ကုန်းမြေကြီး၏ အရှင်သခင်ဝမ်ဖေး...

By Hululu61

348K 58K 2.4K

အရင် accထဲဝင်မရတော့လို့ Book ခွဲလိုက်ပါပြီ 🙆 ဒါက အပိုင်း ၁ ကနေ ဖတ်လို့ရတဲ့ Linkပါ🖤 https://my.w.tt/7FVYRdnw... More

အပိုင်း (၄၁) - အတူတူအိပ်ခြင်း
အပိုင်း (၄၁) - အိပ်ရာမျှဝေခြင်း (CENSOR)
အပိုင်း (၄၂.၁) - ကူဖော်လောင်ဖက်
အပိုင်း (၄၂.၂) - ကူဖော်လောင်ဖက်(WARNING)
အပိုင်း (၄၃) - ကိုယ် မြင်လိုက်တယ်
အပိုင်း (၄၄) - မနက်စာ
အပိုင်း (၄၅) - တော်ဝင်မိသားစု သဘောထား
အပိုင်း (၄၆) - ဇနီးလေးရဲ့ ညီငယ်သေးသေးလေး
အပိုင်း (၄၇) - လယ်သမားများ
အပိုင်း (၄၈) - အန်းမိသားစုသို့ အပြန်
အပိုင်း (၄၉.၁) - သတို့သမီး မိဘအိမ် ပထမဆုံးပြန်ချိန် အကျပ်အတည်း
အပိုင်း (၄၉.၂) - သတို့သမီး မိဘအိမ် ပထမဆုံးပြန်ချိန် အကျပ်အတည်း
အပိုင်း (၅၀) - ခြိမ်းခြောက်ဖို့ရန်
အပိုင်း (၅၁) - တန်ပြန်အစီအစဥ်
အပိုင်း (၅၂) - အလုံးစုံ ထိန်းချုပ်ခြင်း
အပိုင်း (၅၃) - စားနပ်ရိက္ခာ သိုလှောင်ခြင်း
အပိုင်း (၅၄) - အစားအစာ ရရှိဖို့ရန်
အပိုင်း (၅၅) - မွှေးပျံ့ကော့လန်သည့် ဆန်(ပေါ်ဆန်းမွှေး)
အပိုင်း (၅၆) - သက်သေခံ အထောက်အထား
အပိုင်း (၅၈) - လျှော်ပင်နှင့် ပင်လယ်တားမြစ်ချက်
အပိုင်း (၅၉) - ပိုးပန်းသူ
အပိုင်း (၆၀) - အန်းချောင်၏ စိတ်ဓာတ်ကြံ့ခိုင်မှု
အပိုင်း (၆၁.၁) - မမြင်ရသော လွှမ်းမိုးနိုင်စွမ်း
အပိုင်း (၆၁.၂) - မမြင်ရသော လွှမ်းမိုးနိုင်စွမ်း
အပိုင်း (၆၂.၁) - တိုးတက်မှု
အပိုင်း (၆၂.၂) - တိုးတက်မှု
အပိုင်း (၆၃.၁) - စာရင်းစာအုပ်
အပိုင်း (၆၃.၂) - စာရင်းစာအုပ်
အပိုင်း (၆၄.၁) - ဖူဝူထျန်း ၏ စွမ်းအား
အပိုင်း (၆၄.၂) - ဖူဝူထျန်း၏ စွမ်းအား
အပိုင်း (၆၅.၁) - ညဘက် ဝန်းရံတိုက်ခိုက်မှု
အပိုင်း (၆၅.၂) - ညဘက်ဝန်းရံတိုက်ခိုက်မှု
အပိုင်း (၆၆.၁) - ခေါင်းဖြတ်ကွပ်မျက်ခြင်း
အပိုင်း (၆၆.၂) - ခေါင်းဖြတ်ကွပ်မျက်ခြင်း
အပိုင်း (၆၇.၁) - အငြင်းပွားမှုအား စာရင်းရှင်းခြင်း
အပိုင်း (၆၇.၂) - အငြင်းပွားမှုအား စာရင်းရှင်းခြင်း
အပိုင်း (၆၈.၁) - တိုက်ဆိုင်မှု
အပိုင်း (၆၈.၂) - တိုက်ဆိုင်မှု
Attention Plz
အပိုင်း (၆၉.၁) - ရူးဟန်ဆောင်ခြင်း
အပိုင်း (၆၉.၂) - ရူးဟန်ဆောင်ခြင်း
အပိုင်း (၇၀.၁) - လက်ထပ်ပေးခြင်း
အပိုင်း (၇၀.၂) - လက်ထပ်ပေးခြင်း
အပိုင်း (၇၁) - ဉာဏ်ပူဇော်ခ
အပိုင်း (၇၂) - စစ်ကြောမေးမြန်းခြင်း
အပိုင်း (၇၃) - စစ်ကြောမေးမြန်းခြင်းနှင့် စိတ်အား ထက်သန်မှု
အပိုင်း (၇၄.၁) - သာမန်လူများနှင့် ခြားနားသော[Warning!🔞]
အပိုင်း (၇၄.၂) - သာမန်လူများနှင့် ခြားနားသော
အပိုင်း(၇၅.၁) - ကူညီရန်
အပိုင်း (၇၅.၂) - ကူညီရန်
အပိုင်း (၇၆.၁) - လင်မယားနှစ်ယောက်သား အလည်အပတ်ရောက်လာခြင်း
အပိုင်း (၇၆.၂) - လင်မယားနှစ်ယောက်သား အလည်အပတ်ရောက်လာခြင်း
အပိုင်း (၇၇) - စီရင်ချက်
အပိုင်း (၇၈) - အန်းနန်းဆောင်
အပိုင်း (၇၉.၁) - အပြစ်ပေးခြင်း
အပိုင်း (၇၉.၂) - အပြစ်ပေးခြင်း
အပိုင်း (၈၀.၁) - ကိုယ်လုပ်တော် ရွေးချယ်ပွဲနှင့် စာပို့ခို
အပိုင်း (၈၀.၂) - ကိုယ်လုပ်တော် ရွေးချယ်ပွဲနှင့် စာပို့ခို
အပိုင်း (၈၁.၁) - လောင်းကစားရုံ
အပိုင်း (၈၁.၂) - လောင်းကစားရုံ
အပိုင်း (၈၂.၁) - ရက်စက်သော ပြိုင်ပွဲ
အပိုင်း (၈၂.၂) - ရက်စက်သော ပြိုင်ပွဲ
!!!

အပိုင်း (၅၇) - ပုန်းကွယ်နေသည့် လုပ်ကြံသတ်ဖြတ်သူ

5.4K 1.1K 103
By Hululu61

Unicode

မျက်တောင်တစ်ခတ်အတွင်းမှာပင် အန်းကျီယန် အန်းယွမ်စီရင်စုသို့ ပြန်ရောက်လာသည်မှာ ခုနှစ်ရက် ပြည့်သွားလေပြီ။

ပုံမှန်အားဖြင့် သတို့သမီး က မိဘအိမ်ကို အလည်လာပြီးနောက်တွင် ခင်ပွန်းသည်၏ အိမ်သို့ ပြန်ရန် အချိန်ကျရောက်နေပြီ ဖြစ်သည်။ သို့သော် ဖူဝူထျန်း အပါအဝင် မည်သူကမှ ဒီကိစ္စအပေါ် မေးခွန်းမထုတ်ကြပေ။ အိမ်တော်ထိန်းဆုမှာမူ ပျော်လွန်း၍ ဘာမှ မပြောနိုင်ပေ။ သူက သခင်လေးကို အန်းမိသားစုအိမ်တော်တွင် နေစေဖို့ရာသာ ဆန္ဒရှိနေပေသည်။

ဟုတ်ပေသည်။ အန်းကျီယန် ထွက်ခွာသွားဖို့ရာကို မစောင့်ဆိုင်းနိုင်တော့သည့် အချို့သူများလည်း ရှိနေလေ၏။

ယင်းမှာ ငါးလပိုင်း တိုင်အောင် ငါးရက်မျှ ကြာညောင်းသွားချေပြီ။

တခြားနည်းဖြင့် ပြောရသော် ဖန်ကျန်းပင်တို့လူစုမှာ သူတို့၏ ကိုယ်ပိုင်ငွေများအား အသုံးပြုနေရသည်မှာ ငါးရက်ရှိသွားပြီ ဖြစ်သည်။

သူတို့လေးယောက်သားမှာ ရှားရှားပါးပါး မိသားစု ထမင်းဝိုင်းတွင် ပေါ်လာလေသည်။

ကျန်းပိက တံခါးကို ဖြတ်ကျော်လာလေပြီး သူမက ဘေး၌ ရပ်နေသည့်အစေခံများကို အောက်ခြေလွတ်နေသည့်အသံဖြင့် အော်ပြောလိုက်လေသည်။

"မင်းတို့တွေ သွားပြီးတော့ ငါ့အတွက် စားပွဲတစ်လုံး ဒီနေရာကို ယူလာခဲ့စမ်း။ ဒီနေ့ ငါရယ်၊ ကိုယ်လုပ်တော် ဖန်နဲ့ သခင်မလေးနှစ်ယောက်လုံး ဒီနေရာမှာ စားလိမ့်မယ်"

စားပွဲ ရွှေ့ပြီးချိန်တွင်တော့ သူတို့က လူများကို အပြင်ဘက်သို့ စားစရာဝယ်ရန် စေလွှတ်လိုက်၏။ ထို့နောက် သူတို့က အစားအသောက်ကို စားပွဲပေါ်ရှိ ပန်းကန်ပြားတစ်ချပ်ထဲတွင် တစ်ခါတည်း ထည့်လိုက်လေသည်။ အကြောင်းမှာ အစားအစာများကို ခွဲခြားထည့်ရန် အချိန်ကြာမည်မို့ ရောက်လာစဥ်ကကဲ့သို့ ပူနွေးတော့မည် မဟုတ်သောကြောင့် ဖြစ်သည်။ သို့သော် အစားအသောက်များမှာ အထူးကောင်းမွန်ဟန် ပေါ်နေပေသည်။ ဟင်းလျာများထဲမှ တစ်ခုမှာ အန်းယွမ်စီရင်စု၏ အထိမ်းအမှတ်ဟင်းလျာဖြစ်သော ရွှေနီဘဲကင် ဖြစ်သည်။ ဘဲကင်၏ အပြင်လွှာတစ်လျှောက်ကို ပျားရည်ချိုချိုလေးအား ခပ်ပါးပါး သုတ်လိမ်းထားပြီး အလွန်တရာ အရသာ ကောင်းမွန်လှသည်ဟု ဆိုနိုင်ပေသည်။ သို့သော် စျေးနှုန်းမှာမူ အလွန်တရာ မြင့်မားလှသည်မို့ အချို့သော လယ်သမားများသာ စားနိုင်ပေသည်။

အမျိုးသမီးများ၏ ထမင်းစား စားပွဲမှာ အန်းကျီယန်နှင့် ဆန့်ကျင်ဘက်တည့်တည့်တွင် ရှိနေပေ၏။

တစ်ချက်ကြည့်ရုံနှင့်ပင် သူ့စားပွဲပေါ်ရှိ အစားအစာများမှာ ယှဥ်ကြည့်ဖို့ရန်ပင် သေးနုပ်နေလေ၏။

အန်းကျီယန် က အစားအသောက် အပေါ် အထူးတလည် ဂရုမစိုက်မိသော်ငြား အစာပုံမှန် စားခြင်းမှတော့ ရှောင်ရှားခြင်း မရှိပါချေ။ ဒီနေ့ သူက ပေါ့ပေါ့ပါးပါး စားစရာများကိုသာ စားသောက်လိုသည်မို့ စားဖိုမှူးဝမ် ချက်ပြုတ်ထားသည့် စားစရာများမှာ အဆီအစ်မနေပါပေ။

ကျန်းပိက ဤသို့သော တိကျသည့် သက်ရောက်မှုမျိုးကို လိုချင်နေသူ ဖြစ်ပြီး ရုတ်ချည်းဆိုသလို ဘဝင်ခိုက်စွာ ပြုံးလိုက်၏။

"အိုက်ယား...ကျီယန်...မင်း ဒီနေ့ ဘာဖြစ်လို့ အရသာမရှိတဲ့ဟာတွေ စားနေရတာလဲ? အန်းမိသားစု မှာ စားလို့ကောင်းတဲ့ဟာ မရှိတော့လို့လား?တတိယအမေက မင်းကို အစားအသောက်နည်းနည်း ခွဲပေးဖို့ လိုနေသေးလား?"

"အမေ...အမေ ဘာတွေပြောနေတာလဲ? သူ့ရဲ့ ခန္ဓာကိုယ် က ဒီလောက် အဖိုးတန်နေတာ...သူက ရိုးရိုးလက်ဖက်ရည်နဲ့ ရိုးရိုးအစားအစာပဲ စားသင့်တာပေါ့"

အန်းခယ့်ရှင်း က နှာခေါင်းရှုံ့သံဖြင့် ပြောလိုက်၏။

"အိုး...ဟုတ်သားပဲ။ ငါ့ရဲ့ နုံချာချာ ဦးနှောက်ကိုပဲ အပြစ်တင်ရမယ်။ ငါ ဒါကို မေ့တော့မလို့... "

ကျန်းပိက သူမခေါင်းကို အလျှင်အမြန် ပုတ်လိုက်လေသည်။ ထို့နောက် သူမက အန်းကျီယန် ကို ပြုံးပြကာ ပြောလိုက်၏။

"အိုက်ယား...ကျီယန်...တတိယအမေက မင်းကို စားဖို့ မမေးတော့ဘူးနော်။ မင်း ဒါကိုစားပြီး မင်းရဲ့ ခန္ဓာကိုယ်က ဒေါသထွက်လာရင် တတိယအမေက အပြစ်သား ဖြစ်သွားမှာပေါ့လေ။ တတိယအမေက အပြစ်သားဖြစ်သွားမယ့် ကိစ္စမျိုးကိုတော့ တောင့်မခံနိုင်ဘူးလေကွယ်"

ဖူဝူထျန်း က အန်းကျီယန် ကို ပြောမိလေတော့သည်။

"သူတို့က အမြဲတမ်း ဒီလိုပဲ ဆူညံနေကြတာလား?"

အမူအရာပြောင်းလဲမသွားပါဘဲ အန်းကျီယန် က အစိမ်းရောင် အသီးအရွက်ကြော်တစ်ဖတ်ကို ကောက်ယူလိုက်၏။ သူက ယင်းကို စားလိုက်ပြီးနောက် ပြန်ဖြေလိုက်လေသည်။

"ခင်ဗျား သိသွားပြီပဲ"

ဒီတစ်ခေါက်မှာ သူ ထိုသူတို့နှင့် ပထမဆုံးအကြိမ် ထမင်းအတူစားခြင်း မဟုတ်ပါပေ။ သူ ဒီကမ္ဘာသို့ ပထမဆုံးအကြိမ် ရောက်လာသည့်နေ့က သူတို့သည် ကျီးကန်းများထက်ပင် ပိုမိုဆူညံနေသေး၏။ ထိုအချိန်က ဝမ်ချင်းလန်သည်လည်း ရှိနေပေသည်။ သူတို့ သုံးယောက်သား၏ ပါးစပ်များမှာ သူ့နားထဲတွင်တော့ ဘဲပေါင်း တစ်ထောင် တကွပ်ကွပ် မြည်နေသကဲ့သို့ပါပင်။

ဖူဝူထျန်း၏ မျက်ဝန်းထဲ၌ အပြုံးရိပ်ရောင် ယှက်သန်းသွား၏။

"ဇနီးလေးအဖို့ ခက်ခဲခဲ့မှာပဲ"

အန်းကျီယန် က ခေါင်းငြိမ့်ပြ၏။

"ဒါက တော်တော်လေး ခက်ခဲတယ်"

သူတို့နှင့် ဆန့်ကျင်ဘက်တွင် ထိုင်နေလေသည့် ဝမ်ချင်းလန်၏ မျက်နှာအမူအရာမှာ တောင့်တင်းသွားလေသည်။ ကျန်းပိတို့လူစု ထွက်လာပြီး စားရန် ပြင်ဆင်ထားကြောင်း သူမ သိလေပြီး၊ ထို့ကြောင့်ပင် သူမသည်လည်း ဒီနေ့ သူတို့နှင့်အတူ ထွက်လာစားရခြင်း ဖြစ်သည်။ မူလရည်ရွယ်ချက်မှာ ပွဲကြည့်ရန် ဖြစ်သော်ငြား သူမ မမျှော်လင့်မိသည်က ပွဲက စတင်နေပြီ ဖြစ်ပြီး သူမသည်လည်း သူတို့နှင့် အမှတ်မထင် မသိမသာ ရောထွေးသွားခြင်း ဖြစ်၏။ ယင်းကို သူမ ဘာတစ်ခုမှ မပြောနိုင်ခဲ့ချေ။

ဝမ်ချင်းလန်က ခေါင်းစဥ်ကို ​ပြောင်းလဲလိုက်လေပြီး ပြောလိုက်၏။

"ကျီယန်...တကယ်တော့ စတုတ္ထအမေက အမြဲတမ်း မေးချင်နေခဲ့တာ...ကျီမင်က မင်းနဲ့ ဘာကြောင့် ပြန်မလာတာလဲ?သူက ငါးလသားအရွယ်လေးပဲ ရှိနေပါသေးတယ်။ သူ့ကို သူစိမ်းတွေလက်ထဲမှာ စောင့်ရှောက်ခိုင်းခဲ့တာ အကုန် အဆင်ပြေပါ့မလား? သူ့မှာသာ တစ်ခုခုဖြစ်ခဲ့ရင် ကူညီဖို့အတွက် အလှမ်းဝေးနေလိမ့်မယ်။ သူ့ကို ဘာဖြစ်လို့ ငါတို့ဆီ ခေါ်မလာခဲ့တာလဲ?"

အန်းကျီယန်က ခေါင်းကို ပင့်မော့လိုက်လေပြီး သူမကို တစ်ချက်ကြည့်လိုက်လေသည်။

မသက်မသာဖြစ်မှုတစ်ခု ဝမ်ချင်းလန်၏ မျက်နှာထက်တွင် ဖြတ်သန်းသွား၏။ သူ့မျက်ဝန်းထဲတွင် ကွယ်ဝှက်ထားသည့် သွယ်ဝိုက်မှုတစ်ခု ရှိနေသည်ဟု သူမ အမြဲခံစားနေရ၏။ သူမက အနှီခံစားချက် လျော့ပါးသွားစေရန် တစ်ခုခု ပြောလိုက်ချင်သော်ငြား အန်းကျီယန် က ပေါ့ပေါ့ပါးပါးပင် သူ့အကြည့်ကို အဝေးသို့ ရွှေ့ပြောင်းသွားလေ၏။

"မလိုပါဘူး။ ကျွန်တော်တို့ သူ့ကိုသာ ခေါ်လာခဲ့ရင်...ကျွန်တော် ပိုပြီးတောင် သောကရောက်နေရလိမ့်မယ်"

ဝမ်ချင်းလန် က သူ့စကားထဲမှ သွယ်ဝှက်ထားသည်များကို မကြားမိလေဘဲ မသိစိတ်၏ စေ့ဆော်မှုအတိုင်း ပြောလိုက်လေသည်။

"ဘာအကြောင်းများ စိုးရိမ်စရာ ရှိနေလို့လဲ?မင်းမှာ အချိန်မရှိဘူးဆိုရင်လည်း စတုတ္ထအမေက ကူညီပေးမှာပေါ့"

နောက်ဆုံးစကားသည်သာ သူမ၏ တကယ့်ရည်ရွယ်ချက် ဖြစ်ပေ၏။

ကလေးတစ်ယောက်မှာ စာရွက်ဖြူတစ်စနှယ် ဖြစ်သည်။ သူမဘေးတွင် သူ့ကို ထားရှိခြင်းဖြင့် သူ့ရဲ့အတွေးများကို သူမက အလွယ်တကူ လွှမ်းမိုးထားနိုင်ပေလိမ့်မည်။ ကျီမင့်ကိုသာ သူမ၏ ဂရုစိုက်မှုအောက်တွင် ထားနိုင်လျှင် ၊ သူမ၏ အကျီလက်ထဲတွင် ဝှက်ဖဲတစ်ခု ရှိသွားပေလိမ့်မည်။ အန်းကျီယန် က လက်ထပ်ပြီးသွားပြီမို့ အနာဂတ်တွင် အန်းမိသားစုကို အန်းကျီမင်ကသာ သေချာပေါက် အမွေဆက်ခံရမည် ဖြစ်သည်။

သူမ၏ စကားများက ဖန်ကျန်းပင်နှင့်ကျန်းပိ တို့၏ နှလုံးသားများကို လှုပ်ခါသွားစေသည်။

ဝမ်ချင်းလန် ဘာကို ကြံစည်နေသည်အား ဦးနှောက် ရှိသည့်လူတိုင်း ခန့်မှန်းနိုင်ပေလိမ့်မည်။

သို့သော် ထိုမျှ ရိုးရှင်းနိုင်ပါ့မည်လော...။ အန်းကျီယန် က အန်းကျီမင်ကို ဂရုစိုက်ပေးဖို့ရန် သူမဆီ ပေးလိမ့်မည်ဟု သူတို့ မထင်ပါပေ။ အန်းကျီမင် က ယောကျ်ားလေး ဖြစ်သည်ဆိုသည့်အချက်ကို မေ့ထား၍ မိန်းကလေးဖြစ်နေသည်ဆိုလျှင်ပင် ဖြစ်နိုင်စွမ်းမရှိချေ။ ဝမ်ချင်းလန်၏ အတွေးများမှာ သံသယမရှိစွာပင် ရူးသွပ်လွန်းလှ၏။

အန်းကျီယန်၏ မထူးခြားနားသည့် အကြည့်က သူတို့သုံးယောက်လုံး၏ မျက်နှာများဆီ ဖြတ်သန်းသွားပြီး ရုတ်ချည်းဆိုသလို ပြောလိုက်လေသည်။

"မလိုဘူး။ ကျွန်တော့်ရဲ့ညီလေးကို အနာဂတ်မှာ နှင်းတောထဲ လဲကျပြီး သေလုမျောပါး ဖြစ်သွားမှာမျိုးကို မမြင်ချင်လို့"

သုံးယောက်သား၏ မျက်နှာများမှာ အေးခဲသွားရပြီး အထူးသဖြင့် ဝမ်ချင်းလန် ဖြစ်သည်။

အရှက်တကွဲ ဖြစ်သွားရသည်မို့ ဝမ်ချင်းလန် မှာ ဒေါသထွက်သွားတော့၏။ သူမ၏ လှပသည့်မျက်ဝန်းတို့မှာ ပန်းကန်ပြားနှယ် ပြူးကျယ်လာလေပြီး ပြောလိုက်သည်။

"ဒါက ဘာစကားလဲ?ငါက ကျီမင့်ကို ထိခိုက်အောင် လုပ်မှာ ဖြစ်နိုင်လို့လား? ကလေးတစ်ယောက်ကို အသာထား...ငါက လူတစ်ယောက်ရဲ့ ဘဝကိုတောင် ထိခိုက်အောင် မလုပ်နိုင်ဘူး။ မင်းက ဆန္ဒရှိမနေမှတော့ ငါ့မှာ ဘာမှ ပြောစရာမရှိတော့ပါဘူး။ ဒီမနက်စာကိုလည်း မင်းတို့ဟာ မင်းတို့ပဲ စားလိုက်ကြပါတော့"

စကားပြောပြီးသည်နှင့် သူမက ဒေါသအပြည့်ဖြင့် ပြန်သွားလေတော့၏။

သူမထွက်သွားသည်နှင့် ကျန်လေးယောက်မှာ တည်ငြိမ်သွားကြသည်။

မူလက သူ့ကို စကားလုံးများဖြင့် သွားဆွထားသော ကျန်းပိမှာ မမျှော်လင့်စွာနှင့် အန်းကျီယန် ကို ကျယ်ကျယ်အော်ပြီး စိန်ခေါ်ခြင်းမျိုး မရှိတော့ချေ။ သူမက အစကနေအဆုံးထိ ပါးစပ်တစ်ချက်မှ မဖွင့်ခဲ့သည့် ဖန်ကျန်းပင် ကဲ့သို့ တိတ်ဆိတ်သွားလေ၏။

အန်းကျီယန်နှင့်ဖူဝူထျန်း တို့မှာ အစားစားရာတွင် တကယ့်ကို လျှင်မြန်ကြသူများ ဖြစ်သည်။ သူတို့က စားသောက်ပြီးသွားပြီး မကြာမီမှာပင် အခန်းထဲမှ အတူတကွ ဘေးချင်းယှဥ်ပြီး ထွက်လာခဲ့ကြ၏။

သူတို့ ထမင်းစားခန်းမဆီမှ လုံလောက်သည့် အကွာအဝေးသို့ ရောက်သည်နှင့် ဖူဝူထျန်း က အဓိပ္ပာယ် နက်ရှိုင်းလှသော စကားတစ်ချို့ကို ပြောလာလေ၏။

"ဝမ်ဖေးလေး...မင်းလိုချင်တဲ့ အ​ဖြေကို ရှာတွေ့ပြီလား?"

အန်းကျီယန် က အနည်းငယ် အံ့သြသွားသော်ငြား သူက ချက်ချင်းပင် နားလည်လိုက်လေသည်။ မျှော်လင့်ထားသည့်အတိုင်း သူက ဒီလူ့ဆီမှ ဘာကိုမျှ ဖုံးကွယ်ထား၍ မရပေ။ အနှီလျှို့ဝှက်ချက်မှအပ ဖူဝူထျန်း မသိသည့်အရာ ဘာမှ မရှိမည်ကို သူ စိုးရိမ်နေမိ၏။ သူက ရိုးရိုးစင်းစင်းပင် ပြန်ဖြေလိုက်သည်။

"လက်ရှိမှာတော့ ကျွန်တော် ဘာ ချို့ယွင်းချက်မှ မတွေ့သေးဘူး။ ဘယ်သူ လုပ်ပါတယ်လို့ အတိအကျ သတ်မှတ်ဖို့က မဖြစ်နိုင်ဘူးလေ"

ယင်းမှာ သူမျှော်လင့်ထားသည်ထက် ကျော်လွန်နေချေ၏။ တစ်ဖက်လူမှာ ပိတ်ဆို့ဖုံးကွယ်ရာတွင် အလွန်တော်ဟန် ရသည်။ သူတစ်ချက် လှုပ်ရှားရုံနှင့် တစ်ဖက်က ကြောက်ရွံ့သွားပြီး လိပ်ခွံထဲသို့ ပြန်ဝင်ပုန်းသွားဟန် ရသည်။ သူ မစုံစမ်း မစစ်ဆေးသည်လည်း မဟုတ်ပါပေ။ အဖြစ်အပျက် အပြီးတွင် သူ ထိုနေ့က အန်းကျီယန်နှင့် တွေ့ဆုံလိုက်သည့် အစေခံအားလုံးကို စစ်ဆေးမေးမြန်းခဲ့သည်။ သို့သော် ဘယ်သူကမှ ထိုအချိန်က အခြေအနေ ကို ရှင်းရှင်းလင်းလင်း မပြောပြနိုင်သလို မည်သူကမှလည်း လိမ်ညာ မနေပါချေ။ ထို့နောက် သူက စုံစမ်းစစ်ဆေးသည့် ဦးတည်ရာကို ပြောင်းလဲလိုက်ပြီး ကိုယ်လုပ်တော်များနှင့် သခင်မလေးများ ကို စတင် စစ်ဆေးကြည့်လိုက်၏။ အကျိုးဆက်အနေဖြင့် တစ်ယောက်စီတိုင်းမှာ သံသယရှိစရာ ကောင်းနေပေ၏။

ဖူဝူထျန်း က ပြောလိုက်လေ၏။

"ဇနီးလေးက ဒီမင်းသားရဲ့ အကူအညီကို လိုသေးလား?"

အန်းကျီယန် က ရှေ့တူရူဆီသို့သာ အေးစိမ့်စိမ့်စိုက်ကြည့်လိုက်လေပြီး...

"မလိုပါဘူး။ ကျွန်တော်ကိုယ်တိုင် အမှောင်ထဲမှ ပုန်းနေတဲ့ လူသတ်သမားကို ရှာမှာ"

သူတို့က အရိပ်ထဲတွင် မည်မျှ နက်နက်ရှိုင်းရှိုင်း ပုန်းကွယ်နေပါစေ၊ သူတို့က အန်းမိသားစုအား တစ်စုံတစ်ရာ ကြံစည်ရန် ကြိုးစားနေသရွေ့ သူတို့ကိုယ်သူတို့ ဖော်ထုတ်ရမည့်နေ့တော့ ရောက်လာလိမ့်မည် ဖြစ်သည်။ သို့သော် ဖြစ်ကောင်းဖြစ်နိုင်သည်မှာ သူတို့က ပေါက်စီလုံးလေးကို ပြန်ခေါ်လာလိမ့်မည်ဟု တကယ်ကြီး တွေးထားကြတာ ဖြစ်နိုင်သည်။

"ဝမ်ဖေးလေး... "

ဖူဝူထျန်း က ရုတ်တရက်ကြီး လမ်းလျှောက်နေရာမှ ရပ်ပစ်လိုက်သည်။

အန်းကျီယန်သည်လည်း ဇဝေဇဝါနှင့် ရပ်တန့်လိုက်မိ၏။

"ဘာလဲ?"

ဖူဝူထျန်း က ရုတ်ချည်းဆိုသလို ပြုံးပြ၍လာသည်။ ချောမောခန့်ညားလှပါသည့် မျက်နှာထက်တွင် ကြည်လင်ရှင်းသန့်သော အပြုံးတစ်ပွင့် ထွက်ပေါ်လာသည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။ ယင်းမှာ တောက်ပလွန်း၍ လူအများပင် သူတို့မျက်လုံးများကို မဖွင့်နိုင်သကဲ့သို့ ခံစားသွားရပေလိမ့်မည်။ အန်းကျီယန်၏ ဝိညာဥ်သည်ပင် အနည်းငယ် တုန်လှုပ်သွားရ၏။ ဖူဝူထျန်း၏စကားများက အန်းကျီယန်၏ နားထဲသို့ တိုးဝင်သွားသည်။

"ဝမ်ဖေးလေး...ကြည့်ရတာ ဒီမင်းသားက လုံးဝ အသုံးဝင်မနေဘူးပဲ။ နောက်တစ်ခါကျရင် နည်းနည်း အားနည်းတဲ့ပုံ ဟန်ဆောင်ပြီးတော့ပဲ ဖြစ်ဖြစ် ဒီမင်းသားရဲ့ ပုခုံးပေါ်ကို မှီခိုလိုက်ပါလား...အဲ့လို လုပ်မယ်မလားဟင်?"

[T/N - ဘဲကြီးတို့ ချွဲပြီ 🤧]

အန်းကျီယန်၏ နှုတ်ခမ်းထောင့်မှာ ပုံမှန်အတိုင်း မဟုတ်ဘဲ နူးညံ့စွာ တွန့်ကွေးသွားလေ၏။ သူက ဒီလူ့ကို လျစ်လျူရှုရန် ဆုံးဖြတ်လိုက်သည်။ သူက သူ့ရဲ့ပုခုံးကို မလိုအပ်သော်ငြား ဒီလူ့ကိုတော့ လိုအပ်သည်။ ယခု မဟုတ်လျှင်ပင်၊ သူ တကယ့်ကို အကူအညီလိုအပ်လာချိန်တွင် သူက သေချာပေါက် ထိုသူ့အပေါ် ယဥ်ကျေး​နေမည် မဟုတ်ချေ။

"ကျွန်တော့်နောက်က လိုက်ခဲ့"

အန်းကျီယန်က ရုတ်တရက် သူ့လက်ကို ဆွဲကိုင်လိုက်ကာ အခန်းဆီ အလျင်စလိုပင် သွားလိုက်လေသည်။

ဖူဝူထျန်း က သူတို့၏ တွယ်ချိတ်ထားသော လက်များကို ငုံ့ကြည့်လိုက်မိသည်။ သူတို့ ဦးတည်ရာအရပ်မှာ စာကြည့်ခန်းဆီသို့ မဟုတ်ကြောင်းလည်း သူ သတိထားမိလိုက်၏။ နေ့အလင်းရောင် တောက်ပလင်းလက်နေတဲ့အချိန်ကြီးမှာ...သူတို့သွားနေတာက စာကြည့်ခန်းမဟုတ်ဘဲ အိပ်ခန်းတဲ့လား? ဖူဝူထျန်း၏ မျက်နှာထက်တွင် ရုတ်ချည်းဆိုသလို အဓိပ္ပာယ်များဖြင့် ပြည့်နှက်၍လာသည်။

"ဝမ်ဖေးလေး...ဒီမင်းသားကို ဘယ်နေရာကိုများ ခေါ်ဆောင်သွားချင်နေတာလဲ?"

အန်းကျီယန် ထိုသူ့ကို သံသယအကြည့်ဖြင့် ပြန်ကြည့်လိုက်မိသည်။ သူဘာလို့ ဖူဝူထျန်းရဲ့အသံက စိတ်လှုပ်ရှားမှုတွေယှက်သန်းနေတယ်လို့ ခံစားမိနေတာပါလိမ့်?သို့သော် သူက အများကြီး မစဥ်းစားမိဘဲ ပြောလိုက်သည်။

"ခင်ဗျားကိုယ်ခင်ဗျား အသုံးမဝင်သလို ခံစားနေရပါတယ်လို့ ခင်ဗျား မပြောဘူးလား?ကျွန်တော် အခုပဲ ခင်ဗျားကို အသုံးပြုတော့မလို့"

အနှီစကားကို ကြားသည်နှင့် ဖူဝူထျန်း၏ မျက်နှာထက်တွင် သိမ်မွေ့နက်နဲလှသည့် မျှော်လင့်ချက်အကြည့်တစ်ချက် ဖြတ်သန်းသွားလေသည်။

အန်းကျီယန်၏ နှလုံးသားထဲ၌ မရေမရာ မသေချာသလို ခံစားနေရသည်။

ဖူဝူထျန်း၏ ခေါင်းထဲတွင် ဘာတွေးနေသည်ကို သူမသိမြင်နိုင်သည့် အချိန်တိုင်း သူ ဒီခံစားမှုမျိုးကို ခံစားနေရ၏။

[T/N - ခရစ်စမတ် surprise ပါ🙆💕 နောက်ပိုင်းတွေက နှစ်ပိုင်းခွဲထားလို့ ပေါင်းတင်ပေးတော့မှာပါရှင့်... ဒါလေးက ဝမ်းသာစရာတစ်ခုပါပေါ့။ နောက်တစ်ခုကတော့ ဝမ်းနည်းစရာသတင်းပါ...နှစ်ပိုင်းပေါင်းက အရမ်းရှည်သွားမှာရယ်၊ google ကနေ novel update ကို ဝင်ရတာမို့ စာသေးနေတာရယ်၊ မျက်လုံးအားကလည်း အရင်ကလောက် မကောင်းတော့တာရယ်ကြောင့် နှစ်ရက်တစ်ပိုင်းပဲ တင်နိုင်တော့ပါမယ် 🤧။ တကယ်တော့ ကိုယ်လည်း တစ်ရက်ကလေးမှတောင် Readers တွေနဲ့ မခွဲနိုင်ပါဘူးရှင့်။ ဒါကြောင့်မို့ အထိမ်းအမှတ်နေ့တွေဆို နှစ်ပိုင်းတင်ပေးမှာပါ...ကိုယ့်ကို ယုံကြည်ကြမယ်မို့လား?🙆🖤စာလည်းရှည်သွားပြီမို့ ခွင့်လွှတ်ကြပါနော်။ ခရစ်စမတ် လက်ဆောင် မုန့်ဖိုးလေးတွေ ပေးလို့ရတယ်နော် သဲလေးတို့😙 K pay- 09978250763 ကို ပေးလို့ရတယ်နော်ခ🤗 မပေးမနေရ လို့ မပြောဘူးနော်...မပေးလည်း အားလုံးကို ဒီက ချစ်ပြီးသား🙆]

Zawgyi

အပိုင္း (၅၇) - ပုန္းကြယ္ေနသည့္ လုပ္ႀကံသတ္ျဖတ္သူ

မ်က္ေတာင္တစ္ခတ္အတြင္းမွာပင္ အန္းက်ီယန္ အန္းယြမ္စီရင္စုသို႔ ျပန္ေရာက္လာသည္မွာ ခုႏွစ္ရက္ ျပည့္သြားေလၿပီ။

ပုံမွန္အားျဖင့္ သတို႔သမီး က မိဘအိမ္ကို အလည္လာၿပီးေနာက္တြင္ ခင္ပြန္းသည္၏ အိမ္သို႔ ျပန္ရန္ အခ်ိန္က်ေရာက္ေနၿပီ ျဖစ္သည္။ သို႔ေသာ္ ဖူဝူထ်န္း အပါအဝင္ မည္သူကမွ ဒီကိစၥအေပၚ ေမးခြန္းမထုတ္ၾကေပ။ အိမ္ေတာ္ထိန္းဆုမွာမူ ေပ်ာ္လြန္း၍ ဘာမွ မေျပာနိုင္ေပ။ သူက သခင္ေလးကို အန္းမိသားစုအိမ္ေတာ္တြင္ ေနေစဖို႔ရာသာ ဆႏၵရွိေနေပသည္။

ဟုတ္ေပသည္။ အန္းက်ီယန္ ထြက္ခြာသြားဖို႔ရာကို မေစာင့္ဆိုင္းနိုင္ေတာ့သည့္ အခ်ိဳ႕သူမ်ားလည္း ရွိေနေလ၏။

ယင္းမွာ ငါးလပိုင္း တိုင္ေအာင္ ငါးရက္မွ် ၾကာေညာင္းသြားေခ်ၿပီ။

တျခားနည္းျဖင့္ ေျပာရေသာ္ ဖန္က်န္းပင္တို႔လူစုမွာ သူတို႔၏ ကိုယ္ပိုင္ေငြမ်ားအား အသုံးျပဳေနရသည္မွာ ငါးရက္ရွိသြားၿပီ ျဖစ္သည္။

သူတို႔ေလးေယာက္သားမွာ ရွားရွားပါးပါး မိသားစု ထမင္းဝိုင္းတြင္ ေပၚလာေလသည္။

က်န္းပိက တံခါးကို ျဖတ္ေက်ာ္လာေလၿပီး သူမက ေဘး၌ ရပ္ေနသည့္အေစခံမ်ားကို ေအာက္ေျခလြတ္ေနသည့္အသံျဖင့္ ေအာ္ေျပာလိုက္ေလသည္။

"မင္းတို႔ေတြ သြားၿပီးေတာ့ ငါ့အတြက္ စားပြဲတစ္လုံး ဒီေနရာကို ယူလာခဲ့စမ္း။ ဒီေန႕ ငါရယ္၊ ကိုယ္လုပ္ေတာ္ ဖန္နဲ႕ သခင္မေလးႏွစ္ေယာက္လုံး ဒီေနရာမွာ စားလိမ့္မယ္"

စားပြဲ ေ႐ႊ႕ၿပီးခ်ိန္တြင္ေတာ့ သူတို႔က လူမ်ားကို အျပင္ဘက္သို႔ စားစရာဝယ္ရန္ ေစလႊတ္လိုက္၏။ ထို႔ေနာက္ သူတို႔က အစားအေသာက္ကို စားပြဲေပၚရွိ ပန္းကန္ျပားတစ္ခ်ပ္ထဲတြင္ တစ္ခါတည္း ထည့္လိုက္ေလသည္။ အေၾကာင္းမွာ အစားအစာမ်ားကို ခြဲျခားထည့္ရန္ အခ်ိန္ၾကာမည္မို႔ ေရာက္လာစဥ္ကကဲ့သို႔ ပူႏြေးေတာ့မည္ မဟုတ္ေသာေၾကာင့္ ျဖစ္သည္။ သို႔ေသာ္ အစားအေသာက္မ်ားမွာ အထူးေကာင္းမြန္ဟန္ ေပၚေနေပသည္။ ဟင္းလ်ာမ်ားထဲမွ တစ္ခုမွာ အန္းယြမ္စီရင္စု၏ အထိမ္းအမွတ္ဟင္းလ်ာျဖစ္ေသာ ေ႐ႊနီဘဲကင္ ျဖစ္သည္။ ဘဲကင္၏ အျပင္လႊာတစ္ေလွ်ာက္ကို ပ်ားရည္ခ်ိဳခ်ိဳေလးအား ခပ္ပါးပါး သုတ္လိမ္းထားၿပီး အလြန္တရာ အရသာ ေကာင္းမြန္လွသည္ဟု ဆိုနိုင္ေပသည္။ သို႔ေသာ္ ေစ်းႏႈန္းမွာမူ အလြန္တရာ ျမင့္မားလွသည္မို႔ အခ်ိဳ႕ေသာ လယ္သမားမ်ားသာ စားနိုင္ေပသည္။

အမ်ိဳးသမီးမ်ား၏ ထမင္းစား စားပြဲမွာ အန္းက်ီယန္ႏွင့္ ဆန့္က်င္ဘက္တည့္တည့္တြင္ ရွိေနေပ၏။

တစ္ခ်က္ၾကည့္႐ုံႏွင့္ပင္ သူ႕စားပြဲေပၚရွိ အစားအစာမ်ားမွာ ယွဥ္ၾကည့္ဖို႔ရန္ပင္ ေသးႏုပ္ေနေလ၏။

အန္းက်ီယန္ က အစားအေသာက္ အေပၚ အထူးတလည္ ဂ႐ုမစိုက္မိေသာ္ျငား အစာပုံမွန္ စားျခင္းမွေတာ့ ေရွာင္ရွားျခင္း မရွိပါေခ်။ ဒီေန႕ သူက ေပါ့ေပါ့ပါးပါး စားစရာမ်ားကိုသာ စားေသာက္လိုသည္မို႔ စားဖိုမႉးဝမ္ ခ်က္ျပဳတ္ထားသည့္ စားစရာမ်ားမွာ အဆီအစ္မေနပါေပ။

က်န္းပိက ဤသို႔ေသာ တိက်သည့္ သက္ေရာက္မႈမ်ိဳးကို လိုခ်င္ေနသူ ျဖစ္ၿပီး ႐ုတ္ခ်ည္းဆိုသလို ဘဝင္ခိုက္စြာ ၿပဳံးလိုက္၏။

"အိုက္ယား...က်ီယန္...မင္း ဒီေန႕ ဘာျဖစ္လို႔ အရသာမရွိတဲ့ဟာေတြ စားေနရတာလဲ? အန္းမိသားစု မွာ စားလို႔ေကာင္းတဲ့ဟာ မရွိေတာ့လို႔လား?တတိယအေမက မင္းကို အစားအေသာက္နည္းနည္း ခြဲေပးဖို႔ လိုေနေသးလား?"

"အေမ...အေမ ဘာေတြေျပာေနတာလဲ? သူ႕ရဲ႕ ခႏၶာကိုယ္ က ဒီေလာက္ အဖိုးတန္ေနတာ...သူက ရိုးရိုးလက္ဖက္ရည္နဲ႕ ရိုးရိုးအစားအစာပဲ စားသင့္တာေပါ့"

အန္းခယ့္ရွင္း က ႏွာေခါင္းရႈံ႕သံျဖင့္ ေျပာလိုက္၏။

"အိုး...ဟုတ္သားပဲ။ ငါ့ရဲ႕ ႏုံခ်ာခ်ာ ဦးႏွောက္ကိုပဲ အျပစ္တင္ရမယ္။ ငါ ဒါကို ေမ့ေတာ့မလို႔... "

က်န္းပိက သူမေခါင္းကို အလွ်င္အျမန္ ပုတ္လိုက္ေလသည္။ ထို႔ေနာက္ သူမက အန္းက်ီယန္ ကို ၿပဳံးျပကာ ေျပာလိုက္၏။

"အိုက္ယား...က်ီယန္...တတိယအေမက မင္းကို စားဖို႔ မေမးေတာ့ဘူးေနာ္။ မင္း ဒါကိုစားၿပီး မင္းရဲ႕ ခႏၶာကိုယ္က ေဒါသထြက္လာရင္ တတိယအေမက အျပစ္သား ျဖစ္သြားမွာေပါ့ေလ။ တတိယအေမက အျပစ္သားျဖစ္သြားမယ့္ ကိစၥမ်ိဳးကိုေတာ့ ေတာင့္မခံနိုင္ဘူးေလကြယ္"

ဖူဝူထ်န္း က အန္းက်ီယန္ ကို ေျပာမိေလေတာ့သည္။

"သူတို႔က အၿမဲတမ္း ဒီလိုပဲ ဆူညံေနၾကတာလား?"

အမူအရာေျပာင္းလဲမသြားပါဘဲ အန္းက်ီယန္ က အစိမ္းေရာင္ အသီးအ႐ြက္ေၾကာ္တစ္ဖတ္ကို ေကာက္ယူလိုက္၏။ သူက ယင္းကို စားလိုက္ၿပီးေနာက္ ျပန္ေျဖလိုက္ေလသည္။

"ခင္ဗ်ား သိသြားၿပီပဲ"

ဒီတစ္ေခါက္မွာ သူ ထိုသူတို႔ႏွင့္ ပထမဆုံးအႀကိမ္ ထမင္းအတူစားျခင္း မဟုတ္ပါေပ။ သူ ဒီကမၻာသို႔ ပထမဆုံးအႀကိမ္ ေရာက္လာသည့္ေန႕က သူတို႔သည္ က်ီးကန္းမ်ားထက္ပင္ ပိုမိုဆူညံေနေသး၏။ ထိုအခ်ိန္က ဝမ္ခ်င္းလန္သည္လည္း ရွိေနေပသည္။ သူတို႔ သုံးေယာက္သား၏ ပါးစပ္မ်ားမွာ သူ႕နားထဲတြင္ေတာ့ ဘဲေပါင္း တစ္ေထာင္ တကြပ္ကြပ္ ျမည္ေနသကဲ့သို႔ပါပင္။

ဖူဝူထ်န္း၏ မ်က္ဝန္းထဲ၌ အၿပဳံးရိပ္ေရာင္ ယွက္သန္းသြား၏။

"ဇနီးေလးအဖို႔ ခက္ခဲခဲ့မွာပဲ"

အန္းက်ီယန္ က ေခါင္းၿငိမ့္ျပ၏။

"ဒါက ေတာ္ေတာ္ေလး ခက္ခဲတယ္"

သူတို႔ႏွင့္ ဆန့္က်င္ဘက္တြင္ ထိုင္ေနေလသည့္ ဝမ္ခ်င္းလန္၏ မ်က္ႏွာအမူအရာမွာ ေတာင့္တင္းသြားေလသည္။ က်န္းပိတို႔လူစု ထြက္လာၿပီး စားရန္ ျပင္ဆင္ထားေၾကာင္း သူမ သိေလၿပီး၊ ထို႔ေၾကာင့္ပင္ သူမသည္လည္း ဒီေန႕ သူတို႔ႏွင့္အတူ ထြက္လာစားရျခင္း ျဖစ္သည္။ မူလရည္႐ြယ္ခ်က္မွာ ပြဲၾကည့္ရန္ ျဖစ္ေသာ္ျငား သူမ မေမွ်ာ္လင့္မိသည္က ပြဲက စတင္ေနၿပီ ျဖစ္ၿပီး သူမသည္လည္း သူတို႔ႏွင့္ အမွတ္မထင္ မသိမသာ ေရာေထြးသြားျခင္း ျဖစ္၏။ ယင္းကို သူမ ဘာတစ္ခုမွ မေျပာနိုင္ခဲ့ေခ်။

ဝမ္ခ်င္းလန္က ေခါင္းစဥ္ကို ေျပာင္းလဲလိုက္ေလၿပီး ေျပာလိုက္၏။

"က်ီယန္...တကယ္ေတာ့ စတုတၳအေမက အၿမဲတမ္း ေမးခ်င္ေနခဲ့တာ...က်ီမင္က မင္းနဲ႕ ဘာေၾကာင့္ ျပန္မလာတာလဲ?သူက ငါးလသားအ႐ြယ္ေလးပဲ ရွိေနပါေသးတယ္။ သူ႕ကို သူစိမ္းေတြလက္ထဲမွာ ေစာင့္ေရွာက္ခိုင္းခဲ့တာ အကုန္ အဆင္ေျပပါ့မလား? သူ႕မွာသာ တစ္ခုခုျဖစ္ခဲ့ရင္ ကူညီဖို႔အတြက္ အလွမ္းေဝးေနလိမ့္မယ္။ သူ႕ကို ဘာျဖစ္လို႔ ငါတို႔ဆီ ေခၚမလာခဲ့တာလဲ?"

အန္းက်ီယန္က ေခါင္းကို ပင့္ေမာ့လိုက္ေလၿပီး သူမကို တစ္ခ်က္ၾကည့္လိုက္ေလသည္။

မသက္မသာျဖစ္မႈတစ္ခု ဝမ္ခ်င္းလန္၏ မ်က္ႏွာထက္တြင္ ျဖတ္သန္းသြား၏။ သူ႕မ်က္ဝန္းထဲတြင္ ကြယ္ဝွက္ထားသည့္ သြယ္ဝိုက္မႈတစ္ခု ရွိေနသည္ဟု သူမ အၿမဲခံစားေနရ၏။ သူမက အႏွီခံစားခ်က္ ေလ်ာ့ပါးသြားေစရန္ တစ္ခုခု ေျပာလိုက္ခ်င္ေသာ္ျငား အန္းက်ီယန္ က ေပါ့ေပါ့ပါးပါးပင္ သူ႕အၾကည့္ကို အေဝးသို႔ ေ႐ႊ႕ေျပာင္းသြားေလ၏။

"မလိုပါဘူး။ ကြၽန္ေတာ္တို႔ သူ႕ကိုသာ ေခၚလာခဲ့ရင္...ကြၽန္ေတာ္ ပိုၿပီးေတာင္ ေသာကေရာက္ေနရလိမ့္မယ္"

ဝမ္ခ်င္းလန္ က သူ႕စကားထဲမွ သြယ္ဝွက္ထားသည္မ်ားကို မၾကားမိေလဘဲ မသိစိတ္၏ ေစ့ေဆာ္မႈအတိုင္း ေျပာလိုက္ေလသည္။

"ဘာအေၾကာင္းမ်ား စိုးရိမ္စရာ ရွိေနလို႔လဲ?မင္းမွာ အခ်ိန္မရွိဘူးဆိုရင္လည္း စတုတၳအေမက ကူညီေပးမွာေပါ့"

ေနာက္ဆုံးစကားသည္သာ သူမ၏ တကယ့္ရည္႐ြယ္ခ်က္ ျဖစ္ေပ၏။

ကေလးတစ္ေယာက္မွာ စာ႐ြက္ျဖဴတစ္စႏွယ္ ျဖစ္သည္။ သူမေဘးတြင္ သူ႕ကို ထားရွိျခင္းျဖင့္ သူ႕ရဲ႕အေတြးမ်ားကို သူမက အလြယ္တကူ လႊမ္းမိုးထားနိုင္ေပလိမ့္မည္။ က်ီမင့္ကိုသာ သူမ၏ ဂ႐ုစိုက္မႈေအာက္တြင္ ထားနိုင္လွ်င္ ၊ သူမ၏ အက်ီလက္ထဲတြင္ ဝွက္ဖဲတစ္ခု ရွိသြားေပလိမ့္မည္။ အန္းက်ီယန္ က လက္ထပ္ၿပီးသြားၿပီမို႔ အနာဂတ္တြင္ အန္းမိသားစုကို အန္းက်ီမင္ကသာ ေသခ်ာေပါက္ အေမြဆက္ခံရမည္ ျဖစ္သည္။

သူမ၏ စကားမ်ားက ဖန္က်န္းပင္ႏွင့္က်န္းပိ တို႔၏ ႏွလုံးသားမ်ားကို လႈပ္ခါသြားေစသည္။

ဝမ္ခ်င္းလန္ ဘာကို ႀကံစည္ေနသည္အား ဦးႏွောက္ ရွိသည့္လူတိုင္း ခန့္မွန္းနိုင္ေပလိမ့္မည္။

သို႔ေသာ္ ထိုမွ် ရိုးရွင္းနိုင္ပါ့မည္ေလာ...။ အန္းက်ီယန္ က အန္းက်ီမင္ကို ဂ႐ုစိုက္ေပးဖို႔ရန္ သူမဆီ ေပးလိမ့္မည္ဟု သူတို႔ မထင္ပါေပ။ အန္းက်ီမင္ က ေယာက်္ားေလး ျဖစ္သည္ဆိုသည့္အခ်က္ကို ေမ့ထား၍ မိန္းကေလးျဖစ္ေနသည္ဆိုလွ်င္ပင္ ျဖစ္နိုင္စြမ္းမရွိေခ်။ ဝမ္ခ်င္းလန္၏ အေတြးမ်ားမွာ သံသယမရွိစြာပင္ ႐ူးသြပ္လြန္းလွ၏။

အန္းက်ီယန္၏ မထူးျခားနားသည့္ အၾကည့္က သူတို႔သုံးေယာက္လုံး၏ မ်က္ႏွာမ်ားဆီ ျဖတ္သန္းသြားၿပီး ႐ုတ္ခ်ည္းဆိုသလို ေျပာလိုက္ေလသည္။

"မလိုဘူး။ ကြၽန္ေတာ့္ရဲ႕ညီေလးကို အနာဂတ္မွာ ႏွင္းေတာထဲ လဲက်ၿပီး ေသလုေမ်ာပါး ျဖစ္သြားမွာမ်ိဳးကို မျမင္ခ်င္လို႔"

သုံးေယာက္သား၏ မ်က္ႏွာမ်ားမွာ ေအးခဲသြားရၿပီး အထူးသျဖင့္ ဝမ္ခ်င္းလန္ ျဖစ္သည္။

အရွက္တကြဲ ျဖစ္သြားရသည္မို႔ ဝမ္ခ်င္းလန္ မွာ ေဒါသထြက္သြားေတာ့၏။ သူမ၏ လွပသည့္မ်က္ဝန္းတို႔မွာ ပန္းကန္ျပားႏွယ္ ျပဴးက်ယ္လာေလၿပီး ေျပာလိုက္သည္။

"ဒါက ဘာစကားလဲ?ငါက က်ီမင့္ကို ထိခိုက္ေအာင္ လုပ္မွာ ျဖစ္နိုင္လို႔လား? ကေလးတစ္ေယာက္ကို အသာထား...ငါက လူတစ္ေယာက္ရဲ႕ ဘဝကိုေတာင္ ထိခိုက္ေအာင္ မလုပ္နိုင္ဘူး။ မင္းက ဆႏၵရွိမေနမွေတာ့ ငါ့မွာ ဘာမွ ေျပာစရာမရွိေတာ့ပါဘူး။ ဒီမနက္စာကိုလည္း မင္းတို႔ဟာ မင္းတို႔ပဲ စားလိုက္ၾကပါေတာ့"

စကားေျပာၿပီးသည္ႏွင့္ သူမက ေဒါသအျပည့္ျဖင့္ ျပန္သြားေလေတာ့၏။

သူမထြက္သြားသည္ႏွင့္ က်န္ေလးေယာက္မွာ တည္ၿငိမ္သြားၾကသည္။

မူလက သူ႕ကို စကားလုံးမ်ားျဖင့္ သြားဆြထားေသာ က်န္းပိမွာ မေမွ်ာ္လင့္စြာႏွင့္ အန္းက်ီယန္ ကို က်ယ္က်ယ္ေအာ္ၿပီး စိန္ေခၚျခင္းမ်ိဳး မရွိေတာ့ေခ်။ သူမက အစကေနအဆုံးထိ ပါးစပ္တစ္ခ်က္မွ မဖြင့္ခဲ့သည့္ ဖန္က်န္းပင္ ကဲ့သို႔ တိတ္ဆိတ္သြားေလ၏။

အန္းက်ီယန္ႏွင့္ဖူဝူထ်န္း တို႔မွာ အစားစားရာတြင္ တကယ့္ကို လွ်င္ျမန္ၾကသူမ်ား ျဖစ္သည္။ သူတို႔က စားေသာက္ၿပီးသြားၿပီး မၾကာမီမွာပင္ အခန္းထဲမွ အတူတကြ ေဘးခ်င္းယွဥ္ၿပီး ထြက္လာခဲ့ၾက၏။

သူတို႔ ထမင္းစားခန္းမဆီမွ လုံေလာက္သည့္ အကြာအေဝးသို႔ ေရာက္သည္ႏွင့္ ဖူဝူထ်န္း က အဓိပၸာယ္ နက္ရွိုင္းလွေသာ စကားတစ္ခ်ိဳ႕ကို ေျပာလာေလ၏။

"ဝမ္ေဖးေလး...မင္းလိုခ်င္တဲ့ အေျဖကို ရွာေတြ႕ၿပီလား?"

အန္းက်ီယန္ က အနည္းငယ္ အံ့ၾသသြားေသာ္ျငား သူက ခ်က္ခ်င္းပင္ နားလည္လိုက္ေလသည္။ ေမွ်ာ္လင့္ထားသည့္အတိုင္း သူက ဒီလူ႕ဆီမွ ဘာကိုမွ် ဖုံးကြယ္ထား၍ မရေပ။ အႏွီလွ်ို႔ဝွက္ခ်က္မွအပ ဖူဝူထ်န္း မသိသည့္အရာ ဘာမွ မရွိမည္ကို သူ စိုးရိမ္ေနမိ၏။ သူက ရိုးရိုးစင္းစင္းပင္ ျပန္ေျဖလိုက္သည္။

"လက္ရွိမွာေတာ့ ကြၽန္ေတာ္ ဘာ ခ်ိဳ႕ယြင္းခ်က္မွ မေတြ႕ေသးဘူး။ ဘယ္သူ လုပ္ပါတယ္လို႔ အတိအက် သတ္မွတ္ဖို႔က မျဖစ္နိုင္ဘူးေလ"

ယင္းမွာ သူေမွ်ာ္လင့္ထားသည္ထက္ ေက်ာ္လြန္ေနေခ်၏။ တစ္ဖက္လူမွာ ပိတ္ဆို႔ဖုံးကြယ္ရာတြင္ အလြန္ေတာ္ဟန္ ရသည္။ သူတစ္ခ်က္ လႈပ္ရွား႐ုံႏွင့္ တစ္ဖက္က ေၾကာက္႐ြံ႕သြားၿပီး လိပ္ခြံထဲသို႔ ျပန္ဝင္ပုန္းသြားဟန္ ရသည္။ သူ မစုံစမ္း မစစ္ေဆးသည္လည္း မဟုတ္ပါေပ။ အျဖစ္အပ်က္ အၿပီးတြင္ သူ ထိုေန႕က အန္းက်ီယန္ႏွင့္ ေတြ႕ဆုံလိုက္သည့္ အေစခံအားလုံးကို စစ္ေဆးေမးျမန္းခဲ့သည္။ သို႔ေသာ္ ဘယ္သူကမွ ထိုအခ်ိန္က အေျခအေန ကို ရွင္းရွင္းလင္းလင္း မေျပာျပနိုင္သလို မည္သူကမွလည္း လိမ္ညာ မေနပါေခ်။ ထို႔ေနာက္ သူက စုံစမ္းစစ္ေဆးသည့္ ဦးတည္ရာကို ေျပာင္းလဲလိုက္ၿပီး ကိုယ္လုပ္ေတာ္မ်ားႏွင့္ သခင္မေလးမ်ား ကို စတင္ စစ္ေဆးၾကည့္လိုက္၏။ အက်ိဳးဆက္အေနျဖင့္ တစ္ေယာက္စီတိုင္းမွာ သံသယရွိစရာ ေကာင္းေနေပ၏။

ဖူဝူထ်န္း က ေျပာလိုက္ေလ၏။

"ဇနီးေလးက ဒီမင္းသားရဲ႕ အကူအညီကို လိုေသးလား?"

အန္းက်ီယန္ က ေရွ႕တူ႐ူဆီသို႔သာ ေအးစိမ့္စိမ့္စိုက္ၾကည့္လိုက္ေလၿပီး...

"မလိုပါဘူး။ ကြၽန္ေတာ္ကိုယ္တိုင္ အေမွာင္ထဲမွ ပုန္းေနတဲ့ လူသတ္သမားကို ရွာမွာ"

သူတို႔က အရိပ္ထဲတြင္ မည္မွ် နက္နက္ရွိုင္းရွိုင္း ပုန္းကြယ္ေနပါေစ၊ သူတို႔က အန္းမိသားစုအား တစ္စုံတစ္ရာ ႀကံစည္ရန္ ႀကိဳးစားေနသေ႐ြ႕ သူတို႔ကိုယ္သူတို႔ ေဖာ္ထုတ္ရမည့္ေန႕ေတာ့ ေရာက္လာလိမ့္မည္ ျဖစ္သည္။ သို႔ေသာ္ ျဖစ္ေကာင္းျဖစ္နိုင္သည္မွာ သူတို႔က ေပါက္စီလုံးေလးကို ျပန္ေခၚလာလိမ့္မည္ဟု တကယ္ႀကီး ေတြးထားၾကတာ ျဖစ္နိုင္သည္။

"ဝမ္ေဖးေလး... "

ဖူဝူထ်န္း က ႐ုတ္တရက္ႀကီး လမ္းေလွ်ာက္ေနရာမွ ရပ္ပစ္လိုက္သည္။

အန္းက်ီယန္သည္လည္း ဇေဝဇဝါႏွင့္ ရပ္တန့္လိုက္မိ၏။

"ဘာလဲ?"

ဖူဝူထ်န္း က ႐ုတ္ခ်ည္းဆိုသလို ၿပဳံးျပ၍လာသည္။ ေခ်ာေမာခန့္ညားလွပါသည့္ မ်က္ႏွာထက္တြင္ ၾကည္လင္ရွင္းသန့္ေသာ အၿပဳံးတစ္ပြင့္ ထြက္ေပၚလာသည္မွာ ပထမဆုံးအႀကိမ္ ျဖစ္သည္။ ယင္းမွာ ေတာက္ပလြန္း၍ လူအမ်ားပင္ သူတို႔မ်က္လုံးမ်ားကို မဖြင့္နိုင္သကဲ့သို႔ ခံစားသြားရေပလိမ့္မည္။ အန္းက်ီယန္၏ ဝိညာဥ္သည္ပင္ အနည္းငယ္ တုန္လႈပ္သြားရ၏။ ဖူဝူထ်န္း၏စကားမ်ားက အန္းက်ီယန္၏ နားထဲသို႔ တိုးဝင္သြားသည္။

"ဝမ္ေဖးေလး...ၾကည့္ရတာ ဒီမင္းသားက လုံးဝ အသုံးဝင္မေနဘူးပဲ။ ေနာက္တစ္ခါက်ရင္ နည္းနည္း အားနည္းတဲ့ပုံ ဟန္ေဆာင္ၿပီးေတာ့ပဲ ျဖစ္ျဖစ္ ဒီမင္းသားရဲ႕ ပုခုံးေပၚကို မွီခိုလိုက္ပါလား...အဲ့လို လုပ္မယ္မလားဟင္?"

[T/N - ဘဲႀကီးတို႔ ခြၽဲၿပီ ]

အန္းက်ီယန္၏ ႏႈတ္ခမ္းေထာင့္မွာ ပုံမွန္အတိုင္း မဟုတ္ဘဲ ႏူးညံ့စြာ တြန့္ေကြးသြားေလ၏။ သူက ဒီလူ႕ကို လ်စ္လ်ဴရႈရန္ ဆုံးျဖတ္လိုက္သည္။ သူက သူ႕ရဲ႕ပုခုံးကို မလိုအပ္ေသာ္ျငား ဒီလူ႕ကိုေတာ့ လိုအပ္သည္။ ယခု မဟုတ္လွ်င္ပင္၊ သူ တကယ့္ကို အကူအညီလိုအပ္လာခ်ိန္တြင္ သူက ေသခ်ာေပါက္ ထိုသူ႕အေပၚ ယဥ္ေက်းေနမည္ မဟုတ္ေခ်။

"ကြၽန္ေတာ့္ေနာက္က လိုက္ခဲ့"

အန္းက်ီယန္က ႐ုတ္တရက္ သူ႕လက္ကို ဆြဲကိုင္လိုက္ကာ အခန္းဆီ အလ်င္စလိုပင္ သြားလိုက္ေလသည္။

ဖူဝူထ်န္း က သူတို႔၏ တြယ္ခ်ိတ္ထားေသာ လက္မ်ားကို ငုံ႕ၾကည့္လိုက္မိသည္။ သူတို႔ ဦးတည္ရာအရပ္မွာ စာၾကည့္ခန္းဆီသို႔ မဟုတ္ေၾကာင္းလည္း သူ သတိထားမိလိုက္၏။ ေန႕အလင္းေရာင္ ေတာက္ပလင္းလက္ေနတဲ့အခ်ိန္ႀကီးမွာ...သူတို႔သြားေနတာက စာၾကည့္ခန္းမဟုတ္ဘဲ အိပ္ခန္းတဲ့လား? ဖူဝူထ်န္း၏ မ်က္ႏွာထက္တြင္ ႐ုတ္ခ်ည္းဆိုသလို အဓိပၸာယ္မ်ားျဖင့္ ျပည့္ႏွက္၍လာသည္။

"ဝမ္ေဖးေလး...ဒီမင္းသားကို ဘယ္ေနရာကိုမ်ား ေခၚေဆာင္သြားခ်င္ေနတာလဲ?"

အန္းက်ီယန္ ထိုသူ႕ကို သံသယအၾကည့္ျဖင့္ ျပန္ၾကည့္လိုက္မိသည္။ သူဘာလို႔ ဖူဝူထ်န္းရဲ႕အသံက စိတ္လႈပ္ရွားမႈေတြယွက္သန္းေနတယ္လို႔ ခံစားမိေနတာပါလိမ့္?သို႔ေသာ္ သူက အမ်ားႀကီး မစဥ္းစားမိဘဲ ေျပာလိုက္သည္။

"ခင္ဗ်ားကိုယ္ခင္ဗ်ား အသုံးမဝင္သလို ခံစားေနရပါတယ္လို႔ ခင္ဗ်ား မေျပာဘူးလား?ကြၽန္ေတာ္ အခုပဲ ခင္ဗ်ားကို အသုံးျပဳေတာ့မလို႔"

အႏွီစကားကို ၾကားသည္ႏွင့္ ဖူဝူထ်န္း၏ မ်က္ႏွာထက္တြင္ သိမ္ေမြ႕နက္နဲလွသည့္ ေမွ်ာ္လင့္ခ်က္အၾကည့္တစ္ခ်က္ ျဖတ္သန္းသြားေလသည္။

အန္းက်ီယန္၏ ႏွလုံးသားထဲ၌ မေရမရာ မေသခ်ာသလို ခံစားေနရသည္။

ဖူဝူထ်န္း၏ ေခါင္းထဲတြင္ ဘာေတြးေနသည္ကို သူမသိျမင္နိုင္သည့္ အခ်ိန္တိုင္း သူ ဒီခံစားမႈမ်ိဳးကို ခံစားေနရ၏။

[T/N - ခရစ္စမတ္ surprise ပါ🙆💕 ေနာက္ပိုင္းေတြက ႏွစ္ပိုင္းခြဲထားလို႔ ေပါင္းတင္ေပးေတာ့မွာပါရွင့္... ဒါေလးက ဝမ္းသာစရာတစ္ခုပါေပါ့။ ေနာက္တစ္ခုကေတာ့ ဝမ္းနည္းစရာသတင္းပါ...ႏွစ္ပိုင္းေပါင္းက အရမ္းရွည္သြားမွာရယ္၊ google ကေန novel update ကို ဝင္ရတာမို႔ စာေသးေနတာရယ္၊ မ်က္လုံးအားကလည္း အရင္ကေလာက္ မေကာင္းေတာ့တာရယ္ေၾကာင့္ ႏွစ္ရက္တစ္ပိုင္းပဲ တင္နိုင္ေတာ့ပါမယ္ ။ တကယ္ေတာ့ ကိုယ္လည္း တစ္ရက္ကေလးမွေတာင္ Readers ေတြနဲ႕ မခြဲနိုင္ပါဘူးရွင့္။ ဒါေၾကာင့္မို႔ အထိမ္းအမွတ္ေန႕ေတြဆို ႏွစ္ပိုင္းတင္ေပးမွာပါ...ကိုယ့္ကို ယုံၾကည္ၾကမယ္မို႔လား?🙆🖤 စာလည္းရွည္သြားၿပီမို႔ ခြင့္လႊတ္ၾကပါေနာ္။ ခရစ္စမတ္ လက္ေဆာင္ မုန့္ဖိုးေလးေတြ ေပးလို႔ရတယ္ေနာ္ သဲေလးတို႔😙 K pay- 09978250763 ကို ေပးလို႔ရတယ္ေနာ္ခ🤗 မေပးမေနရ လို႔ မေျပာဘူးေနာ္...မေပးလည္း အားလုံးကို ဒီက ခ်စ္ၿပီးသား🙆]

Continue Reading

You'll Also Like

531K 33.4K 122
A girl named Drishti falls into the era of Mahabharata and everything in her life goes upside down. Read to find out about Drishti's adventures in t...
24.5K 682 21
⋇⋆✦⋆⋇ ʜᴇʟʟᴏ!! Emi-san/chan here~✨🤭👹 𝘌𝘮𝘰𝘫𝘪 𝘐 𝘶𝘴𝘦 𝘢𝘴 𝘢 𝘴𝘪𝘨𝘯 𝘵𝘩𝘢𝘵 𝘪𝘵'𝘴 𝘮𝘦𝘩: 👹- DEMON/SIGN OF ME GOING CRAZY OR ABOUT TO BEA...
6M 470K 95
Sitting on the bed, I was waiting for my husband to arrive. It was our wedding Night. I rolled my toes as the visuals of him slowly touching my cheek...
253K 40.4K 67
I Became A Virtuous Wife And Loving Mother In Another Cultivation World ##start from chapter 199 **I'm just translate this and I don't own anything**