I can only imagine 4️⃣Part 422️⃣
"တံခြန္ ငါ နင့္ကို ေျပာစရာရွိတယ္ ''
အေဖတစ္ခု သမီးတစ္ခုမို႔ ႏိုင္ငံျခားမွာ ေနေနတဲ့
အခရာ၏ ဖခင္ျဖစ္သူ ဦးေနသူက တပတ္တႀကိမ္သာ သမီးဆီ ဖုန္းဆက္ႏိုင္တာမို႔ ဒီမွာ ဘာေတြ
ျဖစ္ပ်က္ေနသလဲ ဆိုတာ လံုးဝ မသိ။ ဒီေနာက္ပိုင္း တံခြန္၏ တိုက္ခန္းမွာ သူမဟာ ေန႔စဥ္ရက္ဆက္ ဆိုသလို လာေနသည္။ အေၾကာင္းျပခ်က္ရယ္လို႔ ဟုတ္တိပတ္တိ မရွိခဲ့။ အင္း သူတို႔က Living together လိုမ်ိဳးလည္း ေနေသးသည္။
"အင္း ေျပာေလ ''
တံခြန္က စီးကရက္တစ္လိပ္ကို တခ်က္ ႐ႈိက္၍
ေျပာလိုက္သည္။
"နင္ ငါ့ကို ခ်စ္လား ''
"အဟင္း ဘာေတြ လာေျပာေနတာလဲ
မင္း ႐ူးေနလား ''
"ေျဖစမ္းပါ တံခြန္ နင္ ငါ့ကို နမ္း..နမ္းခ်င္တိုင္း
နမ္းေနတာေတြ ခႏၶာကိုယ္ခ်င္း ရင္းႏွီးခဲ့ၾကတာေတြက ငါ့ကို ခ်စ္လို႔မလား''
"အရင္ကေတာ့ မင္းကို ခ်စ္ခဲ့တယ္ ဆိုတာ
ဝန္ခံတယ္ ေနာက္ပိုင္းေတာ့ ငါ ေလးညိဳ႕႐ွင္ကို
ႏိုင္ခ်င္လို႔လား မင္းကို တကယ္ ခ်စ္တာလား
ဆိုတာ ငါ မေဝခြဲတတ္ေတာ့ဘူး''
"တံခြန္ ငါ့..ငါ့မွာ ကိုယ္ဝန္ ရေနၿပီ''
"ဘာ! "
အခရာ စကားေၾကာင့္ ခုတင္ေပၚမွာ ေဆးအ႐ွိန္နဲ႔ ေမွးကာ ရစ္မူးခံစားေနေသာ တံခြန္က အခရာအနားသို႔ ျဗန္းခနဲ ေရာက္လာကာ မယံုႏိုင္သလို
ၾကည့္လာသည္။
"ဟုတ္တယ္ ငါ မညာဘူး''
"တကယ္... တကယ္လား အခရာ မင္းမွာ ကိုယ္ဝန္ တကယ္ ရိွေနတာလား''
မယံုၾကည္ႏိုင္သလို ေျပာေနေသာ တံခြန္အား
သူမ လက္ထဲက ကိရိယာေလးကို ျပလိုက္ရာ
အနီအစင္းေၾကာင္းေလး ႏွစ္ေၾကာင္း ေပၚေနေလသည္။
"ဒါဆို တကယ္ႀကီးေပါ့ ဟုတ္လား အခရာ ''
"အင္း ''
"ဒါဆို ငါတို႔ လက္ထပ္ၾကမလား''
"အဟက္ ဘာကိုလဲ ဘာကို လက္ထပ္မွာလဲ အခုမွ ငါ လိုခ်င္တဲ့ ဇာတ္က ေရာက္လာတာ ကေလးတစ္ေယာက္ ရတာနဲ႔ပဲ နင္နဲ႔ လက္ထပ္ရမွာလား''
သူမ စကားကို တံခြန္က နားမ႐ွင္းသလို သူမရဲ႕
ပခံုးကို ခါရမ္းကာ ဆက္၍ ေမးလိုက္သည္။
"အခရာ မင္း ဘာေတြေျပာေနတာလဲ မင္းဗိုက္ထဲမွာ ငါ့ရဲ႕ ကေလးေလး ရိွေနၿပီေလ ငါတို႔ လက္ထပ္ရမွာေပါ့''
"ေ႐ွးဆန္လိုက္တာ တံခြန္ရာ နင္ပဲ ငါ့ကို မခ်စ္ဘူးဆို ဘာလို႔ ငါ့ကို လက္ထပ္မွာလဲ ''
"မင္းက ဘာဆက္လုပ္ဖို႔ စဥ္းစားထားလဲ မဟုတ္မွ ကိုယ္ဝန္ဖ်က္ခ်မလို႔ေတာ့ မဟုတ္ပါဘူးေနာ္''
"အဟင္း ဘာလို႔ ငါက ကိုယ္ဝန္ဖ်က္ခ်ရမွာလဲ
ဒီကေလးက ငါ့ရဲ႕ အိပ္မက္ေတြကို အေကာင္အထည္ေဖာ္ေပးမွာ ''
ခ်စ္စရာေကာင္းလွပါၿပီ ဆိုေသာ အခရာ၏ မ်က္ႏွာသည္ အခုတြင္ေတာ့ ရက္စက္ေၾကာက္မက္ဖြယ္
ေကာင္းလြန္းလွသည္။
"ဒီကေလးက နင္နဲ႔ လံုးဝ မပတ္သက္ေတာ့ဘူး ဘာလို႔ဆို ကေလးက ျမတ္နိုးရာရဲ႕ ကေလးပဲ''
"ဟမ္း အခရာ မင္း ႐ူးသြားၿပီလား ျမတ္နိုးရာနဲ႔
မင္းက ဘာဆိုဘာမွ ပတ္သက္ခဲ့တာမွ မဟုတ္တာ သူကေရာ ၿငိမ္ခံေနမတဲ့လား အခရာ''
"အဟင့္ နင္ မသိပါဘူး ျမတ္ႏိုးရာ ဆိုတဲ့ ဒီလူက
ေတာ္ေတာ္ကို သနားတတ္တာ အာ့ဒါ သူရဲ႕
အားနည္းခ်က္ပဲ ငါက သူရဲ႕အားနည္းခ်က္ကို
အသံုးခ်ၿပီး ငါလိုခ်င္တာ ရေအာင္ ယူမွာ ''
ကိုကို႔ကို ငါ့မွ မရရင္ ဘယ္သူ႔မွ မရေစရဘူး ဒါ
ငါရဲ႕ သဓိဠာန္ပဲ...
❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤
"ေမာင္ေရ..''
"ဗ်ာ ''
"ေရခ်ိဳးေနတာ ၾကာလွၿပီ ထြက္ခဲ့ေတာ့ေလ
အေအးပတ္အံုးမယ္''
"အင္းပါ ''
ေရခ်ိဳးခန္းထဲမွ ထြက္လာေသာ ေမာင့္ကို စိတ္ပူစြာ ၾကည့္ရင္း ကြၽန္ေတာ္ ပခံုးေပၚက သဘက္ျဖင့္
သုတ္ေပးေနမိသည္။
"ေမာင္က ကေလးလား ေရခ်ိဳးတာလည္း
ၾကာလိုက္တာ ''
"မဟုတ္ပါဘူး ဒီညေနက ဂိုေဒါင္ ဝင္စစ္ရင္း ရႊံေတြ ေပလူးလာတာ ဒါေၾကာင့္ သန္႔သြားေအာင္ ေရေတြ အမ်ားႀကီး ခ်ိဳးေနတာ ကဲ ေမာင့္ပါးေလးကို
ေမႊးၾကည့္စမ္းပါအံုး စင္ၿပီလားလို႔''
သူ႔ပါးကို နမ္းေစခ်င္ေသာ ေမာင္က လူလည္ေလးလို ဆိုလာေတာ့ မျငင္းခ်င္တာနဲ႔ ေမာင့္စိတ္တိုင္းက် ေရခ်ိဳးၿပီးစ ေရစက္ေလးေတြ ခိုတြဲေနေသာ
ပါးျပင္ေလးကို ရႊတ္ခနဲ နမ္းလိုက္ၿပီး..
"ရႊတ္ အင္း စင္သြားၿပီ''
"ဟုတ္လား ဒီဘက္ က်န္ေသးတယ္ ''
ဘယ္ဘက္ပါးျပင္ကို နမ္းၿပီးေနာက္ အလိုဆႏၵ
မတင္းတိမ္ႏိုင္ေသးေသာ အေမာင္လူသားက
ထပ္မံ၍ ေတာင္းဆိုလာျပန္သည္။
"ရႊတ္ ရၿပီလား ''
"ဟင့္အင္း ႏႈတ္ခမ္း က်န္ေသးတယ္ ''
"ေမာင္ေနာ္ အရမ္းကဲတာပဲ ေရက်ေတာ့ စင္ေအာင္ မသုတ္ခ်င္ဘူး ကဲေနႏိုင္ေသးတယ္ ေတာ္ၾကာ ဖ်ားသြားမွ ဟုတ္ေပ့ ျဖစ္ေနအံုးမယ္ သိလား ''
"အင္းပါ ေမာင္ သိပါတယ္ ဒီတစ္ခါပဲ တကယ္
ကတိေပးတယ္ ''
ပခံုးေလး ကိုင္ကာ ကေလးေလးလို မ်က္လံုး
မွိတ္သြားေသာ ေမာင့္ကို ျငင္းပယ္ဖို႔ ခြန္အား
ကြၽန္ေတာ့္မွာ မရွိခဲ့။
"အြန္႔ 💋 ''
တခ်က္ပဲ နမ္းမလို႔ ရည္ရြယ္ကာ ကြၽန္ေတာ္ကပဲ
စတင္၍ နမ္းလိုက္ေပမယ့္ ေမာင္ကေတာ့
သူ႔အႀကိဳက္ ေခါင္းကို ထိန္းကိုင္ၿပီး ႐ွည္လ်ားလွေသာ အနမ္း႐ွည္ႀကီးကို ဖန္တီးေနေလသည္။
"အင့္ ေမာင္ရယ္ ငါ အသက္႐ႈၾကပ္ေနၿပီ
လႊတ္ေတာ့ဟာ''
အတင္းေျပာေတာ့မွ မလႊတ္ခ်င္ လႊတ္ခ်င္နဲ႔
လႊတ္ေပးလိုက္သည့္ ေမာင္က သိပ္ၿပီး ေက်နပ္ပံုမရ။ ႏႈတ္ခမ္းအနားတစ္ဝိုက္ နီရဲေထာ္လန္ေနေသာ ကြၽန္ေတာ့္ကို ေမာင္က သေဘာက်စြာ ၾကည့္၍
"စိတ္ကို မနည္းထိန္းထားရတယ္ သိလား ''
"အာ... ေမာင္ေနာ္ သြား အက်ီ သြားလွဲေတာ့
ညအိပ္ဝတ္စံု ခုတင္ေပၚမွာ တင္ေပးထားၿပီးၿပီ''
"အင္းပါ ဟုတ္ပါၿပီ''
ေလးညိဳ႕႐ွင္က ကြၽန္ေတာ့္ကို ျပံဳးစိစိနဲ႔ ၾကည့္ကာ ဆက္မရစ္ေတာ့ပဲ အက်ီကို ေသခ်ာ ဝတ္ေနေလသည္။ တကယ္ပါ ေမာင့္ကို ခ်စ္လို႔ ဝဋ္ႀကီးတယ္
ဆိုရင္ေတာင္ ကြၽန္ေတာ္က လွလွပပႀကီး ဝဋ္ခံခ်င္ေနတာ...
💛💛💛💛💛💛💛💛💛💛💛💛💛💛💛💛
"က်စ္ အကိုကလည္း အခုထိ ျပန္မလာေသးဘူး လမ္းမ်ား မွားေနမလား မသိပါဘူး ''
လြန္းဘြဲ႔ေမာင္ ဆိုသည့္ အကိုက ကြၽန္ေတာ္နဲ႔
ကေတာက္ကဆ ျဖစ္ၿပီး စိတ္ဆိုးဆိုးနဲ႔ ထြက္သြားတာ အခုထိ အိမ္မျပန္လာေသးတာမို႔ စိတ္က ပူေနမိသည္။ ဒီေဒသက အကိုနဲ႔မွ မရင္းႏွီးတာ
မေတာ္လို႔ တစ္ခုခု ျဖစ္ခဲ့ရင္ ေခၚလာမိတဲ့
ကြၽန္ေတာ္ကပဲ အရင္ဦးစြာ ရင္က်ိဳးရမွာ။
ေမွာင္လည္းေမွာင္ေနၿပီမို႔ အကိုအား ထြက္႐ွာရန္ အျပင္ဝတ္အက်ီကို အျမန္ ယူဝတ္ကာ
အိမ္ေအာက္သို႔ ဆင္းလာစဥ္ ဘုရား႐ွီခိုးၿပီး
ထြက္လာေသာ အေမနဲ႔ ထိတ္တိုက္ ေတြ႔ေလသည္။
"သား ''
"ဗ်ာ အေမ ''
"သားနဲ႔ ပါလာတဲ့ ဟိုေကာင္ေလးကေရာ
ဘယ္မလဲ အေမ ညေနကတည္းက မေတြ႔မိဘူးလားလို႔''
"ဟို ဟုတ္.. ဟုတ္တယ္ အေမ အကိုက
အျပင္ထြက္သြားတယ္''
"ေဟး အျပင္သြားတယ္ အိုကြယ္ သူက
ဧည့္သည္ေလ လမ္းေတြဘာေတြ ဘယ္သိမလဲ သားက ေဒသခံေလ သူ အျပင္သြားခ်င္ရင္ သားက လိုက္ျပေပါ့ ဘာလဲ အေမ့သားက လိုက္မပို႔ခ်င္လို႔ သူ႔ဘာသာ သြားလိုက္တာလား''
အေမက မသကၤာခါသလို မ်က္လုံးမ်ိဳးနဲ႔ ၾကည့္ကာ ေျပာေလေတာ့ စိတ္က စိုးရြံစြာျဖင့္ ေခါင္းေလးငုတ္ကာ
"ဟိုေလ အေမ အာ့ဒါကေလ သားနဲ႔ အကိုက
ရန္ျဖစ္လို႔ပါ အာ့ဒါ အကိုက စိတ္ဆိုးၿပီး ထြက္သြားတာ အေမရဲ႕ ''
"ဘယ္လို! "
ကြၽန္ေတာ္ရဲ႕ စကားသံအဆံုး အေမရဲ႕ အာေမဋိက္သံ ထြက္လာတာေၾကာင့္ စိတ္ညစ္သြားရသည္။ ထိုစဥ္ အေမက
"သားရယ္ သူက ဧည့္သည္ေလ ဘာကပဲ စျဖစ္ျဖစ္ သားက အိမ္႐ွင္ ျဖစ္တဲ့အတြက္ သည္းခံသင့္တာ သည္းခံရမွာပဲ သြား အရမ္းမေမွာင္ခင္ ဟိုေကာင္ေလးကို အျမန္ သြား႐ွာခ်ည္ သူမပါလာရင္ သားပါ
ျပန္မလာခဲ့နဲ႔''
အေမက ခပ္ျပတ္ျပတ္ ေျပာကာ အိမ္ခန္းထဲသို႔
လွည့္ဝင္သြားတာေၾကာင့္ ေခါင္းေလး ငုပ္၍သာ အကိုအား ႐ွာရန္ ထြက္လာခဲ့စဥ္ အိမ္ေ႐ွ႕ တံခါးအဝ၌ ရြာက ကာလသားမ်ားနဲ႔ ပခံုးတင္ကာ
လာေနေသာ အကို႔ကို ျမင္လိုက္ေတာ့ ကြၽန္ေတာ့္ပါ မ်က္လံုးအျပဴးသားနဲ႔ ျဖစ္ေနရသည္။ အကိုက
ဘယ္လိုကေန ကာလသားေတြနဲ႔ သြားသိေနရတာပါလိမ့္။
"ဗ်ိဳ႕ ရီးခြာညိဳ ဒီမွာ ဧည့္သည္ ေခၚလာတယ္ဗ်''
ကာလသားေတြရဲ႕ ေအာ္သံေၾကာင့္ အိမ္ခန္းေလးထဲ ဝင္သြားေသာ အေမက ျပန္ထြက္လာကာ
"ေဟး ဘယ္သူေတြတုန္းကြဲ႔''
"ရီးခြာညိဳ ကြၽန္ေတာ္တို႔ပါဗ် ဒီမွာ ရြာအေ႐ွ႕က အရက္ဆိုင္မွာ ဒီက ရီးခြာညိဳတို႔အိမ္က ဧည့္သည္ကို ေတြ႔လို႔ ေခၚလာတာ''
"ဟင္ !''
ေခါင္းေတာင္ မေဖာ္ႏိုင္ေလာက္ေအာင္
မူးေနေသာ လြန္းဘြဲ႔ေမာင္ကို ၾကည့္၍ တအံတျသ ျဖစ္ေနရသည္။ ကြၽန္ေတာ္ကပဲ ၾကားကေန
ကာလသားေတြ လက္ထဲက အကို႔ကို လြဲေျပာင္းယူ၍
"အာ အကိုတို႔ရယ္ အားနာလိုက္တာ ၿပီးေတာ့
ေက်းဇူးလည္းတင္ပါတယ္ ''
"ရတယ္ ရတယ္ ''
ကာလသားေတြ အကို႔ကို ပို႔ၿပီး ျပန္သြားေတာ့မွ
အိမ္တံခါးေတြ အေသအခ်ာ လိုက္ပိတ္၍ မူး႐ူးေနေသာ အကို႔အား မႏိုင္မနင္း သယ္ေနေသာ
ကြၽန္ေတာ့္ကို အေမက ၾကည့္ၿပီး
"သား ''
"ဗ်ာ ''
"ဒီေကာင္ေလးကို မင္း တစ္ေယာက္တည္း
ႏိုင္လို႔လား သားတစ္ေယာက္တည္း မႏိုင္ရင္
အိမ္အနီးအနားက ဦးထြန္းတို႔ သားအဖကို
ေခၚလိုက္မယ္ေလ''
"ရတယ္.. ရတယ္ အေမ သား ႏိုင္ပါတယ္
ညလည္း နက္ေနၿပီ အေမလည္း အိပ္ပါေတာ့
သားကို စိတ္ခ်ပါ ''
"ေအးေအး ''
အေမလည္း ကြၽန္ေတာ္တို႔ကို စိတ္မခ်သလို
တခ်က္ၾကည့္၍ သက္ျပင္းေလး အသာခ်ကာ
အိမ္ခန္းေလးထဲ ျပန္ဝင္သြားေလသည္။ အကို႔ရဲ႕ ခႏၶာကိုယ္ကို မႏိုင္မနင္း သယ္ကာ ကြၽန္ေတာ့္အခန္းထဲသို႔ ေခၚသြားၿပီး ခုတင္ေပၚတြင္ အသာခ်လိုက္ေတာ့
"အင့္ ဘယ္သူလဲ ငါ့ကို ဘယ္သူ ေခၚလာတာလား မိုးစက္ကေရာ ဘယ္မွာလဲ ငါ့ကို ေခၚေပး မိုးစက္ကို ငါ့ဆီ ေခၚေပးစမ္းပါ''
အရက္မူးမူး႐ႈး႐ႈးနဲ႔ ကေယာင္ကတမ္း ေျပာေနေသာ အကိုရဲ႕ ပါးစပ္ကို အျခားသူေတြ ၾကားသြားမွာ စိုးတာေၾကာင့္ လက္ျဖင့္ အသာပိတ္ကာ
"အကို တိုးတိုးေလ အေမတို႔ အိပ္ေနၿပီဗ် ''
သူ႔ပါးစပ္အေပၚ ေရာက္ေနေသာ ကြၽန္ေတာ့္လက္ကို လာကိုင္လိုက္၍ သူ႔ပါးျပင္ျဖင့္ ပြတ္သပ္ကာ
"အင္း မင္းပဲ ဒီေလာက္ အလုပ္ၾကမ္းေတြ လုပ္ခဲ့ဖူးတာေတာင္ ႏူးညံ့ေနတာ မိုးစက္ ဆိုတဲ့ မင္းတစ္ေယာက္ပဲ ရွိတယ္ မိုးစက္ ကိုယ္ ညီ့ကို ခ်စ္တယ္
ကိုယ္ညီ့ကို အရမ္းခ်စ္တယ္ေနာ္ ''
"အင္းအင္း သိတယ္ ကြၽန္ေတာ္က သိတယ္ေလေနာ္ ညလည္း အရမ္းနက္ေနၿပီ အသံေလး
ေလ်ာ့ခ်ပါအံုး အကိုရယ္ ''
ကြၽန္ေတာ္မွာ အကိုအတြက္ ပူရတာက တစ္မ်ိဳး
ေအာက္ထပ္က ညီမေလးနဲ႔အေမ ၾကားသြားမွာ
စိုးတာက တစ္မ်ိဳးျဖင့္ ဗ်ာမ်ားေနရသည္။
"ကိုယ္ ညီ့ကို ခ်စ္လိုက္တာကြာ ဘာလို႔ ကိုယ္တို႔ရဲ႕ အခ်စ္ကို ေစာ္ကားရတာလဲ ကိုယ္တို႔ရဲ႕ အခ်စ္ကို ဘာမွ မဟုတ္ဘူးလို႔ ထင္ရတာလဲ ေျပာရက္ရတာလဲကြာ''
လူတစ္ေယာက္ဟာ သူတို႔ မေက်နပ္တာေတြကို မူးေနတဲ့အခ်ိန္မွာ ဘူးေပၚသလို ေပၚတတ္ၾကတယ္ ဆိုတဲ့ စကားက တကယ္ကို မွန္တာပါ။ ကြၽန္ေတာ္က ဒီလို သေဘာမ်ိဳးနဲ႔ ေျပာတာ မဟုတ္ဘူးေလ။ အကိုကကြၽန္ေတာ့္စကားကို အထအန
ေကာက္မွားျခင္းသာ။
💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚
"အခရာ မင္း ဘယ္သူ႔ကို လာေတြ႔တာလဲ''
ဒီေန႔မွ ထူးဆန္းစြာ အေစာႀကီး ႏိုးေနေသာ
ေလးညိဳ႕႐ွင္က ျမတ္နိုးရာ မႏိုးခင္ ျခံေလးထဲ အားကစား လုပ္ေနစဥ္ ျခံတံခါးဝကေန ေပၚလာေသာ အခရာေၾကာင့္ အားကစား ဆက္လုပ္ရန္
စိတ္မပါေတာ့ပဲ သူမ အေ႐ွ႕၌ သြားရပ္ကာ
ေမးလိုက္သည္။
"ဟို အကိုနဲ႔ ေတြ႔ခ်င္လို႔ ''
"ဘာ အခရာ ငါ မင္းကို ဘာေျပာထားသလဲ
ဒါေတာင္ မင္းမွာ စဥ္းစားႏိုင္တဲ့ ဦးေႏွာက္ညဏ္
မရွိဘူးလား ''
"ရိွ.. ရိွပါတယ္ ဒါေပမယ့္ အခရာမွာ အရမ္းအေရးႀကီးတဲ့ ကိစၥ ရိွေနလို႔ပါ ဘယ္လိုပဲေျပာေျပာ အခရာ အကိုျမတ္ႏိုးရာကို ေျပာစရာ ရွိလို႔ပါ အခု အကို
အိပ္ေနတာလားဟင္''
ငိုထားသလို မ်က္လံုးႀကီး မို႔အစ္ေနကာ ထိပ္ထိပ္ျပာျပာ ေျပာေနေသာ အခရာကုိ ဘာရယ္မဟုတ္
စိတ္ထဲ ေလးလံေနမိသည္။
"မရဘူး ငါ မင္းကို ငါ့ခ်စ္သူနဲ႔ ေတြ႔ခြင့္မေပးႏိုင္ဘူး လာခဲ့စမ္း ''
အိပ္ေနတဲ့ ျမတ္နိုးရာ ျမင္သြားမွာ စိုးတာေၾကာင့္ ကြၽန္ေတာ္ အခရာရဲ႕ လက္ေမာင္းကို ဆြဲသြားကာ နီးရာ အေအးဆိုင္ေလးထဲ ေခၚသြားေလသည္။
"ကဲ ေျပာစမ္းပါအုံး မင္း ငါ့ခ်စ္သူကို ေျပာခ်င္ေနတဲ့ စကား ဆိုတာ ''
ကိုကို႔ပါးစပ္ဆီက ငါ့ခ်စ္သူ ငါ့ခ်စ္သူလို႔ ေျပာေနတဲ့ စကားသံက အခရာအတြက္ေတာ့ အေတာ့္ကို
ဆိုးဝါးလြန္းလွသည္။ ျမတ္နိုးရာကို ခ်စ္လြန္းလို႔
တုန္ေနတဲ့ ကိုကိုပံုစံကို ၾကည့္၍ အခရာ
ဆက္လုပ္မယ့္ ကိစၥကို လုပ္ရန္ ပိုေသခ်ာသြားေလသည္။
"ဟင့္အင္း အာ့ဒါ ကိုကို႔ကို ေျပာလို႔ မရဘူး ဒီကိစၥကို ပထမဆံုး သိရမွာက အကိုျမတ္ႏိုးရာ
ကိုယ္တိုင္ပဲ''
"အဟက္ ေျပာစမ္းပါအုံး မင္းရဲ႕ ႀကီးက်ယ္ျမင့္ျမတ္လွပါသည္ ဆိုတဲ့ ကိစၥကို ''
ကြၽန္ေတာ္ အေျပာကို အခရာက စိတ္လႈပ္႐ွားသလို ႏႈတ္ခမ္းေလး တခ်က္ကိုက္၍
"အခရာမွာ အကိုျမတ္ႏိုးရာနဲ႔ ရတဲ့ ကိုယ္ဝန္
ရိွေနၿပီ''
"ဟမ္း! ဘာ..''
မနက္အေစာႀကီး ကြၽန္ေတာ္ ေခါင္းေပၚ မိုးႀကိဳးပစ္ခ်လိုက္သလို ဒိန္းကနဲ ျမည္သြားသလိုမ်ိဳး
ခံစားလိုက္ရသည္။
"ဟုတ္တယ္ အဟင့္ အခရာ ႐ွက္လည္း ႐ွက္ပါတယ္ ဒါေပမယ့္ ဒီလို ကိစၥက အေဖလုပ္သူ သိမွ
ျဖစ္မယ့္ ကိစၥမို႔လို႔ပါ''
"အဟင့္ ငါ ယံုမယ္လို႔ ထင္လို႔လား အခရာ
မဟုတ္ဘူး ျမတ္ႏိုးရာက ငါ့ကို ဘယ္ေတာ့မွ
သစၥာေဖာက္မယ့္ လူမ်ိဳး မဟုတ္ဘူး မင္း လိမ္တာ မင္း ညာတာ ''
ပတ္ဝန္းက်င္ ဆိုတာႀကီးကိုေတာင္ သတိမထားေတာ့ပဲ တဖက္မိန္းကေလးကို ေဒါသႀကီးစြာ
ေအာ္ဟစ္ေနမိသည္။ ဒီလို ကိစၥမ်ိဳးကို အခရာက ေနာက္စရာလား ဟုတ္တယ္ သူမ စေနာက္ေနတာ ကိုယ္ဝန္တဲ့ ဒါ ျဖစ္ႏိုင္တဲ့ အရာမွ မဟုတ္တာဗ်ာ ကြၽန္ေတာ္က ယံုစရာလား..။
"ကိုကို အခရာက မိန္းကေလးပါ ဒီလို ကိစၥမ်ိဳးကို လိမ္ညာၿပီး ေျပာစရာလား အခရာ ဗိုက္က
တျဖည္းျဖည္း ပူလာေတာ့မွာ လူၾကားထဲမွာ အခရာကို လင္ေကာင္မေပၚပဲ ေမြးတဲ့ မိန္းမ
အျဖစ္ ကိုကိုက ျမင္ရက္လို႔လား ဒါေၾကာင့္ ကိုကိုဘက္က ေနာက္ဆုတ္ေပးပါ ကိုကိုရယ္ အခုခ်ိန္မွာ ကိုကို အခရာကို စိတ္ဆိုးေဒါသထြက္ေနမယ္
ဆိုတာ သိပါတယ္ အခရာကို မသနားရင္ေတာင္ ဒီဗိုက္ထဲက ဘာမွ အျပစ္မရိွတဲ့ ကေလးေလးအတြက္ ကိုကို စာနာေပးပါ ကိုကိုလည္း ဖခင္ရိွသားနဲ႔
ဖခင္ေမတၱာ အျပည့္အဝ မရလို႔ ငယ္ငယ္ေလးကတည္းက အရမ္းခံစားခဲ့ရတယ္မလား ဒီ.. ဒီအခရာရဲ႕ ကေလးကို ဖခင္တစ္ေယာက္ရဲ႕ ခ်စ္ျခင္းေမတၱာေတြနဲ႔ ျပည့္ျပည့္ဝဝ ႀကီးျပင္းေစဖို႔ ကိုကိုက
အကိုျမတ္ႏိုးရာကို လက္လႊတ္ေပးပါေနာ္ အခရာ ေတာင္းပန္ပါတယ္ ''
အခရာ စကားေတြက ဘယ္တုန္းက ဒီေလာက္ထိ နားထဲ ပူေလာင္သြားရတာလဲ။ အခု သူမက
ကြၽန္ေတာ္ အရမ္းခ်စ္ရတဲ့ ခ်စ္သူကို လက္လႊတ္ေပးဖို႔ ေတာင္းဆိုေနသည္တဲ့ေလ။ မုန္းလိုက္တာ အေသးေလးက ဒီလို လူစားမ်ိဳးမွ မဟုတ္တာ။
ဘယ္ပဲျဖစ္ျဖစ္ ကြၽန္ေတာ္ အေသးေလးကို
ယံုၾကည္သည္။
"မင္းဟာမင္း ဘယ္သူနဲ႔ ျဖစ္လို႔ ျဖစ္မွန္းေရာ
သိရဲ႕လား ၿပီးေတာ့မွ ငါ့ခ်စ္သူကို စြပ္စြဲတယ္ေပါ့
မရဘူး မင္းကေလးက ျမတ္နိုးရာကေလး
မျဖစ္ႏိုင္ဘူး ဒါပဲ ''
ကြၽန္ေတာ္ သူမကုိ ထိုမ်ွသာ ေျပာ၍ ဆတ္ခနဲ
ေကာက္လွည့္ထြက္လာလိုက္သည္။ မဟုတ္ဘူး သူမနဲ႔ ဆက္ၿပီး ရင္ဆိုင္ဖို႔ အင္အား မရွိေတာ့တာဆုိ ပိုမွန္မည္။သူမ ညာေနတာ..
💜💜💜💜💜💜💜💜💜💜💜💜💜💜💜💜
ဆက္ရန္
ဖတ္ျပီးရင္လည္းေဝဖန္ေပးျကပါအံုး Commentတြင္လည္းအျကံညဏ္မ်ားေရးနိုင္ပါသည္။ လြမ္းရဲ႕ပရိသတ္တဦးတစ္ေယာက္စီတုိင္းကိုေက်းဇူးတင္ပါတယ္။ ဒီထက္မကဆက္လက္အားေပးၾကပါအုန္း႐ွင္။
အားလံုးေက်းဇူးတင္ပါတယ္ရွင္
👑မုန္းပန္းျမဴ(သ်ွင္လြမ္းမယ္)👑
I can only imagine 4️⃣Part 422️⃣
"တံခွန် ငါ နင့်ကို ပြောစရာရှိတယ် ''
အဖေတစ်ခု သမီးတစ်ခုမို့ နိုင်ငံခြားမှာ နေနေတဲ့
အခရာ၏ ဖခင်ဖြစ်သူ ဦးနေသူက တပတ်တကြိမ်သာ သမီးဆီ ဖုန်းဆက်နိုင်တာမို့ ဒီမှာ ဘာတွေ
ဖြစ်ပျက်နေသလဲ ဆိုတာ လုံးဝ မသိ။ ဒီနောက်ပိုင်း တံခွန်၏ တိုက်ခန်းမှာ သူမဟာ နေ့စဉ်ရက်ဆက် ဆိုသလို လာနေသည်။ အကြောင်းပြချက်ရယ်လို့ ဟုတ်တိပတ်တိ မရှိခဲ့။ အင်း သူတို့က Living together လိုမျိုးလည်း နေသေးသည်။
"အင်း ပြောလေ ''
တံခွန်က စီးကရက်တစ်လိပ်ကို တချက် ရှိုက်၍
ပြောလိုက်သည်။
"နင် ငါ့ကို ချစ်လား ''
"အဟင်း ဘာတွေ လာပြောနေတာလဲ
မင်း ရူးနေလား ''
"ဖြေစမ်းပါ တံခွန် နင် ငါ့ကို နမ်း..နမ်းချင်တိုင်း
နမ်းနေတာတွေ ခန္ဓာကိုယ်ချင်း ရင်းနှီးခဲ့ကြတာတွေက ငါ့ကို ချစ်လို့မလား''
"အရင်ကတော့ မင်းကို ချစ်ခဲ့တယ် ဆိုတာ
ဝန်ခံတယ် နောက်ပိုင်းတော့ ငါ လေးညို့ရှင်ကို
နိုင်ချင်လို့လား မင်းကို တကယ် ချစ်တာလား
ဆိုတာ ငါ မဝေခွဲတတ်တော့ဘူး''
"တံခွန် ငါ့..ငါ့မှာ ကိုယ်ဝန် ရနေပြီ''
"ဘာ! "
အခရာ စကားကြောင့် ခုတင်ပေါ်မှာ ဆေးအရှိန်နဲ့ မှေးကာ ရစ်မူးခံစားနေသော တံခွန်က အခရာအနားသို့ ဗြန်းခနဲ ရောက်လာကာ မယုံနိုင်သလို
ကြည့်လာသည်။
"ဟုတ်တယ် ငါ မညာဘူး''
"တကယ်... တကယ်လား အခရာ မင်းမှာ ကိုယ်ဝန် တကယ် ရှိနေတာလား''
မယုံကြည်နိုင်သလို ပြောနေသော တံခွန်အား
သူမ လက်ထဲက ကိရိယာလေးကို ပြလိုက်ရာ
အနီအစင်းကြောင်းလေး နှစ်ကြောင်း ပေါ်နေလေသည်။
"ဒါဆို တကယ်ကြီးပေါ့ ဟုတ်လား အခရာ ''
"အင်း ''
"ဒါဆို ငါတို့ လက်ထပ်ကြမလား''
"အဟက် ဘာကိုလဲ ဘာကို လက်ထပ်မှာလဲ အခုမှ ငါ လိုချင်တဲ့ ဇာတ်က ရောက်လာတာ ကလေးတစ်ယောက် ရတာနဲ့ပဲ နင်နဲ့ လက်ထပ်ရမှာလား''
သူမ စကားကို တံခွန်က နားမရှင်းသလို သူမရဲ့
ပခုံးကို ခါရမ်းကာ ဆက်၍ မေးလိုက်သည်။
"အခရာ မင်း ဘာတွေပြောနေတာလဲ မင်းဗိုက်ထဲမှာ ငါ့ရဲ့ ကလေးလေး ရှိနေပြီလေ ငါတို့ လက်ထပ်ရမှာပေါ့''
"ရှေးဆန်လိုက်တာ တံခွန်ရာ နင်ပဲ ငါ့ကို မချစ်ဘူးဆို ဘာလို့ ငါ့ကို လက်ထပ်မှာလဲ ''
"မင်းက ဘာဆက်လုပ်ဖို့ စဉ်းစားထားလဲ မဟုတ်မှ ကိုယ်ဝန်ဖျက်ချမလို့တော့ မဟုတ်ပါဘူးနော်''
"အဟင်း ဘာလို့ ငါက ကိုယ်ဝန်ဖျက်ချရမှာလဲ
ဒီကလေးက ငါ့ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ပေးမှာ ''
ချစ်စရာကောင်းလှပါပြီ ဆိုသော အခရာ၏ မျက်နှာသည် အခုတွင်တော့ ရက်စက်ကြောက်မက်ဖွယ်
ကောင်းလွန်းလှသည်။
"ဒီကလေးက နင်နဲ့ လုံးဝ မပတ်သက်တော့ဘူး ဘာလို့ဆို ကလေးက မြတ်နိုးရာရဲ့ ကလေးပဲ''
"ဟမ်း အခရာ မင်း ရူးသွားပြီလား မြတ်နိုးရာနဲ့
မင်းက ဘာဆိုဘာမှ ပတ်သက်ခဲ့တာမှ မဟုတ်တာ သူကရော ငြိမ်ခံနေမတဲ့လား အခရာ''
"အဟင့် နင် မသိပါဘူး မြတ်နိုးရာ ဆိုတဲ့ ဒီလူက
တော်တော်ကို သနားတတ်တာ အာ့ဒါ သူရဲ့
အားနည်းချက်ပဲ ငါက သူရဲ့အားနည်းချက်ကို
အသုံးချပြီး ငါလိုချင်တာ ရအောင် ယူမှာ ''
ကိုကို့ကို ငါ့မှ မရရင် ဘယ်သူ့မှ မရစေရဘူး ဒါ
ငါရဲ့ သဓိဠာန်ပဲ...
❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤
"မောင်ရေ..''
"ဗျာ ''
"ရေချိုးနေတာ ကြာလှပြီ ထွက်ခဲ့တော့လေ
အအေးပတ်အုံးမယ်''
"အင်းပါ ''
ရေချိုးခန်းထဲမှ ထွက်လာသော မောင့်ကို စိတ်ပူစွာ ကြည့်ရင်း ကျွန်တော် ပခုံးပေါ်က သဘက်ဖြင့်
သုတ်ပေးနေမိသည်။
"မောင်က ကလေးလား ရေချိုးတာလည်း
ကြာလိုက်တာ ''
"မဟုတ်ပါဘူး ဒီညနေက ဂိုဒေါင် ဝင်စစ်ရင်း ရွှံတွေ ပေလူးလာတာ ဒါကြောင့် သန့်သွားအောင် ရေတွေ အများကြီး ချိုးနေတာ ကဲ မောင့်ပါးလေးကို
မွှေးကြည့်စမ်းပါအုံး စင်ပြီလားလို့''
သူ့ပါးကို နမ်းစေချင်သော မောင်က လူလည်လေးလို ဆိုလာတော့ မငြင်းချင်တာနဲ့ မောင့်စိတ်တိုင်းကျ ရေချိုးပြီးစ ရေစက်လေးတွေ ခိုတွဲနေသော
ပါးပြင်လေးကို ရွှတ်ခနဲ နမ်းလိုက်ပြီး..
"ရွှတ် အင်း စင်သွားပြီ''
"ဟုတ်လား ဒီဘက် ကျန်သေးတယ် ''
ဘယ်ဘက်ပါးပြင်ကို နမ်းပြီးနောက် အလိုဆန္ဒ
မတင်းတိမ်နိုင်သေးသော အမောင်လူသားက
ထပ်မံ၍ တောင်းဆိုလာပြန်သည်။
"ရွှတ် ရပြီလား ''
"ဟင့်အင်း နှုတ်ခမ်း ကျန်သေးတယ် ''
"မောင်နော် အရမ်းကဲတာပဲ ရေကျတော့ စင်အောင် မသုတ်ချင်ဘူး ကဲနေနိုင်သေးတယ် တော်ကြာ ဖျားသွားမှ ဟုတ်ပေ့ ဖြစ်နေအုံးမယ် သိလား ''
"အင်းပါ မောင် သိပါတယ် ဒီတစ်ခါပဲ တကယ်
ကတိပေးတယ် ''
ပခုံးလေး ကိုင်ကာ ကလေးလေးလို မျက်လုံး
မှိတ်သွားသော မောင့်ကို ငြင်းပယ်ဖို့ ခွန်အား
ကျွန်တော့်မှာ မရှိခဲ့။
"အွန့် 💋 ''
တချက်ပဲ နမ်းမလို့ ရည်ရွယ်ကာ ကျွန်တော်ကပဲ
စတင်၍ နမ်းလိုက်ပေမယ့် မောင်ကတော့
သူ့အကြိုက် ခေါင်းကို ထိန်းကိုင်ပြီး ရှည်လျားလှသော အနမ်းရှည်ကြီးကို ဖန်တီးနေလေသည်။
"အင့် မောင်ရယ် ငါ အသက်ရှုကြပ်နေပြီ
လွှတ်တော့ဟာ''
အတင်းပြောတော့မှ မလွှတ်ချင် လွှတ်ချင်နဲ့
လွှတ်ပေးလိုက်သည့် မောင်က သိပ်ပြီး ကျေနပ်ပုံမရ။ နှုတ်ခမ်းအနားတစ်ဝိုက် နီရဲထော်လန်နေသော ကျွန်တော့်ကို မောင်က သဘောကျစွာ ကြည့်၍
"စိတ်ကို မနည်းထိန်းထားရတယ် သိလား ''
"အာ... မောင်နော် သွား အကျီ သွားလှဲတော့
ညအိပ်ဝတ်စုံ ခုတင်ပေါ်မှာ တင်ပေးထားပြီးပြီ''
"အင်းပါ ဟုတ်ပါပြီ''
လေးညို့ရှင်က ကျွန်တော့်ကို ပြုံးစိစိနဲ့ ကြည့်ကာ ဆက်မရစ်တော့ပဲ အကျီကို သေချာ ဝတ်နေလေသည်။ တကယ်ပါ မောင့်ကို ချစ်လို့ ဝဋ်ကြီးတယ်
ဆိုရင်တောင် ကျွန်တော်က လှလှပပကြီး ဝဋ်ခံချင်နေတာ...
💛💛💛💛💛💛💛💛💛💛💛💛💛💛💛💛
"ကျစ် အကိုကလည်း အခုထိ ပြန်မလာသေးဘူး လမ်းများ မှားနေမလား မသိပါဘူး ''
လွန်းဘွဲ့မောင် ဆိုသည့် အကိုက ကျွန်တော်နဲ့
ကတောက်ကဆ ဖြစ်ပြီး စိတ်ဆိုးဆိုးနဲ့ ထွက်သွားတာ အခုထိ အိမ်မပြန်လာသေးတာမို့ စိတ်က ပူနေမိသည်။ ဒီဒေသက အကိုနဲ့မှ မရင်းနှီးတာ
မတော်လို့ တစ်ခုခု ဖြစ်ခဲ့ရင် ခေါ်လာမိတဲ့
ကျွန်တော်ကပဲ အရင်ဦးစွာ ရင်ကျိုးရမှာ။
မှောင်လည်းမှောင်နေပြီမို့ အကိုအား ထွက်ရှာရန် အပြင်ဝတ်အကျီကို အမြန် ယူဝတ်ကာ
အိမ်အောက်သို့ ဆင်းလာစဉ် ဘုရားရှီခိုးပြီး
ထွက်လာသော အမေနဲ့ ထိတ်တိုက် တွေ့လေသည်။
"သား ''
"ဗျာ အမေ ''
"သားနဲ့ ပါလာတဲ့ ဟိုကောင်လေးကရော
ဘယ်မလဲ အမေ ညနေကတည်းက မတွေ့မိဘူးလားလို့''
"ဟို ဟုတ်.. ဟုတ်တယ် အမေ အကိုက
အပြင်ထွက်သွားတယ်''
"ဟေး အပြင်သွားတယ် အိုကွယ် သူက
ဧည့်သည်လေ လမ်းတွေဘာတွေ ဘယ်သိမလဲ သားက ဒေသခံလေ သူ အပြင်သွားချင်ရင် သားက လိုက်ပြပေါ့ ဘာလဲ အမေ့သားက လိုက်မပို့ချင်လို့ သူ့ဘာသာ သွားလိုက်တာလား''
အမေက မသင်္ကာခါသလို မျက်လုံးမျိုးနဲ့ ကြည့်ကာ ပြောလေတော့ စိတ်က စိုးရွံစွာဖြင့် ခေါင်းလေးငုတ်ကာ
"ဟိုလေ အမေ အာ့ဒါကလေ သားနဲ့ အကိုက
ရန်ဖြစ်လို့ပါ အာ့ဒါ အကိုက စိတ်ဆိုးပြီး ထွက်သွားတာ အမေရဲ့ ''
"ဘယ်လို! "
ကျွန်တော်ရဲ့ စကားသံအဆုံး အမေရဲ့ အာမေဋိက်သံ ထွက်လာတာကြောင့် စိတ်ညစ်သွားရသည်။ ထိုစဉ် အမေက
"သားရယ် သူက ဧည့်သည်လေ ဘာကပဲ စဖြစ်ဖြစ် သားက အိမ်ရှင် ဖြစ်တဲ့အတွက် သည်းခံသင့်တာ သည်းခံရမှာပဲ သွား အရမ်းမမှောင်ခင် ဟိုကောင်လေးကို အမြန် သွားရှာချည် သူမပါလာရင် သားပါ
ပြန်မလာခဲ့နဲ့''
အမေက ခပ်ပြတ်ပြတ် ပြောကာ အိမ်ခန်းထဲသို့
လှည့်ဝင်သွားတာကြောင့် ခေါင်းလေး ငုပ်၍သာ အကိုအား ရှာရန် ထွက်လာခဲ့စဉ် အိမ်ရှေ့ တံခါးအဝ၌ ရွာက ကာလသားများနဲ့ ပခုံးတင်ကာ
လာနေသော အကို့ကို မြင်လိုက်တော့ ကျွန်တော့်ပါ မျက်လုံးအပြူးသားနဲ့ ဖြစ်နေရသည်။ အကိုက
ဘယ်လိုကနေ ကာလသားတွေနဲ့ သွားသိနေရတာပါလိမ့်။
"ဗျို့ ရီးခွာညို ဒီမှာ ဧည့်သည် ခေါ်လာတယ်ဗျ''
ကာလသားတွေရဲ့ အော်သံကြောင့် အိမ်ခန်းလေးထဲ ဝင်သွားသော အမေက ပြန်ထွက်လာကာ
"ဟေး ဘယ်သူတွေတုန်းကွဲ့''
"ရီးခွာညို ကျွန်တော်တို့ပါဗျ ဒီမှာ ရွာအရှေ့က အရက်ဆိုင်မှာ ဒီက ရီးခွာညိုတို့အိမ်က ဧည့်သည်ကို တွေ့လို့ ခေါ်လာတာ''
"ဟင် !''
ခေါင်းတောင် မဖော်နိုင်လောက်အောင်
မူးနေသော လွန်းဘွဲ့မောင်ကို ကြည့်၍ တအံတသြ ဖြစ်နေရသည်။ ကျွန်တော်ကပဲ ကြားကနေ
ကာလသားတွေ လက်ထဲက အကို့ကို လွဲပြောင်းယူ၍
"အာ အကိုတို့ရယ် အားနာလိုက်တာ ပြီးတော့
ကျေးဇူးလည်းတင်ပါတယ် ''
"ရတယ် ရတယ် ''
ကာလသားတွေ အကို့ကို ပို့ပြီး ပြန်သွားတော့မှ
အိမ်တံခါးတွေ အသေအချာ လိုက်ပိတ်၍ မူးရူးနေသော အကို့အား မနိုင်မနင်း သယ်နေသော
ကျွန်တော့်ကို အမေက ကြည့်ပြီး
"သား ''
"ဗျာ ''
"ဒီကောင်လေးကို မင်း တစ်ယောက်တည်း
နိုင်လို့လား သားတစ်ယောက်တည်း မနိုင်ရင်
အိမ်အနီးအနားက ဦးထွန်းတို့ သားအဖကို
ခေါ်လိုက်မယ်လေ''
"ရတယ်.. ရတယ် အမေ သား နိုင်ပါတယ်
ညလည်း နက်နေပြီ အမေလည်း အိပ်ပါတော့
သားကို စိတ်ချပါ ''
"အေးအေး ''
အမေလည်း ကျွန်တော်တို့ကို စိတ်မချသလို
တချက်ကြည့်၍ သက်ပြင်းလေး အသာချကာ
အိမ်ခန်းလေးထဲ ပြန်ဝင်သွားလေသည်။ အကို့ရဲ့ ခန္ဓာကိုယ်ကို မနိုင်မနင်း သယ်ကာ ကျွန်တော့်အခန်းထဲသို့ ခေါ်သွားပြီး ခုတင်ပေါ်တွင် အသာချလိုက်တော့
"အင့် ဘယ်သူလဲ ငါ့ကို ဘယ်သူ ခေါ်လာတာလား မိုးစက်ကရော ဘယ်မှာလဲ ငါ့ကို ခေါ်ပေး မိုးစက်ကို ငါ့ဆီ ခေါ်ပေးစမ်းပါ''
အရက်မူးမူးရှုးရှုးနဲ့ ကယောင်ကတမ်း ပြောနေသော အကိုရဲ့ ပါးစပ်ကို အခြားသူတွေ ကြားသွားမှာ စိုးတာကြောင့် လက်ဖြင့် အသာပိတ်ကာ
"အကို တိုးတိုးလေ အမေတို့ အိပ်နေပြီဗျ ''
သူ့ပါးစပ်အပေါ် ရောက်နေသော ကျွန်တော့်လက်ကို လာကိုင်လိုက်၍ သူ့ပါးပြင်ဖြင့် ပွတ်သပ်ကာ
"အင်း မင်းပဲ ဒီလောက် အလုပ်ကြမ်းတွေ လုပ်ခဲ့ဖူးတာတောင် နူးညံ့နေတာ မိုးစက် ဆိုတဲ့ မင်းတစ်ယောက်ပဲ ရှိတယ် မိုးစက် ကိုယ် ညီ့ကို ချစ်တယ်
ကိုယ်ညီ့ကို အရမ်းချစ်တယ်နော် ''
"အင်းအင်း သိတယ် ကျွန်တော်က သိတယ်လေနော် ညလည်း အရမ်းနက်နေပြီ အသံလေး
လျော့ချပါအုံး အကိုရယ် ''
ကျွန်တော်မှာ အကိုအတွက် ပူရတာက တစ်မျိုး
အောက်ထပ်က ညီမလေးနဲ့အမေ ကြားသွားမှာ
စိုးတာက တစ်မျိုးဖြင့် ဗျာများနေရသည်။
"ကိုယ် ညီ့ကို ချစ်လိုက်တာကွာ ဘာလို့ ကိုယ်တို့ရဲ့ အချစ်ကို စော်ကားရတာလဲ ကိုယ်တို့ရဲ့ အချစ်ကို ဘာမှ မဟုတ်ဘူးလို့ ထင်ရတာလဲ ပြောရက်ရတာလဲကွာ''
လူတစ်ယောက်ဟာ သူတို့ မကျေနပ်တာတွေကို မူးနေတဲ့အချိန်မှာ ဘူးပေါ်သလို ပေါ်တတ်ကြတယ် ဆိုတဲ့ စကားက တကယ်ကို မှန်တာပါ။ ကျွန်တော်က ဒီလို သဘောမျိုးနဲ့ ပြောတာ မဟုတ်ဘူးလေ။ အကိုကကျွန်တော့်စကားကို အထအန
ကောက်မှားခြင်းသာ။
💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚
"အခရာ မင်း ဘယ်သူ့ကို လာတွေ့တာလဲ''
ဒီနေ့မှ ထူးဆန်းစွာ အစောကြီး နိုးနေသော
လေးညို့ရှင်က မြတ်နိုးရာ မနိုးခင် ခြံလေးထဲ အားကစား လုပ်နေစဉ် ခြံတံခါးဝကနေ ပေါ်လာသော အခရာကြောင့် အားကစား ဆက်လုပ်ရန်
စိတ်မပါတော့ပဲ သူမ အရှေ့၌ သွားရပ်ကာ
မေးလိုက်သည်။
"ဟို အကိုနဲ့ တွေ့ချင်လို့ ''
"ဘာ အခရာ ငါ မင်းကို ဘာပြောထားသလဲ
ဒါတောင် မင်းမှာ စဉ်းစားနိုင်တဲ့ ဦးနှောက်ညဏ်
မရှိဘူးလား ''
"ရှိ.. ရှိပါတယ် ဒါပေမယ့် အခရာမှာ အရမ်းအရေးကြီးတဲ့ ကိစ္စ ရှိနေလို့ပါ ဘယ်လိုပဲပြောပြော အခရာ အကိုမြတ်နိုးရာကို ပြောစရာ ရှိလို့ပါ အခု အကို
အိပ်နေတာလားဟင်''
ငိုထားသလို မျက်လုံးကြီး မို့အစ်နေကာ ထိပ်ထိပ်ပြာပြာ ပြောနေသော အခရာကို ဘာရယ်မဟုတ်
စိတ်ထဲ လေးလံနေမိသည်။
"မရဘူး ငါ မင်းကို ငါ့ချစ်သူနဲ့ တွေ့ခွင့်မပေးနိုင်ဘူး လာခဲ့စမ်း ''
အိပ်နေတဲ့ မြတ်နိုးရာ မြင်သွားမှာ စိုးတာကြောင့် ကျွန်တော် အခရာရဲ့ လက်မောင်းကို ဆွဲသွားကာ နီးရာ အအေးဆိုင်လေးထဲ ခေါ်သွားလေသည်။
"ကဲ ပြောစမ်းပါအုံး မင်း ငါ့ချစ်သူကို ပြောချင်နေတဲ့ စကား ဆိုတာ ''
ကိုကို့ပါးစပ်ဆီက ငါ့ချစ်သူ ငါ့ချစ်သူလို့ ပြောနေတဲ့ စကားသံက အခရာအတွက်တော့ အတော့်ကို
ဆိုးဝါးလွန်းလှသည်။ မြတ်နိုးရာကို ချစ်လွန်းလို့
တုန်နေတဲ့ ကိုကိုပုံစံကို ကြည့်၍ အခရာ
ဆက်လုပ်မယ့် ကိစ္စကို လုပ်ရန် ပိုသေချာသွားလေသည်။
"ဟင့်အင်း အာ့ဒါ ကိုကို့ကို ပြောလို့ မရဘူး ဒီကိစ္စကို ပထမဆုံး သိရမှာက အကိုမြတ်နိုးရာ
ကိုယ်တိုင်ပဲ''
"အဟက် ပြောစမ်းပါအုံး မင်းရဲ့ ကြီးကျယ်မြင့်မြတ်လှပါသည် ဆိုတဲ့ ကိစ္စကို ''
ကျွန်တော် အပြောကို အခရာက စိတ်လှုပ်ရှားသလို နှုတ်ခမ်းလေး တချက်ကိုက်၍
"အခရာမှာ အကိုမြတ်နိုးရာနဲ့ ရတဲ့ ကိုယ်ဝန်
ရှိနေပြီ''
"ဟမ်း! ဘာ..''
မနက်အစောကြီး ကျွန်တော် ခေါင်းပေါ် မိုးကြိုးပစ်ချလိုက်သလို ဒိန်းကနဲ မြည်သွားသလိုမျိုး
ခံစားလိုက်ရသည်။
"ဟုတ်တယ် အဟင့် အခရာ ရှက်လည်း ရှက်ပါတယ် ဒါပေမယ့် ဒီလို ကိစ္စက အဖေလုပ်သူ သိမှ
ဖြစ်မယ့် ကိစ္စမို့လို့ပါ''
"အဟင့် ငါ ယုံမယ်လို့ ထင်လို့လား အခရာ
မဟုတ်ဘူး မြတ်နိုးရာက ငါ့ကို ဘယ်တော့မှ
သစ္စာဖောက်မယ့် လူမျိုး မဟုတ်ဘူး မင်း လိမ်တာ မင်း ညာတာ ''
ပတ်ဝန်းကျင် ဆိုတာကြီးကိုတောင် သတိမထားတော့ပဲ တဖက်မိန်းကလေးကို ဒေါသကြီးစွာ
အော်ဟစ်နေမိသည်။ ဒီလို ကိစ္စမျိုးကို အခရာက နောက်စရာလား ဟုတ်တယ် သူမ စနောက်နေတာ ကိုယ်ဝန်တဲ့ ဒါ ဖြစ်နိုင်တဲ့ အရာမှ မဟုတ်တာဗျာ ကျွန်တော်က ယုံစရာလား..။
"ကိုကို အခရာက မိန်းကလေးပါ ဒီလို ကိစ္စမျိုးကို လိမ်ညာပြီး ပြောစရာလား အခရာ ဗိုက်က
တဖြည်းဖြည်း ပူလာတော့မှာ လူကြားထဲမှာ အခရာကို လင်ကောင်မပေါ်ပဲ မွေးတဲ့ မိန်းမ
အဖြစ် ကိုကိုက မြင်ရက်လို့လား ဒါကြောင့် ကိုကိုဘက်က နောက်ဆုတ်ပေးပါ ကိုကိုရယ် အခုချိန်မှာ ကိုကို အခရာကို စိတ်ဆိုးဒေါသထွက်နေမယ်
ဆိုတာ သိပါတယ် အခရာကို မသနားရင်တောင် ဒီဗိုက်ထဲက ဘာမှ အပြစ်မရှိတဲ့ ကလေးလေးအတွက် ကိုကို စာနာပေးပါ ကိုကိုလည်း ဖခင်ရှိသားနဲ့
ဖခင်မေတ္တာ အပြည့်အဝ မရလို့ ငယ်ငယ်လေးကတည်းက အရမ်းခံစားခဲ့ရတယ်မလား ဒီ.. ဒီအခရာရဲ့ ကလေးကို ဖခင်တစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ ပြည့်ပြည့်ဝဝ ကြီးပြင်းစေဖို့ ကိုကိုက
အကိုမြတ်နိုးရာကို လက်လွှတ်ပေးပါနော် အခရာ တောင်းပန်ပါတယ် ''
အခရာ စကားတွေက ဘယ်တုန်းက ဒီလောက်ထိ နားထဲ ပူလောင်သွားရတာလဲ။ အခု သူမက
ကျွန်တော် အရမ်းချစ်ရတဲ့ ချစ်သူကို လက်လွှတ်ပေးဖို့ တောင်းဆိုနေသည်တဲ့လေ။ မုန်းလိုက်တာ အသေးလေးက ဒီလို လူစားမျိုးမှ မဟုတ်တာ။
ဘယ်ပဲဖြစ်ဖြစ် ကျွန်တော် အသေးလေးကို
ယုံကြည်သည်။
"မင်းဟာမင်း ဘယ်သူနဲ့ ဖြစ်လို့ ဖြစ်မှန်းရော
သိရဲ့လား ပြီးတော့မှ ငါ့ချစ်သူကို စွပ်စွဲတယ်ပေါ့
မရဘူး မင်းကလေးက မြတ်နိုးရာကလေး
မဖြစ်နိုင်ဘူး ဒါပဲ ''
ကျွန်တော် သူမကို ထိုမျှသာ ပြော၍ ဆတ်ခနဲ
ကောက်လှည့်ထွက်လာလိုက်သည်။ မဟုတ်ဘူး သူမနဲ့ ဆက်ပြီး ရင်ဆိုင်ဖို့ အင်အား မရှိတော့တာဆို ပိုမှန်မည်။သူမ ညာနေတာ..
💜💜💜💜💜💜💜💜💜💜💜💜💜💜💜💜
ဆက်ရန်
ဖတ်ပြီးရင်လည်းဝေဖန်ပေးကြပါအုံး Commentတွင်လည်းအကြံညဏ်များရေးနိုင်ပါသည်။ လွမ်းရဲ့ပရိသတ်တဦးတစ်ယောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်။ ဒီထက်မကဆက်လက်အားပေးကြပါအုန်းရှင်။
အားလုံးကျေးဇူးတင်ပါတယ်ရှင်
👑မုန်းပန်းမြူ(သျှင်လွမ်းမယ်)👑