Unicode
အန်းကျီယန်၏ အစီအစဥ်မှာ သူ့လက်အောက်ငယ်သားများကို စားနပ်ရိက္ခာများ သိုလှောင်သိမ်းဆည်းစေဖို့ အမိန့်ပေးထားရန် ဖြစ်သည်။ ပထမတွင် တာဝန်ခံဖုန့်နှင့် အခြားဆိုင်ရှင်များမှာ သံသယဖြစ်သွားကြသော်ငြား သူ့အမိန့်အတိုင်းတော့ လိုက်နာနေကြဆဲ ဖြစ်သည်။
တာဝန်ခံဖုန့်နှင့် အခြားတာဝန်ခံများမှာ ဆန်လုပ်ငန်းတွင် စိတ်နှစ်လုပ်ကိုင်လာကြသည်မှာ ဆယ်စုနှစ် နှစ်ခုမျှပင် တိုင်ခဲ့လေပြီ။ အန်းချန်ဖူ၏ လက်အောက်ရှိ အနည်းဆုံး အတွေ့အကြုံသာ ရှိသည့် ဆိုင်တာဝန်ခံသည်ပင် ငါးနှစ်ကျော် ခြောက်နှစ်ထိ အတွေ့အကြုံရှိပြီးသား ဖြစ်သည်။ အန်းချန်ဖူက သူ့ရဲ့ တာဝန်ခံများကို ချမ်းသာသည့် ကုန်သည်များနှင့် ဆက်သွယ်ဖို့ရာ သင်ကြားပြီး ကပ်ဘေးဒုက္ခမှ ငွေကြေးများကို သဲ့ယူလေ၏။ ယခု အန်းချန်ဖူ သေဆုံးသွားပြီးနောက် အနှီ ဆက်သွယ်ချက်များမှာ တာဝန်ခံများလက်ထဲတွင် ကျန်ရှိနေခဲ့ပေသည်။
ဆန်စပါး အမြောက်အမြား ဝယ်ယူခြင်းမှာ အခြားသူများ၏ အာရုံကို ဆွဲဆောင်သွားစေသော်ငြား အန်းမိသားစု မှ ဖြစ်မှန်းသိရချိန်တွင် ဘာပြဿနာမှ မရှိတော့ချေ။
သိပ်မကြာလိုက်မီမှာပင် အန်းမိသားစု သည် အဓိက ပြောင်းလဲမှုအချို့ကို ဖြစ်တည်သွားစေခဲ့လေ၏။
သူတို့က အန်းယွမ်စီရင်စုတွင် နေထိုင်သူများကို အကြွေးများ လျှော့ပေါ့ပေးခဲ့ရုံသာမက ဆန်စပါး ချေးငှားသည့်အခါ အတိုးစနစ်ကိုလည်း ပြုပြင်မွမ်းမံပေးခဲ့သည်။ အတိတ်ကာလကမူ ယင်းမှာ အလွန်ပင် ကြောက်စရာကောင်းလှ၏။ ဆန်စပါး ချေးငှားမိသူ လယ်သမားတိုင်းမှာ အကြွေးနွံထဲသို့ နိမ့်ဆင်းသွားတတ်ကြသော်ငြား ၊ ယနေ့အခါတွင်တော့ ဆယ်ပုံတစ်ပုံ မျှပင် မဆိုးရွားပါတော့ချေ။
ရိတ်သိမ်းချိန် မတန်သေးသည့် ဝင့်ကြွားကြွား ရွှေစပါးနှံများမှာ လယ်သမားများကို ပျော်ရွှင်ကြည်နူးစေသည်မို့ ဆန်ကိုပင် မစားနိုင်ကြချေ။ ထို့ကြောင့် ဆန်စပါး ချေးငှားသည့်အခါတွင် ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြသည်။ ထို့အပြင် ဆန်စပါး ငှားရမ်းသည့် အတိအကျ ပမာဏကိုလည်း အန်းကျီယန် တစ်ယောက်ထဲသာ သိ၏။
သို့သော်လည်း လူအများ သိလိုက်ကြသည့် ကောင်းကျိုးတစ်ခုမှာ အန်းမိသားစု၏ ဆန်ဆိုင်များတွင် ဆန်များစွာ ကျန်ရှိမနေတော့ခြင်း ဖြစ်သည်။
အန်းကျီယန် က ဆိုင်တာဝန်ခံများကို ဆန်ဆိုင်များတွင် ပြန်လည်သိုလှောင်ရန် ဆင်ခြေပေးလိုက်ပြီး ဆန်စပါးများ ကို သိုလှောင်ဖို့ရာအတွက် ဝယ်ယူထားစေသည်။
ထိုသို့ လှုပ်ရှားမှုမှာ ချမ်းသာသည့် ကုန်သည်များ၏ အာရုံကို မဆွဲဆောင်မိစေရုံမက သူတို့ရဲ့ နားလည်မှု နှင့် စာနာမှုတို့ကို ရရှိသွားပေသေးသည်။ ရလဒ်မှာ ဆိုင်တာဝန်ခံ အားလုံးကို အံ့အားသင့်သွားစေ၏။
တာဝန်ခံဖုန့်မှာ ကူကယ်ရာမဲ့စွာဖြင့် ဆန်စပါးစုဆောင်းရန်သွားစဥ်က သူဋ္ဌေးချန်နှင့် ပြောခဲ့သော စကားများကို ပြန်တွေးမိသွားလေ၏။
"အိုက်ယား...လူအိုကြီး ဖုန့်...။ အန်းချန်ဖူ သေသွားပြီး အန်းမိသားစုကို သခင်လေးက လက်လွှဲယူလိုက်တော့ ကိစ္စတွေက ဆိုးသထက်ဆိုးလာတာပဲ။ ငွေတွေ ဝင်လာရမယ့်အစား ပြန်ပြီး အများကြီး ပေးဝေပစ်နေတယ်။ ကျုပ်တော့ ခင်ဗျားအတွက် တကယ့်ကို စိုးရိမ်နေတယ် "
တာ့ကွမ်းဆန်ဆိုင်ပိုင်ရှင် သူဋ္ဌေးချန်က တာဝန်ခံဖုန့်ကို ပြောလေ၏။
တာဝန်ခံဖုန့်မှာ ဘာတစ်ခွန်းမှ ပြန်မပြောလေဘဲ ပြုံးရုံသာ ပြုံးနေပေးလိုက်သည်။
သူတို့မှာ မြေပိုင်ရှင်၏ ဆုံးဖြတ်ချက်ကို ဝင်ရောက် စွက်ဖက်ဖို့ရာ အခွင့်အရေးမရှိပါချေ။ မြေပိုင်ရှင်က သူတို့ရဲ့ လစာကို အချိန်နှင့်အညီ ပေးနိုင်နေသရွေ့ သူတို့မှာ စောဒကတက်စရာ အကြောင်းမရှိပေ။ မြေပိုင်ရှင်လေး၏ ဆုံးဖြတ်ချက်များမှာ အန်းမိသားစု ၏ အတိုးငွေများကို ထိခိုက်စေသည်ဟု ထင်ရသော်ငြား ရေရှည် ဖွံ့ဖြိုးတိုးတက်ဖို့ရာအတွက် ရှုထောင့်မှ ဆိုလျှင် သူ့ရဲ့အပြုအမူများသည် မိသားစုကို အန္တရာယ် မဖြစ်စေရုံသာမက အကျိုးအမြတ်ပင် ရရှိစေလိမ့်မည်။
သူက တွေးတောနေသည်ဟု သူဋ္ဌေးချန်က ထင်သွားမိလေပြီး အကြံပေးလာသည်။
"တာဝန်ခံဖုန့်...အခုဆို အန်းမိသားစု က နိမ့်ကျစပြုလာနေပြီဆိုတော့ အဲ့ဒီမှာနေလို့ ဘာအနာဂတ်မှ ရှိမှာ မဟုတ်ဘူး။ နို့နံမစင်တဲ့ ကလေးတစ်ယောက် ခိုင်းသမျှ လုပ်ပေးနေမဲ့အစား ဘာလို့ ဒီကို လာပြီး မကူညီတာလဲ? ခင်ဗျားက ကိုယ်ပိုင် အရည်အချင်း ရှိနေပြီးသားပဲလေ။ ကျုပ် ခင်ဗျားကို ဆိုးဆိုးဝါးဝါး မဆက်ဆံပါဘူးလို့ အာမခံတယ်ဗျို့"
"ခင်ဗျားရဲ့ စဥ်းစားပေးမှုအတွက် ကျေးဇူးတင်ပါတယ် သူဋ္ဌေးချန်...ဒါပေမဲ့ ကျွန်တော်က အန်းမိသားစုမှာ အလုပ်လုပ်လာတာ နှစ်နှစ်ဆယ် ကျော်ခဲ့ပြီလေ။ ဒီတော့ ထွက်လာဖို့ဆိုတာ နည်းနည်း တွန့်ဆုတ်နေတုန်းပဲဗျာ"
တာဝန်ခံဖုန့် က ဂုဏ်ဝင့်သည့်အငွေ့အသက်တို့ ရောယှက်နေလေကာ ပြန်ပြောလိုက်၏။
သူဋ္ဌေးချန်က ရယ်လိုက်သည်။
"တာဝန်ခံဖုန့် ဒါနဲ့ ပတ်သတ်ပြီး စိုးရိမ်စရာ မလိုပါဘူး။ ကျုပ်ရဲ့ ကမ်းလှမ်းချက်ကို အချိန်ယူပြီး စဥ်းစားလို့ရပါတယ်။ တာ့ကွမ်းဆန်ဆိုင်က ခင်ဗျားအတွက်ဆို အချိန်မရွေး ကြိုဆိုနေမှာပါ"
"ကျုပ် ခင်ဗျားရဲ့ ကမ်းလှမ်းချက်ကို ဂရုစိုက်ပြီး စဥ်းစားလိုက်ပါ့မယ်။ အာ...ဒါနဲ့ သူဋ္ဌေးချန် ကျုပ်ကို ဆန် ဘယ်လောက်များများ ရောင်းပေးနိုင်လဲ?"
တာဝန်ခံဖုန့် က စကားလမ်းကြောင်း တစ်ခုကို ပြောင်းလိုက်သော်ငြား သူဋ္ဌေးချန်၏ အဖြေကိုပင် စောင့်မနေတော့ဘဲ သက်ပြင်းတစ်ချက်ချလိုက်ကာ စိုးရိမ်ပူပန်နေသည့်ဟန်ပန်ကို ဆင်မြန်းလိုက်လေ၏။
"မြေပိုင်ရှင်လေးက ကျုပ်တို့အားလုံးကို ခွဲတမ်းတစ်ခုစီ ချပေးလိုက်တယ်လေ။ ကျုပ် ဒီတစ်ခေါက် မှန်းချက်နဲ့ မပြည့်မီဘူးဆိုရင် တခြားနေရာတွေကို အပြေးသွားရတော့မှာဗျို့"
သူဋ္ဌေးချန်က တွေဝေသွားလေပြီး စဥ်းစားလိုက်လေ၏။
"တာဝန်ခံဖုန့် က ဆန် ဘယ်လောက်များများ လိုချင်တာလဲ?"
တာဝန်ခံဖုန့်က ပေါ့ပေါ့တန်တန်ပုံစံဖြင့် သူ့ကို နံပါတ်တစ်ခု ပြောလိုက်လေသည်။
သူဋ္ဌေးချန်က သူ့မျက်လုံးကို အဆုံးစွန်ထိ မှေးကျဥ်းလိုက်သည်မို့ စဥ်းလဲကောက်ကျစ်ပြီး လှည့်စားတတ်သော စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်အသွင် ပေါ်ထွက်လာ၏။
"မြေပိုင်ရှင်လေး ရဲ့ စားနိုင်သောက်နိုင်စွမ်းက တကယ့်ကို ကြီးမားတာပဲ။ သူက ဒီလောက်ပမာဏကို မြိုချနိုင်ပါ့မလား?*"
[T/N - ငွေပေးဖို့ မင်းသခင်မှာ သောက်ဆံ အလုံအလောက်ရှိလား ဟုမရေးပဲ သွယ်ဝိုက်ပြောနေခြင်း🙃]
ဆိုင်တာဝန်ခံဖုန့်က အကူညီမဲ့ဟန်ဖြင့်ပြောလိုက်လေသည်။
"အရိုးသားဆုံးပြောရရင် ကျုပ်တော့ မြေရှင်ငယ်လေး ဘာတွေးနေတယ်ဆိုတာကို လုံးဝ မခန့်မှန်းနိုင်ဘူး။ ကျုပ်က သူပေးတဲ့ အမိန့်အတိုင်း နာခံလိုက်ရုံပဲ တတ်နိုင်တာလေ"
သူဋ္ဌေးချန်က အများကြီး တွေးတောမနေပါချေ။ အန်းကျီယန် မြေပိုင်ရှင် ဖြစ်သွားပြီးနောက် သူချမှတ်ခဲ့သည့် ဆုံးဖြတ်ချက် အမြောက်အမြားမှာ သူတို့မျက်လုံးထဲတွင်တော့ ရယ်စရာဟာသများသာ ဖြစ်နေပြီး ၊ အခုဆို သူက ဆန်စပါးအမြောက်အမြားကိုပင် လိုချင်နေသေးသည်။ သူက ကလေးသာသာ သာ ဖြစ်ပြီး အတွေ့အကြုံများစွာ မရှိရှာပေ။ အမြော်အမြင်လည်း မရှိလှ။ သူဋ္ဌေးချန်က ချန်းစီရင်စု၌ ဖြစ်ပွားသည့်ကိစ္စများအကြောင်း မသိရှိသည်မို့ သဘာဝကျစွာပင် သူက ထိုအကြောင်းကို တွေးမိမသွားပေ။
"အရမ်းကောင်းတယ်။ ကျုပ်ကတော့ ခင်ဗျားနဲ့ ခင်မင်မှုအတွက် ရောင်းပေးရမှာပေါ့ တာဝန်ခံဖုန့် "
ကိုယ့်ကလေးကိုယ် ချမရင်းလျှင် ဝံပုလွေကို ဆွဲဆောင်နိုင်လိမ့်မည် မဟုတ်။ ထို့ကြောင့် တာဝန်ခံဖုန့် သူ့ဆီလာပြီး အလုပ်လုပ်စေဖို့ရာအတွက် သူဋ္ဌေးချန်က တာဝန်ခံဖုန့်ရဲ့ ခွဲတမ်း ပြည့်မီရန် ကူညီလိုက်ဖို့ ဆုံးဖြတ်လိုက်တော့သည်။ တာ့ကွမ်းဆန်ဆိုင်က ဝမ်ရှန်းစီရင်စုတွင် အကြီးမားဆုံးဆိုင်များထဲမှ တစ်ခု ဖြစ်သည်မို့ ထိုပမာဏရှိသည့် ဆန်များကတော့ ရှိနေဆဲပင် ဖြစ်သည်။
တာဝန်ခံဖုန့်၏ မျက်နှာထက်တွင် ပျော်ရွှင်မှုအရိပ်အယောင် ယှက်သန်းသွား၏။
"ကျေးဇူးအများကြီးတင်ပါတယ် သူဋ္ဌေးချန်"
သူဋ္ဌေးချန်က ပြုံး၍ ပြောလိုက်၏။
"တာဝန်ခံဖုန့်ကလည်း ကျုပ်ရဲ့ တောင်းဆိုမှုလေးကို စဥ်းစားပေးပါဦး"
တာဝန်ခံဖုန့် က ခေါင်းငြိမ့်ပြလိုက်ချေ၏။
"ကောင်းပါပြီ။ ကျုပ် သေချာ စဥ်းစားမှာပါ"
တာဝန်ခံဖုန့် က ဆန်စပါးအတွက် တစ်ဝက်ငွေကို စရံအဖြစ် ငွေချေခဲ့သည်။ အနှီပိုက်ဆံများမှာ အန်းမိသားစု၏ မြေအောက်ခန်းမှ ထုတ်ယူလာခြင်း ဖြစ်သည်။ အားလုံးမှာ ငွေသားစင်စစ် ငွေတုံးများ ဖြစ်ကြ၏။ ယင်းတို့မှာ နှစ်ပေါင်းများစွာ စုဆောင်းလာခဲ့သည်မို့ အစားအစာ ဝယ်ယူဖို့ရာအတွက် လုံလောက်သည်ထက်ပင် ပိုနေသေးသည်။ သူဋ္ဌေးချန်က ဆန်စပါးများကို ဆယ်ရက်အတွင်း အန်းယွမ်စီရင်စုသို့ ပို့ဆောင်ပေးမည်ဟု ကတိပေး၏။
တာဝန်ခံဖုန့် က ဆန်ဆိုင်ထဲမှ ထွက်လာလေပြီးနောက် အနှီဆိုင်ဘက်သို့ ပြန်ကြည့်လိုက်ချိန်တွင် သူ့မျက်နှာထက်ရှိ အပြုံးက ပျောက်ကွယ်သွားပြီ ဖြစ်သည်။
သူဋ္ဌေးချန်၏ လောဘဇောတက်မှုမှာ သူတွက်ချက်ထားသည့် အတိုင်းပင် ဖြစ်သည်။ သူ့ပါးစပ်ကသာ တာဝန်ခံဖုန့်၏ အရည်အချင်းကို လေးစားကြောင်း ပြောနေသော်ငြား တကယ်တမ်းတွင်တော့ တာဝန်ခံဖုန့် လက်ထဲရှိ အဆက်အသွယ်များကို လိုချင်နေ၍ပင် ဖြစ်သည်။ အန်းချန်ဖူ ငွေကြေးလိုအပ်သည်နှင့် နေရာအနှံ့အပြားအားလုံးဆီသို့ လမ်းကြောင်းရှင်းထားပြီး ဖြစ်သည် ကို မည်သူက မသိပဲ ရှိလိမ့်မည်နည်း?ယခုအခါ သူက သေဆုံးသွားပြီမို့ အနှီလမ်းကြောင်းကို သိရှိသည့်သူ အနည်းငယ်မျှသာ ကျန်ရှိတော့၏။
တာဝန်ခံဖုန့် မှာ အန်းမိသားစု အတွက် အချိန်အကြာဆုံး အလုပ်လုပ်လာခဲ့သူ ဖြစ်သည်။ အန်းချန်ဖူ သူ့ကို ဆိုးဆိုးရွားရွား ဆက်ဆံသည်မှာ ရှားပါးလှ၏။ အိမ်တော်ထိန်းဆု လောက် သူ့ကို မယုံကြည်သော်ငြား ထိုမျှနီးနီး ယုံကြည်သည်မို့ သူ့လက်ထဲတွင် သတင်းအချက်အလက် တော်တော်လေး ဆုပ်ကိုင်ထားနိုင်ပြီး ယင်းတို့မှာလည်း အကောင်းဆုံးထဲမှ တစ်ချို့ ဖြစ်သည်။
သူဋ္ဌေးချန်က မည်သို့တွက်ချက်ရမည်အား သိပေသည်။ တာဝန်ခံဖုန့် ကို ရလိုက်ခြင်းသည် သူ့လက်ထဲတွင် အသိပညာများ ရလိုက်ခြင်းနှင့်တူညီပေသည်။
တာဝန်ခံဖုန့်၏ စိတ်ထဲတွင် အခြေအနေကို အလွန်တရာ ရှင်းရှင်းလင်းလင်း မြင်နိုင်ပေသည်။ မြေပိုင်ရှင်လေးသည်သာ အရင် ဝတုတ်တုတ် ကောင်လေးလို ဖြစ်နေဆဲ ဆိုလျှင် သူက တာ့ကွမ်းဆန်ဆိုင်ကို သေချာပေါက် စဥ်းစားပေးမိပေလိမ့်မည်။ သို့သော် ယခုမူ မြေပိုင်ရှင်လေးက အန်းချန်ဖူ ထက်ပင် ရှေ့ရေးကို တွေးတတ်ကာ နှစ်သက်ဖွယ်ကောင်းနေသေးသည်။ သူက မြေရှင်ငယ်လေး နောက် လိုက်ကာ ဖြစ်လာမည့် ကိစ္စအဖုံဖုံကို တွေ့မြင်ချင်နေပါ၏။ အနာဂတ်တွင် ပြဿနာ အမြောက်အမြား ဖြစ်တည်လာမှ ထွက်ခွာလျှင်လည်း နောက်မကျပါပေ။
အခြားတာဝန်ခံများမှာ သူ့ကဲ့သို့ အခြေအနေ မကောင်းမွန်ကြချေ။
ယင်းမှာ သူတို့အနေဖြင့် မည်သည့် ဆန်စပါးကိုမှ မရနိုင်ခြင်းကြောင့် မဟုတ်လေဘဲ တာ့ကွမ်းဆန်ဆိုင်ကဲ့သို့ ကြီးမားသည့် ဆန်ဆိုင်များ ရှားပါးသောကြောင့် ဖြစ်သည်။
ဆန်ရောင်းသည့် လုပ်ငန်းတွင် မည်သို့သော ဆန်ရောင်းချသူ ဖြစ်ပါစေ ၊ သူတို့က ဆန်စပါးတစ်ချို့ကို စပါးကျီထဲတွင် သိုလှောင်ထားချင်ကြသေးသည်မို့ လက်ဝယ်ရှိသမျှအားလုံးကို ရောင်းချပစ်ဖို့ရာ မဖြစ်နိုင်ပါပေ။ ထို့ကြောင့်ပင် တာဝန်ခံအများစုမှာ ရွေးချယ်စရာမရှိဘဲ ခရီးအမြောက်အမြား ထွက်ရပြန်သည်။
သို့သော် ယင်းတို့မှာ နောက်ဆက်တွဲမှသာ ဖြစ်သည်။
ထိုနေ့က ဖူဝူထျန်း နှင့် စကားပြောအပြီးတွင် ကောချင်အန်းမှာ ချန်းစီရင်စု သို့ သွားရန် အမိန့်ကျလာတော့သည်။
[T/N - ဘဲကြီးကတော့ အလိုလိုက်ချက်! သူ့လူတွေကိုပါ ထုတ်သုံးနေပြီ🤧]
ဒီခရီးမှာ ဘေးဒုက္ခများအတွက် စီမံပေးဖို့ရာ မဟုတ်သေးချေ။ စုံစမ်းစစ်ဆေးရုံမျှ ခရီးတစ်ခုသာ ဖြစ်သည်။ အန်းကျီယန်၏ စကားများအရဆိုလျှင် သူတို့မှာ လူတစ်ယောက်ကိုသာ လွှတ်ရန် လိုအပ်ပေသည်။ ရှို့ဖေးမှာ ဂရုတစိုက် ပြုမူတတ်သူ မဟုတ်သည်မို့ သူက နောက်တွင်နေခဲ့ရန်အတွက် နားထောင်ရုံသာ တတ်နိုင်တော့၏။
နေ့လည်စာ စားပြီးသည်နှင့် အန်းကျီယန်က ခဏတဖြုတ် အနားယူကာ အပြင်ထွက်ရန် ပြင်ဆင်လေ၏။
ဖူဝူထျန်း မှာမူ အန်းယွမ်စီရင်စုသို့ ရောက်လာချိန်မှ စတင်ကာ အားလပ်ချိန် အရှိဆုံးလူဖြစ်သွားလေသည်။ သူက ဒီကာလအတောအတွင်း မည်သည့် တရားဝင်လုပ်ငန်းမျိုးကိုမှ မလုပ်ကိုင်လေသည်မို့ ဖန်ကျန်းပင်အတွက်တော့ သူသည် လုပ်ငန်းသေးသေးလေးမျှသာ ပိုင်ထားသည့် စီးပွားရေးလုပ်ငန်းရှင် ဟူသည်မှာ သေချာသထက် သေချာနေလေပြီ။ သို့သော်လည်း အန်းကျီယန်က သူတို့အပေါ် စည်းမျဥ်းများဖြင့် ကန့်သတ်လိုက်ကတည်းက သူတို့မှာ ယာယီအနေဖြင့် လက်နက်ချကာ သင့်လျော်အောင် ပြုမူနေရ၏။
အန်းကျီယန်က သူတို့ကို သိပ်ပြီး အာရုံစိုက်မနေပါချေ။ ဆန့်ကျင်ဘက်အနေဖြင့် သူက ဝမ်ချင်းလန် ကိုတော့ မှတ်သားထားရပေမည်။ ထိုအမျိုးသမီးမှာ အလွန်ပင် ဉာဏ်ထက်မြက်လှ၏။ သူက မူလ အန်းကျီယန် သေဆုံးမှုမှာ သူမနှင့် ပတ်သတ်နေသည်ဟု သံသယရှိမိသော်ငြား မည်သည့် သက်သေမှ မရှိလေသည်မို့ သူက အိမ်တော်ထိန်းဆု ကို သူမအပေါ် သေချာစောင့်ကြည့်ထားဖို့သာ မှာထားနိုင်ပေသည်။
"ကိုယ်တို့ ဘယ်သွားကြမှာလဲ?"
ဖူဝူထျန်း က သူ့နံဘေးသို့ ရောက်ရှိလာလေ၏။ နောက်ပါးမှ ဖဝါးထက်မခွာ လိုက်ပါလာသူက ရှို့ဖေးပင် ဖြစ်သည်။
အန်းကျီယန် က သူ့အကျီလက်ကို ဆွဲဆန့်လိုက်လေပြီး ပြောလိုက်၏။
"ကျွန်တော် အန်းမိသားစုရဲ့ လယ်ကွင်းတွေကို သွားစစ်ဆေးကြည့်မလို့"
လယ်သမားများဆီ အငှားချထားသည့် လယ်မြေများကိုပါ ပေါင်းထည့်လိုက်လျှင် အန်းမိသားစု၌ လယ်မြေများစွာ ရှိနေဆဲ ဖြစ်သည်။ အနှီလယ်ကွင်းများကို အကူငှားပြီး ဂရုစိုက်စေခြင်း ဖြစ်သည်။ တစ်ပိုင်းကို သလေးစပါးများ စိုက်ပျိုးပြီး ကျန်သည်မှာတော့ ကောက်ညှင်းဆန်များ ဖြစ်သည်။ ကောက်ညှင်းဆန်မှာ စျေးနှုန်းမြင့်မားလှသည်မို့ လူချမ်းသာမှာ ကျေနပ်ဖို့ရာ ပိုမိုစိုက်ပျိုးထားခြင်းပါပင်။
အန်းချန်ဖူ အသက်ရှိစဥ်က သူသည် ဤလယ်မြေကို အလွန် အရေးပါသည့်အရာသဖွယ် တွယ်တာလှပြီး တစ်လအတွင်း နှစ်ကြိမ်သုံးကြိမ် ရောက်လာတတ်သည်။ သူ့အတွက် ကြီးထွားနေသည့် ဆန်စပါးများကို ကြည့်ရသည်မှာ အလွန်ပင် ကောင်းလှသည်ဟု မှတ်ယူထား၏။
အဆုံးတွင်တော့ လူတစ်ယောက်သာ ရှိသည့်သဏ္ဍာန်မှ လူသုံးယောက် ဖြစ်လာလေတော့သည်။
[T/N - မနက်ဖြန်က ခရစ်စမတ်နေ့ဆို 🤧]
Zawgyi
အပိုင္း (၅၄) - အစားအစာ ရရွိဖို႔ရန္
အန္းက်ီယန္၏ အစီအစဥ္မွာ သူ႕လက္ေအာက္ငယ္သားမ်ားကို စားနပ္ရိကၡာမ်ား သိုေလွာင္သိမ္းဆည္းေစဖို႔ အမိန့္ေပးထားရန္ ျဖစ္သည္။ ပထမတြင္ တာဝန္ခံဖုန့္ႏွင့္ အျခားဆိုင္ရွင္မ်ားမွာ သံသယျဖစ္သြားၾကေသာ္ျငား သူ႕အမိန့္အတိုင္းေတာ့ လိုက္နာေနၾကဆဲ ျဖစ္သည္။
တာဝန္ခံဖုန့္ႏွင့္ အျခားတာဝန္ခံမ်ားမွာ ဆန္လုပ္ငန္းတြင္ စိတ္ႏွစ္လုပ္ကိုင္လာၾကသည္မွာ ဆယ္စုႏွစ္ ႏွစ္ခုမွ်ပင္ တိုင္ခဲ့ေလၿပီ။ အန္းခ်န္ဖူ၏ လက္ေအာက္ရွိ အနည္းဆုံး အေတြ႕အႀကဳံသာ ရွိသည့္ ဆိုင္တာဝန္ခံသည္ပင္ ငါးႏွစ္ေက်ာ္ ေျခာက္ႏွစ္ထိ အေတြ႕အႀကဳံရွိၿပီးသား ျဖစ္သည္။ အန္းခ်န္ဖူက သူ႕ရဲ႕ တာဝန္ခံမ်ားကို ခ်မ္းသာသည့္ ကုန္သည္မ်ားႏွင့္ ဆက္သြယ္ဖို႔ရာ သင္ၾကားၿပီး ကပ္ေဘးဒုကၡမွ ေငြေၾကးမ်ားကို သဲ့ယူေလ၏။ ယခု အန္းခ်န္ဖူ ေသဆုံးသြားၿပီးေနာက္ အႏွီ ဆက္သြယ္ခ်က္မ်ားမွာ တာဝန္ခံမ်ားလက္ထဲတြင္ က်န္ရွိေနခဲ့ေပသည္။
ဆန္စပါး အေျမာက္အျမား ဝယ္ယူျခင္းမွာ အျခားသူမ်ား၏ အာ႐ုံကို ဆြဲေဆာင္သြားေစေသာ္ျငား အန္းမိသားစု မွ ျဖစ္မွန္းသိရခ်ိန္တြင္ ဘာျပႆနာမွ မရွိေတာ့ေခ်။
သိပ္မၾကာလိုက္မီမွာပင္ အန္းမိသားစု သည္ အဓိက ေျပာင္းလဲမႈအခ်ိဳ႕ကို ျဖစ္တည္သြားေစခဲ့ေလ၏။
သူတို႔က အန္းယြမ္စီရင္စုတြင္ ေနထိုင္သူမ်ားကို အေႂကြးမ်ား ေလွ်ာ့ေပါ့ေပးခဲ့႐ုံသာမက ဆန္စပါး ေခ်းငွားသည့္အခါ အတိုးစနစ္ကိုလည္း ျပဳျပင္မြမ္းမံေပးခဲ့သည္။ အတိတ္ကာလကမူ ယင္းမွာ အလြန္ပင္ ေၾကာက္စရာေကာင္းလွ၏။ ဆန္စပါး ေခ်းငွားမိသူ လယ္သမားတိုင္းမွာ အေႂကြးႏြံထဲသို႔ နိမ့္ဆင္းသြားတတ္ၾကေသာ္ျငား ၊ ယေန႕အခါတြင္ေတာ့ ဆယ္ပုံတစ္ပုံ မွ်ပင္ မဆိုး႐ြားပါေတာ့ေခ်။
ရိတ္သိမ္းခ်ိန္ မတန္ေသးသည့္ ဝင့္ႂကြားႂကြား ေ႐ႊစပါးႏွံမ်ားမွာ လယ္သမားမ်ားကို ေပ်ာ္႐ႊင္ၾကည္ႏူးေစသည္မို႔ ဆန္ကိုပင္ မစားနိုင္ၾကေခ်။ ထို႔ေၾကာင့္ ဆန္စပါး ေခ်းငွားသည့္အခါတြင္ ႐ုတ္႐ုတ္သဲသဲ ျဖစ္ကုန္ၾကသည္။ ထို႔အျပင္ ဆန္စပါး ငွားရမ္းသည့္ အတိအက် ပမာဏကိုလည္း အန္းက်ီယန္ တစ္ေယာက္ထဲသာ သိ၏။
သို႔ေသာ္လည္း လူအမ်ား သိလိုက္ၾကသည့္ ေကာင္းက်ိဳးတစ္ခုမွာ အန္းမိသားစု၏ ဆန္ဆိုင္မ်ားတြင္ ဆန္မ်ားစြာ က်န္ရွိမေနေတာ့ျခင္း ျဖစ္သည္။
အန္းက်ီယန္ က ဆိုင္တာဝန္ခံမ်ားကို ဆန္ဆိုင္မ်ားတြင္ ျပန္လည္သိုေလွာင္ရန္ ဆင္ေျခေပးလိုက္ၿပီး ဆန္စပါးမ်ား ကို သိုေလွာင္ဖို႔ရာအတြက္ ဝယ္ယူထားေစသည္။
ထိုသို႔ လႈပ္ရွားမႈမွာ ခ်မ္းသာသည့္ ကုန္သည္မ်ား၏ အာ႐ုံကို မဆြဲေဆာင္မိေစ႐ုံမက သူတို႔ရဲ႕ နားလည္မႈ ႏွင့္ စာနာမႈတို႔ကို ရရွိသြားေပေသးသည္။ ရလဒ္မွာ ဆိုင္တာဝန္ခံ အားလုံးကို အံ့အားသင့္သြားေစ၏။
တာဝန္ခံဖုန့္မွာ ကူကယ္ရာမဲ့စြာျဖင့္ ဆန္စပါးစုေဆာင္းရန္သြားစဥ္က သူ႒ေးခ်န္ႏွင့္ ေျပာခဲ့ေသာ စကားမ်ားကို ျပန္ေတြးမိသြားေလ၏။
"အိုက္ယား...လူအိုႀကီး ဖုန့္...။ အန္းခ်န္ဖူ ေသသြားၿပီး အန္းမိသားစုကို သခင္ေလးက လက္လႊဲယူလိုက္ေတာ့ ကိစၥေတြက ဆိုးသထက္ဆိုးလာတာပဲ။ ေငြေတြ ဝင္လာရမယ့္အစား ျပန္ၿပီး အမ်ားႀကီး ေပးေဝပစ္ေနတယ္။ က်ဳပ္ေတာ့ ခင္ဗ်ားအတြက္ တကယ့္ကို စိုးရိမ္ေနတယ္ "
တာ့ကြမ္းဆန္ဆိုင္ပိုင္ရွင္ သူ႒ေးခ်န္က တာဝန္ခံဖုန့္ကို ေျပာေလ၏။
တာဝန္ခံဖုန့္မွာ ဘာတစ္ခြန္းမွ ျပန္မေျပာေလဘဲ ၿပဳံး႐ုံသာ ၿပဳံးေနေပးလိုက္သည္။
သူတို႔မွာ ေျမပိုင္ရွင္၏ ဆုံးျဖတ္ခ်က္ကို ဝင္ေရာက္ စြက္ဖက္ဖို႔ရာ အခြင့္အေရးမရွိပါေခ်။ ေျမပိုင္ရွင္က သူတို႔ရဲ႕ လစာကို အခ်ိန္ႏွင့္အညီ ေပးနိုင္ေနသေ႐ြ႕ သူတို႔မွာ ေစာဒကတက္စရာ အေၾကာင္းမရွိေပ။ ေျမပိုင္ရွင္ေလး၏ ဆုံးျဖတ္ခ်က္မ်ားမွာ အန္းမိသားစု ၏ အတိုးေငြမ်ားကို ထိခိုက္ေစသည္ဟု ထင္ရေသာ္ျငား ေရရွည္ ဖြံ႕ၿဖိဳးတိုးတက္ဖို႔ရာအတြက္ ရႈေထာင့္မွ ဆိုလွ်င္ သူ႕ရဲ႕အျပဳအမူမ်ားသည္ မိသားစုကို အႏၱရာယ္ မျဖစ္ေစ႐ုံသာမက အက်ိဳးအျမတ္ပင္ ရရွိေစလိမ့္မည္။
သူက ေတြးေတာေနသည္ဟု သူ႒ေးခ်န္က ထင္သြားမိေလၿပီး အႀကံေပးလာသည္။
"တာဝန္ခံဖုန့္...အခုဆို အန္းမိသားစု က နိမ့္က်စျပဳလာေနၿပီဆိုေတာ့ အဲ့ဒီမွာေနလို႔ ဘာအနာဂတ္မွ ရွိမွာ မဟုတ္ဘူး။ နို႔နံမစင္တဲ့ ကေလးတစ္ေယာက္ ခိုင္းသမွ် လုပ္ေပးေနမဲ့အစား ဘာလို႔ ဒီကို လာၿပီး မကူညီတာလဲ? ခင္ဗ်ားက ကိုယ္ပိုင္ အရည္အခ်င္း ရွိေနၿပီးသားပဲေလ။ က်ဳပ္ ခင္ဗ်ားကို ဆိုးဆိုးဝါးဝါး မဆက္ဆံပါဘူးလို႔ အာမခံတယ္ဗ်ိဳ႕"
"ခင္ဗ်ားရဲ႕ စဥ္းစားေပးမႈအတြက္ ေက်းဇူးတင္ပါတယ္ သူ႒ေးခ်န္...ဒါေပမဲ့ ကြၽန္ေတာ္က အန္းမိသားစုမွာ အလုပ္လုပ္လာတာ ႏွစ္ႏွစ္ဆယ္ ေက်ာ္ခဲ့ၿပီေလ။ ဒီေတာ့ ထြက္လာဖို႔ဆိုတာ နည္းနည္း တြန့္ဆုတ္ေနတုန္းပဲဗ်ာ"
တာဝန္ခံဖုန့္ က ဂုဏ္ဝင့္သည့္အေငြ႕အသက္တို႔ ေရာယွက္ေနေလကာ ျပန္ေျပာလိုက္၏။
သူ႒ေးခ်န္က ရယ္လိုက္သည္။
"တာဝန္ခံဖုန့္ ဒါနဲ႕ ပတ္သတ္ၿပီး စိုးရိမ္စရာ မလိုပါဘူး။ က်ဳပ္ရဲ႕ ကမ္းလွမ္းခ်က္ကို အခ်ိန္ယူၿပီး စဥ္းစားလို႔ရပါတယ္။ တာ့ကြမ္းဆန္ဆိုင္က ခင္ဗ်ားအတြက္ဆို အခ်ိန္မေ႐ြး ႀကိဳဆိုေနမွာပါ"
"က်ဳပ္ ခင္ဗ်ားရဲ႕ ကမ္းလွမ္းခ်က္ကို ဂ႐ုစိုက္ၿပီး စဥ္းစားလိုက္ပါ့မယ္။ အာ...ဒါနဲ႕ သူ႒ေးခ်န္ က်ဳပ္ကို ဆန္ ဘယ္ေလာက္မ်ားမ်ား ေရာင္းေပးနိုင္လဲ?"
တာဝန္ခံဖုန့္ က စကားလမ္းေၾကာင္း တစ္ခုကို ေျပာင္းလိုက္ေသာ္ျငား သူ႒ေးခ်န္၏ အေျဖကိုပင္ ေစာင့္မေနေတာ့ဘဲ သက္ျပင္းတစ္ခ်က္ခ်လိဳက္ကာ စိုးရိမ္ပူပန္ေနသည့္ဟန္ပန္ကို ဆင္ျမန္းလိုက္ေလ၏။
"ေျမပိုင္ရွင္ေလးက က်ဳပ္တို႔အားလုံးကို ခြဲတမ္းတစ္ခုစီ ခ်ေပးလိုက္တယ္ေလ။ က်ဳပ္ ဒီတစ္ေခါက္ မွန္းခ်က္နဲ႕ မျပည့္မီဘူးဆိုရင္ တျခားေနရာေတြကို အေျပးသြားရေတာ့မွာဗ်ိဳ႕"
သူ႒ေးခ်န္က ေတြေဝသြားေလၿပီး စဥ္းစားလိုက္ေလ၏။
"တာဝန္ခံဖုန့္ က ဆန္ ဘယ္ေလာက္မ်ားမ်ား လိုခ်င္တာလဲ?"
တာဝန္ခံဖုန့္က ေပါ့ေပါ့တန္တန္ပုံစံျဖင့္ သူ႕ကို နံပါတ္တစ္ခု ေျပာလိုက္ေလသည္။
သူ႒ေးခ်န္က သူ႕မ်က္လုံးကို အဆုံးစြန္ထိ ေမွးက်ဥ္းလိုက္သည္မို႔ စဥ္းလဲေကာက္က်စ္ၿပီး လွည့္စားတတ္ေသာ စီးပြားေရးလုပ္ငန္းရွင္ တစ္ေယာက္အသြင္ ေပၚထြက္လာ၏။
"ေျမပိုင္ရွင္ေလး ရဲ႕ စားနိုင္ေသာက္နိုင္စြမ္းက တကယ့္ကို ႀကီးမားတာပဲ။ သူက ဒီေလာက္ပမာဏကို ၿမိဳခ်နိဳင္ပါ့မလား?*"
[T/N - ေငြေပးဖို႔ မင္းသခင္မွာ ေသာက္ဆံ အလုံအေလာက္ရွိလား ဟုမေရးပဲ သြယ္ဝိုက္ေျပာေနျခင္း]
ဆိုင္တာဝန္ခံဖုန့္က အကူညီမဲ့ဟန္ျဖင့္ေျပာလိုက္ေလသည္။
"အရိုးသားဆုံးေျပာရရင္ က်ဳပ္ေတာ့ ေျမရွင္ငယ္ေလး ဘာေတြးေနတယ္ဆိုတာကို လုံးဝ မခန့္မွန္းနိုင္ဘူး။ က်ဳပ္က သူေပးတဲ့ အမိန့္အတိုင္း နာခံလိုက္႐ုံပဲ တတ္နိုင္တာေလ"
သူ႒ေးခ်န္က အမ်ားႀကီး ေတြးေတာမေနပါေခ်။ အန္းက်ီယန္ ေျမပိုင္ရွင္ ျဖစ္သြားၿပီးေနာက္ သူခ်မွတ္ခဲ့သည့္ ဆုံးျဖတ္ခ်က္ အေျမာက္အျမားမွာ သူတို႔မ်က္လုံးထဲတြင္ေတာ့ ရယ္စရာဟာသမ်ားသာ ျဖစ္ေနၿပီး ၊ အခုဆို သူက ဆန္စပါးအေျမာက္အျမားကိုပင္ လိုခ်င္ေနေသးသည္။ သူက ကေလးသာသာ သာ ျဖစ္ၿပီး အေတြ႕အႀကဳံမ်ားစြာ မရွိရွာေပ။ အေျမာ္အျမင္လည္း မရွိလွ။ သူ႒ေးခ်န္က ခ်န္းစီရင္စု၌ ျဖစ္ပြားသည့္ကိစၥမ်ားအေၾကာင္း မသိရွိသည္မို႔ သဘာဝက်စြာပင္ သူက ထိုအေၾကာင္းကို ေတြးမိမသြားေပ။
"အရမ္းေကာင္းတယ္။ က်ဳပ္ကေတာ့ ခင္ဗ်ားနဲ႕ ခင္မင္မႈအတြက္ ေရာင္းေပးရမွာေပါ့ တာဝန္ခံဖုန့္ "
ကိုယ့္ကေလးကိုယ္ ခ်မရင္းလွ်င္ ဝံပုေလြကို ဆြဲေဆာင္နိုင္လိမ့္မည္ မဟုတ္။ ထို႔ေၾကာင့္ တာဝန္ခံဖုန့္ သူ႕ဆီလာၿပီး အလုပ္လုပ္ေစဖို႔ရာအတြက္ သူ႒ေးခ်န္က တာဝန္ခံဖုန့္ရဲ႕ ခြဲတမ္း ျပည့္မီရန္ ကူညီလိုက္ဖို႔ ဆုံးျဖတ္လိုက္ေတာ့သည္။ တာ့ကြမ္းဆန္ဆိုင္က ဝမ္ရွန္းစီရင္စုတြင္ အႀကီးမားဆုံးဆိုင္မ်ားထဲမွ တစ္ခု ျဖစ္သည္မို႔ ထိုပမာဏရွိသည့္ ဆန္မ်ားကေတာ့ ရွိေနဆဲပင္ ျဖစ္သည္။
တာဝန္ခံဖုန့္၏ မ်က္ႏွာထက္တြင္ ေပ်ာ္႐ႊင္မႈအရိပ္အေယာင္ ယွက္သန္းသြား၏။
"ေက်းဇူးအမ်ားႀကီးတင္ပါတယ္ သူ႒ေးခ်န္"
သူ႒ေးခ်န္က ၿပဳံး၍ ေျပာလိုက္၏။
"တာဝန္ခံဖုန့္ကလည္း က်ဳပ္ရဲ႕ ေတာင္းဆိုမႈေလးကို စဥ္းစားေပးပါဦး"
တာဝန္ခံဖုန့္ က ေခါင္းၿငိမ့္ျပလိုက္ေခ်၏။
"ေကာင္းပါၿပီ။ က်ဳပ္ ေသခ်ာ စဥ္းစားမွာပါ"
တာဝန္ခံဖုန့္ က ဆန္စပါးအတြက္ တစ္ဝက္ေငြကို စရံအျဖစ္ ေငြေခ်ခဲ့သည္။ အႏွီပိုက္ဆံမ်ားမွာ အန္းမိသားစု၏ ေျမေအာက္ခန္းမွ ထုတ္ယူလာျခင္း ျဖစ္သည္။ အားလုံးမွာ ေငြသားစင္စစ္ ေငြတုံးမ်ား ျဖစ္ၾက၏။ ယင္းတို႔မွာ ႏွစ္ေပါင္းမ်ားစြာ စုေဆာင္းလာခဲ့သည္မို႔ အစားအစာ ဝယ္ယူဖို႔ရာအတြက္ လုံေလာက္သည္ထက္ပင္ ပိုေနေသးသည္။ သူ႒ေးခ်န္က ဆန္စပါးမ်ားကို ဆယ္ရက္အတြင္း အန္းယြမ္စီရင္စုသို႔ ပို႔ေဆာင္ေပးမည္ဟု ကတိေပး၏။
တာဝန္ခံဖုန့္ က ဆန္ဆိုင္ထဲမွ ထြက္လာေလၿပီးေနာက္ အႏွီဆိုင္ဘက္သို႔ ျပန္ၾကည့္လိုက္ခ်ိန္တြင္ သူ႕မ်က္ႏွာထက္ရွိ အၿပဳံးက ေပ်ာက္ကြယ္သြားၿပီ ျဖစ္သည္။
သူ႒ေးခ်န္၏ ေလာဘေဇာတက္မႈမွာ သူတြက္ခ်က္ထားသည့္ အတိုင္းပင္ ျဖစ္သည္။ သူ႕ပါးစပ္ကသာ တာဝန္ခံဖုန့္၏ အရည္အခ်င္းကို ေလးစားေၾကာင္း ေျပာေနေသာ္ျငား တကယ္တမ္းတြင္ေတာ့ တာဝန္ခံဖုန့္ လက္ထဲရွိ အဆက္အသြယ္မ်ားကို လိုခ်င္ေန၍ပင္ ျဖစ္သည္။ အန္းခ်န္ဖူ ေငြေၾကးလိုအပ္သည္ႏွင့္ ေနရာအႏွံ႕အျပားအားလုံးဆီသို႔ လမ္းေၾကာင္းရွင္းထားၿပီး ျဖစ္သည္ ကို မည္သူက မသိပဲ ရွိလိမ့္မည္နည္း?ယခုအခါ သူက ေသဆုံးသြားၿပီမို႔ အႏွီလမ္းေၾကာင္းကို သိရွိသည့္သူ အနည္းငယ္မွ်သာ က်န္ရွိေတာ့၏။
တာဝန္ခံဖုန့္ မွာ အန္းမိသားစု အတြက္ အခ်ိန္အၾကာဆုံး အလုပ္လုပ္လာခဲ့သူ ျဖစ္သည္။ အန္းခ်န္ဖူ သူ႕ကို ဆိုးဆိုး႐ြား႐ြား ဆက္ဆံသည္မွာ ရွားပါးလွ၏။ အိမ္ေတာ္ထိန္းဆု ေလာက္ သူ႕ကို မယုံၾကည္ေသာ္ျငား ထိုမွ်နီးနီး ယုံၾကည္သည္မို႔ သူ႕လက္ထဲတြင္ သတင္းအခ်က္အလက္ ေတာ္ေတာ္ေလး ဆုပ္ကိုင္ထားနိုင္ၿပီး ယင္းတို႔မွာလည္း အေကာင္းဆုံးထဲမွ တစ္ခ်ိဳ႕ ျဖစ္သည္။
သူ႒ေးခ်န္က မည္သို႔တြက္ခ်က္ရမည္အား သိေပသည္။ တာဝန္ခံဖုန့္ ကို ရလိုက္ျခင္းသည္ သူ႕လက္ထဲတြင္ အသိပညာမ်ား ရလိုက္ျခင္းႏွင့္တူညီေပသည္။
တာဝန္ခံဖုန့္၏ စိတ္ထဲတြင္ အေျခအေနကို အလြန္တရာ ရွင္းရွင္းလင္းလင္း ျမင္နိုင္ေပသည္။ ေျမပိုင္ရွင္ေလးသည္သာ အရင္ ဝတုတ္တုတ္ ေကာင္ေလးလို ျဖစ္ေနဆဲ ဆိုလွ်င္ သူက တာ့ကြမ္းဆန္ဆိုင္ကို ေသခ်ာေပါက္ စဥ္းစားေပးမိေပလိမ့္မည္။ သို႔ေသာ္ ယခုမူ ေျမပိုင္ရွင္ေလးက အန္းခ်န္ဖူ ထက္ပင္ ေရွ႕ေရးကို ေတြးတတ္ကာ ႏွစ္သက္ဖြယ္ေကာင္းေနေသးသည္။ သူက ေျမရွင္ငယ္ေလး ေနာက္ လိုက္ကာ ျဖစ္လာမည့္ ကိစၥအဖုံဖုံကို ေတြ႕ျမင္ခ်င္ေနပါ၏။ အနာဂတ္တြင္ ျပႆနာ အေျမာက္အျမား ျဖစ္တည္လာမွ ထြက္ခြာလွ်င္လည္း ေနာက္မက်ပါေပ။
အျခားတာဝန္ခံမ်ားမွာ သူ႕ကဲ့သို႔ အေျခအေန မေကာင္းမြန္ၾကေခ်။
ယင္းမွာ သူတို႔အေနျဖင့္ မည္သည့္ ဆန္စပါးကိုမွ မရနိုင္ျခင္းေၾကာင့္ မဟုတ္ေလဘဲ တာ့ကြမ္းဆန္ဆိုင္ကဲ့သို႔ ႀကီးမားသည့္ ဆန္ဆိုင္မ်ား ရွားပါးေသာေၾကာင့္ ျဖစ္သည္။
ဆန္ေရာင္းသည့္ လုပ္ငန္းတြင္ မည္သို႔ေသာ ဆန္ေရာင္းခ်သဴ ျဖစ္ပါေစ ၊ သူတို႔က ဆန္စပါးတစ္ခ်ိဳ႕ကို စပါးက်ီထဲတြင္ သိုေလွာင္ထားခ်င္ၾကေသးသည္မို႔ လက္ဝယ္ရွိသမွ်အားလုံးကို ေရာင္းခ်ပစ္ဖို႔ရာ မျဖစ္နိုင္ပါေပ။ ထို႔ေၾကာင့္ပင္ တာဝန္ခံအမ်ားစုမွာ ေ႐ြးခ်ယ္စရာမရွိဘဲ ခရီးအေျမာက္အျမား ထြက္ရျပန္သည္။
သို႔ေသာ္ ယင္းတို႔မွာ ေနာက္ဆက္တြဲမွသာ ျဖစ္သည္။
ထိုေန႕က ဖူဝူထ်န္း ႏွင့္ စကားေျပာအၿပီးတြင္ ေကာခ်င္အန္းမွာ ခ်န္းစီရင္စု သို႔ သြားရန္ အမိန့္က်လာေတာ့သည္။
[T/N - ဘဲႀကီးကေတာ့ အလိုလိုက္ခ်က္! သူ႕လူေတြကိုပါ ထုတ္သုံးေနၿပီ]
ဒီခရီးမွာ ေဘးဒုကၡမ်ားအတြက္ စီမံေပးဖို႔ရာ မဟုတ္ေသးေခ်။ စုံစမ္းစစ္ေဆး႐ုံမွ် ခရီးတစ္ခုသာ ျဖစ္သည္။ အန္းက်ီယန္၏ စကားမ်ားအရဆိုလွ်င္ သူတို႔မွာ လူတစ္ေယာက္ကိုသာ လႊတ္ရန္ လိုအပ္ေပသည္။ ရွို႔ေဖးမွာ ဂ႐ုတစိုက္ ျပဳမူတတ္သူ မဟုတ္သည္မို႔ သူက ေနာက္တြင္ေနခဲ့ရန္အတြက္ နားေထာင္႐ုံသာ တတ္နိုင္ေတာ့၏။
ေန႕လည္စာ စားၿပီးသည္ႏွင့္ အန္းက်ီယန္က ခဏတျဖဳတ္ အနားယူကာ အျပင္ထြက္ရန္ ျပင္ဆင္ေလ၏။
ဖူဝူထ်န္း မွာမူ အန္းယြမ္စီရင္စုသို႔ ေရာက္လာခ်ိန္မွ စတင္ကာ အားလပ္ခ်ိန္ အရွိဆုံးလူျဖစ္သြားေလသည္။ သူက ဒီကာလအေတာအတြင္း မည္သည့္ တရားဝင္လုပ္ငန္းမ်ိဳးကိုမွ မလုပ္ကိုင္ေလသည္မို႔ ဖန္က်န္းပင္အတြက္ေတာ့ သူသည္ လုပ္ငန္းေသးေသးေလးမွ်သာ ပိုင္ထားသည့္ စီးပြားေရးလုပ္ငန္းရွင္ ဟူသည္မွာ ေသခ်ာသထက္ ေသခ်ာေနေလၿပီ။ သို႔ေသာ္လည္း အန္းက်ီယန္က သူတို႔အေပၚ စည္းမ်ဥ္းမ်ားျဖင့္ ကန့္သတ္လိုက္ကတည္းက သူတို႔မွာ ယာယီအေနျဖင့္ လက္နက္ခ်ကာ သင့္ေလ်ာ္ေအာင္ ျပဳမူေနရ၏။
အန္းက်ီယန္က သူတို႔ကို သိပ္ၿပီး အာ႐ုံစိုက္မေနပါေခ်။ ဆန့္က်င္ဘက္အေနျဖင့္ သူက ဝမ္ခ်င္းလန္ ကိုေတာ့ မွတ္သားထားရေပမည္။ ထိုအမ်ိဳးသမီးမွာ အလြန္ပင္ ဉာဏ္ထက္ျမက္လွ၏။ သူက မူလ အန္းက်ီယန္ ေသဆုံးမႈမွာ သူမႏွင့္ ပတ္သတ္ေနသည္ဟု သံသယရွိမိေသာ္ျငား မည္သည့္ သက္ေသမွ မရွိေလသည္မို႔ သူက အိမ္ေတာ္ထိန္းဆု ကို သူမအေပၚ ေသခ်ာေစာင့္ၾကည့္ထားဖို႔သာ မွာထားနိုင္ေပသည္။
"ကိုယ္တို႔ ဘယ္သြားၾကမွာလဲ?"
ဖူဝူထ်န္း က သူ႕နံေဘးသို႔ ေရာက္ရွိလာေလ၏။ ေနာက္ပါးမွ ဖဝါးထက္မခြာ လိုက္ပါလာသူက ရွို႔ေဖးပင္ ျဖစ္သည္။
အန္းက်ီယန္ က သူ႕အက်ီလက္ကို ဆြဲဆန့္လိုက္ေလၿပီး ေျပာလိုက္၏။
"ကြၽန္ေတာ္ အန္းမိသားစုရဲ႕ လယ္ကြင္းေတြကို သြားစစ္ေဆးၾကည့္မလို႔"
လယ္သမားမ်ားဆီ အငွားခ်ထားသည့္ လယ္ေျမမ်ားကိုပါ ေပါင္းထည့္လိုက္လွ်င္ အန္းမိသားစု၌ လယ္ေျမမ်ားစြာ ရွိေနဆဲ ျဖစ္သည္။ အႏွီလယ္ကြင္းမ်ားကို အကူငွားၿပီး ဂ႐ုစိုက္ေစျခင္း ျဖစ္သည္။ တစ္ပိုင္းကို သေလးစပါးမ်ား စိုက္ပ်ိဳးၿပီး က်န္သည္မွာေတာ့ ေကာက္ညွင္းဆန္မ်ား ျဖစ္သည္။ ေကာက္ညွင္းဆန္မွာ ေစ်းႏႈန္းျမင့္မားလွသည္မို႔ လူခ်မ္းသာမွာ ေက်နပ္ဖို႔ရာ ပိုမိုစိုက္ပ်ိဳးထားျခင္းပါပင္။
အန္းခ်န္ဖူ အသက္ရွိစဥ္က သူသည္ ဤလယ္ေျမကို အလြန္ အေရးပါသည့္အရာသဖြယ္ တြယ္တာလွၿပီး တစ္လအတြင္း ႏွစ္ႀကိမ္သုံးႀကိမ္ ေရာက္လာတတ္သည္။ သူ႕အတြက္ ႀကီးထြားေနသည့္ ဆန္စပါးမ်ားကို ၾကည့္ရသည္မွာ အလြန္ပင္ ေကာင္းလွသည္ဟု မွတ္ယူထား၏။
အဆုံးတြင္ေတာ့ လူတစ္ေယာက္သာ ရွိသည့္သ႑ာန္မွ လူသုံးေယာက္ ျဖစ္လာေလေတာ့သည္။
[T/N - မနက္ျဖန္က ခရစ္စမတ္ေန႕ဆို 🤧]