A mysterious love story (Comp...

By MoCo555

83.7K 3.7K 63

ငယ်စဥ်ကထဲက မိဘ၏ဆုံးမမှုတွေကြောင့် အချစ်ရေးမရှာဖို့ဆုံးဖြတ်ထားသူ ၊ မတော်တဆ အလယ်တန်းနောက်ဆုံးနှစ်မှာ ကောင်ဇိုးလ... More

2.အဲ့ကောင်gayမဖြစ်နိုင်ဘူး
3.လှပထက်မြက်သောစက္ကထရီမလေး
4.နှစ်ဦးနှစ်ဖက်သဘောတူညီစာချုပ်ချုပ်ဆိုခြင်း
5.မတော်တဆ
6.နောက်ခါ ခေါင်းမလျှော်နဲ့
7.လွန်ခဲ့သော၁၁နှစ်
8.ဘုရားရေ ရန်ပွဲလား
9.မလုပ်ရဲတာမရှိတယ့်ကောင်လေးရဲ့ချစ်ရေးဆိုမှု
10.သူ့ရန်ကထွက်ပြေးခြင်း
11.နှလုံးသားကွဲကြေရမှုကြီး
12.ဝန်ခံခြင်း
13.နှင်းဆီပန်းပို့တယ့်သူက!!!
14.သြဇာကောင်း မင်းကဘာကောင်မို့လည်း
15.အမည်မသိကိုယ်လူချော၏ အကူအညီ
16.ကိုယ်လူချောက ငါ့တွဲဖက်
17.ပေါင်မုန့်ကချိုလား
18.သူငယ်ချင်းဆိုရင် ချစ်မရဘူးလား
19.ရင်ခွင်ထဲပစ်ဝင်မိခြင်း
20.အက်စီးဒန့်နှင့် သူနဲ့ရင်းနှီးလာခြင်း
21. အမှတ်မထင်တွေ့ဆုံမှု
22.ဒေါ်သာယဥ်ကျေး၏ အတွေးစများ
23.အပိုင်ယူချင်တယ်
24.သိဒ္ဓိ
25. ၃ပွင့်ဆိုင် မွေးနေ့ပွဲ
26. ဝိုင်အနမ်း
27.One Night Stand???
28.အီစီကလီကြီးနဲ့တူနေတယ်
29.ငံပြာရည်မကြီးမဖြစ်ချင်ပါဘူး
30.ဒီနေ့နေဝင်ချိန်ကသိပ်လှပါသည်
31.ထပ်မလှည့်စားပါနဲ့တော့
32.တိမ်တွေလိုပဲ
33.ကိုယ်အသက်ကြီးလာရင်မင်းကိုလက်ထပ်မှာ
34.I'm bad liar
35.အပြေးပြိုင်ပွဲ
36.ph.noတောင်းခံခြင်း
37.သူ့ပိုင်နက်ထဲ (1)
38.သူ့ပိုင်နက်ထဲ(2)
39.first kiss 2 times
40.ရှင် ဘာမှမဖြစ်ရဘူးနော်
41.အပြင်လူပဲလေ
42.အတင်းဖျင်းများ
43.မွေးနေ့တွင်ဖွင့်ပြောမည်
44.ချစ်မိနေတာပဲ
45.yeahနောက်ဆုံးတော့ ရည်းစားရပြီ
46.ထူးထူးဆန်းဆန်းတွေမလုပ်ပါနဲ့
47.ငါသူ့ကိုသတ်ချင်တယ်
48.ကြယ်ရောင်ပျောက်သောည
49.အိတ်ပုတ်မလေး
50. going to the playground
52.တကယ်ချစ်မိတော့မှာလား
51.အာတာပူစီအနမ်း
53.ဒီတင်ဆက်သူလေးကဆွဲဆောင်နိုင်တယ်
စာရေးသူကငပိန်း
54.kisses in car
55.ယောက္ခမကြီးနဲ့တွေ့ဆုံခြင်း
56.အခုရော နောင်ရော
57.ရည်းစားကိုအိမ်ကမသိအောင်ထားနေတာလား
58.
59.
60.
61.
62.
63.
64.
65.
66.EnD
67.အမှတ်တရ
တောင်းပန်ခြင်း

1.အတူနေရန် အစပြုခြင်း

8.3K 163 1
By MoCo555


🖤ပဟေဠိဆန်သော ချစ်ခြင်းသွယ်💛
                         
                                  အပိုင်း(၁)

"တူ တူ တူ ......ကျစ် ဖုန်းကိုင်ပါတော့ဘုန်းရယ် "

ညီးညူသံနှင့်အတူထွက်ပေါ်လာသော ကောင်မလေးတစ်ယောက်၏အသံစာ လေး။အထုပ်တွေကားပေါ်ကချပြီး လာကြိုမယ့်သူမရှိသေး၍ တစ်ကြောင်း၊ချောမောလှပသောမိန်းကလေးတစ်ယာက်တည်းအထုပ်ပေါင်းများစွာဖြင့် ဖုန်းတစ်လုံးကိုင်ကာ အလုပ်ရှုပ်နေသည့်မြင်ကွင်းကြောင့် ဖြတ်သွားသမျှလူတိုင်းကလည်းလည်ပြန်ကြည့်သွားကြသလို၊ယာဉ်မောင်းသမားများကလည်းအုံစ ပြုနေပြီ။

'ဘုန်းစုတ် လာလို့ကတော့တွေ့မယ် လူယုတ်မာလေး သူများကိုအကြာကြီးစောင့်ခိုင်းတယ်' 

တွေးလည်းတွေး စိတ်ထဲမှလည်း ကျိန်ဆဲနေမိသည်။ ကြောက်တတ်သောသူမဟုတ်သော်လည်း စိတ်ထဲတွင် ဝမ်းနည်းသလိုလို တမျိုးမျိုးတော့ခံစားနေရပါပြီ။မျက်နှာလေးလည်း ကားပေါ်ကဆင်းတုန်းကကဲ့သို့မဟုတ်တော့ဘဲ အနည်းငယ် ပျက်စပြုနေပေပြီ။ဒီကြားထဲရှေ့မှာလည်းလူ၃ ၄ ၅ ရောက်က

"ဒီကညီမလေး ဘယ်လည်း အကိုလိုက်ပို့ပေးမယ် လူတစ်ယောက်စာဖိုးပဲရှင်းရမှာနော် ညီမပစ္စည်းတွေကများပေမယ့် အကိုအလကားတင်ပေးမယ် ၅၀၀၀ ပဲပေးညီမ"

"ရပါတယ် သာ့ကို လာကြိုမယ့်သူရှိပါတယ်"

"ဟာ ညီမဒီရောက်နေတာကြာပြီ အခုထိမလာသေးဘဲ လာပါ ကူညီပါရစေ"

"ရပါတယ်ရှင်"

"မမ ကျွန်တော်ဘာကူညီပေးရမလဲ ကားငှားမလား ဘယ်သွားချင်လည်း ကျွန်တော်တို့ကားအားတယ်မမ
မမကြိုက်တယ့်ဈေးပြောလိုက်"

"ရပါတယ် သာ့ကိုလာကြိုမယ့်သူရှိလို့ပါ"

ကိုယ့်မှာအတင်းသာငြင်းထုတ်နေတယ် ကိုယ်တော်ချောက ပေါ်မလာသေး။ဒါကတော့ သာယဉ်ကျေး ပါပဲလေ။စိတ်ထဲကတော့ ဘုန်းကိုကျိန်ဆဲနေမိတာ သိပ်လည်းမကျိန်ဆဲရဲဘူး တော်ကြာ လာမကြိုနိုင်ဖြစ်မှာလည်းစိုးရသည်။

"ဝူး ဝူး ..........ကျွီ"

"ဟင် "

တုန့်ခနဲရပ်လာတယ့် ဆိုင်ကယ်ကြီးဆီအကြည့်ရောက်မှ ကိုယ်တော်ချော ဘုန်း၊ဘုန်းလက်ျာ။ကြည့်ပါဉီး ကိုယ့်မှာတော့အထုပ်တွေအများကြီးနဲ့သူက လာကြိုတော့လည်းဆိုင်ကယ်နဲ့တယ့် စိတ်လည်းတိုရီလည်းရီချင်မိသွားသည်။

"ဘုန်း  နင်သာ့ကို လာကြိုမယ်ဆိုတာ ဆိုင်ကယ်ကြီးနဲ့လား ဟင် နင်နောက်ကျတယ် သာ့မှာတော့အကြာကြီးစောင့်နေရတယ် ကိုယ့်သူငယ်ချင်းလေးကို နင်"

စကားမဆုံးလိုက်

"Sorryဟာ ငါအိပ်ရာထနည်းနည်းနောက်ကျသွားတာနင့်ကိုငါလာကြိုတာ ပစ္စည်းတွေကတော့ကားကကြိုလိမ့်မယ် ငါတစ်ခါထဲငှားလာခဲ့ပါတယ် မျက်နှာလည်းပြင်ဉီး စူပုတ်နေတာပဲ လှလည်းမလှဘဲနဲ့ "

ဘုန်းပြောလည်းပြော သာ့ခေါင်းကိုလှမ်းပုတ်လိုက်ခါ
ပစ္စည်းတွေဘက်လှည့်၍

"နင်ဒါပဲလား ပစ္စည်းတွေက    ဟော ဟိုမှာကားလာပြီလာ ဝိုင်းသယ်ဉီး"

တကယ်တတ်လည်းတတ်နိုင်တယ် ဘုန်းရယ် ။

"ကျွီ..!       ရောက်ပြီ အမတော် ဆင်းလို့ရပါပြီဗျာ"

ပြောလည်းပြောဆိုင်ကယ်လေးကရပ်သွားတာ အဆောက်ဉီးတစ်ခုရှေ့။

"Woww ငါ့သားလေးကတော်လိုက်တာ မာမီပြောတယ့်တိုင်း ဆေးရောင်ပြန်သုတ်ပေးထားတာပဲ အိမ်ထဲရောပြင်ထားသေးလား"

ခေါင်းငဲ့၍မေးကြည့်လိုက်ရာသူကလူယုတ်မာပြုံးဖြင့်

" ငါ့သားလေးများဖြစ်ရသေးတယ် အမတော် ကြွချီတော်မူပြီးအထဲရောက်မှသေချာရှုစားတော်မူပါ စိတ်တိုင်းမကျလျှင် ကျွန်တော်မျိုးဘုန်းလက်ျာကို ပြောပြတော်မူပါအခုတော့ ခနနေဉီး ပစ္စည်းသယ်လိုက်ဉီးမယ် ဝင်သွား"

ပြောလည်းပြောထိုးရပ်သွားသည့်ကားပေါ်မှပစ္စည်းများကိုသယ်ချနေပါတော့သည်။သာလည်းအထဲသို့ရောက်မှ

"Woww စိတ်တိုင်းကျစရာပဲ ဘုန်းနင်တော်တယ် အာ ဒီပစ္စည်းတွေကအခန်းထဲသွားထားမို့မလား ငါ့အခန်းဘယ်မှာလဲ ပေး ငါ ပါသယ်မယ်"

"ရော့ ဒါဆိုလည်းဒီဟာ သယ် ဒါ ပေါ့တယ် သတိထားနင့်အခန်းက ညာဘက်ကွေ့ရမှာ "

ရှေ့မှာနံရံကြီးပဲရှိနေတာကြောင့် ဘုန်းပြောတဟ့်တိုင်းညာဘက်ကွေ့လိုက်မှ ညာဘက်အစွန်မှာတံခါးတပ်ထားတာတွေ့လိုက်ပြီး ဘုန်းကဦးဆောင်ဝင်သွားသည်။

အိမ်ကတစ်ထပ်တိုက်လေးပါပဲ ဒါပေမယ့် အခန်းတွေဖွဲ့ထားကာ ဆေးရောင်ပြန်တင်ထား၍ နေချင်စရာကောင်းပေသည် လွန်ခဲ့တယ့်တစ်ပါတ်လောက်ကဘုန်းလာပြီးသန့်ရှင်းရေးလုပ်ကာ နေသဖြင့်သန့်ပြန့်နေသည်။ Decorationကလည်းကောင်းတော့တော်တော်လေးအဆင်ပြေသွားသည်။

"ဟဲ့ သာ ဒါနင့်အခန်း၊ ရေချိုးခန်း၊အိမ်သာပါပြီးသား။နင့်အခန်းက ဝင်ကာစကဧည့်ခန်းပြီးရင် ရှေ့ဆုံးပဲ၊ဘေးမှာဘုရားခန်း၊စာကြည့်ခန်းရှိတယ် ၊ပြီးရင်ငါ့အခန်း၊ငါ့နောက်မှာမီးဖိုခန်းတစ်ခန်းပဲရှိတော့တယ် ။စိတ်ချလက်ချနေ ။နင်ပြောတယ့်ပစ္စည်းတွေတော့ဝယ်ထည့်ပေးထားတယ် အဆင်ပြေလားအမ။"

အခန်းလေးကတကယ်လှပါတယ် အပြာနုလွင်လွင်လေးသုတ်ထားပြီး ကုတင်တစ်လုံး၊မှန်တင်ခုံ၊အလုပ်စားပွဲ၊စသဖြင့်သူ့နေရာနဲ့သူရှိပေသည်။နံရံပေါ်တွင်မီးလင်းကြယ်လေးများအစီအရီကပ်ထားလေတော့ပို၍လှသည်။ညကျရင်တော့တော်တော်လှမှာပဲ။

"အင်း ပြေတယ် ငါကြိုက်တယ် ဒါနဲ့ အဝတ်ဗီရိုရော"

"Aww ဟုတ်သား အာ့တာက လာ ရေချိုးခန်းဘေးမှာငါအခန်းပိုထားထားတယ် ဗီရိုရယ် ဖိနပ်စင်ရယ် အဲ့မှာပဲ"

" ကျွီ !"

"ဒီမှာနင်ကြိုက်တယ် မလား သာ "

"Omm ကြိုက်တယ် hee ငါ့ဘုန်းလေးက တော်သား "

မျက်ခုံးတစ်ဖက်ပင့်၍ပြောနေသော သာ့ ကိုကြည့်၍ဘုန်း ဘဝင်တောင်မြင့်ချင်ချင် ။

"သြော် သာ နင် နားဉီးခရီးပန်းလာတယ်မလား ။ငါ ချိန်းထားတာလေးရှိသေးလို့အပြင်သွားရဉီးမယ် ပြန်လာရင် ဘာဝယ်ခဲ့ရမလည်း ရေခဲသေတ္တာထဲတော့ ပစ္စည်းတွေ ဝယ်ထည့်ထားတယ် "

"တော်ပါပြီ ရတယ် မဝယ်နဲ့တော့ ဒီတခါ ချိန်းတာ မင်းမောင် လား "

မချိုမ ချဉ်ဖြင့်မေးတော့

"Omm"

"အဟက် လက်စသတ်တော့ ကောင်လေးနဲ့ ချိန်းထားလို့ ပြင်ဆင်ထားတာကိုး သွားတော့အကိုဘုန်း ဟင်းချက်ထားမယ်။"

"သွားပြီ ဒါဆို"

ပြောလည်းပြော မျက်စိအောက်ကပျောက်သွားတာ လှစ်ခနဲ။ဘုန်းလက်ျာဆိုတာ သူမရဲ့ အခင်ဆုံးသူငယ်ချင်း လေးပါ။ဒါပေမယ့် ရည်းစားထားရင် ယောက်ျားလေးတွေချည်း။ကိုယ်တိုင်ကခြောက်လားဆိုတော့လည်း မခြောက် ။ဘာပဲပြောပြော လောလောဆယ်တော့ သာနဲ့ ဘုန်းနဲ့ဟာ တစ်အိမ်ထဲတူတူနေကြမယ့် သူတွေပေါ့။

...........................😘😘😘.................................
စာဖတ်သူလေးတွေ
အားပေးကြပါဉီး
စာရေးအသားမကောင်းလည်း Commentမှာဝေဖန်အကြံပြုပေးနိုင်ပါတယ်ရှင့်
ချစ်တယ့်
MoCo🐨

အိမ်ပုံကလေ ဖတ်ရင်းမျက်စိလည်နေကြမှာစိုးလို့ ပုံကြမ်းလျှောက်ဆွဲထားပါတယ်😁

Zawgyi
🖤ပေဟဠိဆန္ေသာ ခ်စ္ျခင္းသြယ္💛
                         
                                  အပိုင္း(၁)

"တူ တူ တူ ......က်စ္ ဖုန္းကိုင္ပါေတာ့ဘုန္းရယ္ "

ညီးၫူသံႏွင့္အတူထြက္ေပၚလာေသာ ေကာင္မေလးတစ္ေယာက္၏အသံစာ ေလး။အထုပ္ေတြကားေပၚကခ်ၿပီး လာႀကိဳမယ့္သူမရိွေသး၍ တစ္ေၾကာင္း၊ေခ်ာေမာလွပေသာမိန္းကေလးတစ္ယာက္တည္းအထုပ္ေပါင္းမ်ားစြာျဖင့္ ဖုန္းတစ္လံုးကိုင္ကာ အလုပ္ရႈပ္ေနသၫ့္ျမင္ကြင္းေၾကာင့္ ျဖတ္သြားသမ်ွလူတိုင္းကလည္းလည္ျပန္ၾကၫ့္သြားၾကသလို၊ယာဉ္ေမာင္းသမားမ်ားကလည္းအံုစ ျပဳေနၿပီ။

'ဘုန္းစုတ္ လာလို႔ကေတာ့ေတြ့မယ္ လူယုတ္မာေလး သူမ်ားကိုအၾကာႀကီးေစာင့္ခိုင္းတယ္' 

ေတြးလည္းေတြး စိတ္ထဲမွလည္း က်ိန္ဆဲေနမိသည္။ ေၾကာက္တတ္ေသာသူမဟုတ္ေသာ္လည္း စိတ္ထဲတြင္ ဝမ္းနည္းသလိုလို တမ်ိဳးမ်ိဳးေတာ့ခံစားေနရပါၿပီ။မ်က္ႏွာေလးလည္း ကားေပၚကဆင္းတုန္းကကဲ့သို႔မဟုတ္ေတာ့ဘဲ အနည္းငယ္ ပ်က္စျပဳေနေပၿပီ။ဒီၾကားထဲေရ႔ွမွာလည္းလူ၃ ၄ ၅ ေရာက္က

"ဒီကညီမေလး ဘယ္လည္း အကိုလိုက္ပို႔ေပးမယ္ လူတစ္ေယာက္စာဖိုးပဲရွင္းရမွာေနာ္ ညီမပစၥည္းေတြကမ်ားေပမယ့္ အကိုအလကားတင္ေပးမယ္ ၅၀၀၀ ပဲေပးညီမ"

"ရပါတယ္ သာ့ကို လာႀကိဳမယ့္သူရိွပါတယ္"

"ဟာ ညီမဒီေရာက္ေနတာၾကာၿပီ အခုထိမလာေသးဘဲ လာပါ ကူညီပါရေစ"

"ရပါတယ္ရွင္"

"မမ ကြၽန္ေတာ္ဘာကူညီေပးရမလဲ ကားငွားမလား ဘယ္သြားခ်င္လည္း ကြၽန္ေတာ္တို႔ကားအားတယ္မမ
မမႀကိဳက္တယ့္ေဈးေျပာလိုက္"

"ရပါတယ္ သာ့ကိုလာႀကိဳမယ့္သူရိွလို႔ပါ"

ကိုယ့္မွာအတင္းသာျငင္းထုတ္ေနတယ္ ကိုယ္ေတာ္ေခ်ာက ေပၚမလာေသး။ဒါကေတာ့ သာယဉ္ေက်း ပါပဲေလ။စိတ္ထဲကေတာ့ ဘုန္းကိုက်ိန္ဆဲေနမိတာ သိပ္လည္းမက်ိန္ဆဲရဲဘူး ေတာ္ၾကာ လာမႀကိဳႏိုင္ျဖစ္မွာလည္းစိုးရသည္။

"ဝူး ဝူး ..........ကြၽီ"

"ဟင္ "

တုန႔္ခနဲရပ္လာတယ့္ ဆိုင္ကယ္ႀကီးဆီအၾကၫ့္ေရာက္မွ ကိုယ္ေတာ္ေခ်ာ ဘုန္း၊ဘုန္းလက္်ာ။ၾကၫ့္ပါဉီး ကိုယ့္မွာေတာ့အထုပ္ေတြအမ်ားႀကီးနဲ႔သူက လာႀကိဳေတာ့လည္းဆိုင္ကယ္နဲ႔တယ့္ စိတ္လည္းတိုရီလည္းရီခ်င္မိသြားသည္။

"ဘုန္း  နင္သာ့ကို လာႀကိဳမယ္ဆိုတာ ဆိုင္ကယ္ႀကီးနဲ႔လား ဟင္ နင္ေနာက္က်တယ္ သာ့မွာေတာ့အၾကာႀကီးေစာင့္ေနရတယ္ ကိုယ့္သူငယ္ခ်င္းေလးကို နင္"

စကားမဆံုးလိုက္

"Sorryဟာ ငါအိပ္ရာထနည္းနည္းေနာက္က်သြားတာနင့္ကိုငါလာႀကိဳတာ ပစၥည္းေတြကေတာ့ကားကႀကိဳလိမ့္မယ္ ငါတစ္ခါထဲငွားလာခဲ့ပါတယ္ မ်က္ႏွာလည္းျပင္ဉီး စူပုတ္ေနတာပဲ လွလည္းမလွဘဲနဲ႔ "

ဘုန္းေျပာလည္းေျပာ သာ့ေခါင္းကိုလွမ္းပုတ္လိုက္ခါ
ပစၥည္းေတြဘက္လွၫ့္၍

"နင္ဒါပဲလား ပစၥည္းေတြက    ေဟာ ဟိုမွာကားလာၿပီလာ ဝိုင္းသယ္ဉီး"

တကယ္တတ္လည္းတတ္ႏိုင္တယ္ ဘုန္းရယ္ ။

"ကြၽီ       ေရာက္ၿပီ အမေတာ္ ဆင္းလို႔ရပါၿပီဗ်ာ"

ေျပာလည္းေျပာဆိုင္ကယ္ေလးကရပ္သြားတာ အေဆာက္ဉီးတစ္ခုေရ႔ွ။

"Woww ငါ့သားေလးကေတာ္လိုက္တာ မာမီေျပာတယ့္တိုင္း ေဆးေရာင္ျပန္သုတ္ေပးထားတာပဲ အိမ္ထဲေရာျပင္ထားေသးလား"

ေခါင္းငဲ့၍ေမးၾကၫ့္လိုက္ရာသူကလူယုတ္မာၿပံဳးျဖင့္

" ငါ့သားေလးမ်ားျဖစ္ရေသးတယ္ အမေတာ္ ႂကြခ်ီေတာ္မူၿပီးအထဲေရာက္မွေသခ်ာရႈစားေတာ္မူပါ စိတ္တိုင္းမက်လ်ွင္ ကြၽန္ေတာ္မ်ိဳးဘုန္းလက္်ာကို ေျပာျပေတာ္မူပါအခုေတာ့ ခနေနဉီး ပစၥည္းသယ္လိုက္ဉီးမယ္ ဝင္သြား"

ေျပာလည္းေျပာထိုးရပ္သြားသၫ့္ကားေပၚမွပစၥည္းမ်ားကိုသယ္ခ်ေနပါေတာ့သည္။သာလည္းအထဲသို႔ေရာက္မွ

"Woww စိတ္တိုင္းက်စရာပဲ ဘုန္းနင္ေတာ္တယ္ အာ ဒီပစၥည္းေတြကအခန္းထဲသြားထားမို႔မလား ငါ့အခန္းဘယ္မွာလဲ ေပး ငါ ပါသယ္မယ္"

"ေရာ့ ဒါဆိုလည္းဒီဟာ သယ္ ဒါေပါ့တယ္ သတိထားနင့္အခန္းက ညာဘက္ေကြ့ရမွာ "

အိမ္ကတစ္ထပ္တိုက္ေလးပါပဲ ဒါေပမယ့္ အခန္းေတြဖြဲ႔ထားကာ ေဆးေရာင္ျပန္တင္ထား၍ ေနခ်င္စရာေကာင္းေပသည္ လြန္ခဲ့တယ့္တစ္ပါတ္ေလာက္ကဘုန္းလာၿပီးသန႔္ရွင္းေရးလုပ္ကာ ေနသျဖင့္သန႔္ျပန႔္ေနသည္။ Decorationကလည္းေကာင္းေတာ့ေတာ္ေတာ္ေလးအဆင္ေျပသြားသည္။

"ဟဲ့ သာ ဒါနင့္အခန္း၊ ေရခ်ိဳးခန္း၊အိမ္သာပါၿပီးသား။နင့္အခန္းကညာဘက္ေထာင့္ဆံုး၊ေဘးမွာဘုရားခန္း၊စာၾကၫ့္ခန္းရိွတယ္ ၊ၿပီးရင္ငါ့အခန္း၊ငါ့ေနာက္မွာမီးဖိုခန္းတစ္ခန္းပဲရိွေတာ့တယ္ ။စိတ္ခ်လက္ခ်ေန ။နင္ေျပာတယ့္ပစၥည္းေတြေတာ့ဝယ္ထၫ့္ေပးထားတယ္ အဆင္ေျပလားအမ။"

အခန္းေလးကတကယ္လွပါတယ္ အျပာႏုလြင္လြင္ေလးသုတ္ထားၿပီး ကုတင္တစ္လံုး၊မွန္တင္ခံု၊အလုပ္စားပြဲ၊စသျဖင့္သူ႔ေနရာနဲ႔သူရိွေပသည္။နံရံေပၚတြင္မီးလင္းၾကယ္ေလးမ်ားအစီအရီကပ္ထားေလေတာ့ပို၍လွသည္။ညက်ရင္ေတာ့ေတာ္ေတာ္လွမွာပဲ။

"အင္း ေျပတယ္ ငါႀကိဳက္တယ္ ဒါနဲ႔ အဝတ္ဗီရိုေရာ"

"Aww ဟုတ္သား အာ့တာက လာ ေရခ်ိဳးခန္းေဘးမွာငါအခန္းပိုထားထားတယ္ ဗီရိုရယ္ ဖိနပ္စင္ရယ္ အဲ့မွာပဲ ကြၽီ ဒီမွာနင္ႀကိဳက္တယ္ မလား သာ "

"Omm ႀကိဳက္တယ္ hee ငါ့ဘုန္းေလးက ေတာ္သား "

မ်က္ခံုးတစ္ဖက္ပင့္၍ေျပာေနေသာ သာ့ ကိုၾကၫ့္၍ဘုန္း ဘဝင္ေတာင္ျမင့္ခ်င္ခ်င္ ။

"ေၾသာ္ သာ နင္ နားဉီးခရီးပန္းလာတယ္မလား ။ငါ ခ်ိန္းထားတာေလးရိွေသးလို႔အျပင္သြားရဉီးမယ္ ျပန္လာရင္ ဘာဝယ္ခဲ့ရမလည္း ေရခဲေသတၲာထဲေတာ့ ပစၥည္းေတ ဝယ္ထၫ့္ထားတယ္ "

"ေတာ္ပါၿပီ ရတယ္ မဝယ္နက္ေတာ့ ဒီတခါ ခ်ိန္းတာ မင္းေမာင္ လား "

မခ်ိဳမ ခ်ဉ္ျဖင့္ေမးေတာ့

"Omm"

"အဟက္ လက္စသတ္ေတာ့ ေကာင္ေလးနဲ႔ ခ်ိန္းထားလို႔ ျပင္ဆင္ထားတာကိုး သြားေတာ့အကိုဘုန္း ဟင္းခ်က္ထားမယ္။"

"သြားၿပီ ဒါဆို"

ေျပာလည္းေျပာ မ်က္စိေအာက္ကေပ်ာက္သြားတာ လွစ္ခနဲ။ဘုန္းလက္်ာဆိုတာ သူမရဲ့ အခင္ဆံုးသူငယ္ခ်င္း ေလးပါ။ဒါေပမယ့္ ရည္းစားထားရင္ ေယာက္်ားေလးေတြခ်ည္း။ကိုယ္တိုင္ကေျခာက္လားဆိုေတာ့လည္း မေျခာက္ ။ဘာပဲေျပာေျပာ ေလာေလာဆယ္ေတာ့ သာနဲ႔ ဘုန္းနဲ႔ဟာ တစ္အိမ္ထဲတူတူေနၾကမယ့္ သူေတြေပါ့။

...........................😘😘😘.................................
စာဖတ္သူေလးေတြ
အားေပးၾကပါဉီး
စာေရးအသားမေကာင္းလည္း Commentမွာေဝဖန္အႀကံျပဳေပးႏိုင္ပါတယ္ရွင့္
ခ်စ္တယ့္
MoCo🐨

Continue Reading

You'll Also Like

2M 120K 43
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
355K 27.4K 15
MY Creditor Side Story ပါ။ Parallel Universe သဘောမျိုးပြန်ပြီး Creation လုပ်ထားတာမို့ main story နဲ့ မသက်ဆိုင်ပဲ အရင် character ကို ရသအသစ် တစ်မျိုးနဲ...
1M 88.3K 138
This is the continuation of short story collection 'Love me thoda aur '.
753K 68.7K 37
She is shy He is outspoken She is clumsy He is graceful She is innocent He is cunning She is broken He is perfect or is he? . . . . . . . . JI...