ကုန်းမြေကြီး၏ အရှင်သခင်ဝမ်ဖေး...

By Hululu61

348K 58K 2.4K

အရင် accထဲဝင်မရတော့လို့ Book ခွဲလိုက်ပါပြီ 🙆 ဒါက အပိုင်း ၁ ကနေ ဖတ်လို့ရတဲ့ Linkပါ🖤 https://my.w.tt/7FVYRdnw... More

အပိုင်း (၄၁) - အတူတူအိပ်ခြင်း
အပိုင်း (၄၁) - အိပ်ရာမျှဝေခြင်း (CENSOR)
အပိုင်း (၄၂.၁) - ကူဖော်လောင်ဖက်
အပိုင်း (၄၂.၂) - ကူဖော်လောင်ဖက်(WARNING)
အပိုင်း (၄၃) - ကိုယ် မြင်လိုက်တယ်
အပိုင်း (၄၄) - မနက်စာ
အပိုင်း (၄၅) - တော်ဝင်မိသားစု သဘောထား
အပိုင်း (၄၆) - ဇနီးလေးရဲ့ ညီငယ်သေးသေးလေး
အပိုင်း (၄၇) - လယ်သမားများ
အပိုင်း (၄၈) - အန်းမိသားစုသို့ အပြန်
အပိုင်း (၄၉.၁) - သတို့သမီး မိဘအိမ် ပထမဆုံးပြန်ချိန် အကျပ်အတည်း
အပိုင်း (၄၉.၂) - သတို့သမီး မိဘအိမ် ပထမဆုံးပြန်ချိန် အကျပ်အတည်း
အပိုင်း (၅၀) - ခြိမ်းခြောက်ဖို့ရန်
အပိုင်း (၅၁) - တန်ပြန်အစီအစဥ်
အပိုင်း (၅၂) - အလုံးစုံ ထိန်းချုပ်ခြင်း
အပိုင်း (၅၃) - စားနပ်ရိက္ခာ သိုလှောင်ခြင်း
အပိုင်း (၅၄) - အစားအစာ ရရှိဖို့ရန်
အပိုင်း (၅၅) - မွှေးပျံ့ကော့လန်သည့် ဆန်(ပေါ်ဆန်းမွှေး)
အပိုင်း (၅၆) - သက်သေခံ အထောက်အထား
အပိုင်း (၅၇) - ပုန်းကွယ်နေသည့် လုပ်ကြံသတ်ဖြတ်သူ
အပိုင်း (၅၉) - ပိုးပန်းသူ
အပိုင်း (၆၀) - အန်းချောင်၏ စိတ်ဓာတ်ကြံ့ခိုင်မှု
အပိုင်း (၆၁.၁) - မမြင်ရသော လွှမ်းမိုးနိုင်စွမ်း
အပိုင်း (၆၁.၂) - မမြင်ရသော လွှမ်းမိုးနိုင်စွမ်း
အပိုင်း (၆၂.၁) - တိုးတက်မှု
အပိုင်း (၆၂.၂) - တိုးတက်မှု
အပိုင်း (၆၃.၁) - စာရင်းစာအုပ်
အပိုင်း (၆၃.၂) - စာရင်းစာအုပ်
အပိုင်း (၆၄.၁) - ဖူဝူထျန်း ၏ စွမ်းအား
အပိုင်း (၆၄.၂) - ဖူဝူထျန်း၏ စွမ်းအား
အပိုင်း (၆၅.၁) - ညဘက် ဝန်းရံတိုက်ခိုက်မှု
အပိုင်း (၆၅.၂) - ညဘက်ဝန်းရံတိုက်ခိုက်မှု
အပိုင်း (၆၆.၁) - ခေါင်းဖြတ်ကွပ်မျက်ခြင်း
အပိုင်း (၆၆.၂) - ခေါင်းဖြတ်ကွပ်မျက်ခြင်း
အပိုင်း (၆၇.၁) - အငြင်းပွားမှုအား စာရင်းရှင်းခြင်း
အပိုင်း (၆၇.၂) - အငြင်းပွားမှုအား စာရင်းရှင်းခြင်း
အပိုင်း (၆၈.၁) - တိုက်ဆိုင်မှု
အပိုင်း (၆၈.၂) - တိုက်ဆိုင်မှု
Attention Plz
အပိုင်း (၆၉.၁) - ရူးဟန်ဆောင်ခြင်း
အပိုင်း (၆၉.၂) - ရူးဟန်ဆောင်ခြင်း
အပိုင်း (၇၀.၁) - လက်ထပ်ပေးခြင်း
အပိုင်း (၇၀.၂) - လက်ထပ်ပေးခြင်း
အပိုင်း (၇၁) - ဉာဏ်ပူဇော်ခ
အပိုင်း (၇၂) - စစ်ကြောမေးမြန်းခြင်း
အပိုင်း (၇၃) - စစ်ကြောမေးမြန်းခြင်းနှင့် စိတ်အား ထက်သန်မှု
အပိုင်း (၇၄.၁) - သာမန်လူများနှင့် ခြားနားသော[Warning!🔞]
အပိုင်း (၇၄.၂) - သာမန်လူများနှင့် ခြားနားသော
အပိုင်း(၇၅.၁) - ကူညီရန်
အပိုင်း (၇၅.၂) - ကူညီရန်
အပိုင်း (၇၆.၁) - လင်မယားနှစ်ယောက်သား အလည်အပတ်ရောက်လာခြင်း
အပိုင်း (၇၆.၂) - လင်မယားနှစ်ယောက်သား အလည်အပတ်ရောက်လာခြင်း
အပိုင်း (၇၇) - စီရင်ချက်
အပိုင်း (၇၈) - အန်းနန်းဆောင်
အပိုင်း (၇၉.၁) - အပြစ်ပေးခြင်း
အပိုင်း (၇၉.၂) - အပြစ်ပေးခြင်း
အပိုင်း (၈၀.၁) - ကိုယ်လုပ်တော် ရွေးချယ်ပွဲနှင့် စာပို့ခို
အပိုင်း (၈၀.၂) - ကိုယ်လုပ်တော် ရွေးချယ်ပွဲနှင့် စာပို့ခို
အပိုင်း (၈၁.၁) - လောင်းကစားရုံ
အပိုင်း (၈၁.၂) - လောင်းကစားရုံ
အပိုင်း (၈၂.၁) - ရက်စက်သော ပြိုင်ပွဲ
အပိုင်း (၈၂.၂) - ရက်စက်သော ပြိုင်ပွဲ
!!!

အပိုင်း (၅၈) - လျှော်ပင်နှင့် ပင်လယ်တားမြစ်ချက်

5.7K 1.1K 59
By Hululu61

Unicode

လန်ရှန်းခြံဝန်း(သစ်ခွမွှေး ခြံဝန်း)

ဝမ်ချင်းလန် က သူမအခန်းထဲသို့ ခြေလှမ်းချလိုက်သည်နှင့် ထိုင်ခုံကို ကန်ချလိုက်လေသည်။

တံခါးရှေ့တွင် ရပ်နေသည့် အစေခံနှစ်ယောက်မှာ ကြောက်ရွံ့မှုကြောင့် အသံပင် မထွက်နိုင်ကြပေ။ တံခါးက ပိတ်ဆို့ထားပြီး သူတို့မှာ အခန်းထဲသို့ မမြင်နိုင်သော်ငြား စားပွဲနှင့် ထိုင်ခုံများ လဲကျနေသံကိုတော့ တစ်ခုပြီးတစ်ခု ကြားနေရချေ၏။ ကိုယ်လုပ်တော်ဝမ် ဒေါသအကြီးအကျယ်ထွက်ပြီး ပစ္စည်းများ တွန်းလှဲပစ်သည်မျိုးကို သူတို့ ကြုံရသည်မှာ ပထမဆုံးအကြိမ်တော့ မဟုတ်ပေ။ အရင်က သူမ အဓိကဇနီးကို ရှုံးနိမ့်သလို ခံစားလာရတိုင်း ထိုသို့ လုပ်နေကြဖြစ်သည်။

သို့သော်လည်း ဝမ်ချင်းလန် က ဖန်ကျန်းပင် ထက် သိသိသာသာပင် ဉာဏ်ကောင်းလေ၏။

လက်ဖက်ရည်ထည့်သည့် ကြွေထည်ပစ္စည်း အစုံလိုက်သည်သာ ကွဲကြေသွားပါက အန်းကျီယန်နှင့် အိမ်တော်ထိန်းဆု မှာ ချက်ချင်းဆိုသလို ရှာတွေ့သွားပေလိမ့်မည်။ သို့သော် စားပွဲနှင့် ထိုင်ခုံတို့မှာမူ ခြားနားသည့် ကိစ္စတစ်ခု ဖြစ်သွားလေပြီ။ အန်းချန်ဖူ သူမကို အရေးပေးစဥ်အခါက သူသည် သူမ ခြံဝန်းဆီသို့ ပစ္စည်းကောင်း အမြောက်အမြား ပေးအပ်ခဲ့သည်။ စားပွဲနှင့် ထိုင်ခုံများမှာ အရည်အသွေးမြင့် သစ်သားဖြင့် ပြုလုပ်ထားပြီး အကြမ်းခံနိုင်စွမ်းလည်း အလွန်ကောင်း၏။ သူမ ဒေါသထွက်လာသည့်အချိန်တိုင်း စားပွဲနှင့် ထိုင်ခုံများ အပေါ် ဒေါသပုံချပစ်သော်လည်း ယင်းတို့မှာ မကျိုးမပဲ့ ရှိနေဆဲပင်။

ခဏမျှ ပေါက်ကွဲပစ်ပြီးနောက်တွင် ဝမ်ချင်းလန်က အစေခံများကို ခေါ်၍ အခန်းအား နေရာတကျ ပြန်ထားသိုစေလိုက်၏။

စားပွဲနှင့် ထိုင်ခုံများမှာ သူ့နေရာနှင့်သူ ပြန်ရောက်သွားကြ၏။ သူတို့တွင် ချိုင့်ရာများနှင့် ကုတ်ခြစ်ရာများ တိုးလာသော်လည်း ပရိဘောဂပစ္စည်းများအသွင်မှ ဖယ်ခွာမသွားပါပေ။

"မင်း...ချီချောင်းကို သွားခေါ်လာခဲ့"

ဝမ်ချင်းလန် က အစေခံများထဲမှ တစ်ယောက်ကို ခိုင်းစေလိုက်လေ၏။ ချီချောင်းမှာ သူမ ယုံကြည်ရသည့်သူ ဖြစ်သည်။ သူမက ဝမ်ချင်းလန် အန်းမိသားစုထဲ လက်ထပ်သွားစဥ်ကပင် လိုက်ပါလာခဲ့သူ ဖြစ်ပြီး၊ ဝမ်ချင်းလန် ယုံကြည်ရသည့် တစ်ဦးတည်းသောသူ ဖြစ်၏။

ချီချောင်းက ထမင်းစားခန်းမထဲရှိ အဖြစ်အပျက်ကို မသိရှိသေးပါပေ။ ဝမ်ချင်းလန် သူမကို ရှာနေကြောင်းကိုသာ သိပြီး အလျင်စလို ရောက်လာခြင်း ဖြစ်၏။ သူမ အခန်းထဲသို့ ရောက်သည်နှင့် အခြား အစေခံနှစ်ဦးကို အပြင်ဘက် ထွက်စေကာ တံခါးကို ဂရုတစိုက် ပိတ်ခိုင်းလိုက်လေသည်။ ထို့နောက်မှသာ သူမက ဝမ်ချင်းလန်၏ မျက်နှာကို လှည့်ကြည့်လာ၏။

"သခင်မ...ဘာဖြစ်လို့လဲ? "

သူမသည်သာ ဝမ်ချင်းလန်ကို ကိုယ်လုပ်တော်ဝမ် ဟု မခေါ်ဘဲ သခင်မဟု ခေါ်သည့် တစ်ဦးတည်းသော သူ ဖြစ်သည်။

ဝမ်ချင်းလန်က သူမအား ထမင်းစားခန်းမထဲတွင် ဖြစ်ပျက်သမျှအား အတိုချုပ် ရှင်းပြလိုက်လေ၏။

ချီချောင်းက ခဏမျှတွေးတောလိုက်လေပြီး ပြောသည်။

"သခင်မ...ဒုတိယသခင်လေး အကြောင်းကတော့...နောင်အနာဂတ်မှာ သူ့နဲ့ပတ်သတ်သမျှ ဘာကိစ္စမှ မပြောတာ ပိုကောင်းလိမ့်မယ်။ သခင်လေးက ပါးနပ်လွန်းတယ်။ သူက သခင်မဆီ ဒုတိယသခင်လေးကို စောင့်ရှောက်ဖို့ ပေးမှာ မဟုတ်ဘူး။ သခင်မသာ ဒါကို ဆက်ကြိုးစားနေဦးမယ် ဆိုရင် သူက သခင်မအပေါ် ပိုပြီး သတိထားလာတာပဲ အဖတ်တင်လိမ့်မယ်"

"သူက ငါ့ဘေးနားမှာ ဘယ်တုန်းကမှလည်း အစောင့်အကြပ် လျှော့မထားခဲ့ပါဘူး"

ဝမ်ချင်းလန်က နှာခေါင်းရှုံလိုက်လေ၏။ သူမက ရုပ်ချောပြီး အသုံးမကျသည့် မိန်းမမျိုး မဟုတ်ချေ။ သူမက အန်းကျီယန်၏ ပြောင်းလဲလာမှုကို မှတ်သားထားပြီး ဖြစ်သည်။ အရင်ကနှင့် နှိုင်းယှဥ်လျှင် သူက အဆတစ်ရာမကပင် လူရည်လည် ပါးနပ်လာပေ၏။ ထိိုသို့သောသူမျိုးကို လှည့်ဖြားဖို့ရာ အခက်ခဲဆုံး ဖြစ်သည်။

"ဒီနေ့...သူ ရုတ်တရက် ပြောလာတဲ့ အဲ့စကားတွေက...ငါတို့ သူ့ကို ထိခိုက်အောင် လုပ်ထားပါတယ်လို့ သူ သံသယ ဝင်နေတဲ့အကြောင်း ထင်ထင်ရှားရှား ပြောနေတာပဲ"

ချီချောင်းက ခေါင်းငြိမ့်လိုက်လေ၏။

"သခင်မပြောတာ အမှန်ပဲ"

ဆိုးညစ် ရက်စက်သည့် အလင်းတစ်ချက်က ဝမ်ချင်းလန်၏ မျက်လုံးထဲ၌ ဖြတ်ပြေးသွားသည်။

"ဒီလိုမျိုး ဖြစ်လာလိမ့်မယ် လို့သာ ငါတို့ ကြိုသိခဲ့ရင်၊ အဲ့ဒီအချိန်ကတည်းက...."

"သခင်မ!"

ချီချောင်းက ရုတ်ချည်း အော်လိုက်၏။

ဝမ်ချင်းလန် က သူမ ဆက်ပြောမိတော့မည့်စကားလုံးများကို အလျှင်အမြန် မျိုချလိုက်ရသည်။

ချီချောင်းက တီးတိုးသံဖြင့်...

"သခင်မ...ဒီလိုစကားမျိုးက သေချာပေါက်ကို ပြောလို့မဖြစ်ပါဘူး။ ချောင်းနားထောင်နေမှာမျိုးကို ဂရုစိုက်ပါဦး"

သခင်လေး၏ နားများမှာ အိမ်ပတ်ပတ်လည်တွင် ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ ဂရုစိုက်ခြင်းသည်သာ အမြဲတမ်း အကောင်းဆုံး ဆောင်ပုဒ်ဖြစ်ပေသည်။

........

တစ်ချိန်တည်းမှာပင် အန်းကျီယန် က ဖူဝူထျန်းနှင့်အတူ သူ့အခန်းဆီသို့ ရောက်ရှိသွား၏။ တံခါးအရှေ့၌ မတ်တပ်ရပ်နေသည့် အစေခံနှစ်ဦးကို အဝေးသို့ စေလိုက်သည်။ အခန်းထဲတွင်တော့ သူတို့ နှစ်ယောက်သည်သာ ကျန်ရှိနေလေတော့၏။ အန်းကျီယန် က တံခါးကို ပိတ်လိုက်လေပြီး ပြန်လှည့်လာကာ ဖူဝူထျန်း နှင့် မျက်လုံးချင်းဆုံလိုက်လေသည်။

"ကျွန်တော် ခင်ဗျားကို ပြောချင်တဲ့ ကိစ္စတစ်ခု ရှိလို့"

ဖူဝူထျန်း၏ မျက်ခုံးတန်းမှာ ရုတ်တရက် တွန့်ကွေးသွားလေ၏။

"ဒါအကုန်ပဲလား?"

အန်းကျီယန် က တည်တည်ငြိမ်ငြိမ်ပင် ခွန်းတုံ့ပြန်လိုက်လေသည်။

"အဲ့လိုမှ မဟုတ်ရင်...ဘာလုပ်မယ်များ ခင်ဗျားက ထင်နေတာတုန်း?"

ဖူဝူထျန်း က သူ့ကို အကြာကြီး စိုက်ကြည့်နေလေပြီး၊ နောက်ဆုံးတွင်တော့ စကားလမ်းကြောင်းကိုသာ အလျှင်အမြန် လွှဲလိုက်ရလေတော့၏။

"ဘာမှ မထင်ပါဘူး။ ဝမ်ဖေးလေး က ဒီမင်းသားကို ဘာများပြောချင်နေတာလဲ?"

ကြည့်ရသည်မှာ ဝမ်ဖေးလေးကို အနိုင်ရဖို့ရာအတွက် အချိန်အနည်းငယ် ယူရလိမ့်မည် ထင်ပါ၏။

"တာ့ယာပြည်ရဲ့ ပင်လယ်တားမြစ်ချက် ကို ရှောင်လို့ရမယ့်လမ်း မရှိဘူးလား?"

အန်းကျီယန် က မေးလိုက်၏။

ထိုစကားကို ကြားချိန်တွင် ဖူဝူထျန်း က အံ့အားသင့်မှုကြောင့် မျက်ခုံးတွန့်လိုက်မိသည်။

"ဝမ်ဖေးလေး က ဘာလို့ ဒီမေးခွန်းကို မေးရတာလဲ?"

ချုန်းမင်ဧကရာဇ် နန်းတက်ပြီး နှစ်အနည်းငယ်အကြာ၌ တာ့ယာပြည်တွင် ပင်လယ်တားမြစ်ချက် ရှိလာခြင်း ဖြစ်သည်။ ပင်လယ်တားမြစ်ချက် ထုတ်ပြန်လိုက်ချိန်တွင် များစွာသော စီးပွားရေးလုပ်ငန်းရှင်များ သောကရောက်ကုန်ကြလေပြီး အထူးသဖြင့် ကုန်ပစ္စည်းများ ဝယ်ရန်ရောင်းရန် အတွက် ပင်လယ်ရေကြောင်းအပေါ် မှီခိုနေရသည့် ကုန်သည်များပင် ဖြစ်သည်။ တားမြစ်ချက်၏ အကျိုးဆက်အနေဖြင့် များစွာသော စီးပွားရေးလုပ်ငန်းရှင်များ၏ ဘဝများ ပျက်စီးကုန်ကြ၏။ ထိုအချိန်က ယင်းကိစ္စကြောင့် ဝေဖန်မှုများစွာ ပေါ်ပေါက်လာခဲ့သော်ငြား ချုန်းမင်ဧကရာဇ်က သူ့ရဲ့ သဘောထားကိုသာ ခိုင်ခိုင်မြဲမြဲ ဆုပ်ကိုင်ထား၏။ ယင်းကို ဆန့်ကျင်သည့် အမတ်အချို့ရှိသော်လည်း သူက အားလုံးကို ကွပ်မျက်ပစ်ရန် ဆုံးဖြတ်ခဲ့ပေသည်။

ယနေ့တွင်တော့ ပင်လယ်တားမြစ်ချက် ဥပဒေ ရှိနေသည်မှာ ဆယ်စုနှစ်မက ကြာရှည်သွားပြီ ဖြစ်သည်။

ပင်လယ်ကုန်သွယ်ခြင်းကို စိတ်ဝင်စားသည့် လုပ်ငန်းရှင်များစွာ ရှိနေသေးသော်ငြား ချုန်းမင်ဧကရာဇ်၏ နှလုံးသားထဲတွင် ပင်လယ်တားမြစ်ချက်ကို ဖြေလျှော့ပေးဖို့ ဆိုသည်မှာ အထိခိုက်မခံနိုင်သည့် ကိစ္စတစ်ခုဖြစ်ကြောင်း သူတို့ သိထားကြပေ၏။ ထို့ကြောင့်ပင် ဧကရာဇ်အသစ် ထီးနန်းမဆက်ခံသရွေ့ ယင်းကန့်သတ်ချက်ကို ဖောက်ဖျက်ရန် မဖြစ်နိုင်လုနီးပါး ဖြစ်ချေ၏။

သို့သော် တစ်ပါးသောနိုင်ငံများ၏ ဆိပ်ကမ်းများမှာ ပိတ်ဆို့ထားသည်ဟု မဆိုလိုပါပေ။ တိုင်းတစ်ပါးကုန်သွယ်မှုတွင် များစွာသော ဆိပ်ကမ်းများ ရှိနေဆဲပင် ဖြစ်၏။ သို့သော် တရားဝင်လှေများဖြင့်သာ ပင်လယ်ထဲသို့ ထွက်ခွင့်ပြုထားသည်။

ယင်းမှာ အန်းကျီယန် က ပင်လယ်ကုန်သွယ်မှု လုပ်ငန်း လုပ်ကိုင်လိုသည်ဟုတော့ မဆိုလိုပါချေ။ ပင်လယ်ကုန်သွယ်မှု မှ အကျိုးအမြတ်များမှာ များပြားလှသော်ငြား သူက ဒီအတောအတွင်း လိုအပ်မှုမရှိသေးပေ။ ထို့ကြောင့် အနှီအကြံကို နောက်သို့သာ ပို့ထားလိုက်လေ၏။

"ဘာလို့လဲဆိုတော့ ကျွန်တော်က တစ်ယောက်ယောက်ကို ပင်လယ်ထဲသွားခိုင်းပြီး ပစ္စည်း တစ်ခုလောက် ရှာခိုင်းချင်လို့"

"ဘာ ပစ္စည်းလဲ?"

ဖူဝူထျန်း က မေးလိုက်၏။

အန်းကျီယန် က ဂရုတစိုက်နှင့် ပြန်ပြောလာ၏။

"အဲ့တာကို ရှီမား* လို့ ခေါ်တယ်။ သူ့ရဲ့ပန်းပွင့်တွေက အဖြူနဲ့ ခရမ်းဆိုပြီး အရောင်ရှိပြီးတော့ အများစုက အဖြူရောင်ပဲ တွေ့ရတတ်တယ်။ နွေဦးမှာဆိုရင် သူက မက်မွန်သီးနဲ့တူတဲ့ အသီးမျိုးကို ထုတ်ပေးတတ်တယ်။ အသီးတွေ ကွဲအက်သွားရင် သူက အထဲကနေ အဖြူရောင် အဆုပ်အပွင့်လေးတွေ ထွက်လာတာ။ ကျွန်တော်က အဲ့အပင်ရဲ့အသီးကို လိုနေတာရယ်...ပိုများလေ ကောင်းလေပေါ့"

[T/N - ဝါဂွမ်းပင် လို့ထင်ပါတယ် 😗 လျှော်ပင်လို့လည်း ခေါ်တယ်တဲ့]

ရှီမားကို မျန့်ဟွား(ဝါဂွမ်း) ဟု သိကြသော်ငြား ရှီမားမှာ ယင်း၏ ရှေးအသုံးအနှုန်း ဖြစ်သည်။

အကြောင်းမှာ ရှီမားသည် တာ့မား(ဆေးခြောက်)နှင့် အသံထွက်တူနေသည်မို့၊ ရှေးအချိန်ကာလများက သုံးနှုန်းခဲ့သည့် အမည်ဟု သူတွေးလိုက်မိခြင်း ဖြစ်သည်။

ဒီကမ္ဘာတွင် ဝါဂွမ်းပင် ဟုခေါ်သည့် အရာရှိလိမ့်မည်ဟုတော့ သူ မသေချာပါပေ။ သူက စာအုပ်ပေါင်းမြောက်များစွာကို ရှာဖွေပြီးသော်ငြား ရှီမားအကြောင်း ဖော်ပြမထားလေသည်မို့ ပင်လယ်ဘက်သို့ ထွက်ရှာရန် ဆုံးဖြတ်လိုက်ခြင်းပင် ဖြစ်သည်။ သူ့ရဲ့ တွက်ချက်မှုအရ ယင်းမှာ အရေးအပါဆုံး ခြေလှမ်း ဖြစ်သည်။ ရှီမားပင်၏ အစေ့များ မရှိပါဘဲ သူ့ရဲ့ အစီအစဥ်များ မဖြစ်​မြောက်နိုင်ပါပေ။

[T/N - အရေးအကြီးဆုံးပဲ ရွေးခိုင်းတာတဲ့လား...အော်! ယုံကြည်မှုကြီးကို ကြွေ]

"ဒီမင်သားက အဲ့လိုအပင်မျိုးရှိတယ်လို့ တစ်ခါမှ မကြားဖူးဘူး"

ဖူဝူထျန်းက ဖြည်းဖြည်းချင်း မျက်တောင်ခတ်လိုက်၏။ သူက နိုင်ငံ့နယ်နိမိတ်တွင် နှစ်ပေါင်းများစွာ နေခဲ့သော်လည်း ဗဟုသုတ လွန်စွာ ကြွယ်ဝပေသည်။ သူက ဒီအပင်ကို ဘယ်တုန်းကမှ မကြားဖူးခဲ့ပါချေ။ ကြည့်ရသည်မှာ ရှီမားပင်က အလွန်တရာ ရှားပါးသည့် အပင် ဖြစ်ပေမည်။

"ပင်လယ်ဘက်ကို ထွက်ဖို့က မခက်ခဲပါဘူး။ ဒီမင်သားက လူတစ်ယောက်လောက် လွှတ်ရှာခိုင်းပြီး မင်းကို ကူညီနိုင်ပါတယ်။ ဒါပေမဲ့ ဒါက အပင်ရဲ့ သစ်စေ့ကို ရှာရုံပဲလေ...ဒီတော့ ဝမ်ဖေးလေး က ဘာလို့များ ပင်လယ်တားမြစ်ချက်ကို ရည်ညွှန်းလိုက်ရတာလဲ?"

သူ ဒီမေးခွန်းကို မေးလိမ့်မည်ဟု ခန့်မှန်းထားပြီးသားမို့ အန်းကျီယန် က တည်တည်ငြိမ်ငြိမ် ပြန်ဖြေလိုက်၏။

"ပင်လယ်တားမြစ်ချက်က တိုင်းတပါးရန်သူတွေ ကျူးကျော်လာတာကနေ ကာကွယ်နိုင်တယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ တားမြစ်ချက်ကိုသာ ပယ်ဖျက်နိုင်လိုက်ရင် တာ့ယာအတွက် ပိုပြီး အကျိုးအမြတ်တွေ ရမလာနိုင်ဘူးလား?"

"တိုင်းတပါးကုန်သွယ်မှုကနေ ရတဲ့ အကျိုးအမြတ်က တကယ့်ကို ကြီးမားတယ် ဆိုပေမဲ့ ချုန်းမင်ဧကရာဇ် ကို စည်းရုံးဖို့အတွက် မလုံလောက်သေးဘူး။ အတိတ်တုန်းကဆို သူက အားလုံးကို ဆန့်ကျင်ပြီးတော့ ပင်လယ်တားမြစ်ချက်ကို တရားသေ အမိန့်ချလိုက်တာလေ။ ဒါက အရမ်းကို ခက်ခဲလိမ့်မယ်"

ပင်လယ်တားမြစ်ချက် ဖြစ်တည်လာစဥ်က ဖူဝူထျန်း မှာ ငယ်ငယ်လေးသာ ရှိနေပေဦးမည်။ သို့သော် သူက ချုန်းမင်ဧကရာဇ် ထက်ပင် အခြေအနေကို ပိုမို၍ ရှင်းရှင်းလင်းလင်း မြင်နိုင်ပေသည်။

အန်းကျီယန် က သူ့ကို ကြည့်ပြီး ပြောလိုက်လေ၏။

"ခင်ဗျားမှာ အဖြေရှိပြီးသားပါ...ဟုတ်တယ်မလား?"

ဖူဝူထျန်း မှာ ဒီအခြေအနေကို အလွန်ပင် ပေါ့ပေါ့ပါးပါး ပြောနေသည်ကို သူခံစားမိပေသည်။ ဖူဝူထျန်း က ယင်းမှာ ခက်ခဲလှကြောင်း ပြောနေသော်ငြား သူ့ရဲ့အသံမှာ အလွန်တရာ အရေးမထားဟန် ပေါက်နေလေ၏။

ဖူဝူထျန်း က သူ့အကြည့်ကို အန်းကျီယန် အပေါ်၌ တည်နေစေလိုက်သည်။ အတော်ကြာမှ သူက ပြောလေ၏။

"ဝမ်ဖေးလေး...ကိုယ်တို့ လက်ထပ်ပြီးကတည်းကနေ ခုချိန်ထိ တစ်ခါမှ မနမ်းရသေးဘူး ထင်တယ်နော်?"

အန်းကျီယန်၏ နဖူးထက်တွင် အနက်ရောင်မျဥ်းကြောင်းများ ပေါ်လာလေ၏။ သူ တွေးခဲ့မိသည်က ဖူဝူထျန်းအချိန်အကြာကြီး တိတ်ဆိတ်နေခြင်းမှာ ထိုသူ့အတွေးထဲတွင် ဘာပြန်​ပြောရမည်ကို အစီအစဥ်တကျ ပြင်ဆင်နေသည် ဟူ၍။ ယင်းမှာ အမြဲလိုလိုအတိုင်းပါပင်...အစတွင် အန်းကျီယန် သူ့ကို နားလည်ပြီး အဆုံးတွင်တော့ သူ ဘာတွေးနေသည်ကို ဘယ်သောအခါမှ မခန့်မှန်းနိုင်ခဲ့ပါချေ။ အန်းကျီယန်က ခပ်တောင့်တောင့် ပြောလိုက်လေသည်။

"ဒီတော့ ခင်ဗျားလိုချင်တဲ့အရာက... ကျွန်တော့်အနေနဲ့ ခင်ဗျားကို တစ်ခါ နမ်းပေးဖို့လား?"

"သေချာပေါက်ကို မဟုတ်ဘူးပေါ့"

မထင်မှတ်ထားစွာ ဖူဝူထျန်း က ငြင်းလိုက်လေ၏။

အန်းကျီယန် က သူ့ကို အံ့အားသင့်သည့် အကြည့်ဖြင့် ကြည့်လိုက်၏။

ဖူဝူထျန်း က ဆက်ပြောလေ၏။

"ကိုယ်တို့ အိပ်တဲ့အချိန် ကျရင် ဝမ်ဖေးလေး က ဒီမင်သားဘက်ကို ကျောပေးပြီး မအိပ်တော့ဖို့...။ ဒါက ဒီမင်းသားရဲ့ တစ်ခုတည်းသော တောင်းဆိုချက်လေးပါ"

ဝမ်ဖေးလေးက အိပ်ရာ၏ အပြင်ဘက်ခြမ်းတွင် အိပ်ရသည်ကို အလွန်နှစ်သက်နေ၏။ ဝမ်ဖေးလေး က သူ အိပ်ရာဝင်သည့်အချိန်တိုင်း အပြင်ဘက်သို့ မျက်နှာမူ၊ ထိုအနေအထားကို မလှုပ်မရှားထိန်းချုပ်ထားသည်မှာ အလွန့်အလွန် ခေါင်းမာလှပေ၏။

အန်းကျီယန်မှာ အလွန်အံ့အားသင့်၍ သွားသည်။ ရှေ့သို့ တိုးပစ်ပြီးမှ ကောင်းမွန်လှစွာ ခြေတစ်လှမ်း ရုတ်သွားခြင်းပါပင်။ သို့သော်...

"ကောင်းပြီလေ။ ကျွန်တော် ကတိပေးတယ် "

[T/N - ဘဲကြီးက ရေကူးညာတင်နည်း နဲ့ ပြောလိုက်တာ...စကားကြီးဆယ်မျိုးထဲကတစ်ခုလေ...သူ့အတိုင်းမရှင်းချင်လို့😂]

သူတို့ အိပ်တဲ့အချိန်ကျရင် သူ့ဘက်ကို မျက်နှာမူလိုက်ရုံလေး မဟုတ်လား?ဘာကိစ္စကြောက်နေရမှာလဲ?

သို့သော် သူမသိသည့်အရာမှာကား ဖူဝူထျန်း ကို မျက်နှာချင်းဆိုင်ရသည့် ဖိအားမှာ သေးသေးကွေးကွေး မဟုတ်သည်ကိုပင်။

ချက်ချင်းဆိုသလို ဖူဝူထျန်း က ကျွမ်းကျီမြို့၌ ရှိနေသေးသည့် ကွမ်းဆု ဆီသို့ စာတစ်စောင် ပို့လိုက်လေ၏။ ကွမ်းဆု မှာ သူ့နောက်လိုက်များထဲရှိ စွမ်းဆောင်ရည်ရှိသူများထဲမှ တစ်ယောက်ပင် ဖြစ်သည်။ အန်းကျီယန် က ဒီကိစ္စကို ဖုံးကွယ်ထားချင်နေသည်မို့ ၊ ဖူဝူထျန်း က ကွမ်းဆုကို ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်စေလိုက်ခြင်း ဖြစ်သည်။ ဝမ်ရယ့်၏ နာမည်ဖြင့် အစိုးရပိုင်သင်္ဘော ငှားရမ်းဖို့ရန်မှာ မခက်ခဲပါပေ။ ယင်းကို တိုးတိုးတိတ်တိတ် ဖုံးကွယ်ထားသ၍ အာရုံစိုက်မှုများစွာကို ဆွဲဆောင်နိုင်လိမ့်မည် မဟုတ်ချေ။

နောက်တစ်နေ့တွင် ချန်းစီရင်စုသို့ သွားသော ကောချင်အန်းမှာ ပြန်ရောက်လာလေ၏။

အန်းယွမ်စီရင်စုနှင့် ချန်းစီရင်စု အကြား အကွာအဝေးမှာ ကျွင်းကျီမြို့ထက် ပိုနီးပေသည်။ ကောချင်အန်း စီးနင်းသွားသည့် မြင်းမှာလည်း မြင်းလှည်းဆွဲသည့် မြင်းညိုပင် ဖြစ်သည်။ မြင်းမှာ လျှင်မြန် သွက်လက်သည့် ခွာများ ပါရှိနေသည်မို့ အသွားအပြန်ကို တစ်ရက်မျှပင် မကြာမြင့်ခဲ့ပါချေ။ ထို့ကြောင့် ကိစ္စများမှာ အလွယ်တကူ အလျှင်အမြန် အောင်မြင်သွားလေ၏။

ကောချင်အန်း တံခါးမှ ဝင်လာလေသည်နှင့် အိမ်တော်ထိန်းဆု က သခင်လေးနှင့် ဝမ်ရယ်မှာ အိမ်တွင်မရှိကြောင်း ပြောလိုက်လေသည်။ နှစ်ယောက်သားမှာ တာဝန်ခံဖုန့်၏ ဆိုင်သို့ ထွက်သွားပြီး ပြန်လာဖို့ရာမှာလည်း အချိန်ကြာလေဦးမည်မို့ ကောချင်အန်းက သူတို့ကို ရှာဖွေရန် အတွက် ဆန်ဆိုင်ဘက်ဆီသို့ ဦးတည်ရာ ပြောင်းလိုက်၏။

ဆန်ဆိုင်၏ လုပ်ငန်းမှာ ပို၍ပို၍ ကောင်းမွန်လာလေသည်။

လတ်တလောတွင် အန်းကျီယန် လက်အောက်မှ ဆိုင်ရှင်များမှာ များပြားလှသည့် ပမာဏရှိသော ဆန်စပါးများကို အပြင်သို့သွားရောက် ဝယ်ယူပြီးကြပြီ ဖြစ်သည်။ကုန်ပစ္စည်းများမှာ လှည်းတစ်စီးပြီး တစ်စီး ရောက်နေလေပြီး အလွန်တရာ ခမ်းနားလှသည့် မြင်ကွင်းမျိုးပင် ဖြစ်ပေ၏။ အကြောင်းမှာကား ဆန်စပါး အ​မြောက်အမြား ရှိနေသည်မို့ သူတို့အနေဖြင့် ပစ္စည်းများ သယ်ယူရန် လူအချို့ကို ငှားရမ်းထားရပေသည်။ အန်းကျီယန် က တာဝန်ခံဖုန့် ကို ကြိုတင် သတင်းပေးထားပြီး လူအချို့ကို ကူညီဖို့ရန်အတွက် ငှားရမ်းလိုက်ကာ အလုပ်ပမာဏပေါ် မူတည်၍ လုပ်အားခကို တွက်ချက်ပေးစေလိုက်သည်။

အန်းယွမ်စီရင်စု၌ ဘာအလုပ်မှ မရှိသည့်လူ အမြောက်အမြား ရှိပေသည်။ အကျိုးဆက်အနေဖြင့် သတင်းက ပျံ့နှံ့သွားသည့်အခါတွင် ငှားရမ်းရာတွင် ပါဝင်လိုသော လူတန်းရှည်ကြီး ရောက်လာလေတော့၏။ လုပ်အားခမှာ မနည်းပါးသည်မို့ လူတန်းရှည်ကြီး ထဲတွင် အမျိုးသမီးများကိုပါ တွေ့မြင်ကြရ၏။ ဒီအခြေအနေက တာဝန်ခံဖုန့် ကို အတော်လေး ခေါင်းကိုက်သွားစေသည်။ နေရာလွတ်များစွာ မရှိတော့သော်လည်း လူတိုင်းက လိုချင်နေကြ၏။ အကျိုးဆက်အနေဖြင့် အချို့လူများက စကားတစ်ခွန်းမှ မပြောလေတော့ဘဲ တိုက်ခိုက်ကုန်ကြသည်မို့ မြင်ကွင်းမှာ တကယ့်ကို ဖရိုဖရဲ ဖြစ်နေလေသည်။

တာဝန်ခံဖုန့် မှာ အခြေအနေ ကို မထိန်းချုပ်နိုင်တော့သည်မို့ သူက အန်းကျီယန် ကို ရှာဖွေဖို့ရန် လူလွှတ်လိုက်ရ၏။

အန်းကျီယန် ရောက်လာချိန်တွင်တော့ ပြဿနာရှာသူများမှာ မီးခိုးတန်းနှယ် အလျှင်အမြန် ထွက်ပြေးကုန်ကြလေသည်။ ယှဥ်ကြည့်ပါက မပြေးနိုင်သည့်သူမှာ သွေးထွက်သံယို ဖြစ်နေပြီး ကျိုးပဲ့နေလေ၏။ သူတို့အားလုံးမှာ ရိုးသားပြီး ယဥ်ကျေးစွာ ပြုမူတတ်သည့် လယ်သမားများ ဖြစ်သည်။ ဒီအချက်တွင် သူတို့က ထွက်ပြေးသွားသူများမှာ တမင်သက်သက် ပြဿနာလာရှာသူများ ဖြစ်ကြောင်း ကိုတော့ ခန့်မှန်း သိရှိနိုင်မည် မဟုတ်ပေ။

အန်းကျီယန်မှာတော့ ခဏမျှ တွေးတောကြည့်လိုက်ရုံနှင့် နောက်ကွယ်မှ လူကို ခန့်မှန်းနိုင်သွားသည်။ ရှို့ဖေးမှာ ပြန်ရောက်မလာသေးပါပေ။ တစ်ဖက်လူ က အန်းကျီယန်ကို တိုက်ခိုက်ဖို့ရန် ကျေနပ်လောက်သည့် "သက်သေ" မတွေ့သေးသည်မို့ အန်းကျီယန်ကိုလည်း သက်သောင့်သက်သာ ဖြစ်စေချင်ဟန် မရချေ။ ထို့ကြောင့် သူတို့က အခြားသူများကို ညွှန်ကြားပြီး သူ့အား ဒုက္ခပေးစေခြင်း ဖြစ်သည်။ အဆုံးတွင်တော့ သူက တာဝန်ခံဖုန့်ကို အရိုက်ခံလိုက်ရသည့် လယ်သမားများအား ငှားရမ်းစေလိုက်ကာ သူတို့အတွက် ဆေးများ ဝယ်ပေးစေလိုက်သည်။ အားလုံးအပြီးတွင် ဒီကိစ္စမှာ သူ့ကြောင့် ဖြစ်လာရခြင်း မို့ပါပင်။

[T/N - ကိုယ်ပြောထားသလိုပဲ အရှည်ကြီးပဲမလား🤧မနက်ဖြန် ကစပြီး ရက်ခြား တင်ပြီနော် မွ😙]

Zawgyi

အပိုင္း (၅၈) - ေလွ်ာ္ပင္ႏွင့္ ပင္လယ္တားျမစ္ခ်က္

လန္ရွန္းၿခံဝန္း(သစ္ခြေမႊး ၿခံဝန္း)

ဝမ္ခ်င္းလန္ က သူမအခန္းထဲသို႔ ေျခလွမ္းခ်လိဳက္သည္ႏွင့္ ထိုင္ခုံကို ကန္ခ်လိဳက္ေလသည္။

တံခါးေရွ႕တြင္ ရပ္ေနသည့္ အေစခံႏွစ္ေယာက္မွာ ေၾကာက္႐ြံ႕မႈေၾကာင့္ အသံပင္ မထြက္နိုင္ၾကေပ။ တံခါးက ပိတ္ဆို႔ထားၿပီး သူတို႔မွာ အခန္းထဲသို႔ မျမင္နိုင္ေသာ္ျငား စားပြဲႏွင့္ ထိုင္ခုံမ်ား လဲက်ေနသံကိုေတာ့ တစ္ခုၿပီးတစ္ခု ၾကားေနရေခ်၏။ ကိုယ္လုပ္ေတာ္ဝမ္ ေဒါသအႀကီးအက်ယ္ထြက္ၿပီး ပစၥည္းမ်ား တြန္းလွဲပစ္သည္မ်ိဳးကို သူတို႔ ႀကဳံရသည္မွာ ပထမဆုံးအႀကိမ္ေတာ့ မဟုတ္ေပ။ အရင္က သူမ အဓိကဇနီးကို ရႈံးနိမ့္သလို ခံစားလာရတိုင္း ထိုသို႔ လုပ္ေနၾကျဖစ္သည္။

သို႔ေသာ္လည္း ဝမ္ခ်င္းလန္ က ဖန္က်န္းပင္ ထက္ သိသိသာသာပင္ ဉာဏ္ေကာင္းေလ၏။

လက္ဖက္ရည္ထည့္သည့္ ေႂကြထည္ပစၥည္း အစုံလိုက္သည္သာ ကြဲေၾကသြားပါက အန္းက်ီယန္ႏွင့္ အိမ္ေတာ္ထိန္းဆု မွာ ခ်က္ခ်င္းဆိုသလို ရွာေတြ႕သြားေပလိမ့္မည္။ သို႔ေသာ္ စားပြဲႏွင့္ ထိုင္ခုံတို႔မွာမူ ျခားနားသည့္ ကိစၥတစ္ခု ျဖစ္သြားေလၿပီ။ အန္းခ်န္ဖူ သူမကို အေရးေပးစဥ္အခါက သူသည္ သူမ ၿခံဝန္းဆီသို႔ ပစၥည္းေကာင္း အေျမာက္အျမား ေပးအပ္ခဲ့သည္။ စားပြဲႏွင့္ ထိုင္ခုံမ်ားမွာ အရည္အေသြးျမင့္ သစ္သားျဖင့္ ျပဳလုပ္ထားၿပီး အၾကမ္းခံနိုင္စြမ္းလည္း အလြန္ေကာင္း၏။ သူမ ေဒါသထြက္လာသည့္အခ်ိန္တိုင္း စားပြဲႏွင့္ ထိုင္ခုံမ်ား အေပၚ ေဒါသပုံခ်ပစ္ေသာ္လည္း ယင္းတို႔မွာ မက်ိဳးမပဲ့ ရွိေနဆဲပင္။

ခဏမွ် ေပါက္ကြဲပစ္ၿပီးေနာက္တြင္ ဝမ္ခ်င္းလန္က အေစခံမ်ားကို ေခၚ၍ အခန္းအား ေနရာတက် ျပန္ထားသိုေစလိုက္၏။

စားပြဲႏွင့္ ထိုင္ခုံမ်ားမွာ သူ႕ေနရာႏွင့္သူ ျပန္ေရာက္သြားၾက၏။ သူတို႔တြင္ ခ်ိဳင့္ရာမ်ားႏွင့္ ကုတ္ျခစ္ရာမ်ား တိုးလာေသာ္လည္း ပရိေဘာဂပစၥည္းမ်ားအသြင္မွ ဖယ္ခြာမသြားပါေပ။

"မင္း...ခ်ီေခ်ာင္းကို သြားေခၚလာခဲ့"

ဝမ္ခ်င္းလန္ က အေစခံမ်ားထဲမွ တစ္ေယာက္ကို ခိုင္းေစလိုက္ေလ၏။ ခ်ီေခ်ာင္းမွာ သူမ ယုံၾကည္ရသည့္သူ ျဖစ္သည္။ သူမက ဝမ္ခ်င္းလန္ အန္းမိသားစုထဲ လက္ထပ္သြားစဥ္ကပင္ လိုက္ပါလာခဲ့သူ ျဖစ္ၿပီး၊ ဝမ္ခ်င္းလန္ ယုံၾကည္ရသည့္ တစ္ဦးတည္းေသာသူ ျဖစ္၏။

ခ်ီေခ်ာင္းက ထမင္းစားခန္းမထဲရွိ အျဖစ္အပ်က္ကို မသိရွိေသးပါေပ။ ဝမ္ခ်င္းလန္ သူမကို ရွာေနေၾကာင္းကိုသာ သိၿပီး အလ်င္စလို ေရာက္လာျခင္း ျဖစ္၏။ သူမ အခန္းထဲသို႔ ေရာက္သည္ႏွင့္ အျခား အေစခံႏွစ္ဦးကို အျပင္ဘက္ ထြက္ေစကာ တံခါးကို ဂ႐ုတစိုက္ ပိတ္ခိုင္းလိုက္ေလသည္။ ထို႔ေနာက္မွသာ သူမက ဝမ္ခ်င္းလန္၏ မ်က္ႏွာကို လွည့္ၾကည့္လာ၏။

"သခင္မ...ဘာျဖစ္လို႔လဲ? "

သူမသည္သာ ဝမ္ခ်င္းလန္ကို ကိုယ္လုပ္ေတာ္ဝမ္ ဟု မေခၚဘဲ သခင္မဟု ေခၚသည့္ တစ္ဦးတည္းေသာ သူ ျဖစ္သည္။

ဝမ္ခ်င္းလန္က သူမအား ထမင္းစားခန္းမထဲတြင္ ျဖစ္ပ်က္သမွ်အား အတိုခ်ဳပ္ ရွင္းျပလိုက္ေလ၏။

ခ်ီေခ်ာင္းက ခဏမွ်ေတြးေတာလိုက္ေလၿပီး ေျပာသည္။

"သခင္မ...ဒုတိယသခင္ေလး အေၾကာင္းကေတာ့...ေနာင္အနာဂတ္မွာ သူ႕နဲ႕ပတ္သတ္သမွ် ဘာကိစၥမွ မေျပာတာ ပိုေကာင္းလိမ့္မယ္။ သခင္ေလးက ပါးနပ္လြန္းတယ္။ သူက သခင္မဆီ ဒုတိယသခင္ေလးကို ေစာင့္ေရွာက္ဖို႔ ေပးမွာ မဟုတ္ဘူး။ သခင္မသာ ဒါကို ဆက္ႀကိဳးစားေနဦးမယ္ ဆိုရင္ သူက သခင္မအေပၚ ပိုၿပီး သတိထားလာတာပဲ အဖတ္တင္လိမ့္မယ္"

"သူက ငါ့ေဘးနားမွာ ဘယ္တုန္းကမွလည္း အေစာင့္အၾကပ္ ေလွ်ာ့မထားခဲ့ပါဘူး"

ဝမ္ခ်င္းလန္က ႏွာေခါင္းရႈံလိုက္ေလ၏။ သူမက ႐ုပ္ေခ်ာၿပီး အသုံးမက်သည့္ မိန္းမမ်ိဳး မဟုတ္ေခ်။ သူမက အန္းက်ီယန္၏ ေျပာင္းလဲလာမႈကို မွတ္သားထားၿပီး ျဖစ္သည္။ အရင္ကႏွင့္ ႏွိုင္းယွဥ္လွ်င္ သူက အဆတစ္ရာမကပင္ လူရည္လည္ ပါးနပ္လာေပ၏။ ထိိုသို႔ေသာသူမ်ိဳးကို လွည့္ျဖားဖို႔ရာ အခက္ခဲဆုံး ျဖစ္သည္။

"ဒီေန႕...သူ ႐ုတ္တရက္ ေျပာလာတဲ့ အဲ့စကားေတြက...ငါတို႔ သူ႕ကို ထိခိုက္ေအာင္ လုပ္ထားပါတယ္လို႔ သူ သံသယ ဝင္ေနတဲ့အေၾကာင္း ထင္ထင္ရွားရွား ေျပာေနတာပဲ"

ခ်ီေခ်ာင္းက ေခါင္းၿငိမ့္လိုက္ေလ၏။

"သခင္မေျပာတာ အမွန္ပဲ"

ဆိုးညစ္ ရက္စက္သည့္ အလင္းတစ္ခ်က္က ဝမ္ခ်င္းလန္၏ မ်က္လုံးထဲ၌ ျဖတ္ေျပးသြားသည္။

"ဒီလိုမ်ိဳး ျဖစ္လာလိမ့္မယ္ လို႔သာ ငါတို႔ ႀကိဳသိခဲ့ရင္၊ အဲ့ဒီအခ်ိန္ကတည္းက...."

"သခင္မ!"

ခ်ီေခ်ာင္းက ႐ုတ္ခ်ည္း ေအာ္လိုက္၏။

ဝမ္ခ်င္းလန္ က သူမ ဆက္ေျပာမိေတာ့မည့္စကားလုံးမ်ားကို အလွ်င္အျမန္ မ်ိဳခ်လိဳက္ရသည္။

ခ်ီေခ်ာင္းက တီးတိုးသံျဖင့္...

"သခင္မ...ဒီလိုစကားမ်ိဳးက ေသခ်ာေပါက္ကို ေျပာလို႔မျဖစ္ပါဘူး။ ေခ်ာင္းနားေထာင္ေနမွာမ်ိဳးကို ဂ႐ုစိုက္ပါဦး"

သခင္ေလး၏ နားမ်ားမွာ အိမ္ပတ္ပတ္လည္တြင္ ရွိသည္ျဖစ္ေစ မရွိသည္ျဖစ္ေစ၊ ဂ႐ုစိုက္ျခင္းသည္သာ အၿမဲတမ္း အေကာင္းဆုံး ေဆာင္ပုဒ္ျဖစ္ေပသည္။

........

တစ္ခ်ိန္တည္းမွာပင္ အန္းက်ီယန္ က ဖူဝူထ်န္းႏွင့္အတူ သူ႕အခန္းဆီသို႔ ေရာက္ရွိသြား၏။ တံခါးအေရွ႕၌ မတ္တပ္ရပ္ေနသည့္ အေစခံႏွစ္ဦးကို အေဝးသို႔ ေစလိုက္သည္။ အခန္းထဲတြင္ေတာ့ သူတို႔ ႏွစ္ေယာက္သည္သာ က်န္ရွိေနေလေတာ့၏။ အန္းက်ီယန္ က တံခါးကို ပိတ္လိုက္ေလၿပီး ျပန္လွည့္လာကာ ဖူဝူထ်န္း ႏွင့္ မ်က္လုံးခ်င္းဆုံလိုက္ေလသည္။

"ကြၽန္ေတာ္ ခင္ဗ်ားကို ေျပာခ်င္တဲ့ ကိစၥတစ္ခု ရွိလို႔"

ဖူဝူထ်န္း၏ မ်က္ခုံးတန္းမွာ ႐ုတ္တရက္ တြန့္ေကြးသြားေလ၏။

"ဒါအကုန္ပဲလား?"

အန္းက်ီယန္ က တည္တည္ၿငိမ္ၿငိမ္ပင္ ခြန္းတုံ႕ျပန္လိုက္ေလသည္။

"အဲ့လိုမွ မဟုတ္ရင္...ဘာလုပ္မယ္မ်ား ခင္ဗ်ားက ထင္ေနတာတုန္း?"

ဖူဝူထ်န္း က သူ႕ကို အၾကာႀကီး စိုက္ၾကည့္ေနေလၿပီး၊ ေနာက္ဆုံးတြင္ေတာ့ စကားလမ္းေၾကာင္းကိုသာ အလွ်င္အျမန္ လႊဲလိုက္ရေလေတာ့၏။

"ဘာမွ မထင္ပါဘူး။ ဝမ္ေဖးေလး က ဒီမင္းသားကို ဘာမ်ားေျပာခ်င္ေနတာလဲ?"

ၾကည့္ရသည္မွာ ဝမ္ေဖးေလးကို အနိုင္ရဖို႔ရာအတြက္ အခ်ိန္အနည္းငယ္ ယူရလိမ့္မည္ ထင္ပါ၏။

"တာ့ယာျပည္ရဲ႕ ပင္လယ္တားျမစ္ခ်က္ ကို ေရွာင္လို႔ရမယ့္လမ္း မရွိဘူးလား?"

အန္းက်ီယန္ က ေမးလိုက္၏။

ထိုစကားကို ၾကားခ်ိန္တြင္ ဖူဝူထ်န္း က အံ့အားသင့္မႈေၾကာင့္ မ်က္ခုံးတြန့္လိုက္မိသည္။

"ဝမ္ေဖးေလး က ဘာလို႔ ဒီေမးခြန္းကို ေမးရတာလဲ?"

ခ်ဳန္းမင္ဧကရာဇ္ နန္းတက္ၿပီး ႏွစ္အနည္းငယ္အၾကာ၌ တာ့ယာျပည္တြင္ ပင္လယ္တားျမစ္ခ်က္ ရွိလာျခင္း ျဖစ္သည္။ ပင္လယ္တားျမစ္ခ်က္ ထုတ္ျပန္လိုက္ခ်ိန္တြင္ မ်ားစြာေသာ စီးပြားေရးလုပ္ငန္းရွင္မ်ား ေသာကေရာက္ကုန္ၾကေလၿပီး အထူးသျဖင့္ ကုန္ပစၥည္းမ်ား ဝယ္ရန္ေရာင္းရန္ အတြက္ ပင္လယ္ေရေၾကာင္းအေပၚ မွီခိုေနရသည့္ ကုန္သည္မ်ားပင္ ျဖစ္သည္။ တားျမစ္ခ်က္၏ အက်ိဳးဆက္အေနျဖင့္ မ်ားစြာေသာ စီးပြားေရးလုပ္ငန္းရွင္မ်ား၏ ဘဝမ်ား ပ်က္စီးကုန္ၾက၏။ ထိုအခ်ိန္က ယင္းကိစၥေၾကာင့္ ေဝဖန္မႈမ်ားစြာ ေပၚေပါက္လာခဲ့ေသာ္ျငား ခ်ဳန္းမင္ဧကရာဇ္က သူ႕ရဲ႕ သေဘာထားကိုသာ ခိုင္ခိုင္ၿမဲၿမဲ ဆုပ္ကိုင္ထား၏။ ယင္းကို ဆန့္က်င္သည့္ အမတ္အခ်ိဳ႕ရွိေသာ္လည္း သူက အားလုံးကို ကြပ္မ်က္ပစ္ရန္ ဆုံးျဖတ္ခဲ့ေပသည္။

ယေန႕တြင္ေတာ့ ပင္လယ္တားျမစ္ခ်က္ ဥပေဒ ရွိေနသည္မွာ ဆယ္စုႏွစ္မက ၾကာရွည္သြားၿပီ ျဖစ္သည္။

ပင္လယ္ကုန္သြယ္ျခင္းကို စိတ္ဝင္စားသည့္ လုပ္ငန္းရွင္မ်ားစြာ ရွိေနေသးေသာ္ျငား ခ်ဳန္းမင္ဧကရာဇ္၏ ႏွလုံးသားထဲတြင္ ပင္လယ္တားျမစ္ခ်က္ကို ေျဖေလွ်ာ့ေပးဖို႔ ဆိုသည္မွာ အထိခိုက္မခံနိုင္သည့္ ကိစၥတစ္ခုျဖစ္ေၾကာင္း သူတို႔ သိထားၾကေပ၏။ ထို႔ေၾကာင့္ပင္ ဧကရာဇ္အသစ္ ထီးနန္းမဆက္ခံသေ႐ြ႕ ယင္းကန့္သတ္ခ်က္ကို ေဖာက္ဖ်က္ရန္ မျဖစ္နိုင္လုနီးပါး ျဖစ္ေခ်၏။

သို႔ေသာ္ တစ္ပါးေသာနိုင္ငံမ်ား၏ ဆိပ္ကမ္းမ်ားမွာ ပိတ္ဆို႔ထားသည္ဟု မဆိုလိုပါေပ။ တိုင္းတစ္ပါးကုန္သြယ္မႈတြင္ မ်ားစြာေသာ ဆိပ္ကမ္းမ်ား ရွိေနဆဲပင္ ျဖစ္၏။ သို႔ေသာ္ တရားဝင္ေလွမ်ားျဖင့္သာ ပင္လယ္ထဲသို႔ ထြက္ခြင့္ျပဳထားသည္။

ယင္းမွာ အန္းက်ီယန္ က ပင္လယ္ကုန္သြယ္မႈ လုပ္ငန္း လုပ္ကိုင္လိုသည္ဟုေတာ့ မဆိုလိုပါေခ်။ ပင္လယ္ကုန္သြယ္မႈ မွ အက်ိဳးအျမတ္မ်ားမွာ မ်ားျပားလွေသာ္ျငား သူက ဒီအေတာအတြင္း လိုအပ္မႈမရွိေသးေပ။ ထို႔ေၾကာင့္ အႏွီအႀကံကို ေနာက္သို႔သာ ပို႔ထားလိုက္ေလ၏။

"ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္က တစ္ေယာက္ေယာက္ကို ပင္လယ္ထဲသြားခိုင္းၿပီး ပစၥည္း တစ္ခုေလာက္ ရွာခိုင္းခ်င္လို႔"

"ဘာ ပစၥည္းလဲ?"

ဖူဝူထ်န္း က ေမးလိုက္၏။

အန္းက်ီယန္ က ဂ႐ုတစိုက္ႏွင့္ ျပန္ေျပာလာ၏။

"အဲ့တာကို ရွီမား* လို႔ ေခၚတယ္။ သူ႕ရဲ႕ပန္းပြင့္ေတြက အျဖဴနဲ႕ ခရမ္းဆိုၿပီး အေရာင္ရွိၿပီးေတာ့ အမ်ားစုက အျဖဴေရာင္ပဲ ေတြ႕ရတတ္တယ္။ ႏြေဦးမွာဆိုရင္ သူက မက္မြန္သီးနဲ႕တူတဲ့ အသီးမ်ိဳးကို ထုတ္ေပးတတ္တယ္။ အသီးေတြ ကြဲအက္သြားရင္ သူက အထဲကေန အျဖဴေရာင္ အဆုပ္အပြင့္ေလးေတြ ထြက္လာတာ။ ကြၽန္ေတာ္က အဲ့အပင္ရဲ႕အသီးကို လိုေနတာရယ္...ပိုမ်ားေလ ေကာင္းေလေပါ့"

[T/N - ဝါဂြမ္းပင္ လို႔ထင္ပါတယ္  ေလွ်ာ္ပင္လို႔လည္း ေခၚတယ္တဲ့]

ရွီမားကို မ်န့္ဟြား(ဝါဂြမ္း) ဟု သိၾကေသာ္ျငား ရွီမားမွာ ယင္း၏ ေရွးအသုံးအႏႈန္း ျဖစ္သည္။

အေၾကာင္းမွာ ရွီမားသည္ တာ့မား(ေဆးေျခာက္)ႏွင့္ အသံထြက္တူေနသည္မို႔၊ ေရွးအခ်ိန္ကာလမ်ားက သုံးႏႈန္းခဲ့သည့္ အမည္ဟု သူေတြးလိုက္မိျခင္း ျဖစ္သည္။

ဒီကမၻာတြင္ ဝါဂြမ္းပင္ ဟုေခၚသည့္ အရာရွိလိမ့္မည္ဟုေတာ့ သူ မေသခ်ာပါေပ။ သူက စာအုပ္ေပါင္းေျမာက္မ်ားစြာကို ရွာေဖြၿပီးေသာ္ျငား ရွီမားအေၾကာင္း ေဖာ္ျပမထားေလသည္မို႔ ပင္လယ္ဘက္သို႔ ထြက္ရွာရန္ ဆုံးျဖတ္လိုက္ျခင္းပင္ ျဖစ္သည္။ သူ႕ရဲ႕ တြက္ခ်က္မႈအရ ယင္းမွာ အေရးအပါဆုံး ေျခလွမ္း ျဖစ္သည္။ ရွီမားပင္၏ အေစ့မ်ား မရွိပါဘဲ သူ႕ရဲ႕ အစီအစဥ္မ်ား မျဖစ္ေျမာက္နိုင္ပါေပ။

[T/N - အေရးအႀကီးဆုံးပဲ ေ႐ြးခိုင္းတာတဲ့လား...ေအာ္! ယုံၾကည္မႈႀကီးကို ေႂကြ]

"ဒီမင္သားက အဲ့လိုအပင္မ်ိဳးရွိတယ္လို႔ တစ္ခါမွ မၾကားဖူးဘူး"

ဖူဝူထ်န္းက ျဖည္းျဖည္းခ်င္း မ်က္ေတာင္ခတ္လိုက္၏။ သူက နိုင္ငံ့နယ္နိမိတ္တြင္ ႏွစ္ေပါင္းမ်ားစြာ ေနခဲ့ေသာ္လည္း ဗဟုသုတ လြန္စြာ ႂကြယ္ဝေပသည္။ သူက ဒီအပင္ကို ဘယ္တုန္းကမွ မၾကားဖူးခဲ့ပါေခ်။ ၾကည့္ရသည္မွာ ရွီမားပင္က အလြန္တရာ ရွားပါးသည့္ အပင္ ျဖစ္ေပမည္။

"ပင္လယ္ဘက္ကို ထြက္ဖို႔က မခက္ခဲပါဘူး။ ဒီမင္သားက လူတစ္ေယာက္ေလာက္ လႊတ္ရွာခိုင္းၿပီး မင္းကို ကူညီနိုင္ပါတယ္။ ဒါေပမဲ့ ဒါက အပင္ရဲ႕ သစ္ေစ့ကို ရွာ႐ုံပဲေလ...ဒီေတာ့ ဝမ္ေဖးေလး က ဘာလို႔မ်ား ပင္လယ္တားျမစ္ခ်က္ကို ရည္ၫႊန္းလိုက္ရတာလဲ?"

သူ ဒီေမးခြန္းကို ေမးလိမ့္မည္ဟု ခန့္မွန္းထားၿပီးသားမို႔ အန္းက်ီယန္ က တည္တည္ၿငိမ္ၿငိမ္ ျပန္ေျဖလိုက္၏။

"ပင္လယ္တားျမစ္ခ်က္က တိုင္းတပါးရန္သူေတြ က်ဴးေက်ာ္လာတာကေန ကာကြယ္နိုင္တယ္ဆိုတာ မွန္ပါတယ္။ ဒါေပမဲ့ တားျမစ္ခ်က္ကိုသာ ပယ္ဖ်က္နိုင္လိုက္ရင္ တာ့ယာအတြက္ ပိုၿပီး အက်ိဳးအျမတ္ေတြ ရမလာနိုင္ဘူးလား?"

"တိုင္းတပါးကုန္သြယ္မႈကေန ရတဲ့ အက်ိဳးအျမတ္က တကယ့္ကို ႀကီးမားတယ္ ဆိုေပမဲ့ ခ်ဳန္းမင္ဧကရာဇ္ ကို စည္း႐ုံးဖို႔အတြက္ မလုံေလာက္ေသးဘူး။ အတိတ္တုန္းကဆို သူက အားလုံးကို ဆန့္က်င္ၿပီးေတာ့ ပင္လယ္တားျမစ္ခ်က္ကို တရားေသ အမိန့္ခ်လိဳက္တာေလ။ ဒါက အရမ္းကို ခက္ခဲလိမ့္မယ္"

ပင္လယ္တားျမစ္ခ်က္ ျဖစ္တည္လာစဥ္က ဖူဝူထ်န္း မွာ ငယ္ငယ္ေလးသာ ရွိေနေပဦးမည္။ သို႔ေသာ္ သူက ခ်ဳန္းမင္ဧကရာဇ္ ထက္ပင္ အေျခအေနကို ပိုမို၍ ရွင္းရွင္းလင္းလင္း ျမင္နိုင္ေပသည္။

အန္းက်ီယန္ က သူ႕ကို ၾကည့္ၿပီး ေျပာလိုက္ေလ၏။

"ခင္ဗ်ားမွာ အေျဖရွိၿပီးသားပါ...ဟုတ္တယ္မလား?"

ဖူဝူထ်န္း မွာ ဒီအေျခအေနကို အလြန္ပင္ ေပါ့ေပါ့ပါးပါး ေျပာေနသည္ကို သူခံစားမိေပသည္။ ဖူဝူထ်န္း က ယင္းမွာ ခက္ခဲလွေၾကာင္း ေျပာေနေသာ္ျငား သူ႕ရဲ႕အသံမွာ အလြန္တရာ အေရးမထားဟန္ ေပါက္ေနေလ၏။

ဖူဝူထ်န္း က သူ႕အၾကည့္ကို အန္းက်ီယန္ အေပၚ၌ တည္ေနေစလိုက္သည္။ အေတာ္ၾကာမွ သူက ေျပာေလ၏။

"ဝမ္ေဖးေလး...ကိုယ္တို႔ လက္ထပ္ၿပီးကတည္းကေန ခုခ်ိန္ထိ တစ္ခါမွ မနမ္းရေသးဘူး ထင္တယ္ေနာ္?"

အန္းက်ီယန္၏ နဖူးထက္တြင္ အနက္ေရာင္မ်ဥ္းေၾကာင္းမ်ား ေပၚလာေလ၏။ သူ ေတြးခဲ့မိသည္က ဖူဝူထ်န္းအခ်ိန္အၾကာႀကီး တိတ္ဆိတ္ေနျခင္းမွာ ထိုသူ႕အေတြးထဲတြင္ ဘာျပန္ေျပာရမည္ကို အစီအစဥ္တက် ျပင္ဆင္ေနသည္ ဟူ၍။ ယင္းမွာ အၿမဲလိုလိုအတိုင္းပါပင္...အစတြင္ အန္းက်ီယန္ သူ႕ကို နားလည္ၿပီး အဆုံးတြင္ေတာ့ သူ ဘာေတြးေနသည္ကို ဘယ္ေသာအခါမွ မခန့္မွန္းနိုင္ခဲ့ပါေခ်။ အန္းက်ီယန္က ခပ္ေတာင့္ေတာင့္ ေျပာလိုက္ေလသည္။

"ဒီေတာ့ ခင္ဗ်ားလိုခ်င္တဲ့အရာက... ကြၽန္ေတာ့္အေနနဲ႕ ခင္ဗ်ားကို တစ္ခါ နမ္းေပးဖို႔လား?"

"ေသခ်ာေပါက္ကို မဟုတ္ဘူးေပါ့"

မထင္မွတ္ထားစြာ ဖူဝူထ်န္း က ျငင္းလိုက္ေလ၏။

အန္းက်ီယန္ က သူ႕ကို အံ့အားသင့္သည့္ အၾကည့္ျဖင့္ ၾကည့္လိုက္၏။

ဖူဝူထ်န္း က ဆက္ေျပာေလ၏။

"ကိုယ္တို႔ အိပ္တဲ့အခ်ိန္ က်ရင္ ဝမ္ေဖးေလး က ဒီမင္သားဘက္ကို ေက်ာေပးၿပီး မအိပ္ေတာ့ဖို႔...။ ဒါက ဒီမင္းသားရဲ႕ တစ္ခုတည္းေသာ ေတာင္းဆိုခ်က္ေလးပါ"

ဝမ္ေဖးေလးက အိပ္ရာ၏ အျပင္ဘက္ျခမ္းတြင္ အိပ္ရသည္ကို အလြန္ႏွစ္သက္ေန၏။ ဝမ္ေဖးေလး က သူ အိပ္ရာဝင္သည့္အခ်ိန္တိုင္း အျပင္ဘက္သို႔ မ်က္ႏွာမူ၊ ထိုအေနအထားကို မလႈပ္မရွားထိန္းခ်ဳပ္ထားသည္မွာ အလြန့္အလြန္ ေခါင္းမာလွေပ၏။

အန္းက်ီယန္မွာ အလြန္အံ့အားသင့္၍ သြားသည္။ ေရွ႕သို႔ တိုးပစ္ၿပီးမွ ေကာင္းမြန္လွစြာ ေျခတစ္လွမ္း ႐ုတ္သြားျခင္းပါပင္။ သို႔ေသာ္...

"ေကာင္းၿပီေလ။ ကြၽန္ေတာ္ ကတိေပးတယ္ "

[T/N - ဘဲႀကီးက ေရကူးညာတင္နည္း နဲ႕ ေျပာလိုက္တာ...စကားႀကီးဆယ္မ်ိဳးထဲကတစ္ခုေလ...သူ႕အတိုင္းမရွင္းခ်င္လို႔]

သူတို႔ အိပ္တဲ့အခ်ိန္က်ရင္ သူ႕ဘက္ကို မ်က္ႏွာမူလိုက္႐ုံေလး မဟုတ္လား?ဘာကိစၥေၾကာက္ေနရမွာလဲ?

သို႔ေသာ္ သူမသိသည့္အရာမွာကား ဖူဝူထ်န္း ကို မ်က္ႏွာခ်င္းဆိုင္ရသည့္ ဖိအားမွာ ေသးေသးေကြးေကြး မဟုတ္သည္ကိုပင္။

ခ်က္ခ်င္းဆိုသလို ဖူဝူထ်န္း က ကြၽမ္းက်ီၿမိဳ႕၌ ရွိေနေသးသည့္ ကြမ္းဆု ဆီသို႔ စာတစ္ေစာင္ ပို႔လိုက္ေလ၏။ ကြမ္းဆု မွာ သူ႕ေနာက္လိုက္မ်ားထဲရွိ စြမ္းေဆာင္ရည္ရွိသူမ်ားထဲမွ တစ္ေယာက္ပင္ ျဖစ္သည္။ အန္းက်ီယန္ က ဒီကိစၥကို ဖုံးကြယ္ထားခ်င္ေနသည္မို႔ ၊ ဖူဝူထ်န္း က ကြမ္းဆုကို ကိုယ္တိုင္ကိုယ္က် လုပ္ေဆာင္ေစလိုက္ျခင္း ျဖစ္သည္။ ဝမ္ရယ့္၏ နာမည္ျဖင့္ အစိုးရပိုင္သေဘၤာ ငွားရမ္းဖို႔ရန္မွာ မခက္ခဲပါေပ။ ယင္းကို တိုးတိုးတိတ္တိတ္ ဖုံးကြယ္ထားသ၍ အာ႐ုံစိုက္မႈမ်ားစြာကို ဆြဲေဆာင္နိုင္လိမ့္မည္ မဟုတ္ေခ်။

ေနာက္တစ္ေန႕တြင္ ခ်န္းစီရင္စုသို႔ သြားေသာ ေကာခ်င္အန္းမွာ ျပန္ေရာက္လာေလ၏။

အန္းယြမ္စီရင္စုႏွင့္ ခ်န္းစီရင္စု အၾကား အကြာအေဝးမွာ ကြၽင္းက်ီၿမိဳ႕ထက္ ပိုနီးေပသည္။ ေကာခ်င္အန္း စီးနင္းသြားသည့္ ျမင္းမွာလည္း ျမင္းလွည္းဆြဲသည့္ ျမင္းညိုပင္ ျဖစ္သည္။ ျမင္းမွာ လွ်င္ျမန္ သြက္လက္သည့္ ခြာမ်ား ပါရွိေနသည္မို႔ အသြားအျပန္ကို တစ္ရက္မွ်ပင္ မၾကာျမင့္ခဲ့ပါေခ်။ ထို႔ေၾကာင့္ ကိစၥမ်ားမွာ အလြယ္တကူ အလွ်င္အျမန္ ေအာင္ျမင္သြားေလ၏။

ေကာခ်င္အန္း တံခါးမွ ဝင္လာေလသည္ႏွင့္ အိမ္ေတာ္ထိန္းဆု က သခင္ေလးႏွင့္ ဝမ္ရယ္မွာ အိမ္တြင္မရွိေၾကာင္း ေျပာလိုက္ေလသည္။ ႏွစ္ေယာက္သားမွာ တာဝန္ခံဖုန့္၏ ဆိုင္သို႔ ထြက္သြားၿပီး ျပန္လာဖို႔ရာမွာလည္း အခ်ိန္ၾကာေလဦးမည္မို႔ ေကာခ်င္အန္းက သူတို႔ကို ရွာေဖြရန္ အတြက္ ဆန္ဆိုင္ဘက္ဆီသို႔ ဦးတည္ရာ ေျပာင္းလိုက္၏။

ဆန္ဆိုင္၏ လုပ္ငန္းမွာ ပို၍ပို၍ ေကာင္းမြန္လာေလသည္။

လတ္တေလာတြင္ အန္းက်ီယန္ လက္ေအာက္မွ ဆိုင္ရွင္မ်ားမွာ မ်ားျပားလွသည့္ ပမာဏရွိေသာ ဆန္စပါးမ်ားကို အျပင္သို႔သြားေရာက္ ဝယ္ယူၿပီးၾကၿပီ ျဖစ္သည္။ကုန္ပစၥည္းမ်ားမွာ လွည္းတစ္စီးၿပီး တစ္စီး ေရာက္ေနေလၿပီး အလြန္တရာ ခမ္းနားလွသည့္ ျမင္ကြင္းမ်ိဳးပင္ ျဖစ္ေပ၏။ အေၾကာင္းမွာကား ဆန္စပါး အေျမာက္အျမား ရွိေနသည္မို႔ သူတို႔အေနျဖင့္ ပစၥည္းမ်ား သယ္ယူရန္ လူအခ်ိဳ႕ကို ငွားရမ္းထားရေပသည္။ အန္းက်ီယန္ က တာဝန္ခံဖုန့္ ကို ႀကိဳတင္ သတင္းေပးထားၿပီး လူအခ်ိဳ႕ကို ကူညီဖို႔ရန္အတြက္ ငွားရမ္းလိုက္ကာ အလုပ္ပမာဏေပၚ မူတည္၍ လုပ္အားခကို တြက္ခ်က္ေပးေစလိုက္သည္။

အန္းယြမ္စီရင္စု၌ ဘာအလုပ္မွ မရွိသည့္လူ အေျမာက္အျမား ရွိေပသည္။ အက်ိဳးဆက္အေနျဖင့္ သတင္းက ပ်ံ့ႏွံ႕သြားသည့္အခါတြင္ ငွားရမ္းရာတြင္ ပါဝင္လိုေသာ လူတန္းရွည္ႀကီး ေရာက္လာေလေတာ့၏။ လုပ္အားခမွာ မနည္းပါးသည္မို႔ လူတန္းရွည္ႀကီး ထဲတြင္ အမ်ိဳးသမီးမ်ားကိုပါ ေတြ႕ျမင္ၾကရ၏။ ဒီအေျခအေနက တာဝန္ခံဖုန့္ ကို အေတာ္ေလး ေခါင္းကိုက္သြားေစသည္။ ေနရာလြတ္မ်ားစြာ မရွိေတာ့ေသာ္လည္း လူတိုင္းက လိုခ်င္ေနၾက၏။ အက်ိဳးဆက္အေနျဖင့္ အခ်ိဳ႕လူမ်ားက စကားတစ္ခြန္းမွ မေျပာေလေတာ့ဘဲ တိုက္ခိုက္ကုန္ၾကသည္မို႔ ျမင္ကြင္းမွာ တကယ့္ကို ဖရိုဖရဲ ျဖစ္ေနေလသည္။

တာဝန္ခံဖုန့္ မွာ အေျခအေန ကို မထိန္းခ်ဳပ္နိုင္ေတာ့သည္မို႔ သူက အန္းက်ီယန္ ကို ရွာေဖြဖို႔ရန္ လူလႊတ္လိုက္ရ၏။

အန္းက်ီယန္ ေရာက္လာခ်ိန္တြင္ေတာ့ ျပႆနာရွာသူမ်ားမွာ မီးခိုးတန္းႏွယ္ အလွ်င္အျမန္ ထြက္ေျပးကုန္ၾကေလသည္။ ယွဥ္ၾကည့္ပါက မေျပးနိုင္သည့္သူမွာ ေသြးထြက္သံယို ျဖစ္ေနၿပီး က်ိဳးပဲ့ေနေလ၏။ သူတို႔အားလုံးမွာ ရိုးသားၿပီး ယဥ္ေက်းစြာ ျပဳမူတတ္သည့္ လယ္သမားမ်ား ျဖစ္သည္။ ဒီအခ်က္တြင္ သူတို႔က ထြက္ေျပးသြားသူမ်ားမွာ တမင္သက္သက္ ျပႆနာလာရွာသူမ်ား ျဖစ္ေၾကာင္း ကိုေတာ့ ခန့္မွန္း သိရွိနိုင္မည္ မဟုတ္ေပ။

အန္းက်ီယန္မွာေတာ့ ခဏမွ် ေတြးေတာၾကည့္လိုက္႐ုံႏွင့္ ေနာက္ကြယ္မွ လူကို ခန့္မွန္းနိုင္သြားသည္။ ရွို႔ေဖးမွာ ျပန္ေရာက္မလာေသးပါေပ။ တစ္ဖက္လူ က အန္းက်ီယန္ကို တိုက္ခိုက္ဖို႔ရန္ ေက်နပ္ေလာက္သည့္ "သက္ေသ" မေတြ႕ေသးသည္မို႔ အန္းက်ီယန္ကိုလည္း သက္ေသာင့္သက္သာ ျဖစ္ေစခ်င္ဟန္ မရေခ်။ ထို႔ေၾကာင့္ သူတို႔က အျခားသူမ်ားကို ၫႊန္ၾကားၿပီး သူ႕အား ဒုကၡေပးေစျခင္း ျဖစ္သည္။ အဆုံးတြင္ေတာ့ သူက တာဝန္ခံဖုန့္ကို အရိုက္ခံလိုက္ရသည့္ လယ္သမားမ်ားအား ငွားရမ္းေစလိုက္ကာ သူတို႔အတြက္ ေဆးမ်ား ဝယ္ေပးေစလိုက္သည္။ အားလုံးအၿပီးတြင္ ဒီကိစၥမွာ သူ႕ေၾကာင့္ ျဖစ္လာရျခင္း မို႔ပါပင္။

[T/N - ကိုယ္ေျပာထားသလိုပဲ အရွည္ႀကီးပဲမလား🤧 မနက္ျဖန္ ကစၿပီး ရက္ျခား တင္ၿပီေနာ္ မြ😙]

Continue Reading

You'll Also Like

2.6M 139K 54
In ancient Times, we have heard about stories of kings who were in polygamous marriages. And certain movies have romanticised their life with second...
253K 40.4K 67
I Became A Virtuous Wife And Loving Mother In Another Cultivation World ##start from chapter 199 **I'm just translate this and I don't own anything**
Erica By Sam

Historical Fiction

2.9M 109K 60
They say her voice was once bewitching to all who heard it. She was like a siren luring sailors to their deaths on quiet nights... Those are just rum...
632K 19.9K 114
[Not MY Story] OFFLINE Purpose. I possessed the wife of the Emperor, the mad villain of a tragic novel. After a while, when the evil Emperor looks t...