ကုန်းမြေကြီး၏ အရှင်သခင်ဝမ်ဖေး...

By Hululu61

348K 58K 2.4K

အရင် accထဲဝင်မရတော့လို့ Book ခွဲလိုက်ပါပြီ 🙆 ဒါက အပိုင်း ၁ ကနေ ဖတ်လို့ရတဲ့ Linkပါ🖤 https://my.w.tt/7FVYRdnw... More

အပိုင်း (၄၁) - အတူတူအိပ်ခြင်း
အပိုင်း (၄၁) - အိပ်ရာမျှဝေခြင်း (CENSOR)
အပိုင်း (၄၂.၁) - ကူဖော်လောင်ဖက်
အပိုင်း (၄၂.၂) - ကူဖော်လောင်ဖက်(WARNING)
အပိုင်း (၄၃) - ကိုယ် မြင်လိုက်တယ်
အပိုင်း (၄၄) - မနက်စာ
အပိုင်း (၄၅) - တော်ဝင်မိသားစု သဘောထား
အပိုင်း (၄၆) - ဇနီးလေးရဲ့ ညီငယ်သေးသေးလေး
အပိုင်း (၄၇) - လယ်သမားများ
အပိုင်း (၄၈) - အန်းမိသားစုသို့ အပြန်
အပိုင်း (၄၉.၁) - သတို့သမီး မိဘအိမ် ပထမဆုံးပြန်ချိန် အကျပ်အတည်း
အပိုင်း (၄၉.၂) - သတို့သမီး မိဘအိမ် ပထမဆုံးပြန်ချိန် အကျပ်အတည်း
အပိုင်း (၅၀) - ခြိမ်းခြောက်ဖို့ရန်
အပိုင်း (၅၁) - တန်ပြန်အစီအစဥ်
အပိုင်း (၅၂) - အလုံးစုံ ထိန်းချုပ်ခြင်း
အပိုင်း (၅၃) - စားနပ်ရိက္ခာ သိုလှောင်ခြင်း
အပိုင်း (၅၄) - အစားအစာ ရရှိဖို့ရန်
အပိုင်း (၅၅) - မွှေးပျံ့ကော့လန်သည့် ဆန်(ပေါ်ဆန်းမွှေး)
အပိုင်း (၅၆) - သက်သေခံ အထောက်အထား
အပိုင်း (၅၇) - ပုန်းကွယ်နေသည့် လုပ်ကြံသတ်ဖြတ်သူ
အပိုင်း (၅၈) - လျှော်ပင်နှင့် ပင်လယ်တားမြစ်ချက်
အပိုင်း (၆၀) - အန်းချောင်၏ စိတ်ဓာတ်ကြံ့ခိုင်မှု
အပိုင်း (၆၁.၁) - မမြင်ရသော လွှမ်းမိုးနိုင်စွမ်း
အပိုင်း (၆၁.၂) - မမြင်ရသော လွှမ်းမိုးနိုင်စွမ်း
အပိုင်း (၆၂.၁) - တိုးတက်မှု
အပိုင်း (၆၂.၂) - တိုးတက်မှု
အပိုင်း (၆၃.၁) - စာရင်းစာအုပ်
အပိုင်း (၆၃.၂) - စာရင်းစာအုပ်
အပိုင်း (၆၄.၁) - ဖူဝူထျန်း ၏ စွမ်းအား
အပိုင်း (၆၄.၂) - ဖူဝူထျန်း၏ စွမ်းအား
အပိုင်း (၆၅.၁) - ညဘက် ဝန်းရံတိုက်ခိုက်မှု
အပိုင်း (၆၅.၂) - ညဘက်ဝန်းရံတိုက်ခိုက်မှု
အပိုင်း (၆၆.၁) - ခေါင်းဖြတ်ကွပ်မျက်ခြင်း
အပိုင်း (၆၆.၂) - ခေါင်းဖြတ်ကွပ်မျက်ခြင်း
အပိုင်း (၆၇.၁) - အငြင်းပွားမှုအား စာရင်းရှင်းခြင်း
အပိုင်း (၆၇.၂) - အငြင်းပွားမှုအား စာရင်းရှင်းခြင်း
အပိုင်း (၆၈.၁) - တိုက်ဆိုင်မှု
အပိုင်း (၆၈.၂) - တိုက်ဆိုင်မှု
Attention Plz
အပိုင်း (၆၉.၁) - ရူးဟန်ဆောင်ခြင်း
အပိုင်း (၆၉.၂) - ရူးဟန်ဆောင်ခြင်း
အပိုင်း (၇၀.၁) - လက်ထပ်ပေးခြင်း
အပိုင်း (၇၀.၂) - လက်ထပ်ပေးခြင်း
အပိုင်း (၇၁) - ဉာဏ်ပူဇော်ခ
အပိုင်း (၇၂) - စစ်ကြောမေးမြန်းခြင်း
အပိုင်း (၇၃) - စစ်ကြောမေးမြန်းခြင်းနှင့် စိတ်အား ထက်သန်မှု
အပိုင်း (၇၄.၁) - သာမန်လူများနှင့် ခြားနားသော[Warning!🔞]
အပိုင်း (၇၄.၂) - သာမန်လူများနှင့် ခြားနားသော
အပိုင်း(၇၅.၁) - ကူညီရန်
အပိုင်း (၇၅.၂) - ကူညီရန်
အပိုင်း (၇၆.၁) - လင်မယားနှစ်ယောက်သား အလည်အပတ်ရောက်လာခြင်း
အပိုင်း (၇၆.၂) - လင်မယားနှစ်ယောက်သား အလည်အပတ်ရောက်လာခြင်း
အပိုင်း (၇၇) - စီရင်ချက်
အပိုင်း (၇၈) - အန်းနန်းဆောင်
အပိုင်း (၇၉.၁) - အပြစ်ပေးခြင်း
အပိုင်း (၇၉.၂) - အပြစ်ပေးခြင်း
အပိုင်း (၈၀.၁) - ကိုယ်လုပ်တော် ရွေးချယ်ပွဲနှင့် စာပို့ခို
အပိုင်း (၈၀.၂) - ကိုယ်လုပ်တော် ရွေးချယ်ပွဲနှင့် စာပို့ခို
အပိုင်း (၈၁.၁) - လောင်းကစားရုံ
အပိုင်း (၈၁.၂) - လောင်းကစားရုံ
အပိုင်း (၈၂.၁) - ရက်စက်သော ပြိုင်ပွဲ
အပိုင်း (၈၂.၂) - ရက်စက်သော ပြိုင်ပွဲ
!!!

အပိုင်း (၅၉) - ပိုးပန်းသူ

6K 1.1K 27
By Hululu61

Unicode

ကောချင်အန်း ရောက်လာသည့်အချိန်၌ ဆန်ဆိုင်၏ ရှေ့တွင် လူရှင်းသွားပြီ ဖြစ်သည်။

အန်းကျီယန်က အဝင်ဝရှေ့တွင် ရပ်ကာ တာဝန်ခံဖုန့် နှင့် စကားပြောနေလေ၏။ ဒီအချိန်တွင် လူအများကြီး မငှားထားသော်ငြား အခြားသူများအတွက် အခွင့်အရေး မရှိတော့ဟု မဆိုလိုပါချေ။ အနာဂတ်တွင် သူက ပိုများသည့် အလုပ်သမားအသစ်များ စုဆောင်းရန် ရည်ရွယ်ထားပေ၏။ ဟုန်စီရင်စုကို ဆန်စပါးထွက်ရှိရာအရပ်အဖြစ် သိထားကြသည်။ ထို့ကြောင့် သူက ယင်းအချက်ကို ကောင်းကောင်း အသုံးချကာ ဆန်စပါးအထွက်နှုန်းကို တိုးစေပြီး တစ်ချိန်တည်းမှာပင် စီရင်စု၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အပံ့ပြု သွားမည် ဖြစ်၏။

ကောချင်အန်း က သူတို့ကို တစ်ချက်ကြည့်လိုက်သော်ငြား အန်းကျီယန်ကို သွားရောက် မနှောင့်ယှက်ပါပေ။ သူက ဆန်ဆိုင်ထဲတွင် အားအားယားယား လက်ဖက်ရည် သောက်နေသည့် တစ်ဦးတည်းသောသူ ဖူဝူထျန်းဆီ သွားလိုက်လေ၏။

"သခင်...ဒီငယ်သား ပြန်ရောက်လာပါပြီ"

ဖူဝူထျန်း က သူ့ကို ခေါင်းငြိမ့်ပြလိုက်ချေ၏။

"တိတ်ဆိတ်တဲ့နေရာ ရောက်တဲ့ထိစောင့်ဦး...ပြီးမှပြော"

ကောချင်အန်း က စကားမပြောတော့လေဘဲ သူ့နံဘေးတွင်သာ ရပ်နေလိုက်သည်။

အန်းကျီယန်နှင့် တာဝန်ခံဖုန့် တို့ စကားပြောပြီးကြချိန်တွင် အလုပ်သမားများသည်လည်း ဆန်အိတ်များ သယ်၍ ပြီးစီးလုနီးနေပြီ ဖြစ်သည်။ စျေးဆိုင်၏ ကုန်လှောင်ရုံမှာ ဆန်အိတ်များဖြင့် ပြည့်လုခမန်း ဖြစ်နေလေ၏။ တာဝန်ခံဖုန့် က အလုပ်သမားတစ်ယောက်ချင်းစီတိုင်းကို အလုပ်လုပ်သည့် ပမာဏအပေါ် မူတည်၍ လုပ်အားခများ ရှင်းပေးလိုက်သည်။ ကြွက်သားများများနှင့် ခွန်အားသန်ပြီး အိတ်နှစ်ဆယ် သုံးဆယ်ထိ မနိုင်သော သူများရှိသလို ဆယ်အိတ်မျှသာ သယ်နိုင်သည့် အားနည်းသူများလည်း ရှိပေသည်။ လူအများမှာ သူတို့၏ လုပ်အားခများ ရသည်နှင့် အလွန်ပင် စိတ်လှုပ်ရှားသွားကြ၏။

အန်းကျီယန်က လူအုပ်ကြီးရှေ့သို့ ရောက်လာလေ၏။

လူအများက စကားပြောနေခြင်းကို ချက်ချင်း ရပ်တန့်လိုက်ကြကာ သူ့ကို တောက်ပသည့် မျက်လုံးများဖြင့် ကြည့်လာကြသည်။

ဒီမြေရှင်ငယ်လေးကိုမူ လူအများအနေဖြင့် လေးစားမှု သာ ရှိနေပေသည်။ သူတို့၏ မျက်လုံးထဲ၌ ဤမြေရှင်ငယ်လေးသည် အချိန်တိုင်းလိုလို အရှုပ်အထွေးထဲမှ သူ့အတွက် အကျိုးအမြတ် ရနိုင်မည့် ဆုံးဖြတ်ချက်ကို ချမှတ်နိုင်၏။ ထိုသို့သော စိတ်ထားအပေါ် မူတည်လိုက်လျှင် သူ့အဖေ အန်းချန်ဖူ သည်ပင် သူ့အား လိုက်မမီနိုင်ပါချေ။

ဟုတ်ပေသည်။ သူတို့မှာ အမှန်တကယ်တော့ မသိရှိကြပါပေ။

အန်းကျီယန်၏ အပြုအမူများ အားလုံးမှာ သူ့ရဲ့ အစီအစဥ်များ၏ လမ်းကြောင်းအတိုင်း သွားနေခြင်း ဖြစ်သည်။

"အန်းမိသားစုက အလုပ်သမားအဖွဲ့တစ်ဖွဲ့ စုဆောင်းဖို့ ပြင်ဆင်ထားတယ်။ ခင်ဗျားတို့ စိတ်ဝင်စားမယ်ဆိုရင် တာဝန်ခံဖုန့် ကိုရှာပြီး လက်မှတ်ထိုးထားလို့ရတယ်။ လစဥ်တိုင်း လုပ်အားခကို ရှင်းပေးမှာပါ...အန်းမိသားစုက ခင်ဗျားတို့ကို မမျှမတ မဆက်ဆံပါဘူး"

အန်းကျီယန် စကားပြောအပြီးတွင် အားလုံးမှာ ဝမ်းသာအားရဖြင့် တာဝန်ခံဖုန့် ဆီ အ​ပြေးသွားကာ လက်မှတ်ထိုးကြလေ၏။

သူတို့က ဆန်အိတ်သယ်သည့်အလုပ်ကို ဆုပ်ကိုင်ဖို့ရာ ကြိုးပမ်းခဲ့ကြသော်လည်း ယင်းမှာ ရေရှည်အလုပ် မဟုတ်ပေ။ ထို့ကြောင့် အန်းမိသားစုမှာ လူအချို့ စုဆောင်းနေကြောင်း သတင်း ပျံ့နှံ့သွားချိန်၌ ကြားလိုက်ရသူများမှာ မနာလို ဖြစ်ကုန်ကြသည်။ ကြားလိုက်ရသူများ မနာလို ဖြစ်ကုန်ရခြင်းမှာ ယင်းအလုပ်သည် ရေရှည်အလုပ်အကိုင် ဖြစ်နေသောကြောင့် ဖြစ်သည်။ လစဥ် လုပ်အားခအတွက်ကိုမူ လူများက ငှားရမ်းခံလိုက်ရသူများထံမှ စုံစမ်းပြီး ဖြစ်သည်။

တာ့ယာရှိ ပြည်သူများ၏ ပုံမှန် တစ်လစာ ဝင်ငွေမှာ ကြေးပြားလေးရာပါသည့် ငွေကြိုးနှစ်တွဲ ဖြစ်သည်။ အန်းမိသားစုက ပေးသည့် ငွေမှာမူ ငွေကြိုးသုံးတွဲ ဖြစ်၏။ တိုင်းပြည်၏ ပျမ်းမျှနှင့် နှိုင်းယှဥ်ပါလျှင် သူတို့မှာ တစ်ရက်ကို ကြေးပြားနှစ်ဆယ်ထိ ရမည်ဟု ဆိုလိုနေခြင်းပင်။ သူတို့သာ ဒီနေရာမှ အနည်းငယ် စုမိဆောင်းမိသွားလျှင် မိသားစု တစ်စုချင်းဆီတိုင်း ကြေးပြားနှစ်ဆယ်ကနေ သုံးဆယ်အထိ စုဆောင်းနိုင်သွားပေမည်။ ဤကဲ့သို့သော ကောင်းမွန်သည့် ဆက်ဆံမှုမျိုးနှင့်ဆိုလျှင်...တခြားသူများ မနာလိုဘဲ ဘယ်လိုလုပ်ရှိနိုင်ပါမည်နည်း?။

အကျိုးဆက်အနေဖြင့် အနှီသတင်းမှာ အန်းယွမ်စီရင်စုတစ်ခုလုံးသို့ အလင်းအလျင်နှင့် ပျံ့နှံ့သွားလေသည်။

ကောလာဟလ တစ်ခုမှာ တာဝန်ခံဖုန့် ၏ လက်မှတ်ထိုးသည့် စာရင်းစာအုပ်မှာ ပြည့်လုနီးပါး ဖြစ်နေပြီ ဟူ၍။

သို့သော် အားလုံးမှာ စကားမျှသာဖြစ်သည်။

အန်းကျီယန် က အနောက်ဘက် ခြံဝန်းအနီးသို့ မည်သူ့ကိုမှ အနားကပ်ခွင့်မပြုရန် တာဝန်ခံဖုန့် အား ပြောထားလိုက်လေ၏။

လူသုံးယောက်မှာ အနောက်ဘက် ခြံဝန်းရှိ အခန်းတစ်ခုထဲဆီ ဝင်သွားကြသည်။ နောက်ဆုံးမှ ကောချင်အန်း က သူ ဝင်လာပြီးသည်နှင့် တံခါးကို ပိတ်လိုက်လေ၏။ သူ တစ်ဖက်သို့ လှည့်လိုက်ချိန်တွင်တော့ သူရဲ့ သခင်က ဝမ်ဖေးကို ကိုယ်တိုင်ကိုယ်ကျ ထိုင်ခုံ ဆွဲထုတ်ပေးနေသည်ကို မြင်လိုက်ရချေ၏။ သူ့ရဲ့ မျက်လုံးများမှာ ကူကယ်ရာမဲ့စွာ ဝင်းလက်သွားရလေသည်။

ဝမ်ရယ်က အမှန်တကယ်တမ်းတွင် ဇနီးတစ်ယောက် လက်ထပ်လိုက်ခြင်းအပေါ် အမှုမထားကြောင်း သူသိထားပေ၏။ လက်ထပ်ရမည့်သူမှာ ချမ်းသာသည်ဖြစ်စေ ဆင်းရဲသည်ဖြစ်စေ၊ ယောကျာ်း ဖြစ်စေ မိန်းမဖြစ်စေ ဘာမှ မထူးခြားပါပေ...အကြောင်းမှာကား ဝမ်ရယ် ဂရုစိုက်သည့်အရာများမှာ အလွန်တရာ နည်းပါးလှသည့်မို့ ဖြစ်သည်။ ထို့ကြောင့်လည်း ဝမ်ရယ်က အန်းကျီယန် ကို ခဏတဖြုတ် သဘောကျစိတ်ဝင်စားပြီး ဇနီးအဖြစ် လက်ထပ်ယူလိုက်သည်ဟုသာ သူအမြဲတမ်းတွေးထားခဲ့မိ၏။ သို့သော် ဝမ်ရယ်က အရှုံးပေးသွားပြီး ခင်ပွန်းကောင်းလေး ဖြစ်လာလိမ့်မည်ဟုတော့ သူ ဘယ်တုန်း ဘယ်ခါကမှ မခန့်မှန်းထားခဲ့မိပါချေ။

ကောချင်အန်း မှာ ရှုပ်ထွေးပွေလီလှသည့်အတွေးများကို မောင်းထုတ်လိုက်လေကာ ပြောလိုက်လေ၏။

"ဒီငယ်သား က ဝမ်ဖေးရဲ့စကားအတိုင်း စုံစမ်းစစ်ဆေးဖို့ သွားခဲ့ပါတယ်။ ပြီးတော့ တကယ့်ကို အခြေအနေတစ်ချို့ သိခဲ့ရပါတယ်။ ချန်းစီရင်စုရဲ့ နေရာတော်တော်များများမှာ မိုးမရွာတာ သုံးလဆက်တိုက် ရှိနေပါပြီ။ ဒါ့အပြင်...နွေရာသီ မရောက်သေးပဲနဲ့ ချန်းစီရင်စု ရဲ့ အပူဒဏ်က မြန်မြန်ဆန်ဆန် မြင့်တက်နေပြီးနေတော့ မြစ်ထဲက ရေချိန်ကလည်း ကျဆင်းနေပါတယ်။ ကြည့်ရတာ ရေအမြင့်ကလည်း ကျဆင်းနေတုန်းပါပဲ။ မြစ်ရေက တစ်လကို တစ်ချီနှုန်းနဲ့ ကျဆင်းနေပြီးတော့ ဝမ်ဖေး ထင်ကြေးပေးထားတဲ့အတိုင်း မိုးခေါင်ခြင်းကလည်း မကြာခင် ဖြစ်လာပါတော့မယ်"

အန်းကျီယန် တီးတိုးရေရွတ်လိုက်မိ၏။

"ပြီးတော့...ကျွန်တော် မှတ်ခိုင်းလိုက်တဲ့နောက်တစ်ခုကရော...ခင်ဗျား ဘာတွေ့ခဲ့လဲ?"

ကောချင်အန်း က ရပ်တန့်သွားလေပြီး...

"ဝမ်ဖေးရဲ့ မှန်းဆချက်က...အမှန်ပါပဲ"

မနေ့က သူ စုံစမ်းရန် သွားရချိန်က ယင်းကိစ္စကို မယုံကြည်ခဲ့ပါပေ။ အကြောင်းမှာ ဤကဲ့သို့သော ကိစ္စမျိုးက တာ့ယာပြည်၏ သမိုင်းတွင်ပင် တစ်ကြိမ်သာ ဖြစ်ဖူးပြီး ယင်းမှာလည်း လွန်ခဲ့သည့် နှစ်နှစ်ဆယ် က ဖြစ်သည်။ ထိုအချိန်က အကျိုးဆက်များမှာ အလွန်တရာ ကြီးမားလှသည်မို့ အထက်ပိုင်းမှလူများမှာ ထိုအကြောင်းအား စဥ်းစားကြည့်ဖို့ရန်ပင် ဆန္ဒမရှိပါချေ။

အကြောင်းမှာ အချိန်ကလည်း ကြာခဲ့ပြီဖြစ်ပြီး ထိုကဲ့သို့ ဘေးအန္တရာယ်မျိုးသည်လည်း ထပ်ဖြစ်မလာတော့သည်မို့ ၊ ကောချင်အန်း အပါအဝင် လူများစွာက ထိုဖြစ်ရပ်ကြီး ထပ်ဖြစ်မလာနိုင်တော့ ဟု တွေးထားခဲ့ကြသည်။ သို့သော် အခြေအနေကို သူနားလည်လိုက်ချိန်မှာတော့ သူ့အတွေးများ ပြောင်းလဲကုန်ပြီ ဖြစ်သည်။

"ဝမ်ရယ်...အဲ့ဒီ ဘေးအန္တရာယ်တွေသာ တစ်ခါတည်း ဖြစ်ပေါ်လာရင်...ချန်းစီရင်စုက လူတွေ အများအပြား သေကုန်ကြလိမ့်မယ်"

ကောချင်အန်း က စိုးရိမ်ပူပန်စွာ ပြောလိုက်လေ၏။

ဖူဝူထျန်း ၏ မျက်နှာထက်တွင် မည်သည့်အမူအရာကိုမှ မတွေ့ရပါပေ။ သူ့ရဲ့ အတွေးများအား ခန့်မှန်းနိုင်ဖို့ရာမှာလည်း ဖြစ်နိုင်ချေ မရှိ။ သူက အန်းကျီယန် ဘက်သို့ လှည့်ကြည့်လို့လာသည်။

"ဝမ်ဖေးလေး... မင်း ချင်အန်း ကို ချန်းစီရင်စု ဆီ အပြေးအလွှား စုံစမ်းခိုင်းလိုက်တာက မင်းမှာ တုန့်ပြန်နိုင်မယ့် အဖြေရှိနေပြီးသားမိုလို့ မလား?"

သူ့ရဲ့ ဝမ်ဖေးလေး အပေါ် နားလည်ထားမှုအရ၊ အန်းကျီယန်သည်သာ ချမ်းသာကြွယ်ဝမှုတစ်ခုတည်းကို လိုချင်လျှင် အန်းယွမ်စီရင်စုရှိ လူအများအတွက် ကိစ္စအမြောက်အမြား လုပ်ကိုင်ပေးစရာ မလိုပေ။ သူက သူ့အဖေ အန်းချန်ဖူ လုပ်သကဲ့သို့ သူတို့အပေါ် ဖိနှိပ်လိုက်ရုံသာ ဖြစ်သည်။ ချန်းစီရင်စုကို စုံစမ်းစစ်ဆေးခိုင်းဖို့အသာထား...သူက သူ့ရဲ့ ကုန်လှောင်ရုံကို စားနပ်ရိက္ခာ အပြည့်ဖြည့်ကာ ကပ်ဘေးဒုက္ခ ကျရောက်လာချိန်ကို စောင့်ရန်သာ လိုပေသည်။

အန်းကျီယန် က ခေါင်းငြိမ့်ကာ ပြောလိုက်လေ၏။

"အင်း...ကျွန်တော့်မှာ နည်းလမ်းရှိတယ်"

"ဘယ်လို ဖြေရှင်းချက်မျိုးလဲ?"

ဖူဝူထျန်း မမေးရသေးမီမှာပင် ကောချင်အန်း က စိတ်မရှည်စွာ မေးလာလေတော့၏။ သူ ချန်းစီရင်စုသို့ ရောက်စဥ်က ရိုးတွင်းချဥ်ဆီထိအောင် တုန်လှုပ်သွားစေသည့် ဆိုးရွားလှသော မြင်ကွင်းများကို မြင်ခဲ့ရပေသည်။ သူက အလျင်စလို မေးလိုက်ပြီးမှ စည်းကျော်လိုက်မိကြောင်း နားလည်သွားလေ၏။ သူက သူ့မျက်နှာထက်တွင် စိမ့်ထွက်လာနေသော စိုးရိမ်ကြောင့်ကြမှုများအား အလျှင်အမြန်ပင် ပြန်လည် သိမ်းဆည်းလိုက်ရသည်။

"ကျွန်တော် စိုးရိမ်မိတာက...ဝမ်ရယ်က ဒီကိစ္စအတွက် ရှေ့ကို ခြေတစ်လှမ်းလှမ်းနိုင်မလား ဆိုတာကိုပဲ ကျွန်တော် မေးရလိမ့်မယ်"

အန်းကျီယန် က ဖူဝူထျန်း ကို ကြည့်လိုက်လေ၏။

.......

လူသုံးယောက်သားမှာ အန်းမိသားစု အိမ်တော်သို့ ပြန်သွားကြသည်။

ဖူဝူထျန်း က ဖူလောင်ဝမ်ရယ် ထံ စာတစ်စောင် ရေးပေးဖို့ရာအတွက် အန်းကျီယန်၏ စာကြည့်ခန်း ထဲသို့ သွားရန် ပြင်ဆင်နေသည်။ သူ့ရဲ့ ယုံကြည်ရသည့် ငယ်သားမှာ ချုန်းမင်ဧကရာဇ် ရှေ့တွင် မတ်တပ်ရပ်ဖို့ရန် အဆင့်အတန်း မပြည့်မီသည်မို့ ဤကိစ္စမှာ ဖူလောင်ဝမ်ရယ် ကိုယ်တိုင် တင်ပြမှသာ ဖြစ်ချေလိမ့်မည်။

သို့သော်လည်း သူတို့ ခန်းမရှေ့ရောက်ချိန်တွင် အတွင်းထဲဆီမှ ကျယ်လောင်စူးရှသည့်အသံများကို ကြားလိုက်ရချေ၏။ သူတို့ အထဲသို့ မဝင်မီမှာပင် အထဲမှ ဝတုတ်တုတ် လူတစ်ယောက် လဲကျလာလေသည်။ အနှီဖက်တီး၏ ခန္ဓာကိုယ် ချိန်ညှိနိုင်စွမ်းမှာ အလွန်ပင် မကောင်းလှပါချေ။ သူက သူ့ကိုယ်သူ တည်တည်ငြိမ်ငြိမ် မရပ်နိုင်သေးမီမှာပင် သူက လှေကားများထက်က လိမ့်ကျလို့လာပြီး အန်းကျီယန် ၏ ရှေ့မှောက်တွင်မှ ရပ်တန့်သွားလေတော့သည်။ ဖက်တီး၏ မချိမဆန့် အော်ဟစ်နေသံမှာ သေတော့မည့် ဝက်တစ်ကောင်နှယ် ဖြစ်လေ၏။ အစေခံကောင်လေးတစ်ယောက်က "သခင်လေး"ဟု အော်ခေါ်ကာ အလျင်စလို ရောက်လာလေပြီး ဖက်တီးကို လာကူညီတော့သည်။

အန်းခယ့်ရှင်း က လှေကားထိပ်ဖျားတွင် ပေါ်လာလေကာ ကြမ်းကြမ်းတမ်းတမ်း ပြောလာလေ၏။

"နင်...လင်းမျိုးရိုးနဲ့ကောင်...နင့်မျက်နှာကို ဘာလို့ မှန်ထဲမှာ ပြန်မကြည့်တာလဲ?ဝက်တစ်ကောင်လို မျက်နှာ နဲ့ နင်ကများ ငါ အန်းခယ့်ရှင်း ကို ဇနီးမယားအဖြစ် လက်ထပ်ချင်သတဲ့လား? အိမ်မက်မက်နေလိုက်! ငါ သေသွားရင်တောင် လက်ထပ်မှာမဟုတ်...အန်းကျီယန်?"

သူမက လှေကားထစ်အဆုံးရှိ အန်းကျီယန်ကို မြင်လိုက်ရချိန်၌ အလွန်တရာ အံ့အားသင့် သွားသည်မို့ "နင်လိုကောင်ကို " ဆိုသည့်စကား နေရာတွင် သူ့နာမည်ကို ထွက်မိသွားသည်။ သူမက သူ့ရဲ့ နာမည်အပြည့်အစုံကိုတောင်မှ ခေါ်လိုက်မိသေး၏။

ဆူညံသံတို့ကို ကြားလိုက်ရသည်မို့ ကျန်းပိသည်လည်း အပြင်သို့ ထွက်လာလေ၏။ အန်းကျီယန်၏ တိတ်ဆိတ်နေသော မျက်နှာကို မြင်လိုက်ရချိန်မှာတော့ သူမ၏ စိတ်နှလုံးထဲ၌ ခုန်လှုပ်သွားရပြီး အလျင်စလို ပြေးဆင်းလာလေသည်။ တောက်ပလှသော အပြုံးဖြင့် သူမက ပြောလိုက်၏။

"ဒီတော့ ကျီယန် ပြန်လာပြီပဲ။ ဒီနေ့ ဘာတွေ..."

"ဒါ ဘာဖြစ်တာလဲ?"

အန်းကျီယန်က မထူးခြားနားစွာပင် သူမ၏စကားများကို ဖြတ်ပြောလိုက်၏။ သူက အန်းခယ့်ရှင်း ကို စူးရှရှ ကြည့်လိုက်ပြီးနောက် ကျန်းပိ အပေါ်သို့ အကြည့်ရောက်သွားလေသည်။ သူတို့နှစ်ယောက်သားမှာ တုန်လှုပ်သွားကြ၏။

ကျန်းပိ၏မျက်နှာထက်တွင် တောင့်တင်းလှသည့်အပြုံးတစ်ခု ပေါ်ထွက်လာသည်။

"ကျီယန်...အထင်မလွဲလိုက်ပါနဲ့။ ဒီလူ...သူက ခယ့်ရှင်းကို ဘယ်လိုပဲဖြစ်ဖြစ် လက်ထပ်ချင်နေပေမယ့် ခယ့်ရှင်းက သူ့ကို မသင့်တော်ဘူး လို့ တွေးလိုက်တယ်လေ။ ဒါကို သူက အရှက်မရှိပဲနဲ့ ထွက်သွားဖို့ ငြင်းဆန်နေတယ်။ ခယ့်ရှင်းက ဒေါသထွက်သွားလို့ သူ့ကို မောင်းထုတ်လိုက်ရုံပါ"

အန်းကျီယန်က သူမကို ကြည့်နေကြောင်း အန်းခယ့်ရှင်း သတိထားမိသွားသည်မို့ ချက်ချင်းပင် သူမ၏ မေးကို ဝင့်ကြွားစွာ ပင့်မော့လိုက်ချေ၏။ သူမ၏ ရည်မှန်းချက် မှာ အင်အားကြီးသည့် အမတ်တစ်ဦးကို လက်ထပ်ပြီး အမတ်မင်းကတော် ဖြစ်လာဖို့ရန် ပါပင်။ ပြည်နယ်လေးတစ်ခုက ကုန်သည်ကများ သူမကို လက်ထပ်ချင်သည်တဲ့...သူက အိမ်မက်မက်နေခြင်းပင် မဟုတ်ပါလား?။ သူမ အမှားလုပ်မိသည်ဟု တစ်စက်ကလေးမှ မခံစားမိပါချေ။

အန်းကျီယန်က အေးစက်စက် ပြောလိုက်လေ၏။

"ဘာအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် မင်းက လူတွေကိုတော့ ကန်မထုတ်သင့်ဘူး။ မင်းကို ကြမ်းကြမ်းတမ်းတမ်း နေဖို့ ဆုံးမသွန်သင်ထားတာမျိုး မဟုတ်ဘူး။ အခုချက်ချင်း လင်းသခင်လေးကို တောင်းပန်လိုက်!"

အန်းခယ့်ရှင်း က သူမ၏သွားအစုံကို တင်းတင်းကြိတ်လိုက်မိချေသည်။

"ငါ ဘာအမှားမှ လုပ်မထားဘူး။ မတောင်းပန်နိုင်ဘူး"

ဖက်တီးမှာ သူ့အစေခံကောင်လေး၏ အကူအညီနှင့် မတ်တပ်ရပ်နိုင်သွားလေ၏။ သူ့နာမည်မှာ လင်းရှင်း ဖြစ်သည်။ သူက အန်းယွမ်စီရင်စု တစ်ဖက်ရှိ တုန့်ထိုင်းစီရင်စုမှ ချမ်းသာကြွယ်ဝသော စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်၏ သားဖြစ်ပြီး သူ့ရဲ့ ပုံပန်းသဏ္ဍာန်မှာ အလွန်ပင် ဝတုတ်နေ၏။ သူက အန်းခယ့်ရှင်း ကို မြင်မြင်ချင်း နှစ်သက်မိသွားသည်မို့ အန်းချန်ဖူဆီလာကာ လက်ထပ်ပွဲအတွက် စကားဆိုရန် လာလိုခြင်း ဖြစ်သည်။ သို့သော် သူ အန်းချန်ဖူနှင့် သူ့ဇနီး တို့ မတော်တဆဖြစ်ကာ သေဆုံးသွားကြောင်း တွေ့လိုက်ရပြီးနောက် ဒီကိစ္စမှာ နှောင့်နှေးသွားရ၏။ သို့သော် သူ့ရဲ့ လက်ထပ်ပွဲအပေါ် သဘောထားကိုမူ မေ့လျော့မသွားပါပေ။

လင်းရှင်းက အန်းကျီယန်ဘက် လှည့်ကာ ပြုံးပြလာသည်။

"ဒါက အန်းမိသားစုရဲ့ မြေရှင်ငယ်လေး ဖြစ်ရမယ်။ ကျုပ်ရဲ့နာမည်က လင်းရှင်း ပါ...ကျုပ်ရဲ့မိသားစုကတော့ တုန့်ထိုင်းစီရင်စုမှာ နေပါတယ်။ ကျုပ်အနေနဲ့ မြေရှင်ငယ်လေး အကြောင်း ကြားဖူးတာ အတော်ကြာခဲ့ပါပြီ။ ဒီနေ့ တွေ့လိုက်ရတော့ သခင်လေးရဲ့ ဂုဏ်သတင်း က တကယ့်ကို ထိုက်တန်တာပဲ"

အန်းကျီယန်က သူ့ကို ခြေဆုံးခေါင်းဆုံးကြည့်လိုက်၏။ သူသည်ကား တုန့်ထိုင်းစီရင်စုမှ လင်းမိသားစု၏ တစ်ဦးတည်းသော သား ဖြစ်သည်။ သူက ဝတုတ်နေသော်ငြား ယဥ်ကျေးသိမ်မွေ့လှသောသူ ဖြစ်ချေ၏။ သူရဲ့ ကြီးပြင်းလာပုံမှာ မဆိုးလှပေ။

"လင်းသခင်လေး...ခင်ဗျားက ကျွန်တော့်ကို မြှောက်နေတာပဲ"

လင်းရှင်းက အပြုံးနှင့် ပြောလာလေသည်။

"မြေရှင်ငယ်လေး...ကျုပ်က သခင်လေးရဲ့ ညီမကို တကယ့်ကို နှစ်သက်မြတ်နိုးတာပါ။ ကျုပ် သူ့(မ)ကို လင်းမိသားစုထဲ ဇနီးသည် အဖြစ် ခေါ်ဆောင်ခွင့်ရဖို့ မျှော်လင့်မိပါတယ်။ ကျုပ် သူ့(မ)ကို လုံးဝ ဆိုးဆိုးဝါးဝါး မဆက်ဆံပါဘူးဗျာ။ သခင်လေးအနေနဲ့ ကျုပ်ရဲ့ ဆန္ဒတွေကို ဖြည့်ပေးဖို့ တောင်းဆိုချင်ပါတယ်"

"အိမ်မက်မက်နေလိုက်!"

သူ့စကား ဆုံးသည်နှင့် အန်းခယ့်ရှင်း က ဖြတ်ပြောလိုက်လေ၏။ သူမ၏ အော်ဟစ်သံမှာ တကယ့်ကို ကျယ်လောင်လှသည်။

လင်းရှင်း၏ မျက်နှာမှာ ပြောင်းလဲမသွားပေ။ သူ့၏ အပြုံးမှာ အလွန်တရာ ရိုးသားမှုကို ပြသနေချေ၏။

အန်းကျီယန်က သူတို့နှစ်ယောက်ကြားရှိ အကွာအဝေးကို ကြည့်လိုက်ပြီးနောက် ဒေါသထွက်ကာ စိတ်မပါသည့်ဟန်ရှိနေသည့် အန်းခယ့်ရှင်း၏ မျက်နှာကို စိုက်ကြည့်လိုက်လေသည်။ သူက ရုတ်ချည်းဆိုသလို ပြောလိုက်လေ၏။

"လက်ထပ်ရမယ့် အသက်အရွယ်ရောက်နေတာကတော့ အမှန်ပါပဲ။ "

စကားတစ်ခွန်းတည်းက အမေနဲ့သမီး နှစ်ယောက်သား၏ မျက်နှာကို ချက်ချင်း ပြောင်းလဲသွားစေခဲ့သည်။

"အား အား အား!!! ငါ လက်မထပ်နိုင်ဘူး။ ငါ သေရမယ်ဆိုရင်တောင် လင်းရှင်းလို ရွံစရာလူကို လက်မထပ်နိုင်ဘူး။"

အန်းခယ့်ရှင်း က အရူးမတစ်ယောက်နှယ် အော်ဟစ်လိုက်လေကာ နောက်သို့ လှည့်၍ ထွက်ပြေးသွားလေတော့သည်။

ကျန်းပိ၏ မျက်နှာပေါ်ရှိ အမူအရာမှာလည်း တကယ့်ကို ဆိုးရွားနေပေသည်။

"ကျီယန်...ခယ့်ရှင်းက ငယ်ပါသေးတယ် ။ သူ့ကို အတင်း လက်ထပ်ခိုင်းဖို့ မလောပါနဲ့ဦး။ ပြီးတော့ မင်းလည်း မြင်တဲ့အတိုင်း သူက ဆန္ဒရှိမနေဘူးလေ"

အန်းကျီယန်က တည်ငြိမ်စွာ ပြောလိုက်လေတော့သည်။

"အစ်ကိုအကြီးဆုံးဆိုတာ ဖခင်နဲ့ အတူတူပဲ! "

ကျန်းပိက သူ့စကားများကို ကြားလိုက်ရချိန်၌ သူသည် ဆုံးဖြတ်ပြီးသွားပြီ ဖြစ်ကြောင်း သိလိုက်ရလေ၏။ သူမ အနေဖြင့် မျက်နှာပေါ်ရှိ အမူအရာတို့ကို ချုပ်ထိန်းထားနိုင်စွမ်း မရှိတော့ပါချေ။ သူမ၏ အသံက ကျယ်လောင်လှသည်။

"အန်းကျီယန်...နင်က တစ်ခြားတစ်ယောက် နဲ့ လက်ထပ်ပြီးသားလူဆိုတာကို မေ့မနေနဲ့။ နင်က အန်းမိသားစုဝင်လည်း မဟုတ်တော့ဘူး။ ငါ့သမီးက လက်မထပ်ချင်ဘူးဆိုရင် ဘယ်သူကမှ တွန်းအားပေးလို့မရဘူး"

စိန်ခေါ်လိုက်သည့်အလား စကားများကို ပြောပြီးသည့်နောက် သူမသည်လည်း ထွက်သွားလေတော့သည်။

လင်းရှင်းမှာ အခြေအနေမလှကြောင်း သိလိုက်ရသည်မို့ သူက ဆင်ခြေတစ်ခု အလျှင်အမြန် ပေးကာ ထိုအဖြစ်အပျက်မှ လွတ်​မြောက်သွားပေသည်။

Zawgyi

အပိုင္း (၅၉) - ပိုးပန္းသူ

ေကာခ်င္အန္း ေရာက္လာသည့္အခ်ိန္၌ ဆန္ဆိုင္၏ ေရွ႕တြင္ လူရွင္းသြားၿပီ ျဖစ္သည္။

အန္းက်ီယန္က အဝင္ဝေရွ႕တြင္ ရပ္ကာ တာဝန္ခံဖုန့္ ႏွင့္ စကားေျပာေနေလ၏။ ဒီအခ်ိန္တြင္ လူအမ်ားႀကီး မငွားထားေသာ္ျငား အျခားသူမ်ားအတြက္ အခြင့္အေရး မရွိေတာ့ဟု မဆိုလိုပါေခ်။ အနာဂတ္တြင္ သူက ပိုမ်ားသည့္ အလုပ္သမားအသစ္မ်ား စုေဆာင္းရန္ ရည္႐ြယ္ထားေပ၏။ ဟုန္စီရင္စုကို ဆန္စပါးထြက္ရွိရာအရပ္အျဖစ္ သိထားၾကသည္။ ထို႔ေၾကာင့္ သူက ယင္းအခ်က္ကို ေကာင္းေကာင္း အသုံးခ်ကာ ဆန္စပါးအထြက္ႏႈန္းကို တိုးေစၿပီး တစ္ခ်ိန္တည္းမွာပင္ စီရင္စု၏ ဖြံ႕ၿဖိဳးတိုးတက္မႈအတြက္ အေထာက္အပံ့ျပဳ သြားမည္ ျဖစ္၏။

ေကာခ်င္အန္း က သူတို႔ကို တစ္ခ်က္ၾကည့္လိုက္ေသာ္ျငား အန္းက်ီယန္ကို သြားေရာက္ မႏွောင့္ယွက္ပါေပ။ သူက ဆန္ဆိုင္ထဲတြင္ အားအားယားယား လက္ဖက္ရည္ ေသာက္ေနသည့္ တစ္ဦးတည္းေသာသူ ဖူဝူထ်န္းဆီ သြားလိုက္ေလ၏။

"သခင္...ဒီငယ္သား ျပန္ေရာက္လာပါၿပီ"

ဖူဝူထ်န္း က သူ႕ကို ေခါင္းၿငိမ့္ျပလိုက္ေခ်၏။

"တိတ္ဆိတ္တဲ့ေနရာ ေရာက္တဲ့ထိေစာင့္ဦး...ၿပီးမွေျပာ"

ေကာခ်င္အန္း က စကားမေျပာေတာ့ေလဘဲ သူ႕နံေဘးတြင္သာ ရပ္ေနလိုက္သည္။

အန္းက်ီယန္ႏွင့္ တာဝန္ခံဖုန့္ တို႔ စကားေျပာၿပီးၾကခ်ိန္တြင္ အလုပ္သမားမ်ားသည္လည္း ဆန္အိတ္မ်ား သယ္၍ ၿပီးစီးလုနီးေနၿပီ ျဖစ္သည္။ ေစ်းဆိုင္၏ ကုန္ေလွာင္႐ုံမွာ ဆန္အိတ္မ်ားျဖင့္ ျပည့္လုခမန္း ျဖစ္ေနေလ၏။ တာဝန္ခံဖုန့္ က အလုပ္သမားတစ္ေယာက္ခ်င္းစီတိုင္းကို အလုပ္လုပ္သည့္ ပမာဏအေပၚ မူတည္၍ လုပ္အားခမ်ား ရွင္းေပးလိုက္သည္။ ႂကြက္သားမ်ားမ်ားႏွင့္ ခြန္အားသန္ၿပီး အိတ္ႏွစ္ဆယ္ သုံးဆယ္ထိ မနိုင္ေသာ သူမ်ားရွိသလို ဆယ္အိတ္မွ်သာ သယ္နိုင္သည့္ အားနည္းသူမ်ားလည္း ရွိေပသည္။ လူအမ်ားမွာ သူတို႔၏ လုပ္အားခမ်ား ရသည္ႏွင့္ အလြန္ပင္ စိတ္လႈပ္ရွားသြားၾက၏။

အန္းက်ီယန္က လူအုပ္ႀကီးေရွ႕သို႔ ေရာက္လာေလ၏။

လူအမ်ားက စကားေျပာေနျခင္းကို ခ်က္ခ်င္း ရပ္တန့္လိုက္ၾကကာ သူ႕ကို ေတာက္ပသည့္ မ်က္လုံးမ်ားျဖင့္ ၾကည့္လာၾကသည္။

ဒီေျမရွင္ငယ္ေလးကိုမူ လူအမ်ားအေနျဖင့္ ေလးစားမႈ သာ ရွိေနေပသည္။ သူတို႔၏ မ်က္လုံးထဲ၌ ဤေျမရွင္ငယ္ေလးသည္ အခ်ိန္တိုင္းလိုလို အရႈပ္အေထြးထဲမွ သူ႕အတြက္ အက်ိဳးအျမတ္ ရနိုင္မည့္ ဆုံးျဖတ္ခ်က္ကို ခ်မွတ္နိုင္၏။ ထိုသို႔ေသာ စိတ္ထားအေပၚ မူတည္လိုက္လွ်င္ သူ႕အေဖ အန္းခ်န္ဖူ သည္ပင္ သူ႕အား လိုက္မမီနိုင္ပါေခ်။

ဟုတ္ေပသည္။ သူတို႔မွာ အမွန္တကယ္ေတာ့ မသိရွိၾကပါေပ။

အန္းက်ီယန္၏ အျပဳအမူမ်ား အားလုံးမွာ သူ႕ရဲ႕ အစီအစဥ္မ်ား၏ လမ္းေၾကာင္းအတိုင္း သြားေနျခင္း ျဖစ္သည္။

"အန္းမိသားစုက အလုပ္သမားအဖြဲ႕တစ္ဖြဲ႕ စုေဆာင္းဖို႔ ျပင္ဆင္ထားတယ္။ ခင္ဗ်ားတို႔ စိတ္ဝင္စားမယ္ဆိုရင္ တာဝန္ခံဖုန့္ ကိုရွာၿပီး လက္မွတ္ထိုးထားလို႔ရတယ္။ လစဥ္တိုင္း လုပ္အားခကို ရွင္းေပးမွာပါ...အန္းမိသားစုက ခင္ဗ်ားတို႔ကို မမွ်မတ မဆက္ဆံပါဘူး"

အန္းက်ီယန္ စကားေျပာအၿပီးတြင္ အားလုံးမွာ ဝမ္းသာအားရျဖင့္ တာဝန္ခံဖုန့္ ဆီ အေျပးသြားကာ လက္မွတ္ထိုးၾကေလ၏။

သူတို႔က ဆန္အိတ္သယ္သည့္အလုပ္ကို ဆုပ္ကိုင္ဖို႔ရာ ႀကိဳးပမ္းခဲ့ၾကေသာ္လည္း ယင္းမွာ ေရရွည္အလုပ္ မဟုတ္ေပ။ ထို႔ေၾကာင့္ အန္းမိသားစုမွာ လူအခ်ိဳ႕ စုေဆာင္းေနေၾကာင္း သတင္း ပ်ံ့ႏွံ႕သြားခ်ိန္၌ ၾကားလိုက္ရသူမ်ားမွာ မနာလို ျဖစ္ကုန္ၾကသည္။ ၾကားလိုက္ရသူမ်ား မနာလို ျဖစ္ကုန္ရျခင္းမွာ ယင္းအလုပ္သည္ ေရရွည္အလုပ္အကိုင္ ျဖစ္ေနေသာေၾကာင့္ ျဖစ္သည္။ လစဥ္ လုပ္အားခအတြက္ကိုမူ လူမ်ားက ငွားရမ္းခံလိုက္ရသူမ်ားထံမွ စုံစမ္းၿပီး ျဖစ္သည္။

တာ့ယာရွိ ျပည္သူမ်ား၏ ပုံမွန္ တစ္လစာ ဝင္ေငြမွာ ေၾကးျပားေလးရာပါသည့္ ေငြႀကိဳးႏွစ္တြဲ ျဖစ္သည္။ အန္းမိသားစုက ေပးသည့္ ေငြမွာမူ ေငြႀကိဳးသုံးတြဲ ျဖစ္၏။ တိုင္းျပည္၏ ပ်မ္းမွ်ႏွင့္ ႏွိုင္းယွဥ္ပါလွ်င္ သူတို႔မွာ တစ္ရက္ကို ေၾကးျပားႏွစ္ဆယ္ထိ ရမည္ဟု ဆိုလိုေနျခင္းပင္။ သူတို႔သာ ဒီေနရာမွ အနည္းငယ္ စုမိေဆာင္းမိသြားလွ်င္ မိသားစု တစ္စုခ်င္းဆီတိုင္း ေၾကးျပားႏွစ္ဆယ္ကေန သုံးဆယ္အထိ စုေဆာင္းနိုင္သြားေပမည္။ ဤကဲ့သို႔ေသာ ေကာင္းမြန္သည့္ ဆက္ဆံမႈမ်ိဳးႏွင့္ဆိုလွ်င္...တျခားသူမ်ား မနာလိုဘဲ ဘယ္လိုလုပ္ရွိနိုင္ပါမည္နည္း?။

အက်ိဳးဆက္အေနျဖင့္ အႏွီသတင္းမွာ အန္းယြမ္စီရင္စုတစ္ခုလုံးသို႔ အလင္းအလ်င္ႏွင့္ ပ်ံ့ႏွံ႕သြားေလသည္။

ေကာလာဟလ တစ္ခုမွာ တာဝန္ခံဖုန့္ ၏ လက္မွတ္ထိုးသည့္ စာရင္းစာအုပ္မွာ ျပည့္လုနီးပါး ျဖစ္ေနၿပီ ဟူ၍။

သို႔ေသာ္ အားလုံးမွာ စကားမွ်သာျဖစ္သည္။

အန္းက်ီယန္ က အေနာက္ဘက္ ၿခံဝန္းအနီးသို႔ မည္သူ႕ကိုမွ အနားကပ္ခြင့္မျပဳရန္ တာဝန္ခံဖုန့္ အား ေျပာထားလိုက္ေလ၏။

လူသုံးေယာက္မွာ အေနာက္ဘက္ ၿခံဝန္းရွိ အခန္းတစ္ခုထဲဆီ ဝင္သြားၾကသည္။ ေနာက္ဆုံးမွ ေကာခ်င္အန္း က သူ ဝင္လာၿပီးသည္ႏွင့္ တံခါးကို ပိတ္လိုက္ေလ၏။ သူ တစ္ဖက္သို႔ လွည့္လိုက္ခ်ိန္တြင္ေတာ့ သူရဲ႕ သခင္က ဝမ္ေဖးကို ကိုယ္တိုင္ကိုယ္က် ထိုင္ခုံ ဆြဲထုတ္ေပးေနသည္ကို ျမင္လိုက္ရေခ်၏။ သူ႕ရဲ႕ မ်က္လုံးမ်ားမွာ ကူကယ္ရာမဲ့စြာ ဝင္းလက္သြားရေလသည္။

ဝမ္ရယ္က အမွန္တကယ္တမ္းတြင္ ဇနီးတစ္ေယာက္ လက္ထပ္လိုက္ျခင္းအေပၚ အမႈမထားေၾကာင္း သူသိထားေပ၏။ လက္ထပ္ရမည့္သူမွာ ခ်မ္းသာသည္ျဖစ္ေစ ဆင္းရဲသည္ျဖစ္ေစ၊ ေယာက်ာ္း ျဖစ္ေစ မိန္းမျဖစ္ေစ ဘာမွ မထူးျခားပါေပ...အေၾကာင္းမွာကား ဝမ္ရယ္ ဂ႐ုစိုက္သည့္အရာမ်ားမွာ အလြန္တရာ နည္းပါးလွသည့္မို႔ ျဖစ္သည္။ ထို႔ေၾကာင့္လည္း ဝမ္ရယ္က အန္းက်ီယန္ ကို ခဏတျဖဳတ္ သေဘာက်စိတ္ဝင္စားၿပီး ဇနီးအျဖစ္ လက္ထပ္ယူလိုက္သည္ဟုသာ သူအၿမဲတမ္းေတြးထားခဲ့မိ၏။ သို႔ေသာ္ ဝမ္ရယ္က အရႈံးေပးသြားၿပီး ခင္ပြန္းေကာင္းေလး ျဖစ္လာလိမ့္မည္ဟုေတာ့ သူ ဘယ္တုန္း ဘယ္ခါကမွ မခန့္မွန္းထားခဲ့မိပါေခ်။

ေကာခ်င္အန္း မွာ ရႈပ္ေထြးေပြလီလွသည့္အေတြးမ်ားကို ေမာင္းထုတ္လိုက္ေလကာ ေျပာလိုက္ေလ၏။

"ဒီငယ္သား က ဝမ္ေဖးရဲ႕စကားအတိုင္း စုံစမ္းစစ္ေဆးဖို႔ သြားခဲ့ပါတယ္။ ၿပီးေတာ့ တကယ့္ကို အေျခအေနတစ္ခ်ိဳ႕ သိခဲ့ရပါတယ္။ ခ်န္းစီရင္စုရဲ႕ ေနရာေတာ္ေတာ္မ်ားမ်ားမွာ မိုးမ႐ြာတာ သုံးလဆက္တိုက္ ရွိေနပါၿပီ။ ဒါ့အျပင္...ႏြေရာသီ မေရာက္ေသးပဲနဲ႕ ခ်န္းစီရင္စု ရဲ႕ အပူဒဏ္က ျမန္ျမန္ဆန္ဆန္ ျမင့္တက္ေနၿပီးေနေတာ့ ျမစ္ထဲက ေရခ်ိန္ကလည္း က်ဆင္းေနပါတယ္။ ၾကည့္ရတာ ေရအျမင့္ကလည္း က်ဆင္းေနတုန္းပါပဲ။ ျမစ္ေရက တစ္လကို တစ္ခ်ီႏႈန္းနဲ႕ က်ဆင္းေနၿပီးေတာ့ ဝမ္ေဖး ထင္ေၾကးေပးထားတဲ့အတိုင္း မိုးေခါင္ျခင္းကလည္း မၾကာခင္ ျဖစ္လာပါေတာ့မယ္"

အန္းက်ီယန္ တီးတိုးေရ႐ြတ္လိုက္မိ၏။

"ၿပီးေတာ့...ကြၽန္ေတာ္ မွတ္ခိုင္းလိုက္တဲ့ေနာက္တစ္ခုကေရာ...ခင္ဗ်ား ဘာေတြ႕ခဲ့လဲ?"

ေကာခ်င္အန္း က ရပ္တန့္သြားေလၿပီး...

"ဝမ္ေဖးရဲ႕ မွန္းဆခ်က္က...အမွန္ပါပဲ"

မေန႕က သူ စုံစမ္းရန္ သြားရခ်ိန္က ယင္းကိစၥကို မယုံၾကည္ခဲ့ပါေပ။ အေၾကာင္းမွာ ဤကဲ့သို႔ေသာ ကိစၥမ်ိဳးက တာ့ယာျပည္၏ သမိုင္းတြင္ပင္ တစ္ႀကိမ္သာ ျဖစ္ဖူးၿပီး ယင္းမွာလည္း လြန္ခဲ့သည့္ ႏွစ္ႏွစ္ဆယ္ က ျဖစ္သည္။ ထိုအခ်ိန္က အက်ိဳးဆက္မ်ားမွာ အလြန္တရာ ႀကီးမားလွသည္မို႔ အထက္ပိုင္းမွလူမ်ားမွာ ထိုအေၾကာင္းအား စဥ္းစားၾကည့္ဖို႔ရန္ပင္ ဆႏၵမရွိပါေခ်။

အေၾကာင္းမွာ အခ်ိန္ကလည္း ၾကာခဲ့ၿပီျဖစ္ၿပီး ထိုကဲ့သို႔ ေဘးအႏၱရာယ္မ်ိဳးသည္လည္း ထပ္ျဖစ္မလာေတာ့သည္မို႔ ၊ ေကာခ်င္အန္း အပါအဝင္ လူမ်ားစြာက ထိုျဖစ္ရပ္ႀကီး ထပ္ျဖစ္မလာနိုင္ေတာ့ ဟု ေတြးထားခဲ့ၾကသည္။ သို႔ေသာ္ အေျခအေနကို သူနားလည္လိုက္ခ်ိန္မွာေတာ့ သူ႕အေတြးမ်ား ေျပာင္းလဲကုန္ၿပီ ျဖစ္သည္။

"ဝမ္ရယ္...အဲ့ဒီ ေဘးအႏၱရာယ္ေတြသာ တစ္ခါတည္း ျဖစ္ေပၚလာရင္...ခ်န္းစီရင္စုက လူေတြ အမ်ားအျပား ေသကုန္ၾကလိမ့္မယ္"

ေကာခ်င္အန္း က စိုးရိမ္ပူပန္စြာ ေျပာလိုက္ေလ၏။

ဖူဝူထ်န္း ၏ မ်က္ႏွာထက္တြင္ မည္သည့္အမူအရာကိုမွ မေတြ႕ရပါေပ။ သူ႕ရဲ႕ အေတြးမ်ားအား ခန့္မွန္းနိုင္ဖို႔ရာမွာလည္း ျဖစ္နိုင္ေခ် မရွိ။ သူက အန္းက်ီယန္ ဘက္သို႔ လွည့္ၾကည့္လို႔လာသည္။

"ဝမ္ေဖးေလး... မင္း ခ်င္အန္း ကို ခ်န္းစီရင္စု ဆီ အေျပးအလႊား စုံစမ္းခိုင္းလိုက္တာက မင္းမွာ တုန့္ျပန္နိုင္မယ့္ အေျဖရွိေနၿပီးသားမိုလို႔ မလား?"

သူ႕ရဲ႕ ဝမ္ေဖးေလး အေပၚ နားလည္ထားမႈအရ၊ အန္းက်ီယန္သည္သာ ခ်မ္းသာႂကြယ္ဝမႈတစ္ခုတည္းကို လိုခ်င္လွ်င္ အန္းယြမ္စီရင္စုရွိ လူအမ်ားအတြက္ ကိစၥအေျမာက္အျမား လုပ္ကိုင္ေပးစရာ မလိုေပ။ သူက သူ႕အေဖ အန္းခ်န္ဖူ လုပ္သကဲ့သို႔ သူတို႔အေပၚ ဖိႏွိပ္လိုက္႐ုံသာ ျဖစ္သည္။ ခ်န္းစီရင္စုကို စုံစမ္းစစ္ေဆးခိုင္းဖို႔အသာထား...သူက သူ႕ရဲ႕ ကုန္ေလွာင္႐ုံကို စားနပ္ရိကၡာ အျပည့္ျဖည့္ကာ ကပ္ေဘးဒုကၡ က်ေရာက္လာခ်ိန္ကို ေစာင့္ရန္သာ လိုေပသည္။

အန္းက်ီယန္ က ေခါင္းၿငိမ့္ကာ ေျပာလိုက္ေလ၏။

"အင္း...ကြၽန္ေတာ့္မွာ နည္းလမ္းရွိတယ္"

"ဘယ္လို ေျဖရွင္းခ်က္မ်ိဳးလဲ?"

ဖူဝူထ်န္း မေမးရေသးမီမွာပင္ ေကာခ်င္အန္း က စိတ္မရွည္စြာ ေမးလာေလေတာ့၏။ သူ ခ်န္းစီရင္စုသို႔ ေရာက္စဥ္က ရိုးတြင္းခ်ဥ္ဆီထိေအာင္ တုန္လႈပ္သြားေစသည့္ ဆိုး႐ြားလွေသာ ျမင္ကြင္းမ်ားကို ျမင္ခဲ့ရေပသည္။ သူက အလ်င္စလို ေမးလိုက္ၿပီးမွ စည္းေက်ာ္လိုက္မိေၾကာင္း နားလည္သြားေလ၏။ သူက သူ႕မ်က္ႏွာထက္တြင္ စိမ့္ထြက္လာေနေသာ စိုးရိမ္ေၾကာင့္ၾကမႈမ်ားအား အလွ်င္အျမန္ပင္ ျပန္လည္ သိမ္းဆည္းလိုက္ရသည္။

"ကြၽန္ေတာ္ စိုးရိမ္မိတာက...ဝမ္ရယ္က ဒီကိစၥအတြက္ ေရွ႕ကို ေျခတစ္လွမ္းလွမ္းနိုင္မလား ဆိုတာကိုပဲ ကြၽန္ေတာ္ ေမးရလိမ့္မယ္"

အန္းက်ီယန္ က ဖူဝူထ်န္း ကို ၾကည့္လိုက္ေလ၏။

.......

လူသုံးေယာက္သားမွာ အန္းမိသားစု အိမ္ေတာ္သို႔ ျပန္သြားၾကသည္။

ဖူဝူထ်န္း က ဖူေလာင္ဝမ္ရယ္ ထံ စာတစ္ေစာင္ ေရးေပးဖို႔ရာအတြက္ အန္းက်ီယန္၏ စာၾကည့္ခန္း ထဲသို႔ သြားရန္ ျပင္ဆင္ေနသည္။ သူ႕ရဲ႕ ယုံၾကည္ရသည့္ ငယ္သားမွာ ခ်ဳန္းမင္ဧကရာဇ္ ေရွ႕တြင္ မတ္တပ္ရပ္ဖို႔ရန္ အဆင့္အတန္း မျပည့္မီသည္မို႔ ဤကိစၥမွာ ဖူေလာင္ဝမ္ရယ္ ကိုယ္တိုင္ တင္ျပမွသာ ျဖစ္ေခ်လိမ့္မည္။

သို႔ေသာ္လည္း သူတို႔ ခန္းမေရွ႕ေရာက္ခ်ိန္တြင္ အတြင္းထဲဆီမွ က်ယ္ေလာင္စူးရွသည့္အသံမ်ားကို ၾကားလိုက္ရေခ်၏။ သူတို႔ အထဲသို႔ မဝင္မီမွာပင္ အထဲမွ ဝတုတ္တုတ္ လူတစ္ေယာက္ လဲက်လာေလသည္။ အႏွီဖက္တီး၏ ခႏၶာကိုယ္ ခ်ိန္ညွိနိုင္စြမ္းမွာ အလြန္ပင္ မေကာင္းလွပါေခ်။ သူက သူ႕ကိုယ္သူ တည္တည္ၿငိမ္ၿငိမ္ မရပ္နိုင္ေသးမီမွာပင္ သူက ေလွကားမ်ားထက္က လိမ့္က်လိဳ႕လာၿပီး အန္းက်ီယန္ ၏ ေရွ႕ေမွာက္တြင္မွ ရပ္တန့္သြားေလေတာ့သည္။ ဖက္တီး၏ မခ်ိမဆန့္ ေအာ္ဟစ္ေနသံမွာ ေသေတာ့မည့္ ဝက္တစ္ေကာင္ႏွယ္ ျဖစ္ေလ၏။ အေစခံေကာင္ေလးတစ္ေယာက္က "သခင္ေလး"ဟု ေအာ္ေခၚကာ အလ်င္စလို ေရာက္လာေလၿပီး ဖက္တီးကို လာကူညီေတာ့သည္။

အန္းခယ့္ရွင္း က ေလွကားထိပ္ဖ်ားတြင္ ေပၚလာေလကာ ၾကမ္းၾကမ္းတမ္းတမ္း ေျပာလာေလ၏။

"နင္...လင္းမ်ိဳးရိုးနဲ႕ေကာင္...နင့္မ်က္ႏွာကို ဘာလို႔ မွန္ထဲမွာ ျပန္မၾကည့္တာလဲ?ဝက္တစ္ေကာင္လို မ်က္ႏွာ နဲ႕ နင္ကမ်ား ငါ အန္းခယ့္ရွင္း ကို ဇနီးမယားအျဖစ္ လက္ထပ္ခ်င္သတဲ့လား? အိမ္မက္မက္ေနလိုက္! ငါ ေသသြားရင္ေတာင္ လက္ထပ္မွာမဟုတ္...အန္းက်ီယန္?"

သူမက ေလွကားထစ္အဆုံးရွိ အန္းက်ီယန္ကို ျမင္လိုက္ရခ်ိန္၌ အလြန္တရာ အံ့အားသင့္ သြားသည္မို႔ "နင္လိုေကာင္ကို " ဆိုသည့္စကား ေနရာတြင္ သူ႕နာမည္ကို ထြက္မိသြားသည္။ သူမက သူ႕ရဲ႕ နာမည္အျပည့္အစုံကိုေတာင္မွ ေခၚလိုက္မိေသး၏။

ဆူညံသံတို႔ကို ၾကားလိုက္ရသည္မို႔ က်န္းပိသည္လည္း အျပင္သို႔ ထြက္လာေလ၏။ အန္းက်ီယန္၏ တိတ္ဆိတ္ေနေသာ မ်က္ႏွာကို ျမင္လိုက္ရခ်ိန္မွာေတာ့ သူမ၏ စိတ္ႏွလုံးထဲ၌ ခုန္လႈပ္သြားရၿပီး အလ်င္စလို ေျပးဆင္းလာေလသည္။ ေတာက္ပလွေသာ အၿပဳံးျဖင့္ သူမက ေျပာလိုက္၏။

"ဒီေတာ့ က်ီယန္ ျပန္လာၿပီပဲ။ ဒီေန႕ ဘာေတြ..."

"ဒါ ဘာျဖစ္တာလဲ?"

အန္းက်ီယန္က မထူးျခားနားစြာပင္ သူမ၏စကားမ်ားကို ျဖတ္ေျပာလိုက္၏။ သူက အန္းခယ့္ရွင္း ကို စူးရွရွ ၾကည့္လိုက္ၿပီးေနာက္ က်န္းပိ အေပၚသို႔ အၾကည့္ေရာက္သြားေလသည္။ သူတို႔ႏွစ္ေယာက္သားမွာ တုန္လႈပ္သြားၾက၏။

က်န္းပိ၏မ်က္ႏွာထက္တြင္ ေတာင့္တင္းလွသည့္အၿပဳံးတစ္ခု ေပၚထြက္လာသည္။

"က်ီယန္...အထင္မလြဲလိုက္ပါနဲ႕။ ဒီလူ...သူက ခယ့္ရွင္းကို ဘယ္လိုပဲျဖစ္ျဖစ္ လက္ထပ္ခ်င္ေနေပမယ့္ ခယ့္ရွင္းက သူ႕ကို မသင့္ေတာ္ဘူး လို႔ ေတြးလိုက္တယ္ေလ။ ဒါကို သူက အရွက္မရွိပဲနဲ႕ ထြက္သြားဖို႔ ျငင္းဆန္ေနတယ္။ ခယ့္ရွင္းက ေဒါသထြက္သြားလို႔ သူ႕ကို ေမာင္းထုတ္လိုက္႐ုံပါ"

အန္းက်ီယန္က သူမကို ၾကည့္ေနေၾကာင္း အန္းခယ့္ရွင္း သတိထားမိသြားသည္မို႔ ခ်က္ခ်င္းပင္ သူမ၏ ေမးကို ဝင့္ႂကြားစြာ ပင့္ေမာ့လိုက္ေခ်၏။ သူမ၏ ရည္မွန္းခ်က္ မွာ အင္အားႀကီးသည့္ အမတ္တစ္ဦးကို လက္ထပ္ၿပီး အမတ္မင္းကေတာ္ ျဖစ္လာဖို႔ရန္ ပါပင္။ ျပည္နယ္ေလးတစ္ခုက ကုန္သည္ကမ်ား သူမကို လက္ထပ္ခ်င္သည္တဲ့...သူက အိမ္မက္မက္ေနျခင္းပင္ မဟုတ္ပါလား?။ သူမ အမွားလုပ္မိသည္ဟု တစ္စက္ကေလးမွ မခံစားမိပါေခ်။

အန္းက်ီယန္က ေအးစက္စက္ ေျပာလိုက္ေလ၏။

"ဘာအေၾကာင္းေၾကာင့္ပဲ ျဖစ္ျဖစ္ မင္းက လူေတြကိုေတာ့ ကန္မထုတ္သင့္ဘူး။ မင္းကို ၾကမ္းၾကမ္းတမ္းတမ္း ေနဖို႔ ဆုံးမသြန္သင္ထားတာမ်ိဳး မဟုတ္ဘူး။ အခုခ်က္ခ်င္း လင္းသခင္ေလးကို ေတာင္းပန္လိုက္!"

အန္းခယ့္ရွင္း က သူမ၏သြားအစုံကို တင္းတင္းႀကိတ္လိုက္မိေခ်သည္။

"ငါ ဘာအမွားမွ လုပ္မထားဘူး။ မေတာင္းပန္နိုင္ဘူး"

ဖက္တီးမွာ သူ႕အေစခံေကာင္ေလး၏ အကူအညီႏွင့္ မတ္တပ္ရပ္နိုင္သြားေလ၏။ သူ႕နာမည္မွာ လင္းရွင္း ျဖစ္သည္။ သူက အန္းယြမ္စီရင္စု တစ္ဖက္ရွိ တုန့္ထိုင္းစီရင္စုမွ ခ်မ္းသာႂကြယ္ဝေသာ စီးပြားေရးလုပ္ငန္းရွင္ တစ္ေယာက္၏ သားျဖစ္ၿပီး သူ႕ရဲ႕ ပုံပန္းသ႑ာန္မွာ အလြန္ပင္ ဝတုတ္ေန၏။ သူက အန္းခယ့္ရွင္း ကို ျမင္ျမင္ခ်င္း ႏွစ္သက္မိသြားသည္မို႔ အန္းခ်န္ဖူဆီလာကာ လက္ထပ္ပြဲအတြက္ စကားဆိုရန္ လာလိုျခင္း ျဖစ္သည္။ သို႔ေသာ္ သူ အန္းခ်န္ဖူႏွင့္ သူ႕ဇနီး တို႔ မေတာ္တဆျဖစ္ကာ ေသဆုံးသြားေၾကာင္း ေတြ႕လိုက္ရၿပီးေနာက္ ဒီကိစၥမွာ ႏွောင့္ႏွေးသြားရ၏။ သို႔ေသာ္ သူ႕ရဲ႕ လက္ထပ္ပြဲအေပၚ သေဘာထားကိုမူ ေမ့ေလ်ာ့မသြားပါေပ။

လင္းရွင္းက အန္းက်ီယန္ဘက္ လွည့္ကာ ၿပဳံးျပလာသည္။

"ဒါက အန္းမိသားစုရဲ႕ ေျမရွင္ငယ္ေလး ျဖစ္ရမယ္။ က်ဳပ္ရဲ႕နာမည္က လင္းရွင္း ပါ...က်ဳပ္ရဲ႕မိသားစုကေတာ့ တုန့္ထိုင္းစီရင္စုမွာ ေနပါတယ္။ က်ဳပ္အေနနဲ႕ ေျမရွင္ငယ္ေလး အေၾကာင္း ၾကားဖူးတာ အေတာ္ၾကာခဲ့ပါၿပီ။ ဒီေန႕ ေတြ႕လိုက္ရေတာ့ သခင္ေလးရဲ႕ ဂုဏ္သတင္း က တကယ့္ကို ထိုက္တန္တာပဲ"

အန္းက်ီယန္က သူ႕ကို ေျခဆုံးေခါင္းဆုံးၾကည့္လိုက္၏။ သူသည္ကား တုန့္ထိုင္းစီရင္စုမွ လင္းမိသားစု၏ တစ္ဦးတည္းေသာ သား ျဖစ္သည္။ သူက ဝတုတ္ေနေသာ္ျငား ယဥ္ေက်းသိမ္ေမြ႕လွေသာသူ ျဖစ္ေခ်၏။ သူရဲ႕ ႀကီးျပင္းလာပုံမွာ မဆိုးလွေပ။

"လင္းသခင္ေလး...ခင္ဗ်ားက ကြၽန္ေတာ့္ကို ျမႇောက္ေနတာပဲ"

လင္းရွင္းက အၿပဳံးႏွင့္ ေျပာလာေလသည္။

"ေျမရွင္ငယ္ေလး...က်ဳပ္က သခင္ေလးရဲ႕ ညီမကို တကယ့္ကို ႏွစ္သက္ျမတ္နိုးတာပါ။ က်ဳပ္ သူ႕(မ)ကို လင္းမိသားစုထဲ ဇနီးသည္ အျဖစ္ ေခၚေဆာင္ခြင့္ရဖို႔ ေမွ်ာ္လင့္မိပါတယ္။ က်ဳပ္ သူ႕(မ)ကို လုံးဝ ဆိုးဆိုးဝါးဝါး မဆက္ဆံပါဘူးဗ်ာ။ သခင္ေလးအေနနဲ႕ က်ဳပ္ရဲ႕ ဆႏၵေတြကို ျဖည့္ေပးဖို႔ ေတာင္းဆိုခ်င္ပါတယ္"

"အိမ္မက္မက္ေနလိုက္!"

သူ႕စကား ဆုံးသည္ႏွင့္ အန္းခယ့္ရွင္း က ျဖတ္ေျပာလိုက္ေလ၏။ သူမ၏ ေအာ္ဟစ္သံမွာ တကယ့္ကို က်ယ္ေလာင္လွသည္။

လင္းရွင္း၏ မ်က္ႏွာမွာ ေျပာင္းလဲမသြားေပ။ သူ႕၏ အၿပဳံးမွာ အလြန္တရာ ရိုးသားမႈကို ျပသေနေခ်၏။

အန္းက်ီယန္က သူတို႔ႏွစ္ေယာက္ၾကားရွိ အကြာအေဝးကို ၾကည့္လိုက္ၿပီးေနာက္ ေဒါသထြက္ကာ စိတ္မပါသည့္ဟန္ရွိေနသည့္ အန္းခယ့္ရွင္း၏ မ်က္ႏွာကို စိုက္ၾကည့္လိုက္ေလသည္။ သူက ႐ုတ္ခ်ည္းဆိုသလို ေျပာလိုက္ေလ၏။

"လက္ထပ္ရမယ့္ အသက္အ႐ြယ္ေရာက္ေနတာကေတာ့ အမွန္ပါပဲ။ "

စကားတစ္ခြန္းတည္းက အေမနဲ႕သမီး ႏွစ္ေယာက္သား၏ မ်က္ႏွာကို ခ်က္ခ်င္း ေျပာင္းလဲသြားေစခဲ့သည္။

"အား အား အား!!! ငါ လက္မထပ္နိုင္ဘူး။ ငါ ေသရမယ္ဆိုရင္ေတာင္ လင္းရွင္းလို ႐ြံစရာလူကို လက္မထပ္နိုင္ဘူး။"

အန္းခယ့္ရွင္း က အ႐ူးမတစ္ေယာက္ႏွယ္ ေအာ္ဟစ္လိုက္ေလကာ ေနာက္သို႔ လွည့္၍ ထြက္ေျပးသြားေလေတာ့သည္။

က်န္းပိ၏ မ်က္ႏွာေပၚရွိ အမူအရာမွာလည္း တကယ့္ကို ဆိုး႐ြားေနေပသည္။

"က်ီယန္...ခယ့္ရွင္းက ငယ္ပါေသးတယ္ ။ သူ႕ကို အတင္း လက္ထပ္ခိုင္းဖို႔ မေလာပါနဲ႕ဦး။ ၿပီးေတာ့ မင္းလည္း ျမင္တဲ့အတိုင္း သူက ဆႏၵရွိမေနဘူးေလ"

အန္းက်ီယန္က တည္ၿငိမ္စြာ ေျပာလိုက္ေလေတာ့သည္။

"အစ္ကိုအႀကီးဆုံးဆိုတာ ဖခင္နဲ႕ အတူတူပဲ! "

က်န္းပိက သူ႕စကားမ်ားကို ၾကားလိုက္ရခ်ိန္၌ သူသည္ ဆုံးျဖတ္ၿပီးသြားၿပီ ျဖစ္ေၾကာင္း သိလိုက္ရေလ၏။ သူမ အေနျဖင့္ မ်က္ႏွာေပၚရွိ အမူအရာတို႔ကို ခ်ဳပ္ထိန္းထားနိုင္စြမ္း မရွိေတာ့ပါေခ်။ သူမ၏ အသံက က်ယ္ေလာင္လွသည္။

"အန္းက်ီယန္...နင္က တစ္ျခားတစ္ေယာက္ နဲ႕ လက္ထပ္ၿပီးသားလူဆိုတာကို ေမ့မေနနဲ႕။ နင္က အန္းမိသားစုဝင္လည္း မဟုတ္ေတာ့ဘူး။ ငါ့သမီးက လက္မထပ္ခ်င္ဘူးဆိုရင္ ဘယ္သူကမွ တြန္းအားေပးလို႔မရဘူး"

စိန္ေခၚလိုက္သည့္အလား စကားမ်ားကို ေျပာၿပီးသည့္ေနာက္ သူမသည္လည္း ထြက္သြားေလေတာ့သည္။

လင္းရွင္းမွာ အေျခအေနမလွေၾကာင္း သိလိုက္ရသည္မို႔ သူက ဆင္ေျခတစ္ခု အလွ်င္အျမန္ ေပးကာ ထိုအျဖစ္အပ်က္မွ လြတ္ေျမာက္သြားေပသည္။




Continue Reading

You'll Also Like

69.6K 6.7K 60
" The darkness closed in around him, like a shroud of silence. Veeranshu's eyes fluttered open, and he was met with an unfamiliar ceiling. Groggily...
26.2K 289 200
After waking up from a dream, Song Yue's soul traveled directly to a fictional dynasty. Not only did she become a little farm girl, but her family wa...
13.1K 929 61
Just like how two shores of sea can never meet, they can never meet too, might be physically but never mentally. The other shore is too far to even t...
10.3M 771K 88
Marriage had always been my dream but not to a man about whom I know nothing. The moment my father fixed an alliance of me to a Prince without even t...