ကုန်းမြေကြီး၏ အရှင်သခင်ဝမ်ဖေး...

Hululu61 द्वारा

348K 58K 2.4K

အရင် accထဲဝင်မရတော့လို့ Book ခွဲလိုက်ပါပြီ 🙆 ဒါက အပိုင်း ၁ ကနေ ဖတ်လို့ရတဲ့ Linkပါ🖤 https://my.w.tt/7FVYRdnw... अधिक

အပိုင်း (၄၁) - အတူတူအိပ်ခြင်း
အပိုင်း (၄၁) - အိပ်ရာမျှဝေခြင်း (CENSOR)
အပိုင်း (၄၂.၁) - ကူဖော်လောင်ဖက်
အပိုင်း (၄၂.၂) - ကူဖော်လောင်ဖက်(WARNING)
အပိုင်း (၄၃) - ကိုယ် မြင်လိုက်တယ်
အပိုင်း (၄၄) - မနက်စာ
အပိုင်း (၄၅) - တော်ဝင်မိသားစု သဘောထား
အပိုင်း (၄၆) - ဇနီးလေးရဲ့ ညီငယ်သေးသေးလေး
အပိုင်း (၄၇) - လယ်သမားများ
အပိုင်း (၄၈) - အန်းမိသားစုသို့ အပြန်
အပိုင်း (၄၉.၁) - သတို့သမီး မိဘအိမ် ပထမဆုံးပြန်ချိန် အကျပ်အတည်း
အပိုင်း (၄၉.၂) - သတို့သမီး မိဘအိမ် ပထမဆုံးပြန်ချိန် အကျပ်အတည်း
အပိုင်း (၅၀) - ခြိမ်းခြောက်ဖို့ရန်
အပိုင်း (၅၁) - တန်ပြန်အစီအစဥ်
အပိုင်း (၅၂) - အလုံးစုံ ထိန်းချုပ်ခြင်း
အပိုင်း (၅၃) - စားနပ်ရိက္ခာ သိုလှောင်ခြင်း
အပိုင်း (၅၄) - အစားအစာ ရရှိဖို့ရန်
အပိုင်း (၅၅) - မွှေးပျံ့ကော့လန်သည့် ဆန်(ပေါ်ဆန်းမွှေး)
အပိုင်း (၅၇) - ပုန်းကွယ်နေသည့် လုပ်ကြံသတ်ဖြတ်သူ
အပိုင်း (၅၈) - လျှော်ပင်နှင့် ပင်လယ်တားမြစ်ချက်
အပိုင်း (၅၉) - ပိုးပန်းသူ
အပိုင်း (၆၀) - အန်းချောင်၏ စိတ်ဓာတ်ကြံ့ခိုင်မှု
အပိုင်း (၆၁.၁) - မမြင်ရသော လွှမ်းမိုးနိုင်စွမ်း
အပိုင်း (၆၁.၂) - မမြင်ရသော လွှမ်းမိုးနိုင်စွမ်း
အပိုင်း (၆၂.၁) - တိုးတက်မှု
အပိုင်း (၆၂.၂) - တိုးတက်မှု
အပိုင်း (၆၃.၁) - စာရင်းစာအုပ်
အပိုင်း (၆၃.၂) - စာရင်းစာအုပ်
အပိုင်း (၆၄.၁) - ဖူဝူထျန်း ၏ စွမ်းအား
အပိုင်း (၆၄.၂) - ဖူဝူထျန်း၏ စွမ်းအား
အပိုင်း (၆၅.၁) - ညဘက် ဝန်းရံတိုက်ခိုက်မှု
အပိုင်း (၆၅.၂) - ညဘက်ဝန်းရံတိုက်ခိုက်မှု
အပိုင်း (၆၆.၁) - ခေါင်းဖြတ်ကွပ်မျက်ခြင်း
အပိုင်း (၆၆.၂) - ခေါင်းဖြတ်ကွပ်မျက်ခြင်း
အပိုင်း (၆၇.၁) - အငြင်းပွားမှုအား စာရင်းရှင်းခြင်း
အပိုင်း (၆၇.၂) - အငြင်းပွားမှုအား စာရင်းရှင်းခြင်း
အပိုင်း (၆၈.၁) - တိုက်ဆိုင်မှု
အပိုင်း (၆၈.၂) - တိုက်ဆိုင်မှု
Attention Plz
အပိုင်း (၆၉.၁) - ရူးဟန်ဆောင်ခြင်း
အပိုင်း (၆၉.၂) - ရူးဟန်ဆောင်ခြင်း
အပိုင်း (၇၀.၁) - လက်ထပ်ပေးခြင်း
အပိုင်း (၇၀.၂) - လက်ထပ်ပေးခြင်း
အပိုင်း (၇၁) - ဉာဏ်ပူဇော်ခ
အပိုင်း (၇၂) - စစ်ကြောမေးမြန်းခြင်း
အပိုင်း (၇၃) - စစ်ကြောမေးမြန်းခြင်းနှင့် စိတ်အား ထက်သန်မှု
အပိုင်း (၇၄.၁) - သာမန်လူများနှင့် ခြားနားသော[Warning!🔞]
အပိုင်း (၇၄.၂) - သာမန်လူများနှင့် ခြားနားသော
အပိုင်း(၇၅.၁) - ကူညီရန်
အပိုင်း (၇၅.၂) - ကူညီရန်
အပိုင်း (၇၆.၁) - လင်မယားနှစ်ယောက်သား အလည်အပတ်ရောက်လာခြင်း
အပိုင်း (၇၆.၂) - လင်မယားနှစ်ယောက်သား အလည်အပတ်ရောက်လာခြင်း
အပိုင်း (၇၇) - စီရင်ချက်
အပိုင်း (၇၈) - အန်းနန်းဆောင်
အပိုင်း (၇၉.၁) - အပြစ်ပေးခြင်း
အပိုင်း (၇၉.၂) - အပြစ်ပေးခြင်း
အပိုင်း (၈၀.၁) - ကိုယ်လုပ်တော် ရွေးချယ်ပွဲနှင့် စာပို့ခို
အပိုင်း (၈၀.၂) - ကိုယ်လုပ်တော် ရွေးချယ်ပွဲနှင့် စာပို့ခို
အပိုင်း (၈၁.၁) - လောင်းကစားရုံ
အပိုင်း (၈၁.၂) - လောင်းကစားရုံ
အပိုင်း (၈၂.၁) - ရက်စက်သော ပြိုင်ပွဲ
အပိုင်း (၈၂.၂) - ရက်စက်သော ပြိုင်ပွဲ
!!!

အပိုင်း (၅၆) - သက်သေခံ အထောက်အထား

5.2K 1.1K 34
Hululu61 द्वारा

Unicode

မကြာမီမှာပင် အန်းချန်တိ၏ဘက်မှ လှုပ်ရှားမှုရှိလာလေသည်။

ဒီတစ်ခါတွင် ချင်ရွယ်ဟော့ အပြင် လူနှစ်ယောက် အပိုပါလာသည်။ သူတို့အားလုံးမှာ ကျင်းကျုံးထင်၏ ယုံကြည်ရသော နောက်လိုက်များ ဖြစ်သည်။

စာထဲတွင် အန်းချန်တိ ရေးသားထားခဲ့သည်က သူ့အနေဖြင့် တဖက်လူမှာ စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်မျှသာ ဖြစ်သည် ဟု သေချာလှကြောင်း ပါပင်။ သို့သော် သူတို့က လုံးဝ စိတ်မအေးနိုင်သေးသည်မို့ နောက်တစ်ဖန် စုံစမ်းစစ်ဆေးရန် အဆင်သင့် ဖြစ်နေကြလေပြီ။ ကျင်းကျုံးထင်မှာ အရာရှိ ဖြစ်သော်လည်း အန်းမိသားစု ကို ချက်ချင်း အရေးယူပစ်ရန်မှာတော့ မဖြစ်နိုင်ပါပေ။

ယခုဆိုလျှင် အန်းယွမ်စီရင်စုရှိ အန်းမိသားစု၏ ဂုဏ်သတင်း မှာ စီရင်စုအောက်တရားသူကြီး ကျန်းထက် လျော့နည်းမနေတော့ချေ။

"ပြီးခဲ့တဲ့ရက်တွေတုန်းက...အန်းမိသားစု ထဲမှာ ဘာပြောင်းလဲမှုတွေ ရှိလဲ?"

ချင်ရွယ်ဟော့က တံခါးမှ ဝင်လာသည်နှင့် ဘာမပြောညာမပြော ခန်းမ၏ အဓိကထိုင်ခုံထက်တွင် ဝင်ထိုင်လိုက်သည်။ ဘာတစ်ခုမှ မှားယွင်းမနေသည့်နှယ် အိမ်၏ သခင်နေရာကို အခန့်သား ဝင်ထိုင်နေခြင်းပင်။

အန်းချန်တိ မှာ တစ်ဖက်လူ ကျေနပ်နှစ်သိမ့်ဖို့ရာအတွက် ဖားယားခြင်းဖြင့် အလုပ်ရှုပ်နေသည်မို့ ထိုအပြုအမူကို ဆန့်ကျင်လိမ့်မည် မဟုတ်ချေ။

အန်းချန်တိ က ချက်ချင်းပင် သူကြားခဲ့ရသည့်အတိုင်း တင်ပြလာလေသည်။

"ချင်တာ့ရန်...မိသားစုထဲမှာ ကြီးကြီးမားမား ပြောင်းလဲသွားတာ မရှိပါဘူး။ ပြောရမယ်ဆိုရင် တစ်ခုတည်း ရှိပါတယ်။ သိပ်မကြာခင်ကဆို အန်းယွမ်စီရင်စုက လူတွေက အန်းမိသားစုရဲ့ ဆန်စပါးတွေကို ချေးငှားလိုက်ကြတယ်။ ဒါကြောင့်မိုလို့ မနေ့က သူတို့ အပြင်ထွက်ပြီး ဆန်စပါးအမြောက်အမြားကို ဝယ်ကြတယ်"

"ငါ သိသလောက်တော့ အန်းယွမ်စီရင်စုရဲ့ တစ်ချို့ ဆန်စပါး လယ်ယာတွေက ရင့်မှည့်ကာနီးနေပါပြီ။ အခုချိန်မှာ ဆန်စပါးတွေကို အမြောက်အမြား စုဆောင်းနေရတဲ့ တခြားရည်ရွယ်ချက်များ ရှိနေမလား?"

ချင်ရွယ်ဟော့ လည်း ထိုအကြောင်းကို ကြားပြီးသော်ငြား သူက ပိုမို တွေးတောဆင်ခြင်တတ်ပေသည်။

အန်းချန်တိ က ခဏမျှတွေးတောလိုက်လေပြီး...

"ဒါ မဖြစ်နိုင်ဘူး။ ဒီတစ်ခေါက်ကျတဲ့နှင်းကြောင့် ပျက်စီးသွားတဲ့နေရာတွေက ခါတိုင်းထက် များတယ်။ စပါးနှံရင့်မှည့်ချိန်ဆိုရင်တောင် အန်းမိသားစု က ဆန်စပါး များများစားစား မရနိုင်လောက်ဘူး"

ချင်ရွယ်ဟော့က ခေါင်းငြိမ့်ကာ ရှင်းပြမှုကို လက်ခံလိုက်သည်။

အန်းချန်တိက မျက်နှာလိုမျက်နှာရ ပြုံးလိုက်ပြီး မေးလိုက်လေ၏။

"ဒီတော့...ချင်တာ့ရန်... အန်းမိသားစု ကို ပစ်မှတ်ထားဖို့ ခင်ဗျား ဘယ်ချိန် အဆင်သင့် ဖြစ်မှာလဲ?"

ချင်ရွယ်ဟော့က သူ့ကို မထီမဲ့မြင့်အကြည့်တစ်ခု ပစ်လွှတ်လိုက်၏။

"အန်းယွမ်စီရင်စုက လူတွေက အန်းမိသားစုကို မနှစ်သက်ကြဘူး။ ခင်ဗျား အရင်က ပြောခဲ့တဲ့ ဒီနည်းလမ်းက အသုံးမဝင်တော့ဘူး။ ငါတို့က အန်းမိသားစု ကို အပိုင်စီးဖို့အတွက် နည်းလမ်းဟောင်းကို အသုံးပြုလို့လည်း မရဘူး။ အန်းကျီယန်ကလည်း အန်းမိသားစုကို ခဏတဖြုတ် လာကြည့်ရုံပဲမို့ ငါတို့ ပြဿနာရှာလို့ရမယ့် ဘယ်လိုအားနည်းချက်မျိုးမှလည်း ထွက်ပေါ်မလာသေးဘူး။ ဒီတော့ ငါတို့ အန်းချန်ဖူဘက်ကနေ စတင်ရမယ်"

"အမ်" အန်းချန်တိမှာ ကြက်သေသေသွားရ၏။

"ဒါပေမဲ့ အန်းချန်ဖူ က သေသွားပြီ မဟုတ်ဘူးလား?"

ချင်ရွယ်ဟော့က စိတ်မရှည်သလို ပြောလိုက်၏။

"သူက သေသွားပြီ...ဒါပေမဲ့ အတိတ်တုန်း သူလုပ်ခဲ့တဲ့ ပြစ်မှုတွေအတွက် သက်သေအထောက်အထား ရှိနေဦးမှာပဲ။ အဲ့ဒီ သက်သေသာ ရှိနေရင် အစိုးရအနေနဲ့ အဲ့ဒီထောင့်ကနေ တိုက်ခိုက်ဖို့ လွယ်ကူသွားပြီ"

အန်းချန်ဖူမှာ ရိုးသားသည့် စီးပွားရေးလုပ်ငန်းရှင် တစ်ယောက် မဟုတ်ပါပေ။ အတိတ်တုန်းက သူသည် ဥပဒေနှင့် မညီညွတ်သည့် ကိစ္စများစွာကို ကျူးလွန်ခဲ့မိပေလိမ့်မည်။ ထိုနည်းလမ်းမှာ အန်းမိသားစုကို တမင်သက်သက် ထောင်ဖမ်းရန် ကြိုးပမ်းနေခြင်းထက် များစွာ အသုံးဝင်ပေသည်။ ဒီအချိန်တွင် ကျွင်းကျီမြို့မှ လူက ကြားဝင်ခဲ့မည်ဆိုလျှင်ပင် နည်းလမ်းမရှိပါချေ။ တာ့ယာပြည်၏ ဥပဒေကို မည်သူကမျှ မဆန့်ကျင်နိုင်သည်မို့ သူကလည်း အမျိုးသားဇနီးနှင့် အရှုပ်အထွေးထဲတွင် သူ့ကိုယ်သူ တိုးဝင်ချင်လိမ့်မည် မဟုတ်ချေ။

"ဒါက အရမ်းကောင်းတဲ့ နည်းလမ်းပဲ"

အန်းချန်တိ က ယင်းကို တွေးကြည့်လိုက်ပြီးနောက်တွင်တော့ နက်နက်ရှိုင်းရှိုင်း နားလည်သွားလေ၏။

အန်းကျီယန် ကို တိုက်ရိုက်ပစ်မှတ်ထားရန် နည်းလမ်းမရှိသော်လည်း အန်းမိသားစု၏ ချမ်းသာကြွယ်ဝမှုတို့မှာ တရားနည်းလမ်းမကျစွာ ရရှိထားခြင်း ဖြစ်သည်။ ထို့ကြောင့် အစိုးရက အန်းမိသားစု၏ ပိုင်ဆိုင်မှုများကို နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းယူနိုင်ပေသည်။

သူ ပိုပြီး တွေးတောမိလေ...ပိုပြီး စိတ်လှုပ်ရှားလာလေ ဖြစ်သည်။ သူ လုံးဝမေ့လျော့နေမိသည်က အန်းမိသားစု၏ ချမ်းသာကြွယ်ဝမှုများကို အစိုးရကသာ သိမ်းယူလိုက်လျှင် သူ့ကဲ့သို့ မည်သူကမျှ အနှီပစ္စည်းဥစ္စာများ၏ တစွန်းတစကိုပင် အိတ်ကပ်ထဲထည့်ပြီး ယူဆောင်ဖို့ရာ မဖြစ်နိုင်တော့ကြောင်း ကို ဖြစ်သည်။ သူက ကျားတစ်ကောင်နှင့် ကစားနေခြင်းပင် ဖြစ်၏။

ချင်ရွယ်ဟော့မှာ အန်းချန်တိ၏ စိတ်လှုပ်ရှားနေသော မျက်နှာကို ကြည့်လိုက်ချိန်၌ သူ့မျက်လုံးထဲတွင် လှောင်ပြောင်ရိပ်များဖြင့် ပြည့်နှက်သွားသည်။ ဒီလူသည်ကား ရှုကိုင်*တစ်ယောက်မျှသာ ဖြစ်ပေ၏။ သို့သော် အန်းချန်တိမှာ ယင်းကို လုံးဝ သတိမထားမိချေ။

[T/N -* - စီရင်စုအဆင့် နန်းတွင်းစာမေးပွဲအောင်မြင်ထားသည့်သူ]

အိမ်ထဲတွင် ရှိနေသူများ၏ အကြံအစည်များမှာ ခြားနား၍နေသည်။ အိမ် အပြင်ဘက်တွင်တော့ ပြောသမျှ စကားအားလုံးကို ဂရုတစိုက် မှတ်မိနေသူတစ်ယောက်တော့ ရှိနေပေသည်။

သူ ပုန်းနေသည့်နေရာဆီသို့ ဦးတည်လာသည့် ခြေလှမ်းများ၏အသံကို ကြားလိုက်ချိန်မှာတော့ အနှီလူက အလျှင်အမြန် ထွက်ခွာသွားလေပြီဖြစ်သည်။

.....

အိမ်တော်ထိန်းဆုက စာကြည့်ခန်းထဲသို့ ဝင်လာလေသည်။ မကြာခဏ စာကြည့်ခန်းထဲ၌ ရောက်နေတတ်သော ဖူဝူထျန်း မှာ ဒီတစ်ကြိမ်တွင်တော့ မရှိချေ။ စာကြည့်ခန်းမှာ တိတ်ဆိတ်နေချေ၏။ အန်းကျီယန် တစ်ယောက်တည်းသာ စားပွဲရှေ့ထိုင်ပြီး အစီအစဥ် တစ်ခုကို ရေးဆွဲနေလေသည်။

"သခင်လေး...အားရဲ့ဆီက သတင်းတစ်ခု ထပ်ရလာပါပြီ"

[T/N - အားယဲ့ က ရှောင်ရဲ့လေးပါ😗]

အန်းကျီယန်က စာရေးနေရင်းမှ ကြည့်လိုက်၏။

"အခြေအနေ ဘယ်လိုလဲ? "

"သူတို့က အရင်သခင်ရဲ့ ပြစ်မှုတွေအတွက် သက်သေအထောက်အထား တွေကို ပြန်ဖော်ချင်နေတယ်"

အိမ်တော်ထိန်းဆု၏ မျက်နှာအမူအရာ မှာ အနည်းငယ် ရှုပ်ထွေးလို့နေသည်။ သူက အရင်သခင်၏ နောက်သို့ နှစ်ပေါင်းများစွာ လိုက်ပါခဲ့ပြီး အယုံကြည်ရဆုံးသောသူလည်း ဖြစ်ခဲ့၏။ ထို့ကြောင့်ပင် သူက အရင်သခင် ပြုမူသမျှအားလုံးကို ကောင်းကောင်းကြီး သိရှိနေခဲ့သည်။ တစ်ဖက်ကသာ သက်သေအထောက်အထား ကို တူးဖော်ရန် စီစဥ်ထားပါလျှင် အန်းမိသားစုမှာ တကယ့်ကို ထိခိုက်နစ်နာပေလိမ့်မည်။

အန်းကျီယန်က တိတ်ဆိတ်သွားပြီးနောက် ဘာစကားမှ မပြောတော့ချေ။

သခင်လေးမှာ မိသားစုအတွင်း သေချာသည့်ကိစ္စများကို နားမလည်သေးကြောင်း အိမ်တော်ထိန်းဆု သိပေသည်။ အန်းကျီယန် နားလည်မှုလွဲသွားမည်ကို စိုးရိမ်မိသည်မို့ သူက ရှင်းပြလိုက်၏။

"သခင်လေး...အတိတ်တုန်းက သခင်ကြီးက တရားဥပဒေနဲ့ မညီတဲ့ ကိစ္စရပ်တွေကို တကယ်ကျူးလွန်ခဲ့ပါတယ်။ ဒါပေမဲ့ မိသားစုကို ပျက်စီးသွားစေနိုင်တဲ့ အဆင့်ထိတော့ လုံးဝ မရောက်ပါဘူး။ ကျုပ် ဒီအချက်ကိုတော့ အာမခံနိုင်ပါတယ်။ ကျုပ် စိုးရိမ်နေမိတာက တစ်ဖက်ကနေ သက်သေအထောက်အထားကို လိမ်လည်လှည့်ဖြားလိုက်ရင် ကိစ္စတွေက ထိန်းချုပ်မှုအောက်ကနေ လွတ်ထွက်သွားမှာကိုပါပဲ"

"ကျွန်တော် နားလည်ပြီ...အတိတ်ကို ပြန်ဖော်နေဖို့က အသုံးမဝင်ဘူး"

သခင်လေးမှာ တကယ့်ကို အတိတ်နဲ့ပတ်သတ်ပြီး စိုးရိမ်ပူပန်မနေကြောင်း အိမ်တော်ထိန်းဆု တွေးလိုက်မိပြီးနောက် မေးလိုက်မိ၏။

"ဒါဆို...ကျုပ်တို့ နောက်ထပ် ဘာဆက်လုပ်ကြမှာလဲ?"

အန်းကျီယန် က သူ့ရဲ့ စုတ်တံကို စားပွဲထိပ်ဖျားနှင့် အသာတို့ထိလိုက်လေပြီး သူက ပြောလိုက်သည်။

"ဘယ်လို သက်သေမျိုးပဲ ဖြစ်ဖြစ် ၊ အန်းမိသားစုအတွက် ကောင်းကျိုးမရှိဘူး။ ကျွန်တော်တို့က သူတို့ကို အန်းမိသားစုကို ပစ်မှတ်ထားနိုင်သွားမယ့် ဘယ်လို အခွင့်အလမ်းမျိုးမှ ပေးလို့မဖြစ်ဘူး"

မိသားစု၏ အတွင်းရေးအရှုပ်အထွေးများသည်ပင် ဖြေရှင်းမပြီးသေးချေ။ သူက ဒုက္ခပြဿနာများကို ပို၍ပင် လိုချင်မနေပါပေ။

"ဒါဆိုရင် ကျုပ် အားရဲ့ကို သူတို့နောက် ဆက်လိုက်ခိုင်းထားပြီး သူတို့တွေ့သမျှ သက်သေတိုင်းကို အလစ်သုတ်ခိုင်းလိုက်ရမလား?"

"မဆီလျော်လိုက်တာ!"

အန်းကျီယန် က သူ့ခေါင်းကို ခါယမ်းလိုက်လေပြီး...

"ဒီကိစ္စက အရမ်းအရေးကြီးတယ်။ ကျွန်တော်တို့ အနေနဲ့ အားရဲ့ကို ယုံလို့ရလား မရဘူးလား ဆိုတာကို မသိရသေးဘူး။ ကျွန်တော်တို့ ဒီကိစ္စအတွက် ပိုပြီး ယုံကြည်ရမယ့်သူကို ရှာရမယ်။ ဒါ့အပြင် သူက သိုင်းပညာလည်း တတ်မြောက်ရမယ်"

အိမ်တော်ထိန်းဆု က ချက်ချင်းဆိုသလို သင့်တော်သည့် စွမ်းရည်ရှိသူအား စဥ်းစားမိသွားသည်။

ထိုအချိန်၌ ဖူဝူထျန်း၏ ပေါ့ပေါ့ပါးပါး ပုံရိပ်က အထဲသို့ ဝင်လာလေ၏။

သခင်နှင့်အစေခံ နှစ်ယောက်သား၏ မျက်ဝန်းများမှာ သူ့ဘက်သို့ လှည့်၍ ကြည့်လာလေ၏။

ဖူဝူထျန်းက အံ့သြမသွားပါချေ။ သူက သူတို့၏ စကားများကို အပြင်ဘက်ကနေ ကြားခဲ့ပြီးပြီ ဖြစ်သည်။

"ဝမ်ဖေးလေးက ဒီမင်းသားကို အရမ်းကာရော ယုံကြည်နေပြီဆိုမှတော့...ကြည့်ရတာ ဝမ်ဖေးလေးရဲ့ ယုံကြည်မှုကို သက်သေထူဖို့အတွက် ဒီမင်းသားက ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်ပေးရမယ် ထင်ပါရဲ့"

အန်းကျီယန်၏ နှုတ်ခမ်းထောင့်လေးက အနည်းငယ် ကွေးတက်သွားသည်။

"ဝမ်ရယ်...ကျွန်တော်က ဝမ်ရယ့်ရဲ့ နောက်လိုက်ထဲက တစ်ယောက်လောက်ကို ငှားချင်ရုံလေးပါ"

သူ့အနေနဲ့ မင်းသားတစ်ပါးကို ငှားရမ်းဖို့ရာ မတတ်နိုင်ပါချေ။

ဖူဝူထျန်း က သက်ပြင်းချလိုက်၏။

"သနားစရာကောင်းလိုက်တာ..."

အန်းကျီယန်၏ မျက်နှာထက်၌ မည်သည့်အမူအရာကိုမှ မဖော်ပြလာပေ။

"ဘာမှ သနားစရာ ရှိမနေဘူး!"

"...ဝမ်ဖေးလေးက အကြင်နာမဲ့လိုက်တာကွာ"

"ခင်ဗျားရဲ့ ချီးကျူးမှုအတွက် ကျေးဇူးပဲ "

Zawgyi

အပိုင္း (၅၆) - သက္ေသခံ အေထာက္အထား

မၾကာမီမွာပင္ အန္းခ်န္တိ၏ဘက္မွ လႈပ္ရွားမႈရွိလာေလသည္။

ဒီတစ္ခါတြင္ ခ်င္႐ြယ္ေဟာ့ အျပင္ လူႏွစ္ေယာက္ အပိုပါလာသည္။ သူတို႔အားလုံးမွာ က်င္းက်ဳံးထင္၏ ယုံၾကည္ရေသာ ေနာက္လိုက္မ်ား ျဖစ္သည္။

စာထဲတြင္ အန္းခ်န္တိ ေရးသားထားခဲ့သည္က သူ႕အေနျဖင့္ တဖက္လူမွာ စီးပြားေရးလုပ္ငန္းရွင္ တစ္ေယာက္မွ်သာ ျဖစ္သည္ ဟု ေသခ်ာလွေၾကာင္း ပါပင္။ သို႔ေသာ္ သူတို႔က လုံးဝ စိတ္မေအးနိုင္ေသးသည္မို႔ ေနာက္တစ္ဖန္ စုံစမ္းစစ္ေဆးရန္ အဆင္သင့္ ျဖစ္ေနၾကေလၿပီ။ က်င္းက်ဳံးထင္မွာ အရာရွိ ျဖစ္ေသာ္လည္း အန္းမိသားစု ကို ခ်က္ခ်င္း အေရးယူပစ္ရန္မွာေတာ့ မျဖစ္နိုင္ပါေပ။

ယခုဆိုလွ်င္ အန္းယြမ္စီရင္စုရွိ အန္းမိသားစု၏ ဂုဏ္သတင္း မွာ စီရင္စုေအာက္တရားသူႀကီး က်န္းထက္ ေလ်ာ့နည္းမေနေတာ့ေခ်။

"ၿပီးခဲ့တဲ့ရက္ေတြတုန္းက...အန္းမိသားစု ထဲမွာ ဘာေျပာင္းလဲမႈေတြ ရွိလဲ?"

ခ်င္႐ြယ္ေဟာ့က တံခါးမွ ဝင္လာသည္ႏွင့္ ဘာမေျပာညာမေျပာ ခန္းမ၏ အဓိကထိုင္ခုံထက္တြင္ ဝင္ထိုင္လိုက္သည္။ ဘာတစ္ခုမွ မွားယြင္းမေနသည့္ႏွယ္ အိမ္၏ သခင္ေနရာကို အခန့္သား ဝင္ထိုင္ေနျခင္းပင္။

အန္းခ်န္တိ မွာ တစ္ဖက္လူ ေက်နပ္ႏွစ္သိမ့္ဖို႔ရာအတြက္ ဖားယားျခင္းျဖင့္ အလုပ္ရႈပ္ေနသည္မို႔ ထိုအျပဳအမူကို ဆန့္က်င္လိမ့္မည္ မဟုတ္ေခ်။

အန္းခ်န္တိ က ခ်က္ခ်င္းပင္ သူၾကားခဲ့ရသည့္အတိုင္း တင္ျပလာေလသည္။

"ခ်င္တာ့ရန္...မိသားစုထဲမွာ ႀကီးႀကီးမားမား ေျပာင္းလဲသြားတာ မရွိပါဘူး။ ေျပာရမယ္ဆိုရင္ တစ္ခုတည္း ရွိပါတယ္။ သိပ္မၾကာခင္ကဆို အန္းယြမ္စီရင္စုက လူေတြက အန္းမိသားစုရဲ႕ ဆန္စပါးေတြကို ေခ်းငွားလိုက္ၾကတယ္။ ဒါေၾကာင့္မိုလို႔ မေန႕က သူတို႔ အျပင္ထြက္ၿပီး ဆန္စပါးအေျမာက္အျမားကို ဝယ္ၾကတယ္"

"ငါ သိသေလာက္ေတာ့ အန္းယြမ္စီရင္စုရဲ႕ တစ္ခ်ိဳ႕ ဆန္စပါး လယ္ယာေတြက ရင့္မွည့္ကာနီးေနပါၿပီ။ အခုခ်ိန္မွာ ဆန္စပါးေတြကို အေျမာက္အျမား စုေဆာင္းေနရတဲ့ တျခားရည္႐ြယ္ခ်က္မ်ား ရွိေနမလား?"

ခ်င္႐ြယ္ေဟာ့ လည္း ထိုအေၾကာင္းကို ၾကားၿပီးေသာ္ျငား သူက ပိုမို ေတြးေတာဆင္ျခင္တတ္ေပသည္။

အန္းခ်န္တိ က ခဏမွ်ေတြးေတာလိုက္ေလၿပီး...

"ဒါ မျဖစ္နိုင္ဘူး။ ဒီတစ္ေခါက္က်တဲ့ႏွင္းေၾကာင့္ ပ်က္စီးသြားတဲ့ေနရာေတြက ခါတိုင္းထက္ မ်ားတယ္။ စပါးႏွံရင့္မွည့္ခ်ိန္ဆိုရင္ေတာင္ အန္းမိသားစု က ဆန္စပါး မ်ားမ်ားစားစား မရနိုင္ေလာက္ဘူး"

ခ်င္႐ြယ္ေဟာ့က ေခါင္းၿငိမ့္ကာ ရွင္းျပမႈကို လက္ခံလိုက္သည္။

အန္းခ်န္တိက မ်က္ႏွာလိုမ်က္ႏွာရ ၿပဳံးလိုက္ၿပီး ေမးလိုက္ေလ၏။

"ဒီေတာ့...ခ်င္တာ့ရန္... အန္းမိသားစု ကို ပစ္မွတ္ထားဖို႔ ခင္ဗ်ား ဘယ္ခ်ိန္ အဆင္သင့္ ျဖစ္မွာလဲ?"

ခ်င္႐ြယ္ေဟာ့က သူ႕ကို မထီမဲ့ျမင့္အၾကည့္တစ္ခု ပစ္လႊတ္လိုက္၏။

"အန္းယြမ္စီရင္စုက လူေတြက အန္းမိသားစုကို မႏွစ္သက္ၾကဘူး။ ခင္ဗ်ား အရင္က ေျပာခဲ့တဲ့ ဒီနည္းလမ္းက အသုံးမဝင္ေတာ့ဘူး။ ငါတို႔က အန္းမိသားစု ကို အပိုင္စီးဖို႔အတြက္ နည္းလမ္းေဟာင္းကို အသုံးျပဳလို႔လည္း မရဘူး။ အန္းက်ီယန္ကလည္း အန္းမိသားစုကို ခဏတျဖဳတ္ လာၾကည့္႐ုံပဲမို႔ ငါတို႔ ျပႆနာရွာလို႔ရမယ့္ ဘယ္လိုအားနည္းခ်က္မ်ိဳးမွလည္း ထြက္ေပၚမလာေသးဘူး။ ဒီေတာ့ ငါတို႔ အန္းခ်န္ဖူဘက္ကေန စတင္ရမယ္"

"အမ္" အန္းခ်န္တိမွာ ၾကက္ေသေသသြားရ၏။

"ဒါေပမဲ့ အန္းခ်န္ဖူ က ေသသြားၿပီ မဟုတ္ဘူးလား?"

ခ်င္႐ြယ္ေဟာ့က စိတ္မရွည္သလို ေျပာလိုက္၏။

"သူက ေသသြားၿပီ...ဒါေပမဲ့ အတိတ္တုန္း သူလုပ္ခဲ့တဲ့ ျပစ္မႈေတြအတြက္ သက္ေသအေထာက္အထား ရွိေနဦးမွာပဲ။ အဲ့ဒီ သက္ေသသာ ရွိေနရင္ အစိုးရအေနနဲ႕ အဲ့ဒီေထာင့္ကေန တိုက္ခိုက္ဖို႔ လြယ္ကူသြားၿပီ"

အန္းခ်န္ဖူမွာ ရိုးသားသည့္ စီးပြားေရးလုပ္ငန္းရွင္ တစ္ေယာက္ မဟုတ္ပါေပ။ အတိတ္တုန္းက သူသည္ ဥပေဒႏွင့္ မညီၫြတ္သည့္ ကိစၥမ်ားစြာကို က်ဴးလြန္ခဲ့မိေပလိမ့္မည္။ ထိုနည္းလမ္းမွာ အန္းမိသားစုကို တမင္သက္သက္ ေထာင္ဖမ္းရန္ ႀကိဳးပမ္းေနျခင္းထက္ မ်ားစြာ အသုံးဝင္ေပသည္။ ဒီအခ်ိန္တြင္ ကြၽင္းက်ီၿမိဳ႕မွ လူက ၾကားဝင္ခဲ့မည္ဆိုလွ်င္ပင္ နည္းလမ္းမရွိပါေခ်။ တာ့ယာျပည္၏ ဥပေဒကို မည္သူကမွ် မဆန့္က်င္နိုင္သည္မို႔ သူကလည္း အမ်ိဳးသားဇနီးႏွင့္ အရႈပ္အေထြးထဲတြင္ သူ႕ကိုယ္သူ တိုးဝင္ခ်င္လိမ့္မည္ မဟုတ္ေခ်။

"ဒါက အရမ္းေကာင္းတဲ့ နည္းလမ္းပဲ"

အန္းခ်န္တိ က ယင္းကို ေတြးၾကည့္လိုက္ၿပီးေနာက္တြင္ေတာ့ နက္နက္ရွိုင္းရွိုင္း နားလည္သြားေလ၏။

အန္းက်ီယန္ ကို တိုက္ရိုက္ပစ္မွတ္ထားရန္ နည္းလမ္းမရွိေသာ္လည္း အန္းမိသားစု၏ ခ်မ္းသာႂကြယ္ဝမႈတို႔မွာ တရားနည္းလမ္းမက်စြာ ရရွိထားျခင္း ျဖစ္သည္။ ထို႔ေၾကာင့္ အစိုးရက အန္းမိသားစု၏ ပိုင္ဆိုင္မႈမ်ားကို နိုင္ငံ့ဘ႑ာအျဖစ္ သိမ္းယူနိုင္ေပသည္။

သူ ပိုၿပီး ေတြးေတာမိေလ...ပိုၿပီး စိတ္လႈပ္ရွားလာေလ ျဖစ္သည္။ သူ လုံးဝေမ့ေလ်ာ့ေနမိသည္က အန္းမိသားစု၏ ခ်မ္းသာႂကြယ္ဝမႈမ်ားကို အစိုးရကသာ သိမ္းယူလိုက္လွ်င္ သူ႕ကဲ့သို႔ မည္သူကမွ် အႏွီပစၥည္းဥစၥာမ်ား၏ တစြန္းတစကိုပင္ အိတ္ကပ္ထဲထည့္ၿပီး ယူေဆာင္ဖို႔ရာ မျဖစ္နိုင္ေတာ့ေၾကာင္း ကို ျဖစ္သည္။ သူက က်ားတစ္ေကာင္ႏွင့္ ကစားေနျခင္းပင္ ျဖစ္၏။

ခ်င္႐ြယ္ေဟာ့မွာ အန္းခ်န္တိ၏ စိတ္လႈပ္ရွားေနေသာ မ်က္ႏွာကို ၾကည့္လိုက္ခ်ိန္၌ သူ႕မ်က္လုံးထဲတြင္ ေလွာင္ေျပာင္ရိပ္မ်ားျဖင့္ ျပည့္ႏွက္သြားသည္။ ဒီလူသည္ကား ရႈကိုင္*တစ္ေယာက္မွ်သာ ျဖစ္ေပ၏။ သို႔ေသာ္ အန္းခ်န္တိမွာ ယင္းကို လုံးဝ သတိမထားမိေခ်။

[T/N -* - စီရင္စုအဆင့္ နန္းတြင္းစာေမးပြဲေအာင္ျမင္ထားသည့္သူ]

အိမ္ထဲတြင္ ရွိေနသူမ်ား၏ အႀကံအစည္မ်ားမွာ ျခားနား၍ေနသည္။ အိမ္ အျပင္ဘက္တြင္ေတာ့ ေျပာသမွ် စကားအားလုံးကို ဂ႐ုတစိုက္ မွတ္မိေနသူတစ္ေယာက္ေတာ့ ရွိေနေပသည္။

သူ ပုန္းေနသည့္ေနရာဆီသို႔ ဦးတည္လာသည့္ ေျခလွမ္းမ်ား၏အသံကို ၾကားလိုက္ခ်ိန္မွာေတာ့ အႏွီလူက အလွ်င္အျမန္ ထြက္ခြာသြားေလၿပီျဖစ္သည္။

.....

အိမ္ေတာ္ထိန္းဆုက စာၾကည့္ခန္းထဲသို႔ ဝင္လာေလသည္။ မၾကာခဏ စာၾကည့္ခန္းထဲ၌ ေရာက္ေနတတ္ေသာ ဖူဝူထ်န္း မွာ ဒီတစ္ႀကိမ္တြင္ေတာ့ မရွိေခ်။ စာၾကည့္ခန္းမွာ တိတ္ဆိတ္ေနေခ်၏။ အန္းက်ီယန္ တစ္ေယာက္တည္းသာ စားပြဲေရွ႕ထိုင္ၿပီး အစီအစဥ္ တစ္ခုကို ေရးဆြဲေနေလသည္။

"သခင္ေလး...အားရဲ႕ဆီက သတင္းတစ္ခု ထပ္ရလာပါၿပီ"

[T/N - အားယဲ့ က ေရွာင္ရဲ႕ေလးပါ😗]

အန္းက်ီယန္က စာေရးေနရင္းမွ ၾကည့္လိုက္၏။

"အေျခအေန ဘယ္လိုလဲ? "

"သူတို႔က အရင္သခင္ရဲ႕ ျပစ္မႈေတြအတြက္ သက္ေသအေထာက္အထား ေတြကို ျပန္ေဖာ္ခ်င္ေနတယ္"

အိမ္ေတာ္ထိန္းဆု၏ မ်က္ႏွာအမူအရာ မွာ အနည္းငယ္ ရႈပ္ေထြးလို႔ေနသည္။ သူက အရင္သခင္၏ ေနာက္သို႔ ႏွစ္ေပါင္းမ်ားစြာ လိုက္ပါခဲ့ၿပီး အယုံၾကည္ရဆုံးေသာသူလည္း ျဖစ္ခဲ့၏။ ထို႔ေၾကာင့္ပင္ သူက အရင္သခင္ ျပဳမူသမွ်အားလုံးကို ေကာင္းေကာင္းႀကီး သိရွိေနခဲ့သည္။ တစ္ဖက္ကသာ သက္ေသအေထာက္အထား ကို တူးေဖာ္ရန္ စီစဥ္ထားပါလွ်င္ အန္းမိသားစုမွာ တကယ့္ကို ထိခိုက္နစ္နာေပလိမ့္မည္။

အန္းက်ီယန္က တိတ္ဆိတ္သြားၿပီးေနာက္ ဘာစကားမွ မေျပာေတာ့ေခ်။

သခင္ေလးမွာ မိသားစုအတြင္း ေသခ်ာသည့္ကိစၥမ်ားကို နားမလည္ေသးေၾကာင္း အိမ္ေတာ္ထိန္းဆု သိေပသည္။ အန္းက်ီယန္ နားလည္မႈလြဲသြားမည္ကို စိုးရိမ္မိသည္မို႔ သူက ရွင္းျပလိုက္၏။

"သခင္ေလး...အတိတ္တုန္းက သခင္ႀကီးက တရားဥပေဒနဲ႕ မညီတဲ့ ကိစၥရပ္ေတြကို တကယ္က်ဴးလြန္ခဲ့ပါတယ္။ ဒါေပမဲ့ မိသားစုကို ပ်က္စီးသြားေစနိုင္တဲ့ အဆင့္ထိေတာ့ လုံးဝ မေရာက္ပါဘူး။ က်ဳပ္ ဒီအခ်က္ကိုေတာ့ အာမခံနိုင္ပါတယ္။ က်ဳပ္ စိုးရိမ္ေနမိတာက တစ္ဖက္ကေန သက္ေသအေထာက္အထားကို လိမ္လည္လွည့္ျဖားလိုက္ရင္ ကိစၥေတြက ထိန္းခ်ဳပ္မႈေအာက္ကေန လြတ္ထြက္သြားမွာကိုပါပဲ"

"ကြၽန္ေတာ္ နားလည္ၿပီ...အတိတ္ကို ျပန္ေဖာ္ေနဖို႔က အသုံးမဝင္ဘူး"

သခင္ေလးမွာ တကယ့္ကို အတိတ္နဲ႕ပတ္သတ္ၿပီး စိုးရိမ္ပူပန္မေနေၾကာင္း အိမ္ေတာ္ထိန္းဆု ေတြးလိုက္မိၿပီးေနာက္ ေမးလိုက္မိ၏။

"ဒါဆို...က်ဳပ္တို႔ ေနာက္ထပ္ ဘာဆက္လုပ္ၾကမွာလဲ?"

အန္းက်ီယန္ က သူ႕ရဲ႕ စုတ္တံကို စားပြဲထိပ္ဖ်ားႏွင့္ အသာတို႔ထိလိုက္ေလၿပီး သူက ေျပာလိုက္သည္။

"ဘယ္လို သက္ေသမ်ိဳးပဲ ျဖစ္ျဖစ္ ၊ အန္းမိသားစုအတြက္ ေကာင္းက်ိဳးမရွိဘူး။ ကြၽန္ေတာ္တို႔က သူတို႔ကို အန္းမိသားစုကို ပစ္မွတ္ထားနိုင္သြားမယ့္ ဘယ္လို အခြင့္အလမ္းမ်ိဳးမွ ေပးလို႔မျဖစ္ဘူး"

မိသားစု၏ အတြင္းေရးအရႈပ္အေထြးမ်ားသည္ပင္ ေျဖရွင္းမၿပီးေသးေခ်။ သူက ဒုကၡျပႆနာမ်ားကို ပို၍ပင္ လိုခ်င္မေနပါေပ။

"ဒါဆိုရင္ က်ဳပ္ အားရဲ႕ကို သူတို႔ေနာက္ ဆက္လိုက္ခိုင္းထားၿပီး သူတို႔ေတြ႕သမွ် သက္ေသတိုင္းကို အလစ္သုတ္ခိုင္းလိုက္ရမလား?"

"မဆီေလ်ာ္လိုက္တာ!"

အန္းက်ီယန္ က သူ႕ေခါင္းကို ခါယမ္းလိုက္ေလၿပီး...

"ဒီကိစၥက အရမ္းအေရးႀကီးတယ္။ ကြၽန္ေတာ္တို႔ အေနနဲ႕ အားရဲ႕ကို ယုံလို႔ရလား မရဘူးလား ဆိုတာကို မသိရေသးဘူး။ ကြၽန္ေတာ္တို႔ ဒီကိစၥအတြက္ ပိုၿပီး ယုံၾကည္ရမယ့္သူကို ရွာရမယ္။ ဒါ့အျပင္ သူက သိုင္းပညာလည္း တတ္ေျမာက္ရမယ္"

အိမ္ေတာ္ထိန္းဆု က ခ်က္ခ်င္းဆိုသလို သင့္ေတာ္သည့္ စြမ္းရည္ရွိသူအား စဥ္းစားမိသြားသည္။

ထိုအခ်ိန္၌ ဖူဝူထ်န္း၏ ေပါ့ေပါ့ပါးပါး ပုံရိပ္က အထဲသို႔ ဝင္လာေလ၏။

သခင္ႏွင့္အေစခံ ႏွစ္ေယာက္သား၏ မ်က္ဝန္းမ်ားမွာ သူ႕ဘက္သို႔ လွည့္၍ ၾကည့္လာေလ၏။

ဖူဝူထ်န္းက အံ့ၾသမသြားပါေခ်။ သူက သူတို႔၏ စကားမ်ားကို အျပင္ဘက္ကေန ၾကားခဲ့ၿပီးၿပီ ျဖစ္သည္။

"ဝမ္ေဖးေလးက ဒီမင္းသားကို အရမ္းကာေရာ ယုံၾကည္ေနၿပီဆိုမွေတာ့...ၾကည့္ရတာ ဝမ္ေဖးေလးရဲ႕ ယုံၾကည္မႈကို သက္ေသထူဖို႔အတြက္ ဒီမင္းသားက ကိုယ္တိုင္ကိုယ္က် ေဆာင္႐ြက္ေပးရမယ္ ထင္ပါရဲ႕"

အန္းက်ီယန္၏ ႏႈတ္ခမ္းေထာင့္ေလးက အနည္းငယ္ ေကြးတက္သြားသည္။

"ဝမ္ရယ္...ကြၽန္ေတာ္က ဝမ္ရယ့္ရဲ႕ ေနာက္လိုက္ထဲက တစ္ေယာက္ေလာက္ကို ငွားခ်င္႐ုံေလးပါ"

သူ႕အေနနဲ႕ မင္းသားတစ္ပါးကို ငွားရမ္းဖို႔ရာ မတတ္နိုင္ပါေခ်။

ဖူဝူထ်န္း က သက္ျပင္းခ်လိဳက္၏။

"သနားစရာေကာင္းလိုက္တာ..."

အန္းက်ီယန္၏ မ်က္ႏွာထက္၌ မည္သည့္အမူအရာကိုမွ မေဖာ္ျပလာေပ။

"ဘာမွ သနားစရာ ရွိမေနဘူး!"

"...ဝမ္ေဖးေလးက အၾကင္နာမဲ့လိုက္တာကြာ"

"ခင္ဗ်ားရဲ႕ ခ်ီးက်ဴးမႈအတြက္ ေက်းဇူးပဲ "

पढ़ना जारी रखें

आपको ये भी पसंदे आएँगी

18.3K 1.4K 37
Disclaimer: this is a work of fiction. Every characters (beside my OCs) belongs to Maharishi Ved Vyas. "RAGHUKUL REET SADA CHALI AAYI, PRAN JAYE PAR...
69.7K 6.7K 60
" The darkness closed in around him, like a shroud of silence. Veeranshu's eyes fluttered open, and he was met with an unfamiliar ceiling. Groggily...
Crimson Petals ambw ( 18+) Zolatau द्वारा

ऐतिहासिक साहित्य

9.7K 885 37
Sena is the newest translator at the royal palace of Goryeo, highly skilled in languages and combat, quickly winning respect from the noble scholars.
38.4K 3K 73
Translation Author:Dreamy Coffee Chater-575 translator by NORA