🖤ပဟေဠိဆန်သော ချစ်ခြင်းသွယ်🖤
အပိုင်း(၁၅)
"ဘုန်း ရေ ဘုန်း လာခဲ့တော့ ထမင်းစား...ဟင်"
ဘုရားရေ ဘုန်း ဆေးလိပ်သောက်နေတာပါလား။တကယ်ဆို ဘုန်းနှင့်သိတာ ၁၀နှစ်နီးပါးရှိပေမယ့် သူဆေးလိပ်သောက်တာတစ်ခါမှမတွေ့ဘူးချေ။သာကဆေးလိပ်အနံ့ကိုမခံနိုင်ဘူးလေ။ဒါ့ကြောင့်ဆေးလိပ်သောက်တယ့်သူတွေဆိုနည်းနည်းအမြင်ကတမျိုးဖြစ်ချင်သည်။အကုန်လုံးကိုမဟုတ်ပေမယ့် တစ်ချို့ကလူမှုရေးနားမလည်ဘူးလေ။ဘေးပါတ်ဝန်းကျင်မှာလူတွေရှိနေတာကိုမဆင်ခြင်ဘဲ ဆေးလိပ်ငွေ့ကို ဂုဏ်ယူပုံနဲ့လွှင့်ထုတ်နေတယ့်သူတွေကလည်းရှိသေးသည်။အိမ်ဝကလှမ်းကြည့်လိုက်ထဲက ဘုန်းမျက်နှာမှာ ရှုပ်ထွေးမှုတွေကိုဆေးလိပ်ငွေ့တွေကြားကကိုမြင်ဖြစ်အောင်မြင်နေရသည်။ဘုန်းဘာတွေဖြစ်နေတာလည်း။သာ့အသံကိုမကြားရအောင်ထိဘာက ဘုန်းစိတ်ကိုစွဲဆောင်ထားတာလည်း။(သာ့အသံက သူ့ကိုခေါ်ရင် ကျီးကန်းသံလိုပဲ လို့ပြောနေကြဘုန်း😅)
"ဒေါက်"
ဟင် ကိုယ်ဘယ်လောက်တောင် စိတ်တွေဝေနေလည်းမသိ။ အနားက ထိုင်ခုံစွန်းကို ခဲမှန်မှ သာရောက်နေတာသိသည်။ကိုယ့်ကိုခဲကအခန့်မသင့်ရင်လာမှန်နိုင်တာမို့ မျက်ခုံးကုတ်မိလိုက်ပေမယ့် သာရှိရာဆီကြည့်မိလိုက်တော့မအီမသာမျက်နှာလေး။ရေချိုးပြီးပေမယ့်ဘာ့ကြောင့်မအီမသာဖြစ်နေတာလည်း။ ကိုယ့်ရှေ့မှာအငွေ့တလူလူနဲ့မို့ ကိုယ့်လက်ကိုကိုယ်ပြန်ကြည့်လိုက်တော့ စီးကရက်ကလက်ကြားမှာညှပ်လျှက်သား။ဟာ ဟုတ်သားပဲ သာမှအနံ့မခံနိုင်တာ။ ကပျာကယာဆေးလိပ်ကိုလွှတ်ချလ်ိုက်ပြီး ဖိနပ်ဦးဖြင့်နင်းချေလိုက်ရသည်။လက်၂ဖက်ကလည်း အငွေ့တွေကိုခတ်နေမိသည်။ ကိုယ်ကဘာနဲ့တူလည်းဆိုရင် အထက်တန်းကျောင်းသားတစ်ယောက် ဆေးလိပ်ခိုးသောက်နေတုန်း ကောင်မလေးတစ်ယောက်ကမြင်ပြီးစိုက်ကြည့်နေလို့ အဲ့ကောင်မလေးကိုဒေါသထွက်နေတုန်း မနေ့ကမှပြောင်းလာတယ့်ဆရာမအသစ်ငယ်ငယ်လေးမှန်းသိလိုက်လို့ အမှားမှားအယွင်းယွင်းဖြစ်သွားရတယ့်ကျောင်းသားတစ်ယောက်နဲ့တူနေပါတယ်။
"ဟဲ့ဘုန်း ဘုန်းလက်ျာ ထမင်းစားလို့ရပြီ နင့်ကိစ္စရှင်းပြီးရင်ဝင်ခဲ့တော့"
မျက်စောင်းလှလှလေးတစ်ခုနှင့်အတူ အသံတစ်ခုက ကျယ်လောင်လောင်။ ကိုယ့်မှာ လက်လေးနှစ်ဖက်ကို ဘောင်းဘီလေးကိုသုတ်ပြီး အပြစ်လုပ်ထားတယ့်သူမို့ ဘယ်လိုမျက်နှာချိုသွေးရမလဲပါစဥ်းစားနေရသည်။ဘောင်းဘီအိတ်ကပ်ထဲမှမာကျောကျောအရာလေးကိုစမ်းမိတော့ ထုတ်ကြည့်လိုက်တော့မာလကာသီးချိုချဥ်လေး။thank alot god! အာမဟုတ်ဘူး ဒါဟိုကောင်မင်းမောင်ကိုကျေးဇူးပိုတင်ရမယ် ဒီဘောင်းဘီထဲချို ချဥ်ထည့်ထားခဲ့တာဒီကောင်ကိုး ။ကိုယ့်အင်္ကျီကိုပြန်နမ်းကြည့်ရသေးသည်။ ဟူး အခုတော့အခန်းထဲကိုအပြစ်ရှိသူလိုဝင်ရမလား ခပ်တည်တည်ပဲဝင်ရမလားမသိတော့။
❤️❤️❤️❤️❤️❤️❤️❤️
"ဒေါက် ဒေါက် ဒေါက်"
"ဝင်လာခဲ့ပါ"
သာအတတ်နိုင်ဆုံးစိတ်ကိုငြိမ်အောင်ထားထားရသည်။မထားလို့မရ ။ရုတ်တရက်ကြီး သာ့ကိုတွေ့ချင်တယ်ဆိုပြီး သူဌေးကခေါ်ခိုင်းလိုက်တာကိုး။ ပုံမှန်ဆို သာကယုံကြည်မှုအပြည့်ရှိတယ့်သူပေမယ့် ဟိုတပါတ်က ပန်းစည်းကိစ္စက ရှိသေးသည်။သူဌေးကအခုတလောအလုပ်ကိစ္စကြောင့်Companyကို မရောက်ဖြစ်။သူဌေးကငါ့ကို ခေါ်တာ ဆူဖို့လား။ဒါမှမဟုတ် လစာဖြတ်ဖို့လား။(1ခါက ကောင်မလေး၁ယောက်ကို မိသွား၍လစာဖျက်တာကိုကြားထား၍)ဟင့်အင်း သာအမှားလည်းမရှိဘဲနဲ့ အဲ့သြဇာကောင်းဆိုသူ ကြောင့်နဲ့တော့ သာအပြစ်မဖြစ်ချင်ပေ။သာက ဒီကိုရောက်တာ ၁လပင်ပြည့်သေးတာမဟုတ်။သူဌေးကိုကြည့်လိုက်တော့ အေးဆေးမို့
"ဆရာ သာ့ကိုခေါ်တယ်ဆိုလို့"
"သြော်အေး ဟုတ်တယ် သာယဥ်ကျေး ထိုင်ပါဦးသမီး"
ဆရာ့ရှေ့ခုံလေးမှာဝင်ထိုင်လိုက်ရတယ့်သာအပြစ်လုပ်မိထားသူလို ကြောက်စိတ်တော့ဝင်နေမိသည်။တခါထဲဆူငေါက်လိုက်တာကတော်ပါသေးတယ်ဆရာ။စကားချိုချိုလေးတွေက ပိုခံရခက်စေသည်လေ။
"ဒီလိုကွာ ဆရာ သမီးကိုခေါ်လိုက်ရတယ့်အကြောင်းက ဆရာတို့ အခု ကုမ္ပဏီ တစ်ခုနဲ့ စပ်တူရှယ်ယာ လုပ်ထားတယ် ဖြစ်ချင်တော့ကွယ် အဲ့ကုမ္ပဏီက ဆောက်လုပ်ရေးနဲ့ပတ်သက်တယ့် ကုမ္ပဏီဖြစ်နေတယ် အဲ့တော့ ဆရာက ၂ဦးအကျိုးစပ်အဖြစ် အစားအသောက်ရော decorationပိုင်းရော ပေါင်းစပ်ပြီး mallတစ်ခုဖွင့်ချင်တယ်ကွယ် အဲ့mallကထူးခြားရမယ် ဆရာပြောတာ နားလည်ရဲ့လား"
စကားစကားအပြီးမှာအသက်ရှူချောင်ကာ ယုံကြည်မှုတွေပြန်ဝင်လာသည်။
"ဟုတ်ကဲ့ ဆရာပြောတာက ဆရာMallတစ်ခုဖွင့်ချင်တယ် ဒါမယ့်အဲ့mallက တခြားmallတွေနဲ့လည်းမတူပဲ ဆန်းပြားပြီး no.1ဖြစ်ချင်တယ် ထူးခြားတယ့် အပြင်အဆင်နဲ့ အရသာရှိတယ့်အစားအသောက်နဲ့ စားသုံးသူတွေ ပျော်ရွှင်အောင်လုပ်ချင်တယ် သာပြောတာမှန်ရဲ့လား ဆရာ"
"that' right ,အဲ့အစီအစဥ်ကို ဆရာက အကောင်းဆုံးဖြစ်ချင်တယ် ဒါ့ကြောင့် ဆရာ့ရုံးခွဲတွေကအရည်ချင်းရှိအမြင်ရှိတယ့်သူတွေကိုပရောဂျက်တစ်ခုလုပ်စေချင်တယ် ပူးတွဲအနေနဲ့ဟိုဖက်ကုမ္ပဏီကလည်းလူတွေရွေးထားလိမ့်မယ် ကိုယ့်ပါတနာနဲ့ ၂ယောက်ပေါင်းပြီးmallအတွက်ပရောဂျက်လုပ်ကြ။အချိန်၁လအတွင်းမှာ ပရောဂျက်ပြီးရမယ်။ပြီးရင်အနိုင်ရတယ့်အတွဲက 5%,5%နဲ့ဆိုတော့ 10%ရမယ်။အဲ့တာက တစ်နှစ်တိတိပေးမှာလစဥ်ရတယ့်ထဲက။ သာယဥ်ကျေးက အမြင်ရှိတော့ ဆရာ ဝင်ပြိုင်စေချင်တယ် ကဲဘယ်လိုလည်း"
"သာ ဝမ်းသာပါတယ် ဆရာ ပြီးတော့သာအကောင်းဆုံးကြိုးစားချင်ပါတယ် သာ့ကိုအခွင့်ရေးပေးလို့လည်း ကျေးဇူးတင်ပါတယ်ဆရာ"
"Ok ဒါဆို ဆရာ သာယဥ်ကျေးကိုပြိုင်ပွဲဝင်စာရင်းထဲထည့်လိုက်ပြီနော် အချိန်ကို ပြန်ပြောမယ် သွားလို့ရပြီသာယဥ်ကျေး"
"ဟုတ်ကဲ့ ကျေးဇူးပါဆရာ"
သာအပြင်လည်းရောက်ရော ဝမ်းသာလွန်းလို့လက်၂ဖက်ကိုဆုပ်ချေမိသည်။ဒါသာ့အတွက်အခွင့်အရေးပင်။သာကြိုးစားစမ်း။
💚💙💚💙💚💙
နေ့လည် Tea timeမှာတော့ သာ ထူးထူးခြားခြားကော်ဖီသောက်ချင်လာတာမို့ရုံး၏တစ်လမ်းကျော်ကကော်ဖီဆိုင်လေးမှာ ကော်ဖီအေး တစ်ခွက်သောက်ရအောင်ဆင်းလာခဲ့၏။
အရင်နေ့တွေကဆိုမြတ်ရှိလို့အကူညီတောင်းနိုင်ပေမယ့်ဒီနေ့မြတ်က ခွင့်ယူထားတော့ကိုယ်တိုင်ပဲဝယ်ရတော့မည်။ဒါလည်းကောင်းတာပါပဲ တနေကုန်စားပွဲမှာထိုင်ပြီးအလုပ်လုပ်ရတာအကြောချဥ်တွေတွက်မကောင်းဘူးလေ။ခနတဖြုတ်လမ်းလျှောက်ပြီး ကော်ဖီအေးလေးတခွက်သောက်ရတာ ဘာနဲ့မှမလဲနိုင်။
Tea timeက မိနစ်၃၀ပေးတာမို့ သာအေးဆေးပင်ဆိုင်ထိုင်နေမိသည်။တဆက်ထဲ သာ့ခေါင်းထဲမှာလည်းအတွေးလေးတွေဖြစ်ရသည်။ ဆရာ ဒီနေ့သာ့ကိုပြောတယ့်programကို သာ အရမ်းစိတ်ဝင်စားသည်။ဒီလို အခွင့်အရေးမျိုးကရခဲသည်။အကယ်၍ သာ သာအောင်မြင်သွားရင် ရလာမယ့်အကျိုးဆက်တွေက အများကြီးပင်။ အစားအသောက်နဲ့ designဖလှယ်ပြီး တည်ဆောက်မယ့်food mallကြီးက သာ့အတွက်စိတ်လှုပ်ရှားဖွယ်။သာကအစားအသောက်ပိုင်းတော့ ကျွမ်းကျင်သည်မလား။designပိုင်းက သာနဲ့တွဲဖက်မည့်သူနှင့်အမြင်ယူကာပြောရမည်ပင်။သာအရင်ကprogramတွေလုပ်ဖူးပေမယ့်စီးပွားရေးနဲ့ပတ်သက်တယ့်programတွေ အစားသောက်နဲ့ပတ်သက်တာတွေကြီးပဲဖြစ်ပြီး ခုလိုကိုယ်မကျွမ်းကျင်တယ့်နေရာမှာကျအခက်အခဲရှိနိုင်သည်။ဘာပဲဖြစ်ဖြစ်လေ တစ်ဖက်ကလူက သာနဲ့ပြောဆိုရလွယ်ကူဖို့ပဲလိုသည်။အတ္တကြီးပြီးအမြင်တခုထဲအလိုရှိသူမဖြစ်ပါစေနဲ့ဟုစိတ်ထဲကကြိတ်ဆုတောင်းနေမိသည်။
အတွေးငေးငေးလေးနှင့် ကော်ဖီအေးကိုဇိမ်ခံသောက်နေခဲ့သော သာသည် မှန်နံရံပေါ်မှရေစက်လှလှလေးတွေကိုပင်ငေးနေမိသေးသည်။ အို မိုးရွာနေတာပဲ။ နာရီလေးကိုပြန်ကြည့်လိုက်တော့လည်း ရုံးပြန်တက်ဖို့၁၀မိနစ်လောက်ပဲလိုတော့သည်။ မိုးက အရွာကောင်းနေ၏။ ဘယ်လိုလုပ်ရမလည်းသာ့မှာ ထီးလည်းမပါခဲ့။ခေါင်းပေါ်အုပ်မိုးသွားရန်ဖိုင်တခုတလေမှမပါလာ။တစ်လမ်းကျော်အထိမိုးရေထဲပြေးသွားဖို့ကလည်း ခေါင်းအစိုခံ၍မရ။ဓမ္မတာအချိန်ဖြစ်နေသည်။ သာ ပိုက်ဆံရှင်းဖို့ waiterလေးမခေါ်ပဲ ကိုယ်ကိုတိုင်ပဲ ကောင်တာဆီထလာခဲ့သည်။
ကောင်တာရှေ့သွားရပ်တော့ အသက်ငယ်ငယ်ကောင်မလေးကပြုံးပြသည်။ယောင်လည်လည်ပြန်ပြုံးပြလိုက်ပြီး
"ညီမလေး ကော်ဖီအေး တစ်ခွက်ဖိုး "
ဆိုပြီး 1500ကောင်မလေးရှေ့ချပေးလိုက်ကာ
"ဒါနဲ့လေညီမလေးတို့ဆိုင်မှာ ထီးအပိုလေးရှိလား "
ကောင်မလေးက အပြင်ဘက်တချက်ကြည့်လိုက်ပြီးမှ
"အာ ဟုတ်သား မိုးရွာနေတာပဲ မမရေ ဒီနေ့တော့ညီမတို့လည်းထီးမယူလာခဲ့မိဘူး ဆိုင်ကထီးကခုနက ဆိုင်ကညီမတစ်ယောက်ကိုကိစ္စနဲ့အပြင်ခိုင်းလိုက်လို့ မိုးကလည်းဗြုန်းစားကြီးရွာတာပဲ အားနာပါတယ်"
ကောင်မလေးက အားတုံ့အားနာပုံလေးဖြင့်ပြန်ဖြေတော့
"မဟုတ်တာ ရပါတယ် ကျေးဇူးနော်"
ဆိုပြီး ဆိုင်ပေါက်ဝလေးမှာ ခနရပ်နေမိသည်။သာတို့များနမော်နမဲ့နိုင်ချက်က ဖုန်းတောင်ရုံးမှာကျန်ခဲ့သည်လေ။ရုံးကလူတွေဖုန်းနံပါတ်တွေလည်းသာအလွတ်မရ။အချိန်က3မိနစ်လောက်ပါပဲ။အဲ့အချိန်မှာ သာမထင်မှတ်ထားတာတစ်ခုဖြစ်ခဲ့သည်။အဲ့ဒါက
"ဟင်"
သာအံ့သြ၍အသံလေးပင်ထွက်သွားရသည်။သာ့နေရာမှာလည်းအားလုံးအံ့သြကြမှာပါ။ဘာလို့ဆို။
မိုးရေထဲပြေးလာတယ့်လူတစ်ယောက် ။မိုးကဖြန်းပက်ထားလို့ တစ်ကိုယ်လုံးက ရွှဲစိုနေလျှက်။ရေစိုနေသောအနောက်တိုင်းအင်္ကျီက သူ့ကိုယ်ခန္ဓာရဲ့ကျစ်လစ်မှုကိုမဖုံးကွယ်နိုင်။သူ့လက်ထဲမှာထီးတစ်ချောင်းကိုင်ထားလျက်။ထီးကအသစ်မို့ ပလပ်စတစ်အပတ်ပင်မခွာရသေး။သာအစကထီးကိုင်လျှက်မိုးရွာထဲကပြေးလာနေသောသူ့ကိုထူးဆန်းရုံပါပဲ။ဒါပေမယ့် ကော်ဖီဆိုင်တံခါးကိုဆွဲဖွင့်ပြီး သာ့ကိုထီးလှမ်းပေးလိုက်တယ့်ခနမှာတော့သာ အသံပင်ထွက်မိအောင်အံ့သြရသည်။သာ့ရှေ့မှာရှိနေသူကိုသာတခါမှမမြင်ဖူးချေ။သာစူးခနဲ့သူ့မျက်နှာကိုသေချာကြည့်မိသည်။ယောက်ျားပီသသောမျက်ခုံး ၊မမှေးမပြူးဘဲလှပသောမျက်ဝန်းညိုညို၊ပိရိသေသပ်သောနှုတ်ခမ်းတစ်စုံ၊မေးရိုးကျကျမျက်နှာကရှည်တာလည်းမဟုတ်ဝိုင်းတာလည်းမဟုတ်သွယ်သွယ်လှလှလေးဖြစ်သည်။မေးရိုးတစ်လျှောက်ရေစက်များတွဲခိုနေလေသည်။သေချာတယ်သာမသိ။
"ယူလေ သာယဥ်ကျေး ထီးလိုနေတယ်မလား"
ထီးကိုပိုမြှင့်လိုက်ပြီး သူပြုံးပြလိုက်တော့ နှုတ်ခမ်းပါးကမျဥ်းတပြေးထဲလိုဖြစ်သွားသည်။သိပ်လှတယ့်အပြုံးပဲ။သာ ငေးခနဲဖြစ်ပြီးမှ
"ဒီမယ် ရှင်က သာ့ကိုသိလို့လားဟင် သာတို့ဆုံဖူးလို့လား"
သာ့အမေးကိုသူကခေါင်းလေးညိတ်ပြုံးပြီး
"ကိုယ်မင်းကိုသိပါတယ် မင်းလည်းကိုယ့်ကိုသိမှာပါ မမှတ်မိတာနေမှာ အဲ့တာကိစ္စမရှိပါဘူး ခုအရေးကြီးတာသာ ထီးလိုအပ်နေတယ်မလား ယူပါ "
သူထပ်ကမ်းပေးတယ့်ထီးကိုသာမငြင်းတော့ ။သာလိုအပ်နေသည်မလား။
"ကျေးဇူးပါ သာရှင်နဲ့ထပ်ဆုံရင်ကျေးဇူးဆပ်ပါ့မယ် ဒါနဲ့ရှင်က"
"ကိုယ်တို့ထပ်ဆုံမှာပါ အဲ့ခါမှမိတ်ဆက်တာပေါ့ မင်းအချိန်မရှိတော့ဘူးမလား "
"အင်းဟုတ်သားပဲ ၅မိနစ်ပဲရှိတော့တယ် ရှင့်ကိုကျေးဇူးတင်ပါတယ် သာ သွားတော့မယ် ဟင်း ဟင်း"
သာအချိန်လေးကိုလည်းငုံ့ကြည့်သူ့ကိုလည်းကြည့်ထီးလည်းဖွင့်ကာ ဆိုင်လေးထဲမှပြေးထွက်လာမိတော့သည်။သာ့စိတ်ထဲမှာတော့
"ရှင်ဘယ်သူလဲ"
❤️❤️❤️❤️❤️
ချစ်တယ့်စာဖတ်ပရိတ်သတ်လေးတွေအတွက်
MoCo🐨
🖤ပေဟဠိဆန္ေသာ ခ်စ္ျခင္းသြယ္🖤
အပိုင္း(၁၅)
"ဘုန္း ေရ ဘုန္း လာခဲ့ေတာ့ ထမင္းစား...ဟင္"
ဘုရားေရ ဘုန္း ေဆးလိပ္ေသာက္ေနတာပါလား။တကယ္ဆို ဘုန္းႏွင့္သိတာ ၁၀ႏွစ္နီးပါးရိွေပမယ့္ သူေဆးလိပ္ေသာက္တာတစ္ခါမွမေတြ့ဘူးေခ်။သာကေဆးလိပ္အနံ႔ကိုမခံႏိုင္ဘူးေလ။ဒါ့ေၾကာင့္ေဆးလိပ္ေသာက္တယ့္သူေတြဆိုနည္းနည္းအျမင္ကတမ်ိဳးျဖစ္ခ်င္သည္။အကုန္လံုးကိုမဟုတ္ေပမယ့္ တစ္ခ်ိဳ႕ကလူမႈေရးနားမလည္ဘူးေလ။ေဘးပါတ္ဝန္းက်င္မွာလူေတြရိွေနတာကိုမဆင္ျခင္ဘဲ ေဆးလိပ္ေငြ့ကို ဂုဏ္ယူပံုနဲ႔လႊင့္ထုတ္ေနတယ့္သူေတြကလည္းရိွေသးသည္။အိမ္ဝကလွမ္းၾကည့္လိုက္ထဲက ဘုန္းမ်က္ႏွာမွာ ရႈပ္ေထြးမႈေတြကိုေဆးလိပ္ေငြ့ေတြၾကားကကိုျမင္ျဖစ္ေအာင္ျမင္ေနရသည္။ဘုန္းဘာေတျြဖစ္ေနတာလည္း။သာ့အသံကိုမၾကားရေအာင္ထိဘာက ဘုန္းစိတ္ကိုစြဲေဆာင္ထားတာလည္း။(သာ့အသံက သူ႔ကိုေခၚရင္ က်ီးကန္းသံလိုပဲ လို႔ေျပာေနၾကဘုန္း😅)
"ေဒါက္"
ဟင္ ကိုယ္ဘယ္ေလာက္ေတာင္ စိတ္ေတြေဝေနလည္းမသိ။ အနားက ထိုင္ခံုစြန္းကို ခဲမွန္မွ သာေရာက္ေနတာသိသည္။ကိုယ့္ကိုခဲကအခန္႔မသင့္ရင္လာမွန္ႏိုင္တာမို႔ မ်က္ခံုးကုတ္မိလိုက္ေပမယ့္ သာရိွရာဆီၾကည့္မိလိုက္ေတာ့မအီမသာမ်က္ႏွာေလး။ေရခ်ိဳးၿပီးေပမယ့္ဘာ့ေၾကာင့္မအီမသာျဖစ္ေနတာလည္း။ ကိုယ့္ေရ႔ွမွာအေငြ့တလူလူနဲ႔မို႔ ကိုယ့္လက္ကိုကိုယ္ျပန္ၾကည့္လိုက္ေတာ့ စီးကရက္ကလက္ၾကားမွာၫွပ္လ်ွက္သား။ဟာ ဟုတ္သားပဲ သာမွအနံ႔မခံႏိုင္တာ။ ကပ်ာကယာေဆးလိပ္ကိုလႊတ္ခ်လ္ိုက္ၿပီး ဖိနပ္ၪီးျဖင့္နင္းေခ်လိုက္ရသည္။လက္၂ဖက္ကလည္း အေငြ့ေတြကိုခတ္ေနမိသည္။ ကိုယ္ကဘာနဲ႔တူလည္းဆိုရင္ အထက္တန္းေက်ာင္းသားတစ္ေယာက္ ေဆးလိပ္ခိုးေသာက္ေနတုန္း ေကာင္မေလးတစ္ေယာက္ကျမင္ၿပီးစိုက္ၾကည့္ေနလို႔ အဲ့ေကာင္မေလးကိုေဒါသထြက္ေနတုန္း မေန့ကမွေျပာင္းလာတယ့္ဆရာမအသစ္ငယ္ငယ္ေလးမွန္းသိလိုက္လို႔ အမွားမွားအယြင္းယြင္းျဖစ္သြားရတယ့္ေက်ာင္းသားတစ္ေယာက္နဲ႔တူေနပါတယ္။
"ဟဲ့ဘုန္း ဘုန္းလက္်ာ ထမင္းစားလို႔ရၿပီ နင့္ကိစၥရွင္းၿပီးရင္ဝင္ခဲ့ေတာ့"
မ်က္ေစာင္းလွလွေလးတစ္ခုႏွင့္အတူ အသံတစ္ခုက က်ယ္ေလာင္ေလာင္။ ကိုယ့္မွာ လက္ေလးႏွစ္ဖက္ကို ေဘာင္းဘီေလးကိုသုတ္ၿပီး အျပစ္လုပ္ထားတယ့္သူမို႔ ဘယ္လိုမ်က္ႏွာခ်ိဳေသြးရမလဲပါစဥ္းစားေနရသည္။ေဘာင္းဘီအိတ္ကပ္ထဲမွမာေက်ာေက်ာအရာေလးကိုစမ္းမိေတာ့ ထုတ္ၾကည့္လိုက္ေတာ့မာလကာသီးခ်ိဳခ်ဥ္ေလး။thank alot god! အာမဟုတ္ဘူး ဒါဟိုေကာင္မင္းေမာင္ကိုေက်းဇူးပိုတင္ရမယ္ ဒီေဘာင္းဘီထဲခ်ိဳ ခ်ဥ္ထည့္ထားခဲ့တာဒီေကာင္ကိုး ။ကိုယ့္အက်ႌကိုျပန္နမ္းၾကည့္ရေသးသည္။ ဟူး အခုေတာ့အခန္းထဲကိုအျပစ္ရိွသူလိုဝင္ရမလား ခပ္တည္တည္ပဲဝင္ရမလားမသိေတာ့။
❤️❤️❤️❤️❤️❤️❤️❤️
"ေဒါက္ ေဒါက္ ေဒါက္"
"ဝင္လာခဲ့ပါ"
သာအတတ္ႏိုင္ဆံုးစိတ္ကိုၿငိမ္ေအာင္ထားထားရသည္။မထားလို႔မရ ။ရုတ္တရက္ႀကီး သာ့ကိုေတြ့ခ်င္တယ္ဆိုၿပီး သူေဌးကေခၚခိုင္းလိုက္တာကိုး။ ပံုမွန္ဆို သာကယံုၾကည္မႈအျပည့္ရိွတယ့္သူေပမယ့္ ဟိုတပါတ္က ပန္းစည္းကိစၥက ရိွေသးသည္။သူေဌးကအခုတေလာအလုပ္ကိစၥေၾကာင့္Companyကို မေရာက္ျဖစ္။သူေဌးကငါ့ကို ေခၚတာ ဆူဖို႔လား။ဒါမွမဟုတ္ လစာျဖတ္ဖို႔လား။(1ခါက ေကာင္မေလး၁ေယာက္ကို မိသြား၍လစာဖ်က္တာကိုၾကားထား၍)ဟင့္အင္း သာအမွားလည္းမရိွဘဲနဲ႔ အဲ့ၾသဇာေကာင္းဆိုသူ ေၾကာင့္နဲ႔ေတာ့ သာအျပစ္မျဖစ္ခ်င္ေပ။သာက ဒီကိုေရာက္တာ ၁လပင္ျပည့္ေသးတာမဟုတ္။သူေဌးကိုၾကည့္လိုက္ေတာ့ ေအးေဆးမို႔
"ဆရာ သာ့ကိုေခၚတယ္ဆိုလို႔"
"ေၾသာ္ေအး ဟုတ္တယ္ သာယဥ္ေက်း ထိုင္ပါၪီးသမီး"
ဆရာ့ေရ႔ွခံုေလးမွာဝင္ထိုင္လိုက္ရတယ့္သာအျပစ္လုပ္မိထားသူလို ေၾကာက္စိတ္ေတာ့ဝင္ေနမိသည္။တခါထဲဆူေငါက္လိုက္တာကေတာ္ပါေသးတယ္ဆရာ။စကားခ်ိဳခ်ိဳေလးေတြက ပိုခံရခက္ေစသည္ေလ။
"ဒီလိုကြာ ဆရာ သမီးကိုေခၚလိုက္ရတယ့္အေၾကာင္းက ဆရာတို႔ အခု ကုမၸဏီ တစ္ခုနဲ႔ စပ္တူရွယ္ယာ လုပ္ထားတယ္ ျဖစ္ခ်င္ေတာ့ကြယ္ အဲ့ကုမၸဏီက ေဆာက္လုပ္ေရးနဲ႔ပတ္သက္တယ့္ ကုမၸဏီျဖစ္ေနတယ္ အဲ့ေတာ့ ဆရာက ၂ၪီးအက်ိဳးစပ္အျဖစ္ အစားအေသာက္ေရာ decorationပိုင္းေရာ ေပါင္းစပ္ၿပီး mallတစ္ခုဖြင့္ခ်င္တယ္ကြယ္ အဲ့mallကထူးျခားရမယ္ ဆရာေျပာတာ နားလည္ရဲ့လား"
စကားစကားအၿပီးမွာအသက္ရႉေခ်ာင္ကာ ယံုၾကည္မႈေတျြပန္ဝင္လာသည္။
"ဟုတ္ကဲ့ ဆရာေျပာတာက ဆရာMallတစ္ခုဖြင့္ခ်င္တယ္ ဒါမယ့္အဲ့mallက တျခားmallေတြနဲ႔လည္းမတူပဲ ဆန္းျပားၿပီး no.1ျဖစ္ခ်င္တယ္ ထူးျခားတယ့္ အျပင္အဆင္နဲ႔ အရသာရိွတယ့္အစားအေသာက္နဲ႔ စားသံုးသူေတြ ေပ်ာ္ရႊင္ေအာင္လုပ္ခ်င္တယ္ သာေျပာတာမွန္ရဲ့လား ဆရာ"
"that' right ,အဲ့အစီအစဥ္ကို ဆရာက အေကာင္းဆံုးျဖစ္ခ်င္တယ္ ဒါ့ေၾကာင့္ ဆရာ့ရံုးခြဲေတြကအရည္ခ်င္းရိွအျမင္ရိွတယ့္သူေတြကိုပေရာဂ်က္တစ္ခုလုပ္ေစခ်င္တယ္ ပူးတြဲအေနနဲ႔ဟိုဖက္ကုမၸဏီကလည္းလူေတြေရြးထားလိမ့္မယ္ ကိုယ့္ပါတနာနဲ႔ ၂ေယာက္ေပါင္းၿပီးmallအတြက္ပေရာဂ်က္လုပ္ၾက။အခ်ိန္၁လအတြင္းမွာ ပေရာဂ်က္ၿပီးရမယ္။ၿပီးရင္အႏိုင္ရတယ့္အတြဲက 5%,5%နဲ႔ဆိုေတာ့ 10%ရမယ္။အဲ့တာက တစ္ႏွစ္တိတိေပးမွာလစဥ္ရတယ့္ထဲက။ သာယဥ္ေက်းက အျမင္ရိွေတာ့ ဆရာ ဝင္ၿပိဳင္ေစခ်င္တယ္ ကဲဘယ္လိုလည္း"
"သာ ဝမ္းသာပါတယ္ ဆရာ ၿပီးေတာ့သာအေကာင္းဆံုးႀကိဳးစားခ်င္ပါတယ္ သာ့ကိုအခြင့္ေရးေပးလို႔လည္း ေက်းဇူးတင္ပါတယ္ဆရာ"
"Ok ဒါဆို ဆရာ သာယဥ္ေက်းကိုၿပိဳင္ပြဲဝင္စာရင္းထဲထည့္လိုက္ၿပီေနာ္ အခ်ိန္ကို ျပန္ေျပာမယ္ သြားလို႔ရၿပီသာယဥ္ေက်း"
"ဟုတ္ကဲ့ ေက်းဇူးပါဆရာ"
သာအျပင္လည္းေရာက္ေရာ ဝမ္းသာလြန္းလို႔လက္၂ဖက္ကိုဆုပ္ေခ်မိသည္။ဒါသာ့အတြက္အခြင့္အေရးပင္။သာႀကိဳးစားစမ္း။
💚💙💚💙💚💙
ေန့လည္ Tea timeမွာေတာ့ သာ ထူးထူးျခားျခားေကာ္ဖီေသာက္ခ်င္လာတာမို႔ရံုး၏တစ္လမ္းေက်ာ္ကေကာ္ဖီဆိုင္ေလးမွာ ေကာ္ဖီေအး တစ္ခြက္ေသာက္ရေအာင္ဆင္းလာခဲ့၏။
အရင္ေန့ေတြကဆိုျမတ္ရိွလို႔အကူညီေတာင္းႏိုင္ေပမယ့္ဒီေန့ျမတ္က ခြင့္ယူထားေတာ့ကိုယ္တိုင္ပဲဝယ္ရေတာ့မည္။ဒါလည္းေကာင္းတာပါပဲ တေနကုန္စားပြဲမွာထိုင္ၿပီးအလုပ္လုပ္ရတာအေၾကာခ်ဥ္ေတြတြက္မေကာင္းဘူးေလ။ခနတျဖဳတ္လမ္းေလ်ွာက္ၿပီး ေကာ္ဖီေအးေလးတခြက္ေသာက္ရတာ ဘာနဲ႔မွမလဲႏိုင္။
Tea timeက မိနစ္၃၀ေပးတာမို႔ သာေအးေဆးပင္ဆိုင္ထိုင္ေနမိသည္။တဆက္ထဲ သာ့ေခါင္းထဲမွာလည္းအေတြးေလးေတျြဖစ္ရသည္။ ဆရာ ဒီေန့သာ့ကိုေျပာတယ့္programကို သာ အရမ္းစိတ္ဝင္စားသည္။ဒီလို အခြင့္အေရးမ်ိဳးကရခဲသည္။အကယ္၍ သာ သာေအာင္ျမင္သြားရင္ ရလာမယ့္အက်ိဳးဆက္ေတြက အမ်ားႀကီးပင္။ အစားအေသာက္နဲ႔ designဖလွယ္ၿပီး တည္ေဆာက္မယ့္food mallႀကီးက သာ့အတြက္စိတ္လႈပ္ရွားဖြယ္။သာကအစားအေသာက္ပိုင္းေတာ့ ကြၽမ္းက်င္သည္မလား။designပိုင္းက သာနဲ႔တြဲဖက္မည့္သူႏွင့္အျမင္ယူကာေျပာရမည္ပင္။သာအရင္ကprogramေတြလုပ္ဖူးေပမယ့္စီးပြားေရးနဲ႔ပတ္သက္တယ့္programေတြ အစားေသာက္နဲ႔ပတ္သက္တာေတြႀကီးပဲျဖစ္ၿပီး ခုလိုကိုယ္မကြၽမ္းက်င္တယ့္ေနရာမွာက်အခက္အခဲရိွႏိုင္သည္။ဘာပဲျဖစ္ျဖစ္ေလ တစ္ဖက္ကလူက သာနဲ႔ေျပာဆိုရလြယ္ကူဖို႔ပဲလိုသည္။အတၲႀကီးၿပီးအျမင္တခုထဲအလိုရိွသူမျဖစ္ပါေစနဲ႔ဟုစိတ္ထဲကႀကိတ္ဆုေတာင္းေနမိသည္။
အေတြးေငးေငးေလးႏွင့္ ေကာ္ဖီေအးကိုဇိမ္ခံေသာက္ေနခဲ့ေသာ သာသည္ မွန္နံရံေပၚမွေရစက္လွလွေလးေတြကိုပင္ေငးေနမိေသးသည္။ အို မိုးရြာေနတာပဲ။ နာရီေလးကိုျပန္ၾကည့္လိုက္ေတာ့လည္း ရံုးျပန္တက္ဖို႔၁၀မိနစ္ေလာက္ပဲလိုေတာ့သည္။ မိုးက အရြာေကာင္းေန၏။ ဘယ္လိုလုပ္ရမလည္းသာ့မွာ ထီးလည္းမပါခဲ့။ေခါင္းေပၚအုပ္မိုးသြားရန္ဖိုင္တခုတေလမွမပါလာ။တစ္လမ္းေက်ာ္အထိမိုးေရထဲေျပးသြားဖို႔ကလည္း ေခါင္းအစိုခံ၍မရ။ဓမၼတာအခ်ိန္ျဖစ္ေနသည္။ သာ ပိုက္ဆံရွင္းဖို႔ waiterေလးမေခၚပဲ ကိုယ္ကိုတိုင္ပဲ ေကာင္တာဆီထလာခဲ့သည္။
ေကာင္တာေရ႔ွသြားရပ္ေတာ့ အသက္ငယ္ငယ္ေကာင္မေလးကၿပံဳးျပသည္။ေယာင္လည္လည္ျပန္ၿပံဳးျပလိုက္ၿပီး
"ညီမေလး ေကာ္ဖီေအး တစ္ခြက္ဖိုး "
ဆိုၿပီး 1500ေကာင္မေလးေရ႔ွခ်ေပးလိုက္ကာ
"ဒါနဲ႔ေလညီမေလးတို႔ဆိုင္မွာ ထီးအပိုေလးရိွလား "
ေကာင္မေလးက အျပင္ဘက္တခ်က္ၾကည့္လိုက္ၿပီးမွ
"အာ ဟုတ္သား မိုးရြာေနတာပဲ မမေရ ဒီေန့ေတာ့ညီမတို႔လည္းထီးမယူလာခဲ့မိဘူး ဆိုင္ကထီးကခုနက ဆိုင္ကညီမတစ္ေယာက္ကိုကိစၥနဲ႔အျပင္ခိုင္းလိုက္လို႔ မိုးကလည္းျဗဳန္းစားႀကီးရြာတာပဲ အားနာပါတယ္"
ေကာင္မေလးက အားတံု႔အားနာပံုေလးျဖင့္ျပန္ေျဖေတာ့
"မဟုတ္တာ ရပါတယ္ ေက်းဇူးေနာ္"
ဆိုၿပီး ဆိုင္ေပါက္ဝေလးမွာ ခနရပ္ေနမိသည္။သာတို႔မ်ားနေမာ္နမဲ့ႏိုင္ခ်က္က ဖုန္းေတာင္ရံုးမွာက်န္ခဲ့သည္ေလ။ရံုးကလူေတြဖုန္းနံပါတ္ေတြလည္းသာအလြတ္မရ။အခ်ိန္က3မိနစ္ေလာက္ပါပဲ။အဲ့အခ်ိန္မွာ သာမထင္မွတ္ထားတာတစ္ခုျဖစ္ခဲ့သည္။အဲ့ဒါက
"ဟင္"
သာအံ့ၾသ၍အသံေလးပင္ထြက္သြားရသည္။သာ့ေနရာမွာလည္းအားလံုးအံ့ၾသၾကမွာပါ။ဘာလို႔ဆို။
မိုးေရထဲေျပးလာတယ့္လူတစ္ေယာက္ ။မိုးကျဖန္းပက္ထားလို႔ တစ္ကိုယ္လံုးက ရႊဲစိုေနလ်ွက္။ေရစိုေနေသာအေနာက္တိုင္းအက်ႌက သူ႔ကိုယ္ခႏၶာရဲ့က်စ္လစ္မႈကိုမဖံုးကြယ္ႏိုင္။သူ႔လက္ထဲမွာထီးတစ္ေခ်ာင္းကိုင္ထားလ်က္။ထီးကအသစ္မို႔ ပလပ္စတစ္အပတ္ပင္မခြာရေသး။သာအစကထီးကိုင္လ်ွက္မိုးရြာထဲကေျပးလာေနေသာသူ႔ကိုထူးဆန္းရံုပါပဲ။ဒါေပမယ့္ ေကာ္ဖီဆိုင္တံခါးကိုဆြဲဖြင့္ၿပီး သာ့ကိုထီးလွမ္းေပးလိုက္တယ့္ခနမွာေတာ့သာ အသံပင္ထြက္မိေအာင္အံ့ၾသရသည္။သာ့ေရ႔ွမွာရိွေနသူကိုသာတခါမွမျမင္ဖူးေခ်။သာစူးခနဲ႔သူ႔မ်က္ႏွာကိုေသခ်ာၾကည့္မိသည္။ေယာက္်ားပီသေသာမ်က္ခံုး ၊မေမွးမျပဴးဘဲလွပေသာမ်က္ဝန္းညိုညို၊ပိရိေသသပ္ေသာႏႈတ္ခမ္းတစ္စံု၊ေမးရိုးက်က်မ်က္ႏွာကရွည္တာလည္းမဟုတ္ဝိုင္းတာလည္းမဟုတ္သြယ္သြယ္လွလွေလးျဖစ္သည္။ေမးရိုးတစ္ေလ်ွာက္ေရစက္မ်ားတြဲခိုေနေလသည္။ေသခ်ာတယ္သာမသိ။
"ယူေလ သာယဥ္ေက်း ထီးလိုေနတယ္မလား"
ထီးကိုပိုျမႇင့္လိုက္ၿပီး သူၿပံဳးျပလိုက္ေတာ့ ႏႈတ္ခမ္းပါးကမ်ဥ္းတေျပးထဲလိုျဖစ္သြားသည္။သိပ္လွတယ့္အၿပံဳးပဲ။သာ ေငးခနဲျဖစ္ၿပီးမွ
"ဒီမယ္ ရွင္က သာ့ကိုသိလို႔လားဟင္ သာတို႔ဆံုဖူးလို႔လား"
သာ့အေမးကိုသူကေခါင္းေလးညိတ္ၿပံဳးၿပီး
"ကိုယ္မင္းကိုသိပါတယ္ မင္းလည္းကိုယ့္ကိုသိမွာပါ မမွတ္မိတာေနမွာ အဲ့တာကိစၥမရိွပါဘူး ခုအေရးႀကီးတာသာ ထီးလိုအပ္ေနတယ္မလား ယူပါ "
သူထပ္ကမ္းေပးတယ့္ထီးကိုသာမျငင္းေတာ့ ။သာလိုအပ္ေနသည္မလား။
"ေက်းဇူးပါ သာရွင္နဲ႔ထပ္ဆံုရင္ေက်းဇူးဆပ္ပါ့မယ္ ဒါနဲ႔ရွင္က"
"ကိုယ္တို႔ထပ္ဆံုမွာပါ အဲ့ခါမွမိတ္ဆက္တာေပါ့ မင္းအခ်ိန္မရိွေတာ့ဘူးမလား "
"အင္းဟုတ္သားပဲ ၅မိနစ္ပဲရိွေတာ့တယ္ ရွင့္ကိုေက်းဇူးတင္ပါတယ္ သာ သြားေတာ့မယ္ ဟင္း ဟင္း"
သာအခ်ိန္ေလးကိုလည္းငံု႔ၾကည့္သူ႔ကိုလည္းၾကည့္ထီးလည္းဖြင့္ကာ ဆိုင္ေလးထဲမွေျပးထြက္လာမိေတာ့သည္။သာ့စိတ္ထဲမွာေတာ့
"ရွင္ဘယ္သူလဲ"
❤️❤️❤️❤️❤️
ခ်စ္တယ့္စာဖတ္ပရိတ္သတ္ေလးေတြအတြက္
MoCo🐨