်င္သည္။ဒါေၾကာင့္ သူလွ်ိုအျဖစ္ ဖခင္အိမ္တြင္ျပန္ေနခဲ့သည္။

ေမြးရပ္ေျမျပန္ေရာက္ရင္ အခ်စ္ဦးကိုတမ္းတမိတယ္ဆိုတာ အမွန္ပင္။ဂႏၼာပန္းေတြရဲ႕ေလအေဝ့မွာ ခ်စ္ရသူ ထယ္ေယာင္းကို သူမျပန္လည္ သတိရမိပါသည္။အေျခအေနျခင္းျခားနားသြားသည့္ သူမနဲ႕ ထယ္ေယာင္းရဲ႕အေျခအေနဟာ ကြာျခားသြားလွၿပီ။စၿပီး ထယ္ေယာင္းကို ယြန္းဂီ oppaအိမ္တြင္ ျမင္ခဲ့ရသည့္ေန႕က သူမရင္ေတြတုန္ေနခဲ့သည္။စိတ္လႈပ္ရွားေနခဲ့သည္။သူမတို႔ေဝးကြာခဲ့ရတယ္ဆိုေပမဲ့ ထယ္ေယာင္းအေပၚထားရွိတဲ့ သူမစိတ္ေတြဟာ တင္းခံေနရင္ေတာင္ အနည္းငယ္ ေပ်ာ္ဝင္ေနမိၿပီရယ္။

ထိုေန႕က ထယ္ေယာင္းရဲ႕အၾကည့္ေတြမွာ အံ့ၾသမႈမွတပါး သူမအတြက္အရိပ္အေယာင္ေတာင္ရွာမေတြ႕ခဲ့ပါ။ရာသီေတြအလီလီေျပာင္းလာခဲ့ရၿပီ ျဖစ္ၿပီးပ်က္တဲ့ ဒီေလာကမွာ ထယ္ေယာင္း သူမအေပၚ အရင္လိုစိတ္ခံစားခ်က္မရွိေတာ့တာကို သူမလက္ခံလိုက္သည္။ဘာတက္နိုင္မည္လဲ ကံၾကမၼာက အစ ခြဲထားတဲ့ သူမတို႔ႏွစ္ေယာက္ရဲ႕ အခ်စ္ေတြဟာ ေရွ႕ဆက္နိုင္မည္မဟုတ္ေတာ့။

ထိုေန႕သူမအိမ္ျပန္သည့္ေန႕က သူမ ဗိုက္ေလးအားခပ္ဖြဖြပြတ္ကာ

" ကံဆိုတာ ကိုယ္လုပ္တဲ့အရာမို႔ ကေလးအေပၚ ေမေမက ကံေကာင္းျခင္းေတြပဲ ယူေဆာင္လာေပးမွာပါ "

ကံေခလြန္းတဲ့သူမ သူမကေလးအေပၚ ကံဆိုးမႈေတြက်ေရာက္မည္ကိုမလိုလားေပ။

သူကာကြယ္ေပးရမည္ အႏွီကေလးေလးရွိေနၿပီမလား။သူမ ထိုအရာေတြမွာဆက္ၿပီးေပ်ာ့ညံ့ေနမည္မဟုတ္ေတာ့ပါ။

တစ္ခါတစ္ေလ ကံၾကမၼာဟာ မတရားရင္ေတာင္ တရားသျဖင့္ရွင္သန္ရမည္ပင္။

___________________________

အိပ္ခန္းထဲရွိထိုင္ခုံတြင္ ေျခတစ္ဖက္ သိမ္း ကို တစ္ဖက္ ေပါင္ေပၚသို႔တင္ကာ ထိုင္ေနရင္း လက္မွေဆးပ်င္းလိပ္ကိုလည္းတစ္ခ်ပ္တစ္ခ်ပ္ဖြာေနမိသည္။

မ်က္ခုံးတန္းတန္းေတြက တစ္ခုခုကို ေသခ်ာေလးနပ္စြာ သုံးသပ္ေနသလို။အၾကည့္ေတြကို နံရံျဖဴဘက္သို႔ပို႔ထားေပမဲ့လို႔ အေတြးေတြဟာ ပ်ံ့လႊင့္ေနမွန္းသိသာလွပါသည္။

နမ္ဂြၽန္း ေဆးပ်င္းလိပ္ကို တစ္ရွိုက္ဖြာထုတ္လိုက္သည္။
ခုခ်ိန္ သူ႕ရဲ႕ခရီးက ေတာ္ေတာ္ကို လမ္းေပါက္ေနၿပီျဖစ္သည္။သို႔ေပမဲ့လို႔ မင္ဂ်ဳံးေယာင္းကိုဖမ္းမိဖို႔ဆိုတာမျဖစ္နိုင္ေသးသည့္အေျခအေနပင္။

မင္ဂ်ဳံးေယာင္း ဟာ လက္ေအာက္ငယ္သားေတြနဲ႕ပဲ ကစားပြဲကိုကစားသည္ေၾကာင့္ ထြက္ၿပီးဖမ္းဖို႔ဆိုတာမျဖစ္နိုင္။ထို႔အျပင္ ေနာက္ခံအင္အားက အရမ္းေတာင့္တင္းျပန္သည္။

မင္ဂ်ဳံးေယာင္း ကို စတင္သံသယဝင္လာမိတာက အကို ယြန္းဂီ အိမ္ရဲ႕ သိုေလွာင္႐ုံနဲ႕စပါးက်ီမီးေလာင္သည့္ကိစၥကပင္။

သူလိုက္ေနသည့္ စြန္ဂိုဏ္းရဲ႕ ပိတ္စဟာ ထိုမီးေလာင္မႈမတိုင္ခင္ အကို ယြန္းဂီ ရဲ႕ အိမ္ကိုလူကပ္တယ္ဆိုတဲ့တိုင္ၾကားခ်က္ေၾကာင့္ လာစစ္ေဆးေတာ့ေတြ႕ခဲ့ရျခင္းပင္။

ထိုကိစၥက အကိုယြန္းဂီ နဲ႕ဘယ္လိုပတ္သတ္ေနလဲဆိုတာ သူ႕ကို ေခါင္းစားေစခဲ့သည္။ထို႔အျပင္ မသကၤာ စရာေကာင္းသည္မို႔ သူ ေသခ်ာစစ္ေဆးရန္အတြက္ ပြဲေတာ္နဲ႕မတိုင္မီ ခ်ိန္းဆိုထားၾကေပမဲ့ အထက္က အမိန့္ေၾကာင့္ သူမသြားျဖစ္ခဲ့။ထို႔ေနာက္ အကိုယြန္းဂီ ရဲ႕သိုေလွာင္႐ုံနဲ႕စပါးက်ီဟာ မီးေလာင္ခဲ့ရသည္။

ဒါကအရမ္းကိုရွင္းရွင္းေလးပင္။တစ္ခုခုကိုဖုံးကြယ္ခ်င္လို႔ လုပ္လိုက္သည့္ပုံစံႏွယ္။ထို႔အျပင္ ထိုျဖစ္ရပ္ေၾကာင့္ အထက္က အရာရွိတစ္ေယာက္ေယာက္နဲ႕မ်ား ပတ္သတ္ေနမလားဟုစတင္ သံသယဝင္လာျခင္းပင္။

တျခားသူသာဆိုရင္ နမ္ဂြၽန္းေနရာမွာ လက္ေလွ်ာ့လိုက္မည္ျဖစ္ေပမဲ့ နမ္ဂြၽန္းဟာ မ်က္စိစုံမွတ္ကာ လက္ေလွ်ာ့ေပးမည့္လူစားမ်ိဳးမဟုတ္ေပ။ထို႔ေၾကာင့္ သူ႕အတြက္ သဲလြန္စတစ္ခုေလးရွိရင္ေတာင္ သူစုတ္ကိုင္ထားရမည္ပင္။

စစခ်င္း မင္ဂ်ဳံးေယာင္း ကိုသံသယ လုံးဝမဝင္ခဲ့ေပ။ဒါ့ေၾကာင့္လည္း သူလိုသြားတာျဖစ္ေပမည္။သို႔ေပသိ တေန႕သူ႕ဆီေရာက္လာတဲ့စာတစ္ေဆာင္ဟာ သူ႕ကို မင္ဂ်ဳံးေယာင္းအေပၚ စတင္သံသယဝင္လာခဲ့ရသည္။

အခ်ိန္ေနရာ အတိအက်နဲ႕ သူ႕အားခ်ိန္းဆိုထားသည့္စာပင္။ေထာင္ေခ်ာက္မ်ားျဖစ္ေနမလားဟု ေတြးေတာေနေပမဲ့လည္း ခုခ်ိန္ ရေလာက္အမိအရဖမ္းစုတ္ထားရေပမည္ေလ။

ထိုေန႕က သူ႕ကိုခ်ိန္းဆိုတဲ့သူဟာ ေဂ်ာင္ဟိုေဆာ့ ဆိုတဲ့လူတစ္ေယာက္ျဖစ္ေနခဲ့တယ္။

ထိုသူဟာ ဆရာဝန္တစ္ေယာက္ျဖစ္ေနခဲ့ေပမဲ့ သာမန္ လူတစ္ေယာက္ေတာ့မဟုတ္ေပ။

သူေပးလာသည့္စာ႐ြက္စာတန္းနဲ႕ စြန္ဂိုဏ္းက အမွတ္တံဆိတ္ပါသည့္ ပိတ္စတစ္ခု။

စာ႐ြက္ထဲက အေၾကာင္းအရာကိုၾကည့္လိုက္ေတာ့ တစ္ခုခုကိုဆြဲထားသည့္ ေျမပုံလိုလို ဘာလိုလိုအရာ။

" ဒါက!? "

" ခင္ဗ်ားအတြက္လိုအပ္လာမယ့္အရာ ၾကည့္ရတာ ပစၥည္းသိုေလွာင္႐ုံမ်ိဳး "

သူ႕အေရွ႕က ေဂ်ာင္ဟိုေဆာ့ဆိုသည့္ လူက စစေတြ႕ျခင္းတုန္းက တကယ့္ကို သူ႕ကို ေတာ္ေတာ္ အေတြးစားေစခဲ့တဲ့သူ။ထိုသူက ဒါေတြနဲ႕မ်ားပတ္သတ္ေနတာမ်ားလား။ဒါဆို သူ႕ကိုဘာလို႔ဒီလိုလာၿပီး ေပးရတာလဲေပါ့။

သို႔ေသာ္ ဟိုေဆာ့ဆိုသည္သူသည္ သူနဲ႕ရန္သူျခင္းတူေနတာပင္။ရိုးရိုးဆရာဝန္တစ္ေယာက္အေနနဲ႕ ဘာရန္ၿငိဳးရန္စမွမရွိေလာက္ဘူးထင္ေပမဲ့ ဟိုေဆာ့ဆိုသည့္သူဟာ နိုင္ငံေရးအသိုင္းအဝိုင္းတစ္ခုက သူလွ်ိုတစ္ေယာက္မွန္းသိလိုက္ရသည္။

" ခင္ဗ်ားတို႔ ေတြ လူဆိုးေတြကို ရဲေတြက ဖမ္းတာထက္ ကြၽန္ေတာ္တို႔နိုင္ငံေရးေလာက က ဒီထက္ပိုရႈပ္တယ္ဗ် "
တဲ့ ခပ္ေအးေအးၿပဳံးကာ ဟိုေဆာ့သည္ သူ႕ကိုထိုသို႔ေျပာခဲ့သည္။ထို႔ေနာက္ ဟိုေဆာ့က မင်ဂျုုံးယောင်းအကြောင်းကို အရိပ္အမြက္ေျပာခဲ့သည္။နမ္ဂြၽန္းအေနနဲ႕ ယခုမွေတြ႕တဲ့လူကိုယုံၾကည္ဖို႔ခက္ခဲခဲ့ပါသည္။

သို႔ေသာ္ ဟိုေဆာ့ေျပာသည့္အခ်က္ေတြဟာ မွန္ကန္ေနသည္။ထို႔ေၾကာင့္ သူဟိုေဆာ့နဲ႕ ပူးေပါင္းခဲ့သည္။ဟိုေဆာ့ ေနာက္က လူက မည္သူမွန္းေတာ့ သူမသိရပါ။ဟိုေဆာ့သည္ သိုဝွက္သည္ ထို႔အျပင္ နိုင္ငံေရးေလာက က ကိစၥမ်ားသည္ ရႈပ္သထက္ပင္ရႈပ္သည္။နမ္ဂြၽန္းအေနျဖင့္ကိုင္တြယ္ဖို႔ဟာ ခက္ခဲလွသည္။

အရင္ဆုံး ဒီကိစၥကိုအရင္ရွင္းရေပမည္မဟုတ္ပါလား။ထို႔ေၾကာင့္ သူတို႔ ေတြတျဖည္းျဖည္း သက္ေသနဲ႕ သဲလြန္စေတြကိုလိုက္ရွာေနခဲ့သည္။ထို႔ေနာက္ ဆူေယာင္းရဲ႕ ခင္ပြန္းက သူတို႔လိုက္ေနသည့္အမႈရဲ႕ ပတ္သတ္ေနသူတစ္ဦး ျဖစ္ၿပီး ဆူေယာင္းရဲ႕ေက်းဇူးနဲ႕ ထိုလူကို အမိအရဖမ္းနိုင္ခဲ့သည္။ထပ္သိလာခဲ့ရသည္က ႐ြာလူႀကီးျဖစ္သူပင္။ဆူေယာင္းရဲ႕အေဖ။

ဒါ့ေၾကာင့္ ေမွာင္ခိုလုပ္ငန္းျဖစ္သည့္ သူတို႔က မူးယစ္ေဆးဝါးေရာ လက္နက္ခဲယမ္း၊ နိုင္ငံအေမြပစၥည္းတစ္ခ်ိဳ႕အား သိုေလွာင္ထားရာေနရာရွိရမည္ဟု သူထင္မိသည္။

ဟိုေဆာ့ေပးထားသည့္စာ႐ြက္သည္ ထိုသိုေလွာင္႐ုံေနရာမ်ားပင္ျဖစ္လိမ့္မည္ထင္သည္။သူတို႔႐ြာတြင္လည္း ထိုေနရာျပထားသည္။

ဒါဆို ေသခ်ာသေလာက္ အရင္က အကိုယြန္းဂီ အိမ္က သိုေလွာင္႐ုံျဖစ္ခဲ့ပုံေထာက္သည္။ဒါေၾကာင့္ သူလာေရာက္မစုံစမ္းခင္ ေသခ်ာေပါက္လက္စေဖ်ာက္ခဲ့ပုံပင္။ေနရာအသစ္ကိုေျပာင္းမည္ျဖစ္လိမ့္မည္ျဖစ္တဲ့အတြက္ သူစဥ္းစားမိတာက မင္ဂ်ဳံးေယာင္း ကိုယ္တိုင္ လာေရာက္ဖြင့္ထားတဲ့ အစိုးရ ေဆး႐ုံပင္။ဥပေဒနဲ႕ မေကာင္းမႈ ၾကား လက္တစ္လုံးၾကားလုပ္႐ုံတင္မက ေကာင္းေကာင္းႀကီးကို မ်က္လွည့္ျပေနတာပင္။ဒါေၾကာင့္လည္း မၾကာခင္က ဟိုေဆာ့က ထိုေဆး႐ုံမွာအလုပ္ဝင္လုပ္ခဲ့ျခင္းပင္ျဖစ္မည္။

ထိုအရာကိုၾကည့္ျခင္းျဖစ့္ ေဂ်ာင္ဟိုေဆာ့ဆိုသည့္သူက သူ႕ထက္ပင္ ပိုၿပီး ဉာဏ္ေျပးကာ ေျခတစ္လွမ္းသြက္သည္။ထိုလူနဲ႕ခင္ခဲ့ရတဲ့တစ္ေလွ်ာက္ ဟိုေဆာ့သည္ ေအးေဆးတည္ၿငိမ္စြာ ကိစၥတစ္ခုကို ေျဖရွင္းနိုင္သည္။ဟိုေဆာ့သာ တစ္ျခား နိုင္ငံေရးဂိုဏ္းက လူမဟုတ္ရင္ သူတို႔ႏွစ္ေယာက္ ခင္မင္မႈက ဒီထက္ပင္ပိုေပဦးမည္။သို႔ေသာ္ နိုင္ငံေရးသမားမ်ားသည္ ရႈပ္ေထြးေပြလီလြန္းသည္။နမ္ဂြၽန္းသည္ တစ္ဖက္နယ္ပယ္ကမို႔ တစ္ခ်ိဳ႕အရာေတြဝင္စြက္ဖက္နိုင္ခြင့္မရွိသလို တစ္ခ်ိဳ႕အရာေတြကိုလည္း ထိုလူေတြဖက္က ဝင္စြက္ဖက္နိုင္ခြင့္မရွိ။မ်ားေသာအားျဖင့္နိုင္ငံေရးသမားမ်ားသည္ နမည္ရေကာင္းေအာင္ႀကိဳးစားၾကသည္ပင္။

မင္ဂ်ဳံးေယာင္းဆိုသူကလည္း နိုင္ငံေရးသမားတစ္ေယာက္ပင္။ဒါေၾကာင့္လည္း ဟိုေဆာ့ရဲ႕အထက္ကလူနဲ႕ၿငိခဲ့ၿပီး သူ႕အားကူညီပုံေထာက္ေလာက္သည္။

သို႔ေသာ္ မင္ဂ်ဳံးေယာင္း ကိုလက္ရဖမ္းဆီးဖို႔ဆိုတာ အေတာ့္ကိုပင္ခက္ခဲလွသည္။ထိုလူက ေနာက္ကြယ္ကေနႀကိဳးကိုင္ၿပီး အေရွ႕ထြက္လာသည့္သူမဟုတ္ခဲ့ေပ။ထို႔ေၾကာင့္ သူ ဦးႏွောက္စားေနရသည့္ကိစၥပင္။

လက္ထဲက ေဆးပ်င္းလိပ္ကို ႏွစ္ရွိုက္ေလာက္ဖြာလိုက္ကာ အေငြ႕ေတြကလႊတ္ထုတ္ရင္း သက္ပ်င္းဖြဖြခ်လိဳက္သည္။ခုခ်ိန္ေလာက္ဆို မင္ဂ်ဳံးေယာင္းဘက္က နမ္ဂြၽန္းလႈပ္ရွားေနမည္ကိုသိပုံေထာက္သည့္အတြက္ သတိထားေနမွေတာ္ကာက်ေတာ့မည္။

သို႔ေပသိ ဟိုေဆာ့မဟုတ္ပဲ သူ႕အား တစ္ခါ စာပို႔ကာ တိုက္ရိုက္ ဆက္သြယ္ထားသည့္ သူရွိေပသည္။နာမည္ဟာ မည္သူလည္းဆိုတာေတာ့မေဖာ္ျပထားပါ။လြန္ခဲ့တဲ့ တစ္ႏွစ္ေလာက္ျဖစ္ခဲ့သည္ထင္ရဲ႕။ထို႔လူက စာအုပ္တစ္အုပ္ကို ပို႔လာခဲ့သည္။ထိုစာအုပ္သည္ လူေတြအမ်ားႀကီးပါတဲ့ နမည္စာရင္းပင္။ ထိုစာရင္းကိုၾကည့္မိေတာ့ လူတစ္ခ်ိဳ႕ဟာ စီးပြားေရးေလာကႏွင့္ တစ္ခ်ိဳ႕ နိုင္ငံေရးေလာက ကလူမ်ားပင္။တစ္ခ်ိဳ႕လူေတြကိုလည္း ေသခ်ာမသိ။ထိုနမည္စာရင္းတြင္ေတာ့ မင္ဂ်ဳံးေယာင္းနဲ႕ ႐ြာလူႀကီးရယ္ ဆူေယာင္းခင္ပြန္းရဲ႕နမည္ေတြလည္းပါေပသည္။ထို႔ေၾကာင့္ သူျပန္စဥ္းစားရရင္ အံ့အားသင့္မိခဲ့ရသည္။ထို စာအုပ္သည္ တစ္မ်ိဳးတစ္ဖုံ ပတ္သတ္ေနလိမ့္မည္ပင္။

ထိုစာရင္းကိုျပန္ဖတ္ၾကည့္ေတာ့ အီမိုေဆာင္းဆိုသည့္နမည္လည္းပါေနတာေၾကာင့္ သူ မ်က္လုံးမ်ားျပဴးက်ယ္သြားရသည္။

အီမိုေဆာင္းဆိုသည္မွာ ဦးေလးအီမလား။ဒါဆိုဘာေၾကာင့္။ကိစၥေတြဟာ ရႈပ္ေထြးသထက္ရႈပ္လာခဲ့သည္။ထို႔ေၾကာင့္ သူကိုယ္တိုင္ အကိုယြန္းဂီ အိမ္ကို ခြင့္ရတယ္ဆိုၿပီး အနီးကပ္လာေရာက္ေစာင့္ၾကည့္ျခင္းပင္။ရန္သူ႕အနားမွာေနကာ ရန္သူရဲ႕ ေျခလွမ္းေတြကို ေစာင့္ၾကည့္ရမည္မလား။သို႔ေပမဲ့ဦးေလးအီသည္ ဘာမွမလႈပ္ရွားေပ။ထို႔ေၾကာင့္ သူဦးေလးအီဟာ လူဆိုးလားလူေကာင္းလားဆိုတာ သူေသခ်ာ မသိေတာ့။ထိုစာရင္းထဲက လူေတြက ပဲ မွားေနတာလား သို႔ေပမဲ့ ထို႔ထဲက လူတစ္ခ်ိဳ႕ျဖစ္သည့္ ဆူေယာင္းခင္ပြန္းနဲ႕ တစ္ခ်ိဳ႕လူေတြကို ဖမ္းမိခဲ့ၾကသည္ပင္။

စဥ္းစားရ လုံးဝက်ပ္လွသည္။လုံးေထြးေနတဲ့ ခ်ည္လုံးကိုေျဖရင္းေျဖရင္း ပိုၿပီး ရႈပ္သထက္ရႈပ္လာသလိုပင္။

မည္သို႔ပင္ဆိုေစကာမူ ထိုလူေတြလုပ္ခ်င္တိုင္းလုပ္လို႔ရေအာင္ နိုင္ငံေတာ္က လႊတ္ထားမည္ေတာ့မဟုတ္ပါ။သူနဲ႕ဟိုေဆာ့လို သြားေနတဲ့လမ္းခ်င္းမတူေတာင္ ပန္းတိုင္တူရင္ေတာ့ ယိုင္းပင္းကူညီလို႔ရတဲ့ ေလာကျဖစ္ေနေသးသည္မလား။

ေသာက္လက္စ ေဆးလိပ္ကို ျပာခြက္ထဲသို႔ထိုးကာ ၿငိမ္းလိုက္သည္။ေဆးပ်င္းလိပ္သုံးလိပ္ကုန္သြားတာေတာင္ ေခါင္းထဲက ရႈပ္ေနသည့္ ကိစၥမ်ားကို အစေတာင္ရွာလို႔မေတြ႕ေသး။

ဟူး~~~

__________________________
Thanks

// ေနာက္က်သြားတဲ့အတြက္ ေတာင္းပန္ပါတယ္ T T
အစာအိမ္ေအာင့္ၿပီး ဖ်ားေနလို႔အိပ္ယာထဲလဲေနလို႔ပါ'((
ဆင္ေျခေပးတာေတာ့မဟုတ္ပါဘူး ဟီးဟီး

ဒီတစ္ပိုင္းမွာ နားမလည္မယ့္တစ္ခ်ိဳ႕တစ္ေလရွိနိုင္ပါတယ္။တတ္နိုင္သေလာက္ေတာ့ ကိုယ္ရႈပ္ထားတဲ့အရႈပ္ႀကီးကို ရွင္းေနပါတယ္ ဟီး ( ကိုယ့္ဇာတ္ကိုယ္နိုင္ေအာင္ေတာ့ က ကေတာ့မွာပဲ)

ေျပာခ်င္တာကကြာ
မင္ဂ်ဳံးေယာင္းက ယြန္းဂီအေပၚ သားလို႔လုံးဝ သားအျဖစ္မသတ္မွတ္ပါဘူး။သူ႕ဘက္က လုံးဝကိုအထင္လြဲမွားမႈမ်ိဳးျဖစ္ေနတာပါ ယြန္းဂီရဲ႕မိခင္အေပၚကိုပါ။သူ႕မိန္းမျဖစ္သူကို မႏွိပ္စက္ေပမဲ့ အရမ္းလည္းခ်စ္ရတာကိုး သို႔ေပမဲ့ ယြန္းဂီ ကိုငယ္စဥ္ကတည္းက ျမင္တိုင္း သူ႕သားမဟုတ္ဘူးလို႔ယုံၾကည္ၿပီး ယြန္းဂီ အေပၚမွာပဲ ႏွိပ္စက္ခဲ့တာပါ။အက်င့္ရိုင္းရွိသူမို႔ ပါးရိုက္နားရိုက္ေတြရွိေပမဲ့လို႔ အရက္ဝင္ရင္ေတာ့ ဒီထက္ဆိုး႐ြားတာမ်ိဳးေတြပါ။ဆူေယာင္းေလာက္ေတာ့ မဆိုးပါဘူး။ဆူေယာင္းေယာက္်ားက ခုေခတ္မွာဆို ဆိုက္ကိုလိုလိုဘာလိုလိုပါ။

(ယြန္းဂီ နဲ႕ ေယာင္းငယ္ရဲ႕ ဒီတပိုင္းမွာလုံးဝမပါေပမဲ့လို႔ စိတ္ဝင္စားဖို႔ေကာင္းေအာင္ေတာ့ေရးထားပါတယ္ ဟီးဟီး)

ဆူေယာင္းကိုသနားလို႔ေသေတာ့မယ္

တစ္ခါမွဒီေလာက္ထိစကားမမ်ားဘူးပါဘူး။ေနမေကာင္းေတာ့ စကားေျပာစရာ ခင္ဗ်ားေလးတို႔ပဲ ရွိလို႔

@minemma. //


Continue Reading

You'll Also Like

428K 85K 91
අග්නි.... නමට අග්නි...ඒ උනාට... මට දැනෙනවා වෙලාවකට මේ පපුවෙ සීතල.... අග්නි..... හිතුවෙ පිච්චෙන ගින්දර.... ඒත් ඇතුලෙ තිබුනෙම... උතුරන ආලය.... අග්නි...
563K 109K 119
කවුරුත් නැතිව උඹම උඹේ හිත සනස ගත් දවසට ඒහිත ඒ හේතුවටම කිසිදින නැවත නොවැටෙනු ඇත.........!!
57.5K 15.1K 53
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥
270K 6.3K 28
Only one ML နေခန့်မင်းသစ် Age- 24 Height 6' "Sun"ဆောက်လုပ်​ရေး company ရဲ့ တစ်ဦးတည်းသောသားဖြစ်ပြီး မိဘအလိုလိုက်ထား၍ ဆိုးသွမ်းနေသူ မိန်းကလေးတွေကြားရေ...